[ 34 ]

[ UNICODE ]

~ • ~

"Nae..အခုကတော့.. မနက် 8:51 ဂျယ်ဂျူသွားမဲ့ လေယာဥ်ပေါ်မှာပဲ ဖြစ်ပါတယ်.."

ကိုယ့်ဘာသာပြော၍ သဘောကျကာ သူမ ရယ်မိရင်း ဖုန်းကင်မရာလေးကို နံဘေးသို့
လှည့်လိုက်မိတော့ ပြုံးစစနဲ့ ကြည့်နေတဲ့
Jungkook ကို မြင်တွေ့လိုက်ရသည်...။

ဟန်နီးမွန်းရဲ့အစမှာတင် ချိုချိုကြည်ကြည်
အသံလေး ဘေးကထွက်လာတာမို့ သူပြုံးလိုက်မိရင်း လှည့်ကြည့်မိတော့ ဖုန်းကင်မရာလေးဖွင့်ပြီး ဖြတ်သန်းသမျှကို မှတ်တမ်းတင်နေတဲ့ ဘေးခုံက ကလေးကို ကြည့်ကာ သူ့မှာ ဘယ်လိုသဘောကျလို့ကျမှန်းတောင် မသိတော့ပါ။

မျက်လုံးလေးတွေတောင် ကြည်လင်လို့
ပျော်ရွှင်နေတာလေး ​မြင်ရတာ ချစ်စရာအတိ..ပါးလေးတွေကိုပင် ဆွဲဖဲ့ချင်မိသည်။

"Vlog ရိုက်နေတာလား babe"

"Arni..ဒီအတိုင်း ရိုက်ကြည့်တာ
ပြန်ကြည့်ရင် ပျော်ဖို့ကောင်းမယ်ထင်လို့..."

သူပြောလိုက်ကာမှ ရှက်ပြီး ဖုန်းကိုအိတ်ထဲ ပြန်ထည့်သွားရှာသည်။ ထို့နောက် သက်ပြင်း
လေးအသာချသည်။ သူမကြည့်ရတာ လေယာဥ်စတက်တော့မည့် အချိန်မို့ အနည်းငယ် စိုးရိမ်နေသည့်ပုံရပြီး သူ့လက်ချောင်းတွေကို တင်းနေအောင် ဆုပ်ကိုင်ထားရှာသည်။

"Jeon..ဘယ်လိုလုပ်မလဲ
လေယာဥ်မစီးရတာ တကယ်ကြာနေပြီရယ်"

ကြောက်နေမှန်းသိလို့ စိတ်သက်သာရအောင်
သူမလက်ကလေးကို ပြန်ဆုပ်ပြီး နှစ်သိမ့်မိတော့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာငယ်လေးက လှည့်ကြည့်လာသည်။

"အဆင်ပြေသွားမှာပါ..ကိုယ်ရှိနေမှာပဲကို"

"ဒါပေမဲ့..အရင်ဆုံး မှုးလို့ အန်မိမယ်ထင်တယ် ဘယ်လိုလုပ်ရမလဲ?"

နောက်မှီထိုင်ချရင်း မူးမှာ သေချာနေပုံရတဲ့
ဂျီယွန်းစကားကြောင့် ရီမိသည်၊ ဒီကို သွားဖို့ပြင်ဆင်ကတည်းက သူမမှာ မူးမှာကြောက်လို့ အကုန် ပြင်ဆင်လာခဲ့သည်လေ။ ခရီး
သွားမယ်ဆို..မသွားခင်ထဲက သူမက ကြိုမှုး
နေခဲ့တာ..လေယာဥ် လက်မှတ်လေးတွေ့တာတောင် မနက်ထဲက ခေါင်းမူးချင်လာကြောင်း သူ့ကို တစ်လမ်းလုံး တဖွဖွ ပြောပြလာသည်။

"အမှုးပြေဆေး သောက်လာတယ်မလား"

"အွန်း.."

"အဲ့ဒါဆိုတော့ မဖြစ်လောက်ပါဘူး
ကြောက်ရင်တော့ ကိုယ့်ကိုကိုင်ထားပေါ့"

"အင်း..."

ပြောရင်း တိတ်ဆိတ်သွားပြန်လေတဲ့ ကလေးက သူ့ကြည့်ရင်း ငြိမ်သွားပြန်သည်။ ဘာတွေ တွေးနေလဲတော့ မသိပေမဲ့ စဥ်းစားနေတဲ့ပုံစံလေး ကြည့်ရတာတော့ နက်နက်နဲနဲ။ 

"ဒါနဲ့..Jeon နောက်လည်း
ခရီးတွေ ထွက်ဦးမှာမလား..ဒီလိုမျိုးလေ"

"အင်းပေါ့..ကိုယ်က အလုပ်ရှိတော့ သွားနေရမှာပေါ့ ဘာလို့လဲ"

"အာ..ဒါဆိုရင်တော့ မဖြစ်သေးဘူး ဂျုံးဂုမပါရင် အခေါက်တိုင်း ကြောက်နေလိမ့်မယ်
တစ်ယောက်တည်း ကျော်ဖြတ်ဖူးမှ..နောက်မကြောက်တော့မှာ.."

"အဟက်...ဟုတ်ပါပြီ"

သူ့အတွေးနဲ့သူ သူ့လက်ကလေးကို ဖြုတ်ချပြီး တစ်​ယောက်တည်း ဖြတ်ကျော်ဖို့ ကြိုးစား
နေတာမို့ ဘာမှမပြောရက်တော့ လုပ်သမျှဟာ သဘောကျစရာဖြစ်နေတာမို့ ကြည့်သာကြည့်နေမိတယ်။ "ဂျုံးဂု မပါရင်တဲ့" ကြိုတွေးပြီး သတ္တိမွေးနေတာလေးကလည်း ကောင်းပေမဲ့ သူက သူမစိတ်နဲ့ အနိုင်နိုင်ရယ်။

သူမကို တစ်ယောက်တည်း ထားခဲ့နိုင်ဖို့ဆို
ရင်အပူခံနိုင်မှပဲ ရလိမ့်မယ်....။

တွေးရင်းနဲ့တင် လေယာဥ် စတက်လာခဲ့ပြီ။ဘေးကိုပဲ တရိပ်ရိပ် အကဲခတ် ကြည့်မိတော့ စိတ်သက်သာရာမရပဲ အဆင်မပြေတဲ့ ပုံလေးကြောင့် သူ့မှာ ပြုံးမိ၍ သူမလက်ကလေးကို သာ ခပ်ဖွဖွလေး အုပ်ကိုင်လိုက်မိသည်။

"လက်လေးဌားတယ်နော်..babe
ကိုင်ချင်ရင်ကိုင်လို့ရအောင်လို့...."

သူ့စကားအဆုံးမှာ လက်ကလေးတွေ ချက်ချင်းကို တင်းသွားတာမို့ ပြုံးမိပြန်သည်။

"ပခုံးလေးလည်း ဌားတယ်..မှီချင်ရင်မှီ-"

စကားတောင် မဆုံးသေးခင် သူ့ပုခုံးထက် သူမ ခေါင်းလေးမှီတွယ် ချလာတာမို့ အံ့သြသွားမိသလို ရယ်လိုက်မိ​​သေးသည်။ ကြောက်နေတာလေးကတောင် ချစ်ဖို့​ကောင်းလိုက်တာ..တကယ်ပဲ ဒီကလေးဟာလေ။

ဒီခရီးစဥ်ကြီးကတော့
တကယ်ပျော်ဖို့ကောင်းတော့မှာပဲ.....။

~•~•~

"အဆင်ပြေရဲ့လား
မမူးတော့ဘူးမလား ကလေး.."

ရယ်သံလွင်လွင်ကလေးနဲ့ ဆံပင်လေးကို လာသပ်ပြီး မေးလာသည့် ဂျုံးဂု အသံကြောင့် မှိန်းနေရာမှ မထခင် ကုတင်ထက်မှာ လူးလိမ့်လိုက်မိသေးတယ်။ မူးနေတာမဟုတ်ပဲ ရီဝေနေတာမို့ ခေါင်းထဲ နှောက်ကျိကျိနဲ့ ပြန်တောင် မဖြေနိုင် ဒါတောင် ပြည်တွင်း ခရီးစဥ်
နီးနီးလေး စီးလာရလို့ တော်သေးသည်။

"​အွန်း..မမူးတော့ဘူး"

"ဟင်..မေးထားတာပဲ ကြာပြီကို babe.."

သူ့အဖြေကြောင့် သူမ ကြောင်သွားမိတယ်။
ခေါင်းနောက်လို့ စိတ်ရှိလက်ရှိ လူးလိမ့်နေခဲ့တာ ဘယ်နှစ်ကမ္ဘာလောက်ခြားသွားလဲ မသိ
ကြောင်တောင်တောင် ဖြစ်နေတဲ့ သူမကို ကြည့် ရီရင်း ဘယ်တုန်းထဲက မှာထားသည် မသိတဲ့ သံပုရာရည်လေး ကမ်းပေးလာသည်။

"Jeon..အကယ်လို့လေ ကျွန်မ ဂျယ်ဂျူသွား
ဖို့ မရွေးခဲ့ဘူးဆိုရင် Jeon ဟန်နီးမွန်းအတွက်
ဘယ်သွားဖို့ စီစဥ်ထားလဲဟင်"

"ကိုယ်လား..London ပေါ့ babe"

"အာ..အင်္ဂလန်ကိုလား"

"အွန်း..ဒါပေမဲ့ အခုဂျယ်ဂျူသွားတာပဲ အဆင်ပြေမယ်ထင်တယ်..မဟုတ်ရင် ဟိုက
လေယာဥ်ချိန်နဲ့ဆို 12 နာရီလောက် စီးရမှာ
ကလေး မူးလို့ လိမ့်နေလိမ့်မယ်.."

သူပြောတာ နားထောင်နေရင်း လေယာဥ်ချိန် 12 နာရီလည်းဆိုကော ဟန်တောင်မဆောင်နိုင် သောက်နေတဲ့ သံပုရာရည်ဓာတ်ကလေး ပျောက်ပြီး ခေါင်းမူးချင်လာတဲ့ ခံစားချက်
ကြီး တရိပ်ရိပ်တက်လာပြန်သည်၊ စိတ်ညစ်ညစ်နဲ့ ဝဲကျနေတဲ့ ဆံပင်တွေကို ဘယ်နှစ်ခါမြောက်မှန်းမသိ နောက်ကျိကျိနဲ့ ဆွဲဖွမိပြန်တော့ ကြည့်နေတဲ့ ဂျုံးဂုက ရိပ်မိစွာ နှုတ်ခမ်းပါးတွေ ကွေးညွှန့်သွားပြန်သည်။ ထို့နောက် ကုတင်စွန်းလေးမှာ ဝင်ထိုင်ရင်း သူမ ဆွဲဖွထားတဲ့ ဆံပင်တွေကို သေသေသပ်သပ်လေး ဖြစ်အောင် ပြန်သပ်
ပေးလာသည်မှာ အဖေတစ်​ယောက်အလား။

"ခဏလောက်..နားနေလိုက်ပါ ပြီးမှ ကိုယ်တို့
ညနေကျမှ အပြင်ထွက်ပြီး ဝက်မဲသား သွားစားကြတာပေါ့"

သူ့စကားကြောင့် နည်းနည်းလေးတော့ တွေဝေသွားမိတယ်။ ညနေမှလား..မဟုတ်သေးပါဘူး​ ဟန်နီးမွန်းထွက်လာတာကို အခန်းထဲမှာပဲ ​အချိန်ကုန်နေလို့ ဘယ်ဖြစ်ပါ့မလဲ။

"ရတယ်..Jeon မနားဘူး အခု သွားရအောင်
ဂျယ်ဂျူရောက်ပြီဆိုတော့ ဝက်မဲသား သွားစားချင်တာ မလား သွားစားရအောင်လေ"

"အင်?..သွားချင်တာ..သေချာရဲ့လား ကိုယ်က ကိစ္စမရှိပေမဲ့ မင်းဖျားနေလိမ့်မယ် babe"

"ဟီး..ဖျားတော့လည်း အိမ်ရောက်မှ ဖျားတာပေါ့ သွားရအောင်"

"ဟုတ်ပြီ..babe သွားရအောင်
လေညှင်းလေး ဘာလေး ခံရအောင်လို့"

ကမ်းပေးလာတဲ့ သူ့လက်ကလေးကို တွဲရင်း
အတူထွက်လာခဲ့မိတယ်။ လက်ကလေး
တစ်ဖက်ကလည်း သူမကို လွှတ်မသွားအောင် ဆုပ်ကိုင်ထားရင်း လက်ကလေး တစ်ဖက်ကလည်း ဖုန်းလေးတစ်ဖက်နဲ့ ဂျယ်ဂျူက ကောင်းရာနိုးနိုး restaurant တွေကို Na​ver ခေါက်ရှာနေတာကို မြင်မိတဲ့အခါ သူမ ပြုံးမိသည်။

ချစ်ရတဲ့သူက အစားတစ်လိုင်းလေး..။

~•~•~•~

ဖြူဖျော့ဖျော့ကောင်းကင်ရောင် နောက်ခံနဲ့ အနည်းငယ် လှိုင်းထန်နေပေမဲ့လည်း ပြာလွင်နေတဲ့ ဂျယ်ဂျူရဲ့ပင်လယ်ကြီးက သိပ်ကိုလှသည်။ လေသင့်ရာ လမ်းကြောင်းအတိုင်း ယိမ်းနေတဲ့ အုန်းပင်စိမ်းလေးတွေကို စီပြီး မြင်တွေ့လိုက်ရတဲ့ အခါ ဂျယ်ဂျူရဲ့အငွေ့
အသက်လေးတွေ ပို၍ပင် လွှမ်းခြုံသွားသလို ခံစားလိုက်ရသည်။

ငေး​ကြည့်လေလေ..အသက်ရူဝလေလေမို့
သူမ အကြည့်မလွှဲမိ..မှန်ပြင်နားက စားပွဲဝိုင်း
ကို ရသည်မို့ စိတ်ကြိုက်ကို ငေးကြည့်လို့ရနေသည်။ ဂျုံးဂုကို ကြည့်မိတဲ့အခါမှာလည်း
သူလည်း သူ့စိတ်ဝင်စားရာနဲ့သူ ကင်ထားတဲ့ ဝက်သားတွေ ထက်၌သာ အာရုံရောက်နေတာမို့ သူမ ပြုံးမိသည်။ တကယ်..အစားတစ်လိုင်းလေး။

"Babe.."

"hmm?"

"အာာ.."

ပူပူနွေးနွေးပင် လောလောလတ်လတ် ကင်ထားတဲ့ အသားတစ်ဖတ်ကို တူနဲ့ယူပြီး ကလေးလို ခွံကျွေးနေတာမို့ သူမ အံ့သြသွားမိတယ်။ အရင်ဆုံးကျွေးတာလား...

"ပူတယ်..ဖြည်းဖြည်းစား"

လျှာပူတာ..မပူတာ မသိ အချစ်တွေနဲ့တော့ ရင်ထဲ အတော်အေးနေလေပြီ ထို့အတူ
အိစက် နူးညံ့တဲ့ အသားဓာတ်ကလည်း စိမ့်ဝင်လာမို့ နေရင်းထိုင်ရင်း လောကကြီးကိုပင်
မေ့ချင်သွားသည်။

"အရသာရှိတယ်~"

"ဟုတ်လား..ဆလပ်ရွက်နဲ့ ထုပ်စားရင် ပိုအရသာရှိလိမ့်မယ်..ထင်တယ် အာာ"

"jungkook..စားလေ"

ချက်ချင်း ခေါင်းယမ်းပြလေတဲ့သူ။ ကလေး
အတွက်ဆိုတဲ့ သဘောဖြင့် ကျွေးကိုကျွေးရမယ်လို့များ သတ်မှတ်ထားလေသလား
မသိ မစားမချင်း ခွံကျွေးရတဲ့ အမှုမှာ ပျော်နေလေတော့ သူမ ပြုံးမိရင်း ထပ်စားလိုက်ရပြန်သည်။ သူခွံကျွေးလို့ စားလိုက်တဲ့အခါကျရင်လည်း ကြယ်လေးတွေ ဖြတ်ခနဲ ကြွေကျသွားသလို တောက်ပသွားတတ်တဲ့ သူ့မျက်လုံးဝိုင်းဝိုင်းတွေက သိပ်ချစ်စရာကောင်းလွန်းနေသည်။

"ဘယ်လိုလဲ.."

"အရသာရှိတယ်..တကယ် အရသာရှိတာမို့
jungkook က ဝက်သားကြိုက်တယ်မလား မြန်မြန်စားကြည့်.."

သူမက အရသာရှိကြောင်း လက်မလေးတထောင်ထောင်နဲ့ မျက်နှာလေးက စားကောင်းလို့ တစ်ဖုံ အရသာရှိကြောင်း တစ်ဖုံနဲ့ ဖောင်းအစ်နေတဲ့ ပါးဖောင်းဖောင်းလေးကအစ မျိုးစုံ ချစ်ဖို့ကောင်းစွာ ဖော်ပြရင်း စကား
မဆုံးခင်မှာပဲ သူ ထပ်ကျွေးနေမှာစိုးလို့ အသားတစ်ဖက် အမြန် ကောက်ထည့်ပြီး ဆလပ်ရွက်နဲ့ ထုပ်ပြီး ခွံကျွေးတာမို့ ဂျီယွန်းရဲ့ အချစ်တွေကို ပျော်ရွှင်စွာနဲ့ပဲ လက်ခံလိုက်တော့သည်။

များမကြာမီ ထပ်မံ မှာယူထားသော အစား
အသောက်များအကြား သူတို့၏ နေ့လည်စာ စားသောက်ခြင်းသည် မြန်ဆန်စွာပင် ပြီးစီးသွားခဲ့သည်။

"မသွားခင် ဘာစားဦးမလဲ..ကလေး"

"အင်း..."

ထောင့်ကပ်သွားသော သူမ မျက်လုံးလေးတွေက စဥ်းစားနေဟန်။ သို့ပေမဲ့ သူ့ဆီသို့ မဝံ့မရဲ လှမ်းအကဲခတ်လာသည့် မျက်နှာနုနုလေးက တစ်ခုခုကိုပြောဖို့ အရိပ်အကဲခတ်နေသည့် ပုံစံမျိုးမို့ မဟုတ်မှလွဲရော...။

"ရေခဲမုန့်လား"

အဖြေမှန်သွားသည့်ပုံစံမျိုး ပြုံးစစနဲ့ ခေါင်းလေးတွေ တသွင်သွင်ငြိမ့်ပြတာကြောင့် သူပြုံးလိုက်မိတယ်။ အေးလို့ မစားစေချင်ပေမဲ့
ဒီတစ်ခေါက်ကတော့ ချွင်းချက်ပင်။

"Strawberryလား Vanilla လား"

"jungkookဆိုရင် ဘာစားမှာလဲ"

"ကိုယ်လား..Vanilla ပေါ့"

"ဒါဆို..ကျွန်မလည်း Vanilla ပဲ"

စတော်ဘယ်ရီစားနေကျ ကလေးက Vanilla
ပြောင်းသွားတာမို့ သူ့အံ့သြသွားမိတယ်။ သူ့အတိုင်း လိုက်စားတာလား..။

"အကြိုက်ပြောင်းသွားတာလား"

"မဟုတ်ပါဘူး အချစ်က ပြောင်းပေးသွားတာပါ"

ငေးကြည့်နေမိတဲ့ သူ့မျက်လုံးတွေကို သေချာစိုက်ကြည့်ပြီး ပြုံးစိစိနဲ့ ဖလစ်သွားတဲ့ သူမ စကားကြောင့် အံ့သြမိပြန်သည်။ ပုံမှန်ဆို ဖလစ်တတ်တဲ့သူက သူပါ အခုတော့ သူမက ခြေတစ်လှမ်း သာသွားတဲ့အပြင် ကိုယ့်ဘာသာပြောပြီး ရှက်သွားတဲ့ပုံစံလေးကြောင့် အူယားမိပါရဲ့။ သူ့ဆီက အတတ်ကောင်းတွေ ရှယ်တတ်နေရှာတာ စကားတော့ နားမထောင်ရှာဘူး ချစ်ဖို့ကောင်းလိုက်တဲ့ကလေး..။

"ဟင်း..ကိုယ့်ဆီက အတတ်ကောင်းတွေ..တတ်နေတယ်"

ဆူသလိုပြောမိတော့ ရီပြီးကျန်ခဲ့တဲ့ သူမဆံနွယ်တွေကို အသာဆွဲဖွကာ ရေခဲမုန့်မှာပေးဖို့ သူထွက်လာခဲ့မိတယ်။စားသောက်ဆိုင် လေးက ဂျယ်ဂျူမှာ နာမည်ရတဲ့ စားသောက်
ဆိုင်လေးပီပီ အချိန်တိုင်း စားသုံးသူများနဲ့ ပြည့်ကျပ်လို့နေသည်၊ လူများပေမဲ့လည်း သန့်ရှင်းသည့် ဆိုင်အနေအထားလေးကိုသဘောကျမိစွာ တစ်ခေါက်ဝေ့ဝဲကြည့်မိရင်း မသိစိတ်နဲ့ စေ့ဆော်မှုအရ ဂျီယွန်းကို တစ်ချက် ပြန်လှည့်ကြည့်မိတယ်...။

မှန်နားက စားပွဲခုံဝိုင်းလေးမှာ ထိုင်နေသည့် တစ်​ဦးတည်းသော ပုံရိပ်လေးက ဖြူဖျော့နေ
သည့် ကောင်းကင်ရောင်အောက်မှာတောင် သူမက နတ်သမီးလေးလိုပင်။ အပြင်ကို ငေး
ကြည့်နေလေတဲ့ ပုံရိပ်လေးက သိပ်ကို ကျော့ရှင်းနေလေတော့ ဘယ်လိုကြည့်ကြည့် သိပ်လှတာမို့ လှည့်ကြည့်မိတဲ့ တခဏမှာတင် သူပြုံးမိသည်။ သို့ပေမဲ့ အပြုံးတွေသည် သိပ်တော့ ကြာကြာမခံလိုက်၊ သူ့အပြင် သူမဆီကို စုပုံပြီး တိုးတိုးတိတ်တိတ် အကဲခတ်နေကြသည့် မျက်ဝန်းတချို့ကို မြင်ရတော့ မပြုံးနိုင်တော့ပေ။

သူမက သိပ်လှတာ သိပေမဲ့ တပါးသူတွေ ငေးကြည့်တာလည်း မခံစေချင် မကြိုက်တာ
ဆို ပိုမှန်မည်။ သဝန်တိုမှုတွေသည် တရိပ်ရိပ်
နဲ့ သူ့အပိုင်မှန်း သိတာတောင် စိတ်မချနိုင်အောင်အထိ စွဲလမ်းသွားအောင် ဂျီယွန်းက ဘယ်လောက်ထိ ပြုစားထားခဲ့လဲ မသိပေမဲ့
ကြားထဲမှာ ကန့်လန့်ကာကြီး ကာထားပေးချင်လာသည့် စိတ်တွေ တဖွားဖွား ဖြစ်နေတာကို သူမသာ သိရင် ရီနေတော့မည်။

ပါးစောင်ကို ဘယ်နှစ်ခါလောက် လျှာနဲ့ ထိုးနေမိမှန်း မသိတော့ မှာထားသည့်
ရေခဲမုန့်ကိုပင် မေ့မေ့ပျောက်ပျောက်..။

တကယ် အိတ်ကပ်ထဲ ထည့်ပြီး
ဖွက်ထားလို့ရရင် သိပ်ကောင်းမှာပဲ.....။

"ဘာဖြစ်လို့လဲ.."

Vanilla ရေခဲမုန့်လေးကို သူမဆီ​ ထိုးပေးပြီး
တစ်ယောက်တည်း မှုန်ကုပ်ပြီး ပြန်ဝင်ထိုင်
လာတဲ့ သူ့ကြောင့် ကြောင်သွားတာတော့ အမှန်ပင်။ သွားတုန်းကနဲ့မတူ မှုန်ကုပ်ကုပ်
နဲ့ ဖြတ်ခနဲ ကောက်ထိုင်ချတာမို့ မေးကြည့်လိုက်တော့ ပင့်ကြည့်လာတဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အလိုမကျမှန်း သိပ်သိသာလှသည်။

"ဒီဆိုင်ကို မလာပဲ Hotel restaurant ကိုပဲ
သွားလိုက်ရမှာကွာ.."

"ဘာဖြစ်လို့လဲလို့"

"ဒီကလူတွေကို..ကြည့်ရတာ အသဲပေါက်လာလို့"

မကျေမနပ်နဲ့ ပြန်ဖြေသံအဆုံး မျက်မှောင်ကြီးကြုံပြီး တစ်ခုခုကိုမျက်စပစ်ပြတာမို့ သူမ အူတူတူနဲ့ပင် ဆိုင်အတွင်းကို ဝေ့ဝဲကြည့်လိုက်မိတော့ သူမတို့ ထိုင်နေတဲ့ နေရာဆီ သို့မဟုတ် သူမဆီကို ခိုးခိုးပြီးအကဲခတ်နေတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရပေမဲ့ ကြည့်ရုံပဲမို့ မထူးဆန်းစွာ သူ့ပြန်ကြည့်မိမှ ရယ်ချင်သွားသည်။ ဘာလဲ..သဝန်တိုနေတာလား အခု။

ဆိုင်ထဲက လူတွေက..ပြတင်းပေါက်နဲ့နီးလို့ အပြင်ကို လှမ်းကြည့်တာလား သူမ လှလို့ လှမ်းလှမ်းကြည့်တာလား မသဲကွဲပေမဲ့ မျက်နှာကြီးတည်ကာ ဆူပုတ်မှုန်ကုပ်နေတဲ့
သူ့ကိုကြည့်ရင်း အရမ်း ​စချင်လာသည်။

"Ah..ကြည့်ပါစေ လှလို့ကြည့်တာပဲကို"

"Babe!"

"hee..စတာ..စတာ"

မပြောင်းမလဲ ပို၍ပင် မှုန်ကုပ်သွားသည့်
သူ့ကိုလည်းစရင်း ရေခဲမုန့်တစ်ဇွန်း ခပ်စားနေစဥ် သူမထံ ဝဲကျလာသည့် မျက်ဝန်းတွေ
ကြောင့် အကြံရစွာ ရေခဲမုန့်တစ်ဇွန်းကို ဂျုံးဂု
ဆီ ချက်ချင်း ခွံကျွေးမိတော့ သူမကို ကြောင်
တောင်တောင်နဲ့ ပြန်ကြည့်လာသည်။

"မြန်မြန်စားလေ..ကလေးတွေကြည့်နေတယ် စုံတွဲမှန်း သိစေချင်တယ်မလား.."

မျက်စောင်းထိုးက ကျောင်းသားအုပ်စုကို
အကြောင်းပြမိတော့ သူ့မျက်ခုံးတွေ ပင့်ခနဲ။

"လင်မယားပါ.."

"မင်းက..ကိုယ့်မိန်းမ ကိုယ်က မင်းယောင်္ကျား"

နှုတ်ခမ်းလေး တထော်ထော်နဲ့ မကျေမနပ် ပြန်ပြောရင်း သူမ ခွံကျွေးသည့် ရေခဲမုန့်ကို
အမြန်ပင် ကောက်စားသွားတာမို့ အသံထွက်အောင်ပင် ရယ်မိသွားသည်။

တကယ်ပါပဲ..သဝန်တိုချက်ကတော့။

"အဲ့ဒါဆိုလည်း..လက်ထပ် လက်စွပ်ပဲ
ထောင်ပြလိုက်လေ"

"တကယ်လား?"

"မဟုတ်ဘူးလို့!"

ထို့သို့နှင့် မကြာခဏ ရယ်သံလေးတွေ ပျံ့လွင့်လာတတ်သည့် ထိုစားပွဲဝိုင်းလေးမှ စုံတွဲလှလှလေး နှစ်ယောက်ကို ပတ်ဝန်းကျင်သည် ပြုံးစစနှင့် သတိပြုမိနေပြီဖြစ်သည်...။

နှစ်ဦးတည်း တည်ထားသော ကမ္ဘာငယ်
သည် ထင်ထားတာထက် ပိုကျယ်ဝန်းပုံရတာမို့ ပြုံးယောင်သန်းသွားသည့် အပြုံးများကြား
ပျော်ရွှင်ခြင်းတွေက ကူးစက်တတ်လာသည်။
ဖြတ်သွားဖြတ်လာတွေ ရှိခဲ့မယ်ဆိုရင်တောင်
မည်သူကမှ ညားခါစ စုံတွဲလေး မဟုတ်မှန်း
စောဒက တတ်မည့်သူ မရှိလောက်တော့ပါ..။


~ • ~❦~ • ~

" ကြည့်ပါဦး..ရေတွေကြည်နေတာပဲ.."

ကြည်လင်​နေတဲ့ ကမ်းစပ်က ရေတွေကို ငုံ့ကြည့်ရင်း ဂျီယွန်းရဲ့ အသံသည် ရွှင်ပျနေ၏။
အေးစိမ့်နေသည့် လေအေးတွေကြား သူမရဲ့ ဆံနွယ်တွေဟာလည်း ဝဲလွင့်လို့၊ လှိုင်းထန်
နေသည့် ဆောင်းပင်လယ်ကြီးနှင့်အတူ လေတိုးသံတွေဟာလည်း ကျယ်လောင်လှသည်။

"အင်း..ရေထဲ မဆင်းနဲ့နော်..ကလေး"

"ဟုတ်ကဲ့ပါ"

စားသောက်ဆိုင်ကနေ သူတို့ ပြန်ထွက်လာကြပြီးနောက် ကမ်းစပ်လေးဆီသွားပြီး ခဏတာအပန်းဖြေနေကြခြင်းပင်။ အနည်းငယ် လှိုင်းထန်နေတဲ့ ဆောင်းပင်လယ်ကြီးက သိပ်လှပေမဲ့ ဒီနေ့မှ လေတွေ သိပ်တိုက်နေသည်။ သူမတော့ မသိ သူပင် မျက်လုံးတွေ ကျိန်းစပ်ပြီး လက်ဖျားတွေ အေးစိမ့်စိမ့်နဲ့။

"ပြီးရင်..ဒီနားမှာ နားနေစခန်း တစ်ခုရှိတယ်
တစ်ခုခု ဝယ်ဦးမလား..babe"

"ဟုတ်..သွားမယ်လေ"

ပြောပြောဆိုဆို နံဘေးက ​သူ့လက်ကို ဂျီယွန်း က လှမ်းကိုင်လိုက်တဲ့အခါ အံ့သြသွားဟန်နဲ့။

"Jeon လက်တွေ အရမ်းအေးနေပြီပဲ"

"အာ..နည်းနည်းပါ babe"

ပျော်ရွှင်နေတာလေးကို မဖျက်ရက်တာမို့
စိတ်မပူစေချင်လို့ ခပ်မြန်မြန်ပင် သူငြင်းဆိုလိုက်ပေမဲ့ ကံမကောင်းစွာ သူသည် အအေးမိလွယ်သည့်သူမျိုး ဖြစ်နေသည်။

"မဟုတ်ဘူး..Jeon တကယ် အေးနေပြီရယ် ဒီမှာက လေအရမ်းတိုက်တာမို့ ဟိုနားက Cafe လေးမှာ စောင့်နေပါလား ကျွန်မ ဘယ်မှ မသွားဘူးလေနော် ဒီနားတဝိုက်မှာပဲ
ရှိနေမှာမို့ နွေးသွားအောင် တစ်ခုခု ဖြစ်ဖြစ် ဝယ်သောက်လိုက်ပါ"

ငြင်းဆန်ဖို့ ထပ်ပြင်လိုက်ပေမဲ့ တဖြည်းဖြည်း
အေးလာတဲ့ လက်တွေနဲ့ နာချင်နေတဲ့ သူ့အသံက ဂျီယွန်းကို ကြာကြာ မဖုံးကွယ်နိုင်ခဲ့
အဲ့ဒါနဲ့ပဲ သူစိတ်လျော့လိုက်ရသည်။

"ကျွန်မ..မကြာပါဘူး ခဏလောက် ကြည့်ပြီးရင် လာခဲ့မယ်လေနော်"

"အင်း..ကိုယ် ကြည့်နေမှာနော် babe
အဝေးကြီးတွေ မသွားနဲ့"

"ဟုတ်ကဲ့ပါ"

သူမကို တစ်ယောက်တည်း ထားခဲ့ရပေမဲ့ လူသူရှင်းတဲ့ အချိန်မို့လို့လားမသိ သူစိမ်းဘာညာနဲ့ တိုးမှာကို သူ သိပ်ပြီး စိတ်မပူမိပါ ကဖေးဆိုင်လေးက ကမ်းစပ်နဲ့ အနီးဆုံးမှာဖြစ်တာမို့လို့လည်း ဖြစ်လိမ့်မည်။ ကဖေး ဆိုင်လေးထဲ ဝင်လိုက်လာတဲ့ ပျံ့လွင့်လာတဲ့ ရနံ့ပေါင်းစုံက သိပ်ကို နွေးထွေးသွားတာမို့ မရတော့ ဂျီယွန်း ပြောသလို အရမ်းအေးပြီမို့ တစ်ခုခုတော့ သောက်မှ ဖြစ်တော့မည်။

"Coffee တစ်ခွက်..latte တစ်ခွက်"

ကောင်တာလေးဆီသွားပြီး ဂျီယွန်းအတွက်ပါ ပေါင်းမှာရင်း နောက်ကိုလည်း စိတ်မပြတ်စွာ ကမ်းစပ်ကို လှမ်းလှမ်းကြည့်မိသေးတယ်
မျက်စိအောက်က ပျောက်တာနဲ့ ပျောက်သွားမှာကို စိုးရိမ်လို့ပင်။ ကဖေး ဆိုင်လေးရဲ့ အပြင်ဘက်မှာ Ocean view ကို ခံစားရင်း အေးအေးဆေးဆေး ထိုင်ကြည့်လို့ရတာမို့ ကမ်းစပ်နားက သူမကို မျက်စိအောက်မှာတင် မြင်နေရသေးသည်။

မှာပြီး ဆိုင်အပြင်မှာ နေရာလေးယူရင်း စိတ်မပြတ်စွာ ကမ်းစပ်နားကို ပြန်လှမ်းကြည့်လိုက်မိစဥ် ဘာဆိုဘာမှမရှိတော့သည့် မြင်ကွင်းက သူ့ကို အလိုလိုပင် ခြောက်ခြားသွားစေသည်။

"Babe.."

ရင်ထဲ ဒိန်းခနဲဖြစ်သွားတာမို့ အရပ်မျက်နှာ အစုံကို ထူပူပြီး လိုက်ကြည့်မိပေမဲ့ သူရှာနေသည့် ပုံရိပ်ငယ်လေးကို ရှာတွေ့ရမယ့်အစား လစ်ဟာနေသည့် မြင်ကွင်းတွေသာ မြင်တွေ့
နေရတာမို့ ကြောက်စိတ်နဲ့ လက်တွေကိုပါ
အလိုလို ဆွဲ၍ ကုတ်ခြစ်မိသည်..။

ဆုံးရှုံးရမှာကို စိုးရိမ်လွန်ခဲ့မှုတွေက ကြောက်ရွံမှုတွေ အဖြစ် ကူးပြောင်းသွားခဲ့သည်လား
သူမသိ တကယ့်တကယ်တမ်း ပျောက်သွားပြီ
လို့ သိလိုက်ရတဲ့အချိန်မှာ အသည်းအသန် ရှာဖွေနေမိပေမဲ့ ဘာမှမရှိတဲ့ မြင်ကွင်းတွေကို အထပ်အထပ်အခါအခါ မြင်တွေ့နေရတာကိုကပင် အိမ်မက်ဆိုး တစ်ခုလို သွေးပျက်လွန်းလို့ အသံတောင် မထွက်နိုင်တော့...။

လေပြင်းတွေကြား ဘာလုပ်ရမည်မသိတော့
ရင်ထဲ တဆစ်ဆစ်နဲ့ တရိပ်ရိပ်တက်လာသည့် ဒဏ်တွေနဲ့ ​ကြောက်ရွံမှုအကြား မျက်လုံးတွေပါ ပြာချင်လာသည်။

ကိုယ်က မင်းမရှိပဲ ဘယ်လိုမှ မနေနိုင်တာကို သိရဲ့သားနဲ့ ကိုယ့်ကလေးရယ်...။

"Jungkook!"

နောက်က ဆွဲခေါ်သံနဲ့အတူ ခါးထက်ကို
တင်းကြပ်စွာ ဖက်တွယ်လာတဲ့ လက်တွေရဲ့
ထွေးဖက်မှုကို ခံစားလိုက်ရပြီး ရင်ခွင်ထဲ
အနွေးဓာတ်ကလေး ပြန်ရောက်လာသည်။

"ဘာဖြစ်လို့လဲ..ဘာဖြစ်လို့ ရုတ်တရက်ကြီး
ပြေးထွက်သွားတာလဲ.."

"မင်း...ပျောက်သွားပြီ ထင်နေတာ"

သတိဝင်လာချိန်မှာ ပင်လယ်ကမ်းစပ်နား သူရောက်နှင့်နေပြီးဖြစ်သည်။ ရင်ခွင်ထဲက
သူ့ဆီပြန်ရောက်လာတဲ့ ဂျီယွန်းကို ကြည့်ပြီး
မအံ့သြနိုင် ထပ်ပြီး ပျောက်သွားမှာစိုးလို့
တိုး၍ဖက်မိတော့ မျက်လုံးအဝိုင်းသားနဲ့ သူမ က မော့ကြည့်လာသည်။ လေပြင်းတွေကြောင့်လား သူ့ကြောင့်လားမသိ ဂျီယွန်း မျက်လုံးအိမ်တွေမှာလည်း မျက်ရည်တွေ ရစ်ဝိုင်းနေသည်။

"ဘာဖြစ်လို့လဲလို့..?"

သူ့ပါးပြင်ကို သူမလက်ကလေးနဲ့ လာထိတွေ့မှ သတိထားမိတယ်၊ သူငိုနေမိတာပဲ။
ဒီလောက်ထိ အားနည်းသွားတဲ့ ပုံစံကို မပြချင်တာကြောင့် ဘာရယ်မဟုတ် ဒေါသဖြစ်မိရင်း ကျဆင်းနေပြီဖြစ်တဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်သည်။

"Ah..တကယ်ပါပဲ! ကိုယ်..မင်းပျောက်သွားပြီ ထင်လို့ လန့်သွားတာပဲ..အဝေးကြီးတွေ မသွားပါနဲ့ဆို ဘယ်ရောက်သွားတာလဲ!"

တစ်ခုခုပြောပြလုပ်နေတဲ့ ဂျီယွန်းခမျာ လန့်သွားလေဟန်။ သူအော်တာနဲ့ မယုံနိုင်သလို ကြည့်ရင်း ငြိမ်ကျသွားတော့မို့ ကူကယ်ရာမဲ့ တုန်လှုပ်သွားလေတဲ့ သူမ မျက်ဝန်းတွေကို
ကြည့်မိမှ သတိပြန်ဝင်မိတယ်။

သေစမ်း! ဘာလို့အော်လိုက်မိတာလဲ..

"မဟုတ်ဘူး!"

အထင်လွဲသွားမှာ သိပ်ကြောက်သွားမိတာမို့
သူမ လက်ကလေးတွေကို ပြန်ဆွဲပြီး ရင်ခွင်ထဲ ပြန်ထွေးပွေ့ထားလိုက်မိတယ်။ တုန်လှုပ်သွားတဲ့ ဂျီယွန်း မျက်ဝန်းတွေကို မြင်ရတာ သူ့အတွက်တော့ ငရဲကျသလိုပင်..။

"တောင်းပန်ပါတယ်..ဆူတာ မဟုတ်ပါဘူး babe ကိုယ်အရမ်းလန့်သွားလို့ပါ တကယ် တောင်းပန်ပါတယ်.."

သူ့ဘာသာပဲ အော်မိလို့ သူဘာသာပဲ လန့်ပြီး သူမကို ဖက်၍ ပြန်တောင်းပန်ရှာသည့် ဂျုံးဂု
ကို ကြည့်ပြီး ဝမ်းနည်းမိသည်၊ လန့်တာတော့
တကယ် လန့်သွားတဲ့ပုံမို့ အနည်းငယ် တုန်ရီနေတဲ့ သူ့ကျောပြင်ကို ပြန်ဖက်မိရင်း ပုခုံးလေးကိုပုတ်ပြီး စိတ်လျော့ဖို့ နှစ်သိမ့်ရသည်..။

"ဟို..တကယ်တော့..ဘယ်မှမသွားပါဘူး
ဒီအနီးနားမှာပဲ ရှိနေတာ..ဟိုမှာ hanra bon ( volcano orange ) တွေ့တာနဲ့ သွားဝယ်နေတာ ဂျယ်ဂျူစျေးထဲ ရောက်ရင် လူတိုးနေရ
မှာစိုးလို့"

သူမ ညွှန်ပြသည့် သစ်သီးဆိုင်လေးကို လှမ်းကြည့်မိတော့ ပို၍ပင် အံ့သြသွားမိသည်။ တကယ်ကိုပင် ကဖေးနဲ့ ကပ်လျက် နှစ်အိမ်စာလောက်ပဲ ခြားတာမို့ စိတ်တွေ ပိုရှုပ်ထွေးသွားရသည်။ လှည့်ပတ်ပြီးလိုက်ရှာတုန်းက ဘာလို့ မမြင်ခဲ့ရတာလဲ..ဆိုင်ထဲမှာရှိနေလို့လား သူကန်းပဲကန်းသွားခဲ့တာလား!

ထူပူပြီး စိတ်တွေပဲ လွတ်သွားတာလား
မသိတော့..သူတကယ်ကို ဘာမှမသိတော့...။

အိမ်မက်ဆိုးကြီးဆီက လွှတ်မြောက်လာရတဲ့ ခံစားချက်နဲ့ တွေးတွေးပြီး ရူးချင်သည်။

"တောင်းပန်ပါတယ်..ဂျုံးဂု လန့်သွားမယ်မှန်း သိရင်တော့ သွားမဝယ်ပါဘူးရယ်"

"........."

သူမကို ဘာမှမပြောတော့ပဲ ငြိမ်ပြီး ကြည့်နေတာမို့ သူမလည်း ဘာထပ်ပြောရမည်မသိ၊  စိုးရိမ်လို့ မသက်မသာဖြစ်နေတဲ့ သူ့ကိုလည်း ရဲရဲ မကြည့်ရဲပေ။ တဝေါဝေါတိုက်နေတဲ့
လေအေးတွေကြား သူ့သက်ပြင်းချသံ ငွေ့ငွေ့လေးက စိုးရိမ်စိတ်တို့ကို ကြီးစေသည်။

သို့ပေမဲ့ အထင်နဲ့ တလွဲစီပင် နားထဲ အရာအားလုံး တိတ်ဆိတ်သွားချိန်မှာ သူမ လက်ကလေးကို ဖြတ်ခနဲ သူဆုပ်ကိုင်လာသည်မို့
စိုးရိမ်ထားသမျှ မျက်ရည်ပင် ဝဲချင်သွားသည်။ စိတ်များ ဆိုးသွားပြီလားလို့ ထင်နေခဲ့တာ..မော့ကြည့်မိတော့ မသက်မသာဖြစ်နေတဲ့ သူ့မျက်ဝန်းတွေဟာ အားနာမှုတွေ အပြည့်။

"ကိုယ် latte မှာထားတယ်..ကလေး သောက်မယ်မလား"

"ဒါပေါ့..သွားသောက်ရအောင်"

သူထပ်ပြီး စိုးရိမ်နေမှာစိုးလို့ သူ့လက်တွေကို
တင်းနေအောင် ပြန်ဆုပ်ကိုင်ထားမိရင်း သူမအရင်ဦးဆောင်ကာ ကဖေးဆိုင်လေးဆီ
ချီတက်ခဲ့သည်။

"ကလေး"

"ဟင်.."

"အော်မိတာ..တောင်းပန်ပါတယ်
စိတ်မဆိုးပါနဲ့"

နံဘေးက မဝံ့မရဲစွာ ထွက်လာသည့် သူ့တောင်းပန်သံကြောင့် သူမ ပြုံးလိုက်မိရင်း အစိုးရိမ်လွန်နေတဲ့ သူ့ပါးပြင်လေးကို နစ်နေအောင် နမ်းရှိုက်လိုက်မိသည်။ ရုတ်တရက်နမ်းရှိုက်ခံလိုက်ရတယ်ဆိုပေမဲ့ သူပြုံးသွားမှသာ သူမလည်း စိတ်သက်သာရတော့သည်။

မျက်နှာ မညိုးအောင် ထားတတ်တဲ့ သူ့ကို
သူမကလည်း ဘယ်လိုမှ မျက်နှာညိုးခွင့်
မပေးနိုင်ပါဘူး..သိပ်ချစ်တာမို့။

~ ~ ~


"စားလေ..babe အေးကုန်တော့မှာပဲ"

နှမြောတသနဲ့ ဂျုံးဂုအသံကြောင့် သူမလည်း
ငေးနေတာကို ရပ်တန့်ပြီး လှည့်ကြည့်မိတော့ အငွေ့တထောင်းထောင်း ထနေသည့် အူဒုံနဲ့ ငါးအူချောင်းစွပ်ပြုတ်တွေက ဆီးကြိုနေသည်။ စားပွဲထက်မှာလည်း နားနေစခန်းက ဝယ်လာသည့် လမ်းဘေးစာတွေက တပုံတပင်။ သူ့ကြည့်မိတော့လည်း ပင်လယ်စာလေး ငုံ့စားလိုက် Soup လေး မော့သောက်လိုက်နဲ့ ရိုးရိုးရှင်းရှင်းပင် အရသာရှိစွာ စားသောက်နေသည်။

ကြည့်ပြီး သူ့ကို အားကျလာတာနဲ့ အူဒုံလေး
တစ်ငုံ့ငုံ့စားရင်း ခုနကအထိ တဝကြီး ငေး
ကြည့်ခဲ့တဲ့ သမုဒ္ဒရာကြီးကို ပြန်ငေးကြည့်မိတော့ ပိုတောင် အရသာရှိသွားသလိုပင်..။

"အဲ့လောက်တောင်..သဘောကျလား
View ကိုလေ"

သူမ စားရင်းပြုံးနေမိတာကို မြင်သွားပုံရသည့် သူ့ဆီက အမေးသံထွက်လာတာမို့ မဖြေ
သေးခင် အရင်ဆုံး ပြုံးလိုက်မိတယ်။ သူ့ မျက်လုံးထဲမှာတော့ စိမ်းစိမ်းစိုစို ဂျယ်ဂျူမြင်ကွင်းတွေက မထူးဆန်းတဲ့ပုံပါပဲ။

"ကျတာပေါ့..ဒီမှာက သိပ်လှတာကိုး"

"နေမလား..ဒီမှာ ဒီနားလေးမှာ ကိုယ့်အစ်ကိုပိုင်တဲ့ Apartment ရှိတယ် သွားနေကြမလား"

"နေပါစေ..အခုနေနေတဲ့ အိမ်ကိုပဲ ပိုသဘောကျပါတယ်..Mafia house လေ"

ဒီနာမည်ကို သူ့ဘာသာသူပေးရင်း အားရပါးရ ပစ်ကြွေနေရှာသည့် ဂျီယွန်းကြောင့် စားရင်း လှောင်တယ်ထင်မှာစိုးလို့ သူကြိတ်ရီမိသည်။ အရင်က သဘောမကျခဲ့သလောက် အခုကျ သူ့ကလေးက တွေ့သမျှကို တအားစပ်စုရှာတာ..။

"လျှို့ဝှက်ခန်းတွေ အရေးပေါ်ခန်းတွေ မြေအောက်ခန်း တွေဘာတွေရှိရင် ပြောပြဦး လိုက်ကြည့်ချင်လို့"

"မပြောပြဘူး"

"ဟာ..Jungkook..လူဆိုး"

"အရင်ထဲက ဆိုးတာ ခုမှမဟုတ်ဘူး"

သူ့အဖြေကြောင့် တိုင်ပင်စရာမလိုပဲ ရယ်သံ
လေးတွေသည် လွှမ်းသွားပြန်သည်။ အစား
ကို အာရုံစိုက်လိုက် စကားပြောကြလိုက်နဲ့ သူ့ဟာသူတော့ ဟန်နီးမွန်းထွက်လာတဲ့ စုံတွဲပီပီ
လေထုလေးက ချိုမြိန်နေဆဲ။

"Jeon..ဒါကို ဘယ်လိုခေါ်တာ
ကင်းမွန်လား..ရေဘဝဲလား? ရေဘဝဲမလား"

စားလို့ပြီးမှ ဘာရယ်မဟုတ် ကျန်နေသည့် လက်တံတွေကို ကောက်ဝါးရင်း အတွေးတချက် ဝင်လာမိသည်။ လက်တံမကလို့ စားလို့ တစ်ပန်းကန်လုံးပင် ကုန်ပြီးဖြစ်ပေမဲ့ စားသာစားတာ ဘာမှန်းမသိ။ အပိုင်းပိုင်းဖြတ်ပြီး ကင်ထားတော့ ဘာမှန်း ပိုတောင်
မသိ။ ကင်းမွန်လိုလို ရေဘဝဲလိုလိုနဲ့။

ဝယ်လာသည့် ဂျုံးဂုကို လှမ်းမေးမိတော့
သူကိုယ်တိုင်ကလည်း ခေါင်းလေးကုပ်ပြီး
ဇဝေဇဝါနဲ့ လှမ်းကြည့်နေလေသည်။

"မသိဘူးရယ်..ကိုယ်က ပြည်ကြီးငါး ထင်နေတာ.."

အူတူတူနဲ့ ပြန်ဖြေသံအဆုံးမှာ နှစ်ယောက်သား တိုင်ပင်စရာတောင် မလိုပဲ ရီမိပြန်သည်။ ရယ်ရအောင် တမင်ပဲ ပေါက်ကရကောက်ဖြေတာလား မသိပေမဲ့ သူလည်း တကယ် သိပုံလည်း မရတာမို့ သူမလည်း ထပ်မမေးမိတော့ပေ။ အကုန်သန့်ရှင်းပြီးတဲ့နောက်မှာတော့ သူမ ထိုင်နေသည့် ကုတင်စွန်းနား သူသည် အသာလေး ဝင်ထိုင်လာပြီး။

"ကြားဖူးတာတော့..ရေဘဝဲတွေမှာ
နှလုံးသား သုံးခုရှိတယ်ဆိုလားပဲ.."

ရင်ခုန်ချင်စရာ ကောင်းသည့် လေသံတိုးတိုးက နားသယ်စပ်နား ရစ်ဝဲသွားတာမို့ သူမ
လှည့်ကြည့်လိုက်မိတော့ နူးညံ့ ချိုမြိန်နေ
သည့် သူ့မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ဆုံမိသည်။

"Omm..ဟုတ်တယ်လေ
Finding Dory ထဲမှာလည်း ပါတယ်"

"တကယ်လို့..ကိုယ်သာ ရေဘဝဲလေးဖြစ်ရင်.."

"အရသာရှိမှာပဲ~ "

စကားမဆုံးခင် တိခနဲ ဖြတ်ချလိုက်သည့်
ဂျီယွန်းအသံကြောင့် သူကြောင်သွားမိတယ်။
ကြည့်လိုက်မိတော့ သွားလေး အဖြီးသားနဲ့ သူ့ကလေးက သူရိုခွင့်မရလိုက်တာကို ကြည့်ပြီး သိပ်ပျော်နေပုံရတာမို့ သက်ပြင်းသဲ့သဲ့သာချလိုက်မိတယ်။ ဒီကလေး..တွေ့မယ်။

"Babe..ကိုယ့်ကိုစားမယ်လို့
ပြောလိုက်တာလား ရက်စက်လိုက်တာ"

"ဆောရီး..ရေဘဝဲစားချင်သွားလို့ပါ hee"

"ဒါဆို..စားမလားအခု"

"ဘာကို"

"ရေဘဝဲလေ.."

ပြုံးစစနဲ့ အင်္ကျီကြယ်သီးတွေကိုပါ တစ်လက်စတည်း ကောက်ဖြုတ်တာမို့ ဖြူလွှလွှ သူ့​​ရင်ဘတ်ကြီးက ဖွေးခနဲ ပေါ်လာသည်။

"ဘာ..ဘာလို့ ကြယ်သီးတွေ ကောက်ဖြုတ်တာတုန်း..ပြန်တပ် ပြန်တပ်"

"ပူလို့လေ.."

တကယ့်ကို ယုံချင်စရာမကောင်းတဲ့ သူ့အဖြေကြောင့် ခွီးခနဲ။ သူမ နောက်ကျောဘက်က ပြာလွင်တဲ့ ပင်လယ်ကြီးရဲ့ ရူခင်းတွေက သူ့ကိုပဲ ပြောင်ပြနေသလိုလို။ သူ့ကြယ်သီးတွေ ကို ပြန်တပ်ပေးဖို့ လုပ်နေရင်းနဲ့တောင်မှ ရယ်ချင်နေမိဆဲ။

"မရယ်နဲ့လေ babe ကိုယ်ပူနေတာကို
ရီစရာလား"

"ပူရင်..အပြင်ထွက်နေလေ ကျွန်မတော့ ပင်လယ်နားမှာ အေးတယ်"

"မလိုပါဘူး..မင်းနားမှာက ​အေးတယ်"
မင်းနားကပ်တာနဲ့ အလိုလို အေးပြီးသား"

ပြောပြောဆိုဆို လက်ကနေ ဆွဲပြီး ပေါင်ပေါ်
ပွေ့ချီလိုက်တာမို့ လန့်သွားမိသည်။ နှစ်ယောက်တည်းရှိနေရင်တောင် ရှက်ပါတယ်ဆို ဖြာကျနေသည့် သဘာဝ အလင်းရောင်က
ပို၍ပင် အရှက်သည်းအောင် ဖန်တီးနေသည်။ ထိုကြောင့်ပဲ မျက်လုံးလေးတွေ စင်းပြီး ကြင်နာဖို့ တိုးလာသည့် သူ့နှုတ်ခမ်းပါးလေးတွေကို လက်မလေးတင် အလိုမှာ သူမ လက်ဖျားလေးတွေနဲ့ ဟန့်တားလိုက်မိသည်။

ဟန့်တားလိုက်မှန်းသိတာနဲ့ သူ့မျက်လုံးဝိုင်း
ဝိုင်းလေးတွေက ဖွင့်ကြည့်လာပြီး သူ့နှုတ်ခမ်းဖျားထက်က သူမ လက်လေးကို ဆွဲယူကာ သူ့ပုခုံး ထက်မှာ ချိတ်တွယ်စေခဲ့သည် ...။

"ဘာလို့လဲ ပြောတော့..ရေဘဝဲစားချင်တယ်ဆို မစားချင်တော့ဘူးလား babe"

နဖူးချင်းထိကပ်၍ သူပြောတော့ အသက်တောင် မရူနိုင်တော့။ လက်မလေးတင်သာ ကွာဝေးသော အကွာအဝေးတစ်ခုမှာ သူမ မျက်နှာနား ရစ်ဝဲနေလေတဲ့ သူ့ရဲ့ဝင်သက်ထွက်သက် နွေးနွေးလေးတွေဟာ ရင်သပ်ရူမောဖွယ်ရာ ကောင်းလွန်းလှသည်။

"စားပြီးပြီလေ..ခုနကစားနေတာ ရေဘဝဲ မဟုတ်လို့ ဘာကြီးလဲ"

"အဲ့ဒါရေဘဝဲ..မဟုတ်ဘူး ပြည်ကြီးငါး"

ထပ်ပြီး ငြင်းဖို့အချိန်မရလိုက် အပူတပြင်း တိုး၍ မက်မက်မောမော နမ်းရှိုက်လာတဲ့ နှုတ်ခမ်းပါးတွေရဲ့ ပိတ်ဆို့တားဆီးခြင်းကို ခံလိုက်ရသည်။ ချစ်ခြင်းတွေကို ပြဖို့ နေ့ဘက်တွေ ညဘက်တွေ ခွဲခြားထားသည်ဆိုတာမရှိ
လိုက်ကာလေးတောင် ဆွဲပိတ်ချိန်မရလိုက်
တဲ့ အလင်းရောင်အောက်မှာ ရင်တွေ တ
လှပ်လှပ်နဲ့ အေးမြလို့ ပျားရည်ဆမ်း ခရီးရဲ့
အစကို ဖန်တီးယူချိန်မှာတော့ လိုက်ကာလေးကို အလိုက်တသိ သူ ချပေးသွားသည်။

နှလုံးသားထဲထိ နွေးသွားလေတဲ့ သူ့ရဲ့ထွေးပွေ့ထားမှုအောက်မှာ ထုံသင်းမွှေးနေတဲ့ နှင်းဆီရနံ့တွေကြား တသိမ့်သိမ့် နွေးနေအောင် ဖက်ထားမိခဲ့တဲ့ သူ့ကိုယ်သင်းရနံ့ ဖျော့ဖျော့လေးက ပို၍ မွှေးခဲ့ပါသည်၊ ပြည်ကြီးငါး ဟုတ်ဟုတ်မဟုတ်ဟုတ်တော့ ရောင်းတဲ့ အားဂျူးမားတွေကို သွားမေးကြည့်မှသာ သိလိမ့်မည်။ လောလောဆယ်တော့ သူမလည်း နှလုံးသားတစ်စုံနဲ့ ရေဘဝဲစားတာ ခံနေရလေပြီ ..။


~ • ~•~ • ~


နောက်တစ်နေ့ ...။

ဂျယ်ဂျူရဲ့မနက်ခင်းလေးကတော့ ကိုယ်တွေ ပူနွေးနေသည့် ဂျုံးဂု နဲ့အတူ စတင်လာခဲ့သည်။

"Jeon..ဖျားနေပြီထင်တယ်.."

"မဟုတ်ပါဘူး Babeရယ်.."

ပါးစပ်ကသာ လွှတ်ငြင်းနေတာ၊ လူက ဖြူဖျော့ချင်နေတာ အသိသာကြီးဖြစ်နေလေပြီ။ စိတ်ပူလို့ ရေစိုဝတ်ကလေးတင်ပေးတော့လည်း ဆွဲချသည်၊ အားနည်းနေမှာစိုးလို့ ဆက်အိပ်ပါဦးဆိုလည်း စောင်လေး ခြုံပေးတော့လည်း အခြုံမခံ သူမ စိတ်ပူနေတာသိလို့ အားနည်းစရာတွေကနေ လွတ်အောင် ရှောင်ပြေးနေတာမို့ အလျော့တော့ မပေးနိုင်ပါ။

သူသည် အအေးမိလွယ်သည်လေ။
အချိန်တိုင်း သန်မာနေစရာမှမလိုပဲ...။

အခုလည်း ငြင်းရင်း သူ့နဖူးထက်က ရေစိုဝတ်ကို ကလေးတစ်ယောက်လို ဆွဲချလို့ ရအောင်ပြန်တင်ပေးထားရသည်။ စောင်လည်းခြုံပေးဖို့ မရလို့ သူမဖက်ပြီး ဖိထားမယ်ဆိုမှ သူ့အဖျားကူးမှာစိုးလို့ အလာမခံပဲလိမ္မာစွာ အခြုံခံသည် ..။

"ဆန်ပြုတ်လေးမှာထားတယ် စားလိုက်နော်"

"ကိုယ် ဆန်ပြုတ်မကြိုက်ဘူး"

"အဲ့တာတွေ ကြိုသိလို့ ခရုဆန်ပြုတ်မှာထား
တယ်..စားပြီးရင် ဆေးသောက်ထားလိုက်ပါလား နေမကောင်းဖြစ်နေမှာစိုးလို့.."

"မသောက်ဘူး ဆိုရင်ကော.."

သူ့ ​စကားအဆုံးမှာ စူးရှနေတဲ့ မျက်စောင်းလှလှလေးဟာ ဒိုင်းခနဲ ရောက်လာတာမို့
အသဲယားစွာ ရယ်လိုက်မိသည်။ မသောက်ဘူးလို့များ ပြောမိရင် သူမ လက်ဆစ်ကလေးတွေနဲ့များ ခေါက်ခံရမလားတောင် မသိပါ။
ထို့ကြောင့် မျက်စောင်းစူးစူးလေးတွေ ပစ်ထိုးနေတဲ့ သူမ လက်လေးကို ဆွဲယူပြီး နမ်းရှိုက်လိုက်မိသည်။

"စတာ..သောက်ရမှာပေါ့ ကိုယ့် ဇနီးလေး
စိတ်ပူအောင်လုပ်လို့ ဘယ်ဖြစ်ပါ့မလဲ"

"ဟွန့်.."

သူ့စကားကြောင့် ကျေနပ်သွားသည့် အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားပေမဲ့
နှုတ်ခမ်းလေး ဆူကာ ထသွားတာကြောင့် သူပြုံးလိုက်မိတယ်။ ချစ်ဖို့ကောင်းလိုက်တာ..

"ဆေးပေး..ကလေး"

ဘယ်လောက်မှ မကြာသည့် ဆန်ပြုတ်စား
ခြင်း ပြီးဆုံးသွားသည့်နောက်တွင် ဂျီယွန်းပေးလာသည့် ဆေးကို သူတစ်ခါတည်း မျှောချပစ်လိုက်သည်။ သို့ပေမဲ့ သူ့ဆေးသောက်တာကိုပင် သေချာ ငေးကြည့်နေတဲ့ကောင်မလေးကြောင့်နဲ့ အကြံတစ်ခုဟာ ဖြတ်ခနဲ စားရတဲ့ ကလေးပိုငတ်တယ်ဆိုတာမျိုး သူသောက်ချင်တာ..ဒီဆေးတွေမှ မဟုတ်ပဲ။

"ခါးတယ်..အချိုလေး
ဘာလေး မကျွေးချင်ဘူးလား babe.."

"ဝါးစားတာလည်း မဟုတ်ပဲနဲ့.."

သူမ တိုးတိုးလေး ပွစိပွစိပြောမိတော့ နားရွက်တက်ချိတ်မတတ် သူပြုံးသည်။ ထို့နောက် ချိုမြိန်စွာ ဝဲကျလာသည့် မျက်ဝန်းတွေက သူမ နှုတ်ခမ်းတွေထက်မှာသာ စုပုံကျသွားသည်။

"ဒီအချိုလေးဆိုလည်း..ရပါတယ်"

"ဟို..ကျွန်မပါ ဖျားရင် ဂျုံးဂုကြောင့်နော်.."

"အိမ်ရောက်မှ..ဖျားမယ်ဆို babe"

"ဟူး ဟုတ်ပါပြီ..အိမ်ရောက်မှ ဖျားတာပေါ့"

"လိမ္မာတယ်.."

ထို့နောက် နမ်းဆိုသည့် သဘောဖြင့် သူမ မေးဖျားလေးနားရောက်အောင်ထိ သူတိုးကပ်
လာတာမို့ သူ့နှုတ်ခမ်းပါးတွေကို ကြည့်မိရင်းစိတ်လှုပ်ရှားရသည်။ ဘယ်ကနေ ဘယ်လို
စနမ်းရမှာပါလိမ့်..

"မြန်မြန်..ကိုယ့်ပါးစပ်တွေ တအားခါးနေပြီနော် babe"

စိတ်မရှည်တော့သည့် ကလေးတစ်ယောက်လို မျက်မှောင်တွေပါ ကုပ်ပြီး တောင်းဆိုလာတာမို့ သူမရီမိရင်း ဘာမှတွေးမနေတော့ပဲ
သူ့ နှုတ်ခမ်းဖျားတွေကို နမ်းရှိုက်လိုက်မိသည်။ ခါးသက်ခြင်း အရသာကိုမတွေ့ ပူနွေးစိုစွတ်သော နှုတ်ခမ်းသားတွေကြား နူးညံ့တဲ့ တိမ်တွေပေါ်မှာ တရိပ်ရိပ် ပြေးနေရသလိုမျိုး အချစ်တွေသည် သိပ်ချိုသည်။

စတော်ဘယ်ရီဖျော်ရည် တစ်ခွက်သောက်သုံးရသလို အချစ်တွေနဲ့ ကြင်နာရသည့် အချိန်သည် ချိုမြိန်စရာအကောင်းဆုံးမို့ စမ်းရေတွေ စီးဆင်းသွားသလို ရင်တွေ အေးသထက် အေးမြလာရင်း....။

ထိုစဥ်....။

"ဒေါက်..ဒေါက်!"

ရုတ်တရက်ကြီး ထွက်ပေါ်လာတဲ့ တံခါးခေါက်သံ။ ထိုတံခါးခေါက်သံကြောင့်ပဲ တိုင်ပင်စရာမလိုအောင် ရင်တွေ တောက်လျှောက် အေးလာရသည့် အချိန်ကာလလေးသည် တိခနဲ ပြတ်တောက်သွားလေတော့သည်။

ဟန်နီးမွန်းကြီးမို့ ဒေါသဖြစ်ချင်လည်း ဖြစ်စရာ သူမလည်း ဘာပြောရမယ်မသိ ဖြစ်သွားသလို ဂျုံးဂုဆီကလည်း သက်ပြင်းရှည်ကြီး ချပြီး အသံကြားရာ ဘက်ကို မကျေမနပ် လှမ်းကြည့်တာမို့ ရယ်မိရင်း စိတ်လျော့ဖို့ ပြောမိမှ မကျေနပ်ပေမဲ့လည်း သူတံခါးသွားဖွင့်ဖို့ ထသွားသည်။

"ဘာလဲ!"

တံခါးဆွဲဖွင့်သံနှင့်အတူ ငေါက်ခနဲ ထွက်လာတဲ့ သူ့အသံကြောင့် တံခါးခေါက်တဲ့ လူတော့မသိ နောက်က ကြားရတဲ့လူတောင် လန့်သည်။

"ဘာလဲ..ဒါက"

"ဟို..သခင်လေး အကိုဆီကပါ"

"အော်..အေး"

ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ဖြေသံတစွန်းတစကိုသာ ကြားလိုက်ရပြီး ဘာမှထပ်မကြား
ရတော့ချေ။ တံခါးပိတ်ပြီး အခန်းထဲ ပြန်လာ
ချိန်မှာတော့ အသွားတုန်းကနဲ့မတူ သူ့လက်ထဲမှာ ကပ်ထူသေတ္တာတစ်လုံး ပြန်သယ်လာသည်။ မျက်နှာက ခပ်ပြုံးပြုံးပေမို့ ပျော်စရာ
ကိစ္စတစ်ခုခု ရှိမှန်းတော့ သိလိုက်သည်။

"ဘာတွေလဲ..Jeon"

"ကိုယ့်အစ်ကို ပေးလိုက်တယ်လို့ ပြောတာပဲ"

"Seok Jin oppa?"

ကပ်ထူသေတ္တာလေးကို ဆွဲဖွင့်ကာ မဟုတ်ကြောင်း သူခေါင်းအသာ ခါးယမ်းပြမှ ဂျုံးဂု
တွင် နောက်ထပ် အစ်ကိုတစ်ယောက်ရှိသေးမှန်း သတိရသွားသည်။

"Ah..ကျွန်မ မမြင်ဖူးသေးတဲ့ အစ်ကိုဆီကပေါ့"

သူခေါင်းငြိမ့်ပြရင်း ပွင့်သွားသည့် Box လေးထဲ ဘာများရှိမလဲ ငုံ့ကြည့်ကာ တစ်ခုခုကို
မြင်သွားသည့်အခါမှာတော့ သူ့မျက်လုံးတွေထဲ ပျော်ရွှင်မှုတို့ ဖြတ်ပြေးသွားသည်။

"အာ..ဒါက..ကိုယ့်အတွက် လက်ဆောင်
တဲ့ babe စကော့တလန် ဝီစကီတွေ..."

"သြော်~"

ပါကင်လိုက် ဝီစကီပုလင်းတွေကို ထောင်ပြရင်း ပျော်နေသည့် jungkook ကို ကြည့်ပြီး
သူမပါ လိုက်ပြုံးမိသည်။ သောက်ရတာ ကြိုက်သည့် သူ့အတွက်တော့ တန်ဖိုးကြီးပုံရသည့် ထိုဝီစကီတွေသည် တခမ်းတနား။

"မင်္ဂလာပွဲတုန်းက သူလာဖို့ လုပ်ခဲ့သေးတယ်
ပြောတယ်..ဒါပေမဲ့ စကော့တလန်နဲ့က အရမ်း
အချိန်ကွာနေတာမို့ မမှီတော့လို့တဲ့"

"စတော့တလန်မှာနေတာလား?"

"Mission သွားလုပ်တာ"

"သြော်.."

"နောက်တစ်ခုက မင်းအတွက်တဲ့ Babe
လက်ဖွဲ့လို့ သဘောထားလိုက်ပါတဲ့ အာ..ဒါကတော့ နည်းနည်း မိုက်ပါတယ်"

သူ့လက်ထဲမှာ ပါလာတာက စာချုပ်တစ်ခုကို
သေချာ စိုက်ကြည့်ပြီး ပြုံးစစနဲ့ ပြောလာသည့် ဂျုံးဂု အပြုံးတွေကြောင့် တွေဝေသွားသည်။ ဘာကြီးလဲ?

"ကိုယ်ပြောနေတုန်း..ရှိသေးတယ် ဒီနားက
သူ ပိုင်တဲ့ Apartment ကို လက်ဖွဲ့အဖြစ်
မင်းကို ပေးလိုက်တယ် Babe.."

"Nae???"

