十一

"လိုက်ခဲ့ပါ ရစ်ခီဟျောင်းရဲ့... ကျောင်းကလူတွေက သဘောကောင်းကြပါတယ် နို့မိုဆို တစ်ယောက်တည်းပျင်းနေလိမ့်မယ်"

"ရတယ် ဂွန်းဝုရဲ့။ ဟျောင်း မလိုက်တော့ဘူး ကိုယ့်ဘာသာပဲ သွားပြီးပျော်ခဲ့ကြနော်"

ယူဂျင်းတို့ကျောင်းသည် မော်တော်ဘုတ်နှင့် တစ်ခြားနေရာက ကျွန်းစုလေး၏အလည်သွားပြီး လေ့လာရေးဆင်းကြမည်တဲ့။ ဒါကို သူမသိရပါ။ ဟန်ယူဂျင်းက သူ့ကိုစကားတောင် ပြောတော့တာမဟုတ်ဘူး။ ဂွန်းဝုက အကျိုးအကြောင်းလာပြောပြပြီးခေါ်မှပဲ သူသိရတာဖြစ်သည်။

ကလေးတွေဘာသာ အလည်အပတ်သွားတဲ့ကိစ္စမို့ သူ့လို အသက်ခြောက်နှစ်လောက် ပိကြီးနေတဲ့ လူကြီးတစ်ယောက်က ရောယောင်ပြီး မလိုက်သွားချင်​ေပ။ ဒါကြောင့်လည်း ဇွတ်ခေါ်နေတဲ့ ဂွန်းဝုတို့ကို ​မလိုက်တော့ဘူးဟု အတင်းငြင်းနေမိခြင်းပင်။

"ဒါဆိုလည်း မနက်စာတော့ ကျွန်တော်တို့နဲ့တူတူလိုက်စားနော်"

"ဟိုတယ်စားသောက်ခန်းမှာလား လိုက်ခဲ့မယ်လေ"

"ယူဂျင်းလည်း အဲ့မှာပဲရှိလောက်တယ် သွားရအောင် ဟျောင်း"

သို့နှင့် ခြေလှမ်းတို့သည် တုံ့နှေးစွာ လိုက်ပါလာခဲ့မိသည်တူပါရဲ့။ ပင်လယ်ကြီးကိုသေချာမြင်နိုင်တဲ့ ဗျူးပွိုင့်စားသောက်ဆောင်နားရောက်လာလေ စားပွဲတစ်ခုံမှာ အေးဆေးထိုင်ပြီး မနက်စာစားနေတဲ့ ယူဂျင်းကို မြင်လာလေ... စိတ်က လှုပ်ရှားလေပါပဲ။

ကြောက်စရာလည်းမဟုတ်ပါဘဲနဲ့ ထိုသောက်ကလေးလေးနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်ရရုံနဲ့တင် ခြေဖျားလက်ဖျားတွေက အေးစက်လာသလိုပင်။

အနားရောက်လာတဲ့ဝိတ်တာလေးကို သင့်တော်မယ်ထင်တဲ့ အစားအသောက်တချို့မှာလိုက်ပြီး အသင့်အနေအထားနဲ့ထိုင်နေလိုက်သည်။ သူ့ကိုမမြင်ရသလိုမျိုး မနက်စာကိုသာ စားမြဲဆက်စားနေတဲ့ ဟန်ယူဂျင်းက တကယ့်ဂျစ်တီးဂျစ်ကန်နဲ့ ဆောင့်ကြွကြွနိုင်လှသည်။

"ရော်.... ဟန်ယူဂျင်းတို့က သူ့ရဲ့ဇယားလေးကိုပါ ကျောင်းလေ့လာရေးခရီးမှာ ခေါ်လာတာပဲ"

"ဟိုက အမြှူကောင်းလို့နေမှာပေါ့ ယူဂျင်းလိုချမ်းသာတဲ့ သူဌေးသားတွေကို အပိုင်ဖမ်းချင်နေတဲ့လူတွေက ခပ်ပေါပေါလေ"

တခြားဝိုင်းမှာ တစ်စွန်းတစ်စကြားနေရတဲ့အသံတွေက သူ့ကိုစောင်းပြောနေကြမှန်းသိပေမယ့် ရစ်ခီရှန်တဲ့ တစ်ရှန်တည်းရှိသည်လေ။ ထိုသို့သော လူ့အမှိုက်တွေကို စိတ်ထဲထားနေရမဲ့အချိန်မျိုးလည်း ရှိမနေဘူး။ ကိုယ့်အလုပ်တွေနဲ့တောင် အနိုင်နိုင်ရယ်ကို သူတို့ရဲ့ဝေဖန်တဲ့စကားတွေကိုပါ လိုက်ဂရုစိုက်နေရလောက်တဲ့အထိ ရစ်ခီ မအားလပ်ပေ။

