Loser(part3)

တီးလ်တောင်.....တီး.....


မနက်စောစောစီးစီးထမြည်လာတဲ့
ဘဲလ်တီးသံကြောင့်ဆော့ဂျင်အိပ်ချင်မူးတူးနဲ့အခန်းပြင်ထွက်လာခဲ့သည်။
ဒီအချိန်ကြီးဘယ်သူကများအိမ်ကိုလာလည်ပါလိမ့်ဆိုသည့်အတွေးတို့ကလည်း
ခေါင်းထဲတွင်နေရာယူလျက်ရှိသည်။


တံခါးဖွင့်လိုက်လိုက်ခြင်း
မြင်တွေ့လိုက်ရတဲ့ခပ်ချောချောသူစိမ်းလူသားတစ်ယောက်.....ဆော့ဂျင်လည်းအိပ်ချင်စိတ်ကြောင့်ဝေဝါးနေသောမျက်လုံးများအားလက်နှစ်ဖက်နှင့်ပွတ်သပ်လိုက်ရင်း
သူ့ကိုငူငူကြီးကြည့်နေသောထိုသူကို
စကားစရန်ပြင်လိုက်သည်~~~


Jin - ဟို.....ဘာကိတ်စရှိလို့လဲမသိဘူး!!


" သြော်....ဒီအိမ်ကဂျွန်ဂျောင်ဂုနေတဲ့အိမ်လားမသိဘူး "


Jin - အစ်ကို့သူငယ်ချင်းနဲ့တူတယ်


" Kim Taehyung "


အနောက်ကအစ်ကို့အသံကြားတာကြောင့်
လှည့်ကြည့်မိတော့အကိုကပြေးလာပြီးထိုလူအားပွေ့ဖက်နှုတ်ဆက်တော့အလိုလိုမျက်မှောင်ကျုံ့မိသွားသည်။
အကိုနဲ့သူကဘာတွေလဲ..??


Jin - အစ်ကို.....အစ်ကို့သူငယ်ချင်းလား...??


Jungkook - ဟုတ်တယ်ကောင်လေး....အိမ်ထဲရောက်မှကိုယ်မိတ်ဆက်ပေးမယ်


**ဆိုပြီးထိုသူအားခေါ်ကာဧည့်ခန်းတွင်းသို့ဝင်သွားလေရဲ့**


Jungkook - ကောင်လေးက ထယ်ယောင်းကိုသိမှာမဟုတ်ဘူး.....


Taehyung - ဟုတ်တယ်.....ဂျောင်းဂုကသူ့မင်ဂလာဆောင်လာဖို့ဖိတ်တုန်းက...ကျနော်ကခရီးတစ်ခုထွက်ဖြစ်နေတာနဲ့မလာလိုက်ရတာ.....


Jin - သြော်....အဲ့ဒါကြောင့်ဒီကအကို ကို မတွေ့ဖူးတာကိုး


Jungkook - ဒီကောင်နဲ့ကိုယ်နဲ့ကငယ်သူငယ်ချင်းအရင်းကြီးတွေလေ....ဒါတောင်သူကကိုယ့်လက်ထပ်ပွဲကိုမလာဖူး......


Taehyung - ငါလည်းအလုပ်ကိတ်စကြောင့်မို့ပါကွာ....အခုရောက်နေပြီမလား....ဒါနဲ့မင်းငါကိုတစ်ဝိုင်းကျွေးရမယ်နော်....


Jungkook - ကျွေးတာကကျွေးမှာပါကွာ....ဒါနဲ့မင်းအမြဲအဲ့အလုပ်တွေဘဲဖိလုပ်နေမှာလား....ဘဝလက်တွဲဖော်လေးဘာလေးမရှာတော့ဖူးလား....??...


Taehyung - ဘဝလက်တွဲဖော်ဆိုတာရှာစရာလိုလို့လား.....အချိန်တန်ရင်သူ့ဘာသာတွေ့မှာပေါ့ကွာ.....!!


Jin - ကျနော်နဲ့အစ်ကိုတောင်လူကြီးတွေရှာပေးလို့သိတာလေ.....ဒီကထယ်ယောင်းအစ်ကိုသာလိုချင်ရင်ကျနော့်သူငယ်ချင်းတွေနဲ့မိတ်ဆက်ပေးရမလား...??