"ကိုယ် တောင်းတုန်းကတောင်..ပေးတာ မဟုတ်ဘူး မမြင်ရသေးတဲ့ ခယ်မကျ ရက်ရောလိုက်တာ..ဘာလဲဟ ဒီဟျောင်း ဂျယ်ဂျူရောက်နေမှန်း သိနေတာလား အတွင်း
ရေးမှူး ချွဲပြောပြလိုက်ပြန်ပြီထင်တယ်"

"arni..ခဏလေး! လက်ခံလို့ ဖြစ်ပါ့မလား
ကျွန်မ ခဲအိုမျက်နှာကိုတောင် မြင်ဖူးသေးတာ မဟုတ်ဘူးလေ"

"သူလည်း အတူတူပဲလေ babe
ကိုယ်နောက်ကျ မိတ်ဆက်ပေးမယ် အဲ့ဒီအချိန်ကျမှ တစ်ခါတည်း ကျေးဇူးတင်လိုက်"

"Ah..Nae"

အင်တင်တင်နဲ့ပင် လက်ထဲရောက်လာသည့်
အိမ်ဂရမ်စာချုပ်ကို ကြည့်ကာ မမြင်ဖူးသေးတဲ့ ခဲအိုဆီက လက်ဖွဲ့ကို မရဲတရဲပင် လက်ခံလိုက်ရသည်။ ညီဖြစ်သူရဲ့ မင်္ဂလာပွဲအတွက်
တိုက်ခန်းကြီးကို လက်ဖွဲ့တာမို့ ကျေးဇူးကြီးပါ့ပေ။

"Babe.."

"ဟင်.."

"ပြန်စရအောင်လေ.."

"ဟို..ခဏ-"

သူမ ပါးလေးတွေကို အုပ်ကိုင်ပြီး နမ်းရှိုက်လာသည့် သူ့ကို ထပ်ပြီးတားချိန်မရလိုက်။
အနှောင့်အယှက်မရှိတော့သည့် နှလုံးသားတွေထဲ စမ်းရေတွေ စီးဆင်းသွားပြန်သည်။
လျစ်လျူခံလိုက်ရတဲ့ ကုတင်အောက်က
အိမ်ဂရမ်နဲ့ ဝီစကီပုလင်းတွေကတော့ အထီးကျန်စွာ ကြည့်နေကြသည့်နှယ်....။

ဟန်နီးမွန်းခရီးရဲ့ မနက်ခင်းတွေ
ဟာလည်း သိပ်ကို လှပခဲ့ပြန်ပါသည်...။

~~~

ညနေကျတော့ အေးမြတဲ့ လေအေးတွေကြား
လက်ချင်းတွဲကာ Jeongbang ရေတံခွန်ဘက်
ကို သွားကြည့်ကြသည်။ တဝေါဝေါ စီးကျ
နေတဲ့ ရေတံခွန်ကို သူမကတော့ အဝေးက
နေ ကြည့်ရတာ အားမရလို့ ရေတံခွန်အောက်ထိဆင်းပြီး သွားကြည့်ချင်ပေမဲ့ သူ့ဆီက အေးတယ်ဆိုပြီး ခွင့်မပြုသလို လှိုင်းနည်းနည်းထန်လာတာမို့ ဆင်းခွင့်မရလိုက်...။

ပြီးတော့ နှာတရှုံရှုံနဲ့ အအေးမိချင်နေတဲ့
သူက ဂျုံးဂု ဖြစ်လို့နေသည်။ တစ်ချက်တစ်ချက် ချောင်းသံတွေပါပါလာတာမို့ သူမလည်း
မနေတတ်စွာ ဝတ်ထားတဲ့ မာဖလာလေးကို
ချွတ်ပြီး သူ့ဆီ အမြန်ပင် စည်းပေးမိသည်။

"မင်းပဲ..ဝတ်ထားပါ ကလေးရာ
အေးနေပါဦးမယ်"

"မဟုတ်တာ..ဝတ်ထားလိုက်ပါ မာဖလာလေးက ဂျူံးဂုနဲ့ တကယ် လိုက်တယ်သိလား"

စိတ်ပူနေတဲ့ ကောင်မလေးဆီကနေ ဂရုစိုက်ခံရတာမို့ သူ မငြင်းရက်တော့၊ မာဖလာလေး စည်းပေးပြီး ပြုံးကြည့်နေတဲ့ သူမ မျက်ဝန်းတွေထဲမှာ အချစ်ခံရတာကိုတော့ တကယ် သဘောကျမိသည်။

"ဆိုးလ်ပြန်ကြမလား Jungkook"

"Hmm..ဂျယ်ဂျူမှာ မပျော်တော့လို့လား babe"

"မဟုတ်ပါဘူး..ဒါပေမဲ့ ဟန်နီးမွန်းထက် နေမကောင်းဖြစ်မှာစိုးလို့ပါ အခုလို ဖျားနေရက်နဲ့ အရဲစွန့်ပြီး ကျွန်မနဲ့အတူ ဒီလိုပင်လယ်နားမှာ ထိုင်နေတာမျိုးပေါ့"

သူမ စကားကြောင့် လေညှင်းတွေကြား ဆံပင်တွေဝဲခါသွားအောင်ထိ သူက ရီသည်။

"ကိုယ် အဆင်ပြေတယ်ဆိုရင်ကော.."

"မထင်ဘူးရယ်..အိမ်ရောက်လို့ ဖျားမယ့်သူက ကျွန်မ မဟုတ်ပဲ ဂျုံးဂု ဖြစ်နေလိမ့်မယ် ဘယ်လိုလဲ ပြန်ကြမလား"

"အင်း..စဥ်းစားကြည့်လိုက်ပါဦးမယ် babe"

သူ့အ​ဖြေကြောင့် သူမ ကြည့်ရတာ အနည်းငယ် စိတ်လျော့သွားပုံပေါ်သည်။ မတိုက်တွန်းတော့ပေမဲ့ သူ့အဖြေကို ငြိမ်ပြီး စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေသည်။ သို့ပေမဲ့လည်း နေမကောင်းရုံလေးနဲ့တော့ သူမ အပျော်တွေကို သူ မဖျက်ရက်ပေ..။

"ဘာတွေများ ဆုတောင်းလိုက်လဲ..သားလေး~"

ငြိမ်ပြီး စဥ်းစားနေတုန်း ပတ်ဝန်းကျင်က အသံသဲ့သဲ့ကြောင့် သူ လှမ်းကြည့်မိလိုက်တော့ လာရောက် အပန်းဖြေကြပုံရသော မိသားစုလေးတစ်စု သူတို့ထိုင်နေသည့် ခုံတန်းရှည်ဘေးမှ ဖြတ်သွားတာကို တွေ့လိုက်ရသည်။

"ဟီး..မပြောပြဘူး ပြောပြလိုက်ရင် ဆုတောင်းတွေ မပြည့်တော့မှာစိုးလို့ပါ"

မိခင်ဖြစ်သူရဲ့ အမေးကို ငြင်းဆန်လိုက်သော
ကလေးလေးရဲ့အဖြေကြောင့် သူ့မျက်လုံး
တွေ ဝိုင်းခနဲ။ သူ၏ အတိတ်ကာလတို့နှင့် အဖြေက တစ်ထပ်တည်းကျစွာ တချိန်က ကလေးဘဝကို ပြန်မြင်ယောင်သွားမိသည်။

မွေးနေ့လေးမှာ ကလေးတုန်းက သူလည်း ဒီလိုမျိုး ပြောခဲ့ဖူးတာပဲ..omma တို့ကို။

"မပြောပြရင် မေမေတို့က ဘယ်လိုလုပ်
သိမလဲ..သားရယ် ဘာဖြစ်လို့လဲ"

"မွေးနေ့ဆုတောင်း စည်းကမ်းရှိတယ်လေ omma ဟီး အဲ့ဒါကြောင့် မပြောပြဘူး"

ကလေးလေးရဲ့ အဖြေကြောင့် ပြုံးမိသည်။ သူနဲ့တော့ ကွဲပြားစွာ သူ့တုန်းက မွေးနေ့ဆုတောင်းစည်းကမ်းကို လျစ်လျူရူပြီး ပြောပြမိလို့ ဆုတောင်း မပြည့်ခဲ့တာများလားလို့ပါ ကလေးဆန်စွာ တွေးမိလိုက်သေးသည်...။
တကယ်တော့ ဘယ်လိုပဲ ဆုတောင်းတောင်း သူသည် ဒီဘဝကို ရောက်ကိုရောက်လာရမယ့် ကံပါပြီးသားမို့ အထူးတလည်တွေးမနေတော့ပါ။ သူလိုချင်ခဲ့တဲ့ သာမန်ဘဝလေးက ဆုတောင်းရုံနဲ့ ဖြစ်မလာနိုင်ဘူးလေ...။

"ချစ်စရာလေးပဲ"

နံဘေးမှ ထွက်လာသည့် အသံငယ်။ ဂျီယွန်း
သည်လည်း သူ့နည်းတူ ထိုမိသားစုလေးကို
​ငေးကြည့်ရင်း ပြုံးနေလေသည်။ သူနဲ့ အတူယှဥ်တွဲကာ ထိုင်နေသည့် ဂျီယွန်းကို မြင်မှ သတိရမိတယ်။ လိုချင်ခဲ့တဲ့ ဆုတောင်းတွေ ပြည့်မလာနိုင်တဲ့ ဘဝမှာ သူမျှော်ကြည့်ခဲ့ရတဲ့
အတောင့်တဆုံး ဆုတောင်းလေးတစ်ခုကတော့ သူ့ဘဝထဲမှာ ပြည့်လာခဲ့တဲ့ပုံပါပဲ..။

အချစ်ဆိုတာမျိုးကို သိပ်လိုချင်ခဲ့တဲ့
သူ့အတွက် သူမက ကံကြမ္မာက မျက်နှာသာပေးပြီး မိုးကောင်းကင်က ချီးမြှင့်ပေးခဲ့တဲ့ နတ်သမီးလှလှလေးပင်...။

ဒါနဲ့..ဒါဆို..သူမကရော?

သူ့လိုမျိုး အမှတ်ရစရာ ကလေးဘဝတောင်
မရှိခဲ့တဲ့ သူမကရော၊ လောကကြီးထဲမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ သူမမှာ ဆိုးရွားလွန်းလို့ ဆုတောင်းတွေ ဘယ်လောက်များ များခဲ့မလဲ..ဆန္ဒတွေရော ပြည့်ဝခဲ့ရဲ့လား။

သူမနားမှာ ထိုင်နေပြီး မွေးနေ့ဆုတောင်း
တွေ မပြည့်ခဲ့တဲ့အကြောင်း တွေးနေမိတဲ့ ကိုယ့်ကိုကိုယ် စိတ်ခုသွားမိသည်။ စာနာတဲ့ စိတ်လို့ပြောရမလား သူ့ဘဝမှာတော့ ဆန္ဒတွေ
ပြည့်ဝလာခွင့်ရှိနေ​သေးပေမဲ့တစ်ယောက်တည်း ထီးထီးကျန်ခဲ့တဲ့ ဂျီယွန်းဆီမှာတော့ တောင့်တသမျှ ဆုတောင်းတွေက ဘယ်လိုမှ ဖြစ်မလာနိုင်ဘူး ဆိုတာကို တွေးမိတော့ စိတ်မကောင်းဖြစ်သွားမိသည်။

"Babe..မင်းရော ဆုတောင်းချင်လား"

"hmm?"

"အဲ့ကလေးလေးလိုလေ..ဒီနားမှာ ဆုတောင်းပြည့်စမ်းချောင်းလေး ရှိတယ်..အဲ့မှာ သွားဆုတောင်းချင်လားလို့ပါ"

"တော်ပါပြီလေ.."

"ဘာဖြစ်လို့လဲ?"

လေပြေအေးလေးနဲ့ ​​ငြင်းဆိုလိုက်တဲ့ ဂျီယွန်း
ကို ပြန်မေးမိတော့ သူအံ့သြသွားတဲ့ပုံကိုကြည့်ကာ သူမက နှုတ်ခမ်းလေး လှုပ်ရုံမျှသာ ပြုံးသည်။ ထို့နောက် သူ့လက်တွေကို သူမရဲ့လက်သွယ်သွယ်လေးတွေနဲ့ အုပ်ကိုင်လာသည်။

"ဘာလို့လဲဆိုတော့ ကျွန်မရဲ့
ဆုတောင်းတွေက ပြည့်ပြီးသွားပြီမို့လို့လေ"

ကြည်လင်နေသည့် သူမ မျက်ဝန်းတွေက
လိမ်ညာခြင်းအလျင်းမရှိ သူ့လက်လေးကို
အုပ်ကိုင်ကာ မြတ်မြတ်နိုးနိုးပင် ကြည့်လာသည်။

"ဂျုံးဂု က ကျွန်မအတွက်တော့ နတ်ဘုရားနဲ့တူတယ်..ဘာလို့လဲဆိုတော့ ဂျုံးဂုအနားမှာ
ရှိနေခဲ့တဲ့ တစ်လျှောက်လုံး အတောင့်တဆုံး
ဆန္ဒတွေ ပြည့်လာခဲ့လို့ပဲလေ"

ပြောရင်း မသိစိတ်ကနေ ဝေးသထက်ဝေးသွားပြီဖြစ်တဲ့ ခုနက မိသားစုလေးရဲ့ ကျောပြင်လေးတွေကို အလိုလို ငေးကြည့်လိုက်မိတယ်။ ဟုတ်တယ်..မိသားစုတစ်ခု..။

အဲ့ဒါက သူမလိုချင်ခဲ့သမျှ အရာအားလုံးပင်။
ပြောရရင် သူက သူမရဲ့ အရာအားလုံးလို့ပြောရမယ်ဆိုရင်တောင် မှားမည်လို့မထင်ပါ..။

"ကိုယ်က..နတ်ဘုရားတော့ မဟုတ်ပါဘူး
ဒါပေမဲ့ မင်းဆုတောင်းတွေကိုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်..ဘာပဲဖြစ်ဖြစ်ပေါ့"

ရင်ထဲ အေးမြသွားသလို ခံစားလိုက်ရတာမို့သူ့ပုခုံးတွေထက် ခိုနားလိုက်မိတော့အားအင်တွေပေးပြီး နွေးထွေးစွာ ဆုပ်ကိုင်ထားပေးတဲ့ သူ့လက်လေးရဲ့အထိအတွေ့တွေက ပြောတယ်။ အမြဲအတူ ရှိနေပေးပါ့မယ်တဲ့..။

"ဒါဆို..အခုရော ဖြည့်ဆည်းပေးနိုင်လား"

"ဒါပေါ့..ဘာကိုလဲ ပြောကြည့်လေ babe"

"မနက်ဖြန်..ဆိုးလ်ပြန်ရအောင်"

နားထောင်နေရင်း အံ့သြသွားမိပေမဲ့ ကိုယ့်စကားနဲ့ကိုယ် တိုင်ပတ်သွားတာမို့ ဘာမှလုပ်မရတော့၊ ပုခုံးထက်ကနေ သူ့ကို​ငေးကြည့်နေသည့် ဂျီယွန်းကိုသာ ပြန်ကြည့်မိရင်း ခေါင်းငြိမ့်ပြလိုက်ရသည်။ အလည်လေးပဲ..။

"ဒါနဲ့ ပြောမလို့..မေ့နေတာ ခုနက..ဟိုကလေးလေးကို ကျွန်မ ကြည့်ရင်း ဘာတွေးမိလဲ သိလား"

"ဘာတွေးမိလို့လဲ.."

"မမြင်လိုက်ဘူးလား?"

စဥ်းစားလို့ မရတော့၍ သူအူတူတူနဲ့ပင် ခေါင်းခါပြလိုက်မိတော့ ဂျီယွန်း မျက်မှောင်လေးတွေ ကြုံသွားသည်။

"ရေဘဝဲလေ"

"ဟမ်.."

"အဲ့ကလေးလေး လက်ထဲ ကိုင်ထားတာ ရေဘဝဲကင်လို့ ဟိုနေ့က စားလိုက်တာနဲ့ နည်းနည်းတူနေသလားလို့ မသေချာပေမဲ့ မနေ့က..စားလိုက်တာ ပြည်ကြီးငါး မဟုတ်လောက်ဘူး ထင်တယ် ဂျုံးဂု တစ်ခုခုလျှိုထားတယ် မဟုတ်လား.."

"အာ..အဲ့ဒါက"

အဲ့လောက်ထိ ခက်ခဲတဲ့ မေးခွန်းလည်း မဟုတ်ပါပဲ စေ့စေ့စိုက်ကြည့်ပြီး မေးလာတဲ့ သူမကြောင့် ဘာလို့မှန်းမသိ ချက်ချင်း ဝန်ခံချင်လောက်အောင် အကျပ်ရိုက်သွားသည်..။

"Ok..Ok ဝန်ခံတယ် အဲ့နေ့က ရေဘဝဲကင်နဲ့
ပြည်ကြီးငါးကင်ကို နှစ်မျိုးပေါင်းဝယ်လာတာ ကလေး စားနေရင်း သတိမထားမိလိုက်လို့ ဖြစ်လိမ့်မယ် .."

မျက်လုံးလေးတွေ အာဏာပြင်းရှပုံများ နှစ်ခါထပ်မေးစရာမလိုအောင်ပင် အလျင်အမြန်ပင် ဝန်ခံမိတော့ အလိုမကျစွာ ဆူပုတ်သွားသည့် သူမ နှုတ်ခမ်းလေးတွေကြား နှလုံးသားဟာ ကဆုန်ပေါက် ပြေးသွားသည်...။

"ရေဘဝဲစားလိုက်တာ..မှန်နေတာပဲကို"

"ပြည်ကြီးငါးလည်း..မှန်နေတာပဲကို"

သူမ လုပ်သည့်အတိုင်း တစ်ပုံစံတည်း ဆူပုတ်ပြီး ပြန်ပြောမိတော့ တိုင်ပင်စရာမလိုပဲ
ပွင့်ထွက်လာသည့် ရယ်သံလေးတွေကြား
သွားတန်းလေးတွေပေါ်အောင် ပြုံးသွားသည့်
သူ့ကလေးလေးကို ခါးလေးကနေ ဆွဲဖက်ကာ မြတ်မြတ်နိုးနိုးပင် နမ်းရှိုက်လိုက်မိသည်။

အမှတ်တရတွေ သိပ်မရှိသည့် သူ့ကလေးအတွက်တော့ နောင်တစ်ချိန် ဒီခုံတန်းရှည်ဆီ ဝင်ထိုင်မိခဲ့လျှင် ကြည်နူးစွာ ပြန်တွေးကြည့်ချင်စေလိုသည့် ဆန္ဒကြောင့် အမှတ်တရတွေကို အချစ်တွေနဲ့ ချန်လှပ်ထားခဲ့ရင်း။

လေနု​အေးတွေကြား ဂျယ်ဂျူကျွန်း၏
နေဝင်ချိန်ကို တဝကြီး နှုတ်ဆက်ခဲ့ပါသည်။

~~~

Thanks for Reading..။

Next part is Final. 🍃



[ ZAWGYI ]

~ • ~

"Nae..အခုကေတာ့.. မနက္ 8:51 ဂ်ယ္ဂ်ူသြားမဲ့ ေလယာဥ္ေပၚမွာပဲ ျဖစ္ပါတယ္.."

ကိုယ့္ဘာသာေျပာ၍ သေဘာက်ကာ သူမ ရယ္မိရင္း ဖုန္းကင္မရာေလးကို နံေဘးသို႔
လွည့္လိုက္မိေတာ့ ၿပံဳးစစနဲ႔ ၾကည့္ေနတဲ့
Jungkook ကို ျမင္ေတြ့လိုက္ရသည္...။

ဟန္နီးမြန္းရဲ့အစမွာတင္ ခ်ိဳခ်ိဳၾကည္ၾကည္
အသံေလး ေဘးကထြက္လာတာမို႔ သူၿပံဳးလိုက္မိရင္း လွည့္ၾကည့္မိေတာ့ ဖုန္းကင္မရာေလးဖြင့္ၿပီး ျဖတ္သန္းသမ်ွကို မွတ္တမ္းတင္ေနတဲ့ ေဘးခံုက ကေလးကို ၾကည့္ကာ သူ႔မွာ ဘယ္လိုသေဘာက်လို႔က်မွန္းေတာင္ မသိေတာ့ပါ။

မ်က္လံုးေလးေတြေတာင္ ၾကည္လင္လို႔
ေပ်ာ္ရႊင္ေနတာေလး ​ျမင္ရတာ ခ်စ္စရာအတိ..ပါးေလးေတြကိုပင္ ဆြဲဖဲ့ခ်င္မိသည္။

"Vlog ရိုက္ေနတာလား babe"

"Arni..ဒီအတိုင္း ရိုက္ၾကည့္တာ
ျပန္ၾကည့္ရင္ ေပ်ာ္ဖို႔ေကာင္းမယ္ထင္လို႔..."

သူေျပာလိုက္ကာမွ ရွက္ၿပီး ဖုန္းကိုအိတ္ထဲ ျပန္ထည့္သြားရွာသည္။ ထို႔ေနာက္ သက္ျပင္း
ေလးအသာခ်သည္။ သူမၾကည့္ရတာ ေလယာဥ္စတက္ေတာ့မည့္ အခ်ိန္မို႔ အနည္းငယ္ စိုးရိမ္ေနသည့္ပံုရၿပီး သူ႔လက္ေခ်ာင္းေတြကို တင္းေနေအာင္ ဆုပ္ကိုင္ထားရွာသည္။

"Jeon..ဘယ္လိုလုပ္မလဲ
ေလယာဥ္မစီးရတာ တကယ္ၾကာေနၿပီရယ္"

ေၾကာက္ေနမွန္းသိလို႔ စိတ္သက္သာရေအာင္
သူမလက္ကေလးကို ျပန္ဆုပ္ၿပီး ႏွစ္သိမ့္မိေတာ့ စိတ္လႈပ္ရွားေနတဲ့ မ်က္ႏွာငယ္ေလးက လွည့္ၾကည့္လာသည္။

"အဆင္ေျပသြားမွာပါ..ကိုယ္ရိွေနမွာပဲကို"

"ဒါေပမဲ့..အရင္ဆံုး မႈးလို႔ အန္မိမယ္ထင္တယ္ ဘယ္လိုလုပ္ရမလဲ?"

ေနာက္မွီထိုင္ခ်ရင္း မူးမွာ ေသခ်ာေနပံုရတဲ့
ဂ်ီယြန္းစကားေၾကာင့္ ရီမိသည္၊ ဒီကို သြားဖို႔ျပင္ဆင္ကတည္းက သူမမွာ မူးမွာေၾကာက္လို႔ အကုန္ ျပင္ဆင္လာခဲ့သည္ေလ။ ခရီး
သြားမယ္ဆို..မသြားခင္ထဲက သူမက ႀကိဳမႈး
ေနခဲ့တာ..ေလယာဥ္ လက္မွတ္ေလးေတြ့တာေတာင္ မနက္ထဲက ေခါင္းမူးခ်င္လာေၾကာင္း သူ႔ကို တစ္လမ္းလံုး တဖြဖြ ေျပာျပလာသည္။

"အမႈးေျပေဆး ေသာက္လာတယ္မလား"

"အြန္း.."

"အဲ့ဒါဆိုေတာ့ မျဖစ္ေလာက္ပါဘူး
ေၾကာက္ရင္ေတာ့ ကိုယ့္ကိုကိုင္ထားေပါ့"

"အင္း..."

