[ 31 ]

[ UNICODE ]

"ထတော့လေ..babe
မနက်စာစားရအောင်လို့...."

မနက်ခင်းအစမှာ ကြားရတဲ့ လေသံဖျော့ဖျော့လေးရယ်။ ဘေးကို တိုးကပ်လာတဲ့ ကိုယ်သင်းရနံ့ဖျော့ဖျော့လေးကြောင့် အာရုံတွေက နိုးသထက် နိုးကြားသွားပြန်သည်။ သူ့အသံလေး ထွက်လာတာနဲ့ မျက်လုံးတွေ မှိတ်ထားမိပေမဲ့လည်း ပြုံးလိုက်မိတယ်။ ဒီအချိန်ဟာ မနက်ခင်းတွေကျ လာလာနှိုးတတ်တဲ့ ဂျုံးဂုရဲ့ ဝန်ဆောင်မှုတို့ စတင်ရာ အချိန်လေး...။

ထို့အတူ အချစ်တို့ စတင်ပေါက်ဖွားရာ
နေ့တနေ့ရဲ့ အစပြုရာ အချိန်လေး...။

"ထပါဆို..ဘာလို့ ပြုံးနေတာလဲ babe"

"ချစ်လို့"

တိုက်ရိုက်ကျလွန်းတဲ့ သူမအဖြေကြောင့် ကုတင်ဘေးက ငေးကြည့်မြဲ ငေးနေဆဲ သူ့မှာ မျက်လုံးလေးတွေ လက်ခနဲ။ အံ့သြမိသလို အပျော်တွေ ရင်တွေပြည့်နှက်သွားမိပြီးကော့ရွှန်းနေသည့် မျက်တောင်နက်နက် လေးတွေရှိရာ မျက်ခွံနုနုလေးကို ထိကပ်နမ်းမိတော့ ရှုံမဲ့သွားတဲ့ မျက်နှာလေးနဲ့အတူ ဂျီယွန်း မျက်လုံးလဲ့လဲ့ လေးတွေ ပွင့်ကြည့်လာသည်..။

"အဲ..နမ်းပြန်ပြီ...မရွံဘူးလားလို့"

"မရွံပါဘူး..မကျေနပ်လို့လား မကျေနပ်ရင်လည်း ကိုယ့်ကို ပြန်နမ်းချည် လာ..လာ"

"ဟွန့် တော်ပြီ..တအား နစ်နာသွားဦးမယ်"

ပြောရင်းဆိုရင်း ဘေးကို စောင်းချပြီး အကြည့်တွေ လွှဲလိုက်မိတော့ မဲ့ခနဲ ကျန်ခဲ့သူမှာ ဂျုံးဂုဖြစ်လို့နေသည်။ သို့ပေမဲ့ စိတ်ဆိုးချင်ယောင်ဆောင်တယ်လို့ပြောရမလား..ကွေးညွန့်တက်သွားတဲ့ နှုတ်ခမ်းပါးတွေက မျှော်ကြည့်ခဲ့ရတဲ့ အိမ်မက်လှလှလေးကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ကြောင်း ပြသနေလို့သည်။

"မထရင်လည်းနေတော့ကွာ
ကိုယ်လည်းပြန်အိပ်ပြီ"

စကားဆုံးတာနဲ့ ကုတင်ကြီးသည် အိခနဲ
သူမဘေးမှာ ပြန်လှဲချပြီးကိုယ်ကို သိမ်းကြုံးပြီး ဆွဲဖက်လာတဲ့ သူကြောင့် လှည့်မကြည့်ပဲ
မနေနိုင်တော့။ တိုက်ရိုက်ဖြစ်နေတဲ့ ဂျုံးဂုရဲ့ ရေမွှေးရနံ့ဖျော့ဖျော့လေးတစ်မျိုးရသလို နီးကပ်လွန်းတဲ့ အခြေအနေမှာ ဒီအတိုင်းသာ အိပ်ရင် အရိုးတွေကျိုးကြေကုန်တော့မှာပဲ။

"ဟိုဘက်..တိုးလေ ဘာလို့ လာဖက်တာတုန်း"

"ဖက်စရာမရှိလို့"

"ဖက်လုံးကို ကန်ချထားတာမလား"

"ဟုတ်တယ်.."

ပြောရင်းဆိုရင်း တိုးဖက်လာတဲ့ သူကြောင့်
အသက်ရူကြပ်ချင်သွားသည်။ လည်တိုင်စပ်ဆီက သူ့အသက်ရူသံ နွေးနွေးလေး ရိုက်ခတ်နေသည်ကိုက အသဲယားစရာ ကိုယ်က ချွဲရ
မည့်အစား မနက်ခင်းအစမှာ မွှေးရနံ့တွေ
သင်းကြိုင်နေတဲ့ သူက ပြန်ချွဲနေတာနဲ့ ကြပ်သိပ်စွာ အဖက်ခံထားရတဲ့ကြားထဲက ကြည်နူးမိတာနဲ့ ပြုံးလိုက်မိသည်..သူပဲလာနိုးပြီးတော့..နောက်ဆုံး ကလေးလေး လို ဖက်တွယ်နေတာလည်း သူပဲ ဖြစ်နေပြန်ပါတယ်။

ဖယ်မရတွန်းမရ တွန်းလည်း မတွန်းရက်တာမို့ အသားကုန်သိမ်းကြုံးဖက်ခံထားရခြင်းမှာ
ငြိမ်သာငြိမ်ပေးနေလိုက်မိသည်။ အချစ်ခံရခြင်းရဲ့ ဒုက္ခလှလှတွေနဲ့ လာတွေ့နေရပါတယ်..

"ဒါနဲ့..ဘယ်ချိန်ထိဖက်ထားမှာလဲဟင်?"

"နေထွက်တဲ့အထိ.."

"နေက..ဘယ်မလဲ?"

မျှော့်လင့်ချက်လေး တစနဲ့ ပြန်​မေးတဲ့ သူမအသံတိုးတိုးလေးကြောင့် ရီချင်သွားမိသည်။
သူပါ အတူလိုက်ပြီး လိုက်ကာစတွေ လွင့်ဝဲ
နေသည့် ပြတင်းပေါက်ဘောင်အပြင်ဘက်ကို
ငေးကြည့်မိသည်..အဖြူရောင်နုနုဆင်းနေတဲ့ ကောင်းကင်ပြင်ကြီးက လှောင်ရီနေသလို ကျရောက်လာမည့် နေရောင်ခြည်နွေးနွေးလေးကို မျှော်လင့်၍မရတော့ပေ။ ဂျီယွန်းကို ကြည့်မိတော့ မျက်နှာလေးက မဲ့ကြည့်နေပြီး အနည်းငယ်စူးနေတဲ့ မျက်ဝန်းလေးတွေရဲ့ အဓိပ္ပါယ်အရ သူ့ကို စိတ်ဆိုးနေဟန်ရှိသည်..။

အသဲယားလာတာနဲ့ ပါးလေးတစ်ဖက်ဆွဲဆိတ်မိတော့ မျက်လုံးလေးတွေက ပိုစူးလာတာနဲ့ ရယ်လိုက်မိပြီး ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။ စိုက်ကြည့်နေတဲ့ မျက်လုံးလေး
တွေကအစ ချစ်ဖို့ကောင်းလိုက်တာ...

"ဒီနေ့..သူ အလုပ်နားတယ် ထင်တယ် ထွက်မလာလောက်ဘူး..လာပါ အေးတယ် ပြန်အိပ်ရအောင်"

"လာနှိုးတုန်းက..လာနှိုးပြီးတော့"

ငြီးပေမဲ့လည်း သူ့ကို ပြောမရတော့လည်း
ငြိမ်နေ​ပေးရှာသည့် သူမကို ရင်ခွင် ပြည့်ကြပ်သပ်နေအောင် ဖက်ထားမိရင်း လောကစည်းစိမ်ကို တဝကြီး ခံစားမိနေမိသည်။ နှာဖျားဝမှာ ရစ်သီနေတဲ့ သူမရဲ့ ကိုယ်သင်းရနံ့ဖျော့ဖျော့လေးကအစ ကျီစယ်နေသလို ဒီကလေးလေးကို တကယ် ပိုင်ဆိုင်ရတော့မှာပါလား ဆိုတဲ့ အသိနဲ့ သူရဲ့ ရင်ခွင်တစ်ခုလုံး အေးချမ်းသွားမိသည်။

"ဂျုံးဂု~"

အသိနဲ့တင် ပြုံးများပြုံးလိုက်မိသလားမသိ
ဂျီယွန်းဆီက အသံတိုးတိုးလေး ထွက်လာသည်အတူ သူ့အင်္ကျီစကို လာဆွဲသည်မို့ ငုံ့ကြည့်လိုက်မိသည်။

"ဘာလဲ..ကလေး"

"တကယ်..မထတော့ဘူးလားဟင်..ဗိုက်ဆာနေပြီရယ်.."

"အာ..ဒါဆို သွားရအောင်!"

ဗိုက်ဆာနေပြီဆိုတဲ့ ကမန်းကတန်းကောက်ထသည့် သူ့ကို ကြည့်ပြီး ပြုံးမိပြန်ပါတယ်။
ဒါတောင်..လက်မထပ်ရ​သေးခဲ့..လုပ်ပေးနိုင်တဲ လူတွေရှိရဲ့သားနဲ့ မနက်တိုင်း မနက်စာ ထပြင်ပေးတတ်သည့် သူသည် အသေးအဖွဲ့လေးအစ ချစ်တတ်ခြင်းမှာ ဝါသနာထုံရှာသည်။ အိမ်တွင်းစီး ဖိနပ်လေးကို စီးမလို့ ပြင်လိုက်ပေမဲ့ သူမကိုပါ တစ်ခါတည်း ပွေ့ချီ
ချီလာတဲ့ လန့်သွားမိရင်း သူ့ပခုံးတွေကို အမြန်ပင် ဖက်တွယ်ထားလိုက်ရသည်။

"အဟက်..ဘာလုပ်တာ"

"ဒီအတိုင်း..ချီကြည့်ချင်လာလို့"

ခြေဖျားတွေ မြေကြီးနဲ့ လွတ်သွားတဲ့အခါ သူ့ကြည့်မိတော့ လိုချင်တဲ့ ရသွားရှာတဲ့ကလေးတစ်ယောက်လို ပြုံးစစဖြစ်နေတာနဲ့ မအံ့သြမိတော့ပဲ ရယ်လိုက်မိတော့သည်။တစ်ခါတလေ တကယ့်ကလေးစိတ်ပင် မလုပ်ဖူးတာကို စူးစမ်းချင်သလို မျက်လုံးလေးတွေနဲ့..သူ ချီချင်ရင်လည်း တကယ် ကောက်ချီတော့တာပါပဲ။

"ချီရုံပဲလား.."

"တကယ်တော့..လိုက်ပို့ပေးမလို့ပါ"

"အာ..ရေချိုးခန်းက အဝေးကြီးမှာဆိုတော့လေ"

"မနက်ခင်း..ဝန်ဆောင်မှုလို့ သဘောထားလိုက်ပါ Babe"

ဘယ်လောက်မှ မလှမ်းတဲ့ အကွာအဝေးပေမဲ့လည်း ချီရတာ ပျော်နေပုံရတဲ့ ဂျုံးဂုကြောင့် သူမ ဘာမှမပြောလိုတော့။ ကျယ်ပြန်တဲ့
သူ့ပုခုံးတွေကိုသာ ဖက်တွယ်မိရင်း မွှေးကြိုင်နေတဲ့ ရင်ခွင်ကျယ်ကြီးဆီမှာပဲ အေးချမ်းစွာ မှီတွယ်မိရင်း ရနံ့ဖျော့ဖျော့လေးတွေကို
ရူရှိုက်လိုက်မိတယ်။ ပြောစရာမလိုအောင် အသန့်ကြိုက်တဲ့သူက တအားမွှေးသည်။

"ဒါနဲ့..မလေးဘူးလား"

မျက်စောင်းဟု ယူဆမရသော မျက်လုံးလေးတစ်ချက်တော့ သူစောင်းကြည့်လာသည်။
တော်တော်နဲ့ ပြန်မဖြေသေးပဲ ရေချိုးခန်းနား
ရောက်မှ အောက်ကို အသာပြန်ချပေးရင်း။

"မင်းဘာသာမင်းသာ..ဒီထက်ဝလာအောင်စားပါဦး Babeရယ်"

ရွှတ်!

သူမ မျက်နှာလေးကို ဆွဲယူကာ မြန်မြန်ဆန်ဆန်ပင် တိုးကပ်လာပြီး ပါးလေးတွေ ချိုင့်ဝင်သွားအောင်အထိ ရုတ်တရက် ရွှတ်ခနဲ နမ်းရှိုက်သွားတာမို့ ရင်ထဲ အေးမြသွားသလို ခံစားလိုက်ရသည်။ ဖြတ်ခနဲ ခိုးယူသွားတဲ့ အနမ်းတပွင့်ကြောင့် အံ့သြသွားမိသလို ကြည့်လိုက်မိတော့ ကိုယ်တော်ချောက အပြုံးလေးတွေ တစစနဲ့ ရေချိုးခန်းတံခါးကို ကောက်ဖွင့်ပေးရင်း ဝင်လေ ဆိုတဲ့ အရိပ်အယောင်တွေနဲ့ မေးလေး ဆတ်ပြလာတာမို့ ရှက်သည်ဟု ယူဆမရတဲ့ ကြည်နူးခြင်းတွေနဲ့ သူမ ရေချိုးခန်းထဲ ပြေးဝင်လိုက်မိသည်။

ပျော်ရွှင်သွားမိသလို ကျေနပ်ခြင်းတွေ ရောပါနေတဲ့ မှန်ထဲက ကိုယ့်မျက်နှာကိုယ်ကြည့်ကာ ရယ်ချင်ပတ်ကျိဖြစ်လာမိတော့ ရေနဲ့ တဖြန်းဖြန်း ကောက်သစ်လိုက်မိပြီး ပြုံးစိစိဖြစ်နေချင်နေတဲ့ မျက်နှာပိုးလေးကို ထိန်းလိုက်မိတယ်။ အသင့်ပြင်ဆင်ပေးထားတဲ့ သွားတိုက်တံလေးကို မြင်မိတော့လည်း ကြည်နူးမိပြန်သည်။

မျက်နှာလေး ချောင်နေတယ်လို့ အေးဆေးပြောလည်း ရတာပဲကို....။

~~~

"အေးလိုက်တာ~"

မိနစ်အနည်းငယ်လောက်အကြာ မီးဖိုဆောင်ထဲ လူမမြင်ရခင် ကြိုရောက်နှင့်လေတဲ့ ငြီးသံ
လေးကြောင့် ကောင်တာမှာ ထိုင်စောင်နေတဲ့
စောင့်နေတဲ့ သူ့မှာ တအံ့တသြ။ မဟုတ်သေးပါဘူး ရေတွေက ဘွိုင်လာကြောင့် နွေးနေရမှာလေ။

"ရေက မနွေးလို့လား..Babe
ထူးဆန်းလိုက်တာ.."

"မဟုတ်ပါဘူး..နွေးပါတယ်..ဒါပေမဲ့ အပြင်ရောက်တော့ အေးတယ်ရယ် အဲ့ဒါကြောင့်​ဖက်ထားပေးလို့ရမလား"

"အချွဲလေးပဲ..လာခဲ့ပါ~"

လက်ကမ်းပြီး ကြိုဆိုနေခဲ့တဲ့ ကျယ်ပြောတဲ့ ရင်ခွင်ကြီးထဲ ပြေးပြီး သိုင်းဖက်လိုက်မိတော့ ရင်ထဲ သိမ့်ခနဲ။ နွေးလိုက်တဲ့ ချစ်ခြင်းတွေ
ဆိုတာ ဒီရပ်ဝန်းလေးထဲက ထွက်လိုက်မိရင်
အအေးဓာတ်တွေ စိမ့်ဝင်လာမှာကိုတောင် မသိစိတ်ကနေ ကြောက်သွားမိတယ်။

အဲ့လောက်ထိ လုံခြုံတာတောင် ဒီရင်ခွင်ကျယ်ကြီးက သူမ ကာကွယ်ပေးချင်ခဲ့တဲ့ ရပ်ဝန်းကျယ်ကြီး ဖြစ်နေဆဲပါပဲ.....။

"ခွင့်တောင်းဖို့မလိုပါဘူး..ကလေး ဖက်ချင်တယ်ဆို ဖက်လိုက်ပါ ကိုယ်ကတော့ အမြဲပြန်ဖက်ထားပေးမှာပါ..သိပ်ချစ်တာမို့..."

မကြင်နာရရင် မနေနိုင်တဲ့ သူမ ဆံနွယ်လေးတွေကိုပါ ငုံ့နမ်းရှိုက်မိတဲ့အခါ သူ့ခါးထက်ကို
တင်းကြပ်စွာ ပြန်လည်ဖက်တွယ်လာတဲ့ ဂျီယွန်းကြောင့် ကျေနပ်စွာ ပြုံးလိုက်မိသည်။

မနက်ခင်းလေးကတော့ ရင်ထဲကလာတဲ့ဝန်ဆောင်မှုတွေနဲ့ ဟန်ချက်ကိုညီလို့...။

ပြည့်စုံနေတဲ့ မနက်ခင်းလေးကို လေပြေလေးက ပိုပြီး ပြည့်စုံစေချင်၍ထင်ပါရဲ့သိမ်မွေ့ညင်ညာသည့် လေအေးလေးတွေနဲ့ နူးနူးညံ့ညံ့လေး ဖက်ထားကြလေတဲ့ သိပ်ချစ်ကြသူနှစ်ယောက်အပေါ်ဖြတ်သန်းတိုက်ခတ်စေ၍ အသဲနှလုံးတွေအထိပါ အေးမြစေခဲ့သည်။

သူလက်ထပ်ခွင့်တောင်းပြီးတဲ့နောက်မှာ ဘာများ ကွာဟသွားခဲ့လဲ မသိပေမဲ့ နှစ်ယောက်
လုံးရဲ့ ခံစားချက်တွေက ပိုပြီး လေးနက်သွား
ကြသလိုပဲ။ တစ်ယောက်ကိုမရှိရင် တစ်ယောက်မနေနိုင်ကြတဲ့ ခံစားချက်တွေ..တစ်ယောက်အနားမှာပဲ တစ်ယောက် နေချင်ကြတဲ့ ခံစားချက်တွေကို ကြည့်ပြီး သူမ သေချာသိတာကတော့ ဒီထက်ပိုပြီး ပြီးပြည်စုံတဲ့ နေ့ရက်တွေ ရောက်လာဦးမယ် ဆိုတာကိုပါပဲ။

မေတ္တာတွေနဲ့သာ ရှင်သန်ရရင် လောကကြီးလည်း ရပ်တန့်သွားသလို ဖြတ်တိုက်သွားတဲ့
လေပြေတွေလည်း နူးညံ့သွားတယ်။ သူ့ကို သိပ်ချစ်တယ်ဆိုတာကို သူမ ဘာမှပြန်မပြောလည်း သူသိနေခဲ့တယ် ထင်တယ်..ချစ်ရသူက တောက်လျှောက်ကို ပြုံးနေတော့တာပဲ..။

~~~

"ကိုယ်တို့..ဘယ်နေ့ လက်ထပ်ကြမလဲ Babe"

Sausage လေး တစ်ခုကို ထိုးစိုက်လိုက်မိတော့ အနားကို တိုးလာပြီး မေးလာတဲ့ မေးခွန်းလေး
ကြောင့် ပြုံးလိုက်မိတယ်။ ကြည့်မိတော့ သူမ မနက်စာစားနေတာကို စိတ်ပြေနပြေ လက်
ထောက်ပြီး ထိုင်ကြည့်နေတဲ့ သူက မျက်လုံးလေးအဝိုင်းသားနဲ့ သိချင်စိတ်တွေအပြည့်
ပြက္ခဒိန်လေးနဲ့ ဟိုခြစ်ဒီခြစ်ပင်။

နေ့တိုင်း တိုင်ပင်ဖြစ်တဲ့ မေးခွန်းလေးတစ်ခု။
ဆောင်းရာသီရောက်ပြီဆိုပေမဲ့ လိုချင်တဲ့ နေရာအနေအထားကို ရွေးချယ် ပြင်ဆင်ပြီးမဲ့အချိန် နေ့ရက်ကောင်းကောင်းလေးကို ရွေးရမည်လေ။ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတဲ့ နေ့ထူးနေ့မြတ်လေးမို့ ဖြစ်နိုင်ရင်တော့ သူမကတော့ အကောင်းဆုံးပဲ ဖြစ်စေချင်သည်။

"ရွေးထားတဲ့..နေ့ရှိတယ်မလား ဂျီယွန်း"

"အွန်း..ဒါပေမဲ့လေ"

"ဒါပေမဲ့..ဘာဖြစ်လဲ"

"ဘယ်နေ့မှန်းမသိဘူးရယ်..ပထမဆုံး နှင်းကျတဲ့နေ့ လက်ထပ်ရရင် သိပ်ကောင်းမှာပဲ~"

မျှော်လင့်ချက်သဲ့သဲ့လေးနဲ့ ပြောမိတော့ ဆံနွယ်လေးတွေကို အသာလာသပ်ပြီး နှစ်သိမ့်ရှာတဲ့ သူ့ပုခုံးတွေထက်မှီတွယ်လိုက်မိရင်း
ပြက္ခဒိန်လေးထက်က နေ့ရက်လေးတွေကိုပါ သိချင်စိတ်အပြည့်နဲ့ ငေးကြည့်လိုက်မိတယ်။ ဘယ်နေ့လောက်များဖြစ်မလဲ..မျှော်လင့်လို့တော့ ရနိုင်သေးတယ် မဟုတ်လား။

"မသိဘူးလား..ကလေးက ကောင်းကင်ကြီးဆီက လာတာမလား နတ်သမီးက သိရမှာပေါ့"

ထပ်ကြားရပြန်တဲ့ နတ်သမီးဆိုတဲ့..နာမ်စား
လေးကြောင့် ပြုံးမိသည်။ နတ်သမီးတဲ့ အရင်ကဆိုဖြစ်နိုင်ပါဦးမယ်..အခု​တော့ အတောင်ပံတွေ ကျိုးရုံမက သွေးစွန်းနေတဲ့သူမက သူ့မျက်လုံးထဲမှာတော့ အဖြူထည်လေးသက်သက်ပဲ ဖြစ်နေခဲ့တယ် ထင်ပါရဲ့။

လူသတ်ခဲ့မိတာ..ဘဝတစ်လျှောက်လုံးမှာ နောင်တအရမိဆုံး အမှား မေ့ဖျောက်လို့မရတဲ့ အစွန်းအထင်းကြီးဆိုပေမဲ့ အဆင်တော့ပြေပါတယ်..နှစ်နှစ်ကာကာ ချစ်ရတဲ့သူကို ကယ်နိုင်ခဲ့တယ်..ဘဝတစ်လျှောက်လုံးအတွက် အရေးကြီးဆုံးအရာကို ကယ်နိုင်ခဲ့တယ်..ဂျုံးဂုကို သူမ ကယ်နိုင်ခဲ့တာပဲလေ..။

"နတ်သမီးက အခုလူဖြစ်နေတယ်..လှမ်းမေးချင်တာတောင် အော်ပြောလည်း ကြားမှာမဟုတ်ဘူး"

"ဒါဆိုလည်း ဒီအတိုင်း ခန့်မှန်းလိုက်လေ Babe နှင်းက သေချာပေါက် ကျလာမှာပါ"

"တကယ်လား.."

"အင်း..ရွေးလိုက် ဘာပဲဖြစ်ဖြစ် ကလေး စိတ်ထင်တဲ့နေ့ရွေးလိုက်"

ယုံကြည်ချက်အပြည့်နဲ့ ပြောနေတဲ့ သူ့ကို တစ်ချက်ကြည့်ကာ ပြက္ခဒိန်ထက်မှာ သူမ ဆွဲခြစ်မိလိုက်သည်။

"ဒါဆိုလည်း ဒီနေ့"

"9ရက်နေ့လား"

"ဟုတ်တယ်.."

"ဟုတ်ပြီ..အဲ့ဒီနေ့ကို ကိုယ်တို့ စောင့်နေကြတာပေါ့ ဒါနဲ့ ဘာလို့ 9 ရက်နေ့လဲ babe"

သူပြောမိတော့ ကွေးညွှန့်တက်သွားတဲ့ နှုတ်ခမ်းပါးလေးတွေနဲ့ ပြက္ခဒိန်မှာ အသဲပုံလေး ဆွဲခြစ်နေတဲ့ ကလေးကို ကြည့်ပြီး အတွေးပေါက်မိသွားသည်။

"တစ်ပတ်ကျော်ကျော်လောက်ဆို နှင်းကျလာမယ်ထင်လို့..နောက်ပြီး ဂျုံးဂုရဲ့ မွေးလက September 9 လပိုင်းလေ အဲ့ဒါကြောင့်နံပါတ် 9"

"ကလေး..အကြိုက်ဆုံး နံပါတ်က ဘာလဲ"

"1"

"ကိုယ့် မွေးရက်လို့တော့..မပြောနဲ့နော်"

"အဟင်း..မဟုတ်ပါဘူး အတော်ဆုံး နံပါတ် တစ်လေ"

သူ့ဘက်လှည့်ပြီး လက်ညိုးလေး တထောင်ထောင်နဲ့ အဓိပ္ပါယ်ပါလှတဲ့ အပြုံးဖွေးဖွေးလေးတွေကို ကြည့်ပြီး ရင်ထဲပျော်သွားမိပြန် သည်။ သူ့မွေးရက်ကြီး ဟုတ်နေတာပဲကို..။

"ဟုတ်ပါပြီ..ယုံပါတယ်..ပြီးရင် ဝတ်စုံအတွက် နေ့လည်ကျ သွားကြည့်ရဦးမယ်..babe လိုက်ခဲ့ဦး"

"ဟင်..? အင်း ဒါပေါ့ လိုက်ခဲ့ရမှာပေါ့ ဒါနဲ့ မနက်ဖြန်မှ သွားကြည့်မှာမဟုတ်ဘူးလားဟင်..ကျွန်မ အမှတ်မှားနေတာလား"

မျက်လုံးလေးတွေ ဝိုင်းလို့။ သူမှတ်ထားတဲ့ ပြက္ခဒိန်လေး သူမ ပြန်ကြည့်နေရှာသည်။

"ဟုတ်ပါတယ်..မနက်ဖြန်မှပါ"

"ဒါဆိုလည်း..ဒီနေ့ ရက်ရွေ့လိုက်ပြီ တစ်ရက်
စောလည်း..မသိဘူးကွာ ကိုယ်တော့ လက်
ထပ်ဖို့ကို စိတ်အတော်လှုပ်ရှားနေပြီ ကားအရင် ကြိုထုတ်ထားလိုက်ဦးမယ်..နေ့လည်ကျသွားရအောင်နော်..Babe"

"ဟုတ်"

စိတ်လှုပ်ရှားစွာ ပြေးထွက်သွားတဲ့ သူ့ကြောင့်
Latte ရနံ့မွှေးမွှေးလေးက ပျံ့လွင့်သွားတာမို့
အံသြမိစွာ Coffee သောက်တတ်တဲ့ သူက Latte တွေပါ ဘာလို့ ပြောင်းသောက်နေလဲ မှတ်တယ်..ဧကန မင်္ဂလာဝတ်စုံသွားကြည့်ရမယ့် နေ့လို့ တွေးထားလို့လား။

"Aigoo..ငါ့ကောင်လေး တော်တော် စိတ်လှုပ်ရှားနေတာပဲ"

ခေါင်းတခါခါနဲ့ ရယ်လိုက်မိရင်း ပန်းကန်လေးတွေကို သိမ်းဆည်းကာ သူ့နောက်ကို
သူမပါ အမြန်ပြေးလိုက်သွားမိသည်။


~ • ~ • ☘ • ~ • ~


"ဒါလေးရယ်..ဒါရယ်..ဒါရယ် အာ..မသိတော့ဘူး ကိုယ့် မျက်လုံးထဲ အကုန်လှနေတယ်
ကလေး ကြိုက်တာပဲ ရွေးလိုက်ပါတော့.."

များမကြာမီ မင်္ဂလာခန်းမထဲက သတို့သားလောင်းလေးရဲ့ အသံသည် ခပ်ကျယ်ကျယ်ထွက်ကျလာတော့သည်။

မျက်စိရှေ့က ခင်းကျင်းပြသပေးထားတဲ့ လှပအကျော့ရှင်းဆုံး သတို့သမီးဝတ်စုံတွေ လိုက်ကြည့်ကာ သူမနဲ့ အလိုက်ဖက်ဆုံးကိုတဖြည်းဖြည်းနဲ့ သူလည်း မရွေးတတ်တော့။ dress တွေ လိုက်ကြည့်ရင်း ဘာမဆို ဂျီယွန်းနဲ့ဆို လှမှာပဲ ဆိုတဲ့ အတွေးကြောင့်လားမသိ တစ်ထည်နှစ်ထည် ရွေးထားရာကနေ အခုတောင်လိုပုံလာသည်။ Wedding dress လေးတစ်ခု ရွေးရတာ အဲ့လောက် ခက်ခဲမှန်းမသိခဲ့။

ဂျီယွန်းကို ပြောမိပေမဲ့ ဘာသံမှ ထွက်မလာလို့ လှည့်ကြည့်မိတော့ လင်းထိန်နေတဲ့ မီးရောင်အောက်က မျက်လုံးအဝိုင်းသားနဲ့ လိုက်ကြည့်နေတဲ့ မျက်နှာလေးကို တွေ့တော့ အံ့သြသွားမိတယ်။ သူက ရွေးချယ်ပေးသလောက် ဘေးက တအံ့တသြလိုက်ကြည့်နေတဲ့ မျက်လုံးလေးတွေကို စောစော မမြင်လိုက်ရတာကို နှမြောတသ ဖြစ်သွားမိသည်။

သူမအတွက်တော့ အရာရာတိုင်းဟာ ထူးဆန်းနေဟန်။ မျက်လုံးလက်လက်
ကလေးတွေနဲ့ ငြိမ်ပြီး လိုက်ကြည့်နေတဲ့ ပုံစံလေးက ဖွက်ထားမတတ်ကို လှလွန်းသည်။
အကုန်လုံးကို လိုက်ကြည့်နေတဲ့ မျက်လုံးလက်လက်လေးတွေထက်မှာ ပျော်ရွှင်နေပုံရတဲ့ အရိပ်အယောင်လေးတွေ ပျော်ဝင်နေတာမို့ ငေးမောမိရင်း နီးပါတယ်ဆိုတဲ့ သူမနား
တိုးတိုးလေး ကပ်ခေါ်မိသည်။

"Babe~"

"ဟင်?"

"သဘောကျတာမျိုး တွေ့လား"

"အဲ..အင်းး"

"တကယ်လား..ဘယ်လိုဝတ်စုံမျိုးလဲ"

"ဟို..?! တကယ်တော့လေ ကျွန်မ အကုန်လုံးကို လိုက်ကြည့်နေမိတာ..လှလို့ ဟီး မရွေးရသေးဘူး ဆောရီး"

အပြုံးဖွေးဖွေးလေးနဲ့ တောင်းပန်တိုးလျှိုးသံလေးကြောင့် ခေါင်းကို အသာခါယမ်းမိရင်း ပြုံးလိုက်မိသည်။ သူ့ကမ္ဘာလေးထဲ သူနစ်မြောနေတာပဲ..မြင်ရခဲတဲ့အပြုံးလေးတွေ ထပ်မြင်လိုက်ရတာမို့ ကျေနပ်သွားမိသည်။

"လိုက်ကြည့်ဦးမလား...ဒါမှမဟုတ် ကိုယ့်ကို အကုန်လုံး ဝတ်ပြချင်လား.."

သူ့စကားကြောင့် ဂျီယွန်းခမျာ ဝတ်စုံတွေကို တစ်ချက်ပြန်ကြည့်မိရင်း ချွေးပြန်သွားတဲ့ပုံပေါ်သည်။

"အဲ..ဝတ်တော့ ဝတ်ပြချင်ပေမဲ့ အများကြီးလေ"

"အင်း..ကိုယ်သိပါတယ်..ဒါပေမဲ့ ကလေးကြိုက်တာလေးတွေ ရှိရင် ဝတ်ပြလေ ကလေးတော့ မသိလောက်ဘူး..ကိုယ်တော့ မင်း သတို့သမီးဝတ်စုံလေး ဝတ်ထားတာကို တအားမြင်ချင်နေပြီ သိလား..ဘာလို့လည်း မသိဘာဝတ်ဝတ် မင်းနဲ့ဆို သိပ်လိုက်မှာပဲလို့လည်း ထင်နေမိတယ်..ကိုယ့်ကလေးက တအားလှတာမို့လို့လေ"

"အာာ..သူများတွေ ကြားသွားပါဦးမယ်~"

နောက်မှာ ဆိုင်ဝန်ထမ်းမလေးတွေ ရှိလို့လား
မသိ သူ့စကားအဆုံးမှာ ဂျီယွန်း ပါးလေးတွေ ရဲတက်လာကာ သူ့ကို တိုးတိုးလေး ပြန်ကပ်ဆူတာကို ကြည့်ပြီး အူယားသွားမိသည်။

"ကြားလည်း ဘာဖြစ်လို့လဲ..အမှန်အတိုင်းပြောတာပဲကို..မင်းက အလှဆုံးပဲကို"

နှစ်ယောက်တည်းတောင် သူမ ရှက်တတ်တာ သိသိကြီးနဲ့ နှစ်ကိုယ်ကြား လေတိုးမရအောင် ကပ်ပြီးထပ်ပြောတဲ့ ဂျုံးဂုကြောင့် နောက်က ဝန်ထမ်းမလေးတွေ သူတို့ ပြုံးစိစိဖြစ်မလာခင် သူ့လက်မောင်းကြီးကို ဆွဲပြီး အသာ ဆွဲခေါ်လာမိသည်။

"ရှုး! တိတ်တိတ်နေပါ ..အခု အရင်ဆုံး ထပ်သွားကြည့်ရအောင် လိုက်ခဲ့ဦး"

"ha..ha ဟုတ်ပါပြီ"

ချိုမြသည့် တိုးတိုးလေး ကပ်ဆူသံလေး နားထဲ ဝင်လာတာနဲ့ သူ့လက်မောင်းကို တင်းနေအောင် ဖက်ထားခဲ့တဲ့ ကလေးကို ကြည်နူးလွန်းလို့ သဘောကျလွန်းလို့ တောက်လျှောက် သတိလက်လွတ်ကို ငေးကြည့်လာခဲ့မိသည်။

~~~

"ရွေးပြီးပြီလား..ဘယ်လိုဟာမျိုး..ရွေးလိုက်တာလဲ Babe"

မိနစ်ပိုင်းလောက်အကြာမှာတော့ သူမ ဆုံးဖြတ်ပြီးသွားပြီ။ အလှဆုံးဖြစ်မဲ့ ဝတ်စုံထက် အကြိုက်ဆုံးလေးကို ရွေးဖြစ်ခဲ့တယ်။
ထို့နောက် ရွေးပြီးသွားတဲ့အခါ ကာယံကံရှင်ထက်ပိုပြီး စိတ်လှုပ်ရှားနေပုံရတဲ့ သတို့သားလောင်းလေးက မျက်လုံးပြူးပြူးလေးနဲ့ ဘေးက လာမေးကြလေတော့သည်။

"မပြောပြပါဘူး"

တုံးတိကြီး သိချင်စိတ်ကို တိခနဲ ဖြတ်ချလိုက်တဲ့ ဂျီယွန်း စကားကြောင့် ရင်ထဲ ဟာခနဲ။ တစ်ဖက်ကလည်း မျက်လုံးအပြူးသားနဲ့ ပြန်ကြည့်နေတဲ့ သူ့ပုံစံကြောင့် သူမ ရီမိသည်။

"ကိုယ်မမြင်လိုက်လို့ပါ..တကယ် မပြောပြတော့ဘူးလား"

"Arni..မပြောပြပါဘူးဆို..ဝတ်ပြပြီးရင် သိမှာပေါ့နော်...Jungkook"

အဓိပ္ပါယ်ပါလှတဲ့ အကြည့်တွေကြောင့် ထပ်ပြီး ဟာခနဲ။ သူ့ကို ကိုယ့်စကားနဲ့ ကိုယ် ဝဋ်လည်အောင် ပြန်လုပ်တဲ့ သူမကြည့်ပြီး သိချင်စိတ်ကို အမြဲဆွထားမိတော့လည်း သူအတွန့်မတက်ရဲ။မလွယ်ဘူး ဆိုတဲ့ အသိနဲ့ သက်ပြင်း ငွေ့ငွေ့လေးသာ ချလိုက်မိတော့ သူမဆီကနေ ကျေနပ်သွားရှာတဲ့ အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားရှာတော့လည်း သူပြုံးမိလိုက်သည်။

"ဒါနဲ့..တလက်စတည်း..ဂျုံးဂုပါ Suit တခါတည်း ရွေးလိုက်ပါလားဟင်"

"အခုလား"

"အွန်း..လဲပြီးရင် နှစ်ယောက် တစ်ခါတည်း အတူတွေ့ရအောင်လို့"

"သြော်...ကိုယ့်ကိုပါ တစ်ခါတည်း ​မြင်ချင်တယ်ပေါ့"

သူ့လက်လေးတွေကို ဆုပ်ထားလိုက်မိရင်း
ခေါင်းငြိမ့်ပြလိုက်မိတော့ ထောင့်ကပ်သွားတဲ့ သူ့မျက်လုံးလေးတွေက စဥ်းစားနေဟန်။

"ဒါဆိုလည်း..ရတယ်လေ ကိုယ်က နောက်မှ အေးဆေး ကြည့်မလို့ လုပ်ထားပေမဲ့ ကလေး လိုချင်ရင် လုပ်ပေးရမှာပေါ့"

"ဒါပေမဲ့....ကိုယ့်အတွက် Suit ရွေးပေးရမယ်နော် babe"

"ဟီး..ရွေးပေးမယ် အမြန်လာ"

သူ့လက်တွေကို မြဲနေအောင် ဆုပ်ထားပြီးရှေ့က ဦးဆောင်သွားတဲ့ ကောင်မလေးနောက်ကို သတိလက်လွတ် လိုက်ခဲ့မိပြန်သည်။ ဘယ်လို ဝတ်စုံမျိုး ရွေးမလဲဆိုတာ အရေးမကြီးတော့သလို ပတ်ဝန်းကျင်ကိုလည်း ဘာမှ မမြင်နိုင်တော့ သူမ ပြုံးနေတာလေး မြင်ရရင်ကို သူ့နှလုံးသားတွေက ကြွေကျဖို့ အသင့် ဖြစ်နေလေပြီ။

မင်းပျော်နေရင် ရပါပြီ..။

"Jungkook~"

နားထင်က ဆံစတွေကို သပ်တင်မိရင်း သူများရှိနေမလားမလို့ ကွယ်ထားတဲ့ လိုက်ကာစတွေကို ကြည့်မိရင်း ခေါ်ကြည့်လိုက်မိတယ်။

"ဟင်?..လဲကြည့်ပြီးပြီလား Babe"

"ဟုတ်..ပြီးပြီ ဂျုံးဂုရော လဲပြီးပြီးလား"

"အင်း..ကိုယ်လည်း ပြီးပြီ"

ထို့နောက် ဘာရယ် မဟုတ် လိုက်ကာတစ်ခုပဲ ခြားသည့် နှစ်ယောက်သား တိတ်ဆိတ်သွားကြမိပြန်သည်။ ရင်ထဲမှာတော့ စိတ်လှုပ်ရှား
မှုတွေ အပြည့်နဲ့ ဂျုံးဂုလည်း ဒီလိုပဲထင်ပါရဲ့။

"စောင့်နေတာ...Babe"

"........"

"ဒီလောက်ဆို..ကိုယ့်ဆီကို ထွက်လာသင့်ပြီ မဟုတ်လား"

မြင်ကွင်းတွေကို ကွယ်ထားသည့် လိုက်ကာစ
ရှည်ရှည်တွေကို ငေးမောကြည့်မိရင်း လိုက်
ကာစနောက်ကွယ်မှာ ရှိနေမည့် သတို့သမီးလေးလောင်းဆီ စကားပါးလိုက်မိပေမဲ့ သူမကတော့ ကိုယ့်ကိုကိုယ် တစ်ချက်ပြန်
ငုံ့ကြည့်ရင်း ရင်တွေခုန်နေမိတယ်။ စိတ်လှုပ်ရှားလွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ...

မေမေက သူမကို ဘာလို့ ရှက်တတ်အောင် မွေးပေးခဲ့တာလဲ..စိတ်လှုပ်ရှားနေမိပြန်ပြီ ဒုက္ခ!။

"Miyanae ရုတ်တရက်ကြီး ဂျုံးဂု ရှေ့ထွက်ပြရမှာ တစ်မျိုးကြီး ဖြစ်နေသလိုပဲ.."

"ဒါဆိုလည်း..ထွက်မလာနဲ့တော့ Babe ကိုယ်ဝင်လာခဲ့မယ်.."

"အဲ?..ဟို ခဏ!.."

တားချိန်မရလိုက်..ငွေရောင်လဲ့နေတဲ့ မီးဆိုင်းကြီးရဲ့ အလင်းရောင်အောက်မှာ ခပ်နိမ့်နိမ့် စင်မြင့်ထက်ကို ဖုံးကွယ်ထားတဲ့ လိုက်ကာစ
တွေကို အသာဆွဲဖယ်ပြီး သူမရှိရာဆီသို့ ခပ်အေးအေး လှမ်းလာသည့် သူ့ကြောင့်ဘာမှတောင် ပြောချိန်မရလိုက် အံ့သြသွားမိသည်။

လျှောက်လှမ်းလာသည့် ခန့်ညားသည့် သူ့အသွင်သဏ္ဍာန်လေးကိုက မင်းသားတစ်ပါးတစ်ဖွယ် ခမ်းနားလှတာမို့ သူမမှာ မျက်လုံးအဝိုင်းသား။ ဒီအမျိုးသားက လောကကြီး တစ်ခုလုံးဆီက ပြည့်စုံမှုတွေကို ရထားခဲ့တာ..

ကောင်းကင်ကြီးနဲ့တူတဲ့ အကြည်ဓာတ်မျိုး သူ့မှာ ရှိနေတာကိုက ထူးခြားနေတာမျိုး....။

နက်ရှိုင်းလှသည့် အနက်ရောင် ၊ ဖြူနုသည့် အသားအရည်နဲ့ သေသပ်သည့် နှင်းဆီလွှာလို နှုတ်ခမ်းပါးလှလှတွေက အစ ပြည့်စုံတယ်။ ဝတ်စုံပြည့်နဲ့ ခန္တာကိုယ်အချိုးအစားကတော့ အချိန်တိုင်း အမှတ်ပြည့်ပင်..။

အရင်က Idea Type ဆိုတာကို သေချာ မပြောပြတတ်ပေမဲ့ အခုတော့ သူပဲဖြစ်မယ်ဆိုတာကို သေချာပေါက် လောင်းရဲတယ်..။

တဖြည်းဖြည်း နီးလာတဲ့အခါ သမင်နဲ့ တူတဲ့ သူ့မျက်လုံးဝိုင်းဝိုင်းတွေကြောင့် တကူးတကပင် ပြောစရာတောင်မလို..သတိလက်လွတ် ကို နစ်မျှောသွားမိသည်။

အဲ!..မျက်လုံးတွေဆိုမှ သတိထားမိတယ်။
တောက်လျှောက် ငေးလာတာ သူမ တစ်ယောက်တည်း မဟုတ်ဘူးပဲ...

သူမနည်းတူ ကိုယ့်ပုံစံကို အံ့သြသွားပုံရတဲ့ မျက်လုံးတွေနဲ့ ခေါင်းအစခြေအဆုံး အကဲခတ်လာတော့လည်း ကိုယ်ကို ကြုံလိုက်မိပြီး ရှက်သွားမိသလိုလို။ ထို့အတူ တပြိုင်နက်တည်း ကွေးညွှန့်တက်သွားလေတဲ့ သူ့နှုတ်ခမ်းပါးတွေဆီက အပြုံးတွေက ပင်လယ်လေ​ပြေတွေ ထက်တောင် ပိုပြီး အေးမြနေလေရဲ့။

"ခဏ..ခဏစောင့်လို့ ပြောမလို့ကို ဘာလို့ ဝင်လာတာလဲလို့"

"ကိုယ့်ကလေးကို..လူတွေ မြင်ကုန်မှာစိုးလို့ပါ"

သူ့အဖြေကြောင့် ခေါင်းအသာခါယမ်းလိုက်မိပြီး ရီလိုက်မိသည်။ အခု အူတိုရမည့်အချိန်မဟုတ်ဘူးထင်တယ်..

"ဘယ်လိုနေလဲ..ဂျုံးဂုလည်း သဘောကျတယ်မလား"

သူမနဲ့ နီးနိုင်သမျှ နီးသည်အထိ သူရောက်လာတာနဲ့ Wedding dress လေးရဲ့ အဖြူထည် ဂါဝန်လေးကို ဆွဲကိုင်လိုက်မိပြီး မျက်နှာချင်း ဆိုင်ဖြစ်သွားသည့် သူ့ဆီ မော့ကြည့်ပြီး မေးကြည့်လိုက်မိတယ်။

"တအား....."

ရင်မောစရာ တုံ့ဆိုင်းနေတဲ့ အဖြေတွေ။
ပြောစရာစကားတွေ ပျောက်ရှနေတဲ့ သူ့ကို ကြည့်ပြီး ပြုံးမိသည်။

"တအား..လှတာပဲ ကိုယ့်ကလေးက"

တိုးဝင် ပွေ့ဖက်လာတဲ့ နွေးထွေးမှု။ ခါးလေးကနေ ဆွဲပြီး သိမ်းကြုံးအဖက်ခံလိုက်ရတော့ တကိုယ်လုံး သူ့ရင်ခွင်ထဲ နစ်ကျသွားမိသည်။ ရင်သပ်ရူမောစရာ ရုတ်တရက် ပွေ့ဖက်မှုဆိုပေမဲ့လည်း နူးညံ့တဲ့ သိမ်မွှေ့တဲ့ နွေးထွေးခြင်းတွေကို သူမ နက်နက်ရှိုင်းရှိုင်းကို ခံစားလိုက်ရသည်။

"ဂျုံးဂု..ဒီနေ့ Emotion ဖြစ်နေသလိုပဲ အဆင်ပြေရဲ့လား"

"မသိဘူး..ကလေးကို သတို့သမီးဝတ်စုံနဲ့ မြင်ရတာ..တစ်မျိုးကြီးပဲ ပျော်သလိုလို ဝမ်းနည်းသလိုလိုကြီး"

"ဒါပေမဲ့..အဆင်ပြေတယ် ကိုယ် မင်းကို အပိုင်ရထားသလို ခံစားရတယ်"

လည်တိုင်နားမှာ ရစ်ဝဲနေသည့် ဝင်လေထွက်လေ နွေးနွေးလေးက အသက်ပေမို့ သူ့ကို တစ်ချက် မော့ကြည့်ရင်း သူမ ပြောမိသည်။

"အရင်ကတည်းက..ကျွန်မက ဂျုံးဂု အပိုင်ပဲမဟုတ်ဘူးလား"

"ဟမ်"

"တံဆိပ်ခတ်ထားတယ်လေနော်.."

သူ့လည်တိုင်လေးကို သူ့ဘာသာ အသာလေး
လက်ညိုးနဲ့ ထောက်ပြတဲ့ ဂျီယွန်းကို ကြည့်ပြီး အံ့သြသွားမိသလို ပျော်ရွှင်မှုတို့အတိ။
ဒီလိုမျိုးကို သူမ သတိတရ မှတ်ထားလိမ့်မယ်လို့...ပြုံးနေတဲ့ သူမ မျက်နှာနုနုလေးကို ထိကပ်မိရင်း ရင်ထဲ ထိသွားမိသည်က နက်နက်ရှိုင်းရှိုင်းပင်။

"ဒီကိုလာပါဦး Babeရယ်.."

ရုတ်တရက်ဆိုသလို ဝမ်းနည်းဝမ်းသာ ဖြစ်သွားတဲ့ ခံစားချက်တွေ ရင်ထဲ မဆန့်အောင် စုပုံသွားတာမို့ ငိုချင်လက်တို့ ဖြစ်နေတဲ့ စိတ်တွေကို ထွေးပိုက်ပြီး သူမကို ရင်ခွင်ဆွဲသွင်းမိသည်။

"ဟုတ်တယ်..တစ်ခါ ကိုယ့်အပိုင်ဖြစ်ဖူးရင်
တစ်သက်လုံး ကိုယ်အပိုင်ပဲ..တွန်းထုတ်ရင်တောင် ဖက်တွယ်ထားမှာမို့ ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး ဆိုတာ သိထားနော်"

သူမကို ဖက်တွယ်ထားရင်း အသံတွေအနည်းငယ် အဖျားခတ်ချင်နေတဲ့ ဂျုံးဂုကြောင့် အံ့သြမိသည်။ သို့ပေမဲ့ သူ့ခံစားချက်ကို နားလည်တာမို့ ပုခုံးလေးကို အသာပုတ်ပြီး နှစ်သိမ့်မိတော့ ခံစားလွယ်နေသည့် ထိုလူသားမှာ တင်းကြပ်စွာ ပို၍တိုးဖက်လာသည်။

"သိပါပြီ..ငိုတော့ မငိုပါဘူးနော်..ဂျုံးဂု"

သူမပြောမိတော့ သဘောကျစွာ ခပ်သဲ့သဲ့လေး ရီ၍ ဖက်တွယ်ထားသည်ကို ဖြေလျော့ပေးလာတာမို့ မော့ကြည့်မိတော့ သူမ စိုးရိမ်နေသလို မငိုဘူး ဆိုပေမဲ့လည်း ​မျက်ရည်
တွေ ဝဲနေတဲ့ သူ့ မျက်လုံးတွေကြောင့် ရင်ထဲ ခံစားလိုက်ရတာက တစ်မျိုးတစ်မည်..။

ထိုလူသားက သိပ်ချစ်တတ်ခဲ့တာ....။

"မပြောတတ်ဘူး..ကလေး ဒါပေမဲ့ ဒီနေ့တော့ ကိုယ် မငိုချင်သေးဘူး တကယ်ပျော်ရမယ့်နေ့က ရှိသေးတယ်"

"အွန်းပါ..ဒါကြောင့် အမြန်ဆုံး..လက်ထပ်ရအောင်နော်"

သူမစကားကြောင့် မျက်ရည်တွေဝဲနေပြီးသား ခပ်ဝိုင်းဝိုင်း မျက်လုံးပိုင်ရှင် ဂျုံးဂုခမျာမျက်လုံးတွေ ပြန်စိုစွတ်လာတာမို့ သူ မဖက်ခင် သူ့ရဲ့ရင်ခွင်ကြီးထဲ သူမ အရင်တိုးဝင်လိုက်မိသည်။ ဟန်ချက်မညီဖြစ်နေရှာတဲ့ သူ့နှလုံးခုန်သံတွေကို ကပ်ပြီး နားထောင်ရတာလောက် အေးချမ်းတာမရှိတော့ သူ့နှလုံးသားပိုင်ရှင်က သူမမှန်း သိလို့ထင်ပါရဲ့ ခုန်ပေါက်နေတာများ အပြင်ကို တိုးထွက်မတတ်။

အသက်ကို ဖြည်းဖြည်းရူပါလို့ ဂျုံးဂု ကိုပြန်ပြောရတဲ့အထိ..အဲ့ဒီအချိန်ထိ ချစ်ရတဲ့ လူသား ငိုချင်လက်တို့ ဖြစ်​နေဆဲ..တကယ်ပါပဲ..ချစ်ခြင်းတွေသာ ပြိုင်ရင်..သူက အမြဲအနိုင်ရသည်။

~ • ~ • ☘ • ~ • ~


"တကယ်..အေးတာပဲနော်"

"အင်း..."

သံရှည်ဆွဲတဲ့ သူ့အဖြေကြောင့် ငုံ့ကြည့်လိုက်မိတော့ မှေးစင်းနေတဲ့ သူ့မျက်ခွံလေးတွေကို ​မြင်တွေ့လိုက်ရတဲ့အခါ ပြုံးမိသည်။ သူမ ပေါင်ထက် ခေါင်းအုံးကာ ခုံတန်းလေးမှာ လှဲလှောင်း ဇိမ်ခံနေတဲ့ သူ့မျက်လုံးလေးတွေ အိပ်စက်ချင်နေသလို ဖြစ်နေလေပြီ။ သူမ လက်လေးတွေကိုတော့ နွေးဖျဖျနဲ့ လွှတ်ထွက်သွားမှာစိုးသည့်အလား သူ့ရင်ဘတ်အထက်မှာ အပ်ပြီး ဆုပ်ကိုင်ထားဆဲ သူသည် မျက်လုံးလေးတွေ မှိတ်ထားတာတောင် သတိတွေနဲ့။

ဟန်မြစ်ကြီးကို သေချာကြည့်ရူနိုင်တဲ့ကမ်းနားက ခုံတန်းလေးမှာပဲ အိမ်မပြန်နိုင်ကြသေးတဲ့ နှစ်ဦးသား အနားယူကြရင်း ညနေဆည်းဆာ အေးအေးလေးကို ဖြတ်သန်းမိသည်။

နေဝင်တရီဖြစ်နေတာကြောင့်
မြစ်ရေတွေသည် တလက်လက်နဲ့....။

"အဲ့ဒါကြောင့်..ရေခဲမုန့်လေး ဘာလေး မဝယ်ကျွေးချင်ဘူးလားဟင်"

"အေးနေတာကို..အေးတဲ့ဟာတွေ မစားရဘူး တခြားဟာ ဖြစ်ဖြစ် ပူဆာပါလား Babe"

"ဒါဆိုလည်း..Fish Cake လေး သွားဝယ်ချင်လို့ စားလို့ရတယ်မလား"

"ဘယ်မှာ"

"ဟိုးမှာ"

မနီးမဝေးက အငွေ့တထောင်းထောင်း ထနေတဲ့ တွန်းလှည်းနဲ့ ရောင်းနေတဲ့ ဆိုင်လေးကို လက်ညိုးထိုးပြမိတော့ လှဲနေသည့် သူက ထကြည့်လာသည်။

"သွားဝယ်လိုက်ဦးမယ်နော်..ဂျုံးဂု"

"ကိုယ်လည်း..လိုက်ခဲ့မယ်လေ..Babe"

ထလိုက်ကာမှ သူမ လက်ကောက်ဝတ်လေးကို ဖမ်းဆွဲထားတဲ့ သူ့က စိုးရိမ်လွန်တတ်တဲ့ သူမို့ တစ်ခါတလေတော့ စိတ်မကောင်းဖြစ်မိသည်။ ဘာမှမဖြစ်တော့ဘူး ဆိုတာသိစေချင်လို့..အစိုးရိမ်လွန်နေတဲ့ သူ့စိတ်ကို နည်းနည်းလေးပဲ ဖြစ်ဖြစ် ကုစားပေးချင်တာမို့ နှစ်သိမ့်ပေးဖို့ သူမ ကြိုးစားနေရဆဲ။

"ရပါတယ်..ဒီကနေပဲ..ကြည့်နေခဲ့ပါလား နီးနီးလေးပဲကို...စိတ်မပူနဲ့နော် Jungkook"

"ဒါဆိုလည်း..မြန်မြန်ပြန်လာခဲ့နော် Babe"

"ဟုတ်"

တကယ်လည်း နီးနီးလေးမို့လို့သာ စိတ်လျော့ပြီး တစ်ယောက်တည်း သွားခွင့်ပြုလိုက်တဲ့သူ့ကို ခဏထားခဲ့ပြီး သူမ အမြန် ပြေးဝယ်လိုက်ရသည် ၊ ပြန်လာတဲ့အချိန်မှာတော့ ငါးအူချောင်းလေး သူ့ဆီ ထိုးပေးပြီး သူမမျက်နှာချိုသွေးမိသည်။ လူရှင်းနေသည့် ဆိုင်မှာပေမဲ့ မဆိုစလောက်လေး ကြာသွားတဲ့အတွက် သူ စိတ်အလိုမကျဖြစ်သွားတာကြောင့်ပင်။

"ပူတယ်နော်..ဖြည်းဖြည်းစားနော် ဂျုံးဂု ဟီး"

ဆူပုတ်ပုတ်နဲ့ပဲ သူမထိုးပေးသည့် ငါးအူချောင်းလေးကို မှုန်ကုတ်စွာ ကိုက်ဝါးသည့် သူ့ကြောင့်ပဲ ပြုံးလိုက်မိသည်။ စိတ်ဆိုးချင်ယောင်ဆောင် တစ်စုံတစ်ယောက်ကလည်း အချစ်ခံရတာကို သဘောကျတယ်ထင်ပါရဲ့။

"နေဦး..ဒီဖက်ထုတ်လေးပါ စားကြည့် အရသာရှိတယ် သိလား"

အလျင်စလို အိတ်ထဲက ထုတ်ပြီး ပူပူနွေးနွေး
ခွံကျွေးမိတော့လည်း စိတ်ဆိုးနေပုံရသည့် မျက်လုံးတွေနဲ့ ခွံကျွေးသမျှကို လက်ခံသည်။
မှုန်ကုတ်နေပေမဲ့လည်း သူမ လုပ်သမျှ ငြိမ်ခံနေသည့် သူ့ကို ဘာမှမပြောမိတော့။ ကိုယ်တိုင်လည်း အချစ်ခံရတာသဘောကျပေမဲ့ များစွာသော ချစ်ခြင်းတွေ ပေးအပ်ခဲ့သည့် သူ့ကို အသံတိတ် ချော့ခြင်းနဲ့သာ အချိန်တွေ ကုန်မှန်း မသိ ကုန်ဆုံးမိခဲ့သည်။

"ခဏနေရင် နေဝင်တော့မယ် ထင်တယ်
ခဏနေရင် ပြန်ရအောင်နော် ဂျုံးဂု.."

Fish Cake လေး စားရင်း ဖြတ်သန်းနေရတဲ့
ညနေဆည်းဆာလေးက သိပ်လှပေမဲ့ မှောင်လာရင်တော့ မမေ့မလျော့ သတိပေးလေတဲ့ ကောင်မလေးကြောင့် ငြိမ်နေမိသည့် သူဘယ်က စပြောရမှန်း မသိ ဖြစ်သွားမိသည်။

"အာ..တကယ်တော့ ဒီနေ့ ကလေးနဲ့အတူ ညရောက်ရင် မီးပန်းတွေကြည့်ချင်လို့ ဒီခေါ်လာခဲ့တာ..ဒါကြောင့် ဒီနေ့ ညရောက်တဲ့အထိ ဒီမှာ နေရအောင်နော်"

"ဟင်..မဖြစ်ဘူးလေ!"

"ဂျီယွန်း"

ထင်ထားတဲ့အတိုင်း မျက်လုံးတွေ ဝိုင်းခနဲ
ကြောက်ကြောက်လန့်လန့်နဲ့ သူမ ငြင်းဆန်လာတာမို့ ဂျီယွန်း လက်ကလေးတွေကို အမြန်ဖမ်းဆွဲထားမိသည်။

"ဘာဖြစ်လို့လဲ..babe ကြောက်လို့လား"

"သိ..သိရဲ့သားနဲ့ရယ်"

"ဒါပေမဲ့..ဘာလို့ ကြောက်နေမှာလဲ babe
ကိုယ် ဘေးမှာ အမြဲ ရှိနေမှာပဲကို"

"ဒါပေမဲ့..ဂျုံးဂု..ဘာမှမသိပါဘူး"

သူမပြောမိတော့ အလိုမကျစွာ တွန့်ချိုးသွားတဲ့ သူ့မျက်မှောင်တွေကြောင့် စိတ်ဆိုးသွားပြီလားလို့ ထင်မိလိုက်ပေမဲ့..ခြားနားစွာ။

"ကိုယ်မသိရင်လည်း..ကိုယ့်ကို ပြောပြရမှာ မဟုတ်ဘူးလား..အခု ကိုယ့်ကို အကုန်လုံးပြောပြလို့ရနေပြီပဲ ကိုယ့်တို့ လက်ထပ်တော့မှာပဲလေ..မဟုတ်ဘူးလား မကြာခင် တကယ့် မိသားစုဖြစ်လာတော့မှာလေ..babe"

လက်တွေကိုပဲ နွေးထွေးစွာ ဆုပ်ကိုင်ထားပေးသည့် သူ့မျက်ဝန်းတွေက တည်ငြိမ်နေလေ၏။ သူမရဲ့ အရာအားလုံးကို သူ့ဆီ မှီခိုပါလို့ ပြောနေသယောင်ယောင်မို့ ငြင်းဆန်ဖို့
အားမရှိတော့ အကြောက်တရားတွေကို ဖြေဖျောက်ပေးနေသည့် ထိုလူသားရင်ဝယ်မှာ မြန်ဆန်စွာ ခိုလှုံမိခဲ့သည်။

"တကယ်တော့..ညရောက်လာမှာကို ကြောက်
နေခဲ့တာ အမှောင်ကြောက်တတ်တာလည်း ပါပေမဲ့ ညရောက်လာရင် အဆိုးဆုံး ဖြစ်လာတော့မယ်လို့ ခံစားရတဲ့ ခံစားချက်ကြီးကို
တကယ် ကြောက်တယ်..အဲ့ဒါက ကျွန်မကို အမှောင်ပိုကြောက်အောင် လုပ်နေသလိုပဲ"

"အဲ့ဒါ..ခံစားချက်ကို ကိုယ်က ဖျောက်ပေး
မယ်ဆိုရင်ကော..အဲ့ဒီမျိုး မခံစားရတော့အောင် အမြဲအနားမှာရှိနေပေးမယ်လေ Babe"

"ဟို..ဒါပေမဲ့...Jungkook"

"အင်း..ပြောပါ babe"

"အဲ့လောက်မလွယ်ဘူးနော်..ကျွန်မက အလင်းရောင်အောက်မှာ မရှိရင် မနေတတ်ဘူးနော်..နောက်ပြီး အမှောင်ထဲလည်း တစ်ယောက်တည်း မနေရဲသလို သွားလည်း မသွားရဲဘူး..​အဲ့ဒါကရောဂါလိုမျိုး ဖြစ်နေတယ်ဆိုရင်တောင် အဆင်ပြေရဲ့လား"

"ပြေတာပေါ့..babe"

"မင်းမှာ ဘာတွေပဲရှိရှိ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့..အဆင်ပြေတာမို့ မစိုးရိမ်ပါနဲ့ အကြောက်တရားတွေရှိတယ်ဆိုရင်တောင် ကိုယ်က ကာကွယ်ပေးပါ့မယ်..အဲ့ဒါကြောင့် ဘာကိုမှ မကြောက်ပါနဲ့တော့နော်..babe"

"တကယ်လားဟင်..တကယ် အဆင်ပြေတယ်ပေါ့"

"ဒါပေါ့ ​ကလေးရော..ကိုယ့်အနားမှာ..
အမြဲရှိနေပေးနိုင်တယ် မဟုတ်လား.."

"ဟုတ်.."

သူ့ ကိုယ်သင်းရနံ့ကို ရူရှိုက်မိရင်းသာ
ခေါင်းငြိမ့်ပြခဲ့မိတယ်။ အကြောက်တရားတွေရှိနေရင်တောင် ကာကွယ်ပေးပါ့မယ်တဲ့..ယုံပါတယ် သူ့ ဘေးမှာ ရှိနေရရင် အလုံခြုံဆုံးမို့။

~~~

"မလှဘူးလား"

"လှတယ်"

အဝေးက ရောင်စုံဖြာနေတဲ့ မီးပန်းလှလှတွေ
ကို ငေးကြည့်ရတာ ကြည်နူးစရာအတိ။ အေးစိမ့်တဲ့ ညအမှောင်ကို ကျော်ဖြတ်ရတာ စိတ်
လှုပ်ရှားစရာပေမဲ့ လမ်းမီးတိုင်ထက်က လာတဲ့အလင်းတန်းလေးတွေပဲ အားအင်တွေ
ပေးနေသလို။ သူ့ပုခုံးတွေကို မှီတွယ်ထားရတဲ့ လုံခြုံမှုနဲ့ သူ့လက်ကြီးကြီးတွေထဲ မြှုပ်
နေအောင် ဆုပ်ကိုင်ပေးထားတဲ့ အနွေးဓာတ်
ကလေးသည် အရာရာပင်။ အခုအချိန်ဘေးမှာ သူသာ မရှိရင် ထွက်ပြေးမိနေလောက်မှာ..။

ညဘက်ကျရင် ဒီလောက် အကြာကြီးထိ အပြင်မှာ မနေခဲ့ဖူးဘူးပဲ...

အလင်းရောင်မရှိတဲ့ အမှောင်ထုထဲ တမင် ဝဲကြည့်မိတဲ့အခါ ရုတ်တရက်ကြီး လေစိမ်းတွေ ဖြတ်တိုက်သွားသလိုပဲ မြင်ကွင်းထဲ ပေါ်လာသည့် ပုံရိပ်တွေကြောင့် သူမ မျက်လုံးတွေကို
မြန်ဆန်စွာ မှိတ်ချလိုက်မိသည်။ ကျစ်..သူရှိနေတာတောင် ကြောက်နေမိတုန်းပဲ..

"ဂျုံးဂု"

"ဟင်"

"ချမ်းတယ်..ဖက်ထားပေး"

သူ့ရင်ခွင်ထဲမှာ စိတ်တွေ အနည်းငယ် ငြိမ်းအေးသွားသလို လုံခြုံတဲ့ အရိပ်အာဝါသအောက် ခိုလှုံလိုက်ရသလို ခံစားမိလိုက်သည်။ မငြိမ်တာက နှလုံးခုန်သံတွေ..မျက်လုံးတွေ တင်းနေအောင်
မှိတ်ထားမိလည်း မိဘတွေကို ပြန်မြင်ရတာလောက် ဆိုးတဲ့မြင်ကွင်းမျိုး မရှိတော့။

"အေးနေသေးလား..babe"

ချစ်ရသည့် သူ့အသံကြောင့် ယောက်ယတ်ခတ် နေသည့် စိတ်တွေလည်း တိခနဲ။ တုန်ရီနေသည့် နှလုံးခုန်သံတွေ ငြိမ်သွားရတာမို့ သူ့ကိုပို၍ တိုးဖက်ထားမိရင်း သူမ ပြုံးမိသည်။

"ဂျုံးဂု"

"ဟင်.."

"ချစ်တယ်.."

သူ့ကို ပြန်ကြည့်မိတဲ့အခါ သူ့နှုတ်ခမ်းပါးတွေ ကွေးညွှန့်သွားသလို မနက်ကလို သူ့ရင်ခွင်ထဲ တင်းကြပ်စွာ တဝကြီး ဖက်ထားခံလိုက်ရပြန်သည်။

"ကိုယ်လည်း..ချစ်တယ် Babe"

နားသယ်စပ်နားက အသံသဲ့သဲ့လေးကြောင့်
ယားကျိကျိဖြစ်စွာ ပြုံးမိရင်း မွှေးကြိုင်နေတဲ့
သူ့ရင်ခွင်ထဲ မြှုပ်နေအောင် မျက်နှာအပ်လိုက်မိသည်။ မျက်လုံး မှိတ်ထားလည်း
သွေးသံတရဲရဲနဲ့ ပုံရိပ်တွေလည်း မမြင်ရတော့သလို ခေါ်သံအော်သံတွေကို မကြားရတော့သူမ မြင်နေရတဲ့ တစ်ခုတည်းသောအရာက သူ့ဆီက နွေးထွေးတဲ့ အချစ်တွေသည်သာ။

တကယ်..သူက ကျွန်မရဲ့
တစ်ခုတည်းသော healingလေးပင်..။

.
.
.
.
.
.
.
.
~ • ~ • ☘ • ~ • ~
.
.
.
.
.
.
.
.

"နှင်းတွေတော့ မကျဘူးပဲ"

မှန်ပြင်ကြီးတွေရဲ့ အပြင်ဘက် တစ်နေရာကို လွမ်းဆွေးစွာ လှည့်ကြည့်မိရင်း စိတ်လျော့စွာ မျက်လွှာချလိုက်မိသည်။ ဒါပေမဲ့..နှင်းကျလာမှ ထူးခြားတဲ့ နေ့ဖြစ်သွားတာမှ မဟုတ်တာ
ဒီနေ့က သူမ အတွက် အထူးခြားဆုံးနေ့ပဲ။

သိပ်ကို​​​​ပျော်နေမိတယ်..ဒီနေ့က သူမ အတွက် အရေးအကြီးဆုံးနေ့မို့ အပျော်ရွှင်ရဆုံး ဖြစ်မယ့် နေ့အပြင် ချစ်ရတဲ့သူကို ပိုင်ဆိုင်ရမယ့်နေ့..တွေးရင်းနဲ့တောင် စိတ်လှုပ်ရှားလာတာမို့
ကြေးမုံပြင်မှာ ထင်ဟပ်နေတဲ့ ကိုယ့်ကိုကိုယ့်ပြန်ကြည့်ကာ ပြုံးလိုက်မိသည်။

ကိုယ့်ကိုကိုယ် ဝန်ခံရမယ်..
ဒီနေ့ သူမ အလှဆုံး ဖြစ်နေသလိုပဲ~

မှန်ထဲက သိပ်ကိုလှနေသည့် အဖြူရောင် သတို့သမီး ပုံရိပ်လေးကြောင့် ကိုယ့်ကိုကိုယ် ငုံ့ကြည့်လိုက်မိရင်း ပျံ့လွင့်နေသည့် အတွေးတွေက မမြင်ရသေးပေမဲ့ ခဏနေရင် လာခေါ်တော့မည့် သူ့ကြောင့် အချိန်တမျှ စိတ်တွေလှုပ်ရှားနေမိတာတော့အမှန်။ သူမတစ်ယောက်တည်း မထိုင်နိုင်အောင် စိတ်လှုပ်ရှားနေမိတာတော့ မဟုတ်ဘူးမလား...

ချစ်ရသူ လာအခေါ်ကို ထိုင်စောင့်နေမိရင်းမင်္ဂလာအချိန်နီးလာတာနဲ့ အမျှ ရင်တွေခုန်မြန်လာတာနဲ့ လက်ထဲက Peony ပန်းစည်း
လေးကို ကြည့်မိရင်း အနည်းငယ် စိတ်ငြိမ်စေရန်အလိုငှာ သူမ နမ်းရှိုက်လိုက်မိတယ်။

သို့ပေမဲ့ ပန်းရနံ့ဖျော့ဖျော့လေးက တည်ငြိမ်ရမယ့်အစား ရင်ခုန်သံတွေကို မြင့်တက်သွား
စေသလို ပွင့်ဟလာတဲ့ တံခါးတစ်ချပ်ကြောင့်
စိတ်တွေ ပိုပိုတိုး၍ လှုပ်ရှားသွားမိသည်။

"Babe~"

လူမမြင်ရခင် ပျံ့လွင့်လာသည့် ချစ်ရတဲ့ သူရဲ့အသံလေး။ ထိုမှတဆင့် ပွင့်ဟလာသည့် တံခါးနဲ့အတူ သူ့မျက်နှာချောချောကို ​မြင်တွေ့လိုက်ရတဲ့အခါ ရင်ထဲ အတိုင်းမသိ ပျော်ရွှင်သွားမိသည်။

"Jungkook"

"အင်း"

"ဒီနေ့..အရမ်းချောနေတာပဲ"

"အာ..ကိုယ်အရင်ပြောမလို့ကို.."

သူ့လက်ကလေးကိုင်ကာ အသာ ထလိုက်မိရင်း ပြောမိတော့ ဂျုံးဂုက ရေးရေးလေးပြုံးရှာသည်။ အပြုံးတွေက သူမနည်းတူ စိတ်လှုပ်ရှားလွန်းလို့ ထိန်းနေရသည့်ပုံမျိုး။

"အခုသွားရတော့မှာပေါ့နော်"

"ဒါပေါ့..babeရဲ့"

ပြောသာပြောနေပေမဲ့ နှစ်ယောက်သား ဘာလို့မှန်းမသိ ရဲရဲတောင်မကြည့်ရဲကျ။ ထွက်ဖို့
တုံ့ဆိုင်းသွားမိသည့် နှစ်ဦးလုံး ခုန်ပေါက်နေသည့် နှလုံးသားလေး ငြိမ်ဖို့ အချိန်တစ်ခုတော့ ပေးအပ်နေရသည်။ အနာဂတ်ကို တွေးကြည့်မိရင် ပျော်စရာတွေကြီးပင် မဟုတ်ပေ
လား..ထို့အတူ မြဲစွာ ဆုပ်ကိုင်ထားဆဲ လက်တွေကို ကြည်နူးစွာ ငုံ့ကြည့်မိရင်တော့ နှလုံးခုန်သံတွေသည် စည်းချက်ကျသွားစွာအတိုင်းထက်အလွန်။

"စိတ်လှုပ်ရှားနေလား..Babe"

"အင်း"

"ကိုယ်ရောပဲ"

မျက်လုံးချင်းဆုံမိတဲ့အခါ ဒီအခိုက်အတန့်လေးကြောင့် ဘယ်လောက်တောင် ပျော်နေမိလဲ ပြောပြ​စရာပင်မလိုတော့။ တည်ငြိမ်လှပါ
တယ်ဆိုတဲ့ သူ့ခမျာလည်း မတည်ငြိမ်ရှာတော့ စိတ်လှုပ်ရှားလွန်းလို့ မျက်လုံးတွေ မငြိမ်နိုင်ဖြစ်နေလေပြီ။

"အခု..ကိုယ့်လက်မောင်းကို ဆုပ်ကိုင်လိုက်တာနဲ့ ကိုယ်နဲ့ တစ်သက်လုံး မခွဲတမ်း အတူနေသွားရတော့မှာနော်..Babe"

"အဲ့ဒီလိုဆိုရင်ကော..ကိုယ်နဲ့ လက်ထပ်နိုင်မလား"

သွားခါနီး စိတ်လှုပ်ရှားစွာ လှည့်မေးမိသည့် သူ့မေးခွန်းကြောင့် သူမက ပြုံးရင်း သူ့လက်မောင်းကို ပြုံးရွှင်စွာ ချိတ်ဆွဲလာတာမို့ရင်ထဲ အတိုင်းမသိကို ပျော်ရွှင်သွားမိသည်။

"အဲ့ဒီလိုဖြစ်ချင်လို့ကို လက်ထပ်မှာပါ...အဲ့ဒါကြောင့် ကျွန်မ အနားမှာပဲ အမြဲတမ်း ရှိနေပေးပါနော်"

"ဟုတ်ပါပြီ..babe"

ချစ်ဖို့ကောင်းသည့်..သူမ စကားကြောင့်ပဲ
နှလုံးသားတစ်ခုလုံး ကြွေဆင်းသွားခဲ့မိသည့်
သူ့အသက်ရူသံတွေရဲ့အခြေအနေကို ဘယ်သူမှသိလိုက်မည်မထင်..သူမစကားကြောင့်ပဲ လိုချင်တာ ရသွားတဲ့ ကလေးတစ်ယောက်ထက်တောင် ပျော်သွားခဲ့မိသည့် သူက နှလုံးသားနုစွာ ငိုချင်လက်တို့ဖြစ်သွားခဲ့သည်လေ....။

ဒီနေ့တော့ သူတကယ် ဒီကလေးကြောင့်ပဲ
ငိုမိတော့မယ် ထင်ပါတယ်.....ဟူး ။

~~~

တိတ်ဆိတ်နေသည့် ခန်းမ...။
ဟန်ချက်မညီသည့် နှလုံးခုန်သံတွေနဲ့ စိတ်လှုပ်ရှားမှုတို့ အတူ ယှဥ်တွဲနေခဲ့သည့်နောက်ဆုံးအချိန်မှာတော့ တစ်စုံတစ်ခုကို နှစ်ယောက်လုံးအတူ စောင့်ဆိုင်းနေမိကြသည်။

ထို့အတူ ဒီနေ့ကစပြီး ဖြတ်သန်းရမည့်
သူတို့ရဲ့ အနာဂတ်ကို မျှော်ကြည့်မိခဲ့ရင်း....။

"အခုအချိန်ကနေ စပြီး အကြင်လင်မယားအဖြစ် ကြေညာလိုက်ပါတယ်~"

မင်္ဂလာခန်းမအတွင်း ပျံလွင့်လာသည့် ဖာသာ၏ စကားသံ..သူကို ကြည့်မိတော့မြတ်နိုးမှုတွေ ပြည့်နှက်နေတဲ့ မျက်ဝန်းတွေနဲ့မို့ သူ့ကို ကြည့်မိရင်း သူမ ပိုပျော်သွားခဲ့မိသည်။

"ကဲ..သတို့သားနဲ့ သတို့သမီး အကြင်နာ
ပေးလို့ရပါပြီ.."

ဖာသာရဲ့စကားအဆုံးမှာ သူမ မေးဖျားလေး အသာဆွဲမော့ကာ နွေးလျ၍ ချိုမြသော
အကြင်နာတွေ ထိကပ်ခြွေချလိုက်လေတဲ့သူ။ထိုအခိုက်အတန့်လေးကြောင့်ပဲ ပျော်ရွှင်မှု
တွေ ပြည့်နှက်သွားမိကာ နှလုံးသားတစ်ခုလုံး
အေးမြသွားမိသည်။

ဖြတ်သန်းလှတဲ့ ဘဝတစ်လျှောက်လုံးမှာ
ထိုအချိန်သည်အလှပဆုံးအချိန် ဖြစ်ခဲ့တယ်။
အချစ်ရဆုံးသူကို ပိုင်ဆိုင်လိုက်ရတဲ့ အခိုက်အတန့်ထက် ပျော်ဖို့ကောင်းတာ ဘာများရှိဦးပါ့မလဲ..သူ..မှန်တယ်..ရင်ထဲ လောကကြီး တစ်ခုလုံးကို အပိုင်စားရလိုက်သလိုပဲ။

ဒီအမျိုးသားကို ပိုင်ဆိုင်လိုက်ရပြီ ဆိုတဲ့ အသိက နှလုံးသားနဲ့မဆန့်အောင်
အထိ သိပ်ကြည်နူးဖို့ကောင်းလွန်းတယ်...။
အရင်ကတည်းကလည်း ချစ်တယ်..အခုလည်း သိပ်ချစ်တာမို့ အမြဲတမ်း အတူရှိနေရတော့ရတော့မည့် အနာဂတ်ကို တွေးမိရင် သူ့ကို ဖက်ထားမိမတတ်ကို မြတ်နိုးရသည်။

အခုလည်း ငိုချမိမတတ်..ပျော်လွန်းလို့ သူ့ရဲ့
လက်ကိုသာ တင်းတင်းသာ ဆုပ်ကိုင်ထားမိတယ်။ သူ့ကို ဒီလောက်ထိ ချစ်နေတာမိတာကြောင့် ကိုယ့်ကိုကိုယ်တောင် မယုံနိုင်တော့။

"ဂျီယွန်း"

"ဟင်.."

"မငိုရဘူးနော်..မင်းငိုရင် ကိုယ်ပါလိုက်ငိုမှာ.."

သူ့စကားကြောင့် မနေနိုင်တော့ ရီလိုက်မိသည်။ ဆို့တက်လာတဲ့ မျက်ရည်တွေတောင် ပြန်ဝင်သွားသလိုပဲ။ ဆို့တက်လာတဲ့ကြည်နူးမှုတွေကို ပျော်ရွှင်မှုတွေ အချစ်တွေအဖြစ်သာ ကူးပြောင်းသွားအောင် အရိပ်တကြည့်ကြည့် ဂရုစိုက်တတ်တဲ့ သူက သိပ်ချစ်ဖို့ကောင်းလွန်းသည်။

"အခု..လက်ထပ်ပြီးသွားပြီပေါ့နော်"

"အင်း..ကိုယ်တို့ လင်မယားဖြစ်သွားပြီ
ကိုယ်တို့ အမြဲတမ်း အတူရှိနေရတော့မှာ babe"

"အဆင်ပြေရဲ့လား..သူများကို မငိုနဲ့ပြောပြီး
ဂျုံးဂု အရင်ငိုတော့မယ် ထင်တယ်"

"မပြေဘူး..ကလေး အခု အရမ်းပျော်နေတာကို မနည်းထိန်းထားရတယ်..ဖာသာ မသွားသေးလို့"

သူ့စကားကြောင့် ခန်းမဆီ ဝေ့ဝဲကြည့်မိတော့
ဖာသာကို တံခါးဝမှာ ရပ်ပြီး ပြန်လိုက်ပို့နေတဲ့
အတွင်းရေးမှူးချွဲနဲ့ အတူ တွေ့လိုက်ရသည်။

"အခု..သွားပြီထင်တယ် အပြင်ရောက်သွားပါပြီ"

"ဒါဆိုလည်း..အခု လွတ်လွတ်လပ်လပ် ပျော်လို့ရပြီပေါ့"

"အမေ့..! Jungkook!"

ရုတ်တရက်ကြီး ကောက်ပွေ့ကာ မွေ့ယမ်း
ပစ် လိုက်တဲ့ ဂျုံးဂုကြောင့် ကမ္ဘာကြီး
ချာချာလည်းသွားသလို ခန်းမကြီးတစ်ခုလုံး
ရယ်သံတွေနဲ့သာ ပြည့်နှက်သွားမိသည်။

မှုန်နေအောင် လှသလောက် လူသူမရှိသည့်ခန်းမ။ စင်မြင့်ထက်မှာ ပြင်ဆင်ထားသည့်ပန်းလေးတွေကသာ သူမတို့ကို ကြည်နူးစွာ
ပြုံးကြည့်နေခဲ့သလို...နှစ်ယောက်တည်းသာရှိပြီး အမြန်ဆုံး လက်ထပ်လိုသည့် ဆန္ဒအရ အကျဥ်းချုပ်စီစဥ်ခဲ့သည့် မင်္ဂလာပွဲလေးက ထိမ်းမြှားလက်ထပ်ပေးသည့် ဖာသာမှလွှဲ၍ တက်ရောက် ဂုဏ်ပြုမည့် သူမရှိ။ လက်ခုပ်သံ ချီးမြှင့်မယ့် ဧည့်သည့်မရှိပေမဲ့လည်း တစ်​ယောက်ကို တစ်ယောက်သာ အလိုအပ်ဆုံး ဖြစ်သည့် နှစ်ယောက်အတွက် နှစ်ယောက်သားတည်းသာရှိသည့် ကမ္ဘာကြီးက ပြည့်စုံတာထက်ကို ပိုပါသည်။

တက်ရောက် ဂုဏ်ပြုမည့် မိဘတွေမရှိတာကသာ တွေးစရာဖြစ်ခဲ့ပေမဲ့ နှစ်ယောက်စလုံးသည် ရင်ထဲမှာ ဆုံးရှုံးထားပြီးသား ကွက်လပ်တွေကိုယ်စီနဲ့ တူညီသည့်ထိုကွက်လပ်လေးတွေကိုသာ အချင်းချင်း အချစ်တွေနဲ့ ဖြည့်ဆည်းပေးခဲ့ကြတာမို့ ချစ်ခြင်းမေတ္တာသည်ဘယ်လောက်ထိ အံ့သြဖို့ ကောင်းခဲ့သလဲနာကျင်မှုတွေ ဖြစ်နေသည့် အခိုက်အတန့်တွေကိုတောင် အမှတ်တရတွေ အဖြစ် ရအောင် ပြောင်းပေးသွားနိုင်သည်လေ။

"တောင်းပန်ပါတယ်..နှင်းတွေ ကျမလာလို့"

"ဟင်..ဘာလို့လဲ ဒါတောင်းပန်စရာမှမဟုတ်တာ..အချိန်မတန်သေးလို့ နေမှာပါ"

"ဒါပေမဲ့..​မင်း မျှော်နေခဲ့တာလေ..babe"

"စိတ်မပူပါနဲ့ နှင်းမကျပေမဲ့လည်း ဒီနေ့က အပျော်ဆုံးနေ့ပဲကို..နှင်းကျရင်သာ အတူတူကြည့်ကြမယ်နော်"

"အင်း..ကိုယ့်အတွက်လည်း
အပျော်ဆုံးနေ့ပါပဲ babe"

သူ့လည်တိုင်ကို ဆွဲဖက်ထားမိရင်း ပြုံးမိသည်။ နှစ်​ယောက်တည်းသာရှိသည့် ဘဝမို့ အနာဂတ်ကို တွေးကြည့်မိရင် နေ့ရက်တွေတိုင်းက အပျော်ရွှင်ရဆုံးဖြစ်လာတော့မှာပါ။

"အဟမ်း"

ဂျီယွန်းကို အောက်ပြန်ချပေးအပြီး စက္ကန့်အခြားမှာတင် ဘယ်ကမှန်းမသိ ထွက်ပေါ်လာသော ချောင်းဟန့်သံ။ အသံလာရာကို နှစ်ယောက်သား လှမ်းကြည့်မိတော့ ခန်းမတံခါးကို အသာ ဆွဲဟပြီး ထွက်လာသော ဆော့ဂျင်ဟျောင်းကို မြင်လိုက်ရသည်။

"အာ..ဟျောင်း"

"အေး"

"မလာလည်း..ရပါတယ်ဆိုတာကို"

အသစ်သစ်စက်စက် ဇနှီးမောင်နှံရှိရာဆီ စင်မြင့်ထက်ကို တက်လိုက်မိတာနဲ့ တိုးတိုးလေး
ဆီး၍ ပြောသော ညီဖြစ်သူကြောင့် သက်ပြင်းသာ အသာချမိသည်။ ဒီကလေးက အစ်ကိုတွေဆီ ဖိတ်တော့ဖိတ်ပေမဲ့ ဖိတ်လည်း မဖိတ်သည့် မလာလည်း ရတယ်နော် ဆိုကာ သူ့ဆီက မိသားစုဝင် လာတာနဲ့ မိသားစု မရှိသည့် သူ့ဇနီး အားငယ်သွားမှာကို စိုးရိမ်နေရှာသူ။

အခုတောင် သူ့ကောင်မလေးဆီ အရိပ်တကြည့်ကြည့်နဲ့ ဂျီယွန်းကဖြင့် သူနဲ့ တခြားစီ သူလာတာနဲ့ မျက်လုံးလေးတွေလက်လို့။ ကြည့်ပါလား..ဘယ်သူမှ မလာမှ ပိုအားငယ်နေမှာ မဟုတ်ဘူးလား...ဒီကလေး စိုးရိမ်လွန်တာကလည်း တကယ် တလွဲတွေ။

"သိတယ်..အခုက မင်းဆီလာတာ မဟုတ်တာငါ့ခယ်မဆီ ငါလာတာလေ..ဖယ်"

ပြောချင်ပေမဲ့ လွဲနေရင် သူ့ထက် ပိုထိရောက်အောင် တည့်မတ်ပေးမည့် သူရှိနေတာမို့ မပြောဖြစ်တော့..တပ်လာသည့် မျက်မှန်ကိုင်း
လေးကို ပင့််တင့်ကာ တစ်ချက်သာ စောင်းကြည့်မိသည်။

"လက်ထပ်ပွဲအတွက်..ဂုဏ်ပြုပါတယ်..ဂျီယွန်း ညီမလေး တော်ချင်ခဲ့တာ..အခုတော့ခယ်မပါဖြစ်သွားခဲ့ပြီ"

"ဟီး..ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်..အိုပါး
အာ..အခု ခဲအိုလို့ ခေါ်ရတော့မယ်ထင်တယ် ကျေးဇူးတင်ပါတယ် ခဲအို"

"မင်းကိုလည်း ဂုဏ်ပြုပါတယ်..ငါ့ညီ
စွံရုံမက လက်ပါထပ်သွားနိုင်ခဲ့လို့..."

"လုပ်ပြီ.."

ဆော့ဂျင်အိုပါးရဲ့ ဂုဏ်ပြုစကားကြောင့် ပြူးကြည့်ရင်း မျက်နှာ မဲကျသွားပြန်လေတဲ့သူ။ ကလေးတွေလို ဖြစ်နေတဲ့ ညီအစ်ကိုနှစ်ယောက်ကို ကြည့်ရင်း ဘာလို့ရီချင်နေမိမှန်း မသိပါ။

"aigoo..အမှန်အတိုင်း..ပြောတာကို စိတ်ဆိုးတတ်လိုက်တာ..ဒါကြောင့် မင်း ငါတို့ထဲမှာ နောက်ဆုံးမှ လက်ထပ်ရတဲ့ သူဖြစ်နေတာ
တော်သေးတယ် ဒီလောက် ဒေါသထွက်နိုင်တဲ့ မင်းကို ချစ်တဲ့မိန်းကလေးရှိနေလို့.."

သူ့စကားအဆုံးမှာ ဂျီယွန်းဆီက တိုးတိုးလေး
ကြိတ်ရီသည့် အသံလေး ကြားလိုက်ရသလို
ညီဖြစ်သူသည်လည်း သူ့ကောင်မလေးပြုံးတာ မြင်ရမှ စိတ်သက်သာရသွားသည် ထင်ပါရဲ့။

"ဘာပဲဖြစ်ဖြစ် ရောက်လာပေးတာ..ကျေးဇူးတင်ပါတယ် ဟျောင်း"

"ငါပြောသားပဲ..ငါရောက်လာရင်
ဂျီယွန်းက ပိုပြီး ဝမ်းသာမှာပါလို့"

"အဲ့ဒါကြောင့်..ကျေးဇူးတင်ပါတယ်လို့"

"အခု..လက်ထပ်လိုက်ပြီဆိုတော့ အစ်ကိုတစ်ယောက်အနေနဲ့ ထွေထွေထူးထူးတော့ မှာစရာတော့ မရှိပါဘူး..မင်းလည်း သိမှာပါ"

"........"

"ဂျီယွန်းကို စောင့်ရှောက်နော်..Jungkook
အရင်ကထက်ပိုပြီး ဂရုစိုက်..ဘာဖြစ်ဖြစ် ပျော်အောင်ထား..မင်းအတွက်တော့ နှစ်ယောက်မရှိတဲ့ မိန်းကလေးနော်"

"ကျွန်တော်..သိပါတယ် ဟျောင်း"

ပြောလည်းပြော သူမလက်ကို ဆုပ်ကိုင်လိုက်တဲ့ ဂျုံးဂုကြောင့် ရင်ထဲ နွေးခနဲ။ သူ့ညီအဖြေ
ကို ကြည့်ပြီး ဆော့ဂျင်အိုပါးကတော့ ဂုဏ်ယူစွာ ပြုံးကြည့်နေရှာသည်။

"ခယ်မလေးကတော့..အများကြီး သိတတ်တာမို့ သိပ်တော့ မှာစရာမရှိပါဘူး ဒါပေမဲ့
ဂျုံးဂု ကို အများကြီး စောင့်ရှောက်ပေးပါဦး..သူက အရင်က အတော်ဆိုးပေမဲ့ ဂျီယွန်းကပဲ ပြောင်းလဲပေးခဲ့တာမို့ အဲ့ဒါကြောင့် သူတစ်ခုခုဖြစ်ခဲ့ရင်လည်း သည်းခံပြီး ဂရုစိုက်ပေးပါ မဟုတ်ရင်လည်း အိုပါးဆီ လာတိုင်လို့ရတယ်နော် ဂျီယွန်း"

"ဟုတ်..ကျေးဇူးတင်ပါတယ် အိုပါး ကျွန်မ
ဂျုံးဂုကို သေချာပေါက် စောင့်ရှောက်ပါ့မယ်"

စကား အသုံးအနှုန်းကြောင့် ဆော့ဂျင် ပြုံးမိသည်။ ဆေးရုံမှာ စတွေ့ခဲ့တုန်းက ဂျီယွန်းကိုတောင် အမှတ်ရသွားမိသလိုပဲ..ဘာမှသေချာမသိပေမဲ့ ဒီတစ်ခုတော့ သူသေချာခဲ့တယ်လေ ညီဖြစ်သူကို ကာကွယ်ဖို့ အများကြီး ကြိုးစားခဲ့တဲ့ မိန်းကလေးမဟုတ်လား...

တွေးကြည့်မိတော့လည်း အံ့သြရသည်။ ဂျီယွန်းက အရင်ကတည်းက ညီဖြစ်သူထက်တောင် ပိုချစ်တတ်ခဲ့သလိုပါပဲ.....။

"ဒါဆို ဟျောင်း အလုပ်လေးရှိလို့ သွားတော့မယ်..နှစ်ယောက်လုံး လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ် နောက်မှ မိသားစုအဖြစ်နဲ့ ညစာအတူစားကြတာပေါ့"

"Nae..အိုပါး"

"လိုက်မပို့တော့ဘူးနော်..ဟျောင်း
လိုက်ပို့လို့လည်း မရလို့"

"အေးပါဟ"

ဆော့ဂျင်အိုပါး ပြန်သွားပြီးနောက်မှာတော့
ချစ်လှစွာသော သူ့ကို ပြန်ကြည့်မိသည်။ ခုနကတည်းက သိချင်နေတာ..သူ့မှာ ဆော့ဂျင်အိုပါးလိုမျိုး မိသားစုဝင်ရှိသေးတာပဲ..။

"ဟိုလေ..ခုနက ငါတို့ထဲမှာ ဆိုတော့
ဂျုံးဂုမှာ အစ်ကို ရှိသေးတာလား"

"အင်း..ကိုယ်က အငယ်ဆုံးလေ babe"

"Oh..အငယ်ဆုံးဆိုတော့ အစ်ကိုတွေရဲ့
အူကြူးလေးဖြစ်နေမှာပဲ..ချစ်ဖို့ကောင်းလိုက်တာ"

သူမစကားကြောင့် ကွေးညွှန့်သွားသည့်
အပြုံးရေးရေးလေး တစ်စုံနဲ့အတူ သူမ လက်ဖဝါးလေးကို ဆုပ်ကိုင်ကာ သူ့ပါးပြင်ထက် အသာအယာ ထိကပ်စေသည်။

"အားနာမိတယ်..babe ကိုယ်သာ မာဖီးယား တစ်ယောက် မဟုတ်ပဲ ရိုးရိုးတန်းတန်း သာမန်လူသာ ဖြစ်ခဲ့ရင် မိသားစုတွေ ဧည့်သည့်တွေနဲ့ သိုက်သိုက်ဝန်းဝန်း လက်ထပ်ခဲ့ရလောက်မှာ ကိုယ့်ကလည်း ကလေးကို ကိုယ့်မိန်းမပါဆိုပြီး လိုက်ကြွားနေမိမှာပဲ..အခုတော့ ကိုယ့် ပတ်ဝန်းကျင်ကြောင့် အခုလိုမျိုး တိတ်တိတ်ဆိတ်ဆိတ် လက်ထပ်ခဲ့ရတယ်
အဲ့တာကြောင့် အားနာပါတယ်..babe"

"ဂျုံးဂုက...သိပ်ချစ်တတ်တာပဲ"

"အဟက်..ဘာရယ်"

မထင်မှတ်ထားသည့် ဂျီယွန်း စကားကြောင့် အံ့သြသွားမိသလို ခုနကစိတ်တွေတောင် ကြက်ပျောက်ဌက်ပျောက်...။

"ဘာလို့...အားနာနေရတာလဲ..မသိဘူးလား
ကျွန်မက ဂျုံးဂု တစ်ယောက်တည်း ရှိတာနဲ့ တင် ပြည့်စုံတာပဲကို..."

သူ့ရင်ခွင်ထဲ တစ်ဖန် ပြန်တိုးဝင်လာရင်း ရင်ဘတ်ကလေးပေါ် မှေးတင်ပြီး ပြောသည့်
ဂျီယွန်း မျက်နှာလေးကြောင့်ပဲ စမ်းရေတွေ စီးဆင်းသွားသလို အေးချမ်းသွားမိသည်။

ပြုံးကြည့်နေတာမှ သူ့ခါးတွေကို သိုင်းဖက်ရင်း လှလှလေးကို ပြုံးကြည့်နေခဲ့တာ...။

"ကိုယ့်အတွက်လည်း..မင်းရှိနေတာနဲ့တင်
ပြည့်စုံပါတယ်..babe"

"ဒါဆို..ဘာလို့ လျှောက်တွေးနေရတာလဲ
ဒီလိုမျိုး နှစ်​ယောက်တည်း အတူရှိရတဲ့
ရိုးရိိုးရှင်းရှင်းလေးက ပိုအဆင်ပြေတာကို
နောက်ဆို လျှောက်မတွေးပါနဲ့"

"အင်းပါ..ကလေးရယ်"

ကပ်တိုးလေးဆူမိတော့ ပြန်ဖက်တွယ်လာသည့် သူ့ကြောင့် ရင်ထဲနွေးခနဲ။ သိပ်ချစ်တတ်တဲ့သူ့ကို သေချာပေါက် ဆုပေးရမှာပေါ့။

"နောက်ပြီး..ဂျုံးဂု သိလား ကျွန်မ မေမေကလေ ဖေဖေ့ကို အမြဲ ချစ်စနိုးနဲ့ နာမည်လေး အဖျားဆွတ်ပြီး ခေါ်တတ်တယ်သိလား"

"ကလေး..မိဘတွေကလား"

"အွန်း..Omma ကို အားကျတာမို့..အဲ့တာကြောင့် ကျွန်မလည်း ဂျုံးဂုကို"

"ဒီနေ့ကစပြီး..Jeon လို့ပဲ ခေါ်တော့မယ်နော်"

ပြန်ဖြေသံ ထွက်မလာတာမို့ မော့ကြည့်မိတော့ အံ့သြနေပုံရတဲ့ မျက်လုံးဝိုင်းဝိုင်းတွေက ချစ်စရာတော့ကောင်းလေသား။

"ခေါ်လို့ရတယ်မလား.."

"အဟက်..သိပ်ရတာပေါ့..babe ကိုယ်က ပိုလို့တောင် ကြိုက်​​သေးတယ်.."

"ဒါဆို ရပါပြီ..အာ ဒါနဲ့လေ..ဂျုံးဂု"

"ဘာလဲ..ကလေး"

"မျက်ခုံးနားမှာ ဘာကြီးကပ်နေတာလဲ
မသိဘူး..ကြည့်ပေးမယ် နည်းနည်းငုံ့"

"ဟင်..ဘာကြီးလဲ..?!"

သူ့အရပ်ကြောင့် သူမရှေ့ကို ငုံ့​ပေးလိုက်တဲ့အချိန်မှာ နဖူးပြင်ဟာ နွေးခနဲ။ သူ့ပါးပြင်တွေကို လက်နဲ့ အသာအုပ်ကိုင်ပြီး နဖူး​ထက်သို့ မြတ်နိုးစွာ နမ်းရှိုက်လိုက်သည့် ဂျီယွန်းကြောင့် ရင်တွေလည်း ဒိန်းခနဲ ဖြစ်သွားသလို မျက်လုံးတွေပါ ပြူးကျယ်သွားမိသည်။

"ချစ်တယ်..Jeon"

သူ့ရင်ခွင်ထဲက သူမကိုတောင် ပြန်မဖက်ထားနိုင်တော့ ထိုစကားလေးတစ်ခွန်းနဲ့တင် စိတ်တွေဟာ လွင့်ခနဲ။ အသက်ရူသံတွေ ရပ်တန့်သွားတယ်..အချိန်တွေရပ်တန့်သွားသလိုရင်ခွင်ထဲ အနွေးဓာတ်လေးကို ကြည့်ရင်း သူ့မှာ မယုံနိုင်တော့..ပြန်သတိဝင်လာမိတဲ့အချိန်မှာတော့ မျက်လုံးထောင့်ကနေ မျက်ရည်စီးကြောင်းလေးပါ ကျဆင်းသွားမိသည်။

သူမ သူ့ကို တကယ်ချစ်တယ် ဆိုတာသိပေမဲ့..တစ်နေ့ကျရင် သူမ ဒီလောက်ထိ သူ့ကို ပြန်ချစ်လိမ့်မယ်လို့တော့ တစ်ခါမှ မတွေးခဲ့ဖူးဘူး....ခုတော့ babeရယ်။

ချစ်ခြင်းတွေက တကယ်ပဲ
ရောင်ပြန်ဟပ်တတ်ခဲ့တာလား...။

"အင်း..ကိုယ်လည်း အရမ်းချစ်တယ်နော်..ကလေး"

ဒါက..ကိုယ်တစ်သက်လုံး တောင့်တခဲ့ရတဲ့
ချစ်ခြင်းတွေသာဆိုရင် ကိုယ်ဆုတောင်းမယ်။ နတ်သား နတ်သမီးတွေကိုတော့ မယုံပေမဲ့လည်း ဒီချစ်ခြင်းတွေ ထာဝရ တည်မြဲဖို့..မင်း..လက်ကလေးကို ကိုယ် တစ်သက်လုံးဆုပ်ကိုင်ထားနိုင်ဖို့နဲ့ မင်းကိုယ့်ကို အမြဲချစ်ဖို့။

ဆုတောင်းသံလေးတွေသည် ခပ်တိုးတိုး။
မျက်ရည်စီးကြောင်းတွေသည် တိတ်တိတ်က​လေး..ဝမ်းသာလွန်းလို့ ငိုလို့ငိုနေမှန်းမသိအောင် ရင်ခွင်ထဲက ကလေးကို ပို၍ မလွှတ်တမ်း တိုးဖက်မိရင်း လက်ကလေးတွေပါ မသိမသာ တုန်ရီနေမိသည်။

သေချာတာကတော့..
သူပျော်လွန်းလို့ပဲ ဖြစ်ခဲ့မှာပါ..။

သို့ပေမဲ့ အရိပ်အကဲခတ်မြန်တဲ့ သူမက ရိပ်မိ၍ အံ့သြစွာ မော့ကြည့်လာသည်က မျက်လုံးဝိုင်းလေးတွေနဲ့ ပျော်လွန်းလို့သေသေသပ်သပ်ပင် စီးကျနေသည့် သူ့မျက်ရည်စီးကြောင်းတွေကို ဘာမှမပြောပဲပြုံးပြီး လိုက်သုတ်ပေးနေတာမို့ ချစ်မြတ်နိုးစွာ ငုံ့ကြည့်မိရင်း သူမ မျက်ခွံလေးတွေကိုမှ ဦးတည်ပြီး မြတ်နိုးစွာ ခပ်ဖွဖွလေး နမ်းရှိုက်မိသည်။

ဘယ်တုန်းထဲက စချစ်ခဲ့တာလဲလို့ သူမက မေးခဲ့ရင် မြင်မြင်ချင်းချင်း ချစ်ခဲ့မိတာလို့ သေချာပေါက် ဖြေမိမှာ..နှလုံးသား တစ်ခုလုံး နစ်နေအောင် ချစ်သွားခဲ့မိတဲ့ ဒီချစ်ခြင်းတွေရဲ့ အစပြုရာက ဒီမျက်လုံးလေးတွေကြောင့်ပေါ့။

တကယ်ဘာမှမလိုပါဘူး..ကိုယ့်ဘဝမှာ မင်းတစ်ယောက်တည်းရှိတာနဲ့တင် ရပါပြီ Babeရယ်..။

