အပိုင်း (၁)

နွေရာသီကျောင်း၃လကနွေအတွက်တော့မျက်တောင်တစ်မှိတ်စာသာမနက်ဖြန်ဆိုနွေကျောင်းတက်ရတော့မယ်။ ဟင့်အင်းနွေတော့ကျောင်းမတက်ချင်သေးဘူးရယ်။ နွေရဲ့အပျင်းဆုံးအလုပ်ကကျောင်းသွားရမှာကိုပင်။ကဲပါလေ စောစောအိပ်မှ မနက်ဖြန်နွေကျောင်းစောစောသွားရမယ်လေ။သူငယ်ချင်းတွေနဲ့လဲ မတွေ့တာတော်တော်ကြာပြီ။ကျောင်းရှေ့ကဝက်သားတုတ်ထိုးလဲ မစားရတာတော်တော်ကြာခဲ့ပြီ။

*******************************
"ဟန်ဟန်ရေ!
အန်တီရေ!ဟန်ဟန်မနိုးသေးဘူးလားဟင်?"

"တွယ်တာလေးတို့လား?လာကွယ်၊ခြံတံခါးမပိတ်ထားဘူး၊ဖွင့်ဝင်ခဲ့ကွယ်။

"ဟုတ်ကဲ့ပါအန်တီ.."

ခြံတံခါးတွန်းဖွင့်ရင်း သစ္စာက

"ဟဲ့တွယ်တာ...အန်တီလို့ခေါ်လိုက်တာငါမလား?ဘာလို့နင့်ကိုဘဲ မြင်ပြီး ငါ့ကျဘာလို့ မမြင်တာလဲဟင်၊ အော်ငါ့နှယ့်သနားစရာခင်သစ္စာလေးပါလားနော်။ အညိုဆင်လေးတစ်ယောက်လောက် လာကယ်ပါဦးလို့!"

"သစ္စာ! တိုးတိုးပြောပါဟ၊တီတီကြားသွားရင် မကောင်းဘူးနော်။တီတီကိုအားနာစရာဟယ်..နင်ကလဲ"

"တီတီတဲ့၊ ခေါ်တာလေးကအသက်၊ ဟဲဟဲ..."

"မပြောင်ပါနဲ့တော့ သစ္စာရယ်..ကဲပါဟန်ဟန်ကိုသွားနိုးချည်..ငါခြံထဲကစောင့်နေမယ်ဟုတ်ပြီလား?"

"နင်နော်..ငါမသိရင်ခက်မယ်..အန်တီနားမှာနေချင်လို့မလား..ဟားဟား"

"ကဲပါသွားပါတော့...သစ္စာရယ် ကျောင်းနောက်ကျနေမှဖြင့်.. ဟန်ဟန်ကနိုးဦးမှာမဟုတ်သေးဘူး..ပြီးရင်သူအလှပြင်နေတာကိုပါစောင့်နေရဦးမှာ.."

"တီတီနေကောင်းတယ်နော်၊တွယ်တာ ကျောင်းပိတ်ရက် မန္တလေး ပြန်သွားတာနဲ့ ဟန်ဟန်ဆီမရောက်ဖြစ်တော့တာ၊ ဟီး.."

"တွယ်တာ!"

တီတီဟုတ်တာပေါ့တွယ်တာရဲ့တီတီ၊ တွယ့်တာရင်ထဲကတီတီ၊ တွယ်တာပြောနေတာတွေကို စိတ်ဝင်တစားခေါင်းလေးငြိမ့်ပြီး ပြုံးစစလေး နားထောင်နေတဲ့ တီတီဟာ မြတ်နိုးဖွယ်ကောင်းပြီးကျက်သရေရှိတဲ့အမျိုးသမီးတစ်ယောက်၊ ပြီးတော့ ချစ်ခွင့်ဘဲရှိပြီး ခံစားချက်တွေဖွင့်ဟခွင့်မရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ပေါ့လေ...

"တွယ်တာ..တီတီခေါ်နေတာကြာပြီ​၊ မတ်တပ်ကြီးအိပ်ပျော်နေတာလားကလေး...ဟန်ဟန်ဆီဘဲ လာချင်တာလားလို့ ။ တီတီဆီကောမလာချင်ဘူးလား၊ ကလေး?"

