Loser(part-9)


ပထမဦးဆုံးအကြိမ်အဖြစ်
ဒုတိယဖြစ်ခြင်း။


___________________________________


မနက်ခင်းအချိန်အခါရဲ့ရောင်ခြည်နွေးနွေးဟာပြတင်းပေါက်တံခါးကိုဖြတ်၍
တင်းတင်းကျပ်ကျပ်ဖတ်အိပ်နေရှာသော
ကောင်လေးနှစ်ဦးထံတွင်အဆုံးသတ်သည်။


ရုတ်တရက်ကြိမ်းစပ်လာသောစူးရှရှခံစားမှုကြောင့်ဆော့ဂျင်မျက်လုံးများကိုအားယူဖွင့်ကြည့်လိုက်သည်။
နွေးထွေးတဲ့ရင်ခွင်တစ်စုံကို
ပထမဦးစွာမြင်တွေ့လိုက်ရတော့နှုတ်ခမ်းပါးတို့ကွေးညွှတ်ကုန်သည်။
ထို့နောက်သွားသေးသေးလေးတွေရဲ့ပစ်မှတ်က
ထိုရင်ခွင်ကျယ်ကြီးဆီသို့ချိန်ရွယ်ကာ
အားမသုံးဘဲဖွဖွကိုက်ဆွဲလိုက်သည်။


" အာ့ "
ဆိုတဲ့ညဉ်းသံလေးထွက်ပေါ်လာတော့ဆော့ဂျင်တစ်ယောက်ကြိတ်ရီသည်။
ဒီလူသားသည်သူ့ကိုရူးအောင်ပြုစားနိုင်သည်။


ရင်ခွင်တစ်စုံမှထွက်ကာမြတ်နိုးရတဲ့မျက်နှာလေးအားမော့ကြည့်မိတော့
မနေ့ညကပွဲကြမ်းထားတာသူမဟုတ်သလို
ဖြူစင်စွာအိပ်စက်အနားယူနေသည်။
အစ်ကိုကလက်သည်းဖွက်ထားတတ်တဲ့ကြောင်ဆိုးလေးဘဲ။


အမြဲတမ်းဖူးမြော်ကြည့်ချင်နေမိသောမျက်နှာအစိတ်အပိုင်းလေးများအားဆော့ဂျင်သူ့လက်ကောက်ကောက်လေးဖြင့်ထိတွေ့
ကြည့်မိသည်။
လှသည်~အစ်ကို့ရဲ့မျက်ဝန်းနက်နက်တွေထဲသူအကြိမ်ကြိမ်ကျရှုံးဖူးပါသော်ငြားလည်း...
မျက်ဝန်းအစုံကိုပိတ်ထားချိန်တွင်တောင်စွဲမက်စရာကောင်းလွန်းနေတာကကျမတရား
ဖူးလေ။


ပြီးတော့အနဲငယ်ပွနေသယောင်ရှိသော
နှာခေါင်းလုံးလုံးလေး...သူ့အသည်းတွေကလီစာတွေကိုပြောင်းပြန်ဖြစ်သွားအောင်လုပ်နိုင်သောနေရာလေးပါဘဲ။


နီဆွေးဆွေးနှုတ်ခမ်းပါးတစ်စုံကရစ်မူးမှုမျိုးစုံကိုပေးစွမ်းနိုင်သည်။
နှစ်ကိုယ်တူသွားလေ့ရှိသောအချစ်ခရီးစဥ်ကိုထိုနှုတ်ခမ်းပါးလေးမှထွက်သောအနမ်းတစ်ခုကဆောင်ကျဥ်းနိုင်စွမ်းရှိသည်။


အကို့ရဲ့ချောမောခန့်ညားသောမျက်နှာသည်..
နှုတ်ခမ်းပါးအောက်ကမှည့်နက်လေးတွင်ပြီးပြည့်စုံစွာအဆုံးသတ်သည်။


ထို့နောက်ညင်သာစွာ
မျက်နှာတစ်ခုလုံးအားသူနမ်းရှိုက်သည်။
အကို့ဆီကအနမ်းကိုအမြဲခံယူနေကြဆိုပေမဲ့
အခုလိုအကိုမသိတုန်းအလစ်တွင်ခိုးစားရတာ
သိပ်အရသာရှိသည်။
ထို့​ကြောင့်သူနမ်းသည်။


မနက်ခင်းတစ်ခုကိုအကို့နဲ့လုံလောက်စွာအစပြုပြီးမှ
သူအိပ်ယာပေါ်ကထရန်ပြင်လိုက်သည်။


" အာ့ "


ဒီတစ်ခါအော်ရသူကဆော့ဂျင်ပင်။
အောက်ပိုင်းတစ်နေရာရာက ကွဲရှနေသလိုခံစားချက်ကြောင့်
ထဖို့ကိုအနိုင်နိုင်ကြိုးစားနေရသည်။


ကုတင်ပေါ်မှဆင်းဆင်းချင်းအကို့မျက်နှာအားတစ်ခေါက်လည်ပြန်ကြည့်လိုက်ရင်း


^^ဒီလူကြီးတော်တော်အတွင်းအားများပါလား^^


ရေချိုးသန့်စင်ခြင်းဆီသို့......


____________________________________


ကျောင်းသွားဖို့သူအဆင်သင့်ပြင်ပြီးသည်ထိ
အစ်ကိုဟာကုတင်ပေါ်တွင်ဟိုဘက်လှိမ့်လိုက်ဒီဘက်တိုးလိုက်နှင့်အိပ်လို့ကောင်းနေတုန်းရယ်ပါ။
မသိရင်မနေ့ညကသူဟိုဟာလုပ်ခံရတာကျနေရောဘဲ....အိပ်ပုတ်နေလိုက်တာ။
တခြားဖက်ကတွေးမိတော့လည်း
အကိုလူးလှိမ့်နေပုံလေးကချစ်စရာအတိ
ဆံပင်များဟာပွရှုပ်ပြီးစုပုံနေသည်။


အိပ်ယာထဲတွင်စောင်တွေနဲ့လုံးထွေးနေသော
အကိုဆီသို့သူတိုးကပ်သွားကာရင်ခွင်ထဲပစ်ဝင်သွားရင်း^^


Jin - အစ်ကို...မထသေးဘူးလားရော...ကျနော်တောင်ကျောင်းသွားဖို့အဆင်သင့်
ဖြစ်နေပြီ။


ဘယ်လောက်ခေါ်ခေါ်တအင်းအင်းသာ
ပြန်ဖြေနေသောအကိုကြီးပါလေ။


Jin - အစ်ကို...ထတော့ကွာ...ရုံးနောက်ကျနေလိမ့်မယ်လို့...!!


