[ 19 ]

[ Unicode ]

မနက်ကျတော့ သူပြောထားတဲ့အတိုင်း
အဝတ်တွေ ထည့်လျှော်ဖို့လုပ်ရင်း နေ့လည်ကသူဝတ်ထားတဲ့ နှုတ်ခမ်းနီရာနဲ့ ရှပ်အင်္ကျီ
ဖြူကို တွေ့လိုက်ပြန်တော့ စိတ်ထဲ ကသိ
ကအောက် ဖြစ်ရပြန်ပြီး အင်္ကျီကို အရင်ဘဝ
က ရန်သူတွေလိုမျိုး စိုက်ကြည့်နေမိတယ်..။

ကြည့်ကြည့်ရင်း မုန်းလိုက်တာ....

ဒီဟာက ဘာမို့လို့ ကျွန်မငိုရတဲ့အထိ
ဖြစ်သွားပြန်တာလဲ...အပူလောင်တယ်ဆိုတဲ့
အကြောင်းပြချက်နဲ့ ငိုမိပေမဲ့လည်းတကယ်
တမ်း ဒီနှုတ်ခမ်းနီရာကစသည့် ကြေကွဲခြင်းတွေမို့ စိတ်ထဲအခဲမကြေ ၊ ကိုယ့်ကိုယ်ကိုယ် ဘာဖြစ်နေသလဲ မသိတဲ့မကျေနပ်တာတွေနဲ့ ရောပြီး စိတ်တိုလာကာ အင်္ကျီကို ခပ်မြန်မြန်ပဲ အဝတ်လျှော်စက်ထဲပစ်ချလိုက်မိသည် ။

မနေ့က သူနဲ့ နေ့လည်စာစားဖို့ကတော့
မ​ဖြစ်မြောက်ခဲ့ပါဘူး..သူမက အငိုတိတ်သွား
တဲ့အချိန်နဲ့ ဂျုံးဂုကလည်း ဘာဖြစ်သည်မသိ
ရေခဏချိုးမယ်ဆိုပြီး ထွက်သွားသည့်
အချိန်နဲ့ နေ့လည်စာစားမည့် အချိန်မှာ နှစ်
ယောက်သားက ဝေးနေတော့ အတူ နေ့လည်
စားစားဖို့ မဖြစ်မြောက်ခဲ့တော့ ပြဿနာက
အဲ့ဒီမှာတင် ဆုံးသည် ။

အခု ကျွန်မလုပ်ရမှာက အဝတ်လျှော်ရမယ်..လှမ်းပေးရမယ်ခြောက်ရင် မီးပူတိုက်ပြီး ပြန်ထည့်ပေးထားရုံပဲ ခက်ခက်ခဲခဲ အလုပ်မဟုတ်ပေမဲ့ သူနဲ့ ​နီးနီးကပ်ကပ် ရှိနေမည့် အချိန်ကာလတွေမို့ စိတ်တော့ပူသည် ။

ဟူး...ဒါနဲ့ သူမ တစ်ခုခုကို မေ့နေသလိုပဲ..?!

" ဘာပါလိမ့်.."

" Babe.."

တိုးတိုးဖျော့ဖျော့ သူ့အသံ ရုတ်တရက်ထွက်လာပေမဲ့ အရင်ကလောက် မလန့်မိတော့ ဘာလို့လဲဆိုတော့ သူ့အဝတ်တွေ လျှော်ဖို့ ​သူ့
အခန်းထဲရောက်နေတာလေ ။ ဒါကြောင့် နီးနီးကပ်ကပ်ရှိနေပြီးအချိန်မရွှေး သူနဲ့တွေ့နိုင်တဲ့ အလုပ်တွေလို့ ပြောသားပဲကို...

" အဆင်ပြေလား.."

ဘာကို မေးချင်မှန်းတော့မသိ ၊ အဝတ်လျှော်
ရတာ ခက်ခက်ခဲခဲ အလုပ်မဟုတ်တော့ သူမ ခေါင်းငြိမ့်ပြလိုက်မိသည် ။

" အော်..အင်း အဆင်ပြေပါတယ်..
ဂျုံးဂု တစ်ခုခု ပြောစရာရှိလို့လား.."

" Arnyi..မရှိပါဘူး
မင်း အဆင်ပြေလားလို့ ခဏလာကြည့်တာ.."

တွေ့လား..ဘာကို မေးချင်မှန်းမသိပါဘူးဆို
ခေါင်းအစခြေအဆုံး သူနဲ့ မတွေ့ခင်အထိအကုန်အဆင်ပြေနေတာကို သူ့တွေ့မှ ရင်တုန်ရတာနဲ့ လိုက်ကြည့်နေလို့ ရှက်လာတာနဲ့တင်
ဘယ်ပြေးလို့ ဘယ်ပြေးရမှန်းမသိ အာရုံတွေ
အလဲလဲပြိုဖြစ်ရတာကို သူလည်း မသိတာ
ကျလို့..။

" ပြီးရင်..ခေါင်မိုးထပ်မှာ
သွားလှမ်းလို့ ရတယ်နော် ကလေး.."

မရင်းနှီးသည့် အခေါ်အဝေါ်ကြောင့်
မျက်လုံး အဝိုင်းသားနဲ့ သူမ အံသြမိသည် ၊
သူ့ကို လှည့်ကြည့်မိတော့ စာအုပ်လေး
တကိုင်ကိုင်နဲ့ ရေချိုးခန်းဝက ထွက်သွားရှာလေပြီ ၊ ခုနက ကလေးလို့ ခေါ်လိုက်တာလားအမျိုးမျိုးပြောင်းခေါ်နေတော့တာပဲ တကယ် တစ်နေ့တခြား သူ ထူးထူးဆန်းလာတယ်...

နောက်ထပ် အသစ်သစ်သော နာမ်စားလေးတစ်လုံး သူမ ထံမှာ စွဲငြိနေပြန်ပြီထင်ပါရဲ့
နေပါစေ ၊ ခေါ်ချင်သလို ခေါ်ပါစေတော့
ခေါ်ရရင် သူသဘောကျတဲ့ပုံပါပဲ....

အမျိုးမျိုးသော အတွေးတွေနဲ့ နောက်ထပ်
သော အသုံးအနှုန်း နာမ်စားလေးတစ်လုံးကို လက်ခံလိုက်မိပြီး စိတ်လျော့သလို ဖြေသိမ့်
နေသည့် သူမလည်း ရင်တွေခုန်မြန်လာခဲ့တာကိုတော့ ဝန်မခံပဲ ညာထားခဲ့မိသည် ။

သူမ နေရာက ကြည့်မိရင် ငိုရလောက်တဲ့အထိ သံယောဇဥ်တွေတွယ်ပြီး စိတ်တွေယိုင်နေတာကို ဘယ်လိုလုပ် ဝန်ခံချင်ပါ့မလဲနော် တခြားသူလည်းမဟုတ် ကိုယ့်ကို သဘောကျ
နေသည့် ဂျွန်ဂျုံးဂု ဆီကိုလေ......။

~ • ~ • ~ • ~ • ~

အဝတ်တွေ လျှော်ပြီးလို့ လေသင့်ရာ နေရာဖြစ်တဲ့ စံအိမ်ရဲ့ခေါင်မိုးထပ်ဆီ လှမ်းဖို့
အတွက် ခြင်းတောင်းကိုသယ်ရင်း လှေကား
မှ သူမ တက်လာခဲ့သည် ၊ ပထမဆုံး တံခါး
ဖွင့်လိုက်တာနဲ့ ခံစားမိလိုက်တာက အေးမြနေတဲ့ လေနုအေးလေးတွေ လူတောင်လန်းသလိုလို အမြင့်ကြီးမှာ ဖြစ်နေတဲ့ ပတ်ဝန်းကျင်ကို
ဝေ့ဝဲကြည့်မိတော့ အတော်လေးကို သာယာ
သည် ၊ အိမ်ကြီးအိမ်ကောင်း ဖြစ်လို့လည်း
နေမှာပါ သပ်ရပ်လှပလွန်းတဲ့ ပန်းပင်တွေ ပန်းအိုးတွေနဲ့ ခေါင်မိုးထပ်ဟာ အတော်လေး လှနေပါရော...။

တိုက်ခတ်နေတဲ့ လေက အဝတ်အစား ခြောက်ဖို့ထက်တောင် လုံလောက်တဲ့ အနေအထားမို့ သူမ လှမ်းဖို့ ပြင်ရမည် ။

ကြာကြာတော့ နေလို့မဖြစ် ခုပဲ ရေတွေကိုင်
လာပြီး နေပူနေတဲ့အထဲ နေမကောင်းထပ်
​ဖြစ်မှာကြောက်တာမို့ အဝတ်သွားလှမ်းဖို့
တစ်ဖက် အလှည့် သူမ မျက်ဝန်းတွေ တအံတသြ ပြူးကျယ်သွားမိသည် ။

သာယာတဲ့အခြေအနေမှာ တဖက် မနီးမဝေး နေရာကျယ်ကျယ်တစ်ခုမှာ လဲလျောင်းအနားယူဖို့များ လုပ်ထားသလားမသိတဲ့ အရိပ်ရရာ အပြာရင့်ရောင် ထီးလေးအောက်မှာ ထိုင်နေသည့် ရင်းနှီးနေတဲ့ ဘေးတစ်စောင်း မျက်နှာချောချောကို မြင်လိုက်ရတာနဲ့ ချက်ချင်း သိလိုက်ပြန်ပါပြီ...။

" အားး တွေ့ပြန်ပြီ.."

တကယ်ပင် လေတဖြူးဖြူးနဲ့ အရိပ်ကျရာအောက်မှာ စာအုပ်ထိုင်ဖတ်နေသည့် ဂျုံးဂု
ကို တွေ့ရပြန်သည် ။ ခုနက စာအုပ်ကိုင်သွား
တာ ဒီမှာ စာဖတ်ဖို့တဲ့လား...

အခုလို ခဏခဏ တွေ့ဖို့ဆိုတာ တိုက်ဆိုင်
တာလား တမင်တိုက်ဆိုင်အောင် လုပ်တာ
လားတော့မသိ သူ့ဘာသာ စာဖတ်နေရင်
တော့ အဆင်ပြေပါတယ် ။ အရေးထဲ! အဝတ်
လှမ်းရမည့် နေရာက ဘာလို့ သူ့ မျက်နှာချင်း
ဆိုင်မှာ ရှိနေတာလဲ..!!

" အော..ရောက်လာပြီလား Babe.."

သူမကို သတိထားမိပြီး လှည့်မေးသည့်သူ ။အိ..သူ စောင့်များနေတာလား?!

" အဝတ်မလှမ်းတော့ဘူးလား..ဘာလို့
ကိုယ့်ကို မြင်တာနဲ့ မှုန်ကုတ်ပြီး ကြည့်နေတာလဲ.."

" မဟုတ်ပါဘူး..နေပူနေလို့ပါ "

တကယ်တော့ ဟုတ်တယ် သူ့ကို မှုန်ကုတ်ပြီး
လှမ်းကြည့်နေမိတာ အပြောမြန်ပေလို့ပေ..။

" တကယ်လား..ကိုယ်
ထီးလာဆောင်းပေးရမလား..."

တကယ် ထလာတော့မည့် ပုံနဲ့မို့ သူ နည်းနည်း
တော့ လန့်သည် ။ အီး!! ဒီအတိုင်းပဲ ပြောလိုက်တာကို တကယ်ကြီး ထလာလို့တော့
မဖြစ်ဘူးလေ...မဖြစ်ဘူးလို့!

ဘယ်ကနေ ထွက်လာသည့် မသိသည့်
ထီးက သူ့လက်ထဲ အဆင်သင့်ရှိနေတော့
ဂျီယွန်း ပြာပြာသလဲလဲ ဖြစ်သွားသည် ။

" နေ..နေပါစေ အဆင်ပြေပါတယ်
ဂျုံးဂု စာပဲပြန်ဖတ်နေပါ ကျွန်မ အဝတ် လှမ်းလိုက်ဦးမယ်နော်.."

အထစ်စွာနဲ့ စကားတိခနဲ ဖြတ်ချပြီး အဝတ်
ခြင်းတောင်းကြီးကိုင်ကာ အဝတ်လှမ်းစင်
တွေဆီ ခပ်မြန်မြန် ပြေးသွားလေတဲ့ ကောင်
မလေးကို ကြည့်ပြီး ခေါင်းတခါခါနဲ့ လေနုအေးတွေ ကြားမှာ ရူရိူက်ရင်း သူကြည့်
နေမိသည် ။ သူဘာမှလည်းမလုပ်မိပါဘူး
သူမက ဘာလို့ ရှက်နေရ​တာလဲ...

" ချစ်ဖို့ကောင်းသားပဲ.."

အင်္ကျီတွေ တလူလူလွှင့်နေအောင် တိုက်တဲ့
လေနုအေးတွေကြားမှာ သူ့အဝတ်အစားတွေကို လှမ်းနေတဲ့သူမ ကျောပြင်လေးကို ကြည့်ရင်း ရင်ထဲ စပ်ဖြီးဖြီး ဖြစ်လာ၍ စာအုပ်ဆီ အကြည့်ပြန်ပို့ရင်း ခေါင်းငုံကာ ကြိတ် ပြုံးလိုက်မိလိုက်မိသည် ။

အနေရခက်နေတယ်ဆိုတာ သိသာပေမဲ့
ဘယ်လိုလုပ်ရပါ့မလဲ သူကိုယ်တိုင်ကိုက
သိပ်သဘောကျနေမိတယ်လေ...