သို့သော် မျက်စိရှေ့က လူသည် ရစ်ခီ့မြင်ကွင်းထဲတွင် မရှိတော့ပါချေ။ ခုနလေးကအထိ သူ့ကိုမမြင်ချင်ယောင်ဆောင်ပြီး နေနေတဲ့လူက တစ်ဖက်က ဝိုင်းကို ခြေအမြန်နှုန်းနဲ့ဆောင်ကြဥ်းပြီး လျှပ်တစ်ပြက် ရောက်သွားခဲ့ပြီ။

"သေချင်နေရင် ရိုးရိုးပြော! လက်ထဲက ဒီဓားကလေ steakလှီးဖို့ချည်းပဲမဟုတ်ဘူး မင်းတို့လည်ပင်းကိုပါ လှီးလို့ရတယ်"

"ငါတို့က မှန်တာပြောတာပဲ ယူဂျင်းရဲ့... သူလည်း မင်းဇယားတွေထဲက တစ်ယောက်ပဲလေ မဟုတ်လို့လား"

ဟန်ယူဂျင်းသည် စကားတွေများများစားစားပြောမနေပါချေ။ လက်ထဲက စတိ့ခ်လှီးတဲ့ဓားကို ပစ်ချပြီး ထိုကောင်လေးမျက်နှာကို အားပြင်းပြင်းတဲ့ဆွဲထိုးသည်။

ထိုကောင်လေးသည်လည်း ငြိမ့်တော့မခံပေ။ ယူဂျင်းကိုပြန်ထိုးတာမို့ ဟိုတယ်အတွင်းထဲမှာမို့ အခြေအနေက ရှုပ်ထွေးကုန်တယ်။

"ယူဂျင်း! စိတ်ကိုလျှော့လေနော် ဘန်ဂလိုကို ပြန်ကြရအောင်"

"အိုမင်ဟျော့! ဒီကိစ္စ ဒီမှာတင် မရပ်ဘူး မင်းစောင့်နေလိုက်!"

အတင်းဆွဲခေါ်လာတာတောင်မှ ​သောက်ကလေးလေးသည် ထိုကောင်လေးကို ရန်ထပ်တွေ့လိုက်သေးသည်။ ရန်ကို ရန်ချင်းဖြေရှင်းတာဟာ ကောင်းတဲ့အရာ​တော့ မဟုတ်ဘူးလေ။

မျက်လုံးအောက်နားနဲ့ နှုတ်ခမ်းအစပ်မှာက သွေးတောင်ထွက်နေပြီ။ ဒါကိုပင် ဟန်ယူဂျင်းတို့က စိတ်မလျှော့ဘဲ ပြန်သွားမည်တကဲကဲလုပ်နေတာမို့ အခန်းတံခါးကိုလော့ခ်ချလိုက်ရသည်။ သူထပ်သွားပြီး ထိုးရင်လည်း ဟိုကောင်လေးက သေဖို့ပဲရှိတော့မည်။ ယူဂျင်းကသာ ဒဏ်ရာပါးပါးလေးရတာ၊ ဟိုကောင်လေးက သွေးဗလပွနှင့်။

တကယ်ပါ လူလေးက သေးသေးလေးကို ရန်ဖြစ်ရင် ဘယ်က အားတွေက ယူဂျင်းကိုယ်ထဲ စီးဝင်လာသည်လဲမသိ။ သူနဲ့ရန်ဖြစ်တိုင်းလည်း ယူဂျင်းသည် တကယ်အခြားလူတစ်ယောက်လိုမျိုးကို ပြောင်းသွားတတ်သေးသည်။

"ဆိုးလိုက်တာ...."

"ခင်ဗျားကိုပြောနေလို့ ရန်ဖြစ်ပေးလာတာလေ ဘာကိစ္စထပ်ပြီးပွစိပွစိလုပ်နေရပြန်တာလဲဗျာ"

"ဒဏ်ရာရကုန်ပြီလေ အန်တီတို့သိသွားရင် ဘယ်လိုလုပ်မလဲ ဝမ်းနည်းနေတော့မှာ ယူဂျင်းရဲ့"

တော်သေးသည်၊ ကိုယ့်baggageအိတ်ထဲ ဆေးတွေအစုံထည့်လာမိတာမို့။ ပိုးသန့်ဆေးကို ဂွမ်းတံနဲ့စွတ်ပြီး တို့ပေးတော့ တစ်ချက်တစ်ချက် မျက်နှာက မဲ့ရှုံ့သွားပေမယ့် စပ်တယ်လို့တော့ မအော်ပေ။

"စပ်တယ်မလား မစဥ်းစားပဲ တဇွတ်ထိုးလုပ်တော့ ဖြစ်ပြီလေ"

"အဲ့ဒါဆို ငြိမ်ခံနေရမှာလား အဲ့တိရစ္ဆာန်တွေက ရိုက်နှက်ပေးမှ တော်ခါကြတာကို"

"မကြားချင်ယောင်ဆောင်နေပေါ့ မဟုတ်လည်း ငါတို့က သူတို့ပြောသလိုမှမဟုတ်တာကို"

"ဒါဆို ကျွန်တော်တို့က ဘယ်လိုပက်သက်မှုမျိုးလဲ"

"ဆရာနဲ့တပည့်ပေါ့"

ဟန်ယူဂျင်းသည် သူ့စကားကို လက်မခံသလိုမျိုး ကျစ်တစ်ချက်သပ်ပြီး စူပုပ်နေ၏။ မရင့်ကျက်သေးတဲ့က​ေလးမို့ သူဘက်ကပိုပြီး သင်ပြပေးဖို့လိုသည်ထင်ပါရဲ့။ ပုံမှန် ဆရာတပည့်တွေထက် ပိုပြီးနီးနီးကပ်ကပ်ဖြစ်နေတဲ့ ဆက်ဆံရေးကို ယူဂျင်းက အထင်မှားနေတဲ့ပုံ...

