ep 1 (Unicode)


.................................

Alpha၊Omega၊Beta၊ ဆို၍
သီးခြားခွဲခြားထားသည့် ဒီကမ္ဘာမှာ
ဘိုးဘေးဘီဘင်ခေတ်များက
Omegaယောင်္ကျားလေးများ များစွာ
ရှိခဲ့သည်။ အဲ့ဒီခေတ်တွေတုန်းက
Omegaယောင်္ကျားလေးများကို Alphaများ
လေစားသမှုရှိကြပြီ၊ Betaများက
ရိုးသေကြသည်။ ထိုခေတ်များက
Omega ယောင်္ကျားလေးများကို
တရားဝင်ပေါင်းသင်းကြပြီး
ဇနီးအရာထားခဲ့ကြသည်။

ဒီဘက်ခေတ်မှာတော့ Omega
ယောင်္ကျားလေးများ နည်းပါးလာသည်။
မြန်မာနိုင်ငံမှာဆို သုံးပုံပုံ
တစ်ပုံလောက်သာရှိသည်။
အဲ့လို Omega ယောင်္ကျားလေး
နည်းပါးလာရခြင်းမှာ Betaမိန်းခလေး
များလာလို့ဆို၍ရှေ့ရိုးစွဲ လူကြီများမှ
သုံးသပ်ထားကြသည်။
ဟိုယခင်ခေတ်ကလို Omega
ယောင်္ကျားလေးများကို လေးစားမည့်သူများ
ဤယနေ့ခေတ်မှာ မည်သူမျှမရှိ‌ပေ။
ယနေ့ခေတ် Alphaလူငယ်များက Omega
ယောင်္ကျားလေးဆိုတာနဲ့
ရှားပါးမျိုးစိတ်တခုလို သက်မှတ်ကာ
ပျော်တော်ဆက်ချင်ကြသည်။

တချို့လူတွေက Omega ယောင်္ကျားလေးကိုဆို အားအနည်းဆုံးလူလို့ သက်မှတ်ပြီး အနိုင့်ကျင့်၊ လှောင်ပြောင်ကြသည်။ ဒါကြောင့်ပဲ
Omegaယောင်္ကျားလေးများသည်
ကိုယ့်ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း
နေရကြသည်။ မဟုတ်ရင် အမြင်မတူတဲ့
လူတချို့ရဲ့ အနိုင်ကျင့်
လှောင်ပြောင်ခြင်းများကိုခံရလိမ့်မည်။ချွတ်ယွင်းချက်တခုက(ပိုက်ဆံရှိသူ၊
ပညာတက်သူ၊အာဏာကြီးသူတွေ မပါပေ)။
Omega ယောင်္ကျားလေးကို ရထားတဲ့
မိဘများသည်လည်း ကိုယ့်သားလေး
အရွယ်ရောက်လာသည့်အခါ သဘာဝဇီဝ
ဖြစ်ရပ်များအကြောင်း ရှင်းပြ၊ပြောပြကာ၊
ကြိုတင်သွန်းသင်ဆုံမထားရကြသည်။

အဲ့လို ဆုံးမသွန်းသင်ပေးမည့်မိဘမျိုးကို
မိုးတိမ်ယံ အသက် 15နှစ်အရွယ်မှာကတည်းက ဆုံးရှုံးခဲ့ရသည်။ Omegaမှန်း သူ့ကိုယ်သူ
စသိတုန်းက သိမ်းငယ်စိတ်ဝင်ခဲ့ရသလို၊
ညီမဖြစ်သူကပါ Omega ယောင်္ကျားလေးကိုဆို အရမ်းရွံရှာသည်လို့ သက်မှတ်ထားခဲ့တော့
ထိတ်လန့်ကြောက်ရွံ့ခဲ့ရသည်။
ညီမလေး မုန်းတီးရွံရှာသွားမှာကို
သေမတက်ကြောက်၍ သူ့ကိုယ်သူ
Betaတယောက်လို ဟန်ဆောင်နေခဲ့ရသည်မှာ
ယနေ့ထိတိုင်ပင်။

*****************

Sunday ရုံးပိတ်ရက်နေ့လေးမှာ
အတွင်းရေးမှူး မင်းကို နှင့်အတူ
မိုးတိမ်ယံတယောက်
Shopping ထွက်လာဖြစ်သည်။ တခါမှ
Shopping မထွက်လာဖူးပေမဲ့ မကြာခင်
တက္ကသိုလ်တတိယနှစ် ပြန်တက်ရတော့မဲ့
ညီမလေးအတွက် ပစ္စည်းတချို့ ဝယ်ပေးချင်၍
မင်းကိုအား အဖော်ခေါ်လို့ မယောင်မလည်နဲ့
အမျိုးသမီး အသုံးဆောင်ပစ္စည်းဆိုင်အတွင်းသို့ ရောက်ရှိလာခဲ့သည်။

သစ်လွင် တောက်ပြောင်သည့်
ဆိုင်ခန်းအတွင်း၏ အဖြူရောင်နံရံ၌
စီစီရီရီ ချိတ်ဆွဲထားသော
အရောင်မျိုးစုံ မိန်းခလေးဝတ်
ကုတ်အင်္ကျီများမှာ ဒီဇိုင်းဆန်းလှသည်။
ဘယ်ကုတ်အင်္ကျီကို ကြည့်ကြည့်
ဝယ်ချင်စိတ်မှာ တဖွာဖွာ။ ညီမလေးက
အသားအရေ အရမ်းထိန်းသိမ်းသူဖြစ်တော့၊
နေပူဒဏ်ကို အရမ်းကြောက်၏။
ဒါကြောင့် တက္ကသိုလ်သွားတိုင်း အပြင်ခံ
အင်္ကျီအပါးဖြစ်ဖြစ်(ကုတ်)အင်္ကျီ ဖြစ်ဖြစ်
အမြဲလိုလို ဝတ်သွားတက်သည်။ Shopping
မထွက်လာခင်ကတည်းက ညီမလေးအတွက် ကုတ်အင်္ကျီ မပါမဖြစ် ဝယ်သွားဖို့
တွေးထားခဲ့ပြီးသာ။

ကုတ်ဝယ်သွားမှာဆိုပေမဲ့ အများကြီးတော့မဟုတ်။
ညီမလေးမှာ အပေါများဆုံးက
အဝတ်စားများသာဖြစ်၍ တစ်ထည်,
နှစ်ထည်လောက်သာ ဝယ်သွားဖို့
ဆုံးဖြတ်ထားသည်။

မျက်စေ့‌ရှေ့မှ ကုတ်အင်္ကျီမှာ ရိုးရိုးရှင်းရှင်းလေးနဲ့။ ညီမလေးမှာ မရှိတဲ့ဒီဇိုင်းမျိုး။
ညီမလေးက အသားအရမ်းဖြူတော့
အညိုးရောင် သိုးမွေးကုတ်အင်္ကျီနဲ့
အလွန်လိုက်ဖက်မှာ။

မိုးတိမ်ယံ အရှေ့က အညိုရောင်၊အနက်ရောင်နှင့် အဖြူရောင် ကုတ်အင်္ကျီသုံးထည်အား
ကြည့်ရင်း ဘယ်အရောင်(ကုတ်)ကို
ရွေးဝယ်ရမလဲလို့ တွေဝေနေမိသည်။
အညိုရောင်ကုတ်နှင့် အနက်ရောင်ကုတ်ကို
ကိုင်လိုက်၊ ပြန်ချလိုက်လုပ်ပြီး
အဖြူရောင်ကုတ်ကို စဥ်းစားဟန်နဲ့ ကြည့်ပြန်သည်။
ထိုစဥ် အကြံအိုက်နေတဲ့ မိုးတိမ်ယံနားကို
အထုပ်များဆွဲထားသည့် မင်းကိုမှ
မယောင်မလည်နဲ့ လျှောက်လာသည်။