ေျပာရင္း တိတ္ဆိတ္သြားျပန္ေလတဲ့ ကေလးက သူ႔ၾကည့္ရင္း ၿငိမ္သြားျပန္သည္။ ဘာေတြ ေတြးေနလဲေတာ့ မသိေပမဲ့ စဥ္းစားေနတဲ့ပံုစံေလး ၾကည့္ရတာေတာ့ နက္နက္နဲနဲ။ 

"ဒါနဲ႔..Jeon ေနာက္လည္း
ခရီးေတြ ထြက္ၪီးမွာမလား..ဒီလိုမ်ိဳးေလ"

"အင္းေပါ့..ကိုယ္က အလုပ္ရိွေတာ့ သြားေနရမွာေပါ့ ဘာလို႔လဲ"

"အာ..ဒါဆိုရင္ေတာ့ မျဖစ္ေသးဘူး ဂ်ံဳးဂုမပါရင္ အေခါက္တိုင္း ေၾကာက္ေနလိမ့္မယ္
တစ္ေယာက္တည္း ေက်ာ္ျဖတ္ဖူးမွ..ေနာက္မေၾကာက္ေတာ့မွာ.."

"အဟက္...ဟုတ္ပါၿပီ"

သူ႔အေတြးနဲ႔သူ သူ႔လက္ကေလးကို ျဖဳတ္ခ်ၿပီး တစ္​ေယာက္တည္း ျဖတ္ေက်ာ္ဖို႔ ႀကိဳးစား
ေနတာမို႔ ဘာမွမေျပာရက္ေတာ့ လုပ္သမ်ွဟာ သေဘာက်စရာျဖစ္ေနတာမို႔ ၾကည့္သာၾကည့္ေနမိတယ္။ "ဂ်ံဳးဂု မပါရင္တဲ့" ႀကိဳေတြးၿပီး သတၲိေမြးေနတာေလးကလည္း ေကာင္းေပမဲ့ သူက သူမစိတ္နဲ႔ အႏိုင္ႏိုင္ရယ္။

သူမကို တစ္ေယာက္တည္း ထားခဲ့ႏိုင္ဖို႔ဆို
ရင္အပူခံႏိုင္မွပဲ ရလိမ့္မယ္....။

ေတြးရင္းနဲ႔တင္ ေလယာဥ္ စတက္လာခဲ့ၿပီ။ေဘးကိုပဲ တရိပ္ရိပ္ အကဲခတ္ ၾကည့္မိေတာ့ စိတ္သက္သာရာမရပဲ အဆင္မေျပတဲ့ ပံုေလးေၾကာင့္ သူ႔မွာ ၿပံဳးမိ၍ သူမလက္ကေလးကို သာ ခပ္ဖြဖြေလး အုပ္ကိုင္လိုက္မိသည္။

"လက္ေလးဌားတယ္ေနာ္..babe
ကိုင္ခ်င္ရင္ကိုင္လို႔ရေအာင္လို႔...."

သူ႔စကားအဆံုးမွာ လက္ကေလးေတြ ခ်က္ခ်င္းကို တင္းသြားတာမို႔ ၿပံဳးမိျပန္သည္။

"ပခံုးေလးလည္း ဌားတယ္..မွီခ်င္ရင္မွီ-"

စကားေတာင္ မဆံုးေသးခင္ သူ႔ပုခံုးထက္ သူမ ေခါင္းေလးမွီတြယ္ ခ်လာတာမို႔ အံ့ၾသသြားမိသလို ရယ္လိုက္မိ​​ေသးသည္။ ေၾကာက္ေနတာေလးကေတာင္ ခ်စ္ဖို႔​ေကာင္းလိုက္တာ..တကယ္ပဲ ဒီကေလးဟာေလ။

ဒီခရီးစဥ္ႀကီးကေတာ့
တကယ္ေပ်ာ္ဖို႔ေကာင္းေတာ့မွာပဲ.....။

~•~•~

"အဆင္ေျပရဲ့လား
မမူးေတာ့ဘူးမလား ကေလး.."

ရယ္သံလြင္လြင္ကေလးနဲ႔ ဆံပင္ေလးကို လာသပ္ၿပီး ေမးလာသည့္ ဂ်ံဳးဂု အသံေၾကာင့္ မိွန္းေနရာမွ မထခင္ ကုတင္ထက္မွာ လူးလိမ့္လိုက္မိေသးတယ္။ မူးေနတာမဟုတ္ပဲ ရီေဝေနတာမို႔ ေခါင္းထဲ ေနွာက္က်ိက်ိနဲ႔ ျပန္ေတာင္ မေျဖႏိုင္ ဒါေတာင္ ျပည္တြင္း ခရီးစဥ္
နီးနီးေလး စီးလာရလို႔ ေတာ္ေသးသည္။

"​အြန္း..မမူးေတာ့ဘူး"

"ဟင္..ေမးထားတာပဲ ၾကာၿပီကို babe.."

သူ႔အေျဖၾကောင့္ သူမ ေၾကာင္သြားမိတယ္။
ေခါင္းေနာက္လို႔ စိတ္ရိွလက္ရိွ လူးလိမ့္ေနခဲ့တာ ဘယ္ႏွစ္ကမ႓ာေလာက္ျခားသြားလဲ မသိ
ေၾကာင္ေတာင္ေတာင္ ျဖစ္ေနတဲ့ သူမကို ၾကည့္ ရီရင္း ဘယ္တုန္းထဲက မွာထားသည္ မသိတဲ့ သံပုရာရည္ေလး ကမ္းေပးလာသည္။

"Jeon..အကယ္လို႔ေလ ကြၽန္မ ဂ်ယ္ဂ်ူသြား
ဖို႔ မေရြးခဲ့ဘူးဆိုရင္ Jeon ဟန္နီးမြန္းအတြက္
ဘယ္သြားဖို႔ စီစဥ္ထားလဲဟင္"

"ကိုယ္လား..London ေပါ့ babe"

"အာ..အဂၤလန္ကိုလား"

"အြန္း..ဒါေပမဲ့ အခုဂ်ယ္ဂ်ူသြားတာပဲ အဆင္ေျပမယ္ထင္တယ္..မဟုတ္ရင္ ဟိုက
ေလယာဥ္ခ်ိန္နဲ႔ဆို 12 နာရီေလာက္ စီးရမွာ
ကေလး မူးလို႔ လိမ့္ေနလိမ့္မယ္.."

သူေျပာတာ နားေထာင္ေနရင္း ေလယာဥ္ခ်ိန္ 12 နာရီလည္းဆိုေကာ ဟန္ေတာင္မေဆာင္ႏိုင္ ေသာက္ေနတဲ့ သံပုရာရည္ဓာတ္ကေလး ေပ်ာက္ၿပီး ေခါင္းမူးခ်င္လာတဲ့ ခံစားခ်က္
ႀကီး တရိပ္ရိပ္တက္လာျပန္သည္၊ စိတ္ညစ္ညစ္နဲ႔ ဝဲက်ေနတဲ့ ဆံပင္ေတြကို ဘယ္ႏွစ္ခါေျမာက္မွန္းမသိ ေနာက္က်ိက်ိနဲ႔ ဆြဲဖြမိျပန္ေတာ့ ၾကည့္ေနတဲ့ ဂ်ံဳးဂုက ရိပ္မိစြာ ႏႈတ္ခမ္းပါးေတြ ေကြးၫႊန္႔သြားျပန္သည္။ ထို႔ေနာက္ ကုတင္စြန္းေလးမွာ ဝင္ထိုင္ရင္း သူမ ဆြဲဖြထားတဲ့ ဆံပင္ေတြကို ေသေသသပ္သပ္ေလး ျဖစ္ေအာင္ ျပန္သပ္
ေပးလာသည္မွာ အေဖတစ္​ေယာက္အလား။

"ခဏေလာက္..နားေနလိုက္ပါ ၿပီးမွ ကိုယ္တို႔
ညေနက်မွ အျပင္ထြက္ၿပီး ဝက္မဲသား သြားစားၾကတာေပါ့"

သူ႔စကားေၾကာင့္ နည္းနည္းေလးေတာ့ ေတြေဝသြားမိတယ္။ ညေနမွလား..မဟုတ္ေသးပါဘူး​ ဟန္နီးမြန္းထြက္လာတာကို အခန္းထဲမွာပဲ ​အခ်ိန္ကုန္ေနလို႔ ဘယ္ျဖစ္ပါ့မလဲ။

"ရတယ္..Jeon မနားဘူး အခု သြားရေအာင္
ဂ်ယ္ဂ်ူေရာက္ၿပီဆိုေတာ့ ဝက္မဲသား သြားစားခ်င္တာ မလား သြားစားရေအာင္ေလ"

"အင္?..သြားခ်င္တာ..ေသခ်ာရဲ့လား ကိုယ္က ကိစၥမရိွေပမဲ့ မင္းဖ်ားေနလိမ့္မယ္ babe"

"ဟီး..ဖ်ားေတာ့လည္း အိမ္ေရာက္မွ ဖ်ားတာေပါ့ သြားရေအာင္"

"ဟုတ္ၿပီ..babe သြားရေအာင္
ေလၫွင္းေလး ဘာေလး ခံရေအာင္လို႔"

ကမ္းေပးလာတဲ့ သူ႔လက္ကေလးကို တြဲရင္း
အတူထြက္လာခဲ့မိတယ္။ လက္ကေလး
တစ္ဖက္ကလည္း သူမကို လႊတ္မသြားေအာင္ ဆုပ္ကိုင္ထားရင္း လက္ကေလး တစ္ဖက္ကလည္း ဖုန္းေလးတစ္ဖက္နဲ႔ ဂ်ယ္ဂ်ူက ေကာင္းရာႏိုးႏိုး restaurant ေတြကို Na​ver ေခါက္ရွာေနတာကို ျမင္မိတဲ့အခါ သူမ ၿပံဳးမိသည္။

ခ်စ္ရတဲ့သူက အစားတစ္လိုင္းေလး..။

~•~•~•~

ျဖဴေဖ်ာ့ေဖ်ာ့ေကာင္းကင္ေရာင္ ေနာက္ခံနဲ႔ အနည္းငယ္ လိႈင္းထန္ေနေပမဲ့လည္း ျပာလြင္ေနတဲ့ ဂ်ယ္ဂ်ူရဲ့ပင္လယ္ႀကီးက သိပ္ကိုလွသည္။ ေလသင့္ရာ လမ္းေၾကာင္းအတိုင္း ယိမ္းေနတဲ့ အုန္းပင္စိမ္းေလးေတြကို စီၿပီး ျမင္ေတြ့လိုက္ရတဲ့ အခါ ဂ်ယ္ဂ်ူရဲ့အေငြ့
အသက္ေလးေတြ ပို၍ပင္ လႊမ္းၿခံဳသြားသလို ခံစားလိုက္ရသည္။

ေငး​ၾကည့္ေလေလ..အသက္ရူဝေလေလမို႔
သူမ အၾကည့္မလႊဲမိ..မွန္ျပင္နားက စားပြဲဝိုင္း
ကို ရသည္မို႔ စိတ္ႀကိဳက္ကို ေငးၾကည့္လို႔ရေနသည္။ ဂ်ံဳးဂုကို ၾကည့္မိတဲ့အခါမွာလည္း
သူလည္း သူ႔စိတ္ဝင္စားရာနဲ႔သူ ကင္ထားတဲ့ ဝက္သားေတြ ထက္၌သာ အာရံုေရာက္ေနတာမို႔ သူမ ၿပံဳးမိသည္။ တကယ္..အစားတစ္လိုင္းေလး။

"Babe.."

"hmm?"

"အာ.."

ပူပူေနြးေနြးပင္ ေလာေလာလတ္လတ္ ကင္ထားတဲ့ အသားတစ္ဖတ္ကို တူနဲ႔ယူၿပီး ကေလးလို ခြံေကြၽးေနတာမို႔ သူမ အံ့ၾသသြားမိတယ္။ အရင္ဆံုးေကြၽးတာလား...

"ပူတယ္..ျဖည္းျဖည္းစား"

လ်ွာပူတာ..မပူတာ မသိ အခ်စ္ေတြနဲ႔ေတာ့ ရင္ထဲ အေတာ္ေအးေနေလၿပီ ထို႔အတူ
အိစက္ ႏူးညံ့တဲ့ အသားဓာတ္ကလည္း စိမ့္ဝင္လာမို႔ ေနရင္းထိုင္ရင္း ေလာကႀကီးကိုပင္
ေမ့ခ်င္သြားသည္။

"အရသာရိွတယ္~"

"ဟုတ္လား..ဆလပ္ရြက္နဲ႔ ထုပ္စားရင္ ပိုအရသာရိွလိမ့္မယ္..ထင္တယ္ အာ"

"jungkook..စားေလ"

ခ်က္ခ်င္း ေခါင္းယမ္းျပေလတဲ့သူ။ ကေလး
အတြက္ဆိုတဲ့ သေဘာျဖင့္ ေကြၽးကိုေကြၽးရမယ္လို႔မ်ား သတ္မွတ္ထားေလသလား
မသိ မစားမခ်င္း ခြံေကြၽးရတဲ့ အမႈမွာ ေပ်ာ္ေနေလေတာ့ သူမ ၿပံဳးမိရင္း ထပ္စားလိုက္ရျပန္သည္။ သူခြံေကြၽးလို႔ စားလိုက္တဲ့အခါက်ရင္လည္း ၾကယ္ေလးေတြ ျဖတ္ခနဲ ေႂကြက်သြားသလို ေတာက္ပသြားတတ္တဲ့ သူ႔မ်က္လံုးဝိုင္းဝိုင္းေတြက သိပ္ခ်စ္စရာေကာင္းလြန္းေနသည္။

"ဘယ္လိုလဲ.."

"အရသာရိွတယ္..တကယ္ အရသာရိွတာမို႔
jungkook က ဝက္သားႀကိဳက္တယ္မလား ျမန္ျမန္စားၾကည့္.."

သူမက အရသာရိွေၾကာင္း လက္မေလးတေထာင္ေထာင္နဲ႔ မ်က္ႏွာေလးက စားေကာင္းလို႔ တစ္ဖံု အရသာရိွေၾကာင္း တစ္ဖံုနဲ႔ ေဖာင္းအစ္ေနတဲ့ ပါးေဖာင္းေဖာင္းေလးကအစ မ်ိဳးစံု ခ်စ္ဖို႔ေကာင္းစြာ ေဖာ္ျပရင္း စကား
မဆံုးခင္မွာပဲ သူ ထပ္ေကြၽးေနမွာစိုးလို႔ အသားတစ္ဖက္ အျမန္ ေကာက္ထည့္ၿပီး ဆလပ္ရြက္နဲ႔ ထုပ္ၿပီး ခြံေကြၽးတာမို႔ ဂ်ီယြန္းရဲ့ အခ်စ္ေတြကို ေပ်ာ္ရႊင္စြာနဲ႔ပဲ လက္ခံလိုက္ေတာ့သည္။

မ်ားမၾကာမီ ထပ္မံ မွာယူထားေသာ အစား
အေသာက္မ်ားအၾကား သူတို႔၏ ေန့လည္စာ စားေသာက္ျခင္းသည္ ျမန္ဆန္စြာပင္ ၿပီးစီးသြားခဲ့သည္။

"မသြားခင္ ဘာစားၪီးမလဲ..ကေလး"

"အင္း..."

ေထာင့္ကပ္သြားေသာ သူမ မ်က္လံုးေလးေတြက စဥ္းစားေနဟန္။ သို႔ေပမဲ့ သူ႔ဆီသို႔ မဝံ့မရဲ လွမ္းအကဲခတ္လာသည့္ မ်က္ႏွာႏုႏုေလးက တစ္ခုခုကိုေျပာဖို႔ အရိပ္အကဲခတ္ေနသည့္ ပံုစံမ်ိဳးမို႔ မဟုတ္မွလြဲေရာ...။

"ေရခဲမုန္႔လား"

အေျဖမွန္သြားသည့္ပံုစံမ်ိဳး ၿပံဳးစစနဲ႔ ေခါင္းေလးေတြ တသြင္သြင္ၿငိမ့္ျပတာေၾကာင့္ သူၿပံဳးလိုက္မိတယ္။ ေအးလို႔ မစားေစခ်င္ေပမဲ့
ဒီတစ္ေခါက္ကေတာ့ ခြၽင္းခ်က္ပင္။

"Strawberryလား Vanilla လား"

"jungkookဆိုရင္ ဘာစားမွာလဲ"

"ကိုယ္လား..Vanilla ေပါ့"

"ဒါဆို..ကြၽန္မလည္း Vanilla ပဲ"

စေတာ္ဘယ္ရီစားေနက် ကေလးက Vanilla
ေျပာင္းသြားတာမို႔ သူ႔အံ့ၾသသြားမိတယ္။ သူ႔အတိုင္း လိုက္စားတာလား..။

"အႀကိဳက္ေျပာင္းသြားတာလား"

"မဟုတ္ပါဘူး အခ်စ္က ေျပာင္းေပးသြားတာပါ"

ေငးၾကည့္ေနမိတဲ့ သူ႔မ်က္လံုးေတြကို ေသခ်ာစိုက္ၾကည့္ၿပီး ၿပံဳးစိစိနဲ႔ ဖလစ္သြားတဲ့ သူမ စကားေၾကာင့္ အံ့ၾသမိျပန္သည္။ ပံုမွန္ဆို ဖလစ္တတ္တဲ့သူက သူပါ အခုေတာ့ သူမက ေျခတစ္လွမ္း သာသြားတဲ့အျပင္ ကိုယ့္ဘာသာေျပာၿပီး ရွက္သြားတဲ့ပံုစံေလးေၾကာင့္ အူယားမိပါရဲ့။ သူ႔ဆီက အတတ္ေကာင္းေတြ ရွယ္တတ္ေနရွာတာ စကားေတာ့ နားမေထာင္ရွာဘူး ခ်စ္ဖို႔ေကာင္းလိုက္တဲ့ကေလး..။

"ဟင္း..ကိုယ့္ဆီက အတတ္ေကာင္းေတြ..တတ္ေနတယ္"

ဆူသလိုေျပာမိေတာ့ ရီၿပီးက်န္ခဲ့တဲ့ သူမဆံႏြယ္ေတြကို အသာဆြဲဖြကာ ေရခဲမုန္႔မွာေပးဖို႔ သူထြက္လာခဲ့မိတယ္။စားေသာက္ဆိုင္ ေလးက ဂ်ယ္ဂ်ူမွာ နာမည္ရတဲ့ စားေသာက္
ဆိုင္ေလးပီပီ အခ်ိန္တိုင္း စားသံုးသူမ်ားနဲ႔ ျပည့္က်ပ္လို႔ေနသည္၊ လူမ်ားေပမဲ့လည္း သန္႔ရွင္းသည့္ ဆိုင္အေနအထားေလးကိုသေဘာက်မိစြာ တစ္ေခါက္ေဝ့ဝဲၾကည့္မိရင္း မသိစိတ္နဲ႔ ေစ့ေဆာ္မႈအရ ဂ်ီယြန္းကို တစ္ခ်က္ ျပန္လွည့္ၾကည့္မိတယ္...။

မွန္နားက စားပြဲခံုဝိုင္းေလးမွာ ထိုင္ေနသည့္ တစ္​ၪီးတည္းေသာ ပံုရိပ္ေလးက ျဖဴေဖ်ာ့ေန
သည့္ ေကာင္းကင္ေရာင္ေအာက္မွာေတာင္ သူမက နတ္သမီးေလးလိုပင္။ အျပင္ကို ေငး
ၾကည့္ေနေလတဲ့ ပံုရိပ္ေလးက သိပ္ကို ေက်ာ့ရွင္းေနေလေတာ့ ဘယ္လိုၾကည့္ၾကည့္ သိပ္လွတာမို႔ လွည့္ၾကည့္မိတဲ့ တခဏမွာတင္ သူၿပံဳးမိသည္။ သို႔ေပမဲ့ အၿပံဳးေတြသည္ သိပ္ေတာ့ ၾကာၾကာမခံလိုက္၊ သူ႔အျပင္ သူမဆီကို စုပံုၿပီး တိုးတိုးတိတ္တိတ္ အကဲခတ္ေနၾကသည့္ မ်က္ဝန္းတခ်ိဳ႕ကို ျမင္ရေတာ့ မၿပံဳးႏိုင္ေတာ့ေပ။

သူမက သိပ္လွတာ သိေပမဲ့ တပါးသူေတြ ေငးၾကည့္တာလည္း မခံေစခ်င္ မႀကိဳက္တာ
ဆို ပိုမွန္မည္။ သဝန္တိုမႈေတြသည္ တရိပ္ရိပ္
နဲ႔ သူ႔အပိုင္မွန္း သိတာေတာင္ စိတ္မခ်ႏိုင္ေအာင္အထိ စြဲလမ္းသြားေအာင္ ဂ်ီယြန္းက ဘယ္ေလာက္ထိ ျပဳစားထားခဲ့လဲ မသိေပမဲ့
ၾကားထဲမွာ ကန္႔လန္႔ကာႀကီး ကာထားေပးခ်င္လာသည့္ စိတ္ေတြ တဖြားဖြား ျဖစ္ေနတာကို သူမသာ သိရင္ ရီေနေတာ့မည္။

ပါးေစာင္ကို ဘယ္ႏွစ္ခါေလာက္ လ်ွာနဲ႔ ထိုးေနမိမွန္း မသိေတာ့ မွာထားသည့္
ေရခဲမုန္႔ကိုပင္ ေမ့ေမ့ေပ်ာက္ေပ်ာက္..။

တကယ္ အိတ္ကပ္ထဲ ထည့္ၿပီး
ဖြက္ထားလို႔ရရင္ သိပ္ေကာင္းမွာပဲ.....။

"ဘာျဖစ္လို႔လဲ.."

Vanilla ေရခဲမုန္႔ေလးကို သူမဆီ​ ထိုးေပးၿပီး
တစ္ေယာက္တည္း မႈန္ကုပ္ၿပီး ျပန္ဝင္ထိုင္
လာတဲ့ သူ႔ေၾကာင့္ ေၾကာင္သြားတာေတာ့ အမွန္ပင္။ သြားတုန္းကနဲ႔မတူ မႈန္ကုပ္ကုပ္
နဲ႔ ျဖတ္ခနဲ ေကာက္ထိုင္ခ်တာမို႔ ေမးၾကည့္လိုက္ေတာ့ ပင့္ၾကည့္လာတဲ့ မ်က္လံုးေတြက တစ္စံုတစ္ခုကို အလိုမက်မွန္း သိပ္သိသာလွသည္။

"ဒီဆိုင္ကို မလာပဲ Hotel restaurant ကိုပဲ
သြားလိုက္ရမွာကြာ.."

"ဘာျဖစ္လို႔လဲလို႔"

"ဒီကလူေတြကို..ၾကည့္ရတာ အသဲေပါက္လာလို႔"

မေက်မနပ္နဲ႔ ျပန္ေျဖသံအဆံုး မ်က္ေမွာင္ႀကီးႀကံဳၿပီး တစ္ခုခုကိုမ်က္စပစ္ျပတာမို႔ သူမ အူတူတူနဲ႔ပင္ ဆိုင္အတြင္းကို ေဝ့ဝဲၾကည့္လိုက္မိေတာ့ သူမတို႔ ထိုင္ေနတဲ့ ေနရာဆီ သို႔မဟုတ္ သူမဆီကို ခိုးခိုးၿပီးအကဲခတ္ေနတဲ့ မ်က္ဝန္းေတြကို ေတြ့လိုက္ရေပမဲ့ ၾကည့္ရံုပဲမို႔ မထူးဆန္းစြာ သူ႔ျပန္ၾကည့္မိမွ ရယ္ခ်င္သြားသည္။ ဘာလဲ..သဝန္တိုေနတာလား အခု။

ဆိုင္ထဲက လူေတြက..ျပတင္းေပါက္နဲ႔နီးလို႔ အျပင္ကို လွမ္းၾကည့္တာလား သူမ လွလို႔ လွမ္းလွမ္းၾကည့္တာလား မသဲကြဲေပမဲ့ မ်က္ႏွာႀကီးတည္ကာ ဆူပုတ္မႈန္ကုပ္ေနတဲ့
သူ႔ကိုၾကည့္ရင္း အရမ္း ​စခ်င္လာသည္။

"Ah..ၾကည့္ပါေစ လွလို႔ၾကည့္တာပဲကို"

"Babe!"

