အပိုင်း ( ၁၂ )


တီချယ်အခန်းရှေ့ရောက်တော့...ရင်တွေတဒိန်းဒိန်းခုန်လာသည်..၊ စာမေးပွဲပြီးတဲ့ညက နှုတ်ခမ်းဖူးဖူးလေးကို မျက်စိထဲမြင်ယောင်လာပြန်သည် ၊
တီချယ်ကိုမြင်တိုင်း ၊ ဒါမှမဟုတ် တီချယ်အကြောင်းစဥ်းစားမိတိုင်း မြင်ယောင်နေတာကြာခဲ့ပြီ အတွေးတွေရပ်ဖို့..ခေါင်းခါလိုက်ကာ တံခါးခေါက်လိုက်ရသည်

" တီချယ်...တီချယ်ရေ....”

" ဟင်...”

" အော်..နွေပါလား..လာလေ..”
  အညိုရောင်လေးရဲ့ဆွဲငင်အားကြောင့် ဟန်ဟန့်နှလုံးခုန်သံတွေဟာ အပြင်ကိုပေါက်ထွက်တော့မဲ့..အနုဗြူဗုန်းတစ်လုံးကဲ့သို့ပင်..၊ အခုမှရေချိုးထားပုံရပြီး ခေါင်းပါလျှော်ထားပုံပင်... ဆံနွယ်တို့မှ..တစ်စက်စက်ကျနေတဲ့..ရေစက်ရေပေါက်တို့က ..တီချယ့်ရဲ့ အညိုရောင် ပုခုံးသားလေးပေါ် တစ်တောက်တောက်နဲ့ ကျဆင်းနေသည်၊ သပတ်လေးကို တစ်ဝက်သာပတ်ထားသည်မို့ သွယ်သွယ်လှလှကောက်ကြောင်းလေးက လူကိုမူးမေ့စေသည်၊...ရူးခါနေအောင်လှတဲ့ အညိုရောင်နတ်မိမယ်လေးကို တစ်မေ့တစ်မောကြည့်နေမိသည်..

" နွေ..နွေ....”
လက်ကလေးကို ဟန်ဟန်မျက်လုံးရှေ့မှ ဝေ့ရမ်းကာခေါ်မှ အလန့်တကြားကြည့်မိသည်....အညိုရောင်ကမ္ဘာလေးမှ..နှမြောတသသဖြင့်..စွန့်ခွာခဲ့ရသည်....

" ရှင်..ပြော...ပြောလေတီချယ်...”

" တို့ပြောရမှာလေ..မင်းတံခါးခေါက်ပြီးထဲက တို့ကို စိုက်ကြည့်နေတာ ၁၀မိနစ်လောက်ရှိပြီ သိရဲ့ လား..တို့တောင်အအေးပတ်တော့မယ်..”
နွယ့်ကို တစ်ကိုယ်လုံးခြုံပြီးစိုက်ကြည့်နေတဲ့ကလေးမလေးကို နွယ်
ကျောတောင် ချမ်းလာသည်၊ အဲ့လောက်တောင်ကြည့်ရလား၊ ဖြည်းဖြည်းကြည့်လဲရတဲ့ဟာကို လူကိုအရှက်ပိုအောင်....

" ဟို..တီချယ်များ နေမကောင်းဘူးလားလို့လာကြည့်တာပါ နေ့လည်စာလဲ...လာမစားလို့လေ...”

" အော်အဲ့ဒါလား တို့နည်းနည်းပင်ပန်းနေလို့နားနေလိုက်တာ အစားမစားချင်တာလဲ ပါတယ်လေ အော်..မင်းဒီတစ်သက်အခန်းထဲဝင်ဦးမှာလား..တို့..အကျီလဲလိုက်ဦးမယ်..ခဏစောင့်...”

" ဟုတ်ကဲ့..တီချယ်...”
တီချယ်ဟာ ဝတ်စုံလေးယူကာ ရေချိုးခန်းထဲဝင်သွားသည်၊ခဏကြာတော့ တီချယ်ပြန်ရောက်လာသည်...

" ဟေ့ ဒီမယ် မင်းအားနေရင် တို့ဆံပင်တွေကို Dryerမှုတ်ပေးပါ့လား...”
ဘယ်သူကိုမှ နွယ့်ဆံပင်တွေပေးမကိုင်ခဲ့ ၊ နွယ်ဆံပင် ကို တခြားသူကိုင်ရင် နွယ်အရမ်းစိတ်ဆိုးပါသည်၊ ဒေါသလဲထွက်တက်သည််လေ..၊ ထိုကလေးမ ကတော့ နွယ့်ရဲ့ချွင်းချွတ်ဖြစ်မည်၊ နွယ်ရဲ့အခွင့်ထူးခံလေးမို့ပင်..

" ဟင်..အော် ဟုတ်ကဲ့..တီချယ်.. ”
တီချယ်ရဲ့ရှန်ပူနံလေးမွှေးနေတဲ့ ဆံပင်သား ခပ်အိအိလေးက ဟန်ဟန်လက်ကလေးထဲ ပျော်ဝင်နေသည်၊ လေပူတစ်ချက်ဝေ့တိုင်း မျက်နှာနား ရောက်ရောက်လာတဲ့ ဆံနွယ်တစ်ချို့က ဟန်ဟန် ကိုမြူဆွယ်နေပေသည်၊ စိတ်ကိုတင်းထားသော်လည်း..နောက်ဆုံး၌
Dryerလေးကို ဘေးနားချကာ တီချယ်ခေါင်းလေးခပ်ဖွဖွနမ်းလိုက်တော့သည်.....

" ဟင်...”
မှန်ထဲမှတစ်ဆင့် နွေ့ရဲ့လှုပ်ရှား​ပုံတွေကို..နွယ့်မျက်လုံးလေးနဲ့အလွတ်မှတ်နေမိသည်...ထိုစဥ်.. နွေဟာ နွယ့်ခေါင်းလေးကို ခပ်ဖွဖွနမ်းလိုက်တာပင်....ကြတ်သီးမွှေးညှင်းတို့ ထောင်ထလာ
ရတော့သည်၊ ဒီကလေးမဟာ နွယ့်ကို အနေခတ်အောင် သိပ်လုပ်တာပင်...

" ဟေ့ ! မင်းနော်... Dryerပဲမှုတ်ခိုင်းတာ တခြားဟာမပါဘူးနော်....”

" ဟို..ဟို..အဲ့ဒါ တီချယ့်အပြစ်လေ..တီချယ့်ရှန်ပူက မွှေးနေတော့ နမ်းချင်စိတ်ပေါက်သွားရတာလေ...ဟို..နွေက ဘာအနံ့လဲသိ..သိချင်လို့ပါ...”
ဘာရယ်..နွယ်အပြစ်တောင်ဖြစ်ရသေးသည်၊ သူဟာသူ နမ်းချင်တာကို..ရှန်ပူကပဲ မွှေးနေတယ်ဆိုပဲ.....ဒီကလေးလူလည်အရမ်းကျ..

" အော် အဲ့တော့ ကျွန်မအပြစ်ပေါ့ ရှင်လေးကမနမ်းချင်ပဲ ရှန်ပူကမွှေးနေလို့သာနမ်းရတာပေါ့...အာ့လိုလား...ပြောပါဦးတော်ရေ...”
ခပ်ထေ့ထေ့အပြောလေးက တကယ်ကိုချစ်စရာ..အညိုရောင်လေးကစကားသိပ်တတ်လွန်းတော့..ဒီလူအသည်းကို..တဖြုတ်ဖြုတ်ကြွေ.အောင် နှဲ့ယူ​နေသလိုပင်...မှန်တင်ခုံရှေ့မှာ ထိုင်နေတဲ့ ထိုချစ်စရာလူသားလေးကို ဟန်ဟန်ဘက်ဆွဲလှည့်ပြီး အညိုလေးရဲ့လက်ကလေးကို ခပ်ဖွဖွကိုင်ကာ သူ့ရဲ့ပါးပြင်းလေးကို အပ်တော့လိုက်သည်....

" ချစ်တယ်...ချစ်တယ် တီချယ်..နွေတီချယ်ကို အရမ်းချစ်မိနေပြီ
စတွေ့ထဲကချစ်ခဲ့ရတာ မသေချာမှာဆိုးလို့ စိတ်ကစားနေတာဖြစ်မှာဆိုးလို့ အကြိမ်ကြိမ်စမ်းစစ်ခဲ့ရဖူးတယ်..ဒါပေမဲ့တီချယ် အပေါ်ခံစားချက်တွေက တစ်နေ့ထက်တစ်နေ့ပိုပိုကြီးထွားလာခဲ့တယ်..
အဲ့ဒီအတွက် တီချယ့်ဘက်က ဘာတုန့်ပြန်စရာမှ မလိုပါဘူးနော် နွေတီချယ့်ကိုချစ်တာ တီချယ်သိရင်ရပါပြီ...”

တီချယ့်မျက်ဝန်းတွေက ညှို့လွန်းတယ်..ညှို့ယူဆွဲငင်နေတဲ့မျက်ဝန်းလေးတွေကို..အနူးညံဆုံးကြည့်ကာ ခံစားရသမျှကို ပြောပြလိုက်သည်၊ ခံစားရတာတွေကို မပြောပြရရင် ဟန်ဟန်နှလုံးရောဂါရပြီး သေတော့မည်....နွေတီချယ်ဆီက ဘာမှမလိုချင်ဘူးလို့ပြောရင် လိမ်ရာကျမှပေါ့ လိုချင်တာပေါ့ ဒါပေမယ့် တီချယ်ဆီကအချစ်ဆိုတာမဖြစ်နို​င်​တဲ့အရာလေ ဒါကြောင့်အသိပေးဖို့ပဲ ဆန္ဒရှိပါသည် ကျန်တာတော့မမျှော်လင့် ချစ်ရင်တော့ ဖွင့်ပြောရမည်တဲ့၊ဒါမှနောင်တမရမှာတဲ့လေ...နောင်တစ်ချိန်မှာ မဖွင့်ပြောခဲ့ရလို့တော့ နောင်တမရချင်ပါ....

" ဘာ..မင်းဒါဘာစကားပြောတာလဲ..ဒါမင်းရဲ့ဆရာမတစ်ယောက်ကို ပြောရမယ့်စကားလား ၊ မင်းတို့အရွယ်က စိတ်ကစားနေတာသိရဲ့လား ၊ အချစ်ဆိုတာ ဘယ်လောက်ပူလောင်လဲကော သိလား ၊အေး ဘာမှမသိတဲ့ ကလေးတစ်ယောက်ကို ငါ့အရောင်မဆိုးချင်ဘူး၊ ငါလဲအရောင်အဆိုးမခံဘူး၊ ပြီးတော့ ရှင်းရှင်းပြောပါစေ.. ငါ့မှာအချိန်တန်ရင် လက်ထက်မဲ့သူရှိတယ်၊အဲ့ဒီလူက ကို ထင်လင်းနောင်ပဲ ငါဟာငါ့အမေရဲ့ဆန္ဒကိုဘယ်တော့ မလွန်ဆန်ဘူး...မင်းသိအောင်ပြောပြတာ....”

"ဟုတ်ကဲ့ပါ တီချယ်.. နွေ..နွေ..ပြောတယ်လေ တီချယ့်ဆီက မမျှော်လင့် ထားဘူးလို့..နွေသွားတော့မယ်..တီချယ်....”
တီချယ့်ကို ကျောခိုင်းပြီး ထွက်လာခဲ့လိုက်သည်၊ မျက်ရည်စက်တွေဟာပါးပြင်ပေါ်ပြုတ်ကျလာခဲ့သည်၊ ကျနေတဲ့မျက်ရည်တွေကို တီချယ်ကို မမြင်စေချင်၍ပင်..... တီချယ်ဆီက ဘာမှမမျှော်လင့်ထားလို့ အရမ်းကြီးမခံစားရပေမယ့် အမြဲတမ်းသိချင်နေတဲ့..အကြောင်းအရာတစ်ခုတီချယ်ဆီက ရုတ်တရပ်ကြားလိုက်တော့ ဝမ်းနည်းမိတာတော့အမှန်ပင်..တီချယ့်ဘက်က ဆိုးဆိုးဝါးဝါးမတုန့်ပြန်တဲ့အတွက်တော့ ကျေးဇူးတင်ရမည်...ခံစားချက်တို့
ဖွင့်ဟတုန်းကလည်း သေသေချာချာလေးနားထောင်ခဲ့သည်လေ ဒါကိုပဲကျေးဇူးတင်ရမည်သာ..နွေ့အချစ်ရေးမှာ ကံမကောင်းခဲ့ဘူးထင်ပါရဲ့..

မွန်းကျပ်လာတဲ့ စိတ်တွေကို ဖြေဖျောက်ဖို့ ဟန်ဟန်မှာနည်းလမ်းမသိ၊ ရှိမှာလဲ မဟုတ်ပင် ၊ ကုသမှပျောက်မဲ့​ရောဂါဆိုလျှင် အဲ့ဒီရောဂါကို ပျောက်အောင် ကုသပေးနိုင်တာဟာ တီချယ်တစ်​ဦးတည်းသာ ဖြစ်လိမ့်မည်၊ ငိုရင်းနဲ့ ထွက်လာခဲ့တာ အခုမှ​သေချာကြည့်မိတော့မှ ဟန်ဟန်ရှေ့တွင် ပင်လယ်ပြင်ကြီး ၊မထူးတော့ပြီမို့ ထိုနေရာမှာသာ ထိုင်ချလိုက်တော့ သည်..

" နွေ...”

" ဟင်...”

" ဟမ် နွေငိုနေတယ် ဘာ.. ဘာဖြစ်လို့လဲ ဟင် နွေမှာစိတ်ညစ်စရာတွေရှိလို့လားဟင်..ကျွန်တော်ကိုပြောပြလေ..သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျွန်တော် နွေ့အတွက် ရှိနေပါ့မယ် နွေမငိုအောင် ကျွန်တော်ဘာလုပ်ပေးရမလဲဟင်...”

" ဟန်ဟန် မပြောချင်ဘူး ဒါမဲ့သော်တာ​ထက် လုပ်ပေးချင်ရင်တော့ ​ဟန်ဟန်ကို ဟိုရှေ့ကလူကြီး သောက်နေတဲ့ဆေးလိပ်နဲ့ မီးခြစ်​ဝယ်ပေးပါ သူ့လိုမျိုး ဟန်ဟန်လဲသောက်ကြည့်မလို့ .မီး​ခိုးငွေ့တွေနဲ့အတူ ဟန်ဟန်လဲပျောက်​ကွယ်သွားချင်..ပျောက်ကွယ်သွားလို့ရအောင်..”

" ဆေးလိပ်သောက်တာ မကောင်းပေမယ့် နွေ သောက်ချင်တယ်ဆိုကျွန်တော်ဝယ်ပေးပါ့မယ်..နွေနဲ့အတူ ကျွန်တော့လဲ အဖော်ပြုပြီး လိုက်သောက်ပေးပါ့မယ်...”

" အင်း ဒါဆိုမြန်မြန်သွားဝယ်ပေး...”

" ဟုတ်ကဲ့ ခဏစောင့်ပါဗျ ကျွန်တော်သွားဝယ်ပေးပါ့မယ်....”

ပြေးသွားတဲ့ကောင်လေးက..သူ့ကိုကြိုက်နေသည်တဲ့..သစ္စာကဒီကောင်လေးကို..ကြိုက်နေပုံပင်..မုန့်လောက်သာအရေးလုပ်တဲ့လူတစ်ယောက်က ထိုခပ်ချော​ချောကောင်လေးကို..စိတ်ဝင်စားသည်တဲ့...

***************
" နွေ..ဒီမှာ...ရပီဗျ..”

" အင်း ပေး..”

" နွေ..သောက်တက်လို့လားဟင်....”
ဆေးလိပ်ကို မီးညှိနေတဲ့လက်တွေဟာ တွန့်သွားရသည်၊ ဟန်ဟန်တစ်ခါမှ ဆေးလိပ်မသောက်ခဲ့ဘူးပါ...မူးဝေစေတဲ့အရာတွေကို ဝေးဝေးရှောင်ခဲ့သည် ၊ မေမေ မကြိုက်တဲ့အရာတွေထက် ဟန်ဟန်ကိုယ်တိုင်လဲ မ​နှစ်သက်ခဲ့ဘူးပါ၊ ဟန်ဟန် ရင်ထဲက ခံစားနေရတဲ့ အရာလေးတွေကို မီးခိုးငွေ့လှလှလေးတွေအောက်..ဖုံးကြည်ချင်ပါသည်....

" မသောက်တတ်ပေမယ့် စမ်းသောက်ကြည့်မလို့ပါ သော်တာထက်..”

" ကျွန်တော်တို့ ရင်းရင်းနှီးနှီးခေါ်ကြရအောင်ဗျာ သော်တာထက်ကြတော့ မစိမ်းလွန်းဘူးလားဗျာ...ကျွန်တော်က နွေ့ကိုတစ်ရင်းတစ်နှီးခေါ်သလို နွေ့ကလဲ တစ်ရင်းတစ်နှီးခေါ်စေချင်ပါတယ်ဗျ...ကျွန်တော်တို့သူငယ်ချင်းတွေမလား သူငယ်ချင်းဆိုတာ ခံစားချက်တွေကိုဝေမျှလို့ရပါတယ်ဗျ...”

" ကောင်းပါပြီ ထက် ကြိုပြောပါရစေ ဟန်ဟန်မှာ ချစ်ရတဲ့သူရှိတယ်..သူ့ကိုဖွင့်ပြောလိုက်တာ ငြင်းလွှတ်လိုက်လို့ လာငိုနေတာ...ထက်က ဟန်ဟန်ကို သူငယ်ချင်းအနေနဲ့ပဲဆက်ဆံစေချင်တယ်..ဟိုတစ်ခါပြောထားတာကိုရုပ်သိမ်းပေးပါ.. ဟန်ဟန်သူကလွဲရင် ဘယ်သူကိုမှမချစ်နိုင်လို့ပါ....”

"ဟုတ်ပါပြီဗျာ ငါတို့သူငယ်ချင်းလုပ်ရအောင် ရင်းရင်းနှီးနှီးဖြစ်အောင် နင်နဲ့ငါဘဲပြောကြတာပေါ့ ငါတို့က အသက်တူတူပဲမလား....ငါပြန်ရုတ်သိမ်းပါတယ်နွေ......”
ဝဲတက်လာတဲ့ မျက်ရည်စတွေကို မျက်တောင်လေးနဲ့ ပုပ်ခပ်ပုပ်ခပ်လုပ်ရသည်၊ မျက်ရည်ကျလို့မဖြစ်၊ နွေရှေ့မှာသူမငိုချင်၊ နွေကိုတော့ သူပျော်စေချင်သည်၊ သူ့ခံယူချက်က ရယူပိုင်ဆိုင်ခြင်းမဟုတ်၊ အနားမှာအတူရှိပြီး သူချစ်ရတဲ့သူကို ပျော်ရွှင်စေချင်တဲ့အချစ်မျိုးပင်၊ နွေဟာ ချစ်ရသူရှိနေပြီတဲ့လေ ပူလောင်နေတဲ့ ခံစားချက်တစ်ချို့ကိုဖြေဖျောက်ဖို့ နွေ့လက်ထဲက ဆေးလိပ်နဲ့ မီးခြစ်ကိုယူပြီး သူအရင်စသောက်လိုက်တော့သည်....

" ဟားဟား ဘယ်နှယ့် ငါအရင်ဝယ်ခိုင်းတာနော်ထက် နင် အရင်သောက်လို့ဘယ်ဖြစ်မလဲ..”

" ဟွတ်..ဟွတ်...”

" မသောက်တတ်ဘဲနဲ့များ..ထက်ရယ်..”

"ငါလဲ အခုမှသောက်ဖူးတာပါနွေ...နင်ပေါက်ကရတွေလုပ်လို့ ငါလိုသားလိမ္မာလေးက မဟုတ်တာတွေလျှောက်လုပ်မိပြီ...”

" အော်အေး အဲ့ဒီသားလိမ္မာလေးက သူများကို ရည်းစားစာလိုက်ပေးလို့ဆရာမက စွဲ့ဖြဲခဲ့တာမလား ဟားဟား...”

" နင်ပြေးထားနွေ.... ပြေးထား....မိရင်..အသေပဲ...အပိုင်းပိုင်းခုထစ်ပြီးပင်လယ်ထဲပြစ်ချမယ်...”

" ဗလပ် ဗလပ်...မကြောက်ပေါင်..ဟားဟား.”

" နွေ...မိရင်နင်အသေဘဲ....”

သောင်ပြင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ပတ်ပြေးနေကြတဲ့ ကောင်လေးနဲ့ ကောင်မလေးကို တစ်ယောက်ယောက်က ဒေါသထွက်နေတဲ့မျက်လုံးစိမ်းတွေနဲ့ ကြည့်နေခဲ့တော့သည်...

*********************
" တောက်စ်..ဟာကွာ....”

နွယ်ရဲ့ဒေါသတွေကို အခန်းထဲရောက်မှ ပုံချလိုက်တော့သည်...နွယ့်ကို ဖွင့်ပြောတာတောင်.. မကြာသေးဘူး တောက်စ် ! အခုကျတော့ တစ်ခြားကောင်လေးတစ်ယောက်နဲ့ ပြေးလွှားပျော်ပါးနေတယ်ပေါ့လေ..အဲ့ကောင်လေးကို နွယ်မှတ်မိပါသည်၊ သူ့ကို စာပေးတဲ့ကောင်လေး ဒါနွယ့်ကို မလေးစားတာ ၊ နွယ့်က သူ့ကို ရောလိုက်လို့ အရူးလုပ်သွားတာ.. တောက်စ် ! ...မင်းငါနဲ့တွေ့ပြီနွေ၊ ငါမင်းကို ခွင့်မလွှတ်ဘူး တောက်စ် !  ငါကတော့
ငါပြောလိုက်လို့ စိတ်မကောင်းဖြစ်သွားလားဆိုပြီး လိုက်ချော့
မလို့..ဒင်းကတော့ ပျော်ပါးနေလိုက်တာ...ဟာကွာ..စိတ်တိုလိုက်တာနော်....

" ငါမင်းကို လုံးဝခွင့်မလွှတ်ဘူးနွေ..”

ညနေအထိ နွယ်အပြင်မထွက်ဖြစ် ၊ ဟိုကလေးမကို စိတ်တိုလွန်းလို့ တစ်နေ့သာကုန်သွားတယ် နွယ် ဘာမှ မလုပ်ခဲ့ရပါ ၊ အခန်းပြင်လဲမထွက် ၊စာအုပ်လဲဖတ်မရ ၊ ဟိုကောင်လေးနဲ့ ပျော်ပါးနေတဲ့ နွေ့ကို အရှင်လတ်လတ် မြေမြှုပ်ချင်တဲ့စိတ်တို့သာ ကြီးစိုးနေ ပေသည်..... ဥပဒေသာမရှိလျှင် ထိုကလေးမ ကို နွေသတ်ပြစ်ပြီးတာကြာပြီ ....ဟူး

" ဒေါ်လေးရေ...တံခါးဖွင့်ဦး..”

