Loser( p - 22)

Unicode


(သူ့လိုဘာလို့အတော်ဆုံးမဟုတ်ရတာလည်း!


သူ့လိုဘာလို့ဉာဏ်မကောင်းရတာလည်း!!


အမြဲတမ်းအတူတွဲသွားတွဲလာလုပ်နေရတဲ့
သူငယ်ချင်းထက်နိမ့်ကျနေရတာမရှက်ဘူးလား..?


ငါမင်းကိုမချစ်ဘူး..ငါ့သူ့ကိုဘဲချစ်တာ )


** မဟုတ်ဘူး..မဟုတ်ဘူး..ငါမညံ့ဘူး..ငါ့ကိုလည်းချီးမွမ်းပေး..ငါ့ကိုလည်းချစ်ပေးကြပါ..**


တစ်စစီဆွဲဖြဲခံလိုက်ရသောအမှတ်စာရင်းစာရွက်လေးနဲ့အတူ သေချာထုပ်ပိုးထားတဲ့ပန်းစည်းလေးဟာ အမှိုက်ပုံးထဲမှာပျံ့ကြဲလို့...ထို့နောက်ထွက်ပေါ်လာသော..စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု..ပြီးတော့လည်းအားလုံးပြီးဆုံးသွားတာပါဘဲ..။


ဟူး..အိမ်မက်ဆိုးတွေမက်နေပြန်ပြီ..။


သူစုပ်တစ်ချက်သပ်လိုက်ရင်းကုတင်ဘေးနားကခုံပေါ်တွင်တင်ထားသောခွက်အတွင်းမှရေကိုတစ်ချိုင့်ထဲမော့သောက်ပစ်လိုက်သည်...။
သူ့ရဲ့မနက်ခင်းတိုင်းဟာတစ်စုံတစ်ယောက်ပါဝင်သောအိမ်မက်ဆိုးတွေနဲ့အတူအစပြုတယ်..။


>>>>>>>>>>>>>>>>>>>>>>>>>>>


ကောင်လေးမလုပ်တော့ဘူး..!!


မနက်ခင်းတိုင်းမြည်နေကျ alarm သံ လေး ဟာ နောက်ပိုင်းနေ့ရက်တွေမှာ မမြည်ဖြစ်တော့ဘူး..မိုးလင်းတိုင်း မျက်လုံးဖွင့်တိုင်း
မြင်တွေ့နေကျပုံရိပ်ယောင်ပိုင်ရှင်လေးဟာ
ကိုယ့်ကိုသူစိမ်းဆန်သွားပြီ...။


အိမ်အောက်ထပ်ကိုဆင်းလာမိတော့
အငွေ့တွေကုန်ခမ်းနေတဲ့အေးစက်စက်
မနက်စာတစ်ခွက် ၊ ဝတ်ကျေတန်းကျေလုပ်ပေးခဲ့တဲ့မနက်စာတစ်ခွက်က ပါ ကျနော့်ကို
မျက်ကွယ်ပြုစကားဆိုတယ်.." ဒါမင်းထိုက်နဲ့မင်းကံဘဲတဲ့ "
ဟုတ်ပါတယ်လေ..ကျနော်ကိုယ်တိုင်ရေးဆွဲယူခဲ့တဲ့စုတ်ချက်တွေပါ..။


ကောင်လေးဟာ~ကျနော်မပါဝင်ဘဲသူ့ဘဝလေးထဲမှာနေတတ်ထိုင်တတ်သွားပြီ..။
ကောင်လေးဟာ ~ ကျနော့်ကိုမျက်နှာလွှဲတတ်နေပြီ..။
ကောင်လေးဟာ~အဆုံးသတ်မှာပြောင်းလဲသွားနိုင်ပြီ...။


ကိုယ့်ဘက်ကခြေတလှမ်းနောက်ဆုတ်မိခြင်းကြောင့် ခြေအလှမ်းပေါင်းများစွာလှည့်ပြန်ပြေးသွားတဲ့ကောင်လေး..ကိုယ်နဲ့ဝေးရာကိုထွက်ပြေးသွားတဲ့ကောင်လေးရဲ့ခြေရာတွေဟာအရောင်မှိန်လွန်းအားကြီးပါတယ်ဗျာ..။


ဘယ်ထဲကအက်ကွဲနေခဲ့ပြီးဖြစ်သောဆက်ဆံရေးတစ်ခုမှန်းမသိပေမဲ့
ကိုယ်တိုင်သတိထားမိချိန်မှာ
ကျနော်နဲ့ကောင်လေးကြား..ချောက်နက်ကြီးတစ်ခုခြားထားပြီးလေသည်..။


ဒီလိုနဲ့ဘဲ
လူချင်းမဟုတ်ပါသော်ငြား
စိတ်ခြင်းအဆက်အသွယ်ပြတ်သွားခဲ့တာ
ရန်ဖြစ်ခဲ့ပြီးသောညကစရေတွက်လျှင်
တစ်ပတ်တိတိရှိပြီ..။
ကောင်လေးဆီက အကို ဆိုသောနာမ်စားလေး လွမ်းတယ်..။


Jungkook - ကောင်လေး


ကိုယ်ခေါ်နေတာကိုကြားပါသော်လည်းမော့မကြည့်လာသောမျက်ဝန်းဝိုင်းလေး...
ပြန်မထူးပါသောနှုတ်ခမ်းဖူးလေး...
အရာရာဟာအေးစက်စက်နိုင်လိုက်တာ..။


Jungkook - မေမေကသူ့ဆီလာခဲ့ပါဦးတဲ့..သူညစာကျွေးချင်လို့..အဲ့ဒါအခုသွားရမယ်..အဝတ်အစားသွားလဲခဲ့..!