ဘယ်လိုတောင်မေးလိုက်တာလဲ၊ တီတီရယ်။ တီတီဆီမလာချင်ဘဲရှိပါ့မလားလို့ တီတီဆီလာချင်တာမှ တစ်ပိုင်းမဟုတ်ဘူး၊ရှိသမျှအပိုင်းအကုန်သေနေတာ ဟား ဟား တွယ်တာတစ်ယောက်ကိုယ့်အတွေးနဲ့ကို ရီချင်နေမိ....

"ဟီး...တီတီကအရမ်းလှတော့ တွယ့်တာက တီတီအလှမှာနစ်မွန်းသွားတာပါတီတီရယ်"

"ဟုတ်ပါပြီ၊ စကားတက်ကလေးရယ်...မနက်စာဘာစားခဲ့လဲကလေး!"

"ဟီး..မစားလာခဲ့ဘူးတီတီ"

"ဟယ်ဟုတ်လားကလေး၊ မနက်စာဆိုတာတစ်နေ့တာမှာအရေးကြီးဆုံးဘဲလေ.. ကျောင်းရောက်မှ ဗိုက်ဆာနေပါ့မယ်ကလေးရယ် ဟန်လေးနဲ့တူတူစားသွား တီတီသွားပြင်လိုက်ဦးမယ်နော် ခြံထဲမှာနေချင်နေ၊ အထဲလိုက်ချင်လိုက်ခဲ့​ပေါ့ ကလေး!"

"ဟုတ်ကဲ့ပါတီတီ..တွယ်တာ အထဲလိုက်ခဲ့မယ်နော်"
တွယ်တာတစ်ယောက် ဒီရုံမြင်လို့ဒီချုံထွင်ခဲ့တာမလား။ တီတီလက်ရာမနက်စာစားချင်လို့..အိမ်မှာမစားခဲ့တာမလားဟဲဟဲ သူငယ်ချင်းအိမ်ပေမဲ့အားမနာနိုင်ဘူးရယ်...တီတီလက်ရာလေးကိုတော့စားရမယ်မလား။

အိမ်ထဲကိုတစ်လှမ်းချင်းလှမ်းသွားတာများ တွယ်တာရင်ထဲတစ်လှပ်လှပ်နဲ့ ရယ်။ ခြေတစ်လှမ်းလေးကြွလိုက်တိုင်း ဖြူဖွေးပြီးသွေးကြေဥနေတဲ့ခြေဖမိုးဖြူဖြူလေး၊ သွယ်သွယ်လှလှခန္တာကိုယ်လေးက ပြေးဖတ်ချင်စရာအတိရယ်လေ....

"တွယ်တာ! ဟဲ့တွယ်တာ!"

"ဟမ်..ဟင်..အင်းပြောလေ...ဟန်ဟန်"

"ငါခေါ်နေတာကြာပြီ တွယ်တာ နင်အဲ့မှာရပ်ပြီးငါ့အမေကိုကြည့်နေတာ မသိရင် ဝါးစားတော့မဲ့အတိုင်းဘဲနော်"

"ဟင်အင်း မဟုတ်ပါဘူးဟာ..sorry"

"ရပါတယ်..မသိပါဘူး၊ ငါ့မေမေက နင့်ကိုဘာပြောလိုက်
လို့လဲလို့.."

"မဟုတ်ပါဘူးဟန်ဟန်ရယ်...အန်တီကဒီလောက်သဘောကောင်း
တာကိုဘာပြောမှာလဲ..တွယ်တာ နင်မနက်စာစားခဲ့ပြီးပြီလား ငါတို့ဟန်ဟန်အိမ်မှာ...ဂုံးဆင်းပြီးမှကျောင်းသွားမယ်လေ...ကျောင်းတက်ဖို့ အစောကြီးရှိသေးတယ်မလား ဟီးဟီး"

သစ္စာဝင်ပြောမှတော်တော့သည်။ သစ္စာက အရမ်းအလိုက်သိတက်တဲ့ကောင်မလေးပါ..မဟုတ်ရင်ဟန်ဟန်ကိုဘယ်လိုရှင်းပြရမယ်မသိ...

"အမလေးမိသစ္စာရယ်...ညည်းကျုပ်အိမ်မှာ မနက်စာမစားတဲ့
ရက်ရှိလို့လားဟယ်...."

ဟန်ဟန်ပြောတာလဲ ဟုတ်ပါသည်။သူတို့သူငယ်ချင်းဖြစ်ပြီးထဲက အခုချိန်ထိ ကျောင်းသွားရင်အိပ်ပုပ်ကြီးတဲ့ဟန်ဟန်ကိုဝင်ခေါ် ပြီးရင်ဟန်ဟန်အိမ်မှာမနက်စာစားပြီးမှ ကျောင်းသွားနေကြမလား။ အခုဆိုသူတို့၉တန်းတောင်ရောက်လာကြပြီလေ။ ကျူရှင်တူတူ ကျောင်းအတူတူ ၊စားအတူလာအတူ သွားအတူ ပျင်းအတူ သူငယ်ချင်းသုံးယောက်မလား။

"ဟန်ဟန်!"

"အင်း ပြောလေ "

"ငါတို့ကျူရှင်စုံစမ်းရဦးမယ်မလား"

"အင်းတွယ်တာပြောတာဟုတ်တယ်၊ ငါတို့အပျင်းကြီးပြီးနွေသုံးလမှာကျူရှင်မယူခဲ့ကြဘူး ကျောင်းဖွင့်မှတက်မယ်ဆိုပြီးအခုတော့ ဘယ်မှာသွားတက်ကြမလဲဟင်..."သစ္စာကငိုမဲ့မဲ့လေးနဲ့ဝင်ပြောသည်။

ဟုတ်လဲဟုတ်ပါသည်။ ဟန်ဟန်တို့သုံးယောက်လုံး စာကျက်ရမှာအရမ်းပျင်းသူတွေမလား။ အဲ့ဒါကြောင့်နွေမှာကျူရှင်မတက်ဖြစ်ကြ၊ အခုမှတိုင်ပတ်နေပေသည်။

"ဟဲ့ကလေးတွေ...မနက်စာစားတော့လေ ကျောင်းသွားရတော့မယ်မလား။ ဟန်ဟန် မေမေဆေးရုံသွားတော့မယ်နော် အိမ်တံခါးကို သေချာသော့ခတ်ခဲ့နော် ပြီးတော့မိန်းလဲသေချာချခဲ့ဦး...မေမေနောက်ကျနေပြီမို့သွားပြီနော်"

တီတီကအရမ်းလှပါသည်။အခုလဲမီးခိုးရောင်ကချင်ဝမ်းဆပ်လေးကိုဝတ်ထားသည်။ ပြီးတော့ဆံထုံးလေးမှာလဲ နှင်းဆီနီနီရဲရဲလေးကိုပန်ထားသေးသည်။မျက်မှန်လေးကိုပင့်ပင့်ပြီးစကားပြောနေပုံ အရမ်းကိုကျက်သရေရှိလှပါသည်။ တွယ်တာရင်ဘတ်ထဲက အကောင်််ငယ်လေးကလှုပ်လှုပ်ရှားရှားလေးဖြစ်လာရသည်။
အင်း တီတီနဲ့တော့ ခတ်ပြီ။

"တွယ်တာ?ဟဲ့"

ဖြောင်း!

အ!

"ဟဲ့ နာလိုက်တာ မိသစ္စာရယ်...နင့်ဗလကြီးအားကိုးပြီးလူကို
ဘာလို့ရိုက်တာတုန်း..ငတိမ​လေးရဲ့"

"အော် နင်အန်တီကို ပြုံးပြုံးကြီးမတ်တပ်ရပ်ပြီး ကြည့်နေတာ
အသက်ထွက်သွားပြီးလားလို့ ရိုက်ကြည့်တာပါဟဲ့ အန်တီက
​သွားတာတောင် ဆေးရုံရောက်တော့မယ် နင်ကကြည့်လို့မပြီး
တော့လို့လေ..မပြောချင်ဘူးနော်..."

"ကဲပါ သစ္စာရယ်သွားရအောင် ဟန်ဟန်ထမင်းစားခန်းမှာစောင့်နေတာကြာပြီ အော်နေတော့မယ်"

အစားဆိုထိတ်ဆုံးကသာသိတဲ့သစ္စာက...ထမင်းစားခန်းထဲကိုပြေးသွားတာများ မာရသွန်ပြိုင်ပွဲကချန်ပီယံလိုလိုပင်...

ဟန်ဟန်!

"အင်းပြော"

"ငါ့ဒေါ်လေးဆီမှာ ကျူရှင်တက်မလား၊ ဒေါ်လေးကငါတို့ကျောင်းကိုပြောင်းလာတာတဲ့..သူကအထက်တန်းပြလေ...သူအရင်ကချင်းပြည်နယ်မှာတာဝန်ကျတာလေ..ဒီနှစ်မှရန်ကုန်ပြန်ရောက်တာ...ဖြစ်ချင်တော့ ငါတို့ကျောင်းမှာတာဝန်ကျတာ..."

"ဟုတ်လားနင့်ဒေါ်လေးကချောလား "သစ္စာဆိုသည်မှာ အဲ့လိုပင်သူသိချင်တာကို ဖြတ်ပြောလိုက်ရမှ..

"အေးချောတယ် တက်မလားဒေါ်လေးဆီမှာ..ဒေါ်လေးအိမ်က
ငါတို့နဲ့တော့နီးတယ်..နင်အိမ်နဲ့တော့ဝေးမယ်"

"ဟဲ့ပြောတော့နင့်ဒေါ်လေးဆို...ဘယ်နှယ့်နင်တို့တူတူမနေဘူးလား?"

"ဒေါ်လေးလား အဲ့အတိုင်းပဲ သူကလူအများကြီးနဲ့မနေတက်ဘူးတဲ့သူကခွဲနေတယ်လေ..ဘွားဘွားကတော့ တစ်ခါတစ်လေ သူသမီးဆီမှာသွားအိပ်တယ်...ငါတို့ဆီမှာတစ်လှည့် ဒေါ်လေးအိမ်မှာတစ်လှည့်ပေါ့"

"တွယ်တာ! နင့်ဒေါ်လေးနာမည်ဘယ်လိုခေါ်လဲ"ဟန်ဟန်အမေးကိုတွယ်တာက

"ဒေါ်လေးနာမည်ကဒေါ်ကြည်သာမျိုးနွယ်တဲ့ နေဦး.သူ့acc ငါ့မှာရှိတယ် ပြမယ်.."

"နောက်မှပြတော့ ကျောင်းနောက်ကျတော့မယ်...
သွားရအောင်..ကျောင်းရောက်ရင်လဲ တွေ့ရမှာမလား"

"အေးကျောင်းမှာရှိလိမ့်မယ် ကံမကောင်းရင်ငါတို့အတန်းပိုင်တောင်ဖြစ်လိမ့်ဦးမယ်ဟ"

"ဟ! ကံကောင်းရင်ပြောပါ ဘယ်နှယ့်ကံမကောင်းလဲ" သစ္စာဝင်ပြော​​
တော့ ဟန်ဟန်လဲနားထောင်ရင်းတွယ်တာ့ကိုကြည့်မိသည်။

"ဒီလိုဟ၊ ဒေါ်လေးကအရိုက်ကြမ်းတယ်ကြားဖူးတယ်ဟအဲ့ဒါကြောင့်..ပြီးတော့ငါကသူတူမလေ..ငါ့ချည့်စာမေးရင်တိုင်ပတ်နေဦးမယ်"

"ဟားဟား"

သူပြောမှသုံးယောက်စလုံးပွဲကျနေတော့သည်။

ဆက်ရန်။

********************************
Fri, Jan 5
(မှတ်ချက်။ ။ အရေးအသားမကောင်းခဲ့လျှင်ဝါသနာရှင်၏ညံဖျင်းမှုကြောင့်သာ ဖြစ်သည်။အပြင်လောကတွင်ထပ်တူညီမှု တိုက်ဆိုင်မှု့ရှိခဲ့လျှင် ကြိုတင်တောင်းပန်ပါရစေရှင်။)

Comment