"ကိုတိမ်ယံ အဲ့သုံးထည်လုံးဝယ်ဖို့လား၊
သုံးထည်လုံး တိမ်တိုက်နဲ့ အရမ်းလိုက်တယ်"

အရွေးခက်နေချိန် မင်းကို အပြောကြောင့်
တိမ်ယံ ဆုံးဖြတ်ချက်ခိုင်ခိုင်ချလိုက်ပြီး
နံရံ၌ ပြန်ချိတ်ထားမိသည့်
ကုတ်အင်္ကျီသုံးထည်လုံးကို
ပြန်ဆွဲယူလိုက်သည်။

"အကို ဘာယူရမလဲလို့အရွေးခက်နေတာ။
မင်းပြောသလိုဆို သုံးထည်လုံး
ဝယ်သွားလိုက်တော့မယ်"

အညိုးရောင်၊ အနက်ရောင်နှင့်အဖြူရောင်
သိုးမွေးကုတ်အင်္ကျီသုံးထည့်အား
ကိုင်မြှောက်ပြောလာသော CEOကို
မင်းကို အသာအယာ ခေါင်းညိတ်ပြလိုက်သည်။

CEO စိတ်တိုင်းကျသွားပုံရသည်။
ကုတ်အင်္ကျီသုံးထည့်နှင့်အတူ
အထုပ်အပိုးတချို့အား မနိုင်မနင်းကိုင်လျက်
ကောင်တာရှေ့သို့သွား‌လေသည်။
ပုံမှန်ရက်တွေဆို CEOကို
မျက်နှာတည်တည်နဲ့သာ တွေ့ရတက်ပြီ၊
ဒီလိုမျိုး တိမ်တိုက်အတွက်
တခုခုလုပ်ပေးနေရချိန်မှာတော့၊
ပြုံးပျော်နေတဲ့ CEOရဲ့ မျက်နှာချိုချို‌လေးကို
ရှားရှားပါးပါး တွေ့ရတက်သည်။

CEOမှာ ချောသည်ဆိုတာထက်
လှပသည့် ဝိုင်းစက်စက်မျက်နှာလေးရှိသည်။
ထို့မျက်နှာကြောင့်ပဲ CEOက Betaဆိုတာ
ကိုယ်အပါအဝင် ဘယ်သူမှမယုံချင်နေ။
ဒါကို CEOက Omega လာဆိုပြန်တော့လဲ၊
မဟုတ်ပြန်။ CEOမှာ Heatဖြစ်လို့
ကုမ္ပဏီမလာသည့် ရက်မှမရှိပဲ။
Heatတားဆေး သောက်‌နေရင်တော့
တမျိုးပေါ့။

နောက်ပြီး CEOက အမြဲလိုလို
တည်တည်တံ့တံ့နေတက်သည်။
အမြဲလိုလို တည်တည်တံ့တံ့နေတက်သည်က
CEOလို ငယ်ငယ်ရွယ်ရွယ်နဲ့
အောင်မြင်ကျော်ကြားနေတဲ့
လူငယ်စီးပွားရေးသမားတယောက်ကို
လူအများမှ ပိုရှိန်စေသည်။
အရမ်းမမြင့်သလို၊အရမ်းမပုတဲ့ CEO၏
အရပ်နှင့် သွယ်လျတဲ့ CEOရဲ့
ခန္ဓာကိုယ်ကောက်ကြောင်းနဲ့
ပေါင်းစပ်လိုက်ရင် တိမ်တိုက်ထက်
CEOက ပိုနုပြီ ပိုလှသည်။
အပြင်မှာသာ CEOက တိမ်တိုက်ထက်
ပိုလှတဲ့အကြောင်းများပြောမိရင် တိမ်တိုက်
ပါးချတာ အချောင်ခံရနိုင်သည်။

CEOက တဦးတည်းသော ညီမလေး
မိုးတမ်တိုက်ကို အရမ်းချစ်၊
အရမ်းအလိုလိုက်သည်။ ဂျစ်ကန်ကန် ညီမလေး
ဆိုးပေသမျှကို CEO သိမ်းသည်းခံ‌နိုင်လွန်သည်။
အစစအရာရာ ဂျီကျများတဲ့
ညီမအကြိုက်ကို CEOမသိပေမဲ့
ညီမ ကြိုက်လောက်မယ်ထင်ပြီး
သေချာရွေးဝယ်ထား‌တဲ့ မိန်းခလေး
အသုံးဆောင်ပစ္စည်တွေက
ကိုယ့်လက်ထဲမှာရော CEOလက်ထဲမှာပါ
တပုံတပင်ကြီး။ CEOလို အကိုမျိုးရထားတဲ့
မိုးတိမ်တိုက်မှာ မွေးကတည်းက
ဘုရားပေးတဲ့ဆုတခုကို ပိုင်ဆိုင်ထားပြီးသာ။

"မင်းကို ရော့"

အတွေးများနေခိုက် ရုတ်တရက်
လက်ထဲသို့ အထုပ်တချို့
ထိုးပေးလာသည့် မိုးတိမ်ယံကြောင့်
မင်းကိုခမျာ ကြောင်အသွားသည်။

"ဒါက?"

"မင်းအတွက် အင်္ကျီနဲ့ဘောင်းဘီ။
ကုမ္ပဏီလာရင် အလှယ်အဖယ်
ဝတ်လို့ရအောင် အကို စေတနာနဲ့ပေးတာ၊
ယူထားလိုက်"

"ကျေးဇူးတင်လိုက်တာ ကိုတိမ်ယံရာ။
အဲ့လို စိတ်ကောင်းရှိလို့ အကို
ကျတော်ထက်ပိုနုပြီး ပိုချောနေတာ ဟီးဟီးး"

"မြှောက်မနေပါနဲ့ကွာ၊ တော်ကြာ
ငါ မိုးပေါ် ရောက်နေပါအုံးမယ်"

"မြှောက်တာမဟုတ်ရပါဘူးဗျာ
တကယ်ပြောတာပါ၊၊ ကိုတိမ်ယံက
တကယ့် ဆယ်ကျော်သက်အရွယ်လေးဗျ"

အဝတ်စားထုတ်တချို့ကို
ရင်ဝယ်ပိုက်ထားရင် ချီးမွမ်းခန်းဖွဲ့နေသည့်
မင်းကိုမှာ အတော်အပျော်လွန်သွားပုံရသည်။
မဆုံးသေးတဲ့ ချီးမွမ်းစကားကိုပြောဖို့
နုတ်ဟန်ပြင်လာပြန်သည်။

"ပြီးတော့ ကိုတိမ်ယံက
Betaတယောက်ပေမဲ့ Omg!"

"ရပြီး တော်တော့။ မင်းလျှာရှည်လို့
အအေးဆိုင်သွားမဲ့ အစီစဥ်က
ဖြတ်ရတော့မယ်နဲ့တူတယ်"

ခပ်ရေရေပြုံးနေတဲ့ မိုးတိမ်ယံ မျက်နှာက
ချက်ချင်းဆိုသလို တည်တံ့သွားတော့၊
စကားမှားသွားတဲ့ မင်းကိုမှာ ပျာပျာသလဲ
ဖြစ်လာကာ၊ မျက်နှာထက်မှာ
ဇောချွေးပြန်လာသည်။

"ကျတော် နောက်တခါ ကိုတိမ်ယံ
မကြိုက်တာမပြောတော့ပါဘူး၊
ကျတော်ကို စိတ်မဆိုးပါနဲ့နော်"

Omega နဲ့တူတယ်လို့ပြောရင်
မကြိုက်မှန်သိလျက်နဲ့။ အခုလို
သနားစရာရုပ်နဲ့ လက်အုပ်ချီမတက်
တောင်းပန်ပြန်တော့လည်း
စိတ်ပျော့လွယ်တဲ့ကိုယ့်မှာ
ဂရုနာသက်မိပြန်သည်။

"ဒီတခါ နောက်ဆုံးဖြစ်ပါစေ။......
ငါ ဒီရှေ့နားက Love juice
အအေးဆိုင်မှာ စောင့်နေမယ်။
ရော့ ကားသော့။ကားပါကင်မှာ
ကားယူပြီး ငါ့နောက်ကလိုက်ခဲ့"

"yes boss!"

တပ်မူးတယောက်ကို အလေးပြုသလို
ပြုမူသွားသော ရူးကြောင်ကြောင်
အတွင်းရေးမှူးတပည့်ကြောင့်
မိုးတိမ်ယံ ပြုံးရယ်ရင်း
ခေါင်းခါယမ်းမိသည်။

လူငယ်ပီပီ ပေါ့ပေါ့ပါးပါးနေတက်သလို
တခါတလေ လူပြတ်တယောက်လို
ပြတ်လုံးထုတ်တက်တဲ့ မင်းကို,ကို
ညီလေးတယောက်လိုရော၊ အလုပ်သမား၊
တပည့်တယောက်လိုပါ ပေါင်းသင်း ဖြစ်သည်။
အဲ့လို ပေါင်းသင်းဖြစ်တာ၊
မင်းကိုက Beta ဖြစ်သလို အနေအေးပြီး
စိတ်ထားဖြူစင်လို့ပင်ဖြစ်သည်။
ဒါပေမဲ့ မင်းကိုမှာမကောင်းတဲ့ အကျင့်တခုရှိတာကြောင့် မကြာခဏဒေါသထွက်ရပြန်၏။
တခြားအကျင့်တော့မဟုတ်။
ကိုယ့်ကို ညီမလေး မကြိုက်တဲ့ Omega နဲ့
တူသည်လို့ ပြောတက်တဲ့အကျင့်ဖြစ်သည်။

ကိုယ့်ကိုယ်ကို Omegaမှန်းသိပေမဲ့
ညီမလေး မကြိုက်တဲ့ Betaတယောက်လို
ပြုမူ နေထိုင်နေရ၍ အစစ,အရာရာ
ဂရုစိုက်နေရသည်။
ကိုယ် Betaမှန်း တချို့လူတွေ
မယုံကြည်ကြလို့ ညီမလေးနဲ့တောင်
အမြဲလိုလို ပြဿနာတက်ရ‌သေးသည်။
Omega တယောက်ဟာ သဘာဝ
အလျောက် လှပသလို၊သဘာဝ
အလျောက် Heat ကာလကို ဖြတ်သန်းရ၏။
အဲ့လို အရာတွေကို Beta တယောက်အနေနဲ့
ဘယ်လောက်ကြာကြာထိ ဖုံကွယ်ထားနိုင်ပါ့မလဲ။
ညီမလေးသိခဲ့ရင် မုန်းသွားမလားပဲ။

မိုးတိမ်ယံ ကိုယ့်အတွေးနဲ့ကိုယ်
လျှောက်လာလိုက်တာ
ယာဥ်သွားလမ်းပေါ်သို့
မထင်မှတ်ပဲရောက်ရှိလာခဲ့သည်။
အဝေးတနေရာမှ အရှိန်ပြင်းပြင်းနဲ့
မောင်းနှင်လာခဲ့သည့် ဆိုင်ကယ်ကိုပင်
သတိမထားမိနိုင်တော့......

ဘွန်းးးဘွန်းးး

ကျွိ!

"အ့!"

လူနားထိ တရှိန်ထိုး ပွန်းကပ်
ထိုးရပ်လိုက်တဲ့ (SPORT) ဆိုင်ကယ်ကြီးကြောင့် မိုးတိမ်ယံ လန့်ဖျန်းသွားကာ
လမ်းမထက်သို့ ဖင်ထိုင်လျက်
လဲကျသွားသည်။ ခါးရော တင်ပါးဆုံပါ
နာသွား၍ တိမ်ယံ မျက်နှာမှာ ရှုံ့မဲ့လို့။

"ခဗျားက ဘာအထာလဲ! ဒါ ဆိုင်ကယ်။
ခဗျား အမေ့လင်မဟုတ်ဘူး။
တချက်လောက် တိုက်ခံထိတာနဲ့
အသက်ပါထွက်သွားမယ် ဘာမှတ်နေလဲ!!"

အသားနာရတဲ့ကြားထဲ အသက်လွတ်ကြီး
ဖိဟောက်လာတဲ့ ဆိုင်ကယ်ပေါ်က
ခပ်သြဩ အသံပိုင်ရှင်ကို
စောင်ငှဲ့လို့ မော့ကြည့်မိသည်။
ဆယ်ကျော်သက် အရွယ်သာရှိ‌သေးသည့်
ဖြူဖွေးဖွေး၊ ကပြားရုပ်နဲ့ ကောင်လေးက
ကိုယ့်အား ရန်သူကြီးတယောက်လို
စူးရဲစွာ စိုက်ကြည့်နေသည်။ ထိုကောင်လေးရဲ့
ရဲတင်းတဲ့အကြည့်စူးစူးကြောင့် မိုးတိမ်ယံ မျက်မှောင်ကြုတ်မိသွားသည်။
လူတယောက်ကို ရဲရဲတင်းတင်းကြည့်တာ
အရမ်းရိုင်းတဲ့အပြုအမူမို့ အရှေ့က
ကောင်လေးကို သဘောမကျပေ။

တဆက်တည်းမှာပဲ အသက်ရွယ်တူထင်လို့
ဒီလိုပြုမူ ပြောဆိုနေတာများလားဆို့တဲ့
အတွေးဝင်လာမိတော့.......

"ဒီမှာ ငါ မင်းထက် အသက်ကြီးတယ်။
မင်း မရိုင်းနဲ့"

"ကျုပ် ရိုင်းတော့ ဘာဖြစ်လဲ၊
ခဗျား xင်ကို တက်ချနေလို့လား"

မိုးတိမ်ယံဘက်မှ အေးအေးလူလူ
ပြောလိုက်သော်လည်း
ဆိုင်ကယ်ပေါ်ကမဆင်းတဲ့ကောင်လေးဆီမှ
မထင်မှတ်ပဲ လွယ်လင့်တကူ ပြောချလာတဲ့
ရိုင်းစိုင်းတဲ့ စကားအသုံးအနှုန်းကြောင့်
မိုးတိမ်ယံမှာ ခေါင်းနားပန်းပင် ကြီးသွားရသည်။ဒေါသ မထွက်စဖူး ဒေါသထွက်လာတာ
အသာပင် တဆတ်ဆတ်တုန်ရီလာသည်။

"မင်း! မင်းက တကယ့်ခွေးကောင်ပဲ"

"ဘာ! ခွေးကောင်။ ကျုပ်သာ ခွေးဆို
ခဗျားကို ဒီနေရာမှာတင် မိတ်လိုက် လိုက်ပြီ"

"ဒီကောင်! အ့!"

ဆိုင်ကယ်ပေါ်ကနေ တခွန့်မကျန်
ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောနေတဲ့
ကပြားရုပ်နဲ့ ကောင်စုတ်ကို
မိုးတိမ်ယံ ထ ထိုးဖို့
ပြင်လိုက်သည့်အချိန် ခြေခွေ့၍
လမ်းမပေါ်သို့ လဲကျသွားရသည်။

အသားနာသွားတာထက် ကိုယ့်ထက်ငယ်တဲ့
လူဆီက စော်ကားမော်ကားပြောခံရတဲ့
ခံစားချက်က ပို၍နာကျင်ရသည်။
အဲ့လို စော်ကားခံထိတာ မိုးတိမ်ယံဘဝမှာ
ဒါဟာ ပထမဦးဆုံးအကြိမ်ပင်ဖြစ်သည်။
ရှက်စိတ်နဲ့ မခံချင်စိတ်က လူတကိုယ်လုံကို
ပူထူလာပြီး မျက်နှာတပြင်လုံး
နီမြန်းလာသည်။ အရှေ့က ကောင်စုတ်ကို
ဘာမှထက်မပြောချင်တော့။
ကိုယ့်ဒေါသကို အတက်နိုင်ဆုံးရှော့ချကာ
ကိုယ့်ဘာသာထရပ်နိုင်အောင်
ကြိုးစားကြည့်သည်။သို့သော်........

ဘုတ်!

"အား ကျွတ်ကျွတ်"

"ဟက် အသုံးမကျလိုက်တာ"

လမ်းမပေါ်သို့ နောက်ထပ်တကြိမ်
ပြန်ပြုတ်ကျသွားသည်ကို ခနိုးခနဲ့
ပြောလာတဲ့ အရှေ့က အရိုင်းအစိုင်းကောင်ကို
မိုးတိမ်ယံ မော့မကြည့်ချေ။ ဖြူနုနု လက်ဖဝါးကို ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ကာ၊
အံကြိတ်ရင်း ဒေါသကိုထိန်းချုပ်ထားသည်။။

ကွန်ကရစ် လမ်းမနဲ့အကြိမ်ကြိမ်
ဆောင့်မိထား၍ ခါးကျိုးသွားလား၊ ခြေချင်းဝတ်ခေါက်သွားလားမသိအောင်ကို နေရာစုံက
နာကျင်နေသည်။ပြန်ထဖို့တောင် တော်တော်လေး
ခဲယဥ်းနေ၏။
အကူအညီတောင်းဖို့ကျပြန်တော့လည်း
လမ်းမပေါ်မှာ ရပ်နားထားတဲ့
ယာဥ်တချို့နှင့် တဝှီးဝှီး မောင်းနှင်သွားလာနေတဲ့ ယာဥ်တချို့ကိုသာ တွေ့သည်။
ဘေးပတ်ပတ်လည်မှာ ဖြတ်သွား,ဖြတ်လာတဲ့
လူ တယောက်မှရှိမနေ။ နေပူတော့
လူတွေ အပြင်သိပ်မထွက်ကြတာဖြစ်မည်။
လူဆိုလို့ အရှေ့က နက်စွေ့နေတဲ့
(SPORT)ဆိုင်ကယ် ပိုင်ရှင်
အရိုင်းအစိုင်းကောင် တယောက်သာရှိသည်။

ဘေးဘီပတ်ပတ်လည်ကို မျှော်လင့်တကြီး
လှည့်ပတ်ကြည့်နေတဲ့ မိုးတိမ်ယံကို
ဆိုင်ကယ်ပေါ်က ကောင်လေးမှ
စိတ်မရှည်ဖြစ်လာ၏။

"ခဗျား အဲ့မှာပဲ တနေ့လုံးထိုင်နေတော့မှာလား။
ခဗျားလို ကျုပ် အာယားမနေဘူး၊
အရှေ့က လမ်းဖယ်ပေး!"

ဘယ်ကတည်းက စိတ်မရှည်နေလဲမသိ၊
အော်ဟောက်ပြောလာတာ မသိရင်
သူ့ ညီလေးကျလို့။
မအာယားဘူးလို့ပြောရအောင်
သူ့လိုအရိုင်းစိုင်းကောင်က ဘယ်က
အလုပ်အကိုင် အကြီးစားဆီသွားမှာမို့လို့လဲ။ပြန်ပြောပြန်ရင်လည်း သူ့ရဲ့ ညစ်တီညစ်ပက် စကားလုံးနဲ့ အထိနာရမှာ ကိုယ်သာ။

"မြန်မြန်ကြွ"

မိုးတိမ်ယံ တမင်ရွဲပြောပြီး၊
နာလျက်နဲ့ လမ်းဘေးထောင့်သို့
တရွေးရွေးဖင်တွန်းသွားကာ
ဆိုင်ကယ်ထွက်ဖို့ လမ်းဖယ်ပေးလိုက်သည်။

ဒီလို လူသားချင်းစနာစိတ်မရှိတဲ့
အရိုင်းစိုင်းကောင်မျိုးနဲ့ စကားနိုင်လု
မပြောချင်တော့။ကိုယ့်အမှားတဝတ်လည်းပါတာမို့
အောင့်သက်သက်နဲ့ သိမ်းသည်းခံလိုက်ရသည်။

ဘွန်း! ဘွန်း! ဘွန်းးးးး

ဝှီးးးးး

လီဗာအကုန်တင်ကာ ပြောင်းကနေ
မီးခိုးငွေ့ တလူးလူးထွက်အောင်လုပ်ပြီး
ပြိုင်ပွဲကွင်းထဲရောက်နေသလို
ဝှီးခနဲ မောင်းထွက်သွားသူက
မိုက်ကန်းကန်း နိုင်လွန်သည်။

ခုခေတ် လူငယ်တွေ ဆိုးတေတာတွေ့ဖူး၊
မြင်ဖူးပေမဲ့ ခနတာတွေ့လိုက်ရတဲ့
ကောင်စုတ်လောက်တော့ ဘယ်သူမှ
ရိုင်းမှာမဟုတ်ပေ။ မထွက်သွားခင်ကတောင်
လူကို ဝါးစားမတက် စိုက်ကြည့်သွားသေးတာ။
အရိုင်းစိုင်းကောင်က အဲ့လာက်ထိ လူကို
ရန်လိုသွားသည်။

"ကိုတိမ်ယံ!"

ပစ္စည်းအထုပ်များနှင့်အတူ လမ်ဘေး၌
ခွေ့ခွေ့ကလေး ထိုင်နေတဲ့ မိုးတိမ်ယံဆီကို
မင်းကို သွက်သွက်လေး ပြေးလာခဲ့သည်။

"ကိုတိမ်ယံ! ကိုတိမ်ယံ ဘာဖြစ်သွားလဲ။
ဘယ်သူ ဘာလုပ်လိုက်တာလဲ"

အခုမှ စိုးရိမ်းတကြီး လာမေးတဲ့
မင်းကို,ကို မိုးတိမ်ယံ စောင်းကြည့်လိုက်တော့၊ အပြစ်ရှိသူမှာ မျက်နှာလေး ညှိုးငယ်သွား၏။

စောစောက ဟိုအရိုင်းစိုင်းကောင်နဲ့
စကားများနေချိန် ကိုယ့်ဆီ
ကားမောင်းလာလို့ရရဲ့သာနဲ့
ကားမောင်းမလာပဲ ခပ်လှမ်းလှမ်းတနေရာမှာ
ကားထိုးရပ်ပြီး ကားထဲမှာပုန်းနေခဲ့တာ
သတိထားမိထားသည်။ အဲ့ဒါကို အခုမှ
ထုရိုက်ပစ်ချင်စရာကောင်းတဲ့ ရုပ်နဲ့
လာစိုးရိမ်ပြနေတာ။

မျက်နှာငယ်လေးနဲ့ လက်မောင်တဖက်အား
လာတွဲထူးတဲ့ မင်းကို လက်တဖက်ကို
မိုးတိမ်ယံ ပုတ်ထုတ်ပစ်လိုက်သည်။

"အပို လာလုပ်မနေနဲ့။ မင်း စောစောက
ကားထဲမှာပုန်းနေတာ ငါမြင်တယ်။
ပြော ဘာကြောင့် ငါ့ကို လာထူးတာလဲ။
ဟိုကောင်စုတ် ငါ့ကို ရိုင်းရိုင်းစိုင်းစိုင်း
ပြောနေတာ..........။ ငါ့ကို
သူ သတ်သွားလဲ မင်း အဲ့ကားထဲမှာပဲ
ပုန်းကြည့်နေမှာလား ဟမ်း!"

"ဟိုးးး အဲ့ အဲ့လို မလုပ်ပါဘူးဗျာ"

ဆင်ခြေဆင်လက် ပေးဖို့ ဝန်လေးနေတဲ့
မင်းကို,ကို မိုးတိမ်ယံ မျက်ခုံးတဖက်ပင့်
ပြကာ စကားလမ်းကြောင်း ဖွင့်ပေးလိုက်၏။
ကိုယ်တိုင်ကလဲ ဘာကြောင့်လဲဆိုတာ
သိချင်မိတာလဲပါတော့။

"စောစောက ကောင်လေးက
ကျတော် အခန်းဘေးက အခန်းဆီ
ပြောင်းလာတာတဲ့ လူငှားအသစ်။
အဲ့ကောင်လေးက ကျတော်တို့
ပတ်ဝန်းကျင်မှာ ဇိုးဗျ။ လူကသာ အသက်ငယ်တာ၊
လက်သံက အတော်ပြောင်တယ်။ သူလာနေတဲ့ အတောအတွင်း တိုက်ခန်းနားက
ငမူးအဖွဲ့ဆို ဘယ်ချိန်ကြည့်ကြည့်
တကိုယ်လုံး ပတ်တီးအဖွေးသာနဲ့။
အဲ့ကောင်လေးက Dominant Alpha
ဖြစ်မယ်။ သူက သိပ်ခွန်းအားကြီးပြီး
ဒေါသကြီးတယ်။ စောစောကတောင်
ကိုမိုးယံကို သူထိုးတော့မှာလို့ ကျတော်ထင်နေတာ။
ဘာမှ မလုပ်သွားလို့ တော်သေးတယ် "

တောသားပီပီ ရိုးသားတဲ့ ဖိုးသခွားလိုလိုနဲ့
စကားလည်တဲ့ ပိန်းကြွယ် မင်းကို,ကို
ထုရိုက်ပစ်ချင်သည့် စိတ်မှာ
တဖွာဖွာ။ ကိုယ်တွေလက်တွေ
နာနေလို့သာဒေါသကို လက်တဆင့်
လျော့ချထားလိုက်ရတာ။

မင်းကို ပြောပုံအရ၊ဟိုအရိုင်းစိုင်းကောင်က
ထင်ထားတာထက်ကို တော်တော်
မိုက်ကန်းလွန်တာပဲ။ ကိုယ့်အနားကို
သူ့ ဆိုင်ကယ် စရောက်လာတုန်းက
သစ်အယ်သီးအနံ့ ခပ်သင်းသင်းကို
အနံ့ခံမိလိုက်သေးသည်။ အဲ့တုန်းက
အသားနာနေချိန်မို့ သစ်အယ်သီး
အနံ့လာရာကို သေချာသတိမထားမိခဲ့ဘူး။
အခုမှ သဘောပေါက်တယ်။
အဲ့သစ်အယ်သီးအနံ့က ဟိုအရိုင်းအစိုင်း
ဒေါသထွက်နေချိန်မို့ Pheromones
ရနံ့စိမ့်ထွက်လာတာနေမှာ။ အဲ့ကြောင့်မို့
အကန်တွေကြီးပြောသွားတာ ဖြစ်မယ်။

ဘာမှမပြောပဲ နုတ်ဆိတ်သွားတဲ့
CEOကြောင့် အလုပ်ဖြုတ်ခံထိတော့မယ်လို့
မင်းကို ထင်သွား၏။ စိုးရိမ်တကြီးဖြင့်
ထိုင်နေရာမှ မြေပြင်ပေါ်သို့ ရုတ်တရက်
ဒူးထောက်ကျလိုက်သည်။
မြေပြင်နှင့် မျက်နှာအား ထိကပ်သည့်ထိ
ကုန်ကုန်ကွကွငုံ့ချထားကာ
ခေါင်းပေါ်မှာ လက်အုပ်ချီထားသည်။

"ကျတော် ကျတော် အဲ့ကောင်လေးကို
မြင်တာနဲ့ အလိုလိုကြောက်မိလို့
ကိုတိမ်ယံဆီမလာခဲ့မိတာပါ။
ကျတော်ကို ခွင့်လွတ်ပါနော်"

မျက်နှာငယ်လေးနဲ့ ခေါင်းငုံ့
တောင်းပန်နေသူကို ကြည့်ကာ၊
မိုးတိမ်ယံ သက်ပြင်းချ မိသည်။
မင်းကိုလို လူအေးက ဟိုအရိုင်းအစိုင်းကောင်ကို ကြောက်မိတာ ‌မဆန်ပေလေ။

"ကဲ ထားလိုက်တော့။ အအေးဆိုင်လဲ
မသွားတော့ဘူး။........ဒါနဲ့
ငါအခုလိုဖြစ်ရတာ မင်း
အပြစ်တဝတ်ပါတယ်ဆိုတာမမေ့နဲ့"

"ဟုတ်"

"ထ ပြန်မယ်"

မင်းကိုမှာ အောင့်သက်သက်နဲ့
ခေါင်းငြိတ်ပြကာ မိုးတိမ်ယံအား
တွဲထူးလေသည်။

စောစောလေးကတင် CEOဆီက
အလကားရတုန်း စျေးကြီးတန်
juiceတခွက် ဝယ်သောက်မည်လို့
တေးထားခဲ့တာ။ အခုတော့ ဘေးအခန်းက
ဇိုး ကောင်းမှုကြောင့် အလုပ်ဖွင့်တဲ့နေ့ကျရင် အပြစ်ပေးခံရပြီ။ CEOက လူတမျိုး။
CEOစိတ်ဆိုးရင် သူများလို
ကြမ်ကြမ်းတမ်းတမ်းစကားမျိုးနဲ့
မတုန့်ပြန်ပဲ အလုပ်တွေကို
တခုပြီးတခု မနားတမ်းပေးလုပ်ခိုင်းသည်။
နောက်နေ့ကစလို့ ကုမ္ပဏီက
Omegaတွေကို ပတ်ကြောင်ဖို့
အချိန်ရမယ်လို့ မမြင်ပေ။

...........................

"Cheer!"

ဘီယာခွက်ချင်း ထိကပ်၍
အောင်ပွဲခံအပြီး လူငယ်များ၏
ပျော်မြူးသော အာမေဍိတ်သံများ
ထွက်ပေါ်လာ၏။

"Wow!"

"ယေးးး"

မီးရောင်စုံခန်းမ၌ ဆွဲဆောင်မှုရှိတဲ့ Omegaများ၊ Beteများနှင့် Alpha များက
လူငယ်သဘာဝ သောက်စား
ပျော်ပါးနေကြသည်။ အယ်မိုင်ရဲ့
Dj songသံမြူးမြူးက ပူထူပြီးသာ
အသွေးအသားများကို ပွတ်ပွတ်ဆူလာစေသည်။ စည်းချက်ညီညီ ကခုန်နေကြတဲ့ လူငယ်တွေဟာ
လေလွင့် ဌက်ငယ်များအတိုင်း ပေါ့ပါး
လွန်ကြ၏။ ထိုလူငယ်များကြားက
Omega အလှလေးများကို
စူးရဲစွာစိုက်ကြည့်နေတဲ့ play boyဘင်းဘင်းသည် အဓိပ္ပာယ်ပါပါပြုံးထား၏။

"ဘင်းဘင်း"

ပခုံးအားပုတ်၍ အလိုက်မသိစွာ
နာမည်လာခေါ်တဲ့ ကျော့ဝတီကြောင့်
ဘင်းဘင်း ပြုံးနေရာမှ မျက်မှောင်ကျုံ့သွားသည်။
နောက်ပြန်လှည့်မကြည့်လာသလို
ပြန်လည်မထူးတဲ့ ဘင်းဘင်း ကျောပြင်ကို
ကြည့်ကာ ကျော့ဝတီ စိတ်မရှည်ဖြစ်လာသည်။

"ဘင်းဘင်း"

နောက်ထပ်တကြိမ် နား အနားသို့ကပ်ကာ
ခေါ်လိုက်တော့၊ ရှူတင်းတင်းရုပ်နဲ့
လှည့်ကြည့်လာသည်။

"xီးဖြစ်လို့ ခေါ်နေတာလား"

"မသာ မင်းအဖေခေတ်ဟောင်း
မလာသေးလို့ မေးမလို့ကိုး၊ သေမို့
ဖြစ်နေတာလား"

"ဟာ ငါဒီမှာ အလှလေးတွေကိုငေးနေတာ"

"အဲ့Omegaတွေအကုန်လုံးကို နောက်မှ
မင်းအခန်းထဲ ခေါ်ထဲပေးမယ်။
အခု အဲ့‌ေxာက်လုံးတွေကို
ငါ့ဘက်လှည့်ထားအုံး...ခေတ်ဟောင်း
အခုထိ!"

ကျော့ဝတီ စကားပင်မဆုံးသေး
စိတ်ကောက်မြန်သူကြီး ဘင်းဘင်းက
တခြားဝိုင်းသို့ ထွက်သွားလေပြီး။

"‌ေxာက်အရေးထဲ စိတ်က
ကောက်နေသေးတယ်"

ကျော့ဝတီ စိတ်တိုတိုနဲ့ ဘီယာတခွက်
မော့ချလိုက်သည်။ ဘင်းဘင်း မရှိတော့တဲ့
စာပွဲဝိုင်းတွင် ကျော့ဝတီ တယောက်ထဲ
ဘီယာသောက်ရင် ကျန်ရစ်ခဲ့သည်။

ခေတ်ဟောင်း မြန်မာပြည်ပြန်ရောက်တဲ့
အနေနဲ့ ပါတီပွဲလုပ်တာ ဒီနေ့နဲ့ပါဆို
ခြောက်ကြိမ်မြောက်ရှိပြီးဖြစ်သည်။
ဒီတကြီမ်ကျမှ ခေတ်ဟောင်း
နောက်ကျနေတာ။ အခုက
မိုးတောင်ချုပ်တော့မည်။ ပါတီပွဲရဲ့
အဓိကလူက အခုထိရောက်မလာသေးပေ။
ညကျရင် night club သွားမည်လို့
ချိန်ထားခဲ့တာကိုး။ လမ်းမှာများ
ပြဿနာတ‌စ်ခုခုတက်နေပြန်သလားမသိ။ ခေတ်ဟောင်းက ဘယ်နေရာရောက်ရောက်
ရန်ဖြစ်လိုက်ရမှ။ အကျိုးအကြောင်းမေးဖို့
ဖုန်းခေါ်ပြန်တော့လဲ ဖုန်းကမကိုင်။
အယ်မိုင်ကို မေးဖို့ကျပြန်တော့ အယ်မိုင်က
Djပွတ်နေလေရဲ့။ နောင်တယောက်ကျန်တာလဲ
သူ ငမ်းနေချိန်မှာ အဆဲနဲ့သွားတားမိလိုက်လို့
စိတ်ကောက်သွားသည်။
ဘာမေးမေး မေးရမှာလဲမဟုတ်တော့။

အု ဂါးးးး

"သူငယ်ချင်းတွေက ဘီယာလောက်တောင်
သစ္စာမရှိကြဘူး"

ကျော့ဝတီ ဘီယာတခွက်ကို မော့ချလိုက်ပြီး
ဘီယာဗူးခွံအား ကြည့်ကာ
တကိုယ်တည်းကြားယုံမျှ ပြောလိုက်သည်။

နန်းဆန်တဲ့ နာမည်နဲ့လိုက်အောင်
နန်းဆန်သည့် အဖြူရောင်ဆံပင်အရှည်ရှိတဲ့
ကျော့ဝတီးသည် ပါတီပွဲကို
ဦးဆောင်လုပ်ပေးသူ ပါတီပွဲခေါင်းဆောင်ဖြစ်သည်။ Alphaများသာစုစည်းထားတဲ့
သူတို့သူငယ်ချင်းလေးယောက်ထဲမှာ
ကျော့ဝတီက Alpha အလှလေးဖြစ်သလို၊
Omega အလှလေးများနဲ့ ခင်မင်ရင်းနှီးသူဖြစ်၏။
ကျော့ဝတီ အနေတည်ပြီး
အရှုပ်အရှင်းကင်းသူဖြစ်သည်။

ကျော့ဝတီနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဘင်းဘင်းက
Omegaရော Betaတွေနဲ့ပါ ထည်လဲတွဲတဲ့
Play boy ဖြစ်သည်။ ဘင်းဘင်းမှာ
ထူးခြားတဲ့ အကျင့်တခုရှိသည်။ အဲ့တာက..... သူငယ်ချင်းတွေ နည်းနည်းလောက်
အော်ဟောက်လိုက်ရင်
အရမ်းအသဲငယ်ပြပြီး
စိတ်ကောက်ပြသလောက်၊
သုံးရက်ပြည့်အောင်မတွဲပဲ ဖြတ်မယ်ပြောလို့ ရည်းစားဆီက ပါးချခံရတဲ့အခါတွေဆို
ပြုံးဖီးနေတက်တဲ့ သောက်ကျင့်ဆိုးပင်ဖြစ်သည်။
အဲ့ဒီ သောက်ကျင့်ဆိုးက
ခေတ်ဟောင်းနဲ့တွေ့ရင်တော့
ပျောက်သွားရော။

ပါတီပွဲက လူငယ်တွေကို မြူးကြွစွာ
ကခုန်လာအောင် ဖန်တီးပေးနေတဲ့ Dj
အယ်မိုင်က အဖွဲ့ထဲမှာ ခေတ်အဆန်ဆုံးသူဖြစ်သည်။ Alpha ချင်းတောင် တွဲသည့်ထိ
ဟော့ဖြစ်လွန်သူ ဖြစ်၏။ အယ်မိုင်က
ရည်းစားများယုံကလွဲလို့ ကျန်တဲ့နေရာမှာ
အနေအေးသည်။ (Dj ပွတ်တဲ့ တချိန်ကတော့ ချွတ်ယွင်းချက်ပေါ့။) အယ်မိုင်ကို ကြည့်မိရင်
ကြည့်မိတဲ့လူတိုင်းကို ခေါင်းမူးသွားစေမှာ
ဧကန်မလွဲပင်။ ခပ်ပွပွဂျင်ဘောင်ဘီတိုနှင့်
shirtအင်္ကျီအရှည်ကို နေ့တိုင်း
အရောင်မထပ်အောင် ဝတ်ဆင်တက်ပြီး
Gaming နားကြပ်ကို လည်ပင်းတွင်
အမြဲချိတ်ဆွဲထားတက်သည်။ တခါတခါဆို
အပြာရောင် လျာထိုးဦထုပ်ကိုပါ
ဆောင်တက်သေးသည်။
လက်‌ကောက်ဝတ်နှင့်လည်ပင်းမှာလည်း
အနက်ရောင် fancy ကြိုးများကို ဆွဲထားပြီး
နားရွက် တစ်ဖက်တစ်ချက်ဆီမှာ ငွေရောင်
fancy နားကွင်း နှစ်ကွင်းကိုပါ
စတိုင်ကျကျ တပ်ထားပြန်သည်။
အယ်မိုင်က ခေတ်ဟောင်းလိုသာ
ကပြားရုပ်ထွက်ရင် တော်တော် စော်ကြည်,
ဘဲကြည် ဖြစ်မှာအသေအချာပင်။အခုလည်း
သူ့ရုပ်ရည်ရှိသည့်အတိုက်အလျောက်
ဝိုင်းဝိုင်းလည်နေပါတယ်လေ။

ကပြားလို့ ထည့်ပြောမိတာနဲ့
ပါတီက Omega များကို
ဆွေဆွေခုန် ဖြစ်လာစေသူကတော့
အဖွဲ့ထဲမှာ အသက်အငယ်ဆုံးနှင့်
ဇိုးအကျဆုံး အင်္ဂလန်ကပြား
ခေတ်ဟောင်းပင် ဖြစ်သည်။
ခေတ်ဟောင်းက ဘယ် Omegaများနဲ့မှ
ဇယားမရှုပ်သလို သူ့ကိုလာရှုပ်တဲ့သူကိုလည်း
မှတ်လောက်,သလောက်အောင် ပညာပေးတက်သည်။ ခေတ်ဟောင်း အင်္ဂလန်မှာ
သုံးနှစ်လောက် ကျောင်းသွားတက်ပြီး၊
ဒီနှစ်မှ မြန်မာပြည်မှာ ကျောင်းဆက်တက်ဖို့
ပြန်လာခဲ့သည်။ ခေတ်ဟောင်း ဘာကြောင့်
မြန်မာပြည်မှာ ကျောင်းလာဆက်တက်လဲဆိုတာ ဘယ်သူငယ်ချင်းမှ မသိကြသလို၊
ဘယ်သူမှ မမေးဖြစ်။ ခေတ်ဟောင်းက
စိတ်တိုလွယ်ပြီး စိတ်မြန်၊လက်မြန်နဲ့ စိတ်ကြီး၏။ တခုခုဆို လက်ကအရင်ပါတက်သည်။ ငယ်ပေါင်းကြီးဖော်တွေဖြစ်သည့်အလျောက် ခေတ်ဟောင်း လက်ချက်စကို
ကျန်သူငယ်ချင်းသုံးယောက်လုံး ခံရဖူးသည်။ Dominant Alpha ဖြစ်သည့် ခေတ်ဟောင်းက အသက်အရွယ်ထက် ခွန်အားကြီးသည်။
အဖွဲ့ထဲမှာ ဆရာအကျဆုံးဖြစ်၏။

"ကိုကျော့ ဒီမှာတယောက်ထဲလား"

အချိုရည်ခွက်ကိုင်လျက် အနားသို့
ရောက်လာသည့် မုတ်ကို ကျော့ဝတီ
မော့ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
ပါတီပွဲမှာ ကျော့ဝတီတို့အဖွဲက
အသက်အငယ်ဆုံးသူတွေဖြစ်သည်။
ဒါပေမဲ့ ဘယ်သူမှ သူတို့ကို
နာမည်တည့်တည့် မခေါ်ရဲကြပေ။
မိဘအရှိန်အဝါကြောင့်ရော သူတို့၏
ခပ်မိုက်မိုက်ပုံစံကြောင့်ပါ လူတိုင်းလိုလို
သူတို့ကိုခေါ်ရင် နာမည်ရှေ့မှာ
အကို တက်ခေါ်ကြရသည်။ မုတ်ကတော့
အမှန်တကယ် သူတို့ထက်ငယ်လို့
အကိုတပ်ခေါ် ခြင်းသာ။

"ထိုင်မလို့လာ ထိုင်လေ"

"ဒါဆို ထိုင်မယ်နော်"

ဘယ်ကတည်းက ထိုင်ချင်နေမှန်မသိ
ပြောလိုက်တာနဲ့ ဘေးနားသို့ တိုးဝှေ့လို့
ကပ်ထိုင်လာသည်။

"ကိုကျော့ ဟိုလေ.....ခေတ်ဟောင်း
အခုထိ မလာသေးဘူးလား"

ဘီယာတခွက်ပြီးတခွက်
မော့ချနေတဲ့ ကျော့ဝတီကို မုတ်
မရဲတရဲ ကြည့်ကာ မေးလာသည်။
မုတ်က Beta ယောက်ျားလေး
တယောက်ဖြစ်သည်။ အနေအေးတဲ့
စာဂျပိုမှန်ကြောင်လေးဖြစ်သည်။
မုတ်က ခေတ်ဟောင်းကို
အသက်15နှစ်ကတည်းက crush နေခဲ့တာ။
အခုလည်း ဒီလိုပါတီမျိုးကို မလာစဖူး
အလာထူးရသည်မှာ ခေတ်ဟောင်းကို
တွေ့ချင်လို့ပင်ဖြစ်သည်။

"မုတ် အခုထိ အဲ့ကောင်ကို
crushနေတုန်းလား"

"ဟမ်း! မဟုတ် မဟုတ်ပါဘူး။
ခေတ်ဟောင်းကို သုံးနှစ်လောက်တောင်
မတွေ့ရတော့ ဒီအတိုင်းမေးကြည့်ယုံပါ"

အရှက်ပြေ ကိုင်ထားတဲ့အချိုရည်ကို
မော့သောက်လိုက်ပြီး ကျော့ဝတီကို
မခို့တရို့ ပြန်ကြည့်လာသည်။ ခေတ်ဟောင်းကို
မုတ် crushနေတာ ခေတ်ဟောင်းတယောက်သာ
မသိတာ၊ ကျန်သူငယ်ချင်းသုံးယောက်က သိသည်။ မုတ်က ခေတ်ဟောင်းအပြင် ကျော့ဝတီကိုပါ ကြောက်၏။ ကျော့ဝတီမှာ
အေးစက်စက်မျက်နှာပေရှိ၍
မုတ် ရှိန်ရသည်။

ကြောက်လို့ ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့
မုတ် နားကို ကျော့ဝတီ တိုးကပ်လာပြီး
မုတ်နှင့် မျက်နှာချင်းဆိုင်စေလိုက်သည်။
မုတ်ရဲ့ အကြည်ရောင်မျက်မုန်မှ တဆင့်
အနက်ရောင် မျက်ဝန်းဝိုင်ဝိုင်တို့ကို
ကျော့ဝတီမှ စိုက်ကြည့်နေတော့........
မုတ် ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းငုံ့မိသွားသည်။

"ဟက် ငါ့ကိုတောင်
အဲ့လောက်ကြောက်ပြနေရင်
ခေတ်ဟောင်းကို မင်း ဘယ်လိုဖွင့်ပြောမှာလဲ"

"ကို ကိုကျော့ ဘာတွေပြောနေတာလဲ။
ခေတ်ဟောင်းကို ဘာဖွင့်ပြောရမှာလဲ"

"ဟားဟားး မုတ် မင်းဟာလေ.......မင်း
အဲ့လို အူတူတူလုပ်နေရင် ခေတ်ဟောင်း
တခြားတယောက်ဆီ ရောက်သွားလိမ့်မယ်။
မင်း ရဲရဲနေစမ်းပါကွာ"

မုတ် ပခုံးတဖက်ကို ကျော့ဝတီ
ခပ်စပ်စပ် ရိုက်ရင်း ပြောလိုက်သည်။
မုတ် ရဲ့ အပြုံးရေရေဟာ ချက်ချင်းဆိုသလို
ပျောက်ကွယ်သွားပြီး မျက်နှာသေဖြင့်
ခနမျှတွေးဝေသွား၏။ တခြားတယောက်လို့
ပြောလိုက်တာနဲ့ မုတ် ရင်ထဲမှာ
မီးခဲတခု စတင်လောင်မြိုင်လာသည်။
အချိုရည်ခွက်ကို မသိမသာ
တင်ကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်တဲ့ မုတ်
လက်ကို ကျော့ဝတီ မြင်ဖြစ်အောင် မြင်သွားသည်။

ဘယ်လောက်အနေအေးသူဖြစ်ဖြစ်
အချစ်နဲ့တွေ့ရင်တော့ စစ်သူကြီးအဖြစ်သို့
ပြောင်းလဲသွားတက်စမြဲပင်။
ကျော့ဝတီ ရဲ့ အဓိပ္ပာယ်ပါပါအပြုံးက
မီးရောင်စုံအောက်မှာ အထင်းသား
ပေါ်လွင်နေသည်။

"ကို ကိုကျော့ ကို ကိုခေတ်ဟောင်း
ဆိုင်ရှေ့မှာ ရန်ဖြစ်နေတယ်"

ဆိုင်ဝန်ထမ်းကောင်လေးမှ
အမောတကြီးပြေးလာပြီး
ကျယ်လောင်စွာ ထစ်ထစ်ငေါ့ငေါ့
ပြောလာသည်။ ဝန်ထမ်းကောင်လေးရဲ့
စကားအဆုံးမှာ Djသံ
ရုတ်ခြည်းရပ်တန့်သွားခဲ့သည်။
ကခုန်နေကြတဲ့ လူငယ်များသည်လည်း အိုးတိုးအမ်းတမ်းဖြင့်
တယောက်မျက်နှာတယောက်
အရိပ်ခြေကြည့်နေကြသည်။
ကျော့ဝတီမျက်နှာဟာ ပုံမှန်မာကျော့လာပြီး
ထိုင်နေရာမှ ထရပ်ကာ သောက်လက်စ
ဘီဘာခွက်ကို ခုံပေါ်သို့ဆောင့်ကျလိုက်သည်။

ခလွပ်!

အားပါသွားသော ဆောင့်ချက်ကြောင့်
စာပွဲပေါ်တွင် ဖန်ကွဲစများ တစစီပြန့်ကြဲကုန်သည်။ ဘင်းဘင်း တဖက်ဝိုင်းမှ
ကျော့ဝတီဆီသို့ အလောတကြီးထလာကာ
အရံသင့်ရှိတဲ့ နံချပ်နှစ်ခုကိုပါ ကိုင်ဆောင်ခဲ့သည်။ အယ်မိုင်က တတောင်ကျော်ရှိတဲ့
သံတုတ်တိုတချောင်းကို
ဟန်ပါပါကိုင်ဆောင်ထားပြီး အကြောဖြေသလို
ဇက်ကြောကို အသံထွက်သည်ထိ
ဘယ်ညာ လှည့်ပတ်ချိုးရင်း
ကျော့ဝတီဆီသို့ လျှောက်လာသည်။
ပါတီပွဲထဲက လူငယ်တွေမှာ ပွဲကြည့်
ပရိတ်သက်အလာ ကြောင်အအနဲ့
ကျော့ဝတီ ဦးဆောင်ထွက်သွားသည့်
အနောက်ကို လိုက်သွားကြမိသည်။

မုတ်လည်း ကျော့ဝတီတို့အဖွဲ့အနောက်ကို ကပျာကယာနဲ့ ပြေးလိုက်သွားသည်။
ခေတ်ဟောင်းနဲ့ တွေ့ခြင်းက
ရန်ပွဲကြားမှာမှန်း မုတ် မထင်ထားခဲ့ပေ။
မုတ် ခေတ်ဟောင်းကို ဆက်ချစ်ဖို့
သတ္တိရှိဖို့ လိုအပ်သည်လို့
ကိုယ့်စိတ်ကိုကိုယ် နိုးဆော်နေမိသည်။

:
:
:
:

နေမင်းကြီး ပျောက်လုဆဲဆဲဖြစ်တော့မည့် ညနေစောင်း အချိန်မှာ
နေအလင်းရောင်လျော့လာ၍
အမှောင်ရိပ်သန်းလာသည်။ မှောင်မိုက်နေတဲ့
လမ်းကျဥ်းကျဥ်းလေးထဲမှာ
ခပ်မိုက်မိုက်လူငယ်များသာ လာလေ့ရှိသည့် barများ၊club များရှိသည်။ တရားမဝင်တဲ့
အမှောင်နေရာဆိုလည်း ဟုတ်သည့် ဤနေရာမှာ
ကျော့ဝတီ ပိုင်တဲ့ barရှိသည်။

ထိုbarရှေ့မှာ ဆယ်ကျော်သက်
လူငယ် နှစ်ဖွဲ့မှ အကြည့်ချင်းပြိုင်
စစ်ခင်းနေကြသည်။ တဖက်အဖွဲ့မှာ
လူငါးယောက်လောက်ရှိပြီး
ငါးယောက်လုနီးနီး
ခေတ်ဟောင်း လက်ချက်ကြောင့်
သွေးထွက်သံယို ဖြစ်ထားကြသည်။

ခေတ်ဟောင်းတွင်လည်း နှာဖူးမှာ
ပြတ်ရှဒဏ်ရာတချက် ရှိပြီး၊
လက်ညှိုးဆစ်များမှာ အသားပွန်းပဲ့ထား၍
နီရဲလျက်ရှိသည်။ ခေတ်ဟောင်း
နူတ်ခမ်းထောင့်မှ နီရဲရဲစီးကျနေတဲ့
သွေးစတချို့ကို လက်ဖမိုးဖြင့်
ကြမ်းတမ်းစွာပွတ်ဆွဲသုတ်ရင်း
တဖက်အဖွဲ့က အဖွဲ့ခေါင်းဆောင်
အက်ညိုကို ခပ်ထေ့ထေ့
စိုက်ကြည့်သည်။

ခေတ်ဟောင်းဘေးမှာ ရှူးရှူးရှဲရှဲဖြစ်နေတဲ့
အယ်မိုင်နှင့် ဘင်းဘင်း ရှိပြီး၊ ခေတ်ဟောင်း
ရှေ့တွင်တော့ ကျော့ဝတီ အေးစက်စွာ ရပ်နေ၏။
ကျော့ဝတီ လက်သီးကို ခပ်တင်းတင်း
ဆုတ်ထားကာ မျက်နှာချင်းဆိုင် အဖွဲ့ကို
သွေးအေးအေးနဲ့ စိုက်ကြည့်နေသည်။

အရှေ့မှာ ဖြစ်ပျက်နေတဲ့
အခြေနေအရပ်ရပ်ကို ပါတီပွဲလာ
လူငယ်တချို့မှ ရပ်ကြည့်နေကြ၏။
ထိုလူအုပ်ကြားထဲက မှန်ကြောင်ကောင်လေး
မုတ်မှာ ခြေဖျားထောက်လျက်
နက်စွေ့နေတဲ့ T-shirtနှင့် ဂျင်ဘောင်းဘီဒူးပြဲ
ဝတ်ထားတဲ့ ခပ်မိုက်မိုက်ကိုယ်နေကိုယ်ဟန်ဖြင့်
ရပ်နေသော ခေတ်ဟောင်းကို
ရင်ခုန်ခြင်းများစွားဖြင့် အရိပ်တကြည့်ကြည့်
ကြည့်နေသည်။

"ဟျောင့် အက်ညို!!
တက္ကသိုလ်ရောက်တဲ့အထိ မင်းတို့
မစောင့်နိုင်တော့ဘူးလား။ဟက်
ဘာလဲ ဂျိုင်းထောက်နဲ့ တက္ကသိုလ်
သွားတက်ချင်လို့လား ဟင့်"

ဘင်းဘင်း ရယ်ကြဲကြဲနဲ့ ခနိုခနဲ ပြောတော့
မင်းညို မျက်နှာမဲမှောင်သွားသည်။

"‌ေxာက်လေပေါတဲ့နေရာမှာ မင်းက
တော်တော် ဆရာကျတာပဲ။ ဒီမှာ
ငါတို့က မင်းလို လေမပေါဘူး
လက်တွေ့ လုပ်တယ် ရှင်းလား"

"ဘယ်သူ လက်တွေ့လဲဆိုတာ
ကြည့်ကြတာပေါ့"

ဘင်းဘင်း နံချင်နှစ်ခုကို လေထဲ၌
ကျွမ်းကျွမ်းကျင်ကