Loser ( 28 )
Jimin 'pov
In Another life, I would be your boy
We keep all our promises,
BE Us against the World...!
နောက်ဘဝများကြရင်တော့... ငါမင်းရဲ့ကောင်လေးဖြစ်ပေးပါ့မယ်..!
တစ်လောကလုံးကိုဆန့်ကျင်ပြီး ငါတို့ရဲ့ကတိတွေကိုစောင့်ထိန်းကြမယ်... :
In Another Life, I would make you stay,
So I don't have to say you were
The one that got away... !!!
နောက်ဘဝများကြရင်တော့,
ငါမင်းကိုငါ့ဘေးမှာနေအောင်လုပ်ပါ့မယ်..
ဒါဆိုမင်းကိုအဝေးကိုထွက်ပြေးသွားတဲ့သူလို့ငါပြောစရာမလိုတော့ဘူး:
I Should' a told you what you meant to me,
Cause now I pay the price..
မင်းကငါ့အတွက်အရေးပါတယ်ဆိုတာပြောခဲ့သင့်တာ..အခုတော့ငါပေးဆပ်နေရပြီ...
_____________________________________
Min - CEO Jeon Shi အခု ရှယ်ယာစျေးတွေအရမ်းကိုမငြိမ်မသက်ဖြစ်နေပါတယ်... Min တို့ ဘာဆက်လုပ်သင့်လည်း?
ရုတ်တရက်ကြီး Rainbow Companyနဲ့ လက်တွဲဖြုတ်လိုက်တော့ ရှယ်ယာရှင်တွေလည်း တီးတိုးပြောနေကျပြီ!
Jungkook - ဘာမှလုပ်စရာမလိုဘူး!
ရှယ်ယာရှင်တွေကိုသာ ဖုန်းသေချာလေးဆက်လိုက် လာမဲ့အပတ် product အသစ်မိတ်ဆက်ပွဲကျရင် ရှယ်ယာစျေးတွေပြန်တက်လာလိမ့်မယ်လို့..စိတ်အေးအေးထားကြဖို​့! !!
Jungkook မင်းဘာတွေလုပ်နေတာလည်း?
နောက်ကကြားလိုက်ရတဲ့စူးစူးရဲရဲအသံ
ကြောင့်
ဂျောင်းဂုရောအတွင်းရေးမှူးမင်ပါ ပြိုင်တူ
လှည့်ကြည့်ကျသည်..။
Jungkook - စကားကိုဆင်ဆင်ခြင်ခြင်ပြော​ပါ Park Jimin ငါမင်းရဲ့သူငယ်ချင်းမဟုတ်တော့ဘူး: ငါကအခု CEO တစ်ယောက်:
နားထဲကိုမချိုမမြိန်ဝင်ရောက်လာတဲ့
ကြမ်းရှရှစကားလုံးတွေကြောင့် ဂျီမင်းရဲ့ မျက်နှာလေး ညှိုးငယ်သွားသည် ၊ ပြောလက်စ,စကားတို့ပျောက်ရှကုန်သည် ။
Jungkook - အခုမင်းလည်းသိပြီးလောက်မှာပါ...ငါနဲ့ မင်းတို့ရဲ့ Company နဲ့ လက်တွဲဖြုတ်လိုက်ပြီ..မင်းအခုမင်းလာရာလမ်းဆီပြန်လို့ရပြီ..။.
အလုပ်လုပ်လာတာသက်တမ်းကြာရင့်လာသောသူပီပီ အတွင်းရေးမှူးမင်သည် ဂျောင်းဂုရုံးခန်းအတွင်းမှတိတ်တဆိတ်ထွက်သွားသည်..။
Jimin - ဂျောင်းဂု ~ မင်းဟိုတစ်နေ့ကဖုန်းထဲမှာပြောတဲ့ကိစ္စကိုငါကောင်းကောင်းကြီးနားလည်တယ် ၊ မင်းငါ့ကိုအရင်လိုမချစ်နိုင်တော့ဘူးဆိုတာငါသိပေမဲ့ ဒီတိုင်းမင်းဘေးနားမှာတိတ်တိတ်လေးနေခွင့်တောင်ပေးလို့မရဘူးလား?
Jungkook - မရဘူး !°°
လူတစ်ယောက်ကသူ့ဘေးနားမှာ သူချစ်ရတဲ့သူတစ်ယောက်ကိုဘဲနေရာပေးသင့်တယ် ။
လုပ်ဖော်ကိုင်ဖက်တစ်ယောက်လို့မင်းပြောဦးမယ်ဆိုတာငါသိတယ်..မင်းငါ့အပေါ်မှာခံစားချက်တွေရှိနေသေးသ၍ မင်းကို အဲ့လိုအခွင့်အရေးမျိုးငါထပ်ပေးတော့မှာမဟုတ်ဘူး.. !