Jungkook- ငါးမိနစ်...ငါးမိနစ်ဘဲကောင်လေးရာနော်။


မျက်လုံးကြီးကမပွင့်ပေမဲ့နှုတ်ခမ်းကြီးဆူပြီးပြောလာတာကငါးမိနစ်တဲ့လေ။
အကိုဟာတဂယ့်ခလေးဆိုးလေးပါ။
အသဲထဲကနေကလိကလိဖြစ်လာသောခံစားချက်ကြောင့်
ဂျောင်းဂုရဲ့ပါးတစ်ဖက်အားသူကိုက်ချပစ်လိုက်သည်။


Jungkook - အာ့~ကောင်လေးကခွေးပေါက်လေးလား...ဟန်...သူများကိုလိုက်ကိုက်နေတယ်။


Jin - အောင်မယ်~သူ့ညစ်ပေတူးအဆီပြန်နေတဲ့မျက်နှာကြီးကိုဒီကအချောလေးကချစ်ပေးနေတာကိုကျေးဇူးတင်သင့်တာပါနော်။


Jungkook - အမြဲတမ်းကိုစွာနေတော့တာဘဲလား...မောင်စွာစိလေးရဲ့။


ဆော့ဂျင်သူကိုက်ထားသောဂျောင်းဂုပါးပေါ်မှအရာလေးအားလက်လေးဖြင့်ပွတ်သပ်ပေးရင်း


Jin - ပါးမို့မို့ဖောင်းဖောင်းလေးနဲ့အစ်ကိုဟာလည်းကျနော့်ရဲ့ " အယ်စတုံလေး " !!


Jungkook - အယ်စတုံ?


Jin - ဟုတ်တယ်။
အစ်ကိုက ကျနော့်ရဲ့ " အယ်စတုံလေး "


ဆော့ဂျင်ခေါ်လိုက်သောနာမ်စားလေး
ကြောင့်ဂျောင်းဂုပြုံးလိုက်မိသည်။
ဒီကောင်လေးဟာချစ်ဖို့ကောင်းအောင်စကားကိုရွေးချယ်တတ်လွန်းသည်။


Jin - အောက်မှာမနက်စာပြင်ထားခဲ့ပေးမယ်နော်...အလုပ်မသွားခင်စားသွားလိုက်...ကျနော်ကျောင်းသွားတော့မယ်...!!


Jungkook - အင်း...အရသာရှိရှိစားပါ့မယ်။


Jin - သြော်...ဒါနဲ့...ညနေကျရင်သေချာပေါက်ကျောင်းလာကြိုရမယ်နော်...အကို့ကြောင့်ကျနော်လမ်းလျှောက်ရတာအဆင်တွေပြေမနေဘူး။


Jungkook - ဟုတ်ကဲ့ပါဗျာ။
သေချာပေါက်ကိုလာကြိုပါ့မယ်နော်။


Jin - ကျနော်သွားပြီ။


တစ်ဘဝလုံးစာနဲ့ပတ်သတ်ခဲ့ ခြင်းဘဲ ဖြစ်ဖြစ်
အသေးအဖွဲလေးကအစ
ပေးခဲ့သောကတိကဝတ်တွေကို
တည်ခြင်း ၊ မတည်ခြင်းဆိုတာ
လူတစ်ယောက်ကလူတစ်ယောက်အပေါ်
ထားသောတန်ဖိုးထားမြတ်နိုးခြင်းတွေနဲ့အင်မတန်မှသက်ဆိုင်လွန်းသည်။


ဆင်ခြင်တွေဆိုတာ...ပျက်ပြယ်သွားသော
ကတိတွေကိုအပေါ်ယံမှဖုံးလွှမ်းပစ်လိုက်သော...ပဝါစလေးပင်။


___________________________________


" CEO Jeon "


ရင်းနှီးဖူးသားခေါ်သံဖြစ်နေပေမဲ့လို့ဂျောင်းဂုနောက်ကိုလှည့်မကြည့်ရဲခဲ့ပါ။
သူကောင်းကောင်းကြီးသိပါသည်။
သူတစ်ချက်လှည့်ကြည့်လိုက်မိတာနဲ့
မျက်လုံးတို့ကထိုတစ်စုံတစ်ယောက်ဆီကခွာနိုင်တော့မှာမဟုတ်ကြောင်း။


Jimin - ပထမဦးဆုံးအလုပ်တက်တဲ့နေ့ပါ CEO ~လိုအပ်တာတွေရှိရင်ပြင်ဆင်ပေးပါ။
သွန်သင်ပေးပါ။
ပြီးတော့~ကျနော့်ကိုလှည့်ကြည့်ပေးပါ။


Jungkook - မင်းဘာရည်ရွယ်ချက်နဲ့ငါ့ဘေးနားထပ်ရောက်လာခဲ့မှန်းမသိပေမဲ့...ငါကကောင်လေး~~


Jimin - CEO Jeon သိလား...လူတစ်ယောက်ရဲ့နှလုံးသားတံခါးမြစ်ဖျားခံတဲ့နေရာကထိုသူရဲ့မျက်ဝန်းတဲ့....ပါးစပ်ကဘယ်လောက်ထိတခြားတယောက်ကိုချစ်ကြောင်းဆိုနေနိုင် ၊လိမ်နိုင်ပေမဲ့....CEO ရဲ့မျက်ဝန်းအိမ်ထဲဝမ်းနည်းမှုတွေဘာလို့ကိန်းအောင်းနေရတာလဲ...??


Jungkook ရဲ့စကားမဆုံးခင် Jimin မှဖြတ်ပြောလိုက်သည်။
ကျနော်တို့ဖဲချပ်လေးတွေဆော့တဲ့အခါ
အနိုင်ရရှိဖို့ရန်အတွက်မလိုအပ်တဲ့ကဒ်တွေကိုပစ်ထုတ်ရတာနိယာမတစ်မျိုးဘဲလေ။
ကျနော်လည်းချစ်တယ်။
Kook လည်းချစ်နေတုန်းဘဲ။
အနိုင်ရရှိဖို့ရန်အတွက်ပြီးပြည့်စုံတဲ့
အချစ်တစ်ခုဖြစ်နေပြီလေ။
အခုပိုနေတဲ့ပစ်ဖဲကတစ်ခုထဲ.."ဂင်ဆော့ဂျင်"
သူ့ကိုသာ kook ဘဝထဲကခွဲထုတ်နိုင်လျှင်
......Game Over !!!


Jimin - အင်းပါ...CEO ပြောတာအားလုံးမှန်ပါတယ်...ကျနော်တို့အချိန်အကြာကြီးထိအလုပ်အတူတွဲလုပ်နိုင်ဖို့သာမျှော်လင့်မိတယ်။


Jungkook - မင်းသာအလုပ်တွဲလုပ်ဖို့ကိုဘဲအာရုံစိုက်ထားရင်ပေါ့!!!


တချို့စည်းတွေကသိပ်ပါးလွန်းတဲ့အခါ ၊
နံရံတွေကထင်ထားတာထက်မထူထပ်တဲ့အခါ.....ပိတ်ပင်ထားသင့်တဲ့သူတစ်ယောက်အားဝင်လာစေမိတဲ့အခါ...ပိုင်ဆိုင်ထားတဲ့တစ်စုံတစ်ယောက်အားလက်လွှတ်ပေးလိုက်ကြရတယ်။


____________________________________


" အရင်လကထုတ်ထားတဲ့ product ရဲ့ နမူနာတွေကိုဘယ်မှာထားတာလဲဗျ "


အခုမှအလုပ်စဝင်သောသူ့အတွက်အရာရာကအသစ်အဆန်းဖြစ်နေချေသည်။
ဒါကြောင့်ဘွဲ့လွန်တွေဘယ်နှစ်ခုယူထားယူထား...လုပ်သက်အတွေ့အကြုံကိုသာဦးစားပေးသောအလုပ်ကြော်ညာစာတွေပြည့်နေတာကိုး!!!!


Staff - စတိုခန်းမှာအားလုံးသိမ်းထားတာ ၊
ဘယ်ဘက်ကိုကွေ့လိုက်ထောင့်စွန်းခန်းက
စတိုခန်းဘဲ။


Jimin - ​သြော်...ဟုတ်...ကျေးဇူးပါနော်။


Staff - မလိုပါဘူးဗျ~ဒါနဲ့သတိတော့ထားနော်။
အဲ့အခန်းကပစ်စည်းတွေကနည်းနည်းယိုယွင်းနေပြီ။
စာရင်းဇယားအဟောင်းတွေမလိုတဲ့ပစ်စည်းတွေဘဲထားတဲ့အခန်းမို့! !


ဂျီမင်းခေါင်းသာငြိမ့်ပြီးစတိုခန်းဘက်ထွက်လာခဲ့သည်။
ပစ်စည်းဟောင်းတွေဆိုတာသူ့အတွက်အထူးအဆန်းမဟုတ်တော့ပါ။
လက်ရှိသူတောင်ဆွေးမြေ့နေခဲ့ပြီဖြစ်သော
ဆက်ဆံရေးတစ်ခုကိုဆက်နွယ်ဖို့ကြိုးစားနေသူမလား...??
အိုဟောင်းနေရုံဘဲလားဆိုတော့လည်းမဟုတ်ပြန်ဘူး။
သူတို့ရဲ့နှောင်ကြိုးတွေဟာအပိုင်းပိုင်းကိုပြတ်ထွက်နေခဲ့ပြီးချေပြီ။


____________________________________


စတိုခန်းဆိုတဲ့အတိုင်းဝင်လာခထဲကဖုန်နံ့သင်းသင်းလေးကဆီးကြိုနေချေသည်။
စာရင်းစာရွက်တွေ ၊ ကုန်ပစ်စည်းစမ်းသပ်ချက်တွေစီရီတင်ထားသော
ယိုင်နဲ့နဲ့ဗီရိုဟောင်းများသူတွေ့သည်။


အခန်းတစ်ခုလုံးအားဝေ့ဝိုက်ကြည့်မိပြီးနောက်..သူလုပ်ရမဲ့ရှာဖွေရမဲ့ခရီးကိုဆက်သည်။


Jimin - ပြီးခဲ့တဲ့လက test တွေဘယ်မှာလဲ...ဘယ်နားမှာပါလိမ့်...များပြားလွန်းသောဖိုင်တွေကြားထဲသူ့ခေါင်းလေးကိုတိုးဝင်ရင်းရှာသည်။
ဟူး....ချွေးစတော်တော်များများရွှဲနေသည်အထိမတွေ့။


Jimin - အရင်လကဟာလေးတင်ကိုဘာလို့အဲ့လောက်ရှာရခက်တာပါလိမ့်....ဘယ်နားမှာများ.....အား....အမေ့.....


"....ဒုန်း...အာ့....."


"Ji Ji "


စိုးရိမ်တကြီးနဲ့အခန်းထဲဝင်လာတဲ့ဂျောင်းဂု။


Jimin - kookah ပိုးဟပ်ကြီး...ဟင့်...အား....ငါ့ခြေထောက်နာတယ်။


လိုအပ်တဲ့မှတ်တမ်းများကိုခေါင်းငိုက်စိုက်ချပြီးရှာသော်လည်းထွက်ရှိလာခဲ့သည်က
အလွန်တကာမှမုန်းတီးခဲ့ရပါသောပိုးဟပ်..
ပိုးဟပ်ကိုရှောင်ရင်းတိမ်းရင်းနဲ့ယိုင်နဲ့နဲ့ဗီရိုများအားဝင်တိုက်မိသော်....သူ့ကိုယ်ပေါ်သို့ပြုတ်ကျလာသောဗီရိုပေါ်ရှိပစ်စည်းတချို့နှင့်
ကြိုးပဲ့လွင့်စင်လာသောသစ်သားအပိုင်းအစများ...!!


ဂျောင်းဂုမနက်ကမှသူ့ကိုငိုသံလေးများဖြင့်လာရောက်နှုတ်ဆက်သွားသောငယ်ချစ်ဦးအားနောက်တခေါက်များသူ့ရုံးခန်းတွင်းသို့ဝင်လာမလားဟုခေါင်းလေးတစ်ထောင်ထောင်ဖြင့်မျှော်နေမိသော်လည်း....ပေါ်မလာခဲ့....ရုတ်တရက်သူ့မျက်နှာလေးအားခိုးငေးချင်မိတာကြောင့်
ထိုသူရှိမည်ဟုထင်သည့်စားပွဲလေးနားအရောက်သွားခဲ့သော်လည်း
နေရာမှာရှိမနေခဲ့။
နောက်ဆုံးလက်လျှော့ကာမိမိရုံးခန်းထဲသို့သွားရန်ခြေလှမ်းပြင်ပြီးမှစတိုခန်းဘက်မှအသံကြားတာကြောင့်......


Jimin - ပိုးဟပ်ကြီးငါ့အပေါ်တပ်လာတော့မလို့ kookah! !


ထိုလူသားဟာအရင်တိုင်းမပြောင်းလဲ
​ခြေထောက်မှာဒဏ်ရာအနာတရဖြစ်ထားတာတောင်မရှိတော့တဲ့အကောင်ကိုကြောက်နေတုန်း


Jungkook - ဒီအခန်းထဲကိုတစ်ယောက်ထဲဘာလာလုပ်တာလည်း


Jimin - ငါအလုပ်အကြောင်းသိချင်တာလေးတွေရှိလို့....ပြီးတော့ဘယ်သူ့ကိုမေးရမလဲလည်းမသိတာကြောင့်


Jungkook - ငါ့ကိုမေး


Jimin - ဟန်...??


Jungkook - အလုပ်အကြောင်းမေးမယ်ဆိုငါ့ကိုမေးလို့....မင်းဒီလိုလျှောက်လုပ်နေတာပိုအလုပ်ရှုပ်တယ်။


Jimin - အင်းပါ...နောက်တစ်ခါဆိုမင်းကိုဘဲလာမေးတော့မယ်နော်။


ဂျောင်းဂုသွေးစတချို့ထွက်နေသော
ဂျီမင်းရဲ့ခြေထောက်ဖွေးဖွေးလေးအားဂရုတစိုက်ထိန်းကိုင်လိုက်ရင်းမှ


Jungkook - အရမ်းနာသွားလားဟင်~နီရဲနေတာဘဲ။
လာထ~ငါဆေးထည့်ပေးမယ်။


Jimin - အာ့။


ဂျီမင်းလည်းအစွမ်းကုန်အားယူပြီးထလိုက်သော်လည်းအချည်းနှီးသာဖြစ်သွားရကာ
နောက်သို့ပြန်လဲကျလေသည်။
သို့သော်ခါးပေါ်တွင်ဘယ်ထဲကနေရာယူထားမှန်းမသိသောတင်းကျပ်ကျပ်လက်တစ်စုံ။


Jungkook - ငြိမ်ငြိမ်နေ။


အမိန့်ပေးသံတွေပါဝင်သော
စကားတစ်ခွန်းအပြီးတွင်ဂျီမင်းကိုယ်လေးအားဂျောင်းဂုပွေ့ချီသွားလေသည်။


ခြေထောက်နာနေလို့
ကျောင်းအပြန်သေချာပေါက်လာကြိုပါလို့
မှာလိုက်သောကောင်လေးရဲ့စကားကိုတော့
ဂျောင်းဂုတစ်ယောက်မှတ်မိနိုင်ဦးပါ့မလား...??


ပထမဦးဆုံးအကြိမ်အဖြစ်ဒုတိယဖြစ်ခြင်း။


____________________________________


Update ပေးလိုက်ပါပြီ။
ဖတ်ပေးမယ်လို့ပြောထားတဲ့သူတွေကို
တယောက်ချင်းဆီမှတ်ထားတယ်နော်။
တဂယ်မဖတ်ပေးရင်အိမ်တိုင်ရာရောက်
အာဘွားလာပေးမှာ။
ဒီကစိတ်ကြီးတယ်...ဟွန့်။


Zawgyi



ပထမဦးဆုံးအႀကိမ္အျဖစ္
ဒုတိယျဖစ္ျခင္း။


___________________________________


မနက္ခင္းအခ်ိန္အခါရဲ႕ေရာင္ျခည္ေႏြးေႏြးဟာျပတင္းေပါက္တံခါးကိုျဖတ္၍
တင္းတင္းက်ပ္က်ပ္ဖတ္အိပ္ေနရွာေသာ
ေကာင္ေလးႏွစ္ဦးထံတြင္အဆုံးသတ္သည္။


႐ုတ္တရက္ႀကိမ္းစပ္လာေသာစူးရွရွခံစားမႈေၾကာင့္ေဆာ့ဂ်င္မ်က္လုံးမ်ားကိုအားယူဖြင့္ၾကည့္လိုက္သည္။
ေႏြးေထြးတဲ့ရင္ခြင္တစ္စုံကို
ပထမဦးစြာျမင္ေတြ႕လိုက္ရေတာ့ႏႈတ္ခမ္းပါးတို႔ေကြးၫႊတ္ကုန္သည္။
ထို႔ေနာက္သြားေသးေသးေလးေတြရဲ႕ပစ္မွတ္က
ထိုရင္ခြင္က်ယ္ႀကီးဆီသို႔ခ်ိန္႐ြယ္ကာ
အားမသုံးဘဲဖြဖြကိုက္ဆြဲလိုက္သည္။


" အာ့ "
ဆိုတဲ့ညဥ္းသံေလးထြက္ေပၚလာေတာ့ေဆာ့ဂ်င္တစ္ေယာက္ႀကိတ္ရီသည္။
ဒီလူသားသည္သူ႕ကို႐ူးေအာင္ျပဳစားနိုင္သည္။


ရင္ခြင္တစ္စုံမွထြက္ကာျမတ္နိုးရတဲ့မ်က္ႏွာေလးအားေမာ့ၾကည့္မိေတာ့
မေန႕ညကပြဲၾကမ္းထားတာသူမဟုတ္သလို
ျဖဴစင္စြာအိပ္စက္အနားယူေနသည္။
အစ္ကိုကလက္သည္းဖြက္ထားတတ္တဲ့ေၾကာင္ဆိုးေလးဘဲ။


အၿမဲတမ္းဖူးေျမာ္ၾကည့္ခ်င္ေနမိေသာမ်က္ႏွာအစိတ္အပိုင္းေလးမ်ားအားေဆာ့ဂ်င္သူ႕လက္ေကာက္ေကာက္ေလးျဖင့္ထိေတြ႕
ၾကည့္မိသည္။
လွသည္~အစ္ကို႔ရဲ႕မ်က္ဝန္းနက္နက္ေတြထဲသူအႀကိမ္ႀကိမ္က်ရႈံးဖူးပါေသာ္ျငားလည္း...
မ်က္ဝန္းအစုံကိုပိတ္ထားခ်ိန္တြင္ေတာင္စြဲမက္စရာေကာင္းလြန္းေနတာကက်မတရား
ဖူးေလ။


ၿပီးေတာ့အနဲငယ္ပြေနသေယာင္ရွိေသာ
ႏွာေခါင္းလုံးလုံးေလး...သူ႕အသည္းေတြကလီစာေတြကိုေျပာင္းျပန္ျဖစ္သြားေအာင္လုပ္နိုင္ေသာေနရာေလးပါဘဲ။


နီေဆြးေဆြးႏႈတ္ခမ္းပါးတစ္စုံကရစ္မူးမႈမ်ိဳးစုံကိုေပးစြမ္းနိုင္သည္။
ႏွစ္ကိုယ္တူသြားေလ့ရွိေသာအခ်စ္ခရီးစဥ္ကိုထိုႏႈတ္ခမ္းပါးေလးမွထြက္ေသာအနမ္းတစ္ခုကေဆာင္က်ဥ္းနိုင္စြမ္းရွိသည္။


အကို႔ရဲ႕ေခ်ာေမာခန့္ညားေသာမ်က္ႏွာသည္..
ႏႈတ္ခမ္းပါးေအာက္ကမွည့္နက္ေလးတြင္ၿပီးျပည့္စုံစြာအဆုံးသတ္သည္။


ထို႔ေနာက္ညင္သာစြာ
မ်က္ႏွာတစ္ခုလုံးအားသူနမ္းရွိုက္သည္။
အကို႔ဆီကအနမ္းကိုအၿမဲခံယူေနၾကဆိုေပမဲ့
အခုလိုအကိုမသိတုန္းအလစ္တြင္ခိုးစားရတာ
သိပ္အရသာရွိသည္။
ထို႔ေၾကာင့္သူနမ္းသည္။


မနက္ခင္းတစ္ခုကိုအကို႔နဲ႕လုံေလာက္စြာအစျပဳၿပီးမွ
သူအိပ္ယာေပၚကထရန္ျပင္လိုက္သည္။


" အာ့ "


ဒီတစ္ခါေအာ္ရသူကေဆာ့ဂ်င္ပင္။
ေအာက္ပိုင္းတစ္ေနရာရာက ကြဲရွေနသလိုခံစားခ်က္ေၾကာင့္
ထဖို႔ကိုအနိုင္နိုင္ႀကိဳးစားေနရသည္။


ကုတင္ေပၚမွဆင္းဆင္းခ်င္းအကို႔မ်က္ႏွာအားတစ္ေခါက္လည္ျပန္ၾကည့္လိုက္ရင္း


^^ဒီလူႀကီးေတာ္ေတာ္အတြင္းအားမ်ားပါလား^^


ေရခ်ိဳးသန့္စင္ျခင္းဆီသို႔......


____________________________________


ေက်ာင္းသြားဖို႔သူအဆင္သင့္ျပင္ၿပီးသည္ထိ
အစ္ကိုဟာကုတင္ေပၚတြင္ဟိုဘက္လွိမ့္လိုက္ဒီဘက္တိုးလိုက္ႏွင့္အိပ္လို႔ေကာင္းေနတုန္းရယ္ပါ။
မသိရင္မေန႕ညကသူဟိုဟာလုပ္ခံရတာက်ေနေရာဘဲ....အိပ္ပုတ္ေနလိုက္တာ။
တျခားဖက္ကေတြးမိေတာ့လည္း
အကိုလူးလွိမ့္ေနပုံေလးကခ်စ္စရာအတိ
ဆံပင္မ်ားဟာပြရႈပ္ၿပီးစုပုံေနသည္။


အိပ္ယာထဲတြင္ေစာင္ေတြနဲ႕လုံးေထြးေနေသာ
အကိုဆီသို႔သူတိုးကပ္သြားကာရင္ခြင္ထဲပစ္ဝင္သြားရင္း^^


Jin - အစၠို...မထေသးဘူးလားေရာ...က်ေနာ္ေတာင္ေက်ာင္းသြားဖို႔အဆင္သင့္
ျဖစ္ေနၿပီ။


ဘယ္ေလာက္ေခၚေခၚတအင္းအင္းသာ
ျပန္ေျဖေနေသာအကိုႀကီးပါေလ။


Jin - အစၠို...ေထတာ့ၾကာ...႐ုံးေနာက္က်ေနလိမ့္မယ္လို႔...!!


Jungkook- ငါးမိနစ္...ငါးမိနစ္ဘဲေကာင္ေလးရာေနာ္။


မ်က္လုံးႀကီးကမပြင့္ေပမဲ့ႏႈတ္ခမ္းႀကီးဆူၿပီးေျပာလာတာကငါးမိနစ္တဲ့ေလ။
အကိုဟာတဂယ့္ခေလးဆိုးေလးပါ။
အသဲထဲကေနကလိကလိျဖစ္လာေသာခံစားခ်က္ေၾကာင့္
ေဂ်ာင္းဂုရဲ႕ပါးတစ္ဖက္အားသူကိုက္ခ်ပစ္လိုက္သည္။


Jungkook - အာ့~ေကာင္ေလးကေခြးေပါက္ေလးလား...ဟန္...သူမ်ားကိုလိုက္ကိုက္ေနတယ္။


Jin - ေအာင္မယ္~သူ႕ညစ္ေပတူးအဆီျပန္ေနတဲ့မ်က္ႏွာႀကီးကိုဒီကအေခ်ာေလးကခ်စ္ေပးေနတာကိုေက်းဇူးတင္သင့္တာပါေနာ္။


Jungkook - အၿမဲတမ္းကိုစြာေနေတာ့တာဘဲလား...ေမာင္စြာစိေလးရဲ႕။


ေဆာ့ဂ်င္သူကိုက္ထားေသာေဂ်ာင္းဂုပါးေပၚမွအရာေလးအားလက္ေလးျဖင့္ပြတ္သပ္ေပးရင္း


Jin - ပါးမို႔မို႔ေဖာင္းေဖာင္းေလးနဲ႕အစ္ကိုဟာလည္းက်ေနာ့္ရဲ႕ " အယ္စတုံေလး " !!


Jungkook - အယၥတုံ?


Jin - ဟုတ္တယ္။
အစၠိုက က်ေနာ့္ရဲ႕ " အယ္စတုံေလး "


ေဆာ့ဂ်င္ေခၚလိုက္ေသာနာမ္စားေလး
ေၾကာင့္ေဂ်ာင္းဂုၿပဳံးလိုက္မိသည္။
ဒီေကာင္ေလးဟာခ်စ္ဖို႔ေကာင္းေအာင္စကားကိုေ႐ြးခ်ယ္တတ္လြန္းသည္။


Jin - ေအာက္မွာမနက္စာျပင္ထားခဲ့ေပးမယ္ေနာ္...အလုပ္မသြားခင္စားသြားလိုက္...က်ေနာ္ေက်ာင္းသြားေတာ့မယ္...!!


Jungkook - အင္း...အရသာရွိရွိစားပါ့မယ္။


Jin - ေၾသာ္...ဒါနဲ႕...ညေနက်ရင္ေသခ်ာေပါက္ေက်ာင္းလာႀကိဳရမယ္ေနာ္...အကို႔ေၾကာင့္က်ေနာ္လမ္းေလွ်ာက္ရတာအဆင္ေတြေျပမေနဘူး။


Jungkook - ဟုတ္ကဲ့ပါဗ်ာ။
ေသခ်ာေပါက္ကိုလာႀကိဳပါ့မယ္ေနာ္။


Jin - က်ေနာ္သြားၿပီ။


တစ္ဘဝလုံးစာနဲ႕ပတ္သတ္ခဲ့ ျခင္းဘဲ ျဖစ္ျဖစ္
အေသးအဖြဲေလးကအစ
ေပးခဲ့ေသာကတိကဝတ္ေတြကို
တည္ျခင္း ၊ မတည္ျခင္းဆိုတာ
လူတစ္ေယာက္ကလူတစ္ေယာက္အေပၚ
ထားေသာတန္ဖိုးထားျမတ္နိုးျခင္းေတြနဲ႕အင္မတန္မွသက္ဆိုင္လြန္းသည္။


ဆင္ျခင္ေတြဆိုတာ...ပ်က္ျပယ္သြားေသာ
ကတိေတြကိုအေပၚယံမွဖုံးလႊမ္းပစ္လိုက္ေသာ...ပဝါစေလးပင္။


___________________________________


" CEO Jeon "


ရင္းႏွီးဖူးသားေခၚသံျဖစ္ေနေပမဲ့လို႔ေဂ်ာင္းဂုေနာက္ကိုလွည့္မၾကည့္ရဲခဲ့ပါ။
သူေကာင္းေကာင္းႀကီးသိပါသည္။
သူတစ္ခ်က္လွည့္ၾကည့္လိုက္မိတာနဲ႕
မ်က္လုံးတို႔ကထိုတစ္စုံတစ္ေယာက္ဆီကခြာနိုင္ေတာ့မွာမဟုတ္ေၾကာင္း။


Jimin - ပထမဦးဆုံးအလုပ္တက္တဲ့ေန႕ပါ CEO ~လိုအပ္တာေတြရွိရင္ျပင္ဆင္ေပးပါ။
သြန္သင္ေပးပါ။
ၿပီးေတာ့~က်ေနာ့္ကိုလွည့္ၾကည့္ေပးပါ။


Jungkook - မင္းဘာရည္႐ြယ္ခ်က္နဲ႕ငါ့ေဘးနားထပ္ေရာက္လာခဲ့မွန္းမသိေပမဲ့...ငါကေကာင္ေလး~~


Jimin - CEO Jeon သိလား...လူတစ္ေယာက္ရဲ႕ႏွလုံးသားတံခါးျမစ္ဖ်ားခံတဲ့ေနရာကထိုသူရဲ႕မ်က္ဝန္းတဲ့....ပါးစပ္ကဘယ္ေလာက္ထိတျခားတေယာက္ကိုခ်စ္ေၾကာင္းဆိုေနနိုင္ ၊လိမ္နိုင္ေပမဲ့....CEO ရဲ႕မ်က္ဝန္းအိမ္ထဲဝမ္းနည္းမႈေတြဘာလို႔ကိန္းေအာင္းေနရတာလဲ...??


Jungkook ရဲ႕စကားမဆုံးခင္ Jimin မွျဖတ္ေျပာလိုက္သည္။
က်ေနာ္တို႔ဖဲခ်ပ္ေလးေတြေဆာ့တဲ့အခါ
အနိုင္ရရွိဖို႔ရန္အတြက္မလိုအပ္တဲ့ကဒ္ေတြကိုပစ္ထုတ္ရတာနိယာမတစ္မ်ိဳးဘဲေလ။
က်ေနာ္လည္းခ်စ္တယ္။
Kook လည္းခ်စ္ေနတုန္းဘဲ။
အနိုင္ရရွိဖို႔ရန္အတြက္ၿပီးျပည့္စုံတဲ့
အခ်စ္တစ္ခုျဖစ္ေနၿပီေလ။
အခုပိုေနတဲ့ပစ္ဖဲကတစ္ခုထဲ.."ဂင္ေဆာ့ဂ်င္"
သူ႕ကိုသာ kook ဘဝထဲကခြဲထုတ္နိုင္လွ်င္
......Game Over !!!


Jimin - အင္းပါ...CEO ေျပာတာအားလုံးမွန္ပါတယ္...က်ေနာ္တို႔အခ်ိန္အၾကာႀကီးထိအလုပ္အတူတြဲလုပ္နိုင္ဖို႔သာေမွ်ာ္လင့္မိတယ္။


Jungkook - မင္းသာအလုပ္တြဲလုပ္ဖို႔ကိုဘဲအာ႐ုံစိုက္ထားရင္ေပါ့!!!


တခ်ိဳ႕စည္းေတြကသိပ္ပါးလြန္းတဲ့အခါ ၊
နံရံေတြကထင္ထားတာထက္မထူထပ္တဲ့အခါ.....ပိတ္ပင္ထားသင့္တဲ့သူတစ္ေယာက္အားဝင္လာေစမိတဲ့အခါ...ပိုင္ဆိုင္ထားတဲ့တစ္စုံတစ္ေယာက္အားလက္လႊတ္ေပးလိုက္ၾကရတယ္။


____________________________________


" အရင္လကထုတ္ထားတဲ့ product ရဲ႕ နမူနာေတြကိုဘယ္မွာထားတာလဲဗ် "


အခုမွအလုပ္စဝင္ေသာသူ႕အတြက္အရာရာကအသစ္အဆန္းျဖစ္ေနေခ်သည္။
ဒါေၾကာင့္ဘြဲ႕လြန္ေတြဘယ္ႏွစ္ခုယူထားယူထား...လုပ္သက္အေတြ႕အႀကဳံကိုသာဦးစားေပးေသာအလုပ္ေၾကာ္ညာစာေတြျပည့္ေနတာကိုး!!!!


Staff - စတိုခန္းမွာအားလုံးသိမ္းထားတာ ၊
ဘယ္ဘက္ကိုေကြ႕လိုက္ေထာင့္စြန္းခန္းက
စတိုခန္းဘဲ။


Jimin - ေၾသာ္...ဟုတ္...ေက်းဇူးပါေနာ္။


Staff - မလိုပါဘူးဗ္~ဒါနဲ႕သတိေတာ့ထားေနာ္။
အဲ့အခန္းကပစ္စည္းေတြကနည္းနည္းယိုယြင္းေနၿပီ။
စာရင္းဇယားအေဟာင္းေတြမလိုတဲ့ပစ္စည္းေတြဘဲထားတဲ့အခန္းမို႔! !


ဂ်ီမင္းေခါင္းသာၿငိမ့္ၿပီးစတိုခန္းဘက္ထြက္လာခဲ့သည္။
ပစ္စည္းေဟာင္းေတြဆိုတာသူ႕အတြက္အထူးအဆန္းမဟုတ္ေတာ့ပါ။
လက္ရွိသူေတာင္ေဆြးေျမ့ေနခဲ့ၿပီျဖစ္ေသာ
ဆက္ဆံေရးတစ္ခုကိုဆက္ႏြယ္ဖို႔ႀကိဳးစားေနသူမလား...??
အိုေဟာင္းေန႐ုံဘဲလားဆိုေတာ့လည္းမဟုတ္ျပန္ဘူး။
သူတို႔ရဲ႕ေႏွာင္ႀကိဳးေတြဟာအပိုင္းပိုင္းကိုျပတ္ထြက္ေနခဲ့ၿပီးေခ်ၿပီ။


____________________________________


စတိုခန္းဆိုတဲ့အတိုင္းဝင္လာခထဲကဖုန္နံ႕သင္းသင္းေလးကဆီးႀကိဳေနေခ်သည္။
စာရင္းစာ႐ြက္ေတြ ၊ ကုန္ပစ္စည္းစမ္းသပ္ခ်က္ေတြစီရီတင္ထားေသာ
ယိုင္နဲ႕နဲ႕ဗီရိုေဟာင္းမ်ားသူေတြ႕သည္။


အခန္းတစ္ခုလုံးအားေဝ့ဝိုက္ၾကည့္မိၿပီးေနာက္..သူလုပ္ရမဲ့ရွာေဖြရမဲ့ခရီးကိုဆက္သည္။


Jimin - ၿပီးခဲ့တဲ့လက test ေတြဘယ္မွာလဲ...ဘယ္နားမွာပါလိမ့္...မ်ားျပားလြန္းေသာဖိုင္ေတြၾကားထဲသူ႕ေခါင္းေလးကိုတိုးဝင္ရင္းရွာသည္။
ဟူး....ေခြၽးစေတာ္ေတာ္မ်ားမ်ား႐ႊဲေနသည္အထိမေတြ႕။


Jimin - အရင္လကဟာေလးတင္ကိုဘာလို႔အဲ့ေလာက္ရွာရခက္တာပါလိမ့္....ဘယၷားမြာမ္ား.....အား....ေအမ့.....