" ဘာလို့ အော်နေတာလဲ တွယ်တာ ငါလာဖွင့်မှာပေါ့...”

" ဒေါ်လေးက အပြင်လဲမထွက် ထမင်းလဲ လာမစားလို့ လာမေး
ရတာ ချောင်းသာလာတာ အခန်းအောင်းဖို့မဟုတ်ဘူးနော်..
ပင်လယ်ကြည့်ဖို့..တီတီပြောပါဦး..”
တွယ်တာ နေးကို အားကိုးယူရသည်၊ မဟုတ်ရင် ဒေါ်လေးမှာ ကြောက်စရာအငွေ့အသက်တွေရနေသည်၊ တွယ်တာရဲ့ နဖူးထိပ်ကလေးတော့ အနာမခံနိုင်....

" ကြည်သာ ဘာဖြစ်လို့လဲ ညီမလေး နေမကောင်းဘူးလား အခန်းထဲပဲအောင်းနေလို့ အစ်မက စိတ်ပူလို့လိုက်လာတာ ကြည့်သာတပည့်လဲဖျားနေလို့ အစ်မဆေးတိုက်ထားရတယ်...အခုတော့အိပ်နေတယ် နေမကောင်းရင်  ဆေးသောက်မလား...ညီမလေး...”

" မသောက်တော့ပါဘူးအစ်မနေး နွယ်နေကောင်းပါတယ် နွယ့်တပည့်ဆိုတာ နွေ့ကိုပြောတာလား အစ်မနေး...”
ဟိုကလေးမနေမကောင်းဘူးဆိုတော့ စိတ်ပူလာပြန်သည်. ..ဒင်းက နွယ့်ကို ခံစားချက်မျိုးစုံပေးလွန်းသည်...ခက်ရဲ ၊ဘယ်လောက်ပဲစိတ်တိုတို ၊ ခွင့်မလွှတ် တာက သက်သက် စိတ်ပူတာကသက်သက်....

" ဟုတ်တယ်လေ သစ္စာက နေကောင်းပါတယ် အခု တောင် အပြင်ထွက်သွားတယ် အစ်မတို့ ထမင်းသွားစားမလို့ ကြည်သာလိုက်ခဲ့မလား ဒါမှမဟုတ် အခန်းထဲပဲပို့ပေးရမလား..ကြည်သာ..”

" ဟုတ်အစ်မ​နေး...အခန်းထဲပဲ ပို့ခိုင်းလိုက်ပါ ဒါမဲ့ တွယ်တာတို့အခန်းကို ပို့ခိုင်းလိုက် နွေ့ကိုစောင့်ရင်းနဲ့ပဲ အဲ့အခန်းမှာပဲ စားလိုက်မယ်..”

" အင်း အစ်မတို့သွားပြီနော်ကြည်သာ နောက်ညတွေကျမှပဲ မီးပုံပွဲလုပ်ကြတာပေါ့....”

"ဟုတ်ကဲ့ အစ်မနေး .......”

" ဒေါ်လေးဒီမှာ အခန်းသော့ ဟန်ဟန့်ကို တွယ်တာတံခါးပိတ်ခဲ့တာမို့...”
တွယ်တာကတော့လေ..ကလေးကို သော့ပါခတ်ခဲ့စရာလား ထိပ်ခေါက်ချင်လာပြီ...

" အေး..ပေး..သွားတော့ ...”

" ဟုတ်ကဲ့..ဒေါ်လေး...”
ဒေါ်လေးက..ဟန်ဟန့်ကိုဆို...တူမအရင်းဖြစ်တဲ့..သူ့ထက်တောင်ဂရုစိုက်လွန်းသည်...ဒါကဖြစ်သင့်ရဲ့လား....ဟင်း.....

*********
Wed , Jan 31

( အမှားပါရင်..ခွင့်လွှတ်ပါ ၊ ဖတ်ရှုပေးတဲ့ တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်..)

Comment