Jimin - ငါ့ခံစားချက်တွေကိုငါတားဆီးနိုင်ပါတယ် Kook ရယ် ၊ ဒီတိုင်းမင်းရဲ့လုပ်ငန်းခွင်ကို ကူညီနေသူတစ်ယောက်အဖြစ်ဘဲငါ့ကိုသဘောထားပါ..ငါလည်းမင်းကိုငါ့ရဲ့သူဋ္ဌေးတစ်ယောက်အဖြစ်ဘဲသဘောထားပါ့မယ်နော် ~
Jungkook - မင်းငါ့ကို Kook လို့ခေါ်နေသ၍ သူဋ္ဌေးတစ်ယောက်လိုသဘောမထားနိုင်တာအသိသာကြီးပါ..အဲ့ဒါကြောင့်ထပ်ပြီးတွယ်ကပ်မနေဘဲ...အေးအေးဆေးဆေးထွက်သွားပေးရင်ငါကကျေးဇူးတင်မိနေမှာပါ °°
Jimin - ဘာလို့ငါ့ကိုဘဲနှင်ထုတ်ရတာလည်း Kook ရယ် ၊ ငါဘာမှားသွားလို့လည်း..မင်းကိုချစ်လို့ကပ်တွယ်ချင်နေမိတာအမှားလား?
Jungkook - မင်းဘာမှားခဲ့လည်းဆိုတာပြောပြမှာမလို ့သေချာမှတ်ထားလိုက်ပါ
Park Jimin :
လွန်ခဲ့တဲ့နှစ်နှစ်ကိုပြန်သွားရအောင် ~
တစ်အချက် - မင်းထွက်သွားမယ်လို့ဆုံးဖြတ်ခဲ့တုန်းကငါ့ကိုတိုင်ပင်ခဲ့ဘူးလား?
ဟင့်အင်း ~ မင်းမလုပ်ခဲ့ဘူး
မင်းငါ့ဘက်ကိုငဲ့မကြည့်ခဲ့ဘဲ မင်းအတွက်ဘဲ မင်းကြည့်ခဲ့တာ
မင်းပြောဖူးတာဘာတဲ့
ငါနဲ့အတူနေနိုင်ဖို့အတွက် ငါ့အမေပြောတဲ့အတိုင်း နိုင်ငံရပ်ခြားမှာပညာသွားသင်ခဲ့တာ ဟုတ်လား?
Jimin - အင်းလေ..ငါ့မှာမင်းနဲ့အတူရှိချင်လွန်းလို့တခြားမြေအထိသွားပြီကြိုးစားခဲ့တာ
ဂျီမင်းရဲ့အဖြေအားဂျောင်းဂုခေါင်းလေးခါရင်း ၊ သက်ပြင်းတစ်ချက်ချကာ ပြန်ချေပသည် ။
Jungkook - တဂယ်တော့မင်းကငါနဲ့အတူနေချင်ရုံသပ်သပ်သွားခဲ့တာမဟုတ်ဘူး ၊
မင်းလည်းဂင်ထယ်ယောင်းလိုဘဲ
ငါနဲ့ယှဥ်ပြီးရပ်တဲ့အခါ မင်းကိုယ်မင်းအားငယ်ပြီးသိမ်ငယ်စိတ်တွေဝင်လို့  ၊ ကျောင်းကလူတစ်ချို့က မင်းကိုငါနဲ့မတန်ဘူးလို့ဆိုတဲ့ဝေဖန်သံတွေကို မကြားချင်လို့
ငါ့အမေရဲ့ကမ်းလှမ်းချက်ကိုအခွင့်အရေးတစ်ခုလိုသဘောထားခဲ့ရုံဘဲ ၊ မင်းကငါ့ထက်မနှိမ့်ကျဘူးဆိုတာသက်သေပြချင်ရုံဘဲ °°
Jimin - ဂျောင်းဂုမင်းထင်သလိုမဟုတ်ဘူး!
ငါရှင်းပြ~~
ဂျီမင်း စကားကိုဂျောင်းဂုလက်ကာပြရင်း
Jungkook - ငါအရင်ပြီးအောင်ပြောပါရစေ...ဆုံးအောင်နားထောင်ပေး....နှစ်အချက် - မင်းထွက်သွားတုန်းကငါ့ကိုစောင့်နေပေးပါလို့ပြောခဲ့ဖူးလား?
မင်းပြန်လာတဲ့အချိန်ထိစောင့်နေပေးပါလို့တောင်းဆိုဘူးလား?