Jin - အင်း...~~


** အင်းဘဲလား..?..အင်းဘဲလားကောင်လေးရယ်..မင်းဆီမှာတခြားပြောစရာစကားမရှိတော့ဘူးလား..**


အကြီးအကျယ်စကားများပြီးထဲက
ကောင်လေးပုံစံကသံပတ်ပေးထားတဲ့
ကော်ပတ်ရုပ်လေးလိုပြောင်းလဲသွားခဲ့တာ..။
ပြောသမျှစကားကိုတသွေမတိမ်းနာခံတတ်သော်လည်း..သူ့မှာဘာခံစားချက်မှမရှိတော့သလိုမျိုး....!!


________________________________


Jin'pov


နှလုံးသားတစ်ခုလုံးတစ်စစီဆုပ်ပျက်ကြွေမွသွားတာတောင်
အကို့အပေါ်ထားရှိတဲ့ကျနော့်ချစ်ခြင်းတရားတွေကပွန်းပဲ့မသွားခဲ့
ဒါဘယ်လိုရူးကြောင်ကြောင်နိုင်မှုကြီးလည်းအကိုရာ..။


ကျတော်စာကျက်နေချိန်တံခါးအကွယ်က
လာချောင်းလေ့ရှိတဲ့အကို့ကိုသတိထားမိသော်ငြား
လှည့်မကြည့်ဖြစ်တော့ဘူး..။


ကျနော့်ကိုထားခဲ့တဲ့တစ်စုံတစ်ယောက်
နောက်ကိုရူးမတတ်ပြေးလိုက်နေတယ်
ဆိုတဲ့အိမ်မက်ရှည်တွေကိုလည်း
ဆက်မမက်ချင်တော့ဘူး..။


အကို့ရင်ခွင်ထဲကအကို့ရဲ့ချစ်သောလေးကို
ပြောပြမဲ့ပုံပြင်ထဲက
ဗီလိန်မင်းသားကြီးလည်းထပ်မဖြစ်ချင်တော့ပါဘူး..။


ဝေးလက်စနဲ့ဝေးပါစေဆိုပြီး
ရှောင်ပြေးခဲ့ပေးခြင်းမျိုးပါ..။


ကျနော်လေ..အရာအားလုံးကိုအသစ်ကနေဘဲ
ပြန်စတင်ချင်ခဲ့တာ
အစကနေပြန်မခံစားချင်တော့ဘူး..။


မိုးပျံပူဖောင်းအောက်ခြေကကြိုးစွန်းလေးကို
လွှတ်ချခဲ့ပြီးပြီမို့
အကိုပျံသန်းချင်တဲ့အရပ်ဆီပျံပါ။
အကိုငြိနေချင်တဲ့သစ်ကိုင်းမှာခိုနားပါ..။
ပြီးတော့ကျနော့်ကိုချုပ်ငြိမ်းခွင့်ပေးပါ..။