မျက်နှာလေး မြင်ချင်ပေမဲ့ သူ့ကိုနောက်ကျောပေးထားတဲ့ ကျောပြင်သေးသေးလေးကိုသာ
ငြိမ်ငြိမ်လေး ကြည့်မိရင်း တယုတယနဲ့
ထွေးပွေ့ချင်လာမိတဲ့ စိတ်ကလေးက ရှိနေတာမို့ အသဲတယားယား ၊ သူမက မေ့ထားတဲ့ ချစ်တယ် ဆိုတာကို နောက်တစ်ခေါက် သိချင်တာမို့ ဘယ်နည်းဘယ်ပုံနဲ့ မေတ္တာတွေ ဖော်ပြရမလဲ ဆိုတာကို ကြည့်ပြီး ရူးရသည် ။

ဆပ်ပြာမွှေးရနံ့လေးတွေရတာတောင်
လေညှင်းတွေကြားမှာ သူမ ကိုယ်သင်းရနံ့လေးများရမလားလို့ ရှာဖွေနေမိသည့်သူသည် အဲ့လောက်ထိကို ရူးပါသည်...။

ထို့နောက် ဘေးတစောင်းလေး မြင်ရလိုက်
ခဏတာလေး မျက်နှာချင်းဆိုင် မြင်ရလိုက်နဲ့
သေချာလေး မြင်ချင်လို့ ငေးကြည့်ရတာ အမော...ဒါပေမဲ့ သူမက အလိုက်မသိစွာ ။

ဒီလောက် လွမ်းနေတာကို ဘာလို့ မျက်နှာလေးတစ်ချက်တောင် လှည့်မလာရတာလဲ...

ကောင်မလေးက နူးနူးညံ့ညံ့လေးမို့
သူလည်း စိတ်တွေ လျော့ထားရတာ အမော..

တွေးမိရင်း နောက်ကျောပြင် သေးသေးလေး
ကို ကြည့်ကာ သက်ပြင်း ငွေ့ငွေ့လေး ချမိသည်အထိ ။

" မင်း ကြည့်ရတာ အနေရခက်သလိုပဲ
စိတ်မပူပါနဲ့ ကိုယ်မင်းနောက်လိုက်လာတာ
မဟုတ်ပါဘူး.. ရာသီဥတု သာယာရင်
ကိုယ်က ဒီမှာ အမြဲစာလာဖတ်နေကြ.."

ရုတ်တရက် ထွက်လာသည့် သူ့အသံ..။
တကယ် ဂျုံးဂုက ဗေဒင်ဟောစားရင်တောင်
စီးပွားဖြစ်ပြီး ပေါက်မဲ့သူမျိုး ဒါပေမဲ့ သိသာပါတယ် မဟုတ်ဘူးလား သူမက အဲ့ဒီလောက်
ဘာမှမဖြစ်တဲ့ပုံစံမျိုး ဟန်ဆောင်မကောင်း
ဘူးလေ သူဆို ပိုသိမှာပဲမလား...။

အကြားအမြင်ရနေတာမျိုး မဟုတ်ပေမဲ့တစ်ယောက်ယောက်က ကြည့်နေတယ်
ဆိုတဲ့ ခံစားချက်တွေကြောင့်နဲ့ အာရုံတွေထဲမှာ နောက်ကို လှည့်မကြည့်ရဲတာမို့ သူပြောမှပဲ ကိုယ်ပဲ အတွေးတွေ လွန်နေသလားလို့
တွေးမိရင်း အူတူတူ လှည့်ကြည့်မိတော့
စာငုံ့ဖတ်နေရင်း မော့ကြည့်လာသည့် ဂျုံးဂုရဲ့မျက်လုံး ဝိုင်းဝိုင်းတွေနဲ့ အကြည့်ချင်းဆုံမိတော့ သူ ပြုံးသည် ။

" ဒီထဲမှာ ကိုယ် အကြိုက်ဆုံး ဒိုင်ယာလော့
လေးရှိတယ် ဘာလဲဆိုတာ သိချင်လား.."

ကလေးလေးတွေကို မေးသလို လာမေးပြန်၍
သူမမှာ တကယ် ဘာပြန်ဖြေရမည်မသိ ၊ မသိချင်ဘူးလို့များ ပြန်ဖြေဖြစ်ခဲ့ရင် စိတ်များ
ဆိုးသွားမလား တွေးမိပြီး ကြောက်ရတော့
မျက်တောင်လေးတွေ ပုတ်ခတ်ပြီး ဘာပြန်
​ဖြေရမလဲ တွေဝေနေမိစဥ် ။

" မသိချင်ဘူးလား.."

အနည်းငယ် စိတ်မရှည်ချင်ဖြစ်လာသည့်
လေသံ၊ မဆိုစလောက်လေး တွန့်ကွေးလာ
သည့် မျက်မှောင်တွေကို ကြည့်ပြီး ကိုင်ထားတဲ့ အင်္ကျီ တွေတောင် လွတ်ကျချင်ချင် ၊ စိတ်ဆိုးသွားရင်တော့ ဒုက္ခပဲ..သူမ
ဘာဖြေရပါ့မလဲ...

" ဟို..ဂျုံးဂုက
ဘာစာအုပ်ဖတ်နေမှန်းမှ မသိပဲ.."

ချက်ချင်း ပြေသွားသည့် မျက်မှောင်တွေ
အေးဆေး ပြန်ဖြစ်သွားတဲ့ အရိပ်အယောင်
တွေကို ပြန်ကြည့်မိရင်း အိုက်စပ်စပ် လေထုက ပြန်ပြီး အေးမြသွားသလိုလို ဂျုံးဂုက ခြောက်လန့်ရတာကို ဝါသနာပဲပါသလားမပြောတတ်ခဲ့ပါ ၊ သူ့မျက်ဝန်းတွေကို ကြည့်မိ
တဲ့ တစ်လျှောက်လုံး သတိထားလာမိတာက
တကယ် နှလုံးရောဂါ ရတော့မယ်ဆိုတာကိုပါပဲ..

" အာ..ကိုယ်ဖတ်နေတာက အချစ်ဝတ္ထုပါ
ဇာတ်လမ်းလေးက တိတ်တခိုး ချစ်မိနေတဲ့
ကောင်လေး တစ်ယောက်ရဲ့ အကြောင်း.."

" သြော်.."

" ကောင်မလေးကို သိပ်ချစ်တော့
လမ်းပျောက်နေရှာတဲ့ ကောင်လေး တစ်ယောက် အကြောင်းလေ.."

" ဥပမာ..ကိုယ်နဲ့ မင်းလိုပေါ့ "

" အဟွတ်- "

အမြဲ နားထောင်နေရင် အကောင်း စကား
အကောင်း ပြောတယ်မှတ်ပြီး နားထောင်
နေရင်းနဲ့ သူ ထထဖောက်လျှင်အလွဲလွဲ
အချော်ချော်တွေ ဖြစ်ရတာမို့ နားထောင်နေသည့် လူလည်း မနေတတ်တော့ အခုလည်း အဆင်ပြေရင်း လေခံရင်းနဲ့ပဲ သီးချင်သွားတာမို့အသံကျယ်ကျယ် မထွက်ခင် မနည်းချောင်းဆိုးချင်နေတာကို
မနည်းမြိုသိပ်လိုက်ရသည် ။

Ahh!! ဂျုံးဂုကတော့ လုပ်ချလိုက်ပြန်ပြီ...။

ငြင်းထားတယ်ဆိုတာ သူပါ ကျွန်မနဲ့ အတူ
ရောပြီး အတိတ်မေ့သွားတာလား ဒီလိုမျိုးတွေ ပြောရင် ရှက်ပါတယ်ဆို...!!!

မနေ့ကလိုပဲ ထွက်ပြေးလိုက်ရင်ကောင်းမလားမသိ!! ကြက်သီးတောင် ထသည် ။

" မကောင်းဘူးလား..."

" ကောင်း..ကောင်းတာပေါ့.. ဂျုံးဂုပဲ ဆက်ဖတ်ပြီး နောက်မှပြောပြပါ "

Ahh သေစမ်း!! ရူးနေလို့ နောက်မှလား !!
ငါ ဘာတွေပြောမိလိုက်တာလဲ...!!!

စကားစပြတ်အောင် အင်္ကျီကောက်လှမ်း
နေရင်းနဲ့ ရင်ထဲ ဗရိုဗရဲ ကိုယ့်ကိုကိုယ် မနိုင်တော့ စိတ်ထဲ ဗြောင်းဆန်သွားကာ ကြိတ်ပြီး သတ်ပု​တ်နေမိလို့ အကျ် လှမ်းတာတောင် လက်တွေ တုန်တုန်ရီရီနဲ့ အလွဲလွဲအချော်ချော် ဖြစ်နေတဲ့ ကောင်မလေးကို ကြည့်နေသည့် တစ်ယောက်သော သူကတော့
ကျေနပ်အားရစွာ ပြုံးလို့ ။

သူမက Anti-Romantic များလား?!
လွယ်တော့ မလွယ်..ဒါတောင်ကိုယ်က အများကြီး လျော့ထားတာကိုနောက်ဆို
ဂျီယွန်း ဘယ်လိုလုပ်မလဲ...။

" အင်းး ရှက်တတ်တဲ့ အကျင့်လေးကို ဖျောက်ပေးမှပဲ.."

လေနုအေးတွေ ကြားမှာ တိုးတိုးလေး ညည်းဆိုမိခဲ့တာကို သူမကတော့ မသိလိုက်ခဲ့ပါ ။

ကိုယ့်ဘာသာ နေရင်းနဲ့တောင် ရင်တွေတုန်လို့
ရင်တွေ ခုန်နေမိတဲ့ အာရုံပျက်အောင် အလုပ်
လုပ်နေမိရင်းနဲ့ လှမ်းစရာ အဝတ်တွေတောင်
ကုန်သွားခဲ့ပြီ ၊ ဒါဆို ပြန်ရတော့မှာပေါ့ လို့
တွေးမိရင်း သူရှိသည့် နေရာကို နှုတ်ဆက်ဖို့
လှမ်းကြည့်မိတော့ သူမ ရှိရာသို့ စာအုပ်လေး
ကိုင်ပြီး ဦးတည်လာသည့် ဂျုံးဂု...။

ဆပ်ပြာ ရနံ့တွေသည်လည်း သင်းလို့
လေတစ်ချက်သိမ်းတိုင်းမှာ ရှေ့ဆံပင်တွေ
ဖွာသွားခဲ့တာတောင် ကြည့်ကောင်းနေသည့် သူ့ကို ကြည့်ရင်း အာရုံတွေ ပျံလွင့်သွား
မိပြီး ခဏတာတော့ ငေးမောမိလျက်သား....

မဝေးလှတဲ့ အကွာအဝေးမှာ သူ့ကို ကြည့်
နေမိရင်းနဲ့ပဲ ဘာလို့ လေနုအေးတွေက
အရမ်း အေးလာတယ်လို့ ခံစားရသည် ။

စိတ်တွေ ယိုင်မိခြင်းရဲ့ အကျိုးဆက်က နှလုံး
ခုန်သံတွေကပါ သစ္စာဖောက်သွား၏...

ဒီလိုကျတော့လည်း မာဖီးယား ဂိုဏ်းသား မဟုတ်တဲ့ သာမန် လူငယ်လေး တစ်ယောက်လိုမျိုး....သူ သိပ်ကြည့်ကောင်းပါသည် ။

" ဖတ်ရတာ အဆင်ပြေတာမို့
မင်းဖတ်ချင်လား.."

စာအုပ်ထောင်ပြပြီး မေးလာသည့်သူ...။
စာအုပ်တွေ မဖတ်ဖြစ်တာ တကယ် ကြာနေပြီ
ဆိုပေမဲ့လည်း ယောင်ယောင်မှားမှားနဲ့ သူမ ခေါင်းငြိမ့်လိုက်မိသည်ထင်..တကယ် မသိတော့ ။ ထို့နောက်မှာ စာအုပ်လေး လက်ထဲအရောက် ထိုး ပေးလာသည့် သူကြောင့် ယောင် နနနဲ့ ၊ အမ်..တကယ်ကြီး ဖတ်ရမှာလား...

" ယူထားလိုက်..ကိုယ်နောက်တော့မှ
ပြန်လာတောင်းမယ်.."

လာတောင်းမယ် ဆိုတာကလည်း သူမဆီသွားဖို့ အကြောင်းပြချက် သက်သက်ပဲမို့ စာအုပ်လေးကို သူမဆီထားခဲ့ရင်း သူ ဆင်းဖို့ ပြင်ရသည် ။ အလုပ်သွားရဦးမယ်မလား ...

" မလိုက်ဘူးလား.."

အဝတ်တွေ လှမ်းလို့ ပြီးသွားပုံရတဲ့ ဂျီယွန်း
ကို တခါတည်း လိုက်ခဲ့ဖို့ ခေါ်မိတော့
သူမက ခေါင်းလေး အသာ ခါယမ်းပြသည် ။

" ခဏနေမှ..လိုက်ခဲ့ပါ့မယ်.."

ကြည့်ရတာ ရှက်တုန်း သွေးပူနေတုန်းမို့
သူနဲ့ အတူ မဆင်းချင်ဘူး ထင်ပါတယ်...

" အင်း..ဟုတ်ပါပြီ "

" ဒါနဲ့ ကိုယ့်ကို နက်ခ်တိုင် စည်းပေးရဦးမယ်နော် ပြီးရင် ဆင်းလာခဲ့ စောင့်နေမယ်.."