မင်းမလုပ်ခဲ့ပြန်ဘူး'°°
အဲ့အတွက်မင်းမှာငါ့ကိုသစ္စာမဲ့တယ်လို့ဆိုပိုင်ခွင့်မရှိဘူး °°
သုံးအချက် - ငါတစ်ခြားတစ်ယောက်ကိုရွေးချယ်သွားပြီးမှ မင်းမှာပြန်လာခွင့်မရှိတော့ဘူး ၊ ဘာတောင်းဆိုပိုင်ခွင့်မှမရှိတော့ဘူး ။
အားလုံးကိုခြုံငုံပြီးပြန်သုံးသပ်လိုက်ရင် မင်းကအပြစ်မရှိတဲ့သူကြီးသပ်သပ်ဘဲမဟုတ်ဘူး...!!!
Jimin - မင်းပြောတာအားလုံးမှန်ခဲ့မယ်ဆိုရင်တောင်ငါလုပ်ခဲ့မိတဲ့အပြစ်ကအဲ့လောက်ကြီးသွားလား?
ပြန်လာပါ့မယ်လို့မပြောခဲ့ရုံနဲ့လေ:
Jungkook - ပြောသင့်တဲ့စကားကိုသူနဲ့သင့်တော်တဲ့အချိန်မှာမပြောရင် ပြန်ပြင်လို့မရတဲ့နောင်တတွေရလာတတ်တယ်တဲ့
ငါအခုလိုခံစားနေရသလိုမျိုးလေ
တိုးတိတ်စွာနဲ့ဝင်ရောက်လာတဲ့ကောင်လေးအပေါ်ထားတဲ့ငါ့အချစ်တွေကိုသတိထားမိချိန်မှာ ကောင်လေးက,ကျယ်လောင်စွာနဲ့ပြောခဲ့တယ်
ငါ့နံဘေးမှာမနေချင်တော့ဘူးတဲ့ ။
Jimin - Jungkook မင်းကအရူးဘဲ ၊ မင်းနဲ့အတူမနေချင်တဲ့သူကိုကျဆွဲထားပြီး ငါ့ကိုကျအကြောင်းအရင်းမျိုးစုံနဲ့နှင်ထုတ်တယ် မင်းမတရားဘူး ဂျောင်းဂု ။
Jungkook - Park Jimin မင်းထပ်မှားပြန်ပြီ
ကောင်လေးကငါ့ဘေးမှာသိပ်နေချင်ခဲ့ဖူးတာပေါ့ကွာ ~ ကောင်လေးကလေ ငါ့ကိုသိပ်တွယ်တာရှာတာ ၊ မိုးတွေသည်းနေတဲ့ညက သူ့ကိုပစ်ထားခဲ့ပြီးမင်းဆီလာခဲ့မိတဲ့ညတုန်းက မသွားပါနဲ့လားအကိုရယ်တဲ့ ကျနော်သိပ်ကြောက်လို့ပါတဲ့ ငါကအဲ့လိုကလေးရဲ့လက်ကို ရက်ရက်စက်စက်လွှတ်ချမိတာ!
အဲ့တာကြောင့်အခုပြန်ပေးဆပ်တော့မလို့ ၊ ကောင်လေးဘေးမှာ ကပ်ပါးကောင်လို တွယ်ကပ်ပြီး သူ့အရိပ်ကလေးအဖြစ်ရှင်သန်သွားတော့မှာ ။
Jimin - ငါလည်းမင်းကိုသိပ်ချစ်ခဲ့တာပါ Kook ရာ ၊ ဘဝတစ်ခုလုံးစာရဲ့အချိန်တွေကိုမင်းအတွက်ဘဲ အသုံးချခဲ့တာ
ဒါပေမဲ့လည်းမင်းကငါ့ကိုအတိတ်မှာချန်ခဲ့တယ်~~~
___________________________________
ချစ်ရသူတည်ရှိနေတဲ့ရုံးခန်းလေးကို
နောက်ဆုံးတစ်ကြိမ်အဖြစ်ငေးကြည့်ရင်း
ကိုယ့်ပစ္စည်းလေးကိုသိမ်းကာ
ခင်မင်ရင်းနှီးခဲ့သောသူတစ်ချို့ကိုနှုတ်ဆက်လျက် လှည့်ပြန်ဖို့ရာပြင်လိုက်သည်..။
လှမ်းနေရတဲ့ခြေလှမ်းအရေအတွက်တိုင်းက
သူနဲ့အဝေးဆီကိုပြေးဖို့ဖြစ်​ကြောင်းသိနေတော့ ရင်ထဲမှာ စူးနစ်စွာ ~~~
ပူလောင်ခြင်းအပြည့်ကိုရင်ဝယ်ပိုက်ပြီး
ဂျောင်းဂုပြောခဲ့တဲ့စကားလုံးတစ်လုံးခြင်းဆီကို အပြည့်အဝပြန်တွေးကြည့်မိတော့
သူပြောတာတစ်ခုမှမှားမနေခဲ့ပါ:
သိမ်ငယ်ခဲ့ဖူးတယ် ° ဂျောင်းဂုနဲ့ယှဥ်လာတိုင်း
အရာရာနိမ့်ကျနေတယ်လို့
ထယ်ယောင်းပြောခဲ့သလိုမျိုးလူတွေကသူ့ကို Park Jimin လို့ မမြင်ကြတော့ဘဲ
Jungkook ကိုအပိုင်သိမ်းထားတဲ့သူလို့ဘဲမြင်လာကျတယ် ။
ရုန်းထွက်ချင်ခဲ့ဖူးတယ်
Jungkook နဲ့ မတန်ဘူးလို့ လက်ညှိုးထိုးပြီး
ကဲ့ရဲ့တတ်တဲ့လူနည်းစုဆီက ~~
အဲ့ဒါကြောင့် အလွယ်တကူလက်ခံခဲ့တာ
ဂျောင်းဂုအမေပေးတဲ့ကမ်းလှမ်းမှုကို ၊
ကိုယ့်ကိုကိုအထင်ကြီးခဲ့ဖူးတယ်:
ငါဘယ်အချိန်ပြန်လာပြန်လာ ဂျောင်းဂုကသေချာပေါက်ငါ့ကိုစောင့်နေလောက်မှာဆိုပြီး ၊
ဂုဏ်မယူခဲ့ဖူးဘူး
ဂျောင်းဂုလိုတော်တဲ့သူကိုချစ်သူတော်ထားရတဲ့အတွက် ၊ သူသာ,သာမန်လောက်ဆိုရင်..အရမ်းကြီးကောင်းမနေရင် ငါအားငယ်နေရမှာမဟုတ်ဘူးဆိုပြီး တစ်ခါတစ်လေအပြစ်တင်ခဲ့ဖူးတယ်
တတ်နိုင်သမျှ Support ပေးမယ်လို့ မတွေးခဲ့ဖူးဘူး
ဂျောင်းဂုဘေးနားမှာနေပြီး သူ့ကိုဘယ်လိုပါရမီဖြည့်ပေးရမလည်းမကြိုးစားခဲ့ဘူး
အမြဲတမ်းတစ်ချိန်လုံး ဂျောင်းဂုနဲ့တန်းတူညီအောင် ၊ လိုက်ဖက်အောင် ၊ ပတ်ဝန်းကျင်ကလူတွေ အမြင်မှာတင့်တယ်အောင် သူတို့လက်ခံလာအောင်ဘဲရုန်းကန်နေခဲ့တာ
ငါကဂျောင်းဂုကိုမျက်ကွယ်ပြုပြီး
တစ်ခြားသူတွေရဲ့အမြင်ကိုဘဲ ရှေ့တန်းတင်ပြီး ဦးစားပေးနေခဲ့တာ
နောက်ဆုံးတော့ ဂျောင်းဂုကိုယ်တိုင်တောင်ငါ့ကိုဘေးလူတစ်ယောက်အဖြစ်သတ်မှတ်ခဲ့ပြီ
တန်ပါတယ်..ငါ့ကိုယ်တိုင်တောင်ဘေးလူတစ်ယောက်ထက်ငါ့ချစ်သူကိုဦးစားမှမပေးခဲ့တာ...ငါဘယ်လောက်ကြိုးစားခဲ့ပါစေဒီဘဝမှာတော့ ဂျောင်းဂုနဲ့လိုက်ဖက်တဲ့သူကငါမဟုတ်နိုင်တော့ဘူး...သူကသူရဲ့စစ်မှန်တဲ့လက်တွဲဖော်ကိုအစထဲကရွေးချယ်ခဲ့ပြီးပြီဖြစ်လို့!
တဂယ်လို့မင်းတို့မှာသာချစ်ရသူရှိခဲ့မယ်ဆိုရင် မင်းရဲ့အချိန်တွေကို သူ့ကိုချစ်နေဖို့ဘဲအသုံးချပါ ၊ တစ်လောကလုံးကသူတွေထက်  သူ့ခံစားချက်ကိုဘဲအာရုံစိုက်ပါ
သူ့ရဲ့အနားမှာနေနိုင်ဖို့အတွက်ဘဲ ကြိုးစားပါ.....နည်းလမ်းမှားယွင်းစွာအချစ်ကိုဖော်ကြူးမိရင်အချစ်ကမင်းကိုထားခဲ့လိမ့်မယ်...!