"....ဒုန္း...အာ့....."


"Ji Ji "


စိုးရိမ္တႀကီးနဲ႕အခန္းထဲဝင္လာတဲ့ေဂ်ာင္းဂု။


Jimin - kookah ပိုးဟပ္ႀကီး...ဟင့္...အား....ငါ့ေျခေထာက္နာတယ္။


လိုအပ္တဲ့မွတ္တမ္းမ်ားကိုေခါင္းငိုက္စိုက္ခ်ၿပီးရွာေသာ္လည္းထြက္ရွိလာခဲ့သည္က
အလြန္တကာမွမုန္းတီးခဲ့ရပါေသာပိုးဟပ္..
ပိုးဟပ္ကိုေရွာင္ရင္းတိမ္းရင္းနဲ႕ယိုင္နဲ႕နဲ႕ဗီရိုမ်ားအားဝင္တိုက္မိေသာ္....သူ႕ကိုယ္ေပၚသို႔ျပဳတ္က်လာေသာဗီရိုေပၚရွိပစ္စည္းတခ်ိဳ႕ႏွင့္
ႀကိဳးပဲ့လြင့္စင္လာေသာသစ္သားအပိုင္းအစမ်ား...!!


ေဂ်ာင္းဂုမနက္ကမွသူ႕ကိုငိုသံေလးမ်ားျဖင့္လာေရာက္ႏႈတ္ဆက္သြားေသာငယ္ခ်စ္ဦးအားေနာက္တေခါက္မ်ားသူ႕႐ုံးခန္းတြင္းသို႔ဝင္လာမလားဟုေခါင္းေလးတစ္ေထာင္ေထာင္ျဖင့္ေမွ်ာ္ေနမိေသာ္လည္း....ေပၚမလာခဲ့....႐ုတ္တရက္သူ႕မ်က္ႏွာေလးအားခိုးေငးခ်င္မိတာေၾကာင့္
ထိုသူရွိမည္ဟုထင္သည့္စားပြဲေလးနားအေရာက္သြားခဲ့ေသာ္လည္း
ေနရာမွာရွိမေနခဲ့။
ေနာက္ဆုံးလက္ေလွ်ာ့ကာမိမိ႐ုံးခန္းထဲသို႔သြားရန္ေျခလွမ္းျပင္ၿပီးမွစတိုခန္းဘက္မွအသံၾကားတာေၾကာင့္......


Jimin - ပိုးဟပ္ႀကီးငါ့အေပၚတပ္လာေတာ့မလို႔ kookah! !


ထိုလူသားဟာအရင္တိုင္းမေျပာင္းလဲ
ေျခေထာက္မွာဒဏ္ရာအနာတရျဖစ္ထားတာေတာင္မရွိေတာ့တဲ့အေကာင္ကိုေၾကာက္ေနတုန္း


Jungkook - ဒီအခန္းထဲကိုတစ္ေယာက္ထဲဘာလာလုပ္တာလည္း


Jimin - ငါအလုပ္အေၾကာင္းသိခ်င္တာေလးေတြရွိလို႔....ၿပီးေတာ့ဘယ္သူ႕ကိုေမးရမလဲလည္းမသိတာေၾကာင့္


Jungkook - ငါ့ကိုေမး


Jimin - ဟန္...??


Jungkook - အလုပ္အေၾကာင္းေမးမယ္ဆိုငါ့ကိုေမးလို႔....မင္းဒီလိုေလွ်ာက္လုပ္ေနတာပိုအလုပ္ရႈပ္တယ္။


Jimin - အင္းပါ...ေနာက္တစ္ခါဆိုမင္းကိုဘဲလာေမးေတာ့မယ္ေနာ္။


ေဂ်ာင္းဂုေသြးစတခ်ိဳ႕ထြက္ေနေသာ
ဂ်ီမင္းရဲ႕ေျခေထာက္ေဖြးေဖြးေလးအားဂ႐ုတစိုက္ထိန္းကိုင္လိုက္ရင္းမွ


Jungkook - အရမ္းနာသြားလားဟင္~နီရဲေနတာဘဲ။
လာထ~ငါေဆးထည့္ေပးမယ္။


Jimin - အာ့။


ဂ်ီမင္းလည္းအစြမ္းကုန္အားယူၿပီးထလိုက္ေသာ္လည္းအခ်ည္းႏွီးသာျဖစ္သြားရကာ
ေနာက္သို႔ျပန္လဲက်ေလသည္။
သို႔ေသာ္ခါးေပၚတြင္ဘယ္ထဲကေနရာယူထားမွန္းမသိေသာတင္းက်ပ္က်ပ္လက္တစ္စုံ။


Jungkook - ၿငိမ္ၿငိမ္ေန။


အမိန့္ေပးသံေတြပါဝင္ေသာ
စကားတစ္ခြန္းအၿပီးတြင္ဂ်ီမင္းကိုယ္ေလးအားေဂ်ာင္းဂုေပြ႕ခ်ီသြားေလသည္။


ေျခေထာက္နာေနလို႔
ေက်ာင္းအျပန္ေသခ်ာေပါက္လာႀကိဳပါလို႔
မွာလိုက္ေသာေကာင္ေလးရဲ႕စကားကိုေတာ့
ေဂ်ာင္းဂုတစ္ေယာက္မွတ္မိနိုင္ဦးပါ့မလား...??


ပထမဦးဆုံးအႀကိမ္အျဖစ္ဒုတိယျဖစ္ျခင္း။


____________________________________


Update ေပးလိုက္ပါၿပီ။
ဖတ္ေပးမယ္လို႔ေျပာထားတဲ့သူေတြကို
တေယာက္ခ်င္းဆီမွတ္ထားတယ္ေနာ္။
တဂယ္မဖတ္ေပးရင္အိမ္တိုင္ရာေရာက္
အာဘြားလာေပးမွာ။
ဒီကစိတ္ႀကီးတယ္...ဟြန့္။



Comment