အာာ..ဟုတ်သား နက်ခ်တိုင် ကိစ္စရှိ​​သေးတာပဲ
ဒါကြောင့် မနက်ကတည်းက တစ်ခုခုကို မေ့နေတယ်ထင်တာ..မေ့နေတာကိုမှ အစပြန်
ဖော်ပေးသွားတဲ့ ဂျုံးဂုကြောင့် မျက်လုံး အဝိုင်းသားနဲ့ တသသ ကျန်ခဲ့မိသည် ။

နှလုံးရောဂါ ရမယ့်​ နေ့တစ်နေ့ပါပဲ...

~ ◆ •°᯽°• ◆ ~

မီးရောင်ပျပျအောက်မှာ အရောင်မျိုးစုံကွဲကာ
အသွင်အမျိုးမျိုး ကွဲထွက်နေသည့် နက်ခ်တိုင်များထက် ရွေ့လျားနေသည့် လက်တွေသည် ပုံမှန်ထက် တည်ငြိမ်လို့ နေသည် ။

ခါတိုင်းဆို တွေ့ရမြင်ရာ အဆင်ပြေရင် ပြီးတာပဲဆိုပြီး ကောက်စည်းသွားတတ်သော စိတ်တွေ သူ့မှာ မရှိတော့ ၊ ဒီနေ့ သူမက ကိုယ့်ကို နက်ခ်တိုင် စည်းပေးမည် မဟုတ်လား သေချာလေး ရွေးပေးရမည်လေ ၊ ဂျီယွန်းဆင်မြန်းပေးမည့် နက်ခ်တိုင်သည် အလိုက်ဖက်ဆုံးသာ ဖြစ်စေချင်၍ ရွေးချယ်ရသော အချိန်ကာလတွေသည် စိတ်လှုပ်ရှားစရာအတိ...။

ဆိုးတာက သူကြိုက်တာ အနက်ရောင်
တွေကြီးပဲ ဆိုရင်တောင်မှ မျက်လုံးထဲ ပေါ်လွင်မည့် ခံစားမှုမျိုးလေး ...

သဘောကျတာတွေ့သည်နှင့် ဆွဲယူလိုက်မိပြီး
သူမကို ကြည့်လိုက်မိတော့ ဂျီယွန်းသည်လည်း စိတ်လှုပ်ရှားနေသည်ထင်ပါတယ် ...

" ဒါလေး အဆင်ပြေတယ်မလား.."

လည်စည်း အနက်ရောင်လွင်လွင်လေးကို
ထောင်ပြပြီး မေးမြန်းလာသည့်သူ..။

" အွန်း အဆင်ပြေပါတယ်.."

" အိုခေ..ဒါဆို စည်းပေးလို့ရပြီ Babe.."

လက်ထဲ အရောက်ပေးလာသည့် နက်ခ်တိုင်
လေးကို ကြည့်ပြီး တွေးတွေးဆဆနဲ့ ရှပ်အကျ အဖြူလေးနဲ့ ကြည့်ကောင်းနေသည့်
သူရောက်လာတော့ စည်းရတာ အဆင်
ပြေအောင် မဝံ့မရဲ တိုးကပ်မိသည် ။

တကယ် ရင်တွေလည်း ခုန်လို့...
လက်တွေလည်း တုန်နေတယ်.....

ဘယ်လိုလုပ်ရမှာလဲ...

မသိခဲ့ဘူး..သူ့ကို နက်ခ်တိုင် စည်းပေးရတဲ့အ
လုပ်က အဲ့လောက်ထိ ကြောက်ဖို့ကောင်းမယ်မှန်း..တုန်လှုပ်နေတဲ့ စိတ်ကလေးကို မနည်းမြိုချမိရင်း ကြည်လင်နေသည့် မျက်ဝန်း နက်နက်တွေကို မကြည့်နိုင်ပဲ သူ့လည်တိုင်လေးကို ခပ်ဖွဖွလေး လှမ်းပတ်ကာ ငုံ့ပြီး စည်းပေးဖို့ သူမ ပြင်ရသည် ။

ဟူး..စိတ်လျော့..စိတ်လျော့...

ဒီကြားထဲမှာ နက်ခ်တိုင် ဘယ်လိုစည်းရလဲ
ဆိုတာ ကောက်မေ့သွားရင် ဒုက္ခဆိုပေမဲ့
မနေ့ညက အကုန်ပြန်တွေးပြီး စိတ်ကူးထဲမှာ
ထိုင်လေ့ကျင့်ထားတာပဲ အဆင်ပြေမှာပါ ....

" စည်းကော စည်းတတ်ရဲ့လား
မင်း ကြည့်ရတာ တုန်နေတာပဲ.."

သိတယ်..ဂျုံးဂု တစ်ခုခု ပြောတော့မယ်
ဆိုတာ..ပြောလည်း ပြောချင်စရာ မသိရင်
သူမ လက်တွေက ရေချိန်မကိုက်သေးတဲ့
အရက်သမားလိုပဲ...ဒုက္ခကစသည် ။

သူ သတိထားမိပေမဲ့လည်း ဂရုမစိုက်အား
သူ့ကို အာရုံစိုက်မိလိုက်လျှင် နက်ခ်တိုင်
စည်းလို့ မရမှာကို ပိုကြောက်လာသည် ။

" နောက်ပြီး အသက်ရူတွေ အရမ်းမြန်နေတယ် ဖြည်းဖြည်း အသက်ရူပါ Babe အေးဆေးပေါ့ ဖြည်းဖြည်းစည်းလည်း အဆင်ပြေတာပဲကို..."

ကျွန်မလည်း အေးဆေး အသက်ရူပြီး
နေချင်တာပေါ့ ဒါပေမဲ့ ရမှမရပဲကိုလို့ ...

သူ စိတ်လျော့ခိုင်းသလောက် စိတ်ထဲ
ဗြောင်းဆန်နေသေးသည့် သူမမှာ တစ်ခွန်း
မှ ပြန်မ​ပြောနိုင်ပါ ၊ နက်ခ်တိုင်ကိုသာ သေသေသပ် သပ်ချည်ရင်း သူ့ အသက်ရူသံတွေကြား အချိန်ကိုလိုက်မှတ်နေမိသည်ထင်...

အမှတ်မထင် မော့ကြည့်မိလိုက်ရင်
မျက်ဝန်း နက်နက်တွေနဲ့ ဆုံရဦးမှာမို့ မော့မကြည့်ဖြစ်ပဲ ခေါင်းငုံ့ကာ နက်ခ်တိုင်ကို
သေသေသပ်သပ် စည်းပေးနေသည့် မိန်းကလေးနဲ့ နက်ခ်တိုင် အစည်းခံနေသည့်
ကောင်လေးတို့ရဲ့ မျက်နှာချင်းဆိုင် ပုံရိပ်လေး နှစ်ခုက အတူ ယှဥ်တွဲလို့ လိုက်ဖက်သွားတဲ့အခါ စိတ်ကူးယဥ်ဆန်လှသည် ။

ပျော်နေတယ်ဆိုတာ သိသာသည့် နက်ခ်တိုင်
အစည်းခံသူမှာတော့ ပြုံးလို့...ကြည့်မဝသည့်
မျက်စိရှေ့က ပုံရိပ်ကလေးကို ကြည့်ကာ
တစ်ခုခုကို သတိရသွားဟန်နဲ့...

" ဒါနဲ့.. ခုနက ကိုယ်ဖတ်ထားတဲ့ ဝတ္ထုလေး
ထဲက ဒိုင်ယာလော့ကို အခု ပြောပြရမလား.."

တစ်ချက် မော့ကြည့်မိတော့ ပြောပြချင်ပုံ
ပေါ်နေသည့် ဂျုံးဂု ၊ နားထောင်ပေးရုံပဲမို့
သူမလည်း မငြင်းရက်တော့...။

" အင်း..ဂျုံးဂု ပြောပြချင်ရင် ပြောပြလေ.."

" ဒီလိုလေ.. ဝတ္ထုထဲက ဇာတ်လိုက်က
ဒီလို အရင်စပြောတာ.."

စကားစကို ရပ်ပြီး ပြောလာနိုးနိုးနဲ့ နားထောင်
နေမိပေမဲ့ တိတ်ဆိတ်သွားတဲ့ အသံတွေ...။ ပြောပြမယ်ဆို..သူမပြောပြတော့ဘူးလား..

" ချစ်တယ်.."

ဟင်....?!

တဲ့တိုးကြီး ထပ်ပြီး ချစ်ရေးဆိုခံလိုက်ရတော့
ယောင်ယောင်မှားမှားနဲ့ မော့ကြည့်မိသည်
အထိ...ပထမဦးဆုံး မြင်တွေ့လိုက်ရတာက
သူ့ မျက်ဝန်းတွေ နက်နက်တွေ...။

" ချစ်တယ်လို့ တဖွဖွ ပြောခွင့်ရရင်တောင်
မလုံလောက်တဲ့အထိ ဒီအတိုင်း ငေးကြည့်နေရင်တောင် မင်းကို သိပ်ချစ်တယ် ဆိုတာ
သိစေချင်တယ်.."

အမ်းးး ဒိုင်ယာလော့ ဆိုပေမဲ့လည်း
နားထောင်ရတာတော့ နည်းနည်း ...

သူ ပြောတာ ဒိုင်ယာလော့ မှန်း သေချာသွားတဲ့အခါ ခုန်လှုပ်သွားတဲ့ လှိုင်းနှုန်းတွေကို မေ့ထားပြီးစိတ်လျော့ကာ " မနိုင်ဘူး "ဆိုတဲ့ အကြည့်နဲ့ မျက်လွှာကို ပြန်ချမိသည် ။

ရိုးရိုးတန်းတန်း ပြောလည်း ရတာကို....

" ဝတ္ထုထဲက ဇာတ်လိုက်ကတော့
သူ့ကောင်မလေးကို ဒီလိုပြောတာပဲ.."

" ကိုယ်တော့ အဲ့ဒီ ဒိုင်ယာလော့ကို
အရမ်း သဘောကျတာ.."

အင်း..ကျွန်မလည်း ဂျုံးဂု ဒီလိုမျိုးတွေ မလုပ်ပဲ တည်တည်တံ့တံ့ ပြောရင် ဒါမှမဟုတ် ရင်တွေသာ ခုန်မနေရင် သဘောကျမိမှာပါ...။

ထပ်ပြီး ချစ်ရေးဆိုခံရတာတော့ မဟုတ်ဘူး
မလား...ဒါနဲ့ ဒိုင်ယာလော့ကော ဟုတ်ရော ဟုတ်ရဲ့လား..သူ လျှောက်ပြောနေတာတော့ မဟုတ်ပါဘူးနော်...?!!

မယုံသကာနဲ့ လှမ်းကြည့်မိတော့ အလင်းတွေ ဖြာကျနေတဲ့ မှန်ဘောင်ကြီးကို ကြည့်ပြီး
ပြုံးစိစိနဲ့ မျက်နှာလွှဲချသွားသည့် သူ...။

" ရာသီဥတုက သာယာသားပဲနော်.."

Arnyi! မဆီမဆိုင် ဘာတွေ....
နောက်ပြီး အဲ့ဒီ အပြုံးကြီးက ဘာတုန်း...

အတွေး​များရင်းနဲ့ပဲ နက်ခ်တိုင် စည်းပေး
ရသည့် အလုပ်သည် သူ့ကို ငေးနေတာနဲ့တင် အလုပ် မပြီးတော့မှာစိုးရိမ်ပြီး နက်ခ်တိုင် မြန်မြန်လေး စည်းပေးကာသပ်ရပ်တာ သေချာသည်အထိ သေချာလေး ကြည့်ရူပေးရ​သေးသည် ။ ကြည့်ကောင်းနေမှ ဖြစ်မှာလေ...သူက သခင်လေးပဲကို..

အဆင်ပြေသွားပြီ ထင်တာပဲ...

" ပြီးပြီ ဂျုံးဂု.."

" ဟုတ်လား.. "

သူ့နက်ခ်တိုင်လေး သူသေချာကြည့်ရင်း
ကျေနပ်နေသည့်ပုံပါပဲ ဒါဆို အခု သူမ အလုပ်ပြီးပြီပေါ့နော်...။

" အဆင်ပြေသားပဲ.."

" ဒါဆို ကျွန်မသွားလို့ရပြီလားဟင်.."

" အော်..အင်း ရတော့ရပါပြီ.."

" ဒါဆို ကျွန်မ သွားတော့မယ်နော်.."

နှုတ်ဆက်ပြီး ထွက်သွားမယ် အလုပ်
သူမလက်ကို လှမ်းဆွဲပြီး အလျင်စလို
တားမြစ်လာပြန်သည် ။

" ဒါ..ဒါပေမဲ့! ခဏလေးပါ Babe!
ဝတ္ထုထဲ ကိုယ် သဘောကျတာလေး တစ်ခု ပြောပြဖို့ မေ့ကျန်ခဲ့သေးတယ်.."

" ဘာ..ဘာကြီးလဲ.."

မေးလို့ မဆုံးသေးခင် ကိုယ်ချင်း ထပ်မံနီးကပ်သွားအောင် သူ ဆွဲယူ ဖန်တီးလိုက်
သည့် အခြေအနေတစ်ခု ၊ သူမ လည်တိုင် ကျော့ကျော့လေး ကို အသာ ဆွဲယူလိုက်သည့် သူ့လက်ဖဝါးထက်က အထိအတွေ့တွေ..။

နွေးခနဲ ဖြစ်သွားသော နဖူးပြင်...
သူမ မျက်ဝန်းတွေသည် ဝိုင်းခနဲ...။

ဆံနွယ်တွေ ဝဲဖြာကျ နေသည့်ကြားက
နူးနူးညံ့ညံ့​လေး နမ်းရှိုက်သွားသည့် အနွေးဓာတ်ကလေးရဲ့ အထိအတွေ့ကြောင့် နဲ့တင်
အသက် ဘယ်နားကထွက်သွားသည်မသိ
ကျောက်ရုပ်ကြီး သဖွယ် တကိုယ်လုံး
တောင့်တင်းသွားမိသည် ... ။

ဒါတောင် မြင်ဖြစ်မြင်လိုက်သေးသည့်
​​သေသပ်လှပစွာ တွန့်ကွေးသွားသည့် သူ့ မျက်နှာထက်က အပြုံးချိုချိုတွေ မပါသေး အနမ်းခံလိုက်သည့် တစ်ချက် မှာတင် သွေးတွေတောင် ပြောင်းပြန်စီးချင်သွားပြီး ရင်ထဲ
ရထားအစင်းပေါင်း များစွာ ခုတ်မောင်းသွားတော့သည် ။

" ကိုယ် စောစော ပြန်လာခဲ့မယ်နော်
ကလေးလေး.."