____________________________________
သူ့ကိုမျှော်ကြည့်ကာအသနားခံနေသော
တစ်စုံတစ်ယောက်ကို ဂျောင်းဂုလျစ်လျူရှုလိုက်တယ်...တဂယ်လို့ကောင်လေးကိုပြန်မရနိုင်တော့ရင်တောင် Park Jimin ကို တော့မလိုချင်တော့ဘူး အစထဲကအတိတ်မှာကျန်နေခဲ့ပြီးတဲ့သူတစ်ယောက်ကိုလက်တွေ့ဘဝမှာနေရာပေးခဲ့မိလို့ ဘဝရဲ့အဖိုးတန်ဆုံးသူတစ်ယောက်ကိုဆုံးရှုံးခဲ့ပြီးပြီမို့ထပ်တူညီတဲ့အမှားတွေကိုပြန်မကျူးလွန်တော့ဘူး ....... အတွေးတို့စိုးမိုးစွာနေရာယူနေချိန်ဝင်လာတဲ့ဖုန်းစိမ်းတစ်ခု.....
Jungkook - Hello Jeon Group ရဲ့ CEO Jeon Jungkook ပြောနေပါတယ် ။
: _____________
Jungkook - ဘယ်ဆေးရုံမှာလည်း? ကျနော်အခုလာခဲ့မယ်:
.
.
.
Jungkook - Doctor ကောင်လေးကဘယ်လိုဖြစ်တာလည်း?
Doctor - လမ်းပေါ်မှာမေ့လဲနေလို့အဲ့အနီးတဝိုက်ကလူတွေကခေါ်လာခဲ့တာထင်တယ်..။
Jungkook - လမ်းပေါ်မှာမေ့လဲတယ်?
Doctor - အင်း! လူနာမှာ နှလုံးရောဂါရှိပုံရတယ် ၊ ရုတ်တရက်စိတ်ထိခိုက်စရာတစ်ခုခုကြုံလိုက်ရပုံရတယ် Shock ဖြစ်ပြီးလဲကျသွားတာ ။
အခုတော့စိတ်ချရပါပြီ မကြာခင်သတိရလာပါလိမ့်မယ် ။
Jungkook - ဟုတ် ~ ဒါဆိုကျနော်ကောင်လေးကိုဝင်ကြည့်လိုက်ဦးမယ် ။
ကုတင်ပေါ်မှာလဲလျောင်းနေသောကောင်ငယ်လေးရဲ့လက်ချောင်းများကိုဂျောင်းဂုခပ်ဖွဖွပွတ်သပ်နေမိတယ်
နှလုံးရောဂါတဲ့လားကောင်လေး
ဘာလို့ကိုယ့်ကိုမပြောခဲ့ရတာလည်း?
နေမကောင်းတဲ့မင်းကိုစကားလုံးတွေနဲ့အနိုင်ကျင့်ပြီးနှိပ်စက်တတ်တဲ့ကိုယ်ဖြစ်အောင်လို့လား?
အကို~~
နားထဲကိုတိုးတိတ်စွာဖြတ်သန်းစီးဆင်းသွားသောနာမ်စားလေးသည် " အကို " တဲ့
Jungkook - ကောင်လေးသတိရလာပြီလား?
ဗိုက်ဆာနေလားဟင်...ကိုယ်ဘာဝယ်ပေးရမလည်း?တစ်ခုခုစားလိုက်နော်:
Jin - ကျနော်ရုပ်ဆိုးတယ်မလားဒီဝတ်စုံကြီးနဲ့...ကြည့်ပါဦးပွနေလိုက်တာ...ကျနော့်ခန္ဓာကိုယ်လှလှလေးတောင်ပျောက်ကုန်ပြီ..။
အနည်းငယ်ပွနေသောဆေးရုံဝတ်စုံရဲ့လက်အနားသတ်လေးအားကိုင်ကာ
မကျေမနပ်လေသံလေးဖြင့်ဆိုလာတဲ့ကလေးငယ်
Jungkook - ဟင့်အင်း! ကောင်လေးနဲ့လိုက်တယ် ။
Jin - လူလိမ်ကြီး: ကျနော်သိတာပေါ့ အခုကျနော့်မျက်နှာက ဖြူဖပ်ဖြူလျော့နဲ့သွေးမရှိသလိိုမျိုးကြည့်ရဆိုးနေမှာ ။
Jungkook - ကိုယ့်မျက်လုံးထဲမှာတော့ ကောင်လေးကအလှဆုံးဘဲ ကြည်လဲ့နေတဲ့မျက်ဝန်းဝိုင်းလေးလည်းရှိတယ် ၊ သွယ်လျတဲ့နှာတံလေးလည်းရှိတယ် ၊ ဖူးအစ်နေတဲ့ နှုတ်ခမ်းလေးလည်းရှိတယ် ။
မျ​က်နှာအစိတ်အပိုင်းတစ်ခုချင်းဆီကိုဂျောင်းဂုထိတွေ့ရင်းဆိုတော့
မျက်လုံးလေးမှိတ်ပြီးငြိမ်ခံနေတဲ့ကောင်လေး
Jin - အကို!!! ကျနော်နေရတာမကောင်းဘူးးး
Jungkook - ဘယ်နားကဘာဖြစ်လို့လည်းကောင်လေး...ကိုယ့်ကိုပြောပါဦး..ကိုယ် Doctor ​ကို သွားခေါ်လိုက်မယ်.. :
Jin - မောတယ်...ပြီးတော့အသက်ရှူမဝဘူးးး..ကျနော့်ကိုအောက်ဆီဂျင်ပေးပါ:
Jungkook - အောက်ဆီဂျင်လား?