တစ်ခါကအကို့ကိုသိပ်ချစ်ရှာတဲ့
ဒီ​ကောင်လေးဟာလေ
သူသာပြန်လာခဲ့ရင်ငါမင်းကိုလက်ထပ်မှာ
မဟုတ်ဘူး
ဆိုတဲ့စကားလေးတစ်ခွန်းနဲ့တင်
အကို့ကိုအသည်းနာတတ်ခဲ့ပြီ...~~


~~~~~~~~~~~~~~~~~~~~~~~~~


Mrs. Jeon - စားကောင်းရဲ့လားသားလေး...?


Jin - ဟုတ် omma လက်ရာအကောင်းဆုံးဘဲ..။


လက်မလေးတစ်ထောင်ထောင်နဲ့
အမေ့ကိုချီးကျူးနေတဲ့ကောင်လေး..~
အင်း~သေချာစဥ်းစားကြည့်မှဘဲ
ကောင်လေးပုံစံဟာပြောင်းလဲသွားတာမဟုတ်..ကိုယ့်တစ်ယောက်ထဲအပေါ်မှာသာ
ကွက်ကျားမုန်တိုင်းတွေထန်နေခဲ့တာ..!


Mrs. Jeon - Jungkook က သားကိုဂရုစိုက်ရဲ့လား..?
သူဆိုးရင် omma ကို တိုင်ပြောနော်..သူ့ကိုကောင်းကောင်းကြီးဆုံးမပေးမယ်..။


Jin - အကိုကမဆိုးပါဘူးနော်..အကိုကသိပ်ချစ်တတ်တာ..( အကိုချစ်ပေးတဲ့သူက ကျနော်မဖြစ်ခဲ့တာကလွဲရင်ပေါ့ )


Mrs. Jeon - ဟုတ်ပါပြီ..ဒါဆိုလည်း
သားတို့စကားပြောနှင့်ကြဦးနော်..အချိုလေးတည်းရင်း..!


Jungkook - အမေကသားတို့ကိုအိမ်ခေါ်ထားပြီးဘယ်သွားမလို့လည်း..။


Mrs. Jeon - ခဏနေ..သူငယ်ချင်းတွေနဲ့
Spa သွားဖို့ချိန်းထားလို့..နည်းနည်းသွားပြင်ဆင်လိုက်ဦးမယ်..။


Jungkook - အဖွားကြီးဖြစ်နေပြီလှချင်တုန်း..!


Mrs. Jeon - မသိရင်သူ့ပိုက်ဆံသုံးနေတဲ့အတိုင်းဘဲ..ငါ့ယောက်ကျားထားခဲ့တဲ့ပိုက်ဆံတွေနဲ့ငါ့ဘာငါလှချင်တာလေ..!


Jungkook - ဟုတ်ပါပြီအမေရယ်..သွားစရာ
ရှိတာသာသွားပါတော့..။


Mrs. Jeon - Seok Jin လေး omma သွားပြီနော်..။


Jin - ဟုတ်..ကောင်းသောညနေခင်းလေးဖြစ်ပါစေနော်..။


Mrs. Jeon - အင်း..~~


ကြုံဖူးလား
ဘေးချင်းကပ်လျက်ထိုင်နေသော်လည်း
စိတ်ချင်းတစ်ကမ်ဘာဆီခြားနေသော
နှောင်ကြိုးမျှင်တွေကို..။
ကောင်လေးဘက်ကလည်းစကားမစမိသလို
ကျနော့်ဘက်ကလည်းငြိမ်သက်နေမိတယ်..။


တီလ်..တီလ်


တိတ်ဆိတ်မှုကိုဖြိုခွဲပစ်လိုက်သော
ကောင်လေးဆီဝင်လာသောဖုန်းကောလ်လေးတစ်ခု~ကိုယ်သေချာမြင်ဖြစ်လိုက်ပါတယ်..ကွေးညွှတ်သွားတဲ့ကောင်လေးနှုတ်ခမ်းဖူးလေးများအား..။
ဖုန်းပြောရန်ထထွက်သွားသောကောင်လေး
ကျောပြင်ကြီးကိုတမေ့တမောငေးကြည့်နေမိတယ်..။
ပြီးတော့မပြောဘဲလည်းသိပါတယ်..ကောင်လေးဆီဘယ်သူဆက်သွယ်လာတယ်ဆိုတာ..!


.
.
.
.


Jin - ကျနော့်ကိုဒီနားမှာဘဲချပေးပါ..။


Jungkook - အိမ်ရောက်ဖို့ကအဝေးကြီးလိုသေးတယ်လေ~


Jin - သွားစရာလေးတစ်ခုရှိလို့..။


Jungkook - ဒီအချိန်ကြီးလား..ခဏနေမှောင်တော့မယ်လေ..။


Jin - ညဘက်ရောက်လာရင်တော့မှောင်မှာဘဲလေ..ချပေးပါ..။


( အရင်လိုတောင်းဆိုသံတွေမဟုတ်ဘူး.
.အမိန့်ပေးသံတွေ..)


Jungkook - အရမ်းညမနက်စေနဲ့ကောင်လေး..တတ်နိုင်သမျှအစောဆုံးပြန်ခဲ့နော်.။


ခေါင်းတချက်ငြိမ့်ကာကားပေါ်ကဆင်းသွားသောကောင်လေးရဲ့ဦးတည်ရာတွေကိုမုန်းတယ်. ။


________________________________


" Voo "


လူမရောက်ခင်အသံအရင်ပေးလာပါသော
အကောင်ပေါက်လေး...အသဲယားပြီး
တစ်စစီဆွဲညှစ်ပလိုက်ချင်တယ်..။


Jin - Voo လို့ ဘာတွေစဥ်းစားနေတာလည်း..။


ထယ်ယောင်းမျက်လုံးရှေ့လက်လေးတရမ်းရမ်းလုပ်နေပါသောဆော့ဂျင်ပါ..။


Taehyung - ဆော့ဂျင်နဲ့အတူဘယ်ကိုအရင်သွားရင်ကောင်းမလည်းစဥ်းစားနေတာ.!


Jin - ခဏနေညစျေးဖွင့်တော့မှာမလား..အဲ့ကိုသွားကျမယ်လေ..အခုလောလောဆယ်တော့..ဒီမှာခဏထိုင်ရအောင်..ကျနော်ညောင်းနေပြီ..။


Taehyung - အရမ်းညောင်းနေတာလား..?


Jin. - အင်း..လမ်းလျှောက်လာခဲ့တာလေ..!


စကားသံလေးအဆုံးသတ်သွားတော့
ဒူးတစ်ဖက်ထောက်ကာထိုင်ချလိုက်သောထယ်ယောင်း..စီးထားသောဖိနပ်ကြိုးလေးများကိုဖြည်ပြီးနောက်
ဆော့ဂျင်ခြေကျင်းဝတ်လေးအပေါ်ရောက်ရှိလာသောထယ်ယောင်းလက်ချောင်းရှည်လေးများ...။


Jin - voo ဘာလုပ်တာလည်း..?


Taehyung - ငြိမ်ငြိမ်နေ..ကိုယ်နှိပ်ပေးမယ်..။
ညအိပ်ရင်ကိုက်ခဲနေလိမ့်မယ်..။


ပုံမှန်ဆိုအားနာစရာကိတ်စဆိုပေမဲ့
ဆော့ဂျင်မငြင်းမိခဲ့..သူဂရုစိုက်ပေးခံရတာကြိုက်သည်လေ..။


Taehyung - သက်သာရဲ့လား..ကိုယ်နှိပ်ပေးမှပိုဆိုးသွားလား..?


Jin - ဟင့်အင်း..နေရတာအရမ်းကောင်းသွားတယ်..။


Taehyung - တော်ပါသေးရဲ့..ဒါနဲ့ဟိုနေ့က
ဂျောင်းဂုကဘာလို့အတင်းဆွဲခေါ်သွားရတာလည်း..သူနဲ့အဆင်ပြေရဲ့လား..!


Jin - ဟင့်အင်း~အဆင်မပြေဘူး..အကိုက
ကျနော့်ကိုမချစ်ဘူးလေ..။


Taehyung - ဆော့ဂျင်..!!!


Jin - ကျနော့်ကိုအဲ့လိုသနားစရာမျက်ဝန်းတွေနဲ့မကြည့်ပါနဲ့နော်..ပြီးတော့မုသားတွေသုံးပြီးလည်းမနှစ်သိမ့်ပေးနဲ့..အဲ့လိုမလုပ်လည်းကျနော်ခံနိုင်ရည်ရှိတယ်..။


Taehyung - ခံနိုင်ရည်ရှိတယ်ဆိုပြီးခိုးငိုနေတာမလား..?


Jin - အချစ်ကနာကျင်ခြင်းဘဲလေ..များများချစ်ရင်များများနာကျင်ရမယ်..နည်းနည်းနာကျင်ရမယ်..
ကျနော်ကတော့လေ..အဲ့အရာတွေထက်လူတစ်ယောက်ကိုမချစ်ပေးလိုက်ရလေခြင်းဆိုပြီးနာကျင်ရမှာအကြောက်ဆုံးဘဲ..
အဲ့ဒါကြောင့်အကိုချစ်သည်ဖြစ်စေ..မချစ်သည်ဖြစ်စေ..ကျနော်တတ်နိုင်သမျှအစွန်းဆုံးထိချစ်ပေးနေဦးမှာဘဲ..
တဂယ်လို့ဝေးသွားခဲ့ရင်တောင်..လိပ်ပြာသန့်သန့်နဲ့ကျန်နေခဲ့ရတဲ့သူဟာကျနော်ဘဲဖြစ်ချင်တာ...~
ကျနော်ကအချစ်ကိုချစ်ပေးခြင်းနဲ့ဘဲအနိုင်ယူချင်ခဲ့တာ...!!!


Taehyung - ဆော့ဂျင်ကဂျောင်းဂုနဲ့ဝေးသွားဖို့ထိတောင်ဆုံးဖြတ်ပြီးပြီလား..?


Jin - လူဆိုတာအကောင်းဆုံးကိုလည်းမျှော်လင့်ထားရသလို ၊ အဆိုးဆုံးကိုလည်းကြိုတင်ပြင်ဆင်ထားရမယ်လေ..ဝေးသွားဖြစ်ခဲ့ရင်..အရမ်းကြီးမခံစားရအောင်လို့ပါ..။


ဖိနပ်ကြိုးလေးအားသေချာပြန်ချည်ပေးလိုက်ရင်းဆော့ဂျင်နားဝင်ထိုင်လိုက်သောထယ်ယောင်း


Taehyung - အင်းပါ~ပင်ပန်းတဲ့အခါမျိုး..ငိုချင်တဲ့အခါမျိုးဆိုသိုဝှက်မထားဘဲကိုယ့်ကို
ရင်ဖွင့်နော်..ကိုယ်ဆော့ဂျင်ကိုပုခုံးငှားပေးမယ်..ဒီပုခုံးပေါ်မှာနှာချေးတွေရွှဲတဲ့အထိငိုလို့ရတယ်..။


Jin - vooအရမ်းညစ်ပတ်တာဘဲ..!


Taehyung - ဟော~သူ့အတွက်လည်းပြောပေးရသေးတယ်ဗျာ..!


တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းရီမိကျသည်..။
ဒီလိုကျတော့လည်းရာသီဥတုကြီးကသာယာလိုက်တာ..!


Jin - ဟေး..လေယာဥ်ပျံကြီးရေ..အပြန်ကျရင်ငါ့အတွက်မုန့်ဝယ်ခဲ့နော်..!


ဖြတ်သွားတဲ့လေယာဥ်နောက်တာ့တာပြကာ
မုန့်တောင်းနေသောဂင်ဆော့ဂျင်ပါ..။


Taehyung - ဆော့ဂျင်က ကလေးလား..။


Jin - အင်း~voo နဲ့တွေ့ရင်ဆိုးလို့ရလို့လားမသိဘူး..ကလေးဖြစ်ချင်သွားတာ..ကျနော့်ကိုမငြိုငြင်ပါနဲ့နော်...အခုကျနော့်ဆီမှာ voo ဘဲရှိတော့တာ ။


Taehyung - လာသွားမယ်..။


Jin - ဟင်ဘယ်ကိုလည်း..?


Taehyung - ခလေးလေးကိုမုန့်လိုက်ဝယ်ကျွေးမလို့လေ..!!


^^^^^^^^^^^^^^^^^^^^


Taehyung - စားကောင်းလား..ဆော့ဂျင်..!


Jin - အင်း~အာ..!!


Taehyung - ဆော့ဂျင်သာဝအောင်စားပါကွာ..ကိုယ်တော်ပြီ..။