"hee..စတာ..စတာ"

မေျပာင္းမလဲ ပို၍ပင္ မႈန္ကုပ္သြားသည့္
သူ႔ကိုလည္းစရင္း ေရခဲမုန္႔တစ္ဇြန္း ခပ္စားေနစဥ္ သူမထံ ဝဲက်လာသည့္ မ်က္ဝန္းေတြ
ေၾကာင့္ အႀကံရစြာ ေရခဲမုန္႔တစ္ဇြန္းကို ဂ်ံဳးဂု
ဆီ ခ်က္ခ်င္း ခြံေကြၽးမိေတာ့ သူမကို ေၾကာင္
ေတာင္ေတာင္နဲ႔ ျပန္ၾကည့္လာသည္။

"ျမန္ျမန္စားေလ..ကေလးေတြၾကည့္ေနတယ္ စံုတြဲမွန္း သိေစခ်င္တယ္မလား.."

မ်က္ေစာင္းထိုးက ေက်ာင္းသားအုပ္စုကို
အေၾကာင္းျပမိေတာ့ သူ႔မ်က္ခံုးေတြ ပင့္ခနဲ။

"လင္မယားပါ.."

"မင္းက..ကိုယ့္မိန္းမ ကိုယ္က မင္းေယာက်ၤား"

ႏႈတ္ခမ္းေလး တေထာ္ေထာ္နဲ႔ မေက်မနပ္ ျပန္ေျပာရင္း သူမ ခြံေကြၽးသည့္ ေရခဲမုန္႔ကို
အျမန္ပင္ ေကာက္စားသြားတာမို႔ အသံထြက္ေအာင္ပင္ ရယ္မိသြားသည္။

တကယ္ပါပဲ..သဝန္တိုခ်က္ကေတာ့။

"အဲ့ဒါဆိုလည္း..လက္ထပ္ လက္စြပ္ပဲ
ေထာင္ျပလိုက္ေလ"

"တကယ္လား?"

"မဟုတ္ဘူးလို႔!"

ထို႔သို႔ႏွင့္ မၾကာခဏ ရယ္သံေလးေတြ ပ်ံ့လြင့္လာတတ္သည့္ ထိုစားပြဲဝိုင္းေလးမွ စံုတြဲလွလွေလး ႏွစ္ေယာက္ကို ပတ္ဝန္းက်င္သည္ ၿပံဳးစစႏွင့္ သတိျပဳမိေနၿပီျဖစ္သည္...။

ႏွစ္ၪီးတည္း တည္ထားေသာ ကမ႓ာငယ္
သည္ ထင္ထားတာထက္ ပိုက်ယ္ဝန္းပံုရတာမို႔ ၿပံဳးေယာင္သန္းသြားသည့္ အၿပံဳးမ်ားၾကား
ေပ်ာ္ရႊင္ျခင္းေတြက ကူးစက္တတ္လာသည္။
ျဖတ္သြားျဖတ္လာေတြ ရိွခဲ့မယ္ဆိုရင္ေတာင္
မည္သူကမွ ညားခါစ စံုတြဲေလး မဟုတ္မွန္း
ေစာဒက တတ္မည့္သူ မရိွေလာက္ေတာ့ပါ..။

~ • ~❦~ • ~


" ၾကည့္ပါၪီး..ေရေတြၾကည္ေနတာပဲ.."

ၾကည္လင္​ေနတဲ့ ကမ္းစပ္က ေရေတြကို ငံု႔ၾကည့္ရင္း ဂ်ီယြန္းရဲ့ အသံသည္ ရႊင္ပ်ေန၏။
ေအးစိမ့္ေနသည့္ ေလေအးေတြၾကား သူမရဲ့ ဆံႏြယ္ေတြဟာလည္း ဝဲလြင့္လို႔၊ လိႈင္းထန္
ေနသည့္ ေဆာင္းပင္လယ္ႀကီးႏွင့္အတူ ေလတိုးသံေတြဟာလည္း က်ယ္ေလာင္လွသည္။

"အင္း..ေရထဲ မဆင္းနဲ႔ေနာ္..ကေလး"

"ဟုတ္ကဲ့ပါ"

စားေသာက္ဆိုင္ကေန သူတို႔ ျပန္ထြက္လာၾကၿပီးေနာက္ ကမ္းစပ္ေလးဆီသြားၿပီး ခဏတာအပန္းေျဖေနၾကျခင္းပင္။ အနည္းငယ္ လိႈင္းထန္ေနတဲ့ ေဆာင္းပင္လယ္ႀကီးက သိပ္လွေပမဲ့ ဒီေန့မွ ေလေတြ သိပ္တိုက္ေနသည္။ သူမေတာ့ မသိ သူပင္ မ်က္လံုးေတြ က်ိန္းစပ္ၿပီး လက္ဖ်ားေတြ ေအးစိမ့္စိမ့္နဲ႔။

"ၿပီးရင္..ဒီနားမွာ နားေနစခန္း တစ္ခုရိွတယ္
တစ္ခုခု ဝယ္ၪီးမလား..babe"

"ဟုတ္..သြားမယ္ေလ"

ေျပာေျပာဆိုဆို နံေဘးက ​သူ႔လက္ကို ဂ်ီယြန္း က လွမ္းကိုင္လိုက္တဲ့အခါ အံ့ၾသသြားဟန္နဲ႔။

"Jeon လက္ေတြ အရမ္းေအးေနၿပီပဲ"

"အာ..နည္းနည္းပါ babe"

ေပ်ာ္ရႊင္ေနတာေလးကို မဖ်က္ရက္တာမို႔
စိတ္မပူေစခ်င္လို႔ ခပ္ျမန္ျမန္ပင္ သူျငင္းဆိုလိုက္ေပမဲ့ ကံမေကာင္းစြာ သူသည္ အေအးမိလြယ္သည့္သူမ်ိဳး ျဖစ္ေနသည္။

"မဟုတ္ဘူး..Jeon တကယ္ ေအးေနၿပီရယ္ ဒီမွာက ေလအရမ္းတိုက္တာမို႔ ဟိုနားက Cafe ေလးမွာ ေစာင့္ေနပါလား ကြၽန္မ ဘယ္မွ မသြားဘူးေလေနာ္ ဒီနားတဝိုက္မွာပဲ
ရိွေနမွာမို႔ ေနြးသြားေအာင္ တစ္ခုခု ျဖစ္ျဖစ္ ဝယ္ေသာက္လိုက္ပါ"

ျငင္းဆန္ဖို႔ ထပ္ျပင္လိုက္ေပမဲ့ တျဖည္းျဖည္း
ေအးလာတဲ့ လက္ေတြနဲ႔ နာခ်င္ေနတဲ့ သူ႔အသံက ဂ်ီယြန္းကို ၾကာၾကာ မဖံုးကြယ္ႏိုင္ခဲ့
အဲ့ဒါနဲ႔ပဲ သူစိတ္ေလ်ာ့လိုက္ရသည္။

"ကြၽန္မ..မၾကာပါဘူး ခဏေလာက္ ၾကည့္ၿပီးရင္ လာခဲ့မယ္ေလေနာ္"

"အင္း..ကိုယ္ ၾကည့္ေနမွာေနာ္ babe
အေဝးႀကီးေတြ မသြားနဲ႔"

"ဟုတ္ကဲ့ပါ"

သူမကို တစ္ေယာက္တည္း ထားခဲ့ရေပမဲ့ လူသူရွင္းတဲ့ အခ်ိန္မို႔လို႔လားမသိ သူစိမ္းဘာညာနဲ႔ တိုးမွာကို သူ သိပ္ၿပီး စိတ္မပူမိပါ ကေဖးဆိုင္ေလးက ကမ္းစပ္နဲ႔ အနီးဆံုးမွာျဖစ္တာမို႔လို႔လည္း ျဖစ္လိမ့္မည္။ ကေဖး ဆိုင္ေလးထဲ ဝင္လိုက္လာတဲ့ ပ်ံ့လြင့္လာတဲ့ ရနံ႔ေပါင္းစံုက သိပ္ကို ေနြးေထြးသြားတာမို႔ မရေတာ့ ဂ်ီယြန္း ေျပာသလို အရမ္းေအးၿပီမို႔ တစ္ခုခုေတာ့ ေသာက္မွ ျဖစ္ေတာ့မည္။

"Coffee တစ္ခြက္..latte တစ္ခြက္"

ေကာင္တာေလးဆီသြားၿပီး ဂ်ီယြန္းအတြက္ပါ ေပါင္းမွာရင္း ေနာက္ကိုလည္း စိတ္မျပတ္စြာ ကမ္းစပ္ကို လွမ္းလွမ္းၾကည့္မိေသးတယ္
မ်က္စိေအာက္က ေပ်ာက္တာနဲ႔ ေပ်ာက္သြားမွာကို စိုးရိမ္လို႔ပင္။ ကေဖး ဆိုင္ေလးရဲ့ အျပင္ဘက္မွာ Ocean view ကို ခံစားရင္း ေအးေအးေဆးေဆး ထိုင္ၾကည့္လို႔ရတာမို႔ ကမ္းစပ္နားက သူမကို မ်က္စိေအာက္မွာတင္ ျမင္ေနရေသးသည္။

မွာၿပီး ဆိုင္အျပင္မွာ ေနရာေလးယူရင္း စိတ္မျပတ္စြာ ကမ္းစပ္နားကို ျပန္လွမ္းၾကည့္လိုက္မိစဥ္ ဘာဆိုဘာမွမရိွေတာ့သည့္ ျမင္ကြင္းက သူ႔ကို အလိုလိုပင္ ေျခာက္ျခားသြားေစသည္။

"Babe.."

ရင္ထဲ ဒိန္းခနဲျဖစ္သြားတာမို႔ အရပ္မ်က္ႏွာ အစံုကို ထူပူၿပီး လိုက္ၾကည့္မိေပမဲ့ သူရွာေနသည့္ ပံုရိပ္ငယ္ေလးကို ရွာေတြ့ရမယ့္အစား လစ္ဟာေနသည့္ ျမင္ကြင္းေတြသာ ျမင္ေတြ့
ေနရတာမို႔ ေၾကာက္စိတ္နဲ႔ လက္ေတြကိုပါ
အလိုလို ဆြဲ၍ ကုတ္ျခစ္မိသည္..။

ဆံုးရႈံးရမွာကို စိုးရိမ္လြန္ခဲ့မႈေတြက ေၾကာက္ရြံမႈေတြ အျဖစ္ ကူးေျပာင္းသြားခဲ့သည္လား
သူမသိ တကယ့္တကယ္တမ္း ေပ်ာက္သြားၿပီ
လို႔ သိလိုက္ရတဲ့အခ်ိန္မွာ အသည္းအသန္ ရွာေဖြေနမိေပမဲ့ ဘာမွမရိွတဲ့ ျမင္ကြင္းေတြကို အထပ္အထပ္အခါအခါ ျမင္ေတြ့ေနရတာကိုကပင္ အိမ္မက္ဆိုး တစ္ခုလို ေသြးပ်က္လြန္းလို႔ အသံေတာင္ မထြက္ႏိုင္ေတာ့...။

ေလျပင္းေတြၾကား ဘာလုပ္ရမည္မသိေတာ့
ရင္ထဲ တဆစ္ဆစ္နဲ႔ တရိပ္ရိပ္တက္လာသည့္ ဒဏ္ေတြနဲ႔ ​ေၾကာက္ရြံမႈအၾကား မ်က္လံုးေတြပါ ျပာခ်င္လာသည္။

ကိုယ္က မင္းမရိွပဲ ဘယ္လိုမွ မေနႏိုင္တာကို သိရဲ့သားနဲ႔ ကိုယ့္ကေလးရယ္...။

"Jungkook!"

ေနာက္က ဆြဲေခၚသံနဲ႔အတူ ခါးထက္ကို
တင္းၾကပ္စြာ ဖက္တြယ္လာတဲ့ လက္ေတြရဲ့
ေထြးဖက္မႈကို ခံစားလိုက္ရၿပီး ရင္ခြင္ထဲ
အေနြးဓာတ္ကေလး ျပန္ေရာက္လာသည္။

"ဘာျဖစ္လို႔လဲ..ဘာျဖစ္လို႔ ရုတ္တရက္ႀကီး
ေျပးထြက္သြားတာလဲ.."

"မင္း...ေပ်ာက္သြားၿပီ ထင္ေနတာ"

သတိဝင္လာခ်ိန္မွာ ပင္လယ္ကမ္းစပ္နား သူေရာက္ႏွင့္ေနၿပီးျဖစ္သည္။ ရင္ခြင္ထဲက
သူ႔ဆီျပန္ေရာက္လာတဲ့ ဂ်ီယြန္းကို ၾကည့္ၿပီး
မအံ့ၾသႏိုင္ ထပ္ၿပီး ေပ်ာက္သြားမွာစိုးလို႔
တိုး၍ဖက္မိေတာ့ မ်က္လံုးအဝိုင္းသားနဲ႔ သူမ က ေမာ့ၾကည့္လာသည္။ ေလျပင္းေတြေၾကာင့္လား သူ႔ေၾကာင့္လားမသိ ဂ်ီယြန္း မ်က္လံုးအိမ္ေတြမွာလည္း မ်က္ရည္ေတြ ရစ္ဝိုင္းေနသည္။

"ဘာျဖစ္လို႔လဲလို႔..?"

သူ႔ပါးျပင္ကို သူမလက္ကေလးနဲ႔ လာထိေတြ့မွ သတိထားမိတယ္၊ သူငိုေနမိတာပဲ။
ဒီေလာက္ထိ အားနည္းသြားတဲ့ ပံုစံကို မျပခ်င္တာေၾကာင့္ ဘာရယ္မဟုတ္ ေဒါသျဖစ္မိရင္း က်ဆင္းေနၿပီျဖစ္တဲ့ မ်က္ရည္ေတြကို လက္ခံုနဲ႔ ခပ္ၾကမ္းၾကမ္း သုတ္ပစ္လိုက္သည္။

"Ah..တကယ္ပါပဲ! ကိုယ္..မင္းေပ်ာက္သြားၿပီ ထင္လို႔ လန္႔သြားတာပဲ..အေဝးႀကီးေတြ မသြားပါနဲ႔ဆို ဘယ္ေရာက္သြားတာလဲ!"

တစ္ခုခုေျပာျပလုပ္ေနတဲ့ ဂ်ီယြန္းခမ်ာ လန္႔သြားေလဟန္။ သူေအာ္တာနဲ႔ မယံုႏိုင္သလို ၾကည့္ရင္း ၿငိမ္က်သြားေတာ့မို႔ ကူကယ္ရာမဲ့ တုန္လႈပ္သြားေလတဲ့ သူမ မ်က္ဝန္းေတြကို
ၾကည့္မိမွ သတိျပန္ဝင္မိတယ္။

ေသစမ္း! ဘာလို႔ေအာ္လိုက္မိတာလဲ..

"မဟုတ္ဘူး!"

အထင္လြဲသြားမွာ သိပ္ေၾကာက္သြားမိတာမို႔
သူမ လက္ကေလးေတြကို ျပန္ဆြဲၿပီး ရင္ခြင္ထဲ ျပန္ေထြးေပြ့ထားလိုက္မိတယ္။ တုန္လႈပ္သြားတဲ့ ဂ်ီယြန္း မ်က္ဝန္းေတြကို ျမင္ရတာ သူ႔အတြက္ေတာ့ ငရဲက်သလိုပင္..။

"ေတာင္းပန္ပါတယ္..ဆူတာ မဟုတ္ပါဘူး babe ကိုယ္အရမ္းလန္႔သြားလို႔ပါ တကယ္ ေတာင္းပန္ပါတယ္.."

သူ႔ဘာသာပဲ ေအာ္မိလို႔ သူဘာသာပဲ လန္႔ၿပီး သူမကို ဖက္၍ ျပန္ေတာင္းပန္ရွာသည့္ ဂ်ံဳးဂု
ကို ၾကည့္ၿပီး ဝမ္းနည္းမိသည္၊ လန္႔တာေတာ့
တကယ္ လန္႔သြားတဲ့ပံုမို႔ အနည္းငယ္ တုန္ရီေနတဲ့ သူ႔ေက်ာျပင္ကို ျပန္ဖက္မိရင္း ပုခံုးေလးကိုပုတ္ၿပီး စိတ္ေလ်ာ့ဖို႔ ႏွစ္သိမ့္ရသည္..။

"ဟို..တကယ္ေတာ့..ဘယ္မွမသြားပါဘူး
ဒီအနီးနားမွာပဲ ရိွေနတာ..ဟိုမွာ hanra bon ( volcano orange ) ေတြ့တာနဲ႔ သြားဝယ္ေနတာ ဂ်ယ္ဂ်ူေစ်းထဲ ေရာက္ရင္ လူတိုးေနရ
မွာစိုးလို႔"

သူမ ၫႊန္ျပသည့္ သစ္သီးဆိုင္ေလးကို လွမ္းၾကည့္မိေတာ့ ပို၍ပင္ အံ့ၾသသြားမိသည္။ တကယ္ကိုပင္ ကေဖးနဲ႔ ကပ္လ်က္ ႏွစ္အိမ္စာေလာက္ပဲ ျခားတာမို႔ စိတ္ေတြ ပိုရႈပ္ေထြးသြားရသည္။ လွည့္ပတ္ၿပီးလိုက္ရွာတုန္းက ဘာလို႔ မျမင္ခဲ့ရတာလဲ..ဆိုင္ထဲမွာရိွေနလို႔လား သူကန္းပဲကန္းသြားခဲ့တာလား!

ထူပူၿပီး စိတ္ေတြပဲ လြတ္သြားတာလား
မသိေတာ့..သူတကယ္ကို ဘာမွမသိေတာ့...။

အိမ္မက္ဆိုးႀကီးဆီက လႊတ္ေျမာက္လာရတဲ့ ခံစားခ်က္နဲ႔ ေတြးေတြးၿပီး ရူးခ်င္သည္။

"ေတာင္းပန္ပါတယ္..ဂ်ံဳးဂု လန္႔သြားမယ္မွန္း သိရင္ေတာ့ သြားမဝယ္ပါဘူးရယ္"

"........."

သူမကို ဘာမွမေျပာေတာ့ပဲ ၿငိမ္ၿပီး ၾကည့္ေနတာမို႔ သူမလည္း ဘာထပ္ေျပာရမည္မသိ၊  စိုးရိမ္လို႔ မသက္မသာျဖစ္ေနတဲ့ သူ႔ကိုလည္း ရဲရဲ မၾကည့္ရဲေပ။ တေဝါေဝါတိုက္ေနတဲ့
ေလေအးေတြၾကား သူ႔သက္ျပင္းခ်သံ ေငြ့ေငြ့ေလးက စိုးရိမ္စိတ္တို႔ကို ႀကီးေစသည္။

သို႔ေပမဲ့ အထင္နဲ႔ တလြဲစီပင္ နားထဲ အရာအားလံုး တိတ္ဆိတ္သြားခ်ိန္မွာ သူမ လက္ကေလးကို ျဖတ္ခနဲ သူဆုပ္ကိုင္လာသည္မို႔
စိုးရိမ္ထားသမ်ွ မ်က္ရည္ပင္ ဝဲခ်င္သြားသည္။ စိတ္မ်ား ဆိုးသြားၿပီလားလို႔ ထင္ေနခဲ့တာ..ေမာ့ၾကည့္မိေတာ့ မသက္မသာျဖစ္ေနတဲ့ သူ႔မ်က္ဝန္းေတြဟာ အားနာမႈေတြ အျပည့္။

"ကိုယ္ latte မွာထားတယ္..ကေလး ေသာက္မယ္မလား"

"ဒါေပါ့..သြားေသာက္ရေအာင္"

သူထပ္ၿပီး စိုးရိမ္ေနမွာစိုးလို႔ သူ႔လက္ေတြကို
တင္းေနေအာင္ ျပန္ဆုပ္ကိုင္ထားမိရင္း သူမအရင္ၪီးေဆာင္ကာ ကေဖးဆိုင္ေလးဆီ
ခ်ီတက္ခဲ့သည္။

"ကေလး"

"ဟင္.."

"ေအာ္မိတာ..ေတာင္းပန္ပါတယ္
စိတ္မဆိုးပါနဲ႔"

နံေဘးက မဝံ့မရဲစြာ ထြက္လာသည့္ သူ႔ေတာင္းပန္သံေၾကာင့္ သူမ ၿပံဳးလိုက္မိရင္း အစိုးရိမ္လြန္ေနတဲ့ သူ႔ပါးျပင္ေလးကို နစ္ေနေအာင္ နမ္းရိႈက္လိုက္မိသည္။ ရုတ္တရက္နမ္းရိႈက္ခံလိုက္ရတယ္ဆိုေပမဲ့ သူၿပံဳးသြားမွသာ သူမလည္း စိတ္သက္သာရေတာ့သည္။

မ်က္ႏွာ မညိုးေအာင္ ထားတတ္တဲ့ သူ႔ကို
သူမကလည္း ဘယ္လိုမွ မ်က္ႏွာညိုးခြင့္
မေပးႏိုင္ပါဘူး..သိပ္ခ်စ္တာမို႔။


~ ~ ~

"စားေလ..babe ေအးကုန္ေတာ့မွာပဲ"

ႏွေျမာတသနဲ႔ ဂ်ံဳးဂုအသံေၾကာင့္ သူမလည္း
ေငးေနတာကို ရပ္တန္႔ၿပီး လွည့္ၾကည့္မိေတာ့ အေငြ့တေထာင္းေထာင္း ထေနသည့္ အူဒံုနဲ႔ ငါးအူေခ်ာင္းစြပ္ျပဳတ္ေတြက ဆီးႀကိဳေနသည္။ စားပြဲထက္မွာလည္း နားေနစခန္းက ဝယ္လာသည့္ လမ္းေဘးစာေတြက တပံုတပင္။ သူ႔ၾကည့္မိေတာ့လည္း ပင္လယ္စာေလး ငံု႔စားလိုက္ Soup ေလး ေမာ့ေသာက္လိုက္နဲ႔ ရိုးရိုးရွင္းရွင္းပင္ အရသာရိွစြာ စားေသာက္ေနသည္။

ၾကည့္ၿပီး သူ႔ကို အားက်လာတာနဲ႔ အူဒံုေလး
တစ္ငံု႔ငံု႔စားရင္း ခုနကအထိ တဝႀကီး ေငး
ၾကည့္ခဲ့တဲ့ သမုဒၵရာႀကီးကို ျပန္ေငးၾကည့္မိေတာ့ ပိုေတာင္ အရသာရိွသြားသလိုပင္..။

"အဲ့ေလာက္ေတာင္..သေဘာက်လား
View ကိုေလ"

သူမ စားရင္းၿပံဳးေနမိတာကို ျမင္သြားပံုရသည့္ သူ႔ဆီက အေမးသံထြက္လာတာမို႔ မေျဖ
ေသးခင္ အရင္ဆံုး ၿပံဳးလိုက္မိတယ္။ သူ႔ မ်က္လံုးထဲမွာေတာ့ စိမ္းစိမ္းစိုစို ဂ်ယ္ဂ်ူျမင္ကြင္းေတြက မထူးဆန္းတဲ့ပံုပါပဲ။

"က်တာေပါ့..ဒီမွာက သိပ္လွတာကိုး"

"ေနမလား..ဒီမွာ ဒီနားေလးမွာ ကိုယ့္အစ္ကိုပိုင္တဲ့ Apartment ရိွတယ္ သြားေနၾကမလား"

"ေနပါေစ..အခုေနေနတဲ့ အိမ္ကိုပဲ ပိုသေဘာက်ပါတယ္..Mafia house ေလ"

ဒီနာမည္ကို သူ႔ဘာသာသူေပးရင္း အားရပါးရ ပစ္ေႂကြေနရွာသည့္ ဂ်ီယြန္းေၾကာင့္ စားရင္း ေလွာင္တယ္ထင္မွာစိုးလို႔ သူႀကိတ္ရီမိသည္။ အရင္က သေဘာမက်ခဲ့သေလာက္ အခုက် သူ႔ကေလးက ေတြ့သမ်ွကို တအားစပ္စုရွာတာ..။

"လ်ိႈ႔ဝွက္ခန္းေတြ အေရးေပၚခန္းေတြ ေျမေအာက္ခန္း ေတြဘာေတြရိွရင္ ေျပာျပၪီး လိုက္ၾကည့္ခ်င္လို႔"

"မေျပာျပဘူး"

"ဟာ..Jungkook..လူဆိုး"

"အရင္ထဲက ဆိုးတာ ခုမွမဟုတ္ဘူး"

သူ႔အေျဖၾကောင့္ တိုင္ပင္စရာမလိုပဲ ရယ္သံ
ေလးေတြသည္ လႊမ္းသြားျပန္သည္။ အစား
ကို အာရံုစိုက္လိုက္ စကားေျပာၾကလိုက္နဲ႔ သူ႔ဟာသူေတာ့ ဟန္နီးမြန္းထြက္လာတဲ့ စံုတြဲပီပီ
ေလထုေလးက ခ်ိဳၿမိန္ေနဆဲ။

"Jeon..ဒါကို ဘယ္လိုေခၚတာ
ကင္းမြန္လား..ေရဘဝဲလား? ေရဘဝဲမလား"

စားလို႔ၿပီးမွ ဘာရယ္မဟုတ္ က်န္ေနသည့္ လက္တံေတြကို ေကာက္ဝါးရင္း အေတြးတခ်က္ ဝင္လာမိသည္။ လက္တံမကလို႔ စားလို႔ တစ္ပန္းကန္လံုးပင္ ကုန္ၿပီးျဖစ္ေပမဲ့ စားသာစားတာ ဘာမွန္းမသိ။ အပိုင္းပိုင္းျဖတ္ၿပီး ကင္ထားေတာ့ ဘာမွန္း ပိုေတာင္
မသိ။ ကင္းမြန္လိုလို ေရဘဝဲလိုလိုနဲ႔။

ဝယ္လာသည့္ ဂ်ံဳးဂုကို လွမ္းေမးမိေတာ့
သူကိုယ္တိုင္ကလည္း ေခါင္းေလးကုပ္ၿပီး
ဇေဝဇဝါနဲ႔ လွမ္းၾကည့္ေနေလသည္။

"မသိဘူးရယ္..ကိုယ္က ျပည္ႀကီးငါး ထင္ေနတာ.."

အူတူတူနဲ႔ ျပန္ေျဖသံအဆံုးမွာ ႏွစ္ေယာက္သား တိုင္ပင္စရာေတာင္ မလိုပဲ ရီမိျပန္သည္။ ရယ္ရေအာင္ တမင္ပဲ ေပါက္ကရေကာက္ေျဖတာလား မသိေပမဲ့ သူလည္း တကယ္ သိပံုလည္း မရတာမို႔ သူမလည္း ထပ္မေမးမိေတာ့ေပ။ အကုန္သန္႔ရွင္းၿပီးတဲ့ေနာက္မွာေတာ့ သူမ ထိုင္ေနသည့္ ကုတင္စြန္းနား သူသည္ အသာေလး ဝင္ထိုင္လာၿပီး။

"ၾကားဖူးတာေတာ့..ေရဘဝဲေတြမွာ
ႏွလံုးသား သံုးခုရိွတယ္ဆိုလားပဲ.."

ရင္ခုန္ခ်င္စရာ ေကာင္းသည့္ ေလသံတိုးတိုးက နားသယ္စပ္နား ရစ္ဝဲသြားတာမို႔ သူမ
လွည့္ၾကည့္လိုက္မိေတာ့ ႏူးညံ့ ခ်ိဳၿမိန္ေန
သည့္ သူ႔မ်က္လံုးဝိုင္းဝိုင္းေတြနဲ႔ ဆံုမိသည္။

"Omm..ဟုတ္တယ္ေလ
Finding Dory ထဲမွာလည္း ပါတယ္"

"တကယ္လို႔..ကိုယ္သာ ေရဘဝဲေလးျဖစ္ရင္.."

"အရသာရိွမွာပဲ~ "

စကားမဆံုးခင္ တိခနဲ ျဖတ္ခ်လိုက္သည့္
ဂ်ီယြန္းအသံေၾကာင့္ သူေၾကာင္သြားမိတယ္။
ၾကည့္လိုက္မိေတာ့ သြားေလး အၿဖီးသားနဲ႔ သူ႔ကေလးက သူရိုခြင့္မရလိုက္တာကို ၾကည့္ၿပီး သိပ္ေပ်ာ္ေနပံုရတာမို႔ သက္ျပင္းသဲ့သဲ့သာခ်လိုက္မိတယ္။ ဒီကေလး..ေတြ့မယ္။

"Babe..ကိုယ့္ကိုစားမယ္လို႔
ေျပာလိုက္တာလား ရက္စက္လိုက္တာ"

"ေဆာရီး..ေရဘဝဲစားခ်င္သြားလို႔ပါ hee"

"ဒါဆို..စားမလားအခု"

"ဘာကို"

"ေရဘဝဲေလ.."

ၿပံဳးစစနဲ႔ အက်ႌၾကယ္သီးေတြကိုပါ တစ္လက္စတည္း ေကာက္ျဖဳတ္တာမို႔ ျဖဴလႊလႊ သူ႔​​ရင္ဘတ္ႀကီးက ေဖြးခနဲ ေပၚလာသည္။

"ဘာ..ဘာလို႔ ၾကယ္သီးေတြ ေကာက္ျဖဳတ္တာတုန္း..ျပန္တပ္ ျပန္တပ္"

"ပူလို႔ေလ.."

တကယ့္ကို ယံုခ်င္စရာမေကာင္းတဲ့ သူ႔အေျဖၾကောင့္ ခြီးခနဲ။ သူမ ေနာက္ေက်ာဘက္က ျပာလြင္တဲ့ ပင္လယ္ႀကီးရဲ့ ရူခင္းေတြက သူ႔ကိုပဲ ေျပာင္ျပေနသလိုလို။ သူ႔ၾကယ္သီးေတြ ကို ျပန္တပ္ေပးဖို႔ လုပ္ေနရင္းနဲ႔ေတာင္မွ ရယ္ခ်င္ေနမိဆဲ။

"မရယ္နဲ႔ေလ babe ကိုယ္ပူေနတာကို
ရီစရာလား"

"ပူရင္..အျပင္ထြက္ေနေလ ကြၽန္မေတာ့ ပင္လယ္နားမွာ ေအးတယ္"

"မလိုပါဘူး..မင္းနားမွာက ​ေအးတယ္"
မင္းနားကပ္တာနဲ႔ အလိုလို ေအးၿပီးသား"

ေျပာေျပာဆိုဆို လက္ကေန ဆြဲၿပီး ေပါင္ေပၚ
ေပြ့ခ်ီလိုက္တာမို႔ လန္႔သြားမိသည္။ ႏွစ္ေယာက္တည္းရိွေနရင္ေတာင္ ရွက္ပါတယ္ဆို ျဖာက်ေနသည့္ သဘာဝ အလင္းေရာင္က
ပို၍ပင္ အရွက္သည္းေအာင္ ဖန္တီးေနသည္။ ထိုေၾကာင့္ပဲ မ်က္လံုးေလးေတြ စင္းၿပီး ၾကင္နာဖို႔ တိုးလာသည့္ သူ႔ႏႈတ္ခမ္းပါးေလးေတြကို လက္မေလးတင္ အလိုမွာ သူမ လက္ဖ်ားေလးေတြနဲ႔ ဟန္႔တားလိုက္မိသည္။

ဟန္႔တားလိုက္မွန္းသိတာနဲ႔ သူ႔မ်က္လံုးဝိုင္း
ဝိုင္းေလးေတြက ဖြင့္ၾကည့္လာၿပီး သူ႔ႏႈတ္ခမ္းဖ်ားထက္က သူမ လက္ေလးကို ဆြဲယူကာ သူ႔ပုခံုး ထက္မွာ ခ်ိတ္တြယ္ေစခဲ့သည္ ...။

"ဘာလို႔လဲ ေျပာေတာ့..ေရဘဝဲစားခ်င္တယ္ဆို မစားခ်င္ေတာ့ဘူးလား babe"

နဖူးခ်င္းထိကပ္၍ သူေျပာေတာ့ အသက္ေတာင္ မရူႏိုင္ေတာ့။ လက္မေလးတင္သာ ကြာေဝးေသာ အကြာအေဝးတစ္ခုမွာ သူမ မ်က္ႏွာနား ရစ္ဝဲေနေလတဲ့ သူ႔ရဲ့ဝင္သက္ထြက္သက္ ေနြးေနြးေလးေတြဟာ ရင္သပ္ရူေမာဖြယ္ရာ ေကာင္းလြန္းလွသည္။

"စားၿပီးၿပီေလ..ခုနကစားေနတာ ေရဘဝဲ မဟုတ္လို႔ ဘာႀကီးလဲ"

"အဲ့ဒါေရဘဝဲ..မဟုတ္ဘူး ျပည္ႀကီးငါး"

ထပ္ၿပီး ျငင္းဖို႔အခ်ိန္မရလိုက္ အပူတျပင္း တိုး၍ မက္မက္ေမာေမာ နမ္းရိႈက္လာတဲ့ ႏႈတ္ခမ္းပါးေတြရဲ့ ပိတ္ဆို႔တားဆီးျခင္းကို ခံလိုက္ရသည္။ ခ်စ္ျခင္းေတြကို ျပဖို႔ ေန့ဘက္ေတြ ညဘက္ေတြ ခြဲျခားထားသည္ဆိုတာမရိွ
လိုက္ကာေလးေတာင္ ဆြဲပိတ္ခ်ိန္မရလိုက္
တဲ့ အလင္းေရာင္ေအာက္မွာ ရင္ေတြ တ
လွပ္လွပ္နဲ႔ ေအးျမလို႔ ပ်ားရည္ဆမ္း ခရီးရဲ့
အစကို ဖန္တီးယူခ်ိန္မွာေတာ့ လိုက္ကာေလးကို အလိုက္တသိ သူ ခ်ေပးသြားသည္။

ႏွလံုးသားထဲထိ ေနြးသြားေလတဲ့ သူ႔ရဲ့ေထြးေပြ့ထားမႈေအာက္မွာ ထံုသင္းေမႊးေနတဲ့ ႏွင္းဆီရနံ႔ေတြၾကား တသိမ့္သိမ့္ ေနြးေနေအာင္ ဖက္ထားမိခဲ့တဲ့ သူ႔ကိုယ္သင္းရနံ႔ ေဖ်ာ့ေဖ်ာ့ေလးက ပို၍ ေမႊးခဲ့ပါသည္၊ ျပည္ႀကီးငါး ဟုတ္ဟုတ္မဟုတ္ဟုတ္ေတာ့ ေရာင္းတဲ့ အားဂ်ူးမားေတြကို သြားေမးၾကည့္မွသာ သိလိမ့္မည္။ ေလာေလာဆယ္ေတာ့ သူမလည္း ႏွလံုးသားတစ္စံုနဲ႔ ေရဘဝဲစားတာ ခံေနရေလၿပီ ..။


~ • ~•~ • ~

ေနာက္တစ္ေန့ ...။

ဂ်ယ္ဂ်ူရဲ့မနက္ခင္းေလးကေတာ့ ကိုယ္ေတြ ပူေနြးေနသည့္ ဂ်ံဳးဂု နဲ႔အတူ စတင္လာခဲ့သည္။

"Jeon..ဖ်ားေနၿပီထင္တယ္.."

"မဟုတ္ပါဘူး Babeရယ္.."

ပါးစပ္ကသာ လႊတ္ျငင္းေနတာ၊ လူက ျဖဴေဖ်ာ့ခ်င္ေနတာ အသိသာႀကီးျဖစ္ေနေလၿပီ။ စိတ္ပူလို႔ ေရစိုဝတ္ကေလးတင္ေပးေတာ့လည္း ဆြဲခ်သည္၊ အားနည္းေနမွာစိုးလို႔ ဆက္အိပ္ပါၪီးဆိုလည္း ေစာင္ေလး ၿခံဳေပးေတာ့လည္း အၿခံဳမခံ သူမ စိတ္ပူေနတာသိလို႔ အားနည္းစရာေတြကေန လြတ္ေအာင္ ေရွာင္ေျပးေနတာမို႔ အေလ်ာ့ေတာ့ မေပးႏိုင္ပါ။

သူသည္ အေအးမိလြယ္သည္ေလ။
အခ်ိန္တိုင္း သန္မာေနစရာမွမလိုပဲ...။

အခုလည္း ျငင္းရင္း သူ႔နဖူးထက္က ေရစိုဝတ္ကို ကေလးတစ္ေယာက္လို ဆြဲခ်လို႔ ရေအာင္ျပန္တင္ေပးထားရသည္။ ေစာင္လည္းၿခံဳေပးဖို႔ မရလို႔ သူမဖက္ၿပီး ဖိထားမယ္ဆိုမွ သူ႔အဖ်ားကူးမွာစိုးလို႔ အလာမခံပဲလိမၼာစြာ အၿခံဳခံသည္ ..။

"ဆန္ျပဳတ္ေလးမွာထားတယ္ စားလိုက္ေနာ္"

"ကိုယ္ ဆန္ျပဳတ္မႀကိဳက္ဘူး"

"အဲ့တာေတြ ႀကိဳသိလို႔ ခရုဆန္ျပဳတ္မွာထား
တယ္..စားၿပီးရင္ ေဆးေသာက္ထားလိုက္ပါလား ေနမေကာင္းျဖစ္ေနမွာစိုးလို႔.."

"မေသာက္ဘူး ဆိုရင္ေကာ.."

သူ႔ ​စကားအဆံုးမွာ စူးရွေနတဲ့ မ်က္ေစာင္းလွလွေလးဟာ ဒိုင္းခနဲ ေရာက္လာတာမို႔
အသဲယားစြာ ရယ္လိုက္မိသည္။ မေသာက္ဘူးလို႔မ်ား ေျပာမိရင္ သူမ လက္ဆစ္ကေလးေတြနဲ႔မ်ား ေခါက္ခံရမလားေတာင္ မသိပါ။
ထို႔ေၾကာင့္ မ်က္ေစာင္းစူးစူးေလးေတြ ပစ္ထိုးေနတဲ့ သူမ လက္ေလးကို ဆြဲယူၿပီး နမ္းရိႈက္လိုက္မိသည္။

"စတာ..ေသာက္ရမွာေပါ့ ကိုယ့္ ဇနီးေလး
စိတ္ပူေအာင္လုပ္လို႔ ဘယ္ျဖစ္ပါ့မလဲ"

"ဟြန္႔.."

သူ႔စကားေၾကာင့္ ေက်နပ္သြားသည့္ အရိပ္အေယာင္ေလးေတြ ျဖတ္ေျပးသြားေပမဲ့
ႏႈတ္ခမ္းေလး ဆူကာ ထသြားတာေၾကာင့္ သူၿပံဳးလိုက္မိတယ္။ ခ်စ္ဖို႔ေကာင္းလိုက္တာ..

"ေဆးေပး..ကေလး"

ဘယ္ေလာက္မွ မၾကာသည့္ ဆန္ျပဳတ္စား
ျခင္း ၿပီးဆံုးသြားသည့္ေနာက္တြင္ ဂ်ီယြန္းေပးလာသည့္ ေဆးကို သူတစ္ခါတည္း ေမ်ွာခ်ပစ္လိုက္သည္။ သို႔ေပမဲ့ သူ႔ေဆးေသာက္တာကိုပင္ ေသခ်ာ ေငးၾကည့္ေနတဲ့ေကာင္မေလးေၾကာင့္နဲ႔ အႀကံတစ္ခုဟာ ျဖတ္ခနဲ စားရတဲ့ ကေလးပိုငတ္တယ္ဆိုတာမ်ိဳး သူေသာက္ခ်င္တာ..ဒီေဆးေတြမွ မဟုတ္ပဲ။

"ခါးတယ္..အခ်ိဳေလး
ဘာေလး မေကြၽးခ်င္ဘူးလား babe.."

"ဝါးစားတာလည္း မဟုတ္ပဲနဲ႔.."

သူမ တိုးတိုးေလး ပြစိပြစိေျပာမိေတာ့ နားရြက္တက္ခ်ိတ္မတတ္ သူၿပံဳးသည္။ ထို႔ေနာက္ ခ်ိဳၿမိန္စြာ ဝဲက်လာသည့္ မ်က္ဝန္းေတြက သူမ ႏႈတ္ခမ္းေတြထက္မွာသာ စုပံုက်သြားသည္။

"ဒီအခ်ိဳေလးဆိုလည္း..ရပါတယ္"

"ဟို..ကြၽန္မပါ ဖ်ားရင္ ဂ်ံဳးဂုေၾကာင့္ေနာ္.."

"အိမ္ေရာက္မွ..ဖ်ားမယ္ဆို babe"

"ဟူး ဟုတ္ပါၿပီ..အိမ္ေရာက္မွ ဖ်ားတာေပါ့"

"လိမၼာတယ္.."

ထို႔ေနာက္ နမ္းဆိုသည့္ သေဘာျဖင့္ သူမ ေမးဖ်ားေလးနားေရာက္ေအာင္ထိ သူတိုးကပ္
လာတာမို႔ သူ႔ႏႈတ္ခမ္းပါးေတြကို ၾကည့္မိရင္းစိတ္လႈပ္ရွားရသည္။ ဘယ္ကေန ဘယ္လို
စနမ္းရမွာပါလိမ့္..

"ျမန္ျမန္..ကိုယ့္ပါးစပ္ေတြ တအားခါးေနၿပီေနာ္ babe"

စိတ္မရွည္ေတာ့သည့္ ကေလးတစ္ေယာက္လို မ်က္ေမွာင္ေတြပါ ကုပ္ၿပီး ေတာင္းဆိုလာတာမို႔ သူမရီမိရင္း ဘာမွေတြးမေနေတာ့ပဲ
သူ႔ ႏႈတ္ခမ္းဖ်ားေတြကို နမ္းရိႈက္လိုက္မိသည္။ ခါးသက္ျခင္း အရသာကိုမေတြ့ ပူေနြးစိုစြတ္ေသာ ႏႈတ္ခမ္းသားေတြၾကား ႏူးညံ့တဲ့ တိမ္ေတြေပၚမွာ တရိပ္ရိပ္ ေျပးေနရသလိုမ်ိဳး အခ်စ္ေတြသည္ သိပ္ခ်ိဳသည္။

စေတာ္ဘယ္ရီေဖ်ာ္ရည္ တစ္ခြက္ေသာက္သံုးရသလို အခ်စ္ေတြနဲ႔ ၾကင္နာရသည့္ အခ်ိန္သည္ ခ်ိဳၿမိန္စရာအေကာင္းဆံုးမို႔ စမ္းေရေတြ စီးဆင္းသြားသလို ရင္ေတြ ေအးသထက္ ေအးျမလာရင္း....။

ထိုစဥ္....။

"ေဒါက္..ေဒါက္!"

ရုတ္တရက္ႀကီး ထြက္ေပၚလာတဲ့ တံခါးေခါက္သံ။ ထိုတံခါးေခါက္သံေၾကာင့္ပဲ တိုင္ပင္စရာမလိုေအာင္ ရင္ေတြ ေတာက္ေလ်ွာက္ ေအးလာရသည့္ အခ်ိန္ကာလေလးသည္ တိခနဲ ျပတ္ေတာက္သြားေလေတာ့သည္။

ဟန္နီးမြန္းႀကီးမို႔ ေဒါသျဖစ္ခ်င္လည္း ျဖစ္စရာ သူမလည္း ဘာေျပာရမယ္မသိ ျဖစ္သြားသလို ဂ်ံဳးဂုဆီကလည္း သက္ျပင္းရွည္ႀကီး ခ်ၿပီး အသံၾကားရာ ဘက္ကို မေက်မနပ္ လွမ္းၾကည့္တာမို႔ ရယ္မိရင္း စိတ္ေလ်ာ့ဖို႔ ေျပာမိမွ မေက်နပ္ေပမဲ့လည္း သူတံခါးသြားဖြင့္ဖို႔ ထသြားသည္။

"ဘာလဲ!"

တံခါးဆြဲဖြင့္သံႏွင့္အတူ ေငါက္ခနဲ ထြက္လာတဲ့ သူ႔အသံေၾကာင့္ တံခါးေခါက္တဲ့ လူေတာ့မသိ ေနာက္က ၾကားရတဲ့လူေတာင္ လန္႔သည္။

"ဘာလဲ..ဒါက"

"ဟို..သခင္ေလး အကိုဆီကပါ"

"ေအာ္..ေအး"

ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ျပန္ေျဖသံတစြန္းတစကိုသာ ၾကားလိုက္ရၿပီး ဘာမွထပ္မၾကား
ရေတာ့ေခ်။ တံခါးပိတ္ၿပီး အခန္းထဲ ျပန္လာ
ခ်ိန္မွာေတာ့ အသြားတုန္းကနဲ႔မတူ သူ႔လက္ထဲမွာ ကပ္ထူေသတၲာတစ္လံုး ျပန္သယ္လာသည္။ မ်က္ႏွာက ခပ္ၿပံဳးၿပံဳးေပမို႔ ေပ်ာ္စရာ
ကိစၥတစ္ခုခု ရိွမွန္းေတာ့ သိလိုက္သည္။

"ဘာေတြလဲ..Jeon"

"ကိုယ့္အစ္ကို ေပးလိုက္တယ္လို႔ ေျပာတာပဲ"

"Seok Jin oppa?"

ကပ္ထူေသတၲာေလးကို ဆြဲဖြင့္ကာ မဟုတ္ေၾကာင္း သူေခါင္းအသာ ခါးယမ္းျပမွ ဂ်ံဳးဂု
တြင္ ေနာက္ထပ္ အစ္ကိုတစ္ေယာက္ရိွေသးမွန္း သတိရသြားသည္။

"Ah..ကြၽန္မ မျမင္ဖူးေသးတဲ့ အစ္ကိုဆီကေပါ့"

သူေခါင္းၿငိမ့္ျပရင္း ပြင့္သြားသည့္ Box ေလးထဲ ဘာမ်ားရိွမလဲ ငံု႔ၾကည့္ကာ တစ္ခုခုကို
ျမင္သြားသည့္အခါမွာေတာ့ သူ႔မ်က္လံုးေတြထဲ ေပ်ာ္ရႊင္မႈတို႔ ျဖတ္ေျပးသြားသည္။

"အာ..ဒါက..ကိုယ့္အတြက္ လက္ေဆာင္
တဲ့ babe စေကာ့တလန္ ဝီစကီေတြ..."