ကိုယ် nurse ကို သွားမေးကြည့်လိုက်မယ်နော်! ခဏစောင့်နေနော် ။
Jin - မစောင့်ချင်တော့ဘူးးးး ၊ အခုလိုချင်တာ
အောက်ဆီဂျင်
ထိုင်ရမလို ၊ ထရမလိုနဲ့ ပြာယာခတ်နေသော
ဂျောင်းဂုအားဆော့ဂျင်ကုတင်ပေါ်သို့ဆွဲချလိုက်ရင်း လည်တိုင်လေးအား ဖက်တွယ်လိုက်ကာ
Jin - အရမ်းအသက်ရှူကျပ်နေလို့ အောက်ဆီဂျင်အပြင်းစားလိုတာ ၊ ပေးမယ်မလားးး
ဆော့ဂျင်ရဲ့ခါးလေးတစ်ဝိုက်ကိုပြန်လည်ဖက်တွယ်ရင်း ခေါင်းလုံးလုံးလေးကိုထိန်းကိုင်ကာ
Jungkook - လိုအပ်သလောက်ယူလေ
ကောင်လေးးး
ပြိုင်တူထိကပ်သွားသော
နီရဲရဲနှုတ်ခမ်းနှစ်စုံ...တစ်လောက်လက်ကိုတစ်ယောက်ဆွဲကိုင်ကာအကြင်နာဝေနေသောချစ်သူနှစ်ဦးရဲ့ပုံရိပ်လောက် အနုပညာဆန်တာရှိနိုင်ပါ့မလား
ဂျောင်းဂုရဲ့လျှာဖျားလေးဟာ ဆော့ဂျင်ရဲ့နှုတ်ခမ်းနှစ်လွှာကြားထဲသိမ်မွေ့စွာဖြတ်သန်းသွားတယ်...အသက်ရှူကြပ်လို့အနမ်းပေးတယ်ဆိုတဲ့ခေါင်းစဥ်အောက်မှာ
အသက်ရှူရပ်မတတ်ကိုမွတ်မွတ်သိပ်သိပ်နမ်းနေကျတယ်...။
" ပြွတ်စ် "
Jungkook - အခုရောနေရတာသက်သာသွားပြီလား?
ကိုယ်ကလုံလောက်တဲ့အောက်စီဂျင်ကိုပေးနိုင်ရဲ့လား?
Jin - အကိုကျနော့်ကိုချစ်လား?
အမှန်တိုင်းဖြေနော်?
ပြီးတော့ဘာလို့ချစ်ရတာလည်းပါဖြေ?
အနည်းငယ်ပွနေသောဆော့ဂျင်ဆံသားလေးများအားဂျောင်းဂုခပ်ဖွဖွသပ်တင်ပေးရင်း
Jungkook - ချစ်တယ်? ကောင်လေးသိလားအချစ်ကအမျိုးမျိုးရှိတယ်?
တစ်ချို့ချစ်သူတွေဆို LDRS အဲ့လိုမျိုး အနေဝေးလည်းချစ်နိုင်ကြတယ်
ဒါပေမဲ့ ကိုယ်ကတော့ အဲ့လိုကြီးမချစ်နိုင်ဘူး
ကိုယ်အသက်ရှူနေနိုင်ဖို့တောင်ဘေးနားမှာကောင်လေးအငွေ့အသက်တွေလိုအပ်တယ်
ကောင်လေး က ကိုယ့်ရဲ့မရှိမဖြစ်!!!!!
ဘာလို့ချစ်တာလည်း?
ဘာလို့ချစ်နေမှန်းမသိလောက်အောင်ကိုယ်ကောင်လေးကိုချစ်မိသွားတာ...ချစ်ရင်မျက်လုံးကန်းသွားတယ်တဲ့... ကိုယ်ဘာမှမမြင်နိုင်လောက်အောင်မင်းကိုချစ်တယ်!!
ဘယ်အချိန်ထဲကချစ်တာလည်း?