ခေါင်းကို ခပ်ဖွဖွလေး ပုတ်ပြီး ​ခြွေချ
သွားပြန်သည့်တစ်ချက် ရင်ထဲ ဗြောင်းဆန်ကုန်ပြန်သည် ။ ဘယ်လိုတွေတောင် ခေါ်နေတာ?!

တကယ်ဆို အခန်းထဲက ထွက်သွားရမည့်
သူက သူမ ၊ ခုတော့ အသက်ရူသံတွေ နိမ့်ချည်မြင့်ချည်နဲ့ ကျောက်ရုပ်ကြီး သဖွယ် ကျန်ခဲ့သည့် သူမ ခေါင်းကို ခပ်ဖွဖွလေး ပုတ်ကာ ဦးအောင် ချန်ထားခဲ့သည်က အခန်းပိုင်ရှင်ဖြစ်သည့် ဂျွန်ဂျုံးဂု ဖြစ်လို့နေသည် ။

သူ ထွက်သွားကာမှ ငြိမ်ငြိမ်လေး ထိုင်ချမိသည့် ကောင်မလေးလည်း မြင့်တက်နေသည့် နှလုံးခုန်သံတွေကြား ရုန်းရင်းကန်ရင်းနဲ့ပဲအရှိန်မပြယ်သေးသည့် အဖြစ်အပျက်ကြားမှာ လက်ကလေးတွေကို ကျစ်ကျစ်
ပါအောင် ဆုပ်လို့ မျက်နှာပူစွာနဲ့ပဲ ကိုယ့်လက်မောင်းတွေထက်မှာ ဒူးလေးပိုက်ကာ မျက်နှာလေးအပ်ပြီး ခိုလှုံမိ၏ ။

" အားး.. ရူးတော့မှာပဲ.."

အလိုမကျသည့် အသံလေး ထွက်လို့
လင်းထင်းနေသည့် မှန်တံခါးဘောင်ကြီး
တွေနား ထိုင်နေသည့် ပုံရိပ်ငြိမ်ငြိမ်လေးက ရင်တွေ တသိမ့်သိမ့်နဲ့ ကြည့်ရတာ နှလုံးရောဂါ ရသွားပြီ ထင်ပါတယ်....။


~ • ~ • ~ • ~ • ~ • ~

ညနေကျတော့ အဖြူထည် သက်သက် ဖြစ်နေသည့် မိုးကောင်းကင်ကြီးကအထီးကျန်နေသည်ထင် ၊ တစ်နေ့လုံး လေနုအေးတွေပဲ
တိုက်လို့ တိမ်တွေချည်း ပြုံနေသောကောင်း
ကင် ကြီးကို ငေးကြည့်ရသည်မှာ အမော.....။

လေနုအေးတွေက ခေါင်မိုးထပ်မှာ ​ဖြစ်လို့
တိုက်နေတာ မဟုတ်ပဲ ဒီနေ့ တစ်နေ့လုံးကို
ခပ်ငြိမ်ငြိမ်လေးကို နေတာမို့ နေရထိုင်ရတာ ကောင်းတာမို့ သဘောကျသည် ၊ လုပ်စရာ အလုပ်တွေ မရှိတော့တဲ့ ညနေမှာကျ အိမ်​ရှေ့လှေကားအဆင်းမှာ ထိုင်ရင်း ပျက်ဆီးခံထားရတဲ့ ပန်းအကြွင်းအကျန် တွေကို ဘာရယ်မဟုတ် ငေးကြည့်နေမိသည်..။

" သမီး..သခင်လေးကို စောင့်နေတာလား.."

" အယ်..မဟုတ်ပါဘူး..ဒေါ်လေးရာ "

ညနေ ဂျုံးဂု ပြန်လာမှာသိလို့ ဒေါ်လေးက
လှမ်းစတော့ ယောင်ယောင်မှားမှား ရင်ခွင်ထဲက မဖတ်ရသေးသည့် စာအုပ်လေးကိုတောင် လှမ်းပိုက်လိုက်မိသည် ။

" အေးတာမို့ ကြာကြာထိုင်မနေနဲ့နော်.."

" ဟုတ်ကဲ့.."

ဒေါ်လေး အနားက ထွက်သွားသည့်အခါမှ
သာ ဂျုံးဂု ပေးခဲ့သည့် စာအုပ်လေးကို
သေချာ ကြည့်မိတော့ တကယ် အချစ်ဝတ္ထုလေးပင် ၊ မာဖီးယား တစ်ယောက်က ဒီလိုမျိုးတွေ ဖတ်တတ်တယ်လား မသိပေမဲ့ စာအုပ်ဖွင့်ရသည်နှင့် အာရုံရောက်သွားသည်က
တစ်နေရာ မဖတ်ဖူးပေမဲ့လည်းစာရွက်တွေ
လှန်လောကာ ရှာဖွေနေမိသည် ။

တခြားတော့ မဟုတ်ပါ ၊ သူ ပြောပြခဲ့တဲ့
ဒိုင်ယာလော့လေးများ တကယ်ပါသလားလို့ စပ်စုမိခြင်းပါပင်...။

" အာ..သူ နောက်နေတာမဟုတ်ဘူးပဲ.."

နှစ်မိနစ်လောက်ရှာလိုက်ရတဲ့ ဒိုင်ယာလော့
လေးကို ရှာတွေ့လိုက်ရတဲ့အခါ ရင်ထဲ ငွေ့ငွေ့လေး ခံစားရသည် ။ သူ ဘာဆိုလိုချင်မှန်း
သိပါတယ် ဒါပေမဲ့ သူမဘက်က စိတ်တွေ ယိုင်နေမိလို့ ကိုယ့်ကိုကိုယ် ကြောက်နေမိတာ..

ဂျုံးဂု သဘောကျတယ်ဆိုတာသိပေမဲ့ သူမကချည်းရှောင်ပြေးနေမိတာ အခုအချိန်သာ အဖြေတောင်းလို့ကတော့.... အကဲခတ်မြန်သည့်သူ့ပုံစံနဲ့ဆိုရင် အကုန်ပေါ်ကုန်လိမ့်မည် ။

ကိုယ်တိုင် ငြင်းခဲ့ပြီးမှ စိတ်တွေ ယိုင်နေတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူးလေ....

ဒါပေမဲ့လေ..
မသေချာပေမဲ့ သူ့မှာ ကောင်မလေး ရှိတယ် မဟုတ်လား.. ဟို မိန်းကလေးလေ...

နှုတ်ခမ်းနီရာ ကြောင့် ငိုကြွေးခဲ့ရတဲ့ အချိန်ကာလတွေကို ပြန်တွေးမိတော့ ဝမ်းနည်းသလိုလို ကျွန်မက ကိုယ်တိုင် ငြင်းခဲ့ပြီးမှ
သူ့ကို ပြန်သဘောကျနေမိလို့ မဖြစ်ဘူးလေ..

ဘဝချင်းတွေကွာတယ် ကြီးပြင်းခဲ့ရပုံချင်း
မတူတာမို့ စက်ဆုပ်ဖွယ် အလုပ်တွေကို
သဘောမကျတဲ့ သူမက ဒီလို ပတ်ဝန်းကျင်
မျိုးမှာ တကယ် အဆင်မပြေနိုင်ပါ ။

ရာဇဝတ်သားတွေကို သဘောကျတတ်တဲ့သူ မဟုတ်တော့ သူမကို ပိုပြီး ရှုပ်ထွေးစေသည် ။

မေတ္တာငတ်ခဲ့တဲ့သူမို့ ဂရုစိုက်ပေးတာနဲ့ စိတ်တွေ ယိုင်မိနေတာ နေမှာပါ..

အဲ့လိုပဲ ဖြစ်မှာပါ...

" သခင်လေးက အခု အိမ်မှာမရှိပါဘူး
ဒါ​ကြောင့် ဝင်လို့မရပါဘူး.."

" ဖယ်စမ်း!! နင်တို့ ငါ ဘယ်သူလဲဆို မသိဘူးဘူးမလား "

" ငါက......"

မပြတ်မသားအသံတွေနဲ့ ခြံအပြင်ကရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အသံတွေကြောင့်
ဘာတွေပြောနေမှန်းတော့ မပြတ်မသား ကြားရသည် ၊ လှမ်းကြည့်လိုက်မိတော့ ခြံစောင့်
လူနှစ်ယောက်နဲ့ အမျိုးသမီးငယ် တစ်ယောက် ရုန်းရင်းဆန်ခတ် ဖြစ်နေသည်ထင် ။

အဲ့ဒီအခါ သူမ ​သေချာမမြင်ရသေး ခြံစောင့်
တွေကို တစ်ခုခု ပြောဆိုပြီး တွန်းထုတ်ကာ
ခြံဝန်း လာသည့် အမျိုးသမီးငယ်ရဲ့မြင်ကွင်းက နီးကပ်လာတဲ့ အခါမှာတော့ သူမ မျက်ဝန်းတွေ ပြူးကျယ်သွားမိသည် ။

အဲ့ဒီ မိန်းကလေး?
မနေ့ကလာတဲ့ ဧည့်သည် မိန်းကလေး?!

" သူက.. ဘာလာလုပ်တာပါလိမ့်.."

ဂျုံးဂုလည်း မရှိတာမို့ သူမကို ဒီမိန်းကလေး
မမြင်သွားစေချင်ဘူးဆိုတဲ့ ဂျုံးဂုရဲ့ စကားကို
သတိရကာ အမြန်ရှောင်တိန်းဖို့ လုပ်လိုက်ပေမဲ့ နောက်ကျသွားကာ မြင်သွားလေပြီ..။

ထို့နောက် သူမကို စူးစူးစိုက်စိုက်ကြီး
လာကြည့်နေတော့သည်... ။

~ • ~ • ~ • ~ • ~


Thanks for Reading...

Happy Valentine's Day!

အဆင်ပြေရင်
မနက်ဖြန် ထပ် Up ပေးပါ့မယ်နော်..🖤!!

Edit : hobiရဲ့ မွေးနေ့ကျမှ ပြန်လာခဲ့ပါတော့
မယ်နော်..

5004words..

• • •

[ Zawgyi ]


မနက္က်ေတာ့ သူေျပာထားတဲ့အတိုင္း
အဝတ္ေတြ ထည့္ေလ်ွာ္ဖို႔လုပ္ရင္း ေန့လည္ကသူဝတ္ထားတဲ့ ႏႈတ္ခမ္းနီရာနဲ႔ ရွပ္အက်ႌ
ျဖဴကို ေတြ့လိုက္ျပန္ေတာ့ စိတ္ထဲ ကသိ
ကေအာက္ ျဖစ္ရျပန္ၿပီး အက်ႌကို အရင္ဘဝ
က ရန္သူေတြလိုမ်ိဳး စိုက္ၾကည့္ေနမိတယ္..။

ၾကည့္ၾကည့္ရင္း မုန္းလိုက္တာ....

ဒီဟာက ဘာမို႔လို႔ ကြၽန္မငိုရတဲ့အထိ
ျဖစ္သြားျပန္တာလဲ...အပူေလာင္တယ္ဆိုတဲ့
အေၾကာင္းျပခ်က္နဲ႔ ငိုမိေပမဲ့လည္းတကယ္
တမ္း ဒီႏႈတ္ခမ္းနီရာကစသည့္ ေၾကကြဲျခင္းေတြမို႔ စိတ္ထဲအခဲမေၾက ၊ ကိုယ့္ကိုယ္ကိုယ္ ဘာျဖစ္ေနသလဲ မသိတဲ့မေက်နပ္တာေတြနဲ႔ ေရာၿပီး စိတ္တိုလာကာ အက်ႌကို ခပ္ျမန္ျမန္ပဲ အဝတ္ေလ်ွာ္စက္ထဲပစ္ခ်လိုက္မိသည္ ။

မေန့က သူနဲ႔ ေန့လည္စာစားဖို႔ကေတာ့
မ​ျဖစ္ေျမာက္ခဲ့ပါဘူး..သူမက အငိုတိတ္သြား
တဲ့အခ်ိန္နဲ႔ ဂ်ံဳးဂုကလည္း ဘာျဖစ္သည္မသိ
ေရခဏခ်ိဳးမယ္ဆိုၿပီး ထြက္သြားသည့္
အခ်ိန္နဲ႔ ေန့လည္စာစားမည့္ အခ်ိန္မွာ ႏွစ္
ေယာက္သားက ေဝးေနေတာ့ အတူ ေန့လည္
စားစားဖို႔ မျဖစ္ေျမာက္ခဲ့ေတာ့ ျပႆနာက
အဲ့ဒီမွာတင္ ဆံုးသည္ ။

အခု ကြၽန္မလုပ္ရမွာက အဝတ္ေလ်ွာ္ရမယ္..လွမ္းေပးရမယ္ေျခာက္ရင္ မီးပူတိုက္ၿပီး ျပန္ထည့္ေပးထားရံုပဲ ခက္ခက္ခဲခဲ အလုပ္မဟုတ္ေပမဲ့ သူနဲ႔ ​နီးနီးကပ္ကပ္ ရိွေနမည့္ အခ်ိန္ကာလေတြမို႔ စိတ္ေတာ့ပူသည္ ။

ဟူး...ဒါနဲ႔ သူမ တစ္ခုခုကို ေမ့ေနသလိုပဲ..?!

" ဘာပါလိမ့္.."

" Babe.."

တိုးတိုးေဖ်ာ့ေဖ်ာ့ သူ႔အသံ ရုတ္တရက္ထြက္လာေပမဲ့ အရင္ကေလာက္ မလန္႔မိေတာ့ ဘာလို႔လဲဆိုေတာ့ သူ႔အဝတ္ေတြ ေလ်ွာ္ဖို႔ ​သူ႔
အခန္းထဲေရာက္ေနတာေလ ။ ဒါေၾကာင့္ နီးနီးကပ္ကပ္ရိွေနၿပီးအခ်ိန္မေရႊး သူနဲ႔ေတြ့ႏိုင္တဲ့ အလုပ္ေတြလို႔ ေျပာသားပဲကို...

" အဆင္ေျပလား.."

ဘာကို ေမးခ်င္မွန္းေတာ့မသိ ၊ အဝတ္ေလ်ွာ္
ရတာ ခက္ခက္ခဲခဲ အလုပ္မဟုတ္ေတာ့ သူမ ေခါင္းၿငိမ့္ျပလိုက္မိသည္ ။

" ေအာ္..အင္း အဆင္ေျပပါတယ္..
ဂ်ံဳးဂု တစ္ခုခု ေျပာစရာရိွလို႔လား.."

" Arnyi..မရိွပါဘူး
မင္း အဆင္ေျပလားလို႔ ခဏလာၾကည့္တာ.."

ေတြ့လား..ဘာကို ေမးခ်င္မွန္းမသိပါဘူးဆို
ေခါင္းအစေျခအဆံုး သူနဲ႔ မေတြ့ခင္အထိအကုန္အဆင္ေျပေနတာကို သူ႔ေတြ့မွ ရင္တုန္ရတာနဲ႔ လိုက္ၾကည့္ေနလို႔ ရွက္လာတာနဲ႔တင္
ဘယ္ေျပးလို႔ ဘယ္ေျပးရမွန္းမသိ အာရံုေတြ
အလဲလဲၿပိဳျဖစ္ရတာကို သူလည္း မသိတာ
က်လို႔..။

" ၿပီးရင္..ေခါင္မိုးထပ္မွာ
သြားလွမ္းလို႔ ရတယ္ေနာ္ ကေလး.."

မရင္းႏွီးသည့္ အေခၚအေဝၚေၾကာင့္
မ်က္လံုး အဝိုင္းသားနဲ႔ သူမ အံၾသမိသည္ ၊
သူ႔ကို လွည့္ၾကည့္မိေတာ့ စာအုပ္ေလး
တကိုင္ကိုင္နဲ႔ ေရခ်ိဳးခန္းဝက ထြက္သြားရွာေလၿပီ ၊ ခုနက ကေလးလို႔ ေခၚလိုက္တာလားအမ်ိဳးမ်ိဳးေျပာင္းေခၚေနေတာ့တာပဲ တကယ္ တစ္ေန့တျခား သူ ထူးထူးဆန္းလာတယ္...

ေနာက္ထပ္ အသစ္သစ္ေသာ နာမ္စားေလးတစ္လံုး သူမ ထံမွာ စြဲၿငိေနျပန္ၿပီထင္ပါရဲ့
ေနပါေစ ၊ ေခၚခ်င္သလို ေခၚပါေစေတာ့
ေခၚရရင္ သူသေဘာက်တဲ့ပံုပါပဲ....

အမ်ိဳးမ်ိဳးေသာ အေတြးေတြနဲ႔ ေနာက္ထပ္
ေသာ အသံုးအႏႈန္း နာမ္စားေလးတစ္လံုးကို လက္ခံလိုက္မိၿပီး စိတ္ေလ်ာ့သလို ေျဖသိမ့္
ေနသည့္ သူမလည္း ရင္ေတြခုန္ျမန္လာခဲ့တာကိုေတာ့ ဝန္မခံပဲ ညာထားခဲ့မိသည္ ။

သူမ ေနရာက ၾကည့္မိရင္ ငိုရေလာက္တဲ့အထိ သံေယာဇဥ္ေတြတြယ္ၿပီး စိတ္ေတြယိုင္ေနတာကို ဘယ္လိုလုပ္ ဝန္ခံခ်င္ပါ့မလဲေနာ္ တျခားသူလည္းမဟုတ္ ကိုယ့္ကို သေဘာက်
ေနသည့္ ဂြၽန္ဂ်ံဳးဂု ဆီကိုေလ......။

~ • ~ • ~ • ~ • ~

အဝတ္ေတြ ေလ်ွာ္ၿပီးလို႔ ေလသင့္ရာ ေနရာျဖစ္တဲ့ စံအိမ္ရဲ့ေခါင္မိုးထပ္ဆီ လွမ္းဖို႔
အတြက္ ျခင္းေတာင္းကိုသယ္ရင္း ေလွကား
မွ သူမ တက္လာခဲ့သည္ ၊ ပထမဆံုး တံခါး
ဖြင့္လိုက္တာနဲ႔ ခံစားမိလိုက္တာက ေအးျမေနတဲ့ ေလႏုေအးေလးေတြ လူေတာင္လန္းသလိုလို အျမင့္ႀကီးမွာ ျဖစ္ေနတဲ့ ပတ္ဝန္းက်င္ကို
ေဝ့ဝဲၾကည့္မိေတာ့ အေတာ္ေလးကို သာယာ
သည္ ၊ အိမ္ႀကီးအိမ္ေကာင္း ျဖစ္လို႔လည္း
ေနမွာပါ သပ္ရပ္လွပလြန္းတဲ့ ပန္းပင္ေတြ ပန္းအိုးေတြနဲ႔ ေခါင္မိုးထပ္ဟာ အေတာ္ေလး လွေနပါေရာ...။

တိုက္ခတ္ေနတဲ့ ေလက အဝတ္အစား ေျခာက္ဖို႔ထက္ေတာင္ လံုေလာက္တဲ့ အေနအထားမို႔ သူမ လွမ္းဖို႔ ျပင္ရမည္ ။

ၾကာၾကာေတာ့ ေနလို႔မျဖစ္ ခုပဲ ေရေတြကိုင္
လာၿပီး ေနပူေနတဲ့အထဲ ေနမေကာင္းထပ္
​ျဖစ္မွာေၾကာက္တာမို႔ အဝတ္သြားလွမ္းဖို႔
တစ္ဖက္ အလွည့္ သူမ မ်က္ဝန္းေတြ တအံတၾသ ျပဴးက်ယ္သြားမိသည္ ။

သာယာတဲ့အေျခအေနမွာ တဖက္ မနီးမေဝး ေနရာက်ယ္က်ယ္တစ္ခုမွာ လဲေလ်ာင္းအနားယူဖို႔မ်ား လုပ္ထားသလားမသိတဲ့ အရိပ္ရရာ အျပာရင့္ေရာင္ ထီးေလးေအာက္မွာ ထိုင္ေနသည့္ ရင္းႏွီးေနတဲ့ ေဘးတစ္ေစာင္း မ်က္ႏွာေခ်ာေခ်ာကို ျမင္လိုက္ရတာနဲ႔ ခ်က္ခ်င္း သိလိုက္ျပန္ပါၿပီ...။

" အားး ေတြ့ျပန္ၿပီ.."

တကယ္ပင္ ေလတျဖဴးျဖဴးနဲ႔ အရိပ္က်ရာေအာက္မွာ စာအုပ္ထိုင္ဖတ္ေနသည့္ ဂ်ံဳးဂု
ကို ေတြ့ရျပန္သည္ ။ ခုနက စာအုပ္ကိုင္သြား
တာ ဒီမွာ စာဖတ္ဖို႔တဲ့လား...

အခုလို ခဏခဏ ေတြ့ဖို႔ဆိုတာ တိုက္ဆိုင္
တာလား တမင္တိုက္ဆိုင္ေအာင္ လုပ္တာ
လားေတာ့မသိ သူ႔ဘာသာ စာဖတ္ေနရင္
ေတာ့ အဆင္ေျပပါတယ္ ။ အေရးထဲ! အဝတ္
လွမ္းရမည့္ ေနရာက ဘာလို႔ သူ႔ မ်က္ႏွာခ်င္း
ဆိုင္မွာ ရိွေနတာလဲ..!!

" ေအာ..ေရာက္လာၿပီလား Babe.."

သူမကို သတိထားမိၿပီး လွည့္ေမးသည့္သူ ။အိ..သူ ေစာင့္မ်ားေနတာလား?!

" အဝတ္မလွမ္းေတာ့ဘူးလား..ဘာလို႔
ကိုယ့္ကို ျမင္တာနဲ႔ မႈန္ကုတ္ၿပီး ၾကည့္ေနတာလဲ.."

" မဟုတ္ပါဘူး..ေနပူေနလို႔ပါ "

တကယ္ေတာ့ ဟုတ္တယ္ သူ႔ကို မႈန္ကုတ္ၿပီး
လွမ္းၾကည့္ေနမိတာ အေျပာျမန္ေပလို႔ေပ..။

" တကယ္လား..ကိုယ္
ထီးလာေဆာင္းေပးရမလား..."

တကယ္ ထလာေတာ့မည့္ ပံုနဲ႔မို႔ သူ နည္းနည္း
ေတာ့ လန္႔သည္ ။ အီး!! ဒီအတိုင္းပဲ ေျပာလိုက္တာကို တကယ္ႀကီး ထလာလို႔ေတာ့
မျဖစ္ဘူးေလ...မျဖစ္ဘူးလို႔!

ဘယ္ကေန ထြက္လာသည့္ မသိသည့္
ထီးက သူ႔လက္ထဲ အဆင္သင့္ရိွေနေတာ့
ဂ်ီယြန္း ျပာျပာသလဲလဲ ျဖစ္သြားသည္ ။

" ေန..ေနပါေစ အဆင္ေျပပါတယ္
ဂ်ံဳးဂု စာပဲျပန္ဖတ္ေနပါ ကြၽန္မ အဝတ္ လွမ္းလိုက္ၪီးမယ္ေနာ္.."

အထစ္စြာနဲ႔ စကားတိခနဲ ျဖတ္ခ်ၿပီး အဝတ္
ျခင္းေတာင္းႀကီးကိုင္ကာ အဝတ္လွမ္းစင္
ေတြဆီ ခပ္ျမန္ျမန္ ေျပးသြားေလတဲ့ ေကာင္
မေလးကို ၾကည့္ၿပီး ေခါင္းတခါခါနဲ႔ ေလႏုေအးေတြ ၾကားမွာ ရူရိူက္ရင္း သူၾကည့္
ေနမိသည္ ။ သူဘာမွလည္းမလုပ္မိပါဘူး
သူမက ဘာလို႔ ရွက္ေနရ​တာလဲ...

" ခ်စ္ဖို႔ေကာင္းသားပဲ.."

အက်ႌေတြ တလူလူလႊင့္ေနေအာင္ တိုက္တဲ့
ေလႏုေအးေတြၾကားမွာ သူ႔အဝတ္အစားေတြကို လွမ္းေနတဲ့သူမ ေက်ာျပင္ေလးကို ၾကည့္ရင္း ရင္ထဲ စပ္ၿဖီးၿဖီး ျဖစ္လာ၍ စာအုပ္ဆီ အၾကည့္ျပန္ပို႔ရင္း ေခါင္းငံုကာ ႀကိတ္ ၿပံဳးလိုက္မိလိုက္မိသည္ ။

အေနရခက္ေနတယ္ဆိုတာ သိသာေပမဲ့
ဘယ္လိုလုပ္ရပါ့မလဲ သူကိုယ္တိုင္ကိုက
သိပ္သေဘာက်ေနမိတယ္ေလ...

မ်က္ႏွာေလး ျမင္ခ်င္ေပမဲ့ သူ႔ကိုေနာက္ေက်ာေပးထားတဲ့ ေက်ာျပင္ေသးေသးေလးကိုသာ
ၿငိမ္ၿငိမ္ေလး ၾကည့္မိရင္း တယုတယနဲ႔
ေထြးေပြ့ခ်င္လာမိတဲ့ စိတ္ကေလးက ရိွေနတာမို႔ အသဲတယားယား ၊ သူမက ေမ့ထားတဲ့ ခ်စ္တယ္ ဆိုတာကို ေနာက္တစ္ေခါက္ သိခ်င္တာမို႔ ဘယ္နည္းဘယ္ပံုနဲ႔ ေမတၲာေတြ ေဖာ္ျပရမလဲ ဆိုတာကို ၾကည့္ၿပီး ရူးရသည္ ။

ဆပ္ျပာေမႊးရနံ႔ေလးေတြရတာေတာင္
ေလၫွင္းေတြၾကားမွာ သူမ ကိုယ္သင္းရနံ႔ေလးမ်ားရမလားလို႔ ရွာေဖြေနမိသည့္သူသည္ အဲ့ေလာက္ထိကို ရူးပါသည္...။

ထို႔ေနာက္ ေဘးတေစာင္းေလး ျမင္ရလိုက္
ခဏတာေလး မ်က္ႏွာခ်င္းဆိုင္ ျမင္ရလိုက္နဲ႔
ေသခ်ာေလး ျမင္ခ်င္လို႔ ေငးၾကည့္ရတာ အေမာ...ဒါေပမဲ့ သူမက အလိုက္မသိစြာ ။

ဒီေလာက္ လြမ္းေနတာကို ဘာလို႔ မ်က္ႏွာေလးတစ္ခ်က္ေတာင္ လွည့္မလာရတာလဲ...