Jin - မရပါဘူးနော်..ဟ..တစ်လုပ်ဘဲစား...အာ..။


ငါးပူတင်းမုန့်အားပါးစပ်ထဲအတင်းလိုက်ခွံ့ထည့်နေပါသောဆော့ဂျင်
ထယ်ယောင်းဆိုသူမှာလည်းသူ့ကောင်လေးကျေနပ်အောင်ပါးစပ်ဟပေးနေလေသည်..။


Jin - အကိုရောစားကောင်းလား..?


Taehyung - good ^^


မုန့်လေးစားရင်းစကားလေပြောရင်း
ညအချိန်ရဲ့အလှတရားကိုခံစားနေကြသည်.။
Voo က ကျနော့်ရဲ့ညမွှေးပန်းလေး..
လေပြည်ညှင်းလေးတွေဆောင်
ယူလာတဲ့ voo ရဲ့ ကောင်းခြင်း
ရနံ့မွှေးမွှေးလေးတွေကို ကျနော်သဘောကျတယ်..။


Jin - ဒီနားမှာလေနည်းနည်းတိုက်တယ်နော်..။


ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့်ဆော့ဂျင်ကိုယ်လေးအနည်းငယ်တုန်နေသည်..။


Taehyung - ဒီကိုပေး~~


ဆော့ဂျင်လက်တစ်ဖက်ကိုကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာ
အင်ကျီအိတ်ကပ်ထဲထည့်ရင်းအနွေးဓာတ်ပေးနေပါသောထယ်ယောင်းကြောင့်တဖက်ကကောင်လေးမျက်နှာမှာရှက်သွေးဖြာနေလေရဲ့..။


Taehyung - အခုရောနွေးသွားပြီလား..?


Jin - ဟင့်အင်း~ဒီဘက်ကျန်နေသေးတယ်..။


ကျန်နေသေးတဲ့ဆော့ဂျင်လက်တစ်ဖက်ကို
တော့ထယ်ယောင်းဟာသူ့နှုတ်ခမ်းပါးလေးတွေကိုသုံးလျက်အာငွေ့ပေးနေလေရဲ့..။


~~အာ့~~


ရုတ်တရက်တိုးဝှေ့လာကြသော
လူများကြောင့်ဆော့ဂျင်ကိုယ်လေးနောက်သို့
အနည်းငယ်ယိုင်ကျသွားရသည်..။
သို့သော်စိတ်ပူစရာမလိုပါ
သူ့ကိုကာကွယ်ပေးမဲ့ကိုယ်ရံတော်တပ်သားလေးကဘေးမှာအဆင်သင့်ရှိနေသည်လေ..။


Taehyung - အဆင်ပြေရဲ့လား.ဆော့ဂျင်..တစ်ခုခုထိခိုက်မိသွားသေးလား..?


Jin - ဟင့်အင်း..ရပါတယ်..လူတွေကဘာလို့ခုမှအရမ်းစည်လာရလည်းမသိဘူးနော်..။


Taehyung - ဟုတ်တယ်နော်..ဟိုမှာလည်းလူတွေအုံနေတယ်..ဆော့ဂျင်သွားကြည့်ချင်လား..??


Jin - ကျနော်ကြည့်ချင်တယ်..။


Taehyung - လာ~~


လူအုပ်ကြီးကိုတိုးဝှေ့ရင်း
ဆော့ဂျင်နဲ့အတူထယ်ယောင်းပါသွားစပ်စုနေကြသည်..။


" အားလုံးဘဲခင်ဗျာ..ဒီလိုအေးစက်စက်ညမျိုးမှာ..ရင်ထဲပူနွေးသွားမဲ့ပြိုင်ပွဲလေးတစ်ခုပြင်ဆင်ထားပါတယ်..ဒါကတော့..ဒန်...ဘယ်သူကများ..ဒီမတ်ခွက်ထဲက..ဆိုဂျူကို..အမြန်ဆုံးသောက်နိုင်မလည်းဆိုတဲ့ပြိုင်ပွဲဘဲဖြစ်ပါတယ်..သုံး round ပြိုင်ရမှာဖြစ်ပြီး..အနိုင်ရရှိတဲ့သူကိုတော့ဒီအရုပ်လေးလက်ဆောင်ပေးပါ့မယ်..စိတ်ဝင်စားတဲ့သူရှိရင်အရှေ့ကိုထွက်ခဲ့ပါနော်.."


" ဟာ..ပြိုင်ပွဲကမိုက်တယ်..ဆုမရရင်တောင်မှ..သောက်ရတာနဲ့တင်တန်တယ် "


" ဟုတ်တယ်..ငါတို့လည်းသွားပြိုင်ရအောင် "


" အေး..ငါရော "


လူအများရဲ့စကားသံများကြားထဲတွင်ငူငူလေးရပ်နေရှာသောကောင်လေးတစ်ယောက်..မျက်ဝန်းများရဲ့ဦးတည်ရာကဆုအဖြစ်ပေးမဲ့အရုပ်လေးဆီတွင်သာဖြစ်သည်..။


Taehyung - ဘာမှလည်းမဟုတ်ဘူး..အရက်သောက်ပြိုင်တာများအထူးအဆန်းလုပ်ပြီးလာကြည့်နေကျသေးတယ်..!
ဆော့ဂျင်..ပြန်ရအောင်လေ..ဆော့ဂျင်...။


Jin - ဟင်..?


Taehyung - ကိုယ်ခေါ်နေတာမကြားဘူးလား..ဘာတွေအဲ့လောက်ကြည့်နေတာလည်း..??


Jin - ဟိုမှာ..!




Taehyung - အဲ့ဒါဘာဖြစ်လို့လည်း..?


Jin - အဲ့အရုပ်လေးလိုချင်လို့..အကိုသွားပြိုင်ပါလားဟင်...!


Taehyung - ကိုယ်ကအများကြီးမသောက်နိုင်ဘူး..ပြိုင်လည်းရှုံးမှာဘဲ..တဂယ်လို့
ဆော့ဂျင်လိုချင်ရင်ကိုယ်ဝယ်ပေးမယ်လေ..


Jin - ဟင့်အင်း..ဟင့်အင်း ကျနော်ကအခုဘဲလိုချင်တာ..။


ခြေထောက်ဆောင့်ကာအရုပ်ပူဆာနေသောကလေးကြီးအားထယ်ယောင်းတစ်ယောက်ထိန်းလို့မနိုင်ပါ..။