ကောင်လေးမမေးပေမဲ့ကိုယ်ဖြေမယ် ၊
ဆုံးရှုံးလိုက်ရမလိုဖြစ်တုန်းက
ကိုယ့်ရင်ထဲက လစ်လပ်သွားမှု က ဘာနဲ့မှအစားထိုးမရနိုင်လောက်အောင်ဘဲ
Jimin က သူရှိတယ် ဆိုပြီး နှစ်သိမ့်ခဲ့ပေမဲ့
ကောင်လေးမှမဟုတ်ရင်ကိုယ်ဘာကိုမှမလိုချင်ခဲ့ဘူး...။
ကောင်လေးပြောဖူးတယ်မလား?
တစ်ခြားတစ်ယောက်ကို,ကိုယ့်ရင်ဘတ်ထဲ ထည့်ထားသ၍ ကိုယ်မင်းကိုချစ်လာမှာမဟုတ်ဘူးဆိုပြီး
ဒါပေမဲ့ Jimin ပြန်မလာခင်ထဲက ကောင်လေးက ကိုယ့်ရင်ဘတ်ထဲမှာနေရာအပြည့်ယူထားပြီးသား ၊ ကိုယ်သတိမမူမိခဲ့ရုံဘဲ ။
Jin - အင်းးး အကို့ရဲ့အဖြေကို ကျနော်သဘောကျတယ် ။
Jungkook - ကိုယ်အရင်ကမှားခဲ့မိတာတွေကိုတစ်ခုချင်းဆီပြန်ပေးဆပ်မှာဖြစ်လို့
ကိုယ်တို့အစကနေပြန်စရအောင်နော်?
ဂျောင်းဂုစကားသံလေးဆုံးတော့ဆော့ဂျင်ခပ်ဖွဖွလေးရီသည်..ရီသံသဲ့သဲ့ရဲ့ဆိုလိုရင်းသည်ခန့်မှန်းရသိပ်ခက်သည်..ဟာသတစ်ခုခုကိုကြားလို့ရီနေသောပုံစံလား?
ပျော်လို့ရီတဲ့ပုံစံလား?
ရေရေရာရာမခွဲခြားနိုင်ပါ!!!
Jin - ဗိုက်ဆာတယ်အကို : ကျနော့်ကိုတစ်ခုခုသွားဝယ်ပေးပါ ၊
Jungkook - အင်း ဒါဆိုကိုယ်ဆန်ပြုတ်နည်းနည်းသွားဝယ်လိုက်မယ်နော် ။
Jin - ဟုတ်~~
.
.
.
Jungkook - ကောင်းလေးဒီမှာဆန်ပြုတ်ရပြီ ၊ ကိုယ်ခွံ့မယ်နော်?
အငွေ့တစ်ထောင်းထောင်းထနေသော
ဆန်ပြုတ်လေးအားဂျောင်းဂုမွှေနောက်ကာ
သေချာလေးမှုတ်ပေးနေသည်
ထို့နောက်ဆော့ဂျင်ပါးစပ်လေးထဲဂရုတစိုက်ခွံ့လေသည် ။
ပါးစပ်ထဲရောက်လာသောဆန်ပြုတ်လေးအားဆော့ဂျင်တမြုံ့မြုံ့ဝါးကာ
Jin - အကိုကျနော့်ကိုချစ်လား?
ဖြေပြီးလည်းထပ်ဖြေကျနော်ထပ်ကြားချင်လို့
ဆော့ဂျင်နှုတ်ခမ်းထောင့်စွန်းလေးတွေပေးနေသောဆန်ပြုတ်အကြွင်းအကျန်များအားဂျောင်းဂုတစ်ရှူးလေးဖြင့်သုတ်ပေးရင်း
Jungkook - ကောင်လေးထူးဆန်းနေတယ်နော်?
တစ်မျိုးကြီးဘဲ..။
Jin - ကျနော်ကြားချင်လို့ပါဆိုဗျာ...
Jungkook - အင်းပါ~ကိုယ်ကောင်လေးကိုချစ်တယ်နော်..။
( ကျနော်ကြားဖူးတဲ့စကားလေးတစ်ခွန်းရှိတယ်အကို.... ကျနော်တို့ကိုဟိုးအစထဲကမချစ်ခဲ့တဲ့သူတွေကနောက်ထပ်ဘယ်တော့မှလည်းချစ်မလာနိုင်ဘူးတဲ့...ဒါဆိုအကိုရော..ကျနော့်ကိုတဂယ်ချစ်ရဲ့လား?
မေးနေတုန်းမညည်းညူဘဲဖြေပါအကိုရာ...မနက်ဖြန်တွေကအလှမ်းဝေးလွန်းအားကြီးရဲ့မဟုတ်လား?)