Jungkook - ကူညီပေးလိုက်စမ်းပါကောင်လေးရယ်.....မဟုတ်ရင်သူပုပ်ပွနေတဲ့လူပျိုသိုးကြီးဖြစ်တော့မယ်။


Taehyung - နေပါစေကွာ....ငါ့ဘာသာတစ်ယောက်ထဲအေးဆေးနေပါရစေ....


Jin - ဟုတ်ကဲ့....လိုအပ်ရင်တော့ပြောပါနော်....ကျနော်အချိန်မရွေးရှာပေးလို့ရတယ်....ဒါနဲ့အစ်ကိုတို့နှစ်ယောက်ကမတွေ့တာကြာပြီလား....ခုနကအရမ်းအလွမ်းသယ်တဲ့ပုံပေါက်နေလို့.....!!


Jungkook - ဟုတ်တယ်....ထယ်ယောင်းကအမြဲတမ်းလိုလိုခရီးထွက်နေတာလေ...သူ့ကိုမြင်ရဖို့တော်တော်လေးခက်တယ်...!!


သူငယ်ချင်းနှစ်ယောက်လွတ်လွတ်လပ်လပ်စကားပြောဖို့ရန်ဆော့ဂျင်အလိုက်တသိရှောင်ပေးရန်ဆုံးဖြတ်လိုက်သည်....ဒါလူ့ကျင့်ဝတ်တစ်ခုမဟုတ်လား...??.


Jin - အစ်ကိုတို့နှစ်ယောက်အေးဆေးစကားပြောကြဦးနော်....ကျနော်အခန်းထဲမှာလုပ်စရာလေးရှိသေးလို့....စားချင်တာဖြစ်ဖြစ်ရှိလားအစ်ကိုထယ်ယောင်း....ကျနော်တစ်ခါထဲလုပ်ပေးခဲ့မယ်...~~


Taehyung - ရတယ်!! ဆော့ဂျင်....အစ်ကိုစားလာပြီးပြီ။


Jin - ဟုတ်.....အဲ့ဒါဆိုကျနော်သွားတော့မယ်နော်။


.....ဂျင်ဧည့်ခန်းထဲမှထွက်သွားပြီးနောက်....


Taehyung - မင်းအမျိုးသားလေးကလိမ်မာတယ်နော်ဂျောင်းဂု!!!


Jungkook - မင်းမသိလို့ပါထယ်ယောင်းရာ!!
တခါတလေအဲ့ကောင်လေးကသိပ်ဆိုးတာ....ဒါပေမဲ့ဆိုးတာလေးကမှချစ်ဖို့ကောင်းနေပြန်ရော....


Taehyung - မင်းအမေလူရွေးတော်တယ်ဆိုပါစို့~~


Jungkook - ဟုတ်ပါရဲ့....ငါ့ကိုအိမ်ထောင်ချပေးလိုက်တာနဲ့မတူဘဲ....တန်ဖိုးကြီးလွန်းတဲ့လက်ဆောင်လေးပေးလိုက်သလိုဘဲ...!!


Taehyung - ဒါနဲ့သူ့ကိုရော....


Jungkook - ဟန်...??


Taehyung - သူပြန်လာရင်ရောဘယ်လိုလုပ်မလဲ...??....မင်းသူ့ကိုမေ့နိုင်ပြီဆိုတာသေချာရဲ့လား...??


ထယ်ယောင်းစကားကြောင့်ဂျောင်းဂုတစ်ချက်တွေဝေသွားသည်။
ပြန်လာမယ်သတဲ့လား??
သူက ကျနော့်ဘဝထဲကိုနောက်တခေါက်ပြန်လာနိုင်ဦးမယ်တဲ့လား...??...မဖြစ်နိုင်တာတွေ....ကံလုံးဝကုန်သွားပြီလို့ကျနော်ယူဆထားတဲ့သူကလေ~~


Jungkook - အဟား.....ထယ်ယောင်း..ငါကဘယ်တော့ပြန်လာမလဲမသိနိုင်တဲ့သူတစ်ယောက်ကိုစောင့်နေလိမ့်မယ်လို့မင်းထင်နေတာလား...??


Taehyung - ဒါပေမဲ့....မင်းကသူ့ကိုသိပ်ချစ်တာလေ...သူသာတဂယ်ပြန်လာပြီး....မင်းအပေါ်ခံစားချက်ရှိနေသေးတယ်ဆိုရင်ရော....မင်းသူ့ကိုငြင်းနိုင်ပါ့မလား...??


Jungkook - သူတဂယ်ပြန်လာရင်တောင်သိပ်နောက်ကျနေပြီလေ....ငါ့မှာ...ငါ့မှာ..ဆော့ဂျင်တစ်ယောက်လုံးရှိနေပြီဟာကို...!!


Taehyung - ငါလည်းသေချာအောင်မေးထားတာပါ....မင်းအတွက်အခုချိန်မှာ
ဆော့ဂျင်ကအရေးကြီးဆုံးသူဖြစ်နေပြီနော်...
ဂျောင်းဂု...မင်းရွေးချယ်တတ်ပါစေ.....!!


Jungkook - ငါသိပါတယ်။
ငါရှင်းရှင်းလင်းလင်းနဲ့ကိုသိပါတယ်.....သူဟာငါပြန်မသွားချင်တဲ့အတိတ်ထဲကပုံရိပ်ယောင်တစ်ခုဘဲဆိုတာ.......နဂိုထဲက...ဟိုးအစကထဲက....ငါကျော်ဖြတ်ခဲ့ ပြီးသောမိုင်တိုင်တစ်ခုဘဲဆိုတာ.....အခုချိန်မှာငါ့ရဲ့ပန်းတိုင်ဟာဆော့ဂျင်တစ်ယောက်ထဲဘဲ....!!


Taehyung - မင်းတော်တယ်ဂျောင်းဂု....ယောက်ကျားဆိုတာကိုယ်ရွေးပြီးသားလမ်းကိုဘဲအဆုံးထိလျှောက်ရတယ်....ဘယ်တော့မှနောက်ပြန်မလှည့်ရဖူး...
မင်းပျော်ရွှင်နေဖို့ကိုဘဲငါမျှော်လင့်တာပါ....သိတယ်ဟုတ်....


Jungkook - သိတာပေါ့.....ငါတို့ကသွေးသောက်ညီနောင်တွေဘဲဟာ.....


Taehyung - ဟားဟား.........


ဂျောင်းဂုသိနိုင်မယ်မထင်ပါဖူး
တစ်ခါတစ်လေကိုယ့်နောက်ကျောကိုထိုးမဲ့ဓားက...ကိုယ်အယုံကြည်ရဆုံး...အားအကိုးရဆုံး....လက်တစ်စုံလည်းဖြစ်နေနိုင်တယ်ဆိုတာ.....အချစ်နဲ့ပတ်သတ်မိရင်လူတိုင်းက
စုံလုံးကန်းသွားနိုင်တာမို့......!!


______________________________________


Jin - အစ်ကို....နေ့ခင်းကလာသွားတဲ့အစ်ကို့သူငယ်ချင်းကဘာအလုပ်လုပ်တာလဲဟင်..??


ဆော့ဂျင်ဂျောင်းဂုရဲ့ဆံသားလေးများအားယှက်နွယ်နေရင်းမှဆိုလိုက်သည်။
သူအစ်ကို့ဆံစလေးတွေနဲ့ဆော့ကစားရတာကိုသိပ်ကြိုက်သည်လေ...!!


Jungkook - သူက သင်ဘော captain လေကောင်လေး...အဲ့တာကြောင့်ကိုရီးယားမှာတွေ့ဖို့ခဲယဥ်းတယ်....သူကအမြဲခရီးထွက်နေတတ်တာမို့....


Jin - သြော်...ဒါနဲ့ခရီးဆိုမှကျနော်တို့ဟန်းနီးမွန်းတောင်မထွက်ဖြစ်လိုက်ဖူးနော်...အစ်ကို..??


Jungkook - ဟုတ်ပါရဲ့....ကိုယ်အလုပ်တွေရှုပ်နေတာမလို့...လိုက်တောင်မပို့ဖြစ်ဖူး...ဒါနဲ့ကောင်လေးကဘယ်သွားချင်လို့လဲ...ဒီတခေါက်စာရင်းတွေပြီးသွားရင်ကိုယ်လိုက်ပို့ပေးမယ်....~~~


Jin - တဂယ်လားအစ်ကို....!!
Promise! !


ဆော့ဂျင်သူ့လက်သန်းလေးတစ်ချောင်းအားဂျောင်းဂုကိုထိုးပေးရင်းမှဆိုလိုက်သည်။
ဂျောင်းဂုလည်းတစ်ချက်ပြုံးလိုက်ကာ
လက်သန်းအ​သေးလေးအား
ပြန်လည်ချိတ်တွယ်လိုက်သည်...~~


Jungkook - promise...... ဒါနဲ့ကောင်လေးကဘယ်သွားချင်တာလဲ...ကိုယ့်ကိုပြောလေ...!!


Jin - စဥ်းစားဦးမယ်....ဘယ်နေရာကများ...တစ်ဘဝလုံးအတွက်အမှတ်တရဖြစ်နိုင်လဲဆိုတာ....တသက်စာမမေ့နိုင်တဲ့ခရီးမျိုးဖြစ်ချင်တာလေ....!!


Jungkook - ဟုတ်ပါပြီဗျာ...ဒါဆိုလည်းနောက်မှဘဲစဥ်းစားတော့နော်....အခုလောလောဆယ်ဒီမှာလာအိပ်....!!


Jin - ဟုတ်....!!


ဆော့ဂျင်ဂျောင်းဂုရင်ခွင်ထဲခေါင်းလေးတိုးဝင်ရင်း....သူသိပ်ကြိုက်သော...ဂျောင်းဂု
ကိုယ်သင်းရနံ့လေးအားရှူရှိုက်ကာအိပ်စက်ဖို့ပြင်လိုက်လေသည်။
ဂျောင်းဂုကတော့နေ့လည်က
ထယ်ယောင်း​ပြောခဲ့သောစကားများအားပြန်လည်ကြားယောင်ရင်းမှညတာအတော်လေးကိုရှည်ကြာခဲ့သည်။
အတွေးပေါင်းများစွာတွေးနေမိပေမဲ့
မေးခွန်းကတော့တစ်ခုထဲ
" သူသာပြန်လာခဲ့ရင် "...............


ဒါလေးကမ up သေးဖူးလို့ထားထားပေမဲ့
တောင်းဆိုတဲ့သူလေးတွေရှိတာကြောင့်တင်ပေးလိုက်ပြီနော်....ဖတ်ပြီးသွားရင် comments လေးတွေတော့ပေးပေးကြနော်..အရေးအသားကဖတ်ရတာအဆင်​ပြေရဲ့လားဆိုတာ....



Zawgyi


တီးလ်တောင်.....တီး.....












" Kim Taehyung "


အကိုနဲ့သူကဘာတွေလဲ..??


Jin - အစ္ကို.....အစ်ကို့သူငယ်ချင်းလား...??


















































Jungkook - ဟန်...??




ပြန်လာမယ်သတဲ့လား??






Jungkook - သူတဂယ်ပြန်လာရင်တောင်သိပ်နောက်ကျနေပြီလေ....ငါ့မွာ...ငါ့မွာ..ဆော့ဂျင်တစ်ယောက်လုံးရှိနေပြီဟာကို...!!




Jungkook - ငါသိပါတယ်။






Taehyung - ဟားဟား.........




______________________________________


Jin - အစ္ကို....နေ့ခင်းကလာသွားတဲ့အစ်ကို့သူငယ်ချင်းကဘာအလုပ်လုပ်တာလဲဟင်..??






Jin - သြော်...ဒါနဲ့ခရီးဆိုမှကျနော်တို့ဟန်းနီးမွန်းတောင်မထွက်ဖြစ်လိုက်ဖူးနော်...အစ္ကို..??




Jin - တဂယ္လားအစ္ကို....!!
Promise! !


လက်သန်းအသေးလေးအား








Jin - ဟုတ်....!!


" သူသာပြန်လာခဲ့ရင် "...............






Comment