Taehyung - လိမ်မာပါတယ်ကွာ..နောက်နေ့မနက်အစောကြီးကိုယ်ဝယ်..အာ့...!!


ထယ်ယောင်းစကားမဆုံးခင်အချိန်တွင်းမှာတင်သူ့ကိုပြိုင်ပွဲရှေ့တွန်းထုတ်လိုက်ပါသောဆော့ဂျင်..။


" ဟို..အကို..ပြိုင်မလို့လား.."


Taehyung - မဟုတ်~~


Jin - Voo fighting ကျနော့်အတွက်အရုပ်ယူပေးနော်..။


" သြော်..ကောင်လေးကိုအရုပ်လက်ဆောင်ပေးချင်လို့ထင်တယ်..နိုင်အောင်ပြိုင်နော်..အကို့ကောင်လေးအားပေးနေတယ်."


ထယ်ယောင်းကသူ့ကိုကယ်ပါဦးဆိုတဲ့မျက်ဝန်းမျိုးနဲ့လှမ်းကြည့်နေပေမဲ့ဆော့ဂျင်အာရုံတွေကခုံပေါ်တွင်တင်ထားသောအရုပ်ကလေးဆီမှာသာဖြစ်သည်..။


" ကဲ~အခုပြိုင်ဖို့လူလည်းပြည့်ပြီဆိုတော့..စလိုက်ရအောင်နော်..တစ်..နှစ်..သုံး..ဆိုတာမှစသောက်ကြပါနော်.."


1~2~3


Jin - Voo fighting.. Voo လုပ်နိုင်တယ်..voo အရုပ်ယူပေး..Voo ကွ..။


ပြိုင်ပွဲအတွင်းမှာဆော့ဂျင်အသံဆာဆာလေးဟာဟိန်းထွက်လို့..ဆော့ဂျင်ရဲ့တခဲနက်အားပေးမှုကြောင့်နောက်ဆုံးတော့
ထယ်ယောင်း final ထိတက်သွားလေသည်..။
သို့သော်လူကယိုင်ထိုးနေပြီ..။


" ကဲ..အခုတော့..နောက်ဆုံးပြိုင်ပွဲဝင်နှစ်ယောက်ဘဲကျန်ပါတော့တယ်..ဒီထဲကဘယ်သူကများ winner ဖြစ်မလည်း..စလိုက်ရအောင် "


Jin - Voo မြန်မြန်..Voo ဘာလုပ်နေတာလည်း..သူများသောက်လို့ကုန်တော့မယ်...ဟာ... !!


ဆော့ဂျင်ဆီမှမကျေနပ်သံလေးများထွက်လာရသည်..အကြောင်းမှာထယ်ယောင်းက..နောက်ဆုံးမတ်ခွက်ကိုလက်နဲ့တောင်မထိနိုင်ဘဲအရှုံးကြီးရှုံးသွားလို့ပင်..!


Jin - Voo ဘာလို့မသောက်ဘဲအရှုံးပေးရတာလည်း..?
အခုတော့အရုပ်လေးကိုသူများရသွားပြီ..။


Taehyung - ကိုယ်လည်းသောက်မို့ဘဲ..ဒါမဲ့ခွက်ကဘာလို့နှစ်ကိုယ်ခွဲနေရတာလည်း..။


Jin - ဟင့်~အရက်လေးနည်းနည်းသောက်ခိုင်းပါတယ်..သူ့ကမ်ဘာကြီးချာချာလည်နေတယ်..smart မကျလိုက်တာ..!


ဆော့ဂျင်စိတ်ညစ်ညစ်နဲ့ထယ်ယောင်းကိုတွဲပြီးပြန်မယ်လုပ်တော့နောက်ကထွက်လာတဲ့မျှော်လင့်ခြင်းအငွေ့များ..~~


" ဟို..ခဏလောက်နေပါဦး "


ခေါ်သံကြောင့်ဆော့ဂျင်လှည့်ကြည့်လိုက်မိသည်...။


Jin - ဟုတ်..ဘာဖြစ်လို့လည်းမသိဘူး..။


" ခုနညီလေးကညီလေးချစ်သူကိုအရမ်းအားပေးနေတာတွေ့လို့..အရုပ်လိုချင်လို့လား."


Jin - လိုတော့လိုချင်ပေမဲ့..voo ကနိုင်အောင်မှမပြိုင်တာ..အခုတော့မရတော့ဘူး.


" ဒါဆိုဒီလိုလုပ်ပါလား..ညီလေးတို့စုံတွဲကအရမ်းချစ်ဖို့ကောင်းနေတော့.အကိုကအထူးဆုပေးချင်လို့.."


အထူးဆုဆိုတဲ့စကားကြောင့်ဆော့ဂျင်မျက်လုံးများအရောင်လက်သွားသည်..။


Jin - အထူးဆု..?


" အင်း..ညီလေးတို့စုံတွဲက စင်ပေါ်မှာ love shot သောက်ပြလေ..အကိုကခုနအရုပ်လေးကိုအလကားပေးမယ် "


Jin - love shot လား..။


" အင်း..ညီလေးတို့နှစ်ယောက်ကတစ်ယောက်လက်တစ်ယောက်ချိတ်ပြီး..နှုတ်ခမ်းချင်းတေ့ပြီးသောက်ပြယုံဘဲ..အိုခေလား."


Jin - အရုပ်ရမယ်ဆိုအိုခေတယ်..နော် voo ။


Taehyung - ထပ်သောက်ရဦးမှာလား..?


Jin - အင်း..တစ်ခွက်ထဲဘဲလေနော်..လုပ်ပါ voo ရာ..။


ဆော့ဂျင်စကားအားမငြင်းသာဘဲ
ထယ်ယောင်းယက်ကန်ယက်ကန်လေးနဲ့
နောက်ဆုံးတစ်ခွက်အားလိုက်သောက်ပေးရလေသည်..။
ဟိုခလေးစုတ်ကတော့အရုပ်ရလို့ပျော်နေလေရဲ့ကိုယ်ကဒီမှာချာချာလည်နေပြီ..။


Taehyung - ဟိုမှာနတ်သားလေး..!


Jin - နတ်သားလေးကဘယ်မှာလည်း..?