~~~

Thanks for reading...။

Hello! Long time no see 👀💙

တစ်လကျော်အောင်အထိ အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားခဲ့အပြီး ပြန်ပေါ်လာပါပြီရှင့် hee ><

~~~


[ ZAWGYI ]

"ထေတာ့ေလ..babe
မနက္စာစားရေအာင္လို႔...."

မနက္ခင္းအစမွာ ၾကားရတဲ့ ေလသံေဖ်ာ့ေဖ်ာ့ေလးရယ္။ ေဘးကို တိုးကပ္လာတဲ့ ကိုယ္သင္းရနံ႔ေဖ်ာ့ေဖ်ာ့ေလးေၾကာင့္ အာရံုေတြက ႏိုးသထက္ ႏိုးၾကားသြားျပန္သည္။ သူ႔အသံေလး ထြက္လာတာနဲ႔ မ်က္လံုးေတြ မိွတ္ထားမိေပမဲ့လည္း ၿပံဳးလိုက္မိတယ္။ ဒီအခ်ိန္ဟာ မနက္ခင္းေတြက် လာလာႏိႈးတတ္တဲ့ ဂ်ံဳးဂုရဲ့ ဝန္ေဆာင္မႈတို႔ စတင္ရာ အခ်ိန္ေလး...။

ထို႔အတူ အခ်စ္တို႔ စတင္ေပါက္ဖြားရာ
ေန့တေန့ရဲ့ အစျပဳရာ အခ်ိန္ေလး...။

"ထပါဆို..ဘာလို႔ ၿပံဳးေနတာလဲ babe"

"ခ်စ္လို႔"

တိုက္ရိုက္က်လြန္းတဲ့ သူမအေျဖၾကောင့္ ကုတင္ေဘးက ေငးၾကည့္ၿမဲ ေငးေနဆဲ သူ႔မွာ မ်က္လံုးေလးေတြ လက္ခနဲ။ အံ့ၾသမိသလို အေပ်ာ္ေတြ ရင္ေတျြပည့္ႏွက္သြားမိၿပီးေကာ့ရႊန္းေနသည့္ မ်က္ေတာင္နက္နက္ ေလးေတြရိွရာ မ်က္ခြံႏုႏုေလးကို ထိကပ္နမ္းမိေတာ့ ရႈံမဲ့သြားတဲ့ မ်က္ႏွာေလးနဲ႔အတူ ဂ်ီယြန္း မ်က္လံုးလဲ့လဲ့ ေလးေတြ ပြင့္ၾကည့္လာသည္..။

"အဲ..နမ္းျပန္ၿပီ...မရြံဘူးလားလို႔"

"မရြံပါဘူး..မေက်နပ္လို႔လား မေက်နပ္ရင္လည္း ကိုယ့္ကို ျပန္နမ္းခ်ည္ လာ..လာ"

"ဟြန္႔ ေတာ္ၿပီ..တအား နစ္နာသြားၪီးမယ္"

ေျပာရင္းဆိုရင္း ေဘးကို ေစာင္းခ်ၿပီး အၾကည့္ေတြ လႊဲလိုက္မိေတာ့ မဲ့ခနဲ က်န္ခဲ့သူမွာ ဂ်ံဳးဂုျဖစ္လို႔ေနသည္။ သို႔ေပမဲ့ စိတ္ဆိုးခ်င္ေယာင္ေဆာင္တယ္လို႔ေျပာရမလား..ေကြးၫြန္႔တက္သြားတဲ့ ႏႈတ္ခမ္းပါးေတြက ေမ်ွာ္ၾကည့္ခဲ့ရတဲ့ အိမ္မက္လွလွေလးကို ပိုင္ဆိုင္ထားတဲ့သူျဖစ္ေၾကာင္း ျပသေနလို႔သည္။

"မထရင္လည္းေနေတာ့ကြာ
ကိုယ္လည္းျပန္အိပ္ၿပီ"

စကားဆံုးတာနဲ႔ ကုတင္ႀကီးသည္ အိခနဲ
သူမေဘးမွာ ျပန္လွဲခ်ၿပီးကိုယ္ကို သိမ္းႀကံဳးၿပီး ဆြဲဖက္လာတဲ့ သူေၾကာင့္ လွည့္မၾကည့္ပဲ
မေနႏိုင္ေတာ့။ တိုက္ရိုက္ျဖစ္ေနတဲ့ ဂ်ံဳးဂုရဲ့ ေရေမႊးရနံ႔ေဖ်ာ့ေဖ်ာ့ေလးတစ္မ်ိဳးရသလို နီးကပ္လြန္းတဲ့ အေျခအေနမွာ ဒီအတိုင္းသာ အိပ္ရင္ အရိုးေတြက်ိဳးေၾကကုန္ေတာ့မွာပဲ။

"ဟိုဘက္..တိုးေလ ဘာလို႔ လာဖက္တာတုန္း"

"ဖက္စရာမရိွလို႔"

"ဖက္လံုးကို ကန္ခ်ထားတာမလား"

"ဟုတ္တယ္.."

ေျပာရင္းဆိုရင္း တိုးဖက္လာတဲ့ သူေၾကာင့္
အသက္ရူၾကပ္ခ်င္သြားသည္။ လည္တိုင္စပ္ဆီက သူ႔အသက္ရူသံ ေနြးေနြးေလး ရိုက္ခတ္ေနသည္ကိုက အသဲယားစရာ ကိုယ္က ခြၽဲရ
မည့္အစား မနက္ခင္းအစမွာ ေမႊးရနံ႔ေတြ
သင္းႀကိဳင္ေနတဲ့ သူက ျပန္ခြၽဲေနတာနဲ႔ ၾကပ္သိပ္စြာ အဖက္ခံထားရတဲ့ၾကားထဲက ၾကည္ႏူးမိတာနဲ႔ ၿပံဳးလိုက္မိသည္..သူပဲလာႏိုးၿပီးေတာ့..ေနာက္ဆံုး ကေလးေလး လို ဖက္တြယ္ေနတာလည္း သူပဲ ျဖစ္ေနျပန္ပါတယ္။

ဖယ္မရတြန္းမရ တြန္းလည္း မတြန္းရက္တာမို႔ အသားကုန္သိမ္းႀကံဳးဖက္ခံထားရျခင္းမွာ
ၿငိမ္သာၿငိမ္ေပးေနလိုက္မိသည္။ အခ်စ္ခံရျခင္းရဲ့ ဒုကၡလွလွေတြနဲ႔ လာေတြ့ေနရပါတယ္..

"ဒါနဲ႔..ဘယ္ခ်ိန္ထိဖက္ထားမွာလဲဟင္?"

"ေနထြက္တဲ့အထိ.."

"ေနက..ဘယ္မလဲ?"

ေမ်ွာ့္လင့္ခ်က္ေလး တစနဲ႔ ျပန္​ေမးတဲ့ သူမအသံတိုးတိုးေလးေၾကာင့္ ရီခ်င္သြားမိသည္။
သူပါ အတူလိုက္ၿပီး လိုက္ကာစေတြ လြင့္ဝဲ
ေနသည့္ ျပတင္းေပါက္ေဘာင္အျပင္ဘက္ကို
ေငးၾကည့္မိသည္..အျဖဴေရာင္ႏုႏုဆင္းေနတဲ့ ေကာင္းကင္ျပင္ႀကီးက ေလွာင္ရီေနသလို က်ေရာက္လာမည့္ ေနေရာင္ျခည္ေနြးေနြးေလးကို ေမ်ွာ္လင့္၍မရေတာ့ေပ။ ဂ်ီယြန္းကို ၾကည့္မိေတာ့ မ်က္ႏွာေလးက မဲ့ၾကည့္ေနၿပီး အနည္းငယ္စူးေနတဲ့ မ်က္ဝန္းေလးေတြရဲ့ အဓိပၸါယ္အရ သူ႔ကို စိတ္ဆိုးေနဟန္ရိွသည္..။

အသဲယားလာတာနဲ႔ ပါးေလးတစ္ဖက္ဆြဲဆိတ္မိေတာ့ မ်က္လံုးေလးေတြက ပိုစူးလာတာနဲ႔ ရယ္လိုက္မိၿပီး ရင္ခြင္ထဲ ဆြဲသြင္းလိုက္မိသည္။ စိုက္ၾကည့္ေနတဲ့ မ်က္လံုးေလး
ေတြကအစ ခ်စ္ဖို႔ေကာင္းလိုက္တာ...

"ဒီေန့..သူ အလုပ္နားတယ္ ထင္တယ္ ထြက္မလာေလာက္ဘူး..လာပါ ေအးတယ္ ျပန္အိပ္ရေအာင္"

"လာႏိႈးတုန္းက..လာႏိႈးၿပီးေတာ့"

ၿငီးေပမဲ့လည္း သူ႔ကို ေျပာမရေတာ့လည္း
ၿငိမ္ေန​ေပးရွာသည့္ သူမကို ရင္ခြင္ ျပည့္ၾကပ္သပ္ေနေအာင္ ဖက္ထားမိရင္း ေလာကစည္းစိမ္ကို တဝႀကီး ခံစားမိေနမိသည္။ ႏွာဖ်ားဝမွာ ရစ္သီေနတဲ့ သူမရဲ့ ကိုယ္သင္းရနံ႔ေဖ်ာ့ေဖ်ာ့ေလးကအစ က်ီစယ္ေနသလို ဒီကေလးေလးကို တကယ္ ပိုင္ဆိုင္ရေတာ့မွာပါလား ဆိုတဲ့ အသိနဲ႔ သူရဲ့ ရင္ခြင္တစ္ခုလံုး ေအးခ်မ္းသြားမိသည္။

"ဂ်ံဳးဂု~"

အသိနဲ႔တင္ ၿပံဳးမ်ားၿပံဳးလိုက္မိသလားမသိ
ဂ်ီယြန္းဆီက အသံတိုးတိုးေလး ထြက္လာသည္အတူ သူ႔အက်ႌစကို လာဆြဲသည္မို႔ ငံု႔ၾကည့္လိုက္မိသည္။

"ဘာလဲ..ကေလး"

"တကယ္..မထေတာ့ဘူးလားဟင္..ဗိုက္ဆာေနၿပီရယ္.."

"အာ..ဒါဆို သြားရေအာင္!"

ဗိုက္ဆာေနၿပီဆိုတဲ့ ကမန္းကတန္းေကာက္ထသည့္ သူ႔ကို ၾကည့္ၿပီး ၿပံဳးမိျပန္ပါတယ္။
ဒါေတာင္..လက္မထပ္ရ​ေသးခဲ့..လုပ္ေပးႏိုင္တဲ လူေတြရိွရဲ့သားနဲ႔ မနက္တိုင္း မနက္စာ ထျပင္ေပးတတ္သည့္ သူသည္ အေသးအဖြဲ႔ေလးအစ ခ်စ္တတ္ျခင္းမွာ ဝါသနာထံုရွာသည္။ အိမ္တြင္းစီး ဖိနပ္ေလးကို စီးမလို႔ ျပင္လိုက္ေပမဲ့ သူမကိုပါ တစ္ခါတည္း ေပြ့ခ်ီ
ခ်ီလာတဲ့ လန္႔သြားမိရင္း သူ႔ပခံုးေတြကို အျမန္ပင္ ဖက္တြယ္ထားလိုက္ရသည္။

"အဟက္..ဘာလုပ္တာ"

"ဒီအတိုင္း..ခ်ီၾကည့္ခ်င္လာလို႔"

ေျခဖ်ားေတြ ေျမၾကီးနဲ႔ လြတ္သြားတဲ့အခါ သူ႔ၾကည့္မိေတာ့ လိုခ်င္တဲ့ ရသြားရွာတဲ့ကေလးတစ္ေယာက္လို ၿပံဳးစစျဖစ္ေနတာနဲ႔ မအံ့ၾသမိေတာ့ပဲ ရယ္လိုက္မိေတာ့သည္။တစ္ခါတေလ တကယ့္ကေလးစိတ္ပင္ မလုပ္ဖူးတာကို စူးစမ္းခ်င္သလို မ်က္လံုးေလးေတြနဲ႔..သူ ခ်ီခ်င္ရင္လည္း တကယ္ ေကာက္ခ်ီေတာ့တာပါပဲ။

"ခ်ီရံုပဲလား.."

"တကယ္ေတာ့..လိုက္ပို႔ေပးမလို႔ပါ"

"အာ..ေရခ်ိဳးခန္းက အေဝးႀကီးမွာဆိုေတာ့ေလ"

"မနက္ခင္း..ဝန္ေဆာင္မႈလို႔ သေဘာထားလိုက္ပါ Babe"

ဘယ္ေလာက္မွ မလွမ္းတဲ့ အကြာအေဝးေပမဲ့လည္း ခ်ီရတာ ေပ်ာ္ေနပံုရတဲ့ ဂ်ံဳးဂုေၾကာင့္ သူမ ဘာမွမေျပာလိုေတာ့။ က်ယ္ျပန္တဲ့
သူ႔ပုခံုးေတြကိုသာ ဖက္တြယ္မိရင္း ေမႊးႀကိဳင္ေနတဲ့ ရင္ခြင္က်ယ္ႀကီးဆီမွာပဲ ေအးခ်မ္းစြာ မွီတြယ္မိရင္း ရနံ႔ေဖ်ာ့ေဖ်ာ့ေလးေတြကို
ရူရိႈက္လိုက္မိတယ္။ ေျပာစရာမလိုေအာင္ အသန္႔ႀကိဳက္တဲ့သူက တအားေမႊးသည္။

"ဒါနဲ႔..မေလးဘူးလား"

မ်က္ေစာင္းဟု ယူဆမရေသာ မ်က္လံုးေလးတစ္ခ်က္ေတာ့ သူေစာင္းၾကည့္လာသည္။
ေတာ္ေတာ္နဲ႔ ျပန္မေျဖေသးပဲ ေရခ်ိဳးခန္းနား
ေရာက္မွ ေအာက္ကို အသာျပန္ခ်ေပးရင္း။

"မင္းဘာသာမင္းသာ..ဒီထက္ဝလာေအာင္စားပါၪီး Babeရယ္"

ရႊတ္!

သူမ မ်က္ႏွာေလးကို ဆြဲယူကာ ျမန္ျမန္ဆန္ဆန္ပင္ တိုးကပ္လာၿပီး ပါးေလးေတြ ခ်ိဳင့္ဝင္သြားေအာင္အထိ ရုတ္တရက္ ရႊတ္ခနဲ နမ္းရိႈက္သြားတာမို႔ ရင္ထဲ ေအးျမသြားသလို ခံစားလိုက္ရသည္။ ျဖတ္ခနဲ ခိုးယူသြားတဲ့ အနမ္းတပြင့္ေၾကာင့္ အံ့ၾသသြားမိသလို ၾကည့္လိုက္မိေတာ့ ကိုယ္ေတာ္ေခ်ာက အၿပံဳးေလးေတြ တစစနဲ႔ ေရခ်ိဳးခန္းတံခါးကို ေကာက္ဖြင့္ေပးရင္း ဝင္ေလ ဆိုတဲ့ အရိပ္အေယာင္ေတြနဲ႔ ေမးေလး ဆတ္ျပလာတာမို႔ ရွက္သည္ဟု ယူဆမရတဲ့ ၾကည္ႏူးျခင္းေတြနဲ႔ သူမ ေရခ်ိဳးခန္းထဲ ေျပးဝင္လိုက္မိသည္။

ေပ်ာ္ရႊင္သြားမိသလို ေက်နပ္ျခင္းေတြ ေရာပါေနတဲ့ မွန္ထဲက ကိုယ့္မ်က္ႏွာကိုယ္ၾကည့္ကာ ရယ္ခ်င္ပတ္က်ိျဖစ္လာမိေတာ့ ေရနဲ႔ တျဖန္းျဖန္း ေကာက္သစ္လိုက္မိၿပီး ၿပံဳးစိစိျဖစ္ေနခ်င္ေနတဲ့ မ်က္ႏွာပိုးေလးကို ထိန္းလိုက္မိတယ္။ အသင့္ျပင္ဆင္ေပးထားတဲ့ သြားတိုက္တံေလးကို ျမင္မိေတာ့လည္း ၾကည္ႏူးမိျပန္သည္။

မ်က္ႏွာေလး ေခ်ာင္ေနတယ္လို႔ ေအးေဆးေျပာလည္း ရတာပဲကို....။

~~~

"ေအးလိုက္တာ~"

မိနစ္အနည္းငယ္ေလာက္အၾကာ မီးဖိုေဆာင္ထဲ လူမျမင္ရခင္ ႀကိဳေရာက္ႏွင့္ေလတဲ့ ၿငီးသံ
ေလးေၾကာင့္ ေကာင္တာမွာ ထိုင္ေစာင္ေနတဲ့
ေစာင့္ေနတဲ့ သူ႔မွာ တအံ့တၾသ။ မဟုတ္ေသးပါဘူး ေရေတြက ဘြိုင္လာေၾကာင့္ ေနြးေနရမွာေလ။

"ေရက မေနြးလို႔လား..Babe
ထူးဆန္းလိုက္တာ.."

"မဟုတ္ပါဘူး..ေနြးပါတယ္..ဒါေပမဲ့ အျပင္ေရာက္ေတာ့ ေအးတယ္ရယ္ အဲ့ဒါေၾကာင့္​ဖက္ထားေပးလို႔ရမလား"

"အခြၽဲေလးပဲ..လာခဲ့ပါ~"

လက္ကမ္းၿပီး ႀကိဳဆိုေနခဲ့တဲ့ က်ယ္ေျပာတဲ့ ရင္ခြင္ႀကီးထဲ ေျပးၿပီး သိုင္းဖက္လိုက္မိေတာ့ ရင္ထဲ သိမ့္ခနဲ။ ေနြးလိုက္တဲ့ ခ်စ္ျခင္းေတြ
ဆိုတာ ဒီရပ္ဝန္းေလးထဲက ထြက္လိုက္မိရင္
အေအးဓာတ္ေတြ စိမ့္ဝင္လာမွာကိုေတာင္ မသိစိတ္ကေန ေၾကာက္သြားမိတယ္။

အဲ့ေလာက္ထိ လံုၿခံဳတာေတာင္ ဒီရင္ခြင္က်ယ္ႀကီးက သူမ ကာကြယ္ေပးခ်င္ခဲ့တဲ့ ရပ္ဝန္းက်ယ္ႀကီး ျဖစ္ေနဆဲပါပဲ.....။

"ခြင့္ေတာင္းဖို႔မလိုပါဘူး..ကေလး ဖက္ခ်င္တယ္ဆို ဖက္လိုက္ပါ ကိုယ္ကေတာ့ အၿမဲျပန္ဖက္ထားေပးမွာပါ..သိပ္ခ်စ္တာမို႔..."

မၾကင္နာရရင္ မေနႏိုင္တဲ့ သူမ ဆံႏြယ္ေလးေတြကိုပါ ငံု႔နမ္းရိႈက္မိတဲ့အခါ သူ႔ခါးထက္ကို
တင္းၾကပ္စြာ ျပန္လည္ဖက္တြယ္လာတဲ့ ဂ်ီယြန္းေၾကာင့္ ေက်နပ္စြာ ၿပံဳးလိုက္မိသည္။

မနက္ခင္းေလးကေတာ့ ရင္ထဲကလာတဲ့ဝန္ေဆာင္မႈေတြနဲ႔ ဟန္ခ်က္ကိုညီလို႔...။

ျပည့္စံုေနတဲ့ မနက္ခင္းေလးကို ေလေျပေလးက ပိုၿပီး ျပည့္စံုေစခ်င္၍ထင္ပါရဲ့သိမ္ေမြ့ညင္ညာသည့္ ေလေအးေလးေတြနဲ႔ ႏူးႏူးညံ့ညံ့ေလး ဖက္ထားၾကေလတဲ့ သိပ္ခ်စ္ၾကသူႏွစ္ေယာက္အေပၚျဖတ္သန္းတိုက္ခတ္ေစ၍ အသဲႏွလံုးေတြအထိပါ ေအးျမေစခဲ့သည္။

သူလက္ထပ္ခြင့္ေတာင္းၿပီးတဲ့ေနာက္မွာ ဘာမ်ား ကြာဟသြားခဲ့လဲ မသိေပမဲ့ ႏွစ္ေယာက္
လံုးရဲ့ ခံစားခ်က္ေတြက ပိုၿပီး ေလးနက္သြား
ၾကသလိုပဲ။ တစ္ေယာက္ကိုမရိွရင္ တစ္ေယာက္မေနႏိုင္ၾကတဲ့ ခံစားခ်က္ေတြ..တစ္ေယာက္အနားမွာပဲ တစ္ေယာက္ ေနခ်င္ၾကတဲ့ ခံစားခ်က္ေတြကို ၾကည့္ၿပီး သူမ ေသခ်ာသိတာကေတာ့ ဒီထက္ပိုၿပီး ၿပီးျပည္စံုတဲ့ ေန့ရက္ေတြ ေရာက္လာၪီးမယ္ ဆိုတာကိုပါပဲ။

ေမတၲာေတြနဲ႔သာ ရွင္သန္ရရင္ ေလာကႀကီးလည္း ရပ္တန္႔သြားသလို ျဖတ္တိုက္သြားတဲ့
ေလေျပေတြလည္း ႏူးညံ့သြားတယ္။ သူ႔ကို သိပ္ခ်စ္တယ္ဆိုတာကို သူမ ဘာမျွပန္မေျပာလည္း သူသိေနခဲ့တယ္ ထင္တယ္..ခ်စ္ရသူက ေတာက္ေလ်ွာက္ကို ၿပံဳးေနေတာ့တာပဲ..။

~~~

"ကိုယ္တို႔..ဘယ္ေန့ လက္ထပ္ၾကမလဲ Babe"

Sausage ေလး တစ္ခုကို ထိုးစိုက္လိုက္မိေတာ့ အနားကို တိုးလာၿပီး ေမးလာတဲ့ ေမးခြန္းေလး
ေၾကာင့္ ၿပံဳးလိုက္မိတယ္။ ၾကည့္မိေတာ့ သူမ မနက္စာစားေနတာကို စိတ္ေျပနေျပ လက္
ေထာက္ၿပီး ထိုင္ၾကည့္ေနတဲ့ သူက မ်က္လံုးေလးအဝိုင္းသားနဲ႔ သိခ်င္စိတ္ေတြအျပည့္
ျပကၡဒိန္ေလးနဲ႔ ဟိုျခစ္ဒီျခစ္ပင္။

ေန့တိုင္း တိုင္ပင္ျဖစ္တဲ့ ေမးခြန္းေလးတစ္ခု။
ေဆာင္းရာသီေရာက္ၿပီဆိုေပမဲ့ လိုခ်င္တဲ့ ေနရာအေနအထားကို ေရြးခ်ယ္ ျပင္ဆင္ၿပီးမဲ့အခ်ိန္ ေန့ရက္ေကာင္းေကာင္းေလးကို ေရြးရမည္ေလ။ တစ္ဘဝလံုးစာအတြက္ ရည္ရြယ္ထားတဲ့ ေန့ထူးေန့ျမတ္ေလးမို႔ ျဖစ္ႏိုင္ရင္ေတာ့ သူမကေတာ့ အေကာင္းဆံုးပဲ ျဖစ္ေစခ်င္သည္။

"ေရြးထားတဲ့..ေန့ရိွတယ္မလား ဂ်ီယြန္း"

"အြန္း..ဒါေပမဲ့ေလ"

"ဒါေပမဲ့..ဘာျဖစ္လဲ"

"ဘယ္ေန့မွန္းမသိဘူးရယ္..ပထမဆံုး ႏွင္းက်တဲ့ေန့ လက္ထပ္ရရင္ သိပ္ေကာင္းမွာပဲ~"

ေမ်ွာ္လင့္ခ်က္သဲ့သဲ့ေလးနဲ႔ ေျပာမိေတာ့ ဆံႏြယ္ေလးေတြကို အသာလာသပ္ၿပီး ႏွစ္သိမ့္ရွာတဲ့ သူ႔ပုခံုးေတြထက္မွီတြယ္လိုက္မိရင္း
ျပကၡဒိန္ေလးထက္က ေန့ရက္ေလးေတြကိုပါ သိခ်င္စိတ္အျပည့္နဲ႔ ေငးၾကည့္လိုက္မိတယ္။ ဘယ္ေန့ေလာက္မ်ားျဖစ္မလဲ..ေမ်ွာ္လင့္လို႔ေတာ့ ရႏိုင္ေသးတယ္ မဟုတ္လား။

"မသိဘူးလား..ကေလးက ေကာင္းကင္ႀကီးဆီက လာတာမလား နတ္သမီးက သိရမွာေပါ့"

ထပ္ၾကားရျပန္တဲ့ နတ္သမီးဆိုတဲ့..နာမ္စား
ေလးေၾကာင့္ ၿပံဳးမိသည္။ နတ္သမီးတဲ့ အရင္ကဆိုျဖစ္ႏိုင္ပါၪီးမယ္..အခု​ေတာ့ အေတာင္ပံေတြ က်ိဳးရံုမက ေသြးစြန္းေနတဲ့သူမက သူ႔မ်က္လံုးထဲမွာေတာ့ အျဖဴထည္ေလးသက္သက္ပဲ ျဖစ္ေနခဲ့တယ္ ထင္ပါရဲ့။

လူသတ္ခဲ့မိတာ..ဘဝတစ္ေလ်ွာက္လံုးမွာ ေနာင္တအရမိဆံုး အမွား ေမ့ေဖ်ာက္လို႔မရတဲ့ အစြန္းအထင္းႀကီးဆိုေပမဲ့ အဆင္ေတာ့ေျပပါတယ္..ႏွစ္ႏွစ္ကာကာ ခ်စ္ရတဲ့သူကို ကယ္ႏိုင္ခဲ့တယ္..ဘဝတစ္ေလ်ွာက္လံုးအတြက္ အေရးႀကီးဆံုးအရာကို ကယ္ႏိုင္ခဲ့တယ္..ဂ်ံဳးဂုကို သူမ ကယ္ႏိုင္ခဲ့တာပဲေလ..။

"နတ္သမီးက အခုလူျဖစ္ေနတယ္..လွမ္းေမးခ်င္တာေတာင္ ေအာ္ေျပာလည္း ၾကားမွာမဟုတ္ဘူး"

"ဒါဆိုလည္း ဒီအတိုင္း ခန္႔မွန္းလိုက္ေလ Babe ႏွင္းက ေသခ်ာေပါက္ က်လာမွာပါ"

"တကယ္လား.."

"အင္း..ေရြးလိုက္ ဘာပဲျဖစ္ျဖစ္ ကေလး စိတ္ထင္တဲ့ေန့ေရြးလိုက္"

ယံုၾကည္ခ်က္အျပည့္နဲ႔ ေျပာေနတဲ့ သူ႔ကို တစ္ခ်က္ၾကည့္ကာ ျပကၡဒိန္ထက္မွာ သူမ ဆြဲျခစ္မိလိုက္သည္။

"ဒါဆိုလည္း ဒီေန့"

"9ရက္ေန့လား"

"ဟုတ္တယ္.."

"ဟုတ္ၿပီ..အဲ့ဒီေန့ကို ကိုယ္တို႔ ေစာင့္ေနၾကတာေပါ့ ဒါနဲ႔ ဘာလို႔ 9 ရက္ေန့လဲ babe"

သူေျပာမိေတာ့ ေကြးၫႊန္႔တက္သြားတဲ့ ႏႈတ္ခမ္းပါးေလးေတြနဲ႔ ျပကၡဒိန္မွာ အသဲပံုေလး ဆြဲျခစ္ေနတဲ့ ကေလးကို ၾကည့္ၿပီး အေတြးေပါက္မိသြားသည္။

"တစ္ပတ္ေက်ာ္ေက်ာ္ေလာက္ဆို ႏွင္းက်လာမယ္ထင္လို႔..ေနာက္ၿပီး ဂ်ံဳးဂုရဲ့ ေမြးလက September 9 လပိုင္းေလ အဲ့ဒါေၾကာင့္နံပါတ္ 9"

"ကေလး..အႀကိဳက္ဆံုး နံပါတ္က ဘာလဲ"

"1"

"ကိုယ့္ ေမြးရက္လို႔ေတာ့..မေျပာနဲ႔ေနာ္"

"အဟင္း..မဟုတ္ပါဘူး အေတာ္ဆံုး နံပါတ္ တစ္ေလ"

သူ႔ဘက္လွည့္ၿပီး လက္ညိုးေလး တေထာင္ေထာင္နဲ႔ အဓိပၸါယ္ပါလွတဲ့ အၿပံဳးေဖြးေဖြးေလးေတြကို ၾကည့္ၿပီး ရင္ထဲေပ်ာ္သြားမိျပန္ သည္။ သူ႔ေမြးရက္ႀကီး ဟုတ္ေနတာပဲကို..။

"ဟုတ္ပါၿပီ..ယံုပါတယ္..ၿပီးရင္ ဝတ္စံုအတြက္ ေန့လည္က် သြားၾကည့္ရၪီးမယ္..babe လိုက္ခဲ့ၪီး"

"ဟင္..? အင္း ဒါေပါ့ လိုက္ခဲ့ရမွာေပါ့ ဒါနဲ႔ မနက္ျဖန္မွ သြားၾကည့္မွာမဟုတ္ဘူးလားဟင္..ကြၽန္မ အမွတ္မွားေနတာလား"

မ်က္လံုးေလးေတြ ဝိုင္းလို႔။ သူမွတ္ထားတဲ့ ျပကၡဒိန္ေလး သူမ ျပန္ၾကည့္ေနရွာသည္။

"ဟုတ္ပါတယ္..မနက္ျဖန္မွပါ"

"ဒါဆိုလည္း..ဒီေန့ ရက္ေရြ့လိုက္ၿပီ တစ္ရက္
ေစာလည္း..မသိဘူးကြာ ကိုယ္ေတာ့ လက္
ထပ္ဖို႔ကို စိတ္အေတာ္လႈပ္ရွားေနၿပီ ကားအရင္ ႀကိဳထုတ္ထားလိုက္ၪီးမယ္..ေန့လည္က်သြားရေအာင္ေနာ္..Babe"

"ဟုတ္"

စိတ္လႈပ္ရွားစြာ ေျပးထြက္သြားတဲ့ သူ႔ေၾကာင့္
Latte ရနံ႔ေမႊးေမႊးေလးက ပ်ံ့လြင့္သြားတာမို႔
အံၾသမိစြာ Coffee ေသာက္တတ္တဲ့ သူက Latte ေတြပါ ဘာလို႔ ေျပာင္းေသာက္ေနလဲ မွတ္တယ္..ဧကန မဂၤလာဝတ္စံုသြားၾကည့္ရမယ့္ ေန့လို႔ ေတြးထားလို႔လား။

"Aigoo..ငါ့ေကာင္ေလး ေတာ္ေတာ္ စိတ္လႈပ္ရွားေနတာပဲ"

ေခါင္းတခါခါနဲ႔ ရယ္လိုက္မိရင္း ပန္းကန္ေလးေတြကို သိမ္းဆည္းကာ သူ႔ေနာက္ကို
သူမပါ အျမန္ေျပးလိုက္သြားမိသည္။

~ • ~ • ☘ • ~ • ~

"ဒါေလးရယ္..ဒါရယ္..ဒါရယ္ အာ..မသိေတာ့ဘူး ကိုယ့္ မ်က္လံုးထဲ အကုန္လွေနတယ္
ကေလး ႀကိဳက္တာပဲ ေရြးလိုက္ပါေတာ့.."

မ်ားမၾကာမီ မဂၤလာခန္းမထဲက သတို႔သားေလာင္းေလးရဲ့ အသံသည္ ခပ္က်ယ္က်ယ္ထြက္က်လာေတာ့သည္။

မ်က္စိေရ႔ွက ခင္းက်င္းျပသေပးထားတဲ့ လွပအေက်ာ့ရွင္းဆံုး သတို႔သမီးဝတ္စံုေတြ လိုက္ၾကည့္ကာ သူမနဲ႔ အလိုက္ဖက္ဆံုးကိုတျဖည္းျဖည္းနဲ႔ သူလည္း မေရြးတတ္ေတာ့။ dress ေတြ လိုက္ၾကည့္ရင္း ဘာမဆို ဂ်ီယြန္းနဲ႔ဆို လွမွာပဲ ဆိုတဲ့ အေတြးေၾကာင့္လားမသိ တစ္ထည္ႏွစ္ထည္ ေရြးထားရာကေန အခုေတာင္လိုပံုလာသည္။ Wedding dress ေလးတစ္ခု ေရြးရတာ အဲ့ေလာက္ ခက္ခဲမွန္းမသိခဲ့။

ဂ်ီယြန္းကို ေျပာမိေပမဲ့ ဘာသံမွ ထြက္မလာလို႔ လွည့္ၾကည့္မိေတာ့ လင္းထိန္ေနတဲ့ မီးေရာင္ေအာက္က မ်က္လံုးအဝိုင္းသားနဲ႔ လိုက္ၾကည့္ေနတဲ့ မ်က္ႏွာေလးကို ေတြ့ေတာ့ အံ့ၾသသြားမိတယ္။ သူက ေရြးခ်ယ္ေပးသေလာက္ ေဘးက တအံ့တၾသလိုက္ၾကည့္ေနတဲ့ မ်က္လံုးေလးေတြကို ေစာေစာ မျမင္လိုက္ရတာကို ႏွေျမာတသ ျဖစ္သြားမိသည္။

သူမအတြက္ေတာ့ အရာရာတိုင္းဟာ ထူးဆန္းေနဟန္။ မ်က္လံုးလက္လက္
ကေလးေတြနဲ႔ ၿငိမ္ၿပီး လိုက္ၾကည့္ေနတဲ့ ပံုစံေလးက ဖြက္ထားမတတ္ကို လွလြန္းသည္။
အကုန္လံုးကို လိုက္ၾကည့္ေနတဲ့ မ်က္လံုးလက္လက္ေလးေတြထက္မွာ ေပ်ာ္ရႊင္ေနပံုရတဲ့ အရိပ္အေယာင္ေလးေတြ ေပ်ာ္ဝင္ေနတာမို႔ ေငးေမာမိရင္း နီးပါတယ္ဆိုတဲ့ သူမနား
တိုးတိုးေလး ကပ္ေခၚမိသည္။

"Babe~"

"ဟင္?"

"သေဘာက်တာမ်ိဳး ေတြ့လား"

"အဲ..အင္းး"

"တကယ္လား..ဘယ္လိုဝတ္စံုမ်ိဳးလဲ"

"ဟို..?! တကယ္ေတာ့ေလ ကြၽန္မ အကုန္လံုးကို လိုက္ၾကည့္ေနမိတာ..လွလို႔ ဟီး မေရြးရေသးဘူး ေဆာရီး"

အၿပံဳးေဖြးေဖြးေလးနဲ႔ ေတာင္းပန္တိုးလ်ိႈးသံေလးေၾကာင့္ ေခါင္းကို အသာခါယမ္းမိရင္း ၿပံဳးလိုက္မိသည္။ သူ႔ကမ႓ာေလးထဲ သူနစ္ေျမာေနတာပဲ..ျမင္ရခဲတဲ့အၿပံဳးေလးေတြ ထပ္ျမင္လိုက္ရတာမို႔ ေက်နပ္သြားမိသည္။

"လိုက္ၾကည့္ၪီးမလား...ဒါမွမဟုတ္ ကိုယ့္ကို အကုန္လံုး ဝတ္ျပခ်င္လား.."

သူ႔စကားေၾကာင့္ ဂ်ီယြန္းခမ်ာ ဝတ္စံုေတြကို တစ္ခ်က္ျပန္ၾကည့္မိရင္း ေခြၽးျပန္သြားတဲ့ပံုေပၚသည္။

"အဲ..ဝတ္ေတာ့ ဝတ္ျပခ်င္ေပမဲ့ အမ်ားႀကီးေလ"

"အင္း..ကိုယ္သိပါတယ္..ဒါေပမဲ့ ကေလးႀကိဳက္တာေလးေတြ ရိွရင္ ဝတ္ျပေလ ကေလးေတာ့ မသိေလာက္ဘူး..ကိုယ္ေတာ့ မင္း သတို႔သမီးဝတ္စံုေလး ဝတ္ထားတာကို တအားျမင္ခ်င္ေနၿပီ သိလား..ဘာလို႔လည္း မသိဘာဝတ္ဝတ္ မင္းနဲ႔ဆို သိပ္လိုက္မွာပဲလို႔လည္း ထင္ေနမိတယ္..ကိုယ့္ကေလးက တအားလွတာမို႔လို႔ေလ"

"အာ..သူမ်ားေတြ ၾကားသြားပါၪီးမယ္~"

ေနာက္မွာ ဆိုင္ဝန္ထမ္းမေလးေတြ ရိွလို႔လား
မသိ သူ႔စကားအဆံုးမွာ ဂ်ီယြန္း ပါးေလးေတြ ရဲတက္လာကာ သူ႔ကို တိုးတိုးေလး ျပန္ကပ္ဆူတာကို ၾကည့္ၿပီး အူယားသြားမိသည္။

"ၾကားလည္း ဘာျဖစ္လို႔လဲ..အမွန္အတိုင္းေျပာတာပဲကို..မင္းက အလွဆံုးပဲကို"

ႏွစ္ေယာက္တည္းေတာင္ သူမ ရွက္တတ္တာ သိသိႀကီးနဲ႔ ႏွစ္ကိုယ္ၾကား ေလတိုးမရေအာင္ ကပ္ၿပီးထပ္ေျပာတဲ့ ဂ်ံဳးဂုေၾကာင့္ ေနာက္က ဝန္ထမ္းမေလးေတြ သူတို႔ ၿပံဳးစိစိျဖစ္မလာခင္ သူ႔လက္ေမာင္းႀကီးကို ဆြဲၿပီး အသာ ဆြဲေခၚလာမိသည္။

"ရႈး! တိတ္တိတ္ေနပါ ..အခု အရင္ဆံုး ထပ္သြားၾကည့္ရေအာင္ လိုက္ခဲ့ၪီး"

"ha..ha ဟုတ္ပါၿပီ"

ခ်ိဳျမသည့္ တိုးတိုးေလး ကပ္ဆူသံေလး နားထဲ ဝင္လာတာနဲ႔ သူ႔လက္ေမာင္းကို တင္းေနေအာင္ ဖက္ထားခဲ့တဲ့ ကေလးကို ၾကည္ႏူးလြန္းလို႔ သေဘာက်လြန္းလို႔ ေတာက္ေလ်ွာက္ သတိလက္လြတ္ကို ေငးၾကည့္လာခဲ့မိသည္။