"ဘယ်ဆရာက တပည့်ကို ဒီလိုဂရုစိုက်ပေးလို့လဲ တကယ်ပဲ ကျွန်တော့်ဆရာဖြစ်ချင်နေတာလား"

"အင်းလေ ဘာလို့လဲ"

"ရှန်ချွမ်းရွေ့... ခင်ဗျားအသက် 25နှစ်နော် ဒီအသက်အရွယ်နဲ့ ကိုယ့်စိတ်ကိုယ်တောင်မသိတာ မလွန်လွန်းဘူးလား"

အသံမာလာပြန်တဲ့ ကောင်လေးသည် တကယ်သုံးဆယ့်တစ်ပုံတွင် ယဥ်ကျေးလိမ္မာသင်တန်းတက်ဖို့ အလိုအပ်ဆုံးကျောင်းသားသာ ဖြစ်လိမ့်မည်။ အကြီးကိုများ သူနဲ့ရွယ်တူကျလို့ ပက်ခနဲပန်ပြောနေလိုက်တာများ... အမြင်ကပ်ကပ်နဲ့ပဲ ရစ်ခီက သူ့လက်ထဲက ဆေးတွေကို ကောင်လေးရဲ့မျက်နှာပေါ်က ဒဏ်ရာတွေဆီ ခပ်ပြင်းပြင်းလေး သွားတို့လိုက်တော့သည်။

"အ! စပ်တယ်လို့"

"ဒီနားတိုးလာခဲ့ ဟူးဟူးမှုတ်ပေးမယ်"

ချက်ချင်း အနားကပ်လာတာမို့ လန့်ပြီးနောက်ပါဆုတ်မိတဲ့အထိ။ ခုနကအထိ စိတ်ဆိုးမယ်ကြံနေတဲ့သူ့စိတ်တွေက ထိုကောင်လေးလည်း အနားကပ်လာရော ကြက်ပျောက်ငှက်ပျောက်နှင့်။

ပါးစပ်ကနေ လေအေးအေးလေးနဲ့ ဆေးလိမ်းထားတဲ့ မျက်လုံးအနားစပ်နားလေးကို မှုတ်ပေးလိုက်တော့ ဟန်ယူဂျင်းသည် မျက်လုံးလေးမှိတ်လို့။ တစ်ခါတစ်လေတော့ ငဂျစ်လေးသည် ဤကဲ့သို့လည်း ချစ်ဖို့ကောင်းသေးသည်ဟု ရစ်ခီတွေးမိ၏။

"ဒီနားလည်း မှုတ်ပေးလေ ဒီနားက ပိုစပ်တယ်"

သို့သော် ၎င်းအတွေးတို့သည် သိပ်မကြာလိုက်ပါ။ နှုတ်ခမ်းတည့်တည့်ကို လက်ညိုးထိုးပြပြီး ပြီတီတီမျက်နှာဘေးနဲ့ ပြောလာတဲ့ သောက်ကလေးလေးကြောင့် ခုနကပြောခဲ့သော ချစ်ဖို့ကောင်းသည်ဆိုသည့်စကားကို ရစ်ခီအမြန်ရုတ်သိမ်းလိုက်တော့သည်။

"ကိုယ့်ဘာသာ လုပ်တော့"

အနားက ပြန်ခွာကာ ဆေးဂွမ်းတံလေးကို သကောင့်သားလေးလက်ထဲ ထည့်ပေးကာ ထမည်ပြုပေမယ့် မရပေ။

"ကိုယ့်နှုတ်ခမ်းက ဒဏ်ရာ ကိုယ့်ပါးစပ်နဲ့မှမှုတ်လို့မရတာကို.... လာပါဗျာ မနမ်းပါဘူး တကယ်စပ်နေလို့ပါဆို"

ယုံကြည်ပြီး အနားပြန်တိုးကပ်ကာ ဟူးဟူးမှုတ်ပေးလိုက်သည်။ သို့ပေမယ့် "ယုံလား"ဆိုတဲ့ စကားနဲ့အတူ ၎င်း၏နောက်တွင်တော့ ထိတွေ့မှုတစ်ခုနဲ့ ပြွတ်စ်ဆိုတဲ့အသံကို ကြုံတွေ့လိုက်ရ၏။

"ဟန်ယူဂျင်း! မင်း!!!....."

"ရေငတ်လို့ပါ 선생님"


_❁❁❁_



Comment