Taehyung - ဒီမှာလေ..အရမ်းချောပြီးချစ်ဖို့ကောင်းတဲ့နတ်သားလေး..နတ်သားကိုယ်ပွားလေးတွေရော..!


ဆော့ဂျင်ကိုလက်ညှိုးလေးထိုးရင်မူးဝေဝေပြောနေရှာသောထယ်ယောင်းပုံစံဟာချစ်စရာအတိ..ပါးဖောင်းဖောင်းလေးနှစ်ဖက်အားဆော့ဂျင်အသဲယားစွာဖျစ်ညှစ်လိုက်ရင်း..သူ့မျက်နှာနှင့်အနီးသို့တိုးစေလျက်..။


Jin - သေချာကြည့်ပါဦး voo ရဲ့ ကျနော်ကနတ်သားမဟုတ်ပါဘူး..လူပါ..ပြီးတော့ကိုယ်ပွားတွေလည်းမရှိဘူး..တစ်ယောက်ထဲ..။


Taehyung - ဟီး..ဟုတ်သားဘဲ..ဂင်ဆော့ဂျင်ဆိုတဲ့ဒီလူသားလေးက ကမ်ဘာပေါ်မှာတစ်ယောက်ထဲရှိတာ..ကိုယ့်ရင်ထဲမှာရော..တစ်ယောက်ထဲ..။


Jin - ဟိုမှာ bus လာနေပြီ..လာထ voo ကျနော်အိမ်ပြန်လိုက်ပို့ပေးမယ်..!


Taehyung - ဟုတ်..ဟုတ်..!


ဆော့ဂျင်ဆွဲခေါ်ရာနောက်
တကောက်ကောက်လိုက်ပါသွားသော
ထယ်ယောင်းဟာအမူးသမားလေးပါ။


ကားစီးနေရင်းမှ
အမူးသမားလေးဟာကားမှန်နဲ့ခေါင်းကို
ခဏခဏဆောင့်နေမိလို့
ဆော့ဂျင်ကသူ့ပုခုံးလေးပေါ်မှီတင်ထားလေရဲ့..။


Taehyung - ငါလေအခုလိုလေအခြေအနေမျိုးလေးကိုအရမ်းသဘောကျတာဘဲ..ငါရယ်..ဆော့ဂျင်ရယ်..ဆော့ဂျင်ရဲ့ကိုယ်ပွားလေးတွေရယ်..။


Jin - ဟော~အခုနပြောပြီးပြီလေ..ကျနော့်ကိုယ်ပွားဆိုတာမရှိပါဘူးဆို..။


Taehyung - ဒါဆိုဘာလို့ငါ့မျက်လုံးထဲမှာဆော့ဂျင်လေးငါးခြောက်ရောက်မြင်နေရတာလဲ..? .ဟင်...ဟင်လို့...?


မှတ်ပြီလားဂင်ဆော့ဂျင်ရေ
အရုပ်လေးတရုပ်လောက်လိုချင်မိပါတယ်..ဒီအမူးသမားကြီးရစ်တာခံနေရပြီ..။


ကားပေါ်တွင်အရုပ်လေးပိုက်ထားသောကောင်လေးနှင့်ထိုကောင်လေးရဲ့ပုခုံးကိုမှီကာ
စကားတွေတတွတ်တွတ်ပြောနေရှာသော
နောက်ထပ်ကောင်လေးတစ်ယောက်လည်းရှိပါသေးတယ်..!


____________________________________


" အာ့~လေးလိုက်တာဝက်လိုဘဲ "


အိပ်ပျော်နေရှာသော
ထယ်ယောင်းကိုယ်လေးအားဆော့ဂျင်တွဲတလှည့်ဆွဲတလှည့်ခေါ်ကာ
ကုတင်ပေါ်အကျအနတင်ပေးပြီး
ပြန်ရန်ပြင်တော့သူ့ကိုလှမ်းဆွဲထားတဲ့လက်တစ်စုံ...တိုးတိုးလေးထွက်ပေါ်လာသော
တောင်းဆိုသံများ..။


Taehyung - ကိုယ့်ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့နော်..ခဏလောက်ဘေးနားမှာရှိနေပေးပါ..။


Jin - voo


Taehyung - ခဏလေးပါ..။


ဖမ်းဆုပ်ထားသောလက်အစုံကို
ဆော့ဂျင်လွှတ်မချပစ်နိုင်ခဲ့သလို..တဖက်ကကောင်လေးမှာလည်းတစ်စုံတစ်ယောက်ကိုတစ်ညလုံးမအိပ်ဘဲစောင့်နေလေရဲ့..။


_______________________________


လူတွေကလည်းခက်သားနော်ဗျာ
ကိုယ့်ဘာသာအေးဆေးနေတဲ့ otp ကို မှ ။
ထားပါတော့လေ..war တွေထဲလည်းဝင်မပါချင်ပါဘူး..သင်ခန်းစာတစ်ခုဘဲရလိုက်တယ်..ကိုယ့်ကောင်လေးနှစ်ယောက်ကို
ကိုယ်ကိုတိုင်ပိုချစ်ပေးမှဖြစ်မှာလားဆိုပြီး..loser လေးကအခုပိုင်းကိုရေးပြီးသားမလို့ up လိုက်တာပါ..နောက်အပိုင်းတွေ up ဖို့အများကြီးစဥ်းစားရတော့မယ်..!!




Zawgyi


Unicode










** မဟုတ္ဘူး..မဟုတ္ဘူး..ငါမညံ့ဘူး..ငါ့ကိုလည်းချီးမွမ်းပေး..ငါ့ကိုလည်းချစ်ပေးကြပါ..**








>>>>>>>>>>>>>>>>>>>>>>>>>>>














ဒီလိုနဲ့ဘဲ
တစ်ပတ်တိတိရှိပြီ..။


Jungkook - ကောင်လေး






Jin - အင်း...~~






________________________________


Jin'pov






ဆက်မမက်ချင်တော့ဘူး..။


ပြောပြမဲ့ပုံပြင်ထဲက




ကျနော်လေ..အရာအားလုံးကိုအသစ္ကေနဘဲ
ပြန်စတင်ချင်ခဲ့တာ




ဒီကောင်လေးဟာလေ
မဟုတ္ဘူး