~~~

"ေရြးၿပီးၿပီလား..ဘယ္လိုဟာမ်ိဳး..ေရြးလိုက္တာလဲ Babe"

မိနစ္ပိုင္းေလာက္အၾကာမွာေတာ့ သူမ ဆံုးျဖတ္ၿပီးသြားၿပီ။ အလွဆံုးျဖစ္မဲ့ ဝတ္စံုထက္ အႀကိဳက္ဆံုးေလးကို ေရြးျဖစ္ခဲ့တယ္။
ထို႔ေနာက္ ေရြးၿပီးသြားတဲ့အခါ ကာယံကံရွင္ထက္ပိုၿပီး စိတ္လႈပ္ရွားေနပံုရတဲ့ သတို႔သားေလာင္းေလးက မ်က္လံုးျပဴးျပဴးေလးနဲ႔ ေဘးက လာေမးၾကေလေတာ့သည္။

"မေျပာျပပါဘူး"

တံုးတိႀကီး သိခ်င္စိတ္ကို တိခနဲ ျဖတ္ခ်လိုက္တဲ့ ဂ်ီယြန္း စကားေၾကာင့္ ရင္ထဲ ဟာခနဲ။ တစ္ဖက္ကလည္း မ်က္လံုးအျပဴးသားနဲ႔ ျပန္ၾကည့္ေနတဲ့ သူ႔ပံုစံေၾကာင့္ သူမ ရီမိသည္။

"ကိုယ္မျမင္လိုက္လို႔ပါ..တကယ္ မေျပာျပေတာ့ဘူးလား"

"Arni..မေျပာျပပါဘူးဆို..ဝတ္ျပၿပီးရင္ သိမွာေပါ့ေနာ္...Jungkook"

အဓိပၸါယ္ပါလွတဲ့ အၾကည့္ေတြေၾကာင့္ ထပ္ၿပီး ဟာခနဲ။ သူ႔ကို ကိုယ့္စကားနဲ႔ ကိုယ္ ဝဋ္လည္ေအာင္ ျပန္လုပ္တဲ့ သူမၾကည့္ၿပီး သိခ်င္စိတ္ကို အၿမဲဆြထားမိေတာ့လည္း သူအတြန္႔မတက္ရဲ။မလြယ္ဘူး ဆိုတဲ့ အသိနဲ႔ သက္ျပင္း ေငြ့ေငြ့ေလးသာ ခ်လိုက္မိေတာ့ သူမဆီကေန ေက်နပ္သြားရွာတဲ့ အရိပ္အေယာင္ေလးေတြ ျဖတ္ေျပးသြားရွာေတာ့လည္း သူၿပံဳးမိလိုက္သည္။

"ဒါနဲ႔..တလက္စတည္း..ဂ်ံဳးဂုပါ Suit တခါတည္း ေရြးလိုက္ပါလားဟင္"

"အခုလား"

"အြန္း..လဲၿပီးရင္ ႏွစ္ေယာက္ တစ္ခါတည္း အတူေတြ့ရေအာင္လို႔"

"ေၾသာ္...ကိုယ့္ကိုပါ တစ္ခါတည္း ​ျမင္ခ်င္တယ္ေပါ့"

သူ႔လက္ေလးေတြကို ဆုပ္ထားလိုက္မိရင္း
ေခါင္းၿငိမ့္ျပလိုက္မိေတာ့ ေထာင့္ကပ္သြားတဲ့ သူ႔မ်က္လံုးေလးေတြက စဥ္းစားေနဟန္။

"ဒါဆိုလည္း..ရတယ္ေလ ကိုယ္က ေနာက္မွ ေအးေဆး ၾကည့္မလို႔ လုပ္ထားေပမဲ့ ကေလး လိုခ်င္ရင္ လုပ္ေပးရမွာေပါ့"

"ဒါေပမဲ့....ကိုယ့္အတြက္ Suit ေရြးေပးရမယ္ေနာ္ babe"

"ဟီး..ေရြးေပးမယ္ အျမန္လာ"

သူ႔လက္ေတြကို ၿမဲေနေအာင္ ဆုပ္ထားၿပီးေရ႔ွက ၪီးေဆာင္သြားတဲ့ ေကာင္မေလးေနာက္ကို သတိလက္လြတ္ လိုက္ခဲ့မိျပန္သည္။ ဘယ္လို ဝတ္စံုမ်ိဳး ေရြးမလဲဆိုတာ အေရးမႀကီးေတာ့သလို ပတ္ဝန္းက်င္ကိုလည္း ဘာမွ မျမင္ႏိုင္ေတာ့ သူမ ၿပံဳးေနတာေလး ျမင္ရရင္ကို သူ႔ႏွလံုးသားေတြက ေႂကြက်ဖို႔ အသင့္ ျဖစ္ေနေလၿပီ။

မင္းေပ်ာ္ေနရင္ ရပါၿပီ..။

"Jungkook~"

နားထင္က ဆံစေတြကို သပ္တင္မိရင္း သူမ်ားရိွေနမလားမလို႔ ကြယ္ထားတဲ့ လိုက္ကာစေတြကို ၾကည့္မိရင္း ေခၚၾကည့္လိုက္မိတယ္။

"ဟင္?..လဲၾကည့္ၿပီးၿပီလား Babe"

"ဟုတ္..ၿပီးၿပီ ဂ်ံဳးဂုေရာ လဲၿပီးၿပီးလား"

"အင္း..ကိုယ္လည္း ၿပီးၿပီ"

ထို႔ေနာက္ ဘာရယ္ မဟုတ္ လိုက္ကာတစ္ခုပဲ ျခားသည့္ ႏွစ္ေယာက္သား တိတ္ဆိတ္သြားၾကမိျပန္သည္။ ရင္ထဲမွာေတာ့ စိတ္လႈပ္ရွား
မႈေတြ အျပည့္နဲ႔ ဂ်ံဳးဂုလည္း ဒီလိုပဲထင္ပါရဲ့။

"ေစာင့္ေနတာ...Babe"

"........"

"ဒီေလာက္ဆို..ကိုယ့္ဆီကို ထြက္လာသင့္ၿပီ မဟုတ္လား"

ျမင္ကြင္းေတြကို ကြယ္ထားသည့္ လိုက္ကာစ
ရွည္ရွည္ေတြကို ေငးေမာၾကည့္မိရင္း လိုက္
ကာစေနာက္ကြယ္မွာ ရိွေနမည့္ သတို႔သမီးေလးေလာင္းဆီ စကားပါးလိုက္မိေပမဲ့ သူမကေတာ့ ကိုယ့္ကိုကိုယ္ တစ္ခ်က္ျပန္
ငံု႔ၾကည့္ရင္း ရင္ေတြခုန္ေနမိတယ္။ စိတ္လႈပ္ရွားလြန္းလို႔ ဘယ္လိုလုပ္ရပါ့မလဲ...

ေမေမက သူမကို ဘာလို႔ ရွက္တတ္ေအာင္ ေမြးေပးခဲ့တာလဲ..စိတ္လႈပ္ရွားေနမိျပန္ၿပီ ဒုကၡ!။

"Miyanae ရုတ္တရက္ႀကီး ဂ်ံဳးဂု ေရ႔ွထြက္ျပရမွာ တစ္မ်ိဳးႀကီး ျဖစ္ေနသလိုပဲ.."

"ဒါဆိုလည္း..ထြက္မလာနဲ႔ေတာ့ Babe ကိုယ္ဝင္လာခဲ့မယ္.."

"အဲ?..ဟို ခဏ!.."

တားခ်ိန္မရလိုက္..ေငြေရာင္လဲ့ေနတဲ့ မီးဆိုင္းႀကီးရဲ့ အလင္းေရာင္ေအာက္မွာ ခပ္နိမ့္နိမ့္ စင္ျမင့္ထက္ကို ဖံုးကြယ္ထားတဲ့ လိုက္ကာစ
ေတြကို အသာဆြဲဖယ္ၿပီး သူမရိွရာဆီသို႔ ခပ္ေအးေအး လွမ္းလာသည့္ သူ႔ေၾကာင့္ဘာမွေတာင္ ေျပာခ်ိန္မရလိုက္ အံ့ၾသသြားမိသည္။

ေလ်ွာက္လွမ္းလာသည့္ ခန္႔ညားသည့္ သူ႔အသြင္သ႑ာန္ေလးကိုက မင္းသားတစ္ပါးတစ္ဖြယ္ ခမ္းနားလွတာမို႔ သူမမွာ မ်က္လံုးအဝိုင္းသား။ ဒီအမ်ိဳးသားက ေလာကႀကီး တစ္ခုလံုးဆီက ျပည့္စံုမႈေတြကို ရထားခဲ့တာ..

ေကာင္းကင္ႀကီးနဲ႔တူတဲ့ အၾကည္ဓာတ္မ်ိဳး သူ႔မွာ ရိွေနတာကိုက ထူးျခားေနတာမ်ိဳး....။

နက္ရိႈင္းလွသည့္ အနက္ေရာင္ ၊ ျဖဴႏုသည့္ အသားအရည္နဲ႔ ေသသပ္သည့္ ႏွင္းဆီလႊာလို ႏႈတ္ခမ္းပါးလွလွေတြက အစ ျပည့္စံုတယ္။ ဝတ္စံုျပည့္နဲ႔ ခႏၲာကိုယ္အခ်ိဳးအစားကေတာ့ အခ်ိန္တိုင္း အမွတ္ျပည့္ပင္..။

အရင္က Idea Type ဆိုတာကို ေသခ်ာ မေျပာျပတတ္ေပမဲ့ အခုေတာ့ သူပဲျဖစ္မယ္ဆိုတာကို ေသခ်ာေပါက္ ေလာင္းရဲတယ္..။

တျဖည္းျဖည္း နီးလာတဲ့အခါ သမင္နဲ႔ တူတဲ့ သူ႔မ်က္လံုးဝိုင္းဝိုင္းေတြေၾကာင့္ တကူးတကပင္ ေျပာစရာေတာင္မလို..သတိလက္လြတ္ ကို နစ္ေမ်ွာသြားမိသည္။

အဲ!..မ်က္လံုးေတြဆိုမွ သတိထားမိတယ္။
ေတာက္ေလ်ွာက္ ေငးလာတာ သူမ တစ္ေယာက္တည္း မဟုတ္ဘူးပဲ...

သူမနည္းတူ ကိုယ့္ပံုစံကို အံ့ၾသသြားပံုရတဲ့ မ်က္လံုးေတြနဲ႔ ေခါင္းအစေျခအဆံုး အကဲခတ္လာေတာ့လည္း ကိုယ္ကို ႀကံဳလိုက္မိၿပီး ရွက္သြားမိသလိုလို။ ထို႔အတူ တၿပိဳင္နက္တည္း ေကြးၫႊန္႔တက္သြားေလတဲ့ သူ႔ႏႈတ္ခမ္းပါးေတြဆီက အၿပံဳးေတြက ပင္လယ္ေလ​ေျပေတြ ထက္ေတာင္ ပိုၿပီး ေအးျမေနေလရဲ့။

"ခဏ..ခဏေစာင့္လို႔ ေျပာမလို႔ကို ဘာလို႔ ဝင္လာတာလဲလို႔"

"ကိုယ့္ကေလးကို..လူေတြ ျမင္ကုန္မွာစိုးလို႔ပါ"

သူ႔အေျဖၾကောင့္ ေခါင္းအသာခါယမ္းလိုက္မိၿပီး ရီလိုက္မိသည္။ အခု အူတိုရမည့္အခ်ိန္မဟုတ္ဘူးထင္တယ္..

"ဘယ္လိုေနလဲ..ဂ်ံဳးဂုလည္း သေဘာက်တယ္မလား"

သူမနဲ႔ နီးႏိုင္သမ်ွ နီးသည္အထိ သူေရာက္လာတာနဲ႔ Wedding dress ေလးရဲ့ အျဖဴထည္ ဂါဝန္ေလးကို ဆြဲကိုင္လိုက္မိၿပီး မ်က္ႏွာခ်င္း ဆိုင္ျဖစ္သြားသည့္ သူ႔ဆီ ေမာ့ၾကည့္ၿပီး ေမးၾကည့္လိုက္မိတယ္။

"တအား....."

ရင္ေမာစရာ တံု႔ဆိုင္းေနတဲ့ အေျဖေတြ။
ေျပာစရာစကားေတြ ေပ်ာက္ရွေနတဲ့ သူ႔ကို ၾကည့္ၿပီး ၿပံဳးမိသည္။

"တအား..လွတာပဲ ကိုယ့္ကေလးက"

တိုးဝင္ ေပြ့ဖက္လာတဲ့ ေနြးေထြးမႈ။ ခါးေလးကေန ဆြဲၿပီး သိမ္းႀကံဳးအဖက္ခံလိုက္ရေတာ့ တကိုယ္လံုး သူ႔ရင္ခြင္ထဲ နစ္က်သြားမိသည္။ ရင္သပ္ရူေမာစရာ ရုတ္တရက္ ေပြ့ဖက္မႈဆိုေပမဲ့လည္း ႏူးညံ့တဲ့ သိမ္ေမႊ့တဲ့ ေနြးေထြးျခင္းေတြကို သူမ နက္နက္ရိႈင္းရိႈင္းကို ခံစားလိုက္ရသည္။

"ဂ်ံဳးဂု..ဒီေန့ Emotion ျဖစ္ေနသလိုပဲ အဆင္ေျပရဲ့လား"

"မသိဘူး..ကေလးကို သတို႔သမီးဝတ္စံုနဲ႔ ျမင္ရတာ..တစ္မ်ိဳးႀကီးပဲ ေပ်ာ္သလိုလို ဝမ္းနည္းသလိုလိုႀကီး"

"ဒါေပမဲ့..အဆင္ေျပတယ္ ကိုယ္ မင္းကို အပိုင္ရထားသလို ခံစားရတယ္"

လည္တိုင္နားမွာ ရစ္ဝဲေနသည့္ ဝင္ေလထြက္ေလ ေနြးေနြးေလးက အသက္ေပမို႔ သူ႔ကို တစ္ခ်က္ ေမာ့ၾကည့္ရင္း သူမ ေျပာမိသည္။

"အရင္ကတည္းက..ကြၽန္မက ဂ်ံဳးဂု အပိုင္ပဲမဟုတ္ဘူးလား"

"ဟမ္"

"တံဆိပ္ခတ္ထားတယ္ေလေနာ္.."

သူ႔လည္တိုင္ေလးကို သူ႔ဘာသာ အသာေလး
လက္ညိုးနဲ႔ ေထာက္ျပတဲ့ ဂ်ီယြန္းကို ၾကည့္ၿပီး အံ့ၾသသြားမိသလို ေပ်ာ္ရႊင္မႈတို႔အတိ။
ဒီလိုမ်ိဳးကို သူမ သတိတရ မွတ္ထားလိမ့္မယ္လို႔...ၿပံဳးေနတဲ့ သူမ မ်က္ႏွာႏုႏုေလးကို ထိကပ္မိရင္း ရင္ထဲ ထိသြားမိသည္က နက္နက္ရိႈင္းရိႈင္းပင္။

"ဒီကိုလာပါၪီး Babeရယ္.."

ရုတ္တရက္ဆိုသလို ဝမ္းနည္းဝမ္းသာ ျဖစ္သြားတဲ့ ခံစားခ်က္ေတြ ရင္ထဲ မဆန္႔ေအာင္ စုပံုသြားတာမို႔ ငိုခ်င္လက္တို႔ ျဖစ္ေနတဲ့ စိတ္ေတြကို ေထြးပိုက္ၿပီး သူမကို ရင္ခြင္ဆြဲသြင္းမိသည္။

"ဟုတ္တယ္..တစ္ခါ ကိုယ့္အပိုင္ျဖစ္ဖူးရင္
တစ္သက္လံုး ကိုယ္အပိုင္ပဲ..တြန္းထုတ္ရင္ေတာင္ ဖက္တြယ္ထားမွာမို႔ ဘယ္ေတာ့မွ လႊတ္ေပးမွာမဟုတ္ဘူး ဆိုတာ သိထားေနာ္"

သူမကို ဖက္တြယ္ထားရင္း အသံေတြအနည္းငယ္ အဖ်ားခတ္ခ်င္ေနတဲ့ ဂ်ံဳးဂုေၾကာင့္ အံ့ၾသမိသည္။ သို႔ေပမဲ့ သူ႔ခံစားခ်က္ကို နားလည္တာမို႔ ပုခံုးေလးကို အသာပုတ္ၿပီး ႏွစ္သိမ့္မိေတာ့ ခံစားလြယ္ေနသည့္ ထိုလူသားမွာ တင္းၾကပ္စြာ ပို၍တိုးဖက္လာသည္။

"သိပါၿပီ..ငိုေတာ့ မငိုပါဘူးေနာ္..ဂ်ံဳးဂု"

သူမေျပာမိေတာ့ သေဘာက်စြာ ခပ္သဲ့သဲ့ေလး ရီ၍ ဖက္တြယ္ထားသည္ကို ေျဖေလ်ာ့ေပးလာတာမို႔ ေမာ့ၾကည့္မိေတာ့ သူမ စိုးရိမ္ေနသလို မငိုဘူး ဆိုေပမဲ့လည္း ​မ်က္ရည္
ေတြ ဝဲေနတဲ့ သူ႔ မ်က္လံုးေတြေၾကာင့္ ရင္ထဲ ခံစားလိုက္ရတာက တစ္မ်ိဳးတစ္မည္..။

ထိုလူသားက သိပ္ခ်စ္တတ္ခဲ့တာ....။

"မေျပာတတ္ဘူး..ကေလး ဒါေပမဲ့ ဒီေန့ေတာ့ ကိုယ္ မငိုခ်င္ေသးဘူး တကယ္ေပ်ာ္ရမယ့္ေန့က ရိွေသးတယ္"

"အြန္းပါ..ဒါေၾကာင့္ အျမန္ဆံုး..လက္ထပ္ရေအာင္ေနာ္"

သူမစကားေၾကာင့္ မ်က္ရည္ေတြဝဲေနၿပီးသား ခပ္ဝိုင္းဝိုင္း မ်က္လံုးပိုင္ရွင္ ဂ်ံဳးဂုခမ်ာမ်က္လံုးေတြ ျပန္စိုစြတ္လာတာမို႔ သူ မဖက္ခင္ သူ႔ရဲ့ရင္ခြင္ႀကီးထဲ သူမ အရင္တိုးဝင္လိုက္မိသည္။ ဟန္ခ်က္မညီျဖစ္ေနရွာတဲ့ သူ႔ႏွလံုးခုန္သံေတြကို ကပ္ၿပီး နားေထာင္ရတာေလာက္ ေအးခ်မ္းတာမရိွေတာ့ သူ႔ႏွလံုးသားပိုင္ရွင္က သူမမွန္း သိလို႔ထင္ပါရဲ့ ခုန္ေပါက္ေနတာမ်ား အျပင္ကို တိုးထြက္မတတ္။

အသက္ကို ျဖည္းျဖည္းရူပါလို႔ ဂ်ံဳးဂု ကိုျပန္ေျပာရတဲ့အထိ..အဲ့ဒီအခ်ိန္ထိ ခ်စ္ရတဲ့ လူသား ငိုခ်င္လက္တို႔ ျဖစ္​ေနဆဲ..တကယ္ပါပဲ..ခ်စ္ျခင္းေတြသာ ၿပိဳင္ရင္..သူက အၿမဲအႏိုင္ရသည္။

~ • ~ • ☘ • ~ • ~

"တကယ္..ေအးတာပဲေနာ္"

"အင္း..."

သံရွည္ဆြဲတဲ့ သူ႔အေျဖၾကောင့္ ငံု႔ၾကည့္လိုက္မိေတာ့ ေမွးစင္းေနတဲ့ သူ႔မ်က္ခြံေလးေတြကို ​ျမင္ေတြ့လိုက္ရတဲ့အခါ ၿပံဳးမိသည္။ သူမ ေပါင္ထက္ ေခါင္းအံုးကာ ခံုတန္းေလးမွာ လွဲေလွာင္း ဇိမ္ခံေနတဲ့ သူ႔မ်က္လံုးေလးေတြ အိပ္စက္ခ်င္ေနသလို ျဖစ္ေနေလၿပီ။ သူမ လက္ေလးေတြကိုေတာ့ ေနြးဖ်ဖ်နဲ႔ လႊတ္ထြက္သြားမွာစိုးသည့္အလား သူ႔ရင္ဘတ္အထက္မွာ အပ္ၿပီး ဆုပ္ကိုင္ထားဆဲ သူသည္ မ်က္လံုးေလးေတြ မိွတ္ထားတာေတာင္ သတိေတြနဲ႔။

ဟန္ျမစ္ႀကီးကို ေသခ်ာၾကည့္ရူႏိုင္တဲ့ကမ္းနားက ခံုတန္းေလးမွာပဲ အိမ္မျပန္ႏိုင္ၾကေသးတဲ့ ႏွစ္ၪီးသား အနားယူၾကရင္း ညေနဆည္းဆာ ေအးေအးေလးကို ျဖတ္သန္းမိသည္။

ေနဝင္တရီျဖစ္ေနတာေၾကာင့္
ျမစ္ေရေတြသည္ တလက္လက္နဲ႔....။

"အဲ့ဒါေၾကာင့္..ေရခဲမုန္႔ေလး ဘာေလး မဝယ္ေကြၽးခ်င္ဘူးလားဟင္"

"ေအးေနတာကို..ေအးတဲ့ဟာေတြ မစားရဘူး တျခားဟာ ျဖစ္ျဖစ္ ပူဆာပါလား Babe"

"ဒါဆိုလည္း..Fish Cake ေလး သြားဝယ္ခ်င္လို႔ စားလို႔ရတယ္မလား"

"ဘယ္မွာ"

"ဟိုးမွာ"

မနီးမေဝးက အေငြ့တေထာင္းေထာင္း ထေနတဲ့ တြန္းလွည္းနဲ႔ ေရာင္းေနတဲ့ ဆိုင္ေလးကို လက္ညိုးထိုးျပမိေတာ့ လွဲေနသည့္ သူက ထၾကည့္လာသည္။

"သြားဝယ္လိုက္ၪီးမယ္ေနာ္..ဂ်ံဳးဂု"

"ကိုယ္လည္း..လိုက္ခဲ့မယ္ေလ..Babe"

ထလိုက္ကာမွ သူမ လက္ေကာက္ဝတ္ေလးကို ဖမ္းဆြဲထားတဲ့ သူ႔က စိုးရိမ္လြန္တတ္တဲ့ သူမို႔ တစ္ခါတေလေတာ့ စိတ္မေကာင္းျဖစ္မိသည္။ ဘာမွမျဖစ္ေတာ့ဘူး ဆိုတာသိေစခ်င္လို႔..အစိုးရိမ္လြန္ေနတဲ့ သူ႔စိတ္ကို နည္းနည္းေလးပဲ ျဖစ္ျဖစ္ ကုစားေပးခ်င္တာမို႔ ႏွစ္သိမ့္ေပးဖို႔ သူမ ႀကိဳးစားေနရဆဲ။

"ရပါတယ္..ဒီကေနပဲ..ၾကည့္ေနခဲ့ပါလား နီးနီးေလးပဲကို...စိတ္မပူနဲ႔ေနာ္ Jungkook"

"ဒါဆိုလည္း..ျမန္ျမန္ျပန္လာခဲ့ေနာ္ Babe"

"ဟုတ္"

တကယ္လည္း နီးနီးေလးမို႔လို႔သာ စိတ္ေလ်ာ့ၿပီး တစ္ေယာက္တည္း သြားခြင့္ျပဳလိုက္တဲ့သူ႔ကို ခဏထားခဲ့ၿပီး သူမ အျမန္ ေျပးဝယ္လိုက္ရသည္ ၊ ျပန္လာတဲ့အခ်ိန္မွာေတာ့ ငါးအူေခ်ာင္းေလး သူ႔ဆီ ထိုးေပးၿပီး သူမမ်က္ႏွာခ်ိဳေသြးမိသည္။ လူရွင္းေနသည့္ ဆိုင္မွာေပမဲ့ မဆိုစေလာက္ေလး ၾကာသြားတဲ့အတြက္ သူ စိတ္အလိုမက်ျဖစ္သြားတာေၾကာင့္ပင္။

"ပူတယ္ေနာ္..ျဖည္းျဖည္းစားေနာ္ ဂ်ံဳးဂု ဟီး"

ဆူပုတ္ပုတ္နဲ႔ပဲ သူမထိုးေပးသည့္ ငါးအူေခ်ာင္းေလးကို မႈန္ကုတ္စြာ ကိုက္ဝါးသည့္ သူ႔ေၾကာင့္ပဲ ၿပံဳးလိုက္မိသည္။ စိတ္ဆိုးခ်င္ေယာင္ေဆာင္ တစ္စံုတစ္ေယာက္ကလည္း အခ်စ္ခံရတာကို သေဘာက်တယ္ထင္ပါရဲ့။

"ေနၪီး..ဒီဖက္ထုတ္ေလးပါ စားၾကည့္ အရသာရိွတယ္ သိလား"

အလ်င္စလို အိတ္ထဲက ထုတ္ၿပီး ပူပူေနြးေနြး
ခြံေကြၽးမိေတာ့လည္း စိတ္ဆိုးေနပံုရသည့္ မ်က္လံုးေတြနဲ႔ ခြံေကြၽးသမ်ွကို လက္ခံသည္။
မႈန္ကုတ္ေနေပမဲ့လည္း သူမ လုပ္သမ်ွ ၿငိမ္ခံေနသည့္ သူ႔ကို ဘာမွမေျပာမိေတာ့။ ကိုယ္တိုင္လည္း အခ်စ္ခံရတာသေဘာက်ေပမဲ့ မ်ားစြာေသာ ခ်စ္ျခင္းေတြ ေပးအပ္ခဲ့သည့္ သူ႔ကို အသံတိတ္ ေခ်ာ့ျခင္းနဲ႔သာ အခ်ိန္ေတြ ကုန္မွန္း မသိ ကုန္ဆံုးမိခဲ့သည္။

"ခဏေနရင္ ေနဝင္ေတာ့မယ္ ထင္တယ္
ခဏေနရင္ ျပန္ရေအာင္ေနာ္ ဂ်ံဳးဂု.."

Fish Cake ေလး စားရင္း ျဖတ္သန္းေနရတဲ့
ညေနဆည္းဆာေလးက သိပ္လွေပမဲ့ ေမွာင္လာရင္ေတာ့ မေမ့မေလ်ာ့ သတိေပးေလတဲ့ ေကာင္မေလးေၾကာင့္ ၿငိမ္ေနမိသည့္ သူဘယ္က စေျပာရမွန္း မသိ ျဖစ္သြားမိသည္။

"အာ..တကယ္ေတာ့ ဒီေန့ ကေလးနဲ႔အတူ ညေရာက္ရင္ မီးပန္းေတြၾကည့္ခ်င္လို႔ ဒီေခၚလာခဲ့တာ..ဒါေၾကာင့္ ဒီေန့ ညေရာက္တဲ့အထိ ဒီမွာ ေနရေအာင္ေနာ္"

"ဟင္..မျဖစ္ဘူးေလ!"

"ဂ်ီယြန္း"

ထင္ထားတဲ့အတိုင္း မ်က္လံုးေတြ ဝိုင္းခနဲ
ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ သူမ ျငင္းဆန္လာတာမို႔ ဂ်ီယြန္း လက္ကေလးေတြကို အျမန္ဖမ္းဆြဲထားမိသည္။

"ဘာျဖစ္လို႔လဲ..babe ေၾကာက္လို႔လား"

"သိ..သိရဲ့သားနဲ႔ရယ္"

"ဒါေပမဲ့..ဘာလို႔ ေၾကာက္ေနမွာလဲ babe
ကိုယ္ ေဘးမွာ အၿမဲ ရိွေနမွာပဲကို"

"ဒါေပမဲ့..ဂ်ံဳးဂု..ဘာမွမသိပါဘူး"

သူမေျပာမိေတာ့ အလိုမက်စြာ တြန္႔ခ်ိဳးသြားတဲ့ သူ႔မ်က္ေမွာင္ေတြေၾကာင့္ စိတ္ဆိုးသြားၿပီလားလို႔ ထင္မိလိုက္ေပမဲ့..ျခားနားစြာ။

"ကိုယ္မသိရင္လည္း..ကိုယ့္ကို ေျပာျပရမွာ မဟုတ္ဘူးလား..အခု ကိုယ့္ကို အကုန္လံုးေျပာျပလို႔ရေနၿပီပဲ ကိုယ့္တို႔ လက္ထပ္ေတာ့မွာပဲေလ..မဟုတ္ဘူးလား မၾကာခင္ တကယ့္ မိသားစုျဖစ္လာေတာ့မွာေလ..babe"

လက္ေတြကိုပဲ ေနြးေထြးစြာ ဆုပ္ကိုင္ထားေပးသည့္ သူ႔မ်က္ဝန္းေတြက တည္ၿငိမ္ေနေလ၏။ သူမရဲ့ အရာအားလံုးကို သူ႔ဆီ မွီခိုပါလို႔ ေျပာေနသေယာင္ေယာင္မို႔ ျငင္းဆန္ဖို႔
အားမရိွေတာ့ အေၾကာက္တရားေတြကို ေျဖေဖ်ာက္ေပးေနသည့္ ထိုလူသားရင္ဝယ္မွာ ျမန္ဆန္စြာ ခိုလႈံမိခဲ့သည္။

"တကယ္ေတာ့..ညေရာက္လာမွာကို ေၾကာက္
ေနခဲ့တာ အေမွာင္ေၾကာက္တတ္တာလည္း ပါေပမဲ့ ညေရာက္လာရင္ အဆိုးဆံုး ျဖစ္လာေတာ့မယ္လို႔ ခံစားရတဲ့ ခံစားခ်က္ႀကီးကို
တကယ္ ေၾကာက္တယ္..အဲ့ဒါက ကြၽန္မကို အေမွာင္ပိုေၾကာက္ေအာင္ လုပ္ေနသလိုပဲ"

"အဲ့ဒါ..ခံစားခ်က္ကို ကိုယ္က ေဖ်ာက္ေပး
မယ္ဆိုရင္ေကာ..အဲ့ဒီမ်ိဳး မခံစားရေတာ့ေအာင္ အၿမဲအနားမွာရိွေနေပးမယ္ေလ Babe"

"ဟို..ဒါေပမဲ့...Jungkook"

"အင္း..ေျပာပါ babe"

"အဲ့ေလာက္မလြယ္ဘူးေနာ္..ကြၽန္မက အလင္းေရာင္ေအာက္မွာ မရိွရင္ မေနတတ္ဘူးေနာ္..ေနာက္ၿပီး အေမွာင္ထဲလည္း တစ္ေယာက္တည္း မေနရဲသလို သြားလည္း မသြားရဲဘူး..​အဲ့ဒါကေရာဂါလိုမ်ိဳး ျဖစ္ေနတယ္ဆိုရင္ေတာင္ အဆင္ေျပရဲ့လား"

"ေျပတာေပါ့..babe"

"မင္းမွာ ဘာေတြပဲရိွရိွ ဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့..အဆင္ေျပတာမို႔ မစိုးရိမ္ပါနဲ႔ အေၾကာက္တရားေတြရိွတယ္ဆိုရင္ေတာင္ ကိုယ္က ကာကြယ္ေပးပါ့မယ္..အဲ့ဒါေၾကာင့္ ဘာကိုမွ မေၾကာက္ပါနဲ႔ေတာ့ေနာ္..babe"

"တကယ္လားဟင္..တကယ္ အဆင္ေျပတယ္ေပါ့"

"ဒါေပါ့ ​ကေလးေရာ..ကိုယ့္အနားမွာ..
အၿမဲရိွေနေပးႏိုင္တယ္ မဟုတ္လား.."

"ဟုတ္.."

သူ႔ ကိုယ္သင္းရနံ႔ကို ရူရိႈက္မိရင္းသာ
ေခါင္းၿငိမ့္ျပခဲ့မိတယ္။ အေၾကာက္တရားေတြရိွေနရင္ေတာင္ ကာကြယ္ေပးပါ့မယ္တဲ့..ယံုပါတယ္ သူ႔ ေဘးမွာ ရိွေနရရင္ အလံုၿခံဳဆံုးမို႔။

~~~

"မလွဘူးလား"

"လွတယ္"

အေဝးက ေရာင္စံုျဖာေနတဲ့ မီးပန္းလွလွေတြ
ကို ေငးၾကည့္ရတာ ၾကည္ႏူးစရာအတိ။ ေအးစိမ့္တဲ့ ညအေမွာင္ကို ေက်ာ္ျဖတ္ရတာ စိတ္
လႈပ္ရွားစရာေပမဲ့ လမ္းမီးတိုင္ထက္က လာတဲ့အလင္းတန္းေလးေတြပဲ အားအင္ေတြ
ေပးေနသလို။ သူ႔ပုခံုးေတြကို မွီတြယ္ထားရတဲ့ လံုၿခံဳမႈနဲ႔ သူ႔လက္ႀကီးႀကီးေတြထဲ ျမႇဳပ္
ေနေအာင္ ဆုပ္ကိုင္ေပးထားတဲ့ အေနြးဓာတ္
ကေလးသည္ အရာရာပင္။ အခုအခ်ိန္ေဘးမွာ သူသာ မရိွရင္ ထြက္ေျပးမိေနေလာက္မွာ..။

ညဘက္က်ရင္ ဒီေလာက္ အၾကာႀကီးထိ အျပင္မွာ မေနခဲ့ဖူးဘူးပဲ...

အလင္းေရာင္မရိွတဲ့ အေမွာင္ထုထဲ တမင္ ဝဲၾကည့္မိတဲ့အခါ ရုတ္တရက္ႀကီး ေလစိမ္းေတြ ျဖတ္တိုက္သြားသလိုပဲ ျမင္ကြင္းထဲ ေပၚလာသည့္ ပံုရိပ္ေတြေၾကာင့္ သူမ မ်က္လံုးေတြကို
ျမန္ဆန္စြာ မိွတ္ခ်လိုက္မိသည္။ က်စ္..သူရိွေနတာေတာင္ ေၾကာက္ေနမိတုန္းပဲ..

"ဂ်ံဳးဂု"

"ဟင္"

"ခ်မ္းတယ္..ဖက္ထားေပး"

သူ႔ရင္ခြင္ထဲမွာ စိတ္ေတြ အနည္းငယ္ ၿငိမ္းေအးသြားသလို လံုၿခံဳတဲ့ အရိပ္အာဝါသေအာက္ ခိုလႈံလိုက္ရသလို ခံစားမိလိုက္သည္။ မၿငိမ္တာက ႏွလံုးခုန္သံေတြ..မ်က္လံုးေတြ တင္းေနေအာင္
မိွတ္ထားမိလည္း မိဘေတြကို ျပန္ျမင္ရတာေလာက္ ဆိုးတဲ့ျမင္ကြင္းမ်ိဳး မရိွေတာ့။

"ေအးေနေသးလား..babe"

ခ်စ္ရသည့္ သူ႔အသံေၾကာင့္ ေယာက္ယတ္ခတ္ ေနသည့္ စိတ္ေတြလည္း တိခနဲ။ တုန္ရီေနသည့္ ႏွလံုးခုန္သံေတြ ၿငိမ္သြားရတာမို႔ သူ႔ကိုပို၍ တိုးဖက္ထားမိရင္း သူမ ၿပံဳးမိသည္။

"ဂ်ံဳးဂု"

"ဟင္.."

"ခ်စ္တယ္.."

သူ႔ကို ျပန္ၾကည့္မိတဲ့အခါ သူ႔ႏႈတ္ခမ္းပါးေတြ ေကြးၫႊန္႔သြားသလို မနက္ကလို သူ႔ရင္ခြင္ထဲ တင္းၾကပ္စြာ တဝႀကီး ဖက္ထားခံလိုက္ရျပန္သည္။

"ကိုယ္လည္း..ခ်စ္တယ္ Babe"

နားသယ္စပ္နားက အသံသဲ့သဲ့ေလးေၾကာင့္
ယားက်ိက်ိျဖစ္စြာ ၿပံဳးမိရင္း ေမႊးႀကိဳင္ေနတဲ့
သူ႔ရင္ခြင္ထဲ ျမႇဳပ္ေနေအာင္ မ်က္ႏွာအပ္လိုက္မိသည္။ မ်က္လံုး မိွတ္ထားလည္း
ေသြးသံတရဲရဲနဲ႔ ပံုရိပ္ေတြလည္း မျမင္ရေတာ့သလို ေခၚသံေအာ္သံေတြကို မၾကားရေတာ့သူမ ျမင္ေနရတဲ့ တစ္ခုတည္းေသာအရာက သူ႔ဆီက ေနြးေထြးတဲ့ အခ်စ္ေတြသည္သာ။

တကယ္..သူက ကြၽန္မရဲ့
တစ္ခုတည္းေသာ healingေလးပင္..။

.
.
.
.
.
.
.
.
~ • ~ • ☘ • ~ • ~
.
.
.
.
.
.
.
.

"ႏွင္းေတြေတာ့ မက်ဘူးပဲ"

မွန္ျပင္ႀကီးေတြရဲ့ အျပင္ဘက္ တစ္ေနရာကို လြမ္းေဆြးစြာ လွည့္ၾကည့္မိရင္း စိတ္ေလ်ာ့စြာ မ်က္လႊာခ်လိုက္မိသည္။ ဒါေပမဲ့..ႏွင္းက်လာမွ ထူးျခားတဲ့ ေန့ျဖစ္သြားတာမွ မဟုတ္တာ
ဒီေန့က သူမ အတြက္ အထူးျခားဆံုးေန့ပဲ။

သိပ္ကို​​​​ေပ်ာ္ေနမိတယ္..ဒီေန့က သူမ အတြက္ အေရးအႀကီးဆံုးေန့မို႔ အေပ်ာ္ရႊင္ရဆံုး ျဖစ္မယ့္ ေန့အျပင္ ခ်စ္ရတဲ့သူကို ပိုင္ဆိုင္ရမယ့္ေန့..ေတြးရင္းနဲ႔ေတာင္ စိတ္လႈပ္ရွားလာတာမို႔
ေၾကးမံုျပင္မွာ ထင္ဟပ္ေနတဲ့ ကိုယ့္ကိုကိုယ့္ျပန္ၾကည့္ကာ ၿပံဳးလိုက္မိသည္။

ကိုယ့္ကိုကိုယ္ ဝန္ခံရမယ္..
ဒီေန့ သူမ အလွဆံုး ျဖစ္ေနသလိုပဲ~

မွန္ထဲက သိပ္ကိုလွေနသည့္ အျဖဴေရာင္ သတို႔သမီး ပံုရိပ္ေလးေၾကာင့္ ကိုယ့္ကိုကိုယ္ ငံု႔ၾကည့္လိုက္မိရင္း ပ်ံ့လြင့္ေနသည့္ အေတြးေတြက မျမင္ရေသးေပမဲ့ ခဏေနရင္ လာေခၚေတာ့မည့္ သူ႔ေၾကာင့္ အခ်ိန္တမ်ွ စိတ္ေတြလႈပ္ရွားေနမိတာေတာ့အမွန္။ သူမတစ္ေယာက္တည္း မထိုင္ႏိုင္ေအာင္ စိတ္လႈပ္ရွားေနမိတာေတာ့ မဟုတ္ဘူးမလား...

ခ်စ္ရသူ လာအေခၚကို ထိုင္ေစာင့္ေနမိရင္းမဂၤလာအခ်ိန္နီးလာတာနဲ႔ အမ်ွ ရင္ေတြခုန္ျမန္လာတာနဲ႔ လက္ထဲက Peony ပန္းစည္း
ေလးကို ၾကည့္မိရင္း အနည္းငယ္ စိတ္ၿငိမ္ေစရန္အလိုငွာ သူမ နမ္းရိႈက္လိုက္မိတယ္။

သို႔ေပမဲ့ ပန္းရနံ႔ေဖ်ာ့ေဖ်ာ့ေလးက တည္ၿငိမ္ရမယ့္အစား ရင္ခုန္သံေတြကို ျမင့္တက္သြား
ေစသလို ပြင့္ဟလာတဲ့ တံခါးတစ္ခ်ပ္ေၾကာင့္
စိတ္ေတြ ပိုပိုတိုး၍ လႈပ္ရွားသြားမိသည္။

"Babe~"

လူမျမင္ရခင္ ပ်ံ့လြင့္လာသည့္ ခ်စ္ရတဲ့ သူရဲ့အသံေလး။ ထိုမွတဆင့္ ပြင့္ဟလာသည့္ တံခါးနဲ႔အတူ သူ႔မ်က္ႏွာေခ်ာေခ်ာကို ​ျမင္ေတြ့လိုက္ရတဲ့အခါ ရင္ထဲ အတိုင္းမသိ ေပ်ာ္ရႊင္သြားမိသည္။

"Jungkook"

"အင္း"

"ဒီေန့..အရမ္းေခ်ာေနတာပဲ"

"အာ..ကိုယ္အရင္ေျပာမလို႔ကို.."

သူ႔လက္ကေလးကိုင္ကာ အသာ ထလိုက္မိရင္း ေျပာမိေတာ့ ဂ်ံဳးဂုက ေရးေရးေလးၿပံဳးရွာသည္။ အၿပံဳးေတြက သူမနည္းတူ စိတ္လႈပ္ရွားလြန္းလို႔ ထိန္းေနရသည့္ပံုမ်ိဳး။

"အခုသြားရေတာ့မွာေပါ့ေနာ္"

"ဒါေပါ့..babeရဲ့"

ေျပာသာေျပာေနေပမဲ့ ႏွစ္ေယာက္သား ဘာလို႔မွန္းမသိ ရဲရဲေတာင္မၾကည့္ရဲက်။ ထြက္ဖို႔
တံု႔ဆိုင္းသြားမိသည့္ ႏွစ္ၪီးလံုး ခုန္ေပါက္ေနသည့္ ႏွလံုးသားေလး ၿငိမ္ဖို႔ အခ်ိန္တစ္ခုေတာ့ ေပးအပ္ေနရသည္။ အနာဂတ္ကို ေတြးၾကည့္မိရင္ ေပ်ာ္စရာေတြႀကီးပင္ မဟုတ္ေပ
လား..ထို႔အတူ ၿမဲစြာ ဆုပ္ကိုင္ထားဆဲ လက္ေတြကို ၾကည္ႏူးစြာ ငံု႔ၾကည့္မိရင္ေတာ့ ႏွလံုးခုန္သံေတြသည္ စည္းခ်က္က်သြားစြာအတိုင္းထက္အလြန္။

"စိတ္လႈပ္ရွားေနလား..Babe"

"အင္း"

"ကိုယ္ေရာပဲ"

မ်က္လံုးခ်င္းဆံုမိတဲ့အခါ ဒီအခိုက္အတန္႔ေလးေၾကာင့္ ဘယ္ေလာက္ေတာင္ ေပ်ာ္ေနမိလဲ ေျပာျပ​စရာပင္မလိုေတာ့။ တည္ၿငိမ္လွပါ
တယ္ဆိုတဲ့ သူ႔ခမ်ာလည္း မတည္ၿငိမ္ရွာေတာ့ စိတ္လႈပ္ရွားလြန္းလို႔ မ်က္လံုးေတြ မၿငိမ္ႏိုင္ျဖစ္ေနေလၿပီ။

"အခု..ကိုယ့္လက္ေမာင္းကို ဆုပ္ကိုင္လိုက္တာနဲ႔ ကိုယ္နဲ႔ တစ္သက္လံုး မခြဲတမ္း အတူေနသြားရေတာ့မွာေနာ္..Babe"

"အဲ့ဒီလိုဆိုရင္ေကာ..ကိုယ္နဲ႔ လက္ထပ္ႏိုင္မလား"

သြားခါနီး စိတ္လႈပ္ရွားစြာ လွည့္ေမးမိသည့္ သူ႔ေမးခြန္းေၾကာင့္ သူမက ၿပံဳးရင္း သူ႔လက္ေမာင္းကို ၿပံဳးရႊင္စြာ ခ်ိတ္ဆြဲလာတာမို႔ရင္ထဲ အတိုင္းမသိကို ေပ်ာ္ရႊင္သြားမိသည္။

"အဲ့ဒီလိုျဖစ္ခ်င္လို႔ကို လက္ထပ္မွာပါ...အဲ့ဒါေၾကာင့္ ကြၽန္မ အနားမွာပဲ အၿမဲတမ္း ရိွေနေပးပါေနာ္"

"ဟုတ္ပါၿပီ..babe"

ခ်စ္ဖို႔ေကာင္းသည့္..သူမ စကားေၾကာင့္ပဲ
ႏွလံုးသားတစ္ခုလံုး ေႂကြဆင္းသြားခဲ့မိသည့္
သူ႔အသက္ရူသံေတြရဲ့အေျခအေနကို ဘယ္သူမွသိလိုက္မည္မထင္..သူမစကားေၾကာင့္ပဲ လိုခ်င္တာ ရသြားတဲ့ ကေလးတစ္ေယာက္ထက္ေတာင္ ေပ်ာ္သြားခဲ့မိသည့္ သူက ႏွလံုးသားႏုစြာ ငိုခ်င္လက္တို႔ျဖစ္သြားခဲ့သည္ေလ....။

ဒီေန့ေတာ့ သူတကယ္ ဒီကေလးေၾကာင့္ပဲ
ငိုမိေတာ့မယ္ ထင္ပါတယ္.....ဟူး ။

~~~

တိတ္ဆိတ္ေနသည့္ ခန္းမ...။
ဟန္ခ်က္မညီသည့္ ႏွလံုးခုန္သံေတြနဲ႔ စိတ္လႈပ္ရွားမႈတို႔ အတူ ယွဥ္တြဲေနခဲ့သည့္ေနာက္ဆံုးအခ်ိန္မွာေတာ့ တစ္စံုတစ္ခုကို ႏွစ္ေယာက္လံုးအတူ ေစာင့္ဆိုင္းေနမိၾကသည္။

ထို႔အတူ ဒီေန့ကစၿပီး ျဖတ္သန္းရမည့္
သူတို႔ရဲ့ အနာဂတ္ကို ေမ်ွာ္ၾကည့္မိခဲ့ရင္း....။

"အခုအခ်ိန္ကေန စၿပီး အၾကင္လင္မယားအျဖစ္ ေၾကညာလိုက္ပါတယ္~"

မဂၤလာခန္းမအတြင္း ပ်ံလြင့္လာသည့္ ဖာသာ၏ စကားသံ..သူကို ၾကည့္မိေတာ့ျမတ္ႏိုးမႈေတြ ျပည့္ႏွက္ေနတဲ့ မ်က္ဝန္းေတြနဲ႔မို႔ သူ႔ကို ၾကည့္မိရင္း သူမ ပိုေပ်ာ္သြားခဲ့မိသည္။

"ကဲ..သတို႔သားနဲ႔ သတို႔သမီး အၾကင္နာ
ေပးလို႔ရပါၿပီ.."

ဖာသာရဲ့စကားအဆံုးမွာ သူမ ေမးဖ်ားေလး အသာဆြဲေမာ့ကာ ေနြးလ်၍ ခ်ိဳျမေသာ
အၾကင္နာေတြ ထိကပ္ေႁခြခ်လိုက္ေလတဲ့သူ။ထိုအခိုက္အတန္႔ေလးေၾကာင့္ပဲ ေပ်ာ္ရႊင္မႈ
ေတြ ျပည့္ႏွက္သြားမိကာ ႏွလံုးသားတစ္ခုလံုး
ေအးျမသြားမိသည္။

ျဖတ္သန္းလွတဲ့ ဘဝတစ္ေလ်ွာက္လံုးမွာ
ထိုအခ်ိန္သည္အလွပဆံုးအခ်ိန္ ျဖစ္ခဲ့တယ္။
အခ်စ္ရဆံုးသူကို ပိုင္ဆိုင္လိုက္ရတဲ့ အခိုက္အတန္႔ထက္ ေပ်ာ္ဖို႔ေကာင္းတာ ဘာမ်ားရိွၪီးပါ့မလဲ..သူ..မွန္တယ္..ရင္ထဲ ေလာကႀကီး တစ္ခုလံုးကို အပိုင္စားရလိုက္သလိုပဲ။

ဒီအမ်ိဳးသားကို ပိုင္ဆိုင္လိုက္ရၿပီ ဆိုတဲ့ အသိက ႏွလံုးသားနဲ႔မဆန္႔ေအာင္
အထိ သိပ္ၾကည္ႏူးဖို႔ေကာင္းလြန္းတယ္...။
အရင္ကတည္းကလည္း ခ်စ္တယ္..အခုလည္း သိပ္ခ်စ္တာမို႔ အၿမဲတမ္း အတူရိွေနရေတာ့ရေတာ့မည့္ အနာဂတ္ကို ေတြးမိရင္ သူ႔ကို ဖက္ထားမိမတတ္ကို ျမတ္ႏိုးရသည္။

အခုလည္း ငိုခ်မိမတတ္..ေပ်ာ္လြန္းလို႔ သူ႔ရဲ့
လက္ကိုသာ တင္းတင္းသာ ဆုပ္ကိုင္ထားမိတယ္။ သူ႔ကို ဒီေလာက္ထိ ခ်စ္ေနတာမိတာေၾကာင့္ ကိုယ့္ကိုကိုယ္ေတာင္ မယံုႏိုင္ေတာ့။

"ဂ်ီယြန္း"

"ဟင္.."

"မငိုရဘူးေနာ္..မင္းငိုရင္ ကိုယ္ပါလိုက္ငိုမွာ.."

သူ႔စကားေၾကာင့္ မေနႏိုင္ေတာ့ ရီလိုက္မိသည္။ ဆို႔တက္လာတဲ့ မ်က္ရည္ေတြေတာင္ ျပန္ဝင္သြားသလိုပဲ။ ဆို႔တက္လာတဲ့ၾကည္ႏူးမႈေတြကို ေပ်ာ္ရႊင္မႈေတြ အခ်စ္ေတြအျဖစ္သာ ကူးေျပာင္းသြားေအာင္ အရိပ္တၾကည့္ၾကည့္ ဂရုစိုက္တတ္တဲ့ သူက သိပ္ခ်စ္ဖို႔ေကာင္းလြန္းသည္။

"အခု..လက္ထပ္ၿပီးသြားၿပီေပါ့ေနာ္"

"အင္း..ကိုယ္တို႔ လင္မယားျဖစ္သြားၿပီ
ကိုယ္တို႔ အၿမဲတမ္း အတူရိွေနရေတာ့မွာ babe"

"အဆင္ေျပရဲ့လား..သူမ်ားကို မငိုနဲ႔ေျပာၿပီး
ဂ်ံဳးဂု အရင္ငိုေတာ့မယ္ ထင္တယ္"

"မေျပဘူး..ကေလး အခု အရမ္းေပ်ာ္ေနတာကို မနည္းထိန္းထားရတယ္..ဖာသာ မသြားေသးလို႔"

သူ႔စကားေၾကာင့္ ခန္းမဆီ ေဝ့ဝဲၾကည့္မိေတာ့
ဖာသာကို တံခါးဝမွာ ရပ္ၿပီး ျပန္လိုက္ပို႔ေနတဲ့
အတြင္းေရးမွဴးခြၽဲနဲ႔ အတူ ေတြ့လိုက္ရသည္။

"အခု..သြားၿပီထင္တယ္ အျပင္ေရာက္သြားပါၿပီ"

"ဒါဆိုလည္း..အခု လြတ္လြတ္လပ္လပ္ ေပ်ာ္လို႔ရၿပီေပါ့"

"အေမ့..! Jungkook!"

ရုတ္တရက္ႀကီး ေကာက္ေပြ့ကာ ေမြ့ယမ္း
ပစ္ လိုက္တဲ့ ဂ်ံဳးဂုေၾကာင့္ ကမ႓ာႀကီး
ခ်ာခ်ာလည္းသြားသလို ခန္းမႀကီးတစ္ခုလံုး
ရယ္သံေတြနဲ႔သာ ျပည့္ႏွက္သြားမိသည္။

မႈန္ေနေအာင္ လွသေလာက္ လူသူမရိွသည့္ခန္းမ။ စင္ျမင့္ထက္မွာ ျပင္ဆင္ထားသည့္ပန္းေလးေတြကသာ သူမတို႔ကို ၾကည္ႏူးစြာ
ၿပံဳးၾကည့္ေနခဲ့သလို...ႏွစ္ေယာက္တည္းသာရိွၿပီး အျမန္ဆံုး လက္ထပ္လိုသည့္ ဆႏၵအရ အက်ဥ္းခ်ဳပ္စီစဥ္ခဲ့သည့္ မဂၤလာပြဲေလးက ထိမ္းျမႇားလက္ထပ္ေပးသည့္ ဖာသာမွလႊဲ၍ တက္ေရာက္ ဂုဏ္ျပဳမည့္ သူမရိွ။ လက္ခုပ္သံ ခ်ီးျမႇင့္မယ့္ ဧည့္သည့္မရိွေပမဲ့လည္း တစ္​ေယာက္ကို တစ္ေယာက္သာ အလိုအပ္ဆံုး ျဖစ္သည့္ ႏွစ္ေယာက္အတြက္ ႏွစ္ေယာက္သားတည္းသာရိွသည့္ ကမ႓ာႀကီးက ျပည့္စံုတာထက္ကို ပိုပါသည္။

တက္ေရာက္ ဂုဏ္ျပဳမည့္ မိဘေတြမရိွတာကသာ ေတြးစရာျဖစ္ခဲ့ေပမဲ့ ႏွစ္ေယာက္စလံုးသည္ ရင္ထဲမွာ ဆံုးရႈံးထားၿပီးသား ကြက္လပ္ေတြကိုယ္စီနဲ႔ တူညီသည့္ထိုကြက္လပ္ေလးေတြကိုသာ အခ်င္းခ်င္း အခ်စ္ေတြနဲ႔ ျဖည့္ဆည္းေပးခဲ့ၾကတာမို႔ ခ်စ္ျခင္းေမတၲာသည္ဘယ္ေလာက္ထိ အံ့ၾသဖို႔ ေကာင္းခဲ့သလဲနာက်င္မႈေတြ ျဖစ္ေနသည့္ အခိုက္အတန္႔ေတြကိုေတာင္ အမွတ္တရေတြ အျဖစ္ ရေအာင္ ေျပာင္းေပးသြားႏိုင္သည္ေလ။

"ေတာင္းပန္ပါတယ္..ႏွင္းေတြ က်မလာလို႔"

"ဟင္..ဘာလို႔လဲ ဒါေတာင္းပန္စရာမွမဟုတ္တာ..အခ်ိန္မတန္ေသးလို႔ ေနမွာပါ"

"ဒါေပမဲ့..​မင္း ေမ်ွာ္ေနခဲ့တာေလ..babe"

"စိတ္မပူပါနဲ႔ ႏွင္းမက်ေပမဲ့လည္း ဒီေန့က အေပ်ာ္ဆံုးေန့ပဲကို..ႏွင္းက်ရင္သာ အတူတူၾကည့္ၾကမယ္ေနာ္"

"အင္း..ကိုယ့္အတြက္လည္း
အေပ်ာ္ဆံုးေန့ပါပဲ babe"

သူ႔လည္တိုင္ကို ဆြဲဖက္ထားမိရင္း ၿပံဳးမိသည္။ ႏွစ္​ေယာက္တည္းသာရိွသည့္ ဘဝမို႔ အနာဂတ္ကို ေတြးၾကည့္မိရင္ ေန့ရက္ေတြတိုင္းက အေပ်ာ္ရႊင္ရဆံုးျဖစ္လာေတာ့မွာပါ။

"အဟမ္း"

ဂ်ီယြန္းကို ေအာက္ျပန္ခ်ေပးအၿပီး စကၠန္႔အျခားမွာတင္ ဘယ္ကမွန္းမသိ ထြက္ေပၚလာေသာ ေခ်ာင္းဟန္႔သံ။ အသံလာရာကို ႏွစ္ေယာက္သား လွမ္းၾကည့္မိေတာ့ ခန္းမတံခါးကို အသာ ဆြဲဟၿပီး ထြက္လာေသာ ေဆာ့ဂ်င္ေဟ်ာင္းကို ျမင္လိုက္ရသည္။

"အာ..ေဟ်ာင္း"

"ေအး"

"မလာလည္း..ရပါတယ္ဆိုတာကို"

အသစ္သစ္စက္စက္ ဇႏွီးေမာင္ႏွံရိွရာဆီ စင္ျမင့္ထက္ကို တက္လိုက္မိတာနဲ႔ တိုးတိုးေလး
ဆီး၍ ေျပာေသာ ညီျဖစ္သူေၾကာင့္ သက္ျပင္းသာ အသာခ်မိသည္။ ဒီကေလးက အစ္ကိုေတြဆီ ဖိတ္ေတာ့ဖိတ္ေပမဲ့ ဖိတ္လည္း မဖိတ္သည့္ မလာလည္း ရတယ္ေနာ္ ဆိုကာ သူ႔ဆီက မိသားစုဝင္ လာတာနဲ႔ မိသားစု မရိွသည့္ သူ႔ဇနီး အားငယ္သြားမွာကို စိုးရိမ္ေနရွာသူ။

အခုေတာင္ သူ႔ေကာင္မေလးဆီ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ်ီယြန္းကျဖင့္ သူနဲ႔ တျခားစီ သူလာတာနဲ႔ မ်က္လံုးေလးေတြလက္လို႔။ ၾကည့္ပါလား..ဘယ္သူမွ မလာမွ ပိုအားငယ္ေနမွာ မဟုတ္ဘူးလား...ဒီကေလး စိုးရိမ္လြန္တာကလည္း တကယ္ တလြဲေတြ။

"သိတယ္..အခုက မင္းဆီလာတာ မဟုတ္တာငါ့ခယ္မဆီ ငါလာတာေလ..ဖယ္"

ေျပာခ်င္ေပမဲ့ လြဲေနရင္ သူ႔ထက္ ပိုထိေရာက္ေအာင္ တည့္မတ္ေပးမည့္ သူရိွေနတာမို႔ မေျပာျဖစ္ေတာ့..တပ္လာသည့္ မ်က္မွန္ကိုင္း
ေလးကို ပင့္္တင့္ကာ တစ္ခ်က္သာ ေစာင္းၾကည့္မိသည္။

"လက္ထပ္ပြဲအတြက္..ဂုဏ္ျပဳပါတယ္..ဂ်ီယြန္း ညီမေလး ေတာ္ခ်င္ခဲ့တာ..အခုေတာ့ခယ္မပါျဖစ္သြားခဲ့ၿပီ"

"ဟီး..ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္..အိုပါး
အာ..အခု ခဲအိုလို႔ ေခၚရေတာ့မယ္ထင္တယ္ ေက်းဇူးတင္ပါတယ္ ခဲအို"

"မင္းကိုလည္း ဂုဏ္ျပဳပါတယ္..ငါ့ညီ
စြံရံုမက လက္ပါထပ္သြားႏိုင္ခဲ့လို႔..."

"လုပ္ၿပီ.."

ေဆာ့ဂ်င္အိုပါးရဲ့ ဂုဏ္ျပဳစကားေၾကာင့္ ျပဴးၾကည့္ရင္း မ်က္ႏွာ မဲက်သြားျပန္ေလတဲ့သူ။ ကေလးေတြလို ျဖစ္ေနတဲ့ ညီအစ္ကိုႏွစ္ေယာက္ကို ၾကည့္ရင္း ဘာလို႔ရီခ်င္ေနမိမွန္း မသိပါ။

"aigoo..အမွန္အတိုင္း..ေျပာတာကို စိတ္ဆိုးတတ္လိုက္တာ..ဒါေၾကာင့္ မင္း ငါတို႔ထဲမွာ ေနာက္ဆံုးမွ လက္ထပ္ရတဲ့ သူျဖစ္ေနတာ
ေတာ္ေသးတယ္ ဒီေလာက္ ေဒါသထြက္ႏိုင္တဲ့ မင္းကို ခ်စ္တဲ့မိန္းကေလးရိွေနလို႔.."

သူ႔စကားအဆံုးမွာ ဂ်ီယြန္းဆီက တိုးတိုးေလး
ႀကိတ္ရီသည့္ အသံေလး ၾကားလိုက္ရသလို
ညီျဖစ္သူသည္လည္း သူ႔ေကာင္မေလးၿပံဳးတာ ျမင္ရမွ စိတ္သက္သာရသြားသည္ ထင္ပါရဲ့။

"ဘာပဲျဖစ္ျဖစ္ ေရာက္လာေပးတာ..ေက်းဇူးတင္ပါတယ္ ေဟ်ာင္း"

"ငါေျပာသားပဲ..ငါေရာက္လာရင္
ဂ်ီယြန္းက ပိုၿပီး ဝမ္းသာမွာပါလို႔"

"အဲ့ဒါေၾကာင့္..ေက်းဇူးတင္ပါတယ္လို႔"

"အခု..လက္ထပ္လိုက္ၿပီဆိုေတာ့ အစ္ကိုတစ္ေယာက္အေနနဲ႔ ေထြေထြထူးထူးေတာ့ မွာစရာေတာ့ မရိွပါဘူး..မင္းလည္း သိမွာပါ"

"........"

"ဂ်ီယြန္းကို ေစာင့္ေရွာက္ေနာ္..Jungkook
အရင္ကထက္ပိုၿပီး ဂရုစိုက္..ဘာျဖစ္ျဖစ္ ေပ်ာ္ေအာင္ထား..မင္းအတြက္ေတာ့ ႏွစ္ေယာက္မရိွတဲ့ မိန္းကေလးေနာ္"

"ကြၽန္ေတာ္..သိပါတယ္ ေဟ်ာင္း"

ေျပာလည္းေျပာ သူမလက္ကို ဆုပ္ကိုင္လိုက္တဲ့ ဂ်ံဳးဂုေၾကာင့္ ရင္ထဲ ေနြးခနဲ။ သူ႔ညီအေျဖ
ကို ၾကည့္ၿပီး ေဆာ့ဂ်င္အိုပါးကေတာ့ ဂုဏ္ယူစြာ ၿပံဳးၾကည့္ေနရွာသည္။

"ခယ္မေလးကေတာ့..အမ်ားႀကီး သိတတ္တာမို႔ သိပ္ေတာ့ မွာစရာမရိွပါဘူး ဒါေပမဲ့
ဂ်ံဳးဂု ကို အမ်ားႀကီး ေစာင့္ေရွာက္ေပးပါၪီး..သူက အရင္က အေတာ္ဆိုးေပမဲ့ ဂ်ီယြန္းကပဲ ေျပာင္းလဲေပးခဲ့တာမို႔ အဲ့ဒါေၾကာင့္ သူတစ္ခုခုျဖစ္ခဲ့ရင္လည္း သည္းခံၿပီး ဂရုစိုက္ေပးပါ မဟုတ္ရင္လည္း အိုပါးဆီ လာတိုင္လို႔ရတယ္ေနာ္ ဂ်ီယြန္း"

"ဟုတ္..ေက်းဇူးတင္ပါတယ္ အိုပါး ကြၽန္မ
ဂ်ံဳးဂုကို ေသခ်ာေပါက္ ေစာင့္ေရွာက္ပါ့မယ္"

စကား အသံုးအႏႈန္းေၾကာင့္ ေဆာ့ဂ်င္ ၿပံဳးမိသည္။ ေဆးရံုမွာ စေတြ့ခဲ့တုန္းက ဂ်ီယြန္းကိုေတာင္ အမွတ္ရသြားမိသလိုပဲ..ဘာမွေသခ်ာမသိေပမဲ့ ဒီတစ္ခုေတာ့ သူေသခ်ာခဲ့တယ္ေလ ညီျဖစ္သူကို ကာကြယ္ဖို႔ အမ်ားႀကီး ႀကိဳးစားခဲ့တဲ့ မိန္းကေလးမဟုတ္လား...

ေတြးၾကည့္မိေတာ့လည္း အံ့ၾသရသည္။ ဂ်ီယြန္းက အရင္ကတည္းက ညီျဖစ္သူထက္ေတာင္ ပိုခ်စ္တတ္ခဲ့သလိုပါပဲ.....။

"ဒါဆို ေဟ်ာင္း အလုပ္ေလးရိွလို႔ သြားေတာ့မယ္..ႏွစ္ေယာက္လံုး လက္ထပ္ပြဲအတြက္ ဂုဏ္ျပဳပါတယ္ ေနာက္မွ မိသားစုအျဖစ္နဲ႔ ညစာအတူစားၾကတာေပါ့"

"Nae..အိုပါး"

"လိုက္မပို႔ေတာ့ဘူးေနာ္..ေဟ်ာင္း
လိုက္ပို႔လို႔လည္း မရလို႔"

"ေအးပါဟ"

ေဆာ့ဂ်င္အိုပါး ျပန္သြားၿပီးေနာက္မွာေတာ့
ခ်စ္လွစြာေသာ သူ႔ကို ျပန္ၾကည့္မိသည္။ ခုနကတည္းက သိခ်င္ေနတာ..သူ႔မွာ ေဆာ့ဂ်င္အိုပါးလိုမ်ိဳး မိသားစုဝင္ရိွေသးတာပဲ..။

"ဟိုေလ..ခုနက ငါတို႔ထဲမွာ ဆိုေတာ့
ဂ်ံဳးဂုမွာ အစ္ကို ရိွေသးတာလား"

"အင္း..ကိုယ္က အငယ္ဆံုးေလ babe"

"Oh..အငယ္ဆံုးဆိုေတာ့ အစ္ကိုေတြရဲ့
အူၾကဴးေလးျဖစ္ေနမွာပဲ..ခ်စ္ဖို႔ေကာင္းလိုက္တာ"

သူမစကားေၾကာင့္ ေကြးၫႊန္႔သြားသည့္
အၿပံဳးေရးေရးေလး တစ္စံုနဲ႔အတူ သူမ လက္ဖဝါးေလးကို ဆုပ္ကိုင္ကာ သူ႔ပါးျပင္ထက္ အသာအယာ ထိကပ္ေစသည္။

"အားနာမိတယ္..babe ကိုယ္သာ မာဖီးယား တစ္ေယာက္ မဟုတ္ပဲ ရိုးရိုးတန္းတန္း သာမန္လူသာ ျဖစ္ခဲ့ရင္ မိသားစုေတြ ဧည့္သည့္ေတြနဲ႔ သိုက္သိုက္ဝန္းဝန္း လက္ထပ္ခဲ့ရေလာက္မွာ ကိုယ့္ကလည္း ကေလးကို ကိုယ့္မိန္းမပါဆိုၿပီး လိုက္ႂကြားေနမိမွာပဲ..အခုေတာ့ ကိုယ့္ ပတ္ဝန္းက်င္ေၾကာင့္ အခုလိုမ်ိဳး တိတ္တိတ္ဆိတ္ဆိတ္ လက္ထပ္ခဲ့ရတယ္
အဲ့တာေၾကာင့္ အားနာပါတယ္..babe"

"ဂ်ံဳးဂုက...သိပ္ခ်စ္တတ္တာပဲ"

"အဟက္..ဘာရယ္"

မထင္မွတ္ထားသည့္ ဂ်ီယြန္း စကားေၾကာင့္ အံ့ၾသသြားမိသလို ခုနကစိတ္ေတြေတာင္ ၾကက္ေပ်ာက္ဌက္ေပ်ာက္...။

"ဘာလို႔...အားနာေနရတာလဲ..မသိဘူးလား
ကြၽန္မက ဂ်ံဳးဂု တစ္ေယာက္တည္း ရိွတာနဲ႔ တင္ ျပည့္စံုတာပဲကို..."

သူ႔ရင္ခြင္ထဲ တစ္ဖန္ ျပန္တိုးဝင္လာရင္း ရင္ဘတ္ကေလးေပၚ ေမွးတင္ၿပီး ေျပာသည့္
ဂ်ီယြန္း မ်က္ႏွာေလးေၾကာင့္ပဲ စမ္းေရေတြ စီးဆင္းသြားသလို ေအးခ်မ္းသြားမိသည္။

ၿပံဳးၾကည့္ေနတာမွ သူ႔ခါးေတြကို သိုင္းဖက္ရင္း လွလွေလးကို ၿပံဳးၾကည့္ေနခဲ့တာ...။

"ကိုယ့္အတြက္လည္း..မင္းရိွေနတာနဲ႔တင္
ျပည့္စံုပါတယ္..babe"

"ဒါဆို..ဘာလို႔ ေလ်ွာက္ေတြးေနရတာလဲ
ဒီလိုမ်ိဳး ႏွစ္​ေယာက္တည္း အတူရိွရတဲ့
ရိုးရိုးရွင္းရွင္းေလးက ပိုအဆင္ေျပတာကို
ေနာက္ဆို ေလ်ွာက္မေတြးပါနဲ႔"

"အင္းပါ..ကေလးရယ္"

ကပ္တိုးေလးဆူမိေတာ့ ျပန္ဖက္တြယ္လာသည့္ သူ႔ေၾကာင့္ ရင္ထဲေနြးခနဲ။ သိပ္ခ်စ္တတ္တဲ့သူ႔ကို ေသခ်ာေပါက္ ဆုေပးရမွာေပါ့။

"ေနာက္ၿပီး..ဂ်ံဳးဂု သိလား ကြၽန္မ ေမေမကေလ ေဖေဖ့ကို အၿမဲ ခ်စ္စႏိုးနဲ႔ နာမည္ေလး အဖ်ားဆြတ္ၿပီး ေခၚတတ္တယ္သိလား"

"ကေလး..မိဘေတြကလား"

"အြန္း..Omma ကို အားက်တာမို႔..အဲ့တာေၾကာင့္ ကြၽန္မလည္း ဂ်ံဳးဂုကို"

"ဒီေန့ကစၿပီး..Jeon လို႔ပဲ ေခၚေတာ့မယ္ေနာ္"

ျပန္ေျဖသံ ထြက္မလာတာမို႔ ေမာ့ၾကည့္မိေတာ့ အံ့ၾသေနပံုရတဲ့ မ်က္လံုးဝိုင္းဝိုင္းေတြက ခ်စ္စရာေတာ့ေကာင္းေလသား။

"ေခၚလို႔ရတယ္မလား.."

"အဟက္..သိပ္ရတာေပါ့..babe ကိုယ္က ပိုလို႔ေတာင္ ႀကိဳက္​​ေသးတယ္.."

"ဒါဆို ရပါၿပီ..အာ ဒါနဲ႔ေလ..ဂ်ံဳးဂု"

"ဘာလဲ..ကေလး"

"မ်က္ခံုးနားမွာ ဘာႀကီးကပ္ေနတာလဲ
မသိဘူး..ၾကည့္ေပးမယ္ နည္းနည္းငံု႔"

"ဟင္..ဘာႀကီးလဲ..?!"

သူ႔အရပ္ေၾကာင့္ သူမေရ႔ွကို ငံု႔​ေပးလိုက္တဲ့အခ်ိန္မွာ နဖူးျပင္ဟာ ေနြးခနဲ။ သူ႔ပါးျပင္ေတြကို လက္နဲ႔ အသာအုပ္ကိုင္ၿပီး နဖူး​ထက္သို႔ ျမတ္ႏိုးစြာ နမ္းရိႈက္လိုက္သည့္ ဂ်ီယြန္းေၾကာင့္ ရင္ေတြလည္း ဒိန္းခနဲ ျဖစ္သြားသလို မ်က္လံုးေတြပါ ျပဴးက်ယ္သြားမိသည္။

"ခ်စ္တယ္..Jeon"

သူ႔ရင္ခြင္ထဲက သူမကိုေတာင္ ျပန္မဖက္ထားႏိုင္ေတာ့ ထိုစကားေလးတစ္ခြန္းနဲ႔တင္ စိတ္ေတြဟာ လြင့္ခနဲ။ အသက္ရူသံေတြ ရပ္တန္႔သြားတယ္..အခ်ိန္ေတြရပ္တန္႔သြားသလိုရင္ခြင္ထဲ အေနြးဓာတ္ေလးကို ၾကည့္ရင္း သူ႔မွာ မယံုႏိုင္ေတာ့..ျပန္သတိဝင္လာမိတဲ့အခ်ိန္မွာေတာ့ မ်က္လံုးေထာင့္ကေန မ်က္ရည္စီးေၾကာင္းေလးပါ က်ဆင္းသြားမိသည္။

သူမ သူ႔ကို တကယ္ခ်စ္တယ္ ဆိုတာသိေပမဲ့..တစ္ေန့က်ရင္ သူမ ဒီေလာက္ထိ သူ႔ကို ျပန္ခ်စ္လိမ့္မယ္လို႔ေတာ့ တစ္ခါမွ မေတြးခဲ့ဖူးဘူး....ခုေတာ့ babeရယ္။

ခ်စ္ျခင္းေတြက တကယ္ပဲ
ေရာင္ျပန္ဟပ္တတ္ခဲ့တာလား...။

"အင္း..ကိုယ္လည္း အရမ္းခ်စ္တယ္ေနာ္..ကေလး"

ဒါက..ကိုယ္တစ္သက္လံုး ေတာင့္တခဲ့ရတဲ့
ခ်စ္ျခင္းေတြသာဆိုရင္ ကိုယ္ဆုေတာင္းမယ္။ နတ္သား နတ္သမီးေတြကိုေတာ့ မယံုေပမဲ့လည္း ဒီခ်စ္ျခင္းေတြ ထာဝရ တည္ၿမဲဖို႔..မင္း..လက္ကေလးကို ကိုယ္ တစ္သက္လံုးဆုပ္ကိုင္ထားႏိုင္ဖို႔နဲ႔ မင္းကိုယ့္ကို အၿမဲခ်စ္ဖို႔။

ဆုေတာင္းသံေလးေတြသည္ ခပ္တိုးတိုး။
မ်က္ရည္စီးေၾကာင္းေတြသည္ တိတ္တိတ္က​ေလး..ဝမ္းသာလြန္းလို႔ ငိုလို႔ငိုေနမွန္းမသိေအာင္ ရင္ခြင္ထဲက ကေလးကို ပို၍ မလႊတ္တမ္း တိုးဖက္မိရင္း လက္ကေလးေတြပါ မသိမသာ တုန္ရီေနမိသည္။

ေသခ်ာတာကေတာ့..
သူေပ်ာ္လြန္းလို႔ပဲ ျဖစ္ခဲ့မွာပါ..။

သို႔ေပမဲ့ အရိပ္အကဲခတ္ျမန္တဲ့ သူမက ရိပ္မိ၍ အံ့ၾသစြာ ေမာ့ၾကည့္လာသည္က မ်က္လံုးဝိုင္းေလးေတြနဲ႔ ေပ်ာ္လြန္းလို႔ေသေသသပ္သပ္ပင္ စီးက်ေနသည့္ သူ႔မ်က္ရည္စီးေၾကာင္းေတြကို ဘာမွမေျပာပဲၿပံဳးၿပီး လိုက္သုတ္ေပးေနတာမို႔ ခ်စ္ျမတ္ႏိုးစြာ ငံု႔ၾကည့္မိရင္း သူမ မ်က္ခြံေလးေတြကိုမွ ၪီးတည္ၿပီး ျမတ္ႏိုးစြာ ခပ္ဖြဖြေလး နမ္းရိႈက္မိသည္။

ဘယ္တုန္းထဲက စခ်စ္ခဲ့တာလဲလို႔ သူမက ေမးခဲ့ရင္ ျမင္ျမင္ခ်င္းခ်င္း ခ်စ္ခဲ့မိတာလို႔ ေသခ်ာေပါက္ ေျဖမိမွာ..ႏွလံုးသား တစ္ခုလံုး နစ္ေနေအာင္ ခ်စ္သြားခဲ့မိတဲ့ ဒီခ်စ္ျခင္းေတြရဲ့ အစျပဳရာက ဒီမ်က္လံုးေလးေတြေၾကာင့္ေပါ့။

တကယ္ဘာမွမလိုပါဘူး..ကိုယ့္ဘဝမွာ မင္းတစ္ေယာက္တည္းရိွတာနဲ႔တင္ ရပါၿပီ Babeရယ္..။

~~~

Thanks for reading...။

Hello! Long time no see 👀💙

တစ္လေက်ာ္ေအာင္အထိ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေပ်ာက္သြားခဲ့အၿပီး ျပန္ေပၚလာပါၿပီရွင့္ hee ><

~~~

Comment