"ေၾသာ္~"

ပါကင္လိုက္ ဝီစကီပုလင္းေတြကို ေထာင္ျပရင္း ေပ်ာ္ေနသည့္ jungkook ကို ၾကည့္ၿပီး
သူမပါ လိုက္ၿပံဳးမိသည္။ ေသာက္ရတာ ႀကိဳက္သည့္ သူ႔အတြက္ေတာ့ တန္ဖိုးႀကီးပံုရသည့္ ထိုဝီစကီေတြသည္ တခမ္းတနား။

"မဂၤလာပြဲတုန္းက သူလာဖို႔ လုပ္ခဲ့ေသးတယ္
ေျပာတယ္..ဒါေပမဲ့ စေကာ့တလန္နဲ႔က အရမ္း
အခ်ိန္ကြာေနတာမို႔ မမွီေတာ့လို႔တဲ့"

"စေတာ့တလန္မွာေနတာလား?"

"Mission သြားလုပ္တာ"

"ေၾသာ္.."

"ေနာက္တစ္ခုက မင္းအတြက္တဲ့ Babe
လက္ဖြဲ႔လို႔ သေဘာထားလိုက္ပါတဲ့ အာ..ဒါကေတာ့ နည္းနည္း မိုက္ပါတယ္"

သူ႔လက္ထဲမွာ ပါလာတာက စာခ်ဳပ္တစ္ခုကို
ေသခ်ာ စိုက္ၾကည့္ၿပီး ၿပံဳးစစနဲ႔ ေျပာလာသည့္ ဂ်ံဳးဂု အၿပံဳးေတြေၾကာင့္ ေတြေဝသြားသည္။ ဘာႀကီးလဲ?

"ကိုယ္ေျပာေနတုန္း..ရိွေသးတယ္ ဒီနားက
သူ ပိုင္တဲ့ Apartment ကို လက္ဖြဲ႔အျဖစ္
မင္းကို ေပးလိုက္တယ္ Babe.."

"Nae???"

"ကိုယ္ ေတာင္းတုန္းကေတာင္..ေပးတာ မဟုတ္ဘူး မျမင္ရေသးတဲ့ ခယ္မက် ရက္ေရာလိုက္တာ..ဘာလဲဟ ဒီေဟ်ာင္း ဂ်ယ္ဂ်ူေရာက္ေနမွန္း သိေနတာလား အတြင္း
ေရးမွဴး ခြၽဲေျပာျပလိုက္ျပန္ၿပီထင္တယ္"

"arni..ခဏေလး! လက္ခံလို႔ ျဖစ္ပါ့မလား
ကြၽန္မ ခဲအိုမ်က္ႏွာကိုေတာင္ ျမင္ဖူးေသးတာ မဟုတ္ဘူးေလ"

"သူလည္း အတူတူပဲေလ babe
ကိုယ္ေနာက္က် မိတ္ဆက္ေပးမယ္ အဲ့ဒီအခ်ိန္က်မွ တစ္ခါတည္း ေက်းဇူးတင္လိုက္"

"Ah..Nae"

အင္တင္တင္နဲ႔ပင္ လက္ထဲေရာက္လာသည့္
အိမ္ဂရမ္စာခ်ဳပ္ကို ၾကည့္ကာ မျမင္ဖူးေသးတဲ့ ခဲအိုဆီက လက္ဖြဲ႔ကို မရဲတရဲပင္ လက္ခံလိုက္ရသည္။ ညီျဖစ္သူရဲ့ မဂၤလာပြဲအတြက္
တိုက္ခန္းႀကီးကို လက္ဖြဲ႔တာမို႔ ေက်းဇူးႀကီးပါ့ေပ။

"Babe.."

"ဟင္.."

"ျပန္စရေအာင္ေလ.."

"ဟို..ခဏ-"

သူမ ပါးေလးေတြကို အုပ္ကိုင္ၿပီး နမ္းရိႈက္လာသည့္ သူ႔ကို ထပ္ၿပီးတားခ်ိန္မရလိုက္။
အေနွာင့္အယွက္မရိွေတာ့သည့္ ႏွလံုးသားေတြထဲ စမ္းေရေတြ စီးဆင္းသြားျပန္သည္။
လ်စ္လ်ူခံလိုက္ရတဲ့ ကုတင္ေအာက္က
အိမ္ဂရမ္နဲ႔ ဝီစကီပုလင္းေတြကေတာ့ အထီးက်န္စြာ ၾကည့္ေနၾကသည့္ႏွယ္....။

ဟန္နီးမြန္းခရီးရဲ့ မနက္ခင္းေတြ
ဟာလည္း သိပ္ကို လွပခဲ့ျပန္ပါသည္...။

~~~

ညေနက်ေတာ့ ေအးျမတဲ့ ေလေအးေတြၾကား
လက္ခ်င္းတြဲကာ Jeongbang ေရတံခြန္ဘက္
ကို သြားၾကည့္ၾကသည္။ တေဝါေဝါ စီးက်
ေနတဲ့ ေရတံခြန္ကို သူမကေတာ့ အေဝးက
ေန ၾကည့္ရတာ အားမရလို႔ ေရတံခြန္ေအာက္ထိဆင္းၿပီး သြားၾကည့္ခ်င္ေပမဲ့ သူ႔ဆီက ေအးတယ္ဆိုၿပီး ခြင့္မျပဳသလို လိႈင္းနည္းနည္းထန္လာတာမို႔ ဆင္းခြင့္မရလိုက္...။

ၿပီးေတာ့ ႏွာတရႈံရႈံနဲ႔ အေအးမိခ်င္ေနတဲ့
သူက ဂ်ံဳးဂု ျဖစ္လို႔ေနသည္။ တစ္ခ်က္တစ္ခ်က္ ေခ်ာင္းသံေတြပါပါလာတာမို႔ သူမလည္း
မေနတတ္စြာ ဝတ္ထားတဲ့ မာဖလာေလးကို
ခြၽတ္ၿပီး သူ႔ဆီ အျမန္ပင္ စည္းေပးမိသည္။

"မင္းပဲ..ဝတ္ထားပါ ကေလးရာ
ေအးေနပါၪီးမယ္"

"မဟုတ္တာ..ဝတ္ထားလိုက္ပါ မာဖလာေလးက ဂ်ူံးဂုနဲ႔ တကယ္ လိုက္တယ္သိလား"

စိတ္ပူေနတဲ့ ေကာင္မေလးဆီကေန ဂရုစိုက္ခံရတာမို႔ သူ မျငင္းရက္ေတာ့၊ မာဖလာေလး စည္းေပးၿပီး ၿပံဳးၾကည့္ေနတဲ့ သူမ မ်က္ဝန္းေတြထဲမွာ အခ်စ္ခံရတာကိုေတာ့ တကယ္ သေဘာက်မိသည္။

"ဆိုးလ္ျပန္ၾကမလား Jungkook"

"Hmm..ဂ်ယ္ဂ်ူမွာ မေပ်ာ္ေတာ့လို႔လား babe"

"မဟုတ္ပါဘူး..ဒါေပမဲ့ ဟန္နီးမြန္းထက္ ေနမေကာင္းျဖစ္မွာစိုးလို႔ပါ အခုလို ဖ်ားေနရက္နဲ႔ အရဲစြန္႔ၿပီး ကြၽန္မနဲ႔အတူ ဒီလိုပင္လယ္နားမွာ ထိုင္ေနတာမ်ိဳးေပါ့"

သူမ စကားေၾကာင့္ ေလၫွင္းေတြၾကား ဆံပင္ေတြဝဲခါသြားေအာင္ထိ သူက ရီသည္။

"ကိုယ္ အဆင္ေျပတယ္ဆိုရင္ေကာ.."

"မထင္ဘူးရယ္..အိမ္ေရာက္လို႔ ဖ်ားမယ့္သူက ကြၽန္မ မဟုတ္ပဲ ဂ်ံဳးဂု ျဖစ္ေနလိမ့္မယ္ ဘယ္လိုလဲ ျပန္ၾကမလား"

"အင္း..စဥ္းစားၾကည့္လိုက္ပါၪီးမယ္ babe"

သူ႔အ​ေျဖၾကောင့္ သူမ ၾကည့္ရတာ အနည္းငယ္ စိတ္ေလ်ာ့သြားပံုေပၚသည္။ မတိုက္တြန္းေတာ့ေပမဲ့ သူ႔အေျဖကို ၿငိမ္ၿပီး စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းေနသည္။ သို႔ေပမဲ့လည္း ေနမေကာင္းရံုေလးနဲ႔ေတာ့ သူမ အေပ်ာ္ေတြကို သူ မဖ်က္ရက္ေပ..။

"ဘာေတြမ်ား ဆုေတာင္းလိုက္လဲ..သားေလး~"

ၿငိမ္ၿပီး စဥ္းစားေနတုန္း ပတ္ဝန္းက်င္က အသံသဲ့သဲ့ေၾကာင့္ သူ လွမ္းၾကည့္မိလိုက္ေတာ့ လာေရာက္ အပန္းေျဖၾကပံုရေသာ မိသားစုေလးတစ္စု သူတို႔ထိုင္ေနသည့္ ခံုတန္းရွည္ေဘးမွ ျဖတ္သြားတာကို ေတြ့လိုက္ရသည္။

"ဟီး..မေျပာျပဘူး ေျပာျပလိုက္ရင္ ဆုေတာင္းေတြ မျပည့္ေတာ့မွာစိုးလို႔ပါ"

မိခင္ျဖစ္သူရဲ့ အေမးကို ျငင္းဆန္လိုက္ေသာ
ကေလးေလးရဲ့အေျဖၾကောင့္ သူ႔မ်က္လံုး
ေတြ ဝိုင္းခနဲ။ သူ၏ အတိတ္ကာလတို႔ႏွင့္ အေျဖက တစ္ထပ္တည္းက်စြာ တခ်ိန္က ကေလးဘဝကို ျပန္ျမင္ေယာင္သြားမိသည္။

ေမြးေန့ေလးမွာ ကေလးတုန္းက သူလည္း ဒီလိုမ်ိဳး ေျပာခဲ့ဖူးတာပဲ..omma တို႔ကို။

"မေျပာျပရင္ ေမေမတို႔က ဘယ္လိုလုပ္
သိမလဲ..သားရယ္ ဘာျဖစ္လို႔လဲ"

"ေမြးေန့ဆုေတာင္း စည္းကမ္းရိွတယ္ေလ omma ဟီး အဲ့ဒါေၾကာင့္ မေျပာျပဘူး"

ကေလးေလးရဲ့ အေျဖၾကောင့္ ၿပံဳးမိသည္။ သူနဲ႔ေတာ့ ကြဲျပားစြာ သူ႔တုန္းက ေမြးေန့ဆုေတာင္းစည္းကမ္းကို လ်စ္လ်ူရူၿပီး ေျပာျပမိလို႔ ဆုေတာင္း မျပည့္ခဲ့တာမ်ားလားလို႔ပါ ကေလးဆန္စြာ ေတြးမိလိုက္ေသးသည္...။
တကယ္ေတာ့ ဘယ္လိုပဲ ဆုေတာင္းေတာင္း သူသည္ ဒီဘဝကို ေရာက္ကိုေရာက္လာရမယ့္ ကံပါၿပီးသားမို႔ အထူးတလည္ေတြးမေနေတာ့ပါ။ သူလိုခ်င္ခဲ့တဲ့ သာမန္ဘဝေလးက ဆုေတာင္းရံုနဲ႔ ျဖစ္မလာႏိုင္ဘူးေလ...။

"ခ်စ္စရာေလးပဲ"

နံေဘးမွ ထြက္လာသည့္ အသံငယ္။ ဂ်ီယြန္း
သည္လည္း သူ႔နည္းတူ ထိုမိသားစုေလးကို
​ေငးၾကည့္ရင္း ၿပံဳးေနေလသည္။ သူနဲ႔ အတူယွဥ္တြဲကာ ထိုင္ေနသည့္ ဂ်ီယြန္းကို ျမင္မွ သတိရမိတယ္။ လိုခ်င္ခဲ့တဲ့ ဆုေတာင္းေတြ ျပည့္မလာႏိုင္တဲ့ ဘဝမွာ သူေမ်ွာ္ၾကည့္ခဲ့ရတဲ့
အေတာင့္တဆံုး ဆုေတာင္းေလးတစ္ခုကေတာ့ သူ႔ဘဝထဲမွာ ျပည့္လာခဲ့တဲ့ပံုပါပဲ..။

အခ်စ္ဆိုတာမ်ိဳးကို သိပ္လိုခ်င္ခဲ့တဲ့
သူ႔အတြက္ သူမက ကံၾကမၼာက မ်က္ႏွာသာေပးၿပီး မိုးေကာင္းကင္က ခ်ီးျမႇင့္ေပးခဲ့တဲ့ နတ္သမီးလွလွေလးပင္...။

ဒါနဲ႔..ဒါဆို..သူမကေရာ?

သူ႔လိုမ်ိဳး အမွတ္ရစရာ ကေလးဘဝေတာင္
မရိွခဲ့တဲ့ သူမကေရာ၊ ေလာကႀကီးထဲမွာ တစ္ေယာက္တည္းက်န္ခဲ့တဲ့ သူမမွာ ဆိုးရြားလြန္းလို႔ ဆုေတာင္းေတြ ဘယ္ေလာက္မ်ား မ်ားခဲ့မလဲ..ဆႏၵေတြေရာ ျပည့္ဝခဲ့ရဲ့လား။

သူမနားမွာ ထိုင္ေနၿပီး ေမြးေန့ဆုေတာင္း
ေတြ မျပည့္ခဲ့တဲ့အေၾကာင္း ေတြးေနမိတဲ့ ကိုယ့္ကိုကိုယ္ စိတ္ခုသြားမိသည္။ စာနာတဲ့ စိတ္လို႔ေျပာရမလား သူ႔ဘဝမွာေတာ့ ဆႏၵေတြ
ျပည့္ဝလာခြင့္ရိွေန​ေသးေပမဲ့တစ္ေယာက္တည္း ထီးထီးက်န္ခဲ့တဲ့ ဂ်ီယြန္းဆီမွာေတာ့ ေတာင့္တသမ်ွ ဆုေတာင္းေတြက ဘယ္လိုမွ ျဖစ္မလာႏိုင္ဘူး ဆိုတာကို ေတြးမိေတာ့ စိတ္မေကာင္းျဖစ္သြားမိသည္။

"Babe..မင္းေရာ ဆုေတာင္းခ်င္လား"

"hmm?"

"အဲ့ကေလးေလးလိုေလ..ဒီနားမွာ ဆုေတာင္းျပည့္စမ္းေခ်ာင္းေလး ရိွတယ္..အဲ့မွာ သြားဆုေတာင္းခ်င္လားလို႔ပါ"

"ေတာ္ပါၿပီေလ.."

"ဘာျဖစ္လို႔လဲ?"

ေလေျပေအးေလးနဲ႔ ​​ျငင္းဆိုလိုက္တဲ့ ဂ်ီယြန္း
ကို ျပန္ေမးမိေတာ့ သူအံ့ၾသသြားတဲ့ပံုကိုၾကည့္ကာ သူမက ႏႈတ္ခမ္းေလး လႈပ္ရံုမ်ွသာ ၿပံဳးသည္။ ထို႔ေနာက္ သူ႔လက္ေတြကို သူမရဲ့လက္သြယ္သြယ္ေလးေတြနဲ႔ အုပ္ကိုင္လာသည္။

"ဘာလို႔လဲဆိုေတာ့ ကြၽန္မရဲ့
ဆုေတာင္းေတြက ျပည့္ၿပီးသြားၿပီမို႔လို႔ေလ"

ၾကည္လင္ေနသည့္ သူမ မ်က္ဝန္းေတြက
လိမ္ညာျခင္းအလ်င္းမရိွ သူ႔လက္ေလးကို
အုပ္ကိုင္ကာ ျမတ္ျမတ္ႏိုးႏိုးပင္ ၾကည့္လာသည္။

"ဂ်ံဳးဂု က ကြၽန္မအတြက္ေတာ့ နတ္ဘုရားနဲ႔တူတယ္..ဘာလို႔လဲဆိုေတာ့ ဂ်ံဳးဂုအနားမွာ
ရိွေနခဲ့တဲ့ တစ္ေလ်ွာက္လံုး အေတာင့္တဆံုး
ဆႏၵေတြ ျပည့္လာခဲ့လို႔ပဲေလ"

ေျပာရင္း မသိစိတ္ကေန ေဝးသထက္ေဝးသြားၿပီျဖစ္တဲ့ ခုနက မိသားစုေလးရဲ့ ေက်ာျပင္ေလးေတြကို အလိုလို ေငးၾကည့္လိုက္မိတယ္။ ဟုတ္တယ္..မိသားစုတစ္ခု..။

အဲ့ဒါက သူမလိုခ်င္ခဲ့သမ်ွ အရာအားလံုးပင္။
ေျပာရရင္ သူက သူမရဲ့ အရာအားလံုးလို႔ေျပာရမယ္ဆိုရင္ေတာင္ မွားမည္လို႔မထင္ပါ..။

"ကိုယ္က..နတ္ဘုရားေတာ့ မဟုတ္ပါဘူး
ဒါေပမဲ့ မင္းဆုေတာင္းေတြကိုေတာ့ ျဖည့္ဆည္းေပးႏိုင္ပါတယ္..ဘာပဲျဖစ္ျဖစ္ေပါ့"

ရင္ထဲ ေအးျမသြားသလို ခံစားလိုက္ရတာမို႔သူ႔ပုခံုးေတြထက္ ခိုနားလိုက္မိေတာ့အားအင္ေတြေပးၿပီး ေနြးေထြးစြာ ဆုပ္ကိုင္ထားေပးတဲ့ သူ႔လက္ေလးရဲ့အထိအေတြ့ေတြက ေျပာတယ္။ အၿမဲအတူ ရိွေနေပးပါ့မယ္တဲ့..။

"ဒါဆို..အခုေရာ ျဖည့္ဆည္းေပးႏိုင္လား"

"ဒါေပါ့..ဘာကိုလဲ ေျပာၾကည့္ေလ babe"

"မနက္ျဖန္..ဆိုးလ္ျပန္ရေအာင္"

နားေထာင္ေနရင္း အံ့ၾသသြားမိေပမဲ့ ကိုယ့္စကားနဲ႔ကိုယ္ တိုင္ပတ္သြားတာမို႔ ဘာမွလုပ္မရေတာ့၊ ပုခံုးထက္ကေန သူ႔ကို​ေငးၾကည့္ေနသည့္ ဂ်ီယြန္းကိုသာ ျပန္ၾကည့္မိရင္း ေခါင္းၿငိမ့္ျပလိုက္ရသည္။ အလည္ေလးပဲ..။

"ဒါနဲ႔ ေျပာမလို႔..ေမ့ေနတာ ခုနက..ဟိုကေလးေလးကို ကြၽန္မ ၾကည့္ရင္း ဘာေတြးမိလဲ သိလား"

"ဘာေတြးမိလို႔လဲ.."

"မျမင္လိုက္ဘူးလား?"

စဥ္းစားလို႔ မရေတာ့၍ သူအူတူတူနဲ႔ပင္ ေခါင္းခါျပလိုက္မိေတာ့ ဂ်ီယြန္း မ်က္ေမွာင္ေလးေတြ ႀကံဳသြားသည္။

"ေရဘဝဲေလ"

"ဟမ္.."

"အဲ့ကေလးေလး လက္ထဲ ကိုင္ထားတာ ေရဘဝဲကင္လို႔ ဟိုေန့က စားလိုက္တာနဲ႔ နည္းနည္းတူေနသလားလို႔ မေသခ်ာေပမဲ့ မေန့က..စားလိုက္တာ ျပည္ႀကီးငါး မဟုတ္ေလာက္ဘူး ထင္တယ္ ဂ်ံဳးဂု တစ္ခုခုလ်ိႈထားတယ္ မဟုတ္လား.."

"အာ..အဲ့ဒါက"

အဲ့ေလာက္ထိ ခက္ခဲတဲ့ ေမးခြန္းလည္း မဟုတ္ပါပဲ ေစ့ေစ့စိုက္ၾကည့္ၿပီး ေမးလာတဲ့ သူမေၾကာင့္ ဘာလို႔မွန္းမသိ ခ်က္ခ်င္း ဝန္ခံခ်င္ေလာက္ေအာင္ အက်ပ္ရိုက္သြားသည္..။

"Ok..Ok ဝန္ခံတယ္ အဲ့ေန့က ေရဘဝဲကင္နဲ႔
ျပည္ႀကီးငါးကင္ကို ႏွစ္မ်ိဳးေပါင္းဝယ္လာတာ ကေလး စားေနရင္း သတိမထားမိလိုက္လို႔ ျဖစ္လိမ့္မယ္ .."

မ်က္လံုးေလးေတြ အာဏာျပင္းရွပံုမ်ား ႏွစ္ခါထပ္ေမးစရာမလိုေအာင္ပင္ အလ်င္အျမန္ပင္ ဝန္ခံမိေတာ့ အလိုမက်စြာ ဆူပုတ္သြားသည့္ သူမ ႏႈတ္ခမ္းေလးေတြၾကား ႏွလံုးသားဟာ ကဆုန္ေပါက္ ေျပးသြားသည္...။

"ေရဘဝဲစားလိုက္တာ..မွန္ေနတာပဲကို"

"ျပည္ႀကီးငါးလည္း..မွန္ေနတာပဲကို"

သူမ လုပ္သည့္အတိုင္း တစ္ပံုစံတည္း ဆူပုတ္ၿပီး ျပန္ေျပာမိေတာ့ တိုင္ပင္စရာမလိုပဲ
ပြင့္ထြက္လာသည့္ ရယ္သံေလးေတြၾကား
သြားတန္းေလးေတြေပၚေအာင္ ၿပံဳးသြားသည့္
သူ႔ကေလးေလးကို ခါးေလးကေန ဆြဲဖက္ကာ ျမတ္ျမတ္ႏိုးႏိုးပင္ နမ္းရိႈက္လိုက္မိသည္။

အမွတ္တရေတြ သိပ္မရိွသည့္ သူ႔ကေလးအတြက္ေတာ့ ေနာင္တစ္ခ်ိန္ ဒီခံုတန္းရွည္ဆီ ဝင္ထိုင္မိခဲ့လ်ွင္ ၾကည္ႏူးစြာ ျပန္ေတြးၾကည့္ခ်င္ေစလိုသည့္ ဆႏၵေၾကာင့္ အမွတ္တရေတြကို အခ်စ္ေတြနဲ႔ ခ်န္လွပ္ထားခဲ့ရင္း။

ေလႏု​ေအးေတြၾကား ဂ်ယ္ဂ်ူကြၽန္း၏
ေနဝင္ခ်ိန္ကို တဝႀကီး ႏႈတ္ဆက္ခဲ့ပါသည္။

~~~

Thanks for Reading..။

Next part is Final. 🍃

Comment