~~~~~~~~~~~~~~~~~~~~~~~~~










Jin - အကိုကမဆိုးပါဘူးနော်..အကိုကသိပ္ခ်စ္တတ္တာ..( အကိုချစ်ပေးတဲ့သူက ကျနော်မဖြစ်ခဲ့တာကလွဲရင်ပေါ့ )






Mrs. Jeon - ခဏေန..သူငယ်ချင်းတွေနဲ့






Jungkook - ဟုတ်ပါပြီအမေရယ်..သြားစရာ
ရှိတာသာသွားပါတော့..။






Mrs. Jeon - အင်း..~~


ကြုံဖူးလား


တီလ်..တီလ်




.
.
.
.












.အမိန့်ပေးသံတွေ..)






________________________________


" Voo "










Jin - ခဏနေညဈေးဖွင့်တော့မှာမလား..အဲ့ကိုသွားကျမယ်လေ..အခုလောလောဆယ်တော့..ဒီမှာခဏထိုင်ရအောင်..ကျနော်ညောင်းနေပြီ..။








Jin - voo ဘာလုပ်တာလည်း..?














Taehyung - ဆော့ဂျင်..!!!


























Taehyung - ဆော့ဂျင်က ကေလးလား..။




Taehyung - လာသွားမယ်..။


Jin - ဟင်ဘယ်ကိုလည်း..?




^^^^^^^^^^^^^^^^^^^^




Jin - အင်း~အာ..!!










Taehyung - good ^^








Taehyung - ဒီကိုပေး~~


ဆုပ်ကိုင်ကာ








~~အာ့~~












Taehyung - လာ~~




" အားလုံးဘဲခင်ဗျာ..ဒီလိုအေးစက်စက်ညမျိုးမှာ..ရင်ထဲပူနွေးသွားမဲ့ပြိုင်ပွဲလေးတစ်ခုပြင်ဆင်ထားပါတယ်..ဒါကေတာ့..ဒန်...ဘယ်သူကမ်ား..ဒီမတ်ခွက်ထဲက..ဆိုဂျူကို..အမြန်ဆုံးသောက်နိုင်မလည်းဆိုတဲ့ပြိုင်ပွဲဘဲဖြစ်ပါတယ်..သုံး round ပြိုင်ရမှာဖြစ်ပြီး..အနိုင်ရရှိတဲ့သူကိုတော့ဒီအရုပ်လေးလက်ဆောင်ပေးပါ့မယ်..စိတ်ဝင်စားတဲ့သူရှိရင်အရှေ့ကိုထွက်ခဲ့ပါနော်.."






" အေး..ငါရော "






Jin - ဟင်..?




Jin - ဟိုမွာ..!














Taehyung - လိမ္မာပါတယ္ကြာ..နောက်နေ့မနက်အစောကြီးကိုယ်ဝယ်..အာ့...!!






Taehyung - မဟုတ်~~










1~2~3


Jin - Voo fighting.. Voo လုပ်နိုင်တယ်..voo အရုပ်ယူပေး..Voo ကြ..။




" ကဲ..အခုတော့..နောက်ဆုံးပြိုင်ပွဲဝင်နှစ်ယောက်ဘဲကျန်ပါတော့တယ်..ဒီထဲကဘယ်သူကမ်ား winner ဖြစ်မလည်း..စလိုက်ရအောင် "














" ဟို..ခဏလောက်နေပါဦး "














Jin - အထူးဆု..?




Jin - love shot လား..။
























Jin - ဟိုမွာ bus လာနေပြီ..လာထ voo ကျနော်အိမ်ပြန်လိုက်ပို့ပေးမယ်..!


Taehyung - ဟုတ်..ဟုတ်..!




ကားစီးနေရင်းမှ
ခဏခဏဆောင့်နေမိလို့












____________________________________




အိပ်ပျော်နေရှာသော
တောင်းဆိုသံများ..။




Jin - voo


Taehyung - ခဏေလးပါ..။




_______________________________


ကိုယ့်ဘာသာအေးဆေးနေတဲ့ otp ကို မွ ။
ကိုယ်ကိုတိုင်ပိုချစ်ပေးမှဖြစ်မှာလားဆိုပြီး..loser လေးကအခုပိုင်းကိုရေးပြီးသားမလို့ up လိုက္တာပါ..နောက်အပိုင်းတွေ up ဖို့အများကြီးစဉ်းစားရတော့မယ်..!!



Comment