___________________________________
အရမ်းရှည်နေပြီဖြစ်လို့ ဇာတ်သိမ်းလိုက်မနိုင်ဘူး..နောက်တစ်ပိုင်းဆိုတဂယ်ပြီးပါပြီနော်.။
ပြီးတော့
အသစ်ရေးနေတဲ့ fic လေးကိုမကြိုက်ရင်လည်းပြောပါနော်
un မှာပါ
ပထမဆုံးအပိုင်းတောင်စာလုံးသုံးထောင်ကျော်ကြိုးကြိုးစားစားရေးပေမဲ့
ဖတ်တဲ့သူလည်းမရှိလို့ အဲ့ဒါကြောင့်ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့ပေးပါ။
______________________________________
Zawgyi
Jimin 'pov
In Another life, I would be your boy
We keep all our promises,
BE Us against the World...!
The one that got away... !!!
_____________________________________
Min - CEO Jeon Shi အခု ရှယ်ယာဈေးတွေအရမ်းကိုမငြိမ်မသက်ဖြစ်နေပါတယ်... Min တို့ ဘာဆက်လုပ်သင့်လည်း?
Jungkook - ဘာမွလုပ္စရာမလိုဘူး!
ရှယ်ယာရှင်တွေကိုသာ ဖုန်းသေချာလေးဆက်လိုက် လာမဲ့အပတ် product အသစ်မိတ်ဆက်ပွဲကျရင် ရှယ်ယာဈေးတွေပြန်တက်လာလိမ့်မယ်လို့..စိတ်အေးအေးထားကြဖို့! !!
ကြောင့်
လှည့်ကြည့်ကျသည်..။
Jungkook - မရဘူး !
Park Jimin :
မင်းပြောဖူးတာဘာတဲ့
ငါနဲ့အတူနေနိုင်ဖို့အတွက် ငါ့အမေပြောတဲ့အတိုင်း နိုင်ငံရပ်ခြားမှာပညာသွားသင်ခဲ့တာ ဟုတ္လား?
ငါရှင်းပြ~~
မင်းမလုပ်ခဲ့ပြန်ဘူး'
ကောင်လေးကငါ့ဘေးမှာသိပ်နေချင်ခဲ့ဖူးတာပေါ့ကွာ ~ ကောင်လေးကလေ ငါ့ကိုသိပ္တြယ္တာရွာတာ ၊ မိုးတွေသည်းနေတဲ့ညက သူ့ကိုပစ်ထားခဲ့ပြီးမင်းဆီလာခဲ့မိတဲ့ညတုန်းက မသွားပါနဲ့လားအကိုရယ်တဲ့ ကျနော်သိပ်ကြောက်လို့ပါတဲ့ ငါကအဲ့လိုကလေးရဲ့လက်ကို ရက်ရက်စက်စက်လွှတ်ချမိတာ!
Jimin - ငါလည်းမင်းကိုသိပ်ချစ်ခဲ့တာပါ Kook ရာ ၊ ဘဝတစ်ခုလုံးစာရဲ့အချိန်တွေကိုမင်းအတွက်ဘဲ အသုံးခ်ခဲ့တာ
___________________________________
သူနဲ့အဝေးဆီကိုပြေးဖို့ဖြစ်ကြောင်းသိနေတော့ ရင်ထဲမှာ စူးနစ္စြာ ~~~
ဂုဏ္မယူခဲ့ဖူးဘူး
တတ်နိုင်သမျှ Support ပေးမယ်လို့ မေတြးခဲ့ဖူးဘူး
____________________________________
: _____________
.
.
.
Doctor - အင်း! လူနာမွာ နှလုံးရောဂါရှိပုံရတယ် ၊ ရုတ်တရက်စိတ်ထိခိုက်စရာတစ်ခုခုကြုံလိုက်ရပုံရတယ် Shock ဖြစ်ပြီးလဲကျသွားတာ ။
အကို~~
Jin - လူလိမ်ကြီး: ကျနော်သိတာပေါ့ အခုကျနော့်မျက်နှာက ဖြူဖပ်ဖြူလျော့နဲ့သွေးမရှိသလိုမျိုးကြည့်ရဆိုးနေမှာ ။
အောက်ဆီဂျင်
ဂျောင်းဂုအားဆော့ဂျင်ကုတင်ပေါ်သို့ဆွဲချလိုက်ရင်း လည်တိုင်လေးအား ဖက္တြယ္လိုက္ကာ
ကောင်လေးးး
" ပြွတ်စ် "
အမှန်တိုင်းဖြေနော်?
ဒါပေမဲ့ ကိုယ္ကေတာ့ အဲ့လိုကြီးမချစ်နိုင်ဘူး
ဘာလို့ချစ်တာလည်း?
Jin - ဟုတ်~~
.
.
.
တစ်မျိုးကြီးဘဲ..။
___________________________________
ပြီးတော့
un မွာပါ
Comment