ေကာင္မေလးက ႏူးႏူးညံ့ညံ့ေလးမို႔
သူလည္း စိတ္ေတြ ေလ်ာ့ထားရတာ အေမာ..

ေတြးမိရင္း ေနာက္ေက်ာျပင္ ေသးေသးေလး
ကို ၾကည့္ကာ သက္ျပင္း ေငြ့ေငြ့ေလး ခ်မိသည္အထိ ။

" မင္း ၾကည့္ရတာ အေနရခက္သလိုပဲ
စိတ္မပူပါနဲ႔ ကိုယ္မင္းေနာက္လိုက္လာတာ
မဟုတ္ပါဘူး.. ရာသီဥတု သာယာရင္
ကိုယ္က ဒီမွာ အၿမဲစာလာဖတ္ေနၾက.."

ရုတ္တရက္ ထြက္လာသည့္ သူ႔အသံ..။
တကယ္ ဂ်ံဳးဂုက ေဗဒင္ေဟာစားရင္ေတာင္
စီးပြားျဖစ္ၿပီး ေပါက္မဲ့သူမ်ိဳး ဒါေပမဲ့ သိသာပါတယ္ မဟုတ္ဘူးလား သူမက အဲ့ဒီေလာက္
ဘာမွမျဖစ္တဲ့ပံုစံမ်ိဳး ဟန္ေဆာင္မေကာင္း
ဘူးေလ သူဆို ပိုသိမွာပဲမလား...။

အၾကားအျမင္ရေနတာမ်ိဳး မဟုတ္ေပမဲ့တစ္ေယာက္ေယာက္က ၾကည့္ေနတယ္
ဆိုတဲ့ ခံစားခ်က္ေတြေၾကာင့္နဲ႔ အာရံုေတြထဲမွာ ေနာက္ကို လွည့္မၾကည့္ရဲတာမို႔ သူေျပာမွပဲ ကိုယ္ပဲ အေတြးေတြ လြန္ေနသလားလို႔
ေတြးမိရင္း အူတူတူ လွည့္ၾကည့္မိေတာ့
စာငံု႔ဖတ္ေနရင္း ေမာ့ၾကည့္လာသည့္ ဂ်ံဳးဂုရဲ့မ်က္လံုး ဝိုင္းဝိုင္းေတြနဲ႔ အၾကည့္ခ်င္းဆံုမိေတာ့ သူ ၿပံဳးသည္ ။

" ဒီထဲမွာ ကိုယ္ အႀကိဳက္ဆံုး ဒိုင္ယာေလာ့
ေလးရိွတယ္ ဘာလဲဆိုတာ သိခ်င္လား.."

ကေလးေလးေတြကို ေမးသလို လာေမးျပန္၍
သူမမွာ တကယ္ ဘာျပန္ေျဖရမည္မသိ ၊ မသိခ်င္ဘူးလို႔မ်ား ျပန္ေျဖျဖစ္ခဲ့ရင္ စိတ္မ်ား
ဆိုးသြားမလား ေတြးမိၿပီး ေၾကာက္ရေတာ့
မ်က္ေတာင္ေလးေတြ ပုတ္ခတ္ၿပီး ဘာျပန္
​ေျဖရမလဲ ေတြေဝေနမိစဥ္ ။

" မသိခ်င္ဘူးလား.."

အနည္းငယ္ စိတ္မရွည္ခ်င္ျဖစ္လာသည့္
ေလသံ၊ မဆိုစေလာက္ေလး တြန္႔ေကြးလာ
သည့္ မ်က္ေမွာင္ေတြကို ၾကည့္ၿပီး ကိုင္ထားတဲ့ အက်ႌ ေတြေတာင္ လြတ္က်ခ်င္ခ်င္ ၊ စိတ္ဆိုးသြားရင္ေတာ့ ဒုကၡပဲ..သူမ
ဘာေျဖရပါ့မလဲ...

" ဟို..ဂ်ံဳးဂုက
ဘာစာအုပ္ဖတ္ေနမွန္းမွ မသိပဲ.."

ခ်က္ခ်င္း ေျပသြားသည့္ မ်က္ေမွာင္ေတြ
ေအးေဆး ျပန္ျဖစ္သြားတဲ့ အရိပ္အေယာင္
ေတြကို ျပန္ၾကည့္မိရင္း အိုက္စပ္စပ္ ေလထုက ျပန္ၿပီး ေအးျမသြားသလိုလို ဂ်ံဳးဂုက ေျခာက္လန္႔ရတာကို ဝါသနာပဲပါသလားမေျပာတတ္ခဲ့ပါ ၊ သူ႔မ်က္ဝန္းေတြကို ၾကည့္မိ
တဲ့ တစ္ေလ်ွာက္လံုး သတိထားလာမိတာက
တကယ္ ႏွလံုးေရာဂါ ရေတာ့မယ္ဆိုတာကိုပါပဲ..

" အာ..ကိုယ္ဖတ္ေနတာက အခ်စ္ဝတၴုပါ
ဇာတ္လမ္းေလးက တိတ္တခိုး ခ်စ္မိေနတဲ့
ေကာင္ေလး တစ္ေယာက္ရဲ့ အေၾကာင္း.."

" ေၾသာ္.."

" ေကာင္မေလးကို သိပ္ခ်စ္ေတာ့
လမ္းေပ်ာက္ေနရွာတဲ့ ေကာင္ေလး တစ္ေယာက္ အေၾကာင္းေလ.."

" ဥပမာ..ကိုယ္နဲ႔ မင္းလိုေပါ့ "

" အဟြတ္- "

အၿမဲ နားေထာင္ေနရင္ အေကာင္း စကား
အေကာင္း ေျပာတယ္မွတ္ၿပီး နားေထာင္
ေနရင္းနဲ႔ သူ ထထေဖာက္လ်ွင္အလြဲလြဲ
အေခ်ာ္ေခ်ာ္ေတြ ျဖစ္ရတာမို႔ နားေထာင္ေနသည့္ လူလည္း မေနတတ္ေတာ့ အခုလည္း အဆင္ေျပရင္း ေလခံရင္းနဲ႔ပဲ သီးခ်င္သြားတာမို႔အသံက်ယ္က်ယ္ မထြက္ခင္ မနည္းေခ်ာင္းဆိုးခ်င္ေနတာကို
မနည္းၿမိဳသိပ္လိုက္ရသည္ ။

Ahh!! ဂ်ံဳးဂုကေတာ့ လုပ္ခ်လိုက္ျပန္ၿပီ...။

ျငင္းထားတယ္ဆိုတာ သူပါ ကြၽန္မနဲ႔ အတူ
ေရာၿပီး အတိတ္ေမ့သြားတာလား ဒီလိုမ်ိဳးေတြ ေျပာရင္ ရွက္ပါတယ္ဆို...!!!

မေန့ကလိုပဲ ထြက္ေျပးလိုက္ရင္ေကာင္းမလားမသိ!! ၾကက္သီးေတာင္ ထသည္ ။

" မေကာင္းဘူးလား..."

" ေကာင္း..ေကာင္းတာေပါ့.. ဂ်ံဳးဂုပဲ ဆက္ဖတ္ၿပီး ေနာက္မွေျပာျပပါ "

Ahh ေသစမ္း!! ရူးေနလို႔ ေနာက္မွလား !!
ငါ ဘာေတြေျပာမိလိုက္တာလဲ...!!!

စကားစျပတ္ေအာင္ အက်ႌေကာက္လွမ္း
ေနရင္းနဲ႔ ရင္ထဲ ဗရိုဗရဲ ကိုယ့္ကိုကိုယ္ မႏိုင္ေတာ့ စိတ္ထဲ ေျဗာင္းဆန္သြားကာ ႀကိတ္ၿပီး သတ္ပု​တ္ေနမိလို႔ အက်္ လွမ္းတာေတာင္ လက္ေတြ တုန္တုန္ရီရီနဲ႔ အလြဲလြဲအေခ်ာ္ေခ်ာ္ ျဖစ္ေနတဲ့ ေကာင္မေလးကို ၾကည့္ေနသည့္ တစ္ေယာက္ေသာ သူကေတာ့
ေက်နပ္အားရစြာ ၿပံဳးလို႔ ။

သူမက Anti-Romantic မ်ားလား?!
လြယ္ေတာ့ မလြယ္..ဒါေတာင္ကိုယ္က အမ်ားႀကီး ေလ်ာ့ထားတာကိုေနာက္ဆို
ဂ်ီယြန္း ဘယ္လိုလုပ္မလဲ...။

" အင္းး ရွက္တတ္တဲ့ အက်င့္ေလးကို ေဖ်ာက္ေပးမွပဲ.."

ေလႏုေအးေတြ ၾကားမွာ တိုးတိုးေလး ညည္းဆိုမိခဲ့တာကို သူမကေတာ့ မသိလိုက္ခဲ့ပါ ။

ကိုယ့္ဘာသာ ေနရင္းနဲ႔ေတာင္ ရင္ေတြတုန္လို႔
ရင္ေတြ ခုန္ေနမိတဲ့ အာရံုပ်က္ေအာင္ အလုပ္
လုပ္ေနမိရင္းနဲ႔ လွမ္းစရာ အဝတ္ေတြေတာင္
ကုန္သြားခဲ့ၿပီ ၊ ဒါဆို ျပန္ရေတာ့မွာေပါ့ လို႔
ေတြးမိရင္း သူရိွသည့္ ေနရာကို ႏႈတ္ဆက္ဖို႔
လွမ္းၾကည့္မိေတာ့ သူမ ရိွရာသို႔ စာအုပ္ေလး
ကိုင္ၿပီး ၪီးတည္လာသည့္ ဂ်ံဳးဂု...။

ဆပ္ျပာ ရနံ႔ေတြသည္လည္း သင္းလို႔
ေလတစ္ခ်က္သိမ္းတိုင္းမွာ ေရ႔ွဆံပင္ေတြ
ဖြာသြားခဲ့တာေတာင္ ၾကည့္ေကာင္းေနသည့္ သူ႔ကို ၾကည့္ရင္း အာရံုေတြ ပ်ံလြင့္သြား
မိၿပီး ခဏတာေတာ့ ေငးေမာမိလ်က္သား....

မေဝးလွတဲ့ အကြာအေဝးမွာ သူ႔ကို ၾကည့္
ေနမိရင္းနဲ႔ပဲ ဘာလို႔ ေလႏုေအးေတြက
အရမ္း ေအးလာတယ္လို႔ ခံစားရသည္ ။

စိတ္ေတြ ယိုင္မိျခင္းရဲ့ အက်ိဳးဆက္က ႏွလံုး
ခုန္သံေတြကပါ သစၥာေဖာက္သြား၏...

ဒီလိုက်ေတာ့လည္း မာဖီးယား ဂိုဏ္းသား မဟုတ္တဲ့ သာမန္ လူငယ္ေလး တစ္ေယာက္လိုမ်ိဳး....သူ သိပ္ၾကည့္ေကာင္းပါသည္ ။

" ဖတ္ရတာ အဆင္ေျပတာမို႔
မင္းဖတ္ခ်င္လား.."

စာအုပ္ေထာင္ျပၿပီး ေမးလာသည့္သူ...။
စာအုပ္ေတြ မဖတ္ျဖစ္တာ တကယ္ ၾကာေနၿပီ
ဆိုေပမဲ့လည္း ေယာင္ေယာင္မွားမွားနဲ႔ သူမ ေခါင္းၿငိမ့္လိုက္မိသည္ထင္..တကယ္ မသိေတာ့ ။ ထို႔ေနာက္မွာ စာအုပ္ေလး လက္ထဲအေရာက္ ထိုး ေပးလာသည့္ သူေၾကာင့္ ေယာင္ နနနဲ႔ ၊ အမ္..တကယ္ႀကီး ဖတ္ရမွာလား...

" ယူထားလိုက္..ကိုယ္ေနာက္ေတာ့မွ
ျပန္လာေတာင္းမယ္.."

လာေတာင္းမယ္ ဆိုတာကလည္း သူမဆီသြားဖို႔ အေၾကာင္းျပခ်က္ သက္သက္ပဲမို႔ စာအုပ္ေလးကို သူမဆီထားခဲ့ရင္း သူ ဆင္းဖို႔ ျပင္ရသည္ ။ အလုပ္သြားရၪီးမယ္မလား ...

" မလိုက္ဘူးလား.."

အဝတ္ေတြ လွမ္းလို႔ ၿပီးသြားပံုရတဲ့ ဂ်ီယြန္း
ကို တခါတည္း လိုက္ခဲ့ဖို႔ ေခၚမိေတာ့
သူမက ေခါင္းေလး အသာ ခါယမ္းျပသည္ ။

" ခဏေနမွ..လိုက္ခဲ့ပါ့မယ္.."

ၾကည့္ရတာ ရွက္တုန္း ေသြးပူေနတုန္းမို႔
သူနဲ႔ အတူ မဆင္းခ်င္ဘူး ထင္ပါတယ္...

" အင္း..ဟုတ္ပါၿပီ "

" ဒါနဲ႔ ကိုယ့္ကို နက္ခ္တိုင္ စည္းေပးရၪီးမယ္ေနာ္ ၿပီးရင္ ဆင္းလာခဲ့ ေစာင့္ေနမယ္.."

အာ..ဟုတ္သား နက္ခ္တိုင္ ကိစၥရိွ​​ေသးတာပဲ
ဒါေၾကာင့္ မနက္ကတည္းက တစ္ခုခုကို ေမ့ေနတယ္ထင္တာ..ေမ့ေနတာကိုမွ အစျပန္
ေဖာ္ေပးသြားတဲ့ ဂ်ံဳးဂုေၾကာင့္ မ်က္လံုး အဝိုင္းသားနဲ႔ တသသ က်န္ခဲ့မိသည္ ။

ႏွလံုးေရာဂါ ရမယ့္​ ေန့တစ္ေန့ပါပဲ...

~ ◆ •°᯽°• ◆ ~


မီးေရာင္ပ်ပ်ေအာက္မွာ အေရာင္မ်ိဳးစံုကြဲကာ
အသြင္အမ်ိဳးမ်ိဳး ကြဲထြက္ေနသည့္ နက္ခ္တိုင္မ်ားထက္ ေရြ့လ်ားေနသည့္ လက္ေတြသည္ ပံုမွန္ထက္ တည္ၿငိမ္လို႔ ေနသည္ ။

ခါတိုင္းဆို ေတြ့ရျမင္ရာ အဆင္ေျပရင္ ၿပီးတာပဲဆိုၿပီး ေကာက္စည္းသြားတတ္ေသာ စိတ္ေတြ သူ႔မွာ မရိွေတာ့ ၊ ဒီေန့ သူမက ကိုယ့္ကို နက္ခ္တိုင္ စည္းေပးမည္ မဟုတ္လား ေသခ်ာေလး ေရြးေပးရမည္ေလ ၊ ဂ်ီယြန္းဆင္ျမန္းေပးမည့္ နက္ခ္တိုင္သည္ အလိုက္ဖက္ဆံုးသာ ျဖစ္ေစခ်င္၍ ေရြးခ်ယ္ရေသာ အခ်ိန္ကာလေတြသည္ စိတ္လႈပ္ရွားစရာအတိ...။

ဆိုးတာက သူႀကိဳက္တာ အနက္ေရာင္
ေတြႀကီးပဲ ဆိုရင္ေတာင္မွ မ်က္လံုးထဲ ေပၚလြင္မည့္ ခံစားမႈမ်ိဳးေလး ...

သေဘာက်တာေတြ့သည္ႏွင့္ ဆြဲယူလိုက္မိၿပီး
သူမကို ၾကည့္လိုက္မိေတာ့ ဂ်ီယြန္းသည္လည္း စိတ္လႈပ္ရွားေနသည္ထင္ပါတယ္ ...

" ဒါေလး အဆင္ေျပတယ္မလား.."

လည္စည္း အနက္ေရာင္လြင္လြင္ေလးကို
ေထာင္ျပၿပီး ေမးျမန္းလာသည့္သူ..။

" အြန္း အဆင္ေျပပါတယ္.."

" အိုေခ..ဒါဆို စည္းေပးလို႔ရၿပီ Babe.."

လက္ထဲ အေရာက္ေပးလာသည့္ နက္ခ္တိုင္
ေလးကို ၾကည့္ၿပီး ေတြးေတြးဆဆနဲ႔ ရွပ္အက် အျဖဴေလးနဲ႔ ၾကည့္ေကာင္းေနသည့္
သူေရာက္လာေတာ့ စည္းရတာ အဆင္
ေျပေအာင္ မဝံ့မရဲ တိုးကပ္မိသည္ ။

တကယ္ ရင္ေတြလည္း ခုန္လို႔...
လက္ေတြလည္း တုန္ေနတယ္.....

ဘယ္လိုလုပ္ရမွာလဲ...

မသိခဲ့ဘူး..သူ႔ကို နက္ခ္တိုင္ စည္းေပးရတဲ့အ
လုပ္က အဲ့ေလာက္ထိ ေၾကာက္ဖို႔ေကာင္းမယ္မွန္း..တုန္လႈပ္ေနတဲ့ စိတ္ကေလးကို မနည္းၿမိဳခ်မိရင္း ၾကည္လင္ေနသည့္ မ်က္ဝန္း နက္နက္ေတြကို မၾကည့္ႏိုင္ပဲ သူ႔လည္တိုင္ေလးကို ခပ္ဖြဖြေလး လွမ္းပတ္ကာ ငံု႔ၿပီး စည္းေပးဖို႔ သူမ ျပင္ရသည္ ။

ဟူး..စိတ္ေလ်ာ့..စိတ္ေလ်ာ့...

ဒီၾကားထဲမွာ နက္ခ္တိုင္ ဘယ္လိုစည္းရလဲ
ဆိုတာ ေကာက္ေမ့သြားရင္ ဒုကၡဆိုေပမဲ့
မေန့ညက အကုန္ျပန္ေတြးၿပီး စိတ္ကူးထဲမွာ
ထိုင္ေလ့က်င့္ထားတာပဲ အဆင္ေျပမွာပါ ....

" စည္းေကာ စည္းတတ္ရဲ့လား
မင္း ၾကည့္ရတာ တုန္ေနတာပဲ.."

သိတယ္..ဂ်ံဳးဂု တစ္ခုခု ေျပာေတာ့မယ္
ဆိုတာ..ေျပာလည္း ေျပာခ်င္စရာ မသိရင္
သူမ လက္ေတြက ေရခ်ိန္မကိုက္ေသးတဲ့
အရက္သမားလိုပဲ...ဒုကၡကစသည္ ။

သူ သတိထားမိေပမဲ့လည္း ဂရုမစိုက္အား
သူ႔ကို အာရံုစိုက္မိလိုက္လ်ွင္ နက္ခ္တိုင္
စည္းလို႔ မရမွာကို ပိုေၾကာက္လာသည္ ။

" ေနာက္ၿပီး အသက္ရူေတြ အရမ္းျမန္ေနတယ္ ျဖည္းျဖည္း အသက္ရူပါ Babe ေအးေဆးေပါ့ ျဖည္းျဖည္းစည္းလည္း အဆင္ေျပတာပဲကို..."

ကြၽန္မလည္း ေအးေဆး အသက္ရူၿပီး
ေနခ်င္တာေပါ့ ဒါေပမဲ့ ရမွမရပဲကိုလို႔ ...

သူ စိတ္ေလ်ာ့ခိုင္းသေလာက္ စိတ္ထဲ
ေျဗာင္းဆန္ေနေသးသည့္ သူမမွာ တစ္ခြန္း
မွ ျပန္မ​ေျပာႏိုင္ပါ ၊ နက္ခ္တိုင္ကိုသာ ေသေသသပ္ သပ္ခ်ည္ရင္း သူ႔ အသက္ရူသံေတြၾကား အခ်ိန္ကိုလိုက္မွတ္ေနမိသည္ထင္...

အမွတ္မထင္ ေမာ့ၾကည့္မိလိုက္ရင္
မ်က္ဝန္း နက္နက္ေတြနဲ႔ ဆံုရၪီးမွာမို႔ ေမာ့မၾကည့္ျဖစ္ပဲ ေခါင္းငံု႔ကာ နက္ခ္တိုင္ကို
ေသေသသပ္သပ္ စည္းေပးေနသည့္ မိန္းကေလးနဲ႔ နက္ခ္တိုင္ အစည္းခံေနသည့္
ေကာင္ေလးတို႔ရဲ့ မ်က္ႏွာခ်င္းဆိုင္ ပံုရိပ္ေလး ႏွစ္ခုက အတူ ယွဥ္တြဲလို႔ လိုက္ဖက္သြားတဲ့အခါ စိတ္ကူးယဥ္ဆန္လွသည္ ။

ေပ်ာ္ေနတယ္ဆိုတာ သိသာသည့္ နက္ခ္တိုင္
အစည္းခံသူမွာေတာ့ ၿပံဳးလို႔...ၾကည့္မဝသည့္
မ်က္စိေရ႔ွက ပံုရိပ္ကေလးကို ၾကည့္ကာ
တစ္ခုခုကို သတိရသြားဟန္နဲ႔...

" ဒါနဲ႔.. ခုနက ကိုယ္ဖတ္ထားတဲ့ ဝတၴုေလး
ထဲက ဒိုင္ယာေလာ့ကို အခု ေျပာျပရမလား.."

တစ္ခ်က္ ေမာ့ၾကည့္မိေတာ့ ေျပာျပခ်င္ပံု
ေပၚေနသည့္ ဂ်ံဳးဂု ၊ နားေထာင္ေပးရံုပဲမို႔
သူမလည္း မျငင္းရက္ေတာ့...။

" အင္း..ဂ်ံဳးဂု ေျပာျပခ်င္ရင္ ေျပာျပေလ.."

" ဒီလိုေလ.. ဝတၴုထဲက ဇာတ္လိုက္က
ဒီလို အရင္စေျပာတာ.."

စကားစကို ရပ္ၿပီး ေျပာလာႏိုးႏိုးနဲ႔ နားေထာင္
ေနမိေပမဲ့ တိတ္ဆိတ္သြားတဲ့ အသံေတြ...။ ေျပာျပမယ္ဆို..သူမေျပာျပေတာ့ဘူးလား..

" ခ်စ္တယ္.."

ဟင္....?!

တဲ့တိုးႀကီး ထပ္ၿပီး ခ်စ္ေရးဆိုခံလိုက္ရေတာ့
ေယာင္ေယာင္မွားမွားနဲ႔ ေမာ့ၾကည့္မိသည္
အထိ...ပထမၪီးဆံုး ျမင္ေတြ့လိုက္ရတာက
သူ႔ မ်က္ဝန္းေတြ နက္နက္ေတြ...။

" ခ်စ္တယ္လို႔ တဖြဖြ ေျပာခြင့္ရရင္ေတာင္
မလံုေလာက္တဲ့အထိ ဒီအတိုင္း ေငးၾကည့္ေနရင္ေတာင္ မင္းကို သိပ္ခ်စ္တယ္ ဆိုတာ
သိေစခ်င္တယ္.."

အမ္းးး ဒိုင္ယာေလာ့ ဆိုေပမဲ့လည္း
နားေထာင္ရတာေတာ့ နည္းနည္း ...

သူ ေျပာတာ ဒိုင္ယာေလာ့ မွန္း ေသခ်ာသြားတဲ့အခါ ခုန္လႈပ္သြားတဲ့ လိႈင္းႏႈန္းေတြကို ေမ့ထားၿပီးစိတ္ေလ်ာ့ကာ " မႏိုင္ဘူး "ဆိုတဲ့ အၾကည့္နဲ႔ မ်က္လႊာကို ျပန္ခ်မိသည္ ။

ရိုးရိုးတန္းတန္း ေျပာလည္း ရတာကို....

" ဝတၴုထဲက ဇာတ္လိုက္ကေတာ့
သူ႔ေကာင္မေလးကို ဒီလိုေျပာတာပဲ.."

" ကိုယ္ေတာ့ အဲ့ဒီ ဒိုင္ယာေလာ့ကို
အရမ္း သေဘာက်တာ.."

အင္း..ကြၽန္မလည္း ဂ်ံဳးဂု ဒီလိုမ်ိဳးေတြ မလုပ္ပဲ တည္တည္တံ့တံ့ ေျပာရင္ ဒါမွမဟုတ္ ရင္ေတြသာ ခုန္မေနရင္ သေဘာက်မိမွာပါ...။

ထပ္ၿပီး ခ်စ္ေရးဆိုခံရတာေတာ့ မဟုတ္ဘူး
မလား...ဒါနဲ႔ ဒိုင္ယာေလာ့ေကာ ဟုတ္ေရာ ဟုတ္ရဲ့လား..သူ ေလ်ွာက္ေျပာေနတာေတာ့ မဟုတ္ပါဘူးေနာ္...?!!

မယံုသကာနဲ႔ လွမ္းၾကည့္မိေတာ့ အလင္းေတြ ျဖာက်ေနတဲ့ မွန္ေဘာင္ႀကီးကို ၾကည့္ၿပီး
ၿပံဳးစိစိနဲ႔ မ်က္ႏွာလႊဲခ်သြားသည့္ သူ...။

" ရာသီဥတုက သာယာသားပဲေနာ္.."

Arnyi! မဆီမဆိုင္ ဘာေတြ....
ေနာက္ၿပီး အဲ့ဒီ အၿပံဳးႀကီးက ဘာတုန္း...

အေတြး​မ်ားရင္းနဲ႔ပဲ နက္ခ္တိုင္ စည္းေပး
ရသည့္ အလုပ္သည္ သူ႔ကို ေငးေနတာနဲ႔တင္ အလုပ္ မၿပီးေတာ့မွာစိုးရိမ္ၿပီး နက္ခ္တိုင္ ျမန္ျမန္ေလး စည္းေပးကာသပ္ရပ္တာ ေသခ်ာသည္အထိ ေသခ်ာေလး ၾကည့္ရူေပးရ​ေသးသည္ ။ ၾကည့္ေကာင္းေနမွ ျဖစ္မွာေလ...သူက သခင္ေလးပဲကို..

အဆင္ေျပသြားၿပီ ထင္တာပဲ...

" ၿပီးၿပီ ဂ်ံဳးဂု.."

" ဟုတ္လား.. "

သူ႔နက္ခ္တိုင္ေလး သူေသခ်ာၾကည့္ရင္း
ေက်နပ္ေနသည့္ပံုပါပဲ ဒါဆို အခု သူမ အလုပ္ၿပီးၿပီေပါ့ေနာ္...။

" အဆင္ေျပသားပဲ.."

" ဒါဆို ကြၽန္မသြားလို႔ရၿပီလားဟင္.."

" ေအာ္..အင္း ရေတာ့ရပါၿပီ.."

" ဒါဆို ကြၽန္မ သြားေတာ့မယ္ေနာ္.."

ႏႈတ္ဆက္ၿပီး ထြက္သြားမယ္ အလုပ္
သူမလက္ကို လွမ္းဆြဲၿပီး အလ်င္စလို
တားျမစ္လာျပန္သည္ ။

" ဒါ..ဒါေပမဲ့! ခဏေလးပါ Babe!
ဝတၴုထဲ ကိုယ္ သေဘာက်တာေလး တစ္ခု ေျပာျပဖို႔ ေမ့က်န္ခဲ့ေသးတယ္.."

" ဘာ..ဘာႀကီးလဲ.."

ေမးလို႔ မဆံုးေသးခင္ ကိုယ္ခ်င္း ထပ္မံနီးကပ္သြားေအာင္ သူ ဆြဲယူ ဖန္တီးလိုက္
သည့္ အေျခအေနတစ္ခု ၊ သူမ လည္တိုင္ ေက်ာ့ေက်ာ့ေလး ကို အသာ ဆြဲယူလိုက္သည့္ သူ႔လက္ဖဝါးထက္က အထိအေတြ့ေတြ..။

ေနြးခနဲ ျဖစ္သြားေသာ နဖူးျပင္...
သူမ မ်က္ဝန္းေတြသည္ ဝိုင္းခနဲ...။

ဆံႏြယ္ေတြ ဝဲျဖာက် ေနသည့္ၾကားက
ႏူးႏူးညံ့ညံ့​ေလး နမ္းရိႈက္သြားသည့္ အေနြးဓာတ္ကေလးရဲ့ အထိအေတြ့ေၾကာင့္ နဲ႔တင္
အသက္ ဘယ္နားကထြက္သြားသည္မသိ
ေက်ာက္ရုပ္ႀကီး သဖြယ္ တကိုယ္လံုး
ေတာင့္တင္းသြားမိသည္ ... ။

ဒါေတာင္ ျမင္ျဖစ္ျမင္လိုက္ေသးသည့္
​​ေသသပ္လွပစြာ တြန္႔ေကြးသြားသည့္ သူ႔ မ်က္ႏွာထက္က အၿပံဳးခ်ိဳခ်ိဳေတြ မပါေသး အနမ္းခံလိုက္သည့္ တစ္ခ်က္ မွာတင္ ေသြးေတြေတာင္ ေျပာင္းျပန္စီးခ်င္သြားၿပီး ရင္ထဲ
ရထားအစင္းေပါင္း မ်ားစြာ ခုတ္ေမာင္းသြားေတာ့သည္ ။

" ကိုယ္ ေစာေစာ ျပန္လာခဲ့မယ္ေနာ္
ကေလးေလး.."

ေခါင္းကို ခပ္ဖြဖြေလး ပုတ္ၿပီး ​ေႁခြခ်
သြားျပန္သည့္တစ္ခ်က္ ရင္ထဲ ေျဗာင္းဆန္ကုန္ျပန္သည္ ။ ဘယ္လိုေတြေတာင္ ေခၚေနတာ?!

တကယ္ဆို အခန္းထဲက ထြက္သြားရမည့္
သူက သူမ ၊ ခုေတာ့ အသက္ရူသံေတြ နိမ့္ခ်ည္ျမင့္ခ်ည္နဲ႔ ေက်ာက္ရုပ္ႀကီး သဖြယ္ က်န္ခဲ့သည့္ သူမ ေခါင္းကို ခပ္ဖြဖြေလး ပုတ္ကာ ၪီးေအာင္ ခ်န္ထားခဲ့သည္က အခန္းပိုင္ရွင္ျဖစ္သည့္ ဂြၽန္ဂ်ံဳးဂု ျဖစ္လို႔ေနသည္ ။

သူ ထြက္သြားကာမွ ၿငိမ္ၿငိမ္ေလး ထိုင္ခ်မိသည့္ ေကာင္မေလးလည္း ျမင့္တက္ေနသည့္ ႏွလံုးခုန္သံေတြၾကား ရုန္းရင္းကန္ရင္းနဲ႔ပဲအရိွန္မျပယ္ေသးသည့္ အျဖစ္အပ်က္ၾကားမွာ လက္ကေလးေတြကို က်စ္က်စ္
ပါေအာင္ ဆုပ္လို႔ မ်က္ႏွာပူစြာနဲ႔ပဲ ကိုယ့္လက္ေမာင္းေတြထက္မွာ ဒူးေလးပိုက္ကာ မ်က္ႏွာေလးအပ္ၿပီး ခိုလႈံမိ၏ ။

" အားး.. ရူးေတာ့မွာပဲ.."

အလိုမက်သည့္ အသံေလး ထြက္လို႔
လင္းထင္းေနသည့္ မွန္တံခါးေဘာင္ႀကီး
ေတြနား ထိုင္ေနသည့္ ပံုရိပ္ၿငိမ္ၿငိမ္ေလးက ရင္ေတြ တသိမ့္သိမ့္နဲ႔ ၾကည့္ရတာ ႏွလံုးေရာဂါ ရသြားၿပီ ထင္ပါတယ္....။

~ • ~ • ~ • ~ • ~ • ~


ညေနက်ေတာ့ အျဖဴထည္ သက္သက္ ျဖစ္ေနသည့္ မိုးေကာင္းကင္ႀကီးကအထီးက်န္ေနသည္ထင္ ၊ တစ္ေန့လံုး ေလႏုေအးေတြပဲ
တိုက္လို႔ တိမ္ေတြခ်ည္း ၿပံဳေနေသာေကာင္း
ကင္ ႀကီးကို ေငးၾကည့္ရသည္မွာ အေမာ.....။

ေလႏုေအးေတြက ေခါင္မိုးထပ္မွာ ​ျဖစ္လို႔
တိုက္ေနတာ မဟုတ္ပဲ ဒီေန့ တစ္ေန့လံုးကို
ခပ္ၿငိမ္ၿငိမ္ေလးကို ေနတာမို႔ ေနရထိုင္ရတာ ေကာင္းတာမို႔ သေဘာက်သည္ ၊ လုပ္စရာ အလုပ္ေတြ မရိွေတာ့တဲ့ ညေနမွာက် အိမ္​ေရ႔ွေလွကားအဆင္းမွာ ထိုင္ရင္း ပ်က္ဆီးခံထားရတဲ့ ပန္းအႂကြင္းအက်န္ ေတြကို ဘာရယ္မဟုတ္ ေငးၾကည့္ေနမိသည္..။

" သမီး..သခင္ေလးကို ေစာင့္ေနတာလား.."

" အယ္..မဟုတ္ပါဘူး..ေဒၚေလးရာ "

ညေန ဂ်ံဳးဂု ျပန္လာမွာသိလို႔ ေဒၚေလးက
လွမ္းစေတာ့ ေယာင္ေယာင္မွားမွား ရင္ခြင္ထဲက မဖတ္ရေသးသည့္ စာအုပ္ေလးကိုေတာင္ လွမ္းပိုက္လိုက္မိသည္ ။

" ေအးတာမို႔ ၾကာၾကာထိုင္မေနနဲ႔ေနာ္.."

" ဟုတ္ကဲ့.."

ေဒၚေလး အနားက ထြက္သြားသည့္အခါမွ
သာ ဂ်ံဳးဂု ေပးခဲ့သည့္ စာအုပ္ေလးကို
ေသခ်ာ ၾကည့္မိေတာ့ တကယ္ အခ်စ္ဝတၴုေလးပင္ ၊ မာဖီးယား တစ္ေယာက္က ဒီလိုမ်ိဳးေတြ ဖတ္တတ္တယ္လား မသိေပမဲ့ စာအုပ္ဖြင့္ရသည္ႏွင့္ အာရံုေရာက္သြားသည္က
တစ္ေနရာ မဖတ္ဖူးေပမဲ့လည္းစာရြက္ေတြ
လွန္ေလာကာ ရွာေဖြေနမိသည္ ။

တျခားေတာ့ မဟုတ္ပါ ၊ သူ ေျပာျပခဲ့တဲ့
ဒိုင္ယာေလာ့ေလးမ်ား တကယ္ပါသလားလို႔ စပ္စုမိျခင္းပါပင္...။

" အာ..သူ ေနာက္ေနတာမဟုတ္ဘူးပဲ.."

ႏွစ္မိနစ္ေလာက္ရွာလိုက္ရတဲ့ ဒိုင္ယာေလာ့
ေလးကို ရွာေတြ့လိုက္ရတဲ့အခါ ရင္ထဲ ေငြ့ေငြ့ေလး ခံစားရသည္ ။ သူ ဘာဆိုလိုခ်င္မွန္း
သိပါတယ္ ဒါေပမဲ့ သူမဘက္က စိတ္ေတြ ယိုင္ေနမိလို႔ ကိုယ့္ကိုကိုယ္ ေၾကာက္ေနမိတာ..

ဂ်ံဳးဂု သေဘာက်တယ္ဆိုတာသိေပမဲ့ သူမကခ်ည္းေရွာင္ေျပးေနမိတာ အခုအခ်ိန္သာ အေျဖေတာင္းလို႔ကေတာ့.... အကဲခတ္ျမန္သည့္သူ႔ပံုစံနဲ႔ဆိုရင္ အကုန္ေပၚကုန္လိမ့္မည္ ။

ကိုယ္တိုင္ ျငင္းခဲ့ၿပီးမွ စိတ္ေတြ ယိုင္ေနတာမ်ိဳး တစ္ခါမွ မျဖစ္ဖူးဘူးေလ....

ဒါေပမဲ့ေလ..
မေသခ်ာေပမဲ့ သူ႔မွာ ေကာင္မေလး ရိွတယ္ မဟုတ္လား.. ဟို မိန္းကေလးေလ...

ႏႈတ္ခမ္းနီရာ ေၾကာင့္ ငိုေႂကြးခဲ့ရတဲ့ အခ်ိန္ကာလေတြကို ျပန္ေတြးမိေတာ့ ဝမ္းနည္းသလိုလို ကြၽန္မက ကိုယ္တိုင္ ျငင္းခဲ့ၿပီးမွ
သူ႔ကို ျပန္သေဘာက်ေနမိလို႔ မျဖစ္ဘူးေလ..

ဘဝခ်င္းေတြကြာတယ္ ႀကီးျပင္းခဲ့ရပံုခ်င္း
မတူတာမို႔ စက္ဆုပ္ဖြယ္ အလုပ္ေတြကို
သေဘာမက်တဲ့ သူမက ဒီလို ပတ္ဝန္းက်င္
မ်ိဳးမွာ တကယ္ အဆင္မေျပႏိုင္ပါ ။

ရာဇဝတ္သားေတြကို သေဘာက်တတ္တဲ့သူ မဟုတ္ေတာ့ သူမကို ပိုၿပီး ရႈပ္ေထြးေစသည္ ။

ေမတၲာငတ္ခဲ့တဲ့သူမို႔ ဂရုစိုက္ေပးတာနဲ႔ စိတ္ေတြ ယိုင္မိေနတာ ေနမွာပါ..

အဲ့လိုပဲ ျဖစ္မွာပါ...

" သခင္ေလးက အခု အိမ္မွာမရိွပါဘူး
ဒါ​ေၾကာင့္ ဝင္လို႔မရပါဘူး.."

" ဖယ္စမ္း!! နင္တို႔ ငါ ဘယ္သူလဲဆို မသိဘူးဘူးမလား "

" ငါက......"

မျပတ္မသားအသံေတြနဲ႔ ၿခံအျပင္ကရုန္းရင္းဆန္ခတ္ ျဖစ္ေနတဲ့ အသံေတြေၾကာင့္
ဘာေတြေျပာေနမွန္းေတာ့ မျပတ္မသား ၾကားရသည္ ၊ လွမ္းၾကည့္လိုက္မိေတာ့ ၿခံေစာင့္
လူႏွစ္ေယာက္နဲ႔ အမ်ိဳးသမီးငယ္ တစ္ေယာက္ ရုန္းရင္းဆန္ခတ္ ျဖစ္ေနသည္ထင္ ။

အဲ့ဒီအခါ သူမ ​ေသခ်ာမျမင္ရေသး ၿခံေစာင့္
ေတြကို တစ္ခုခု ေျပာဆိုၿပီး တြန္းထုတ္ကာ
ၿခံဝန္း လာသည့္ အမ်ိဳးသမီးငယ္ရဲ့ျမင္ကြင္းက နီးကပ္လာတဲ့ အခါမွာေတာ့ သူမ မ်က္ဝန္းေတြ ျပဴးက်ယ္သြားမိသည္ ။

အဲ့ဒီ မိန္းကေလး?
မေန့ကလာတဲ့ ဧည့္သည္ မိန္းကေလး?!

" သူက.. ဘာလာလုပ္တာပါလိမ့္.."

ဂ်ံဳးဂုလည္း မရိွတာမို႔ သူမကို ဒီမိန္းကေလး
မျမင္သြားေစခ်င္ဘူးဆိုတဲ့ ဂ်ံဳးဂုရဲ့ စကားကို
သတိရကာ အျမန္ေရွာင္တိန္းဖို႔ လုပ္လိုက္ေပမဲ့ ေနာက္က်သြားကာ ျမင္သြားေလၿပီ..။

ထို႔ေနာက္ သူမကို စူးစူးစိုက္စိုက္ႀကီး
လာၾကည့္ေနေတာ့သည္... ။

~ • ~ • ~ • ~ • ~

Thanks for Reading...

Happy Valentine's Day!

အဆင္ေျပရင္
မနက္ျဖန္ ထပ္ Up ေပးပါ့မယ္ေနာ္..🖤!!

Edit : hobiရဲ့ ေမြးေန့က်မွ ျပန္လာခဲ့ပါေတာ့
မယ္ေနာ္..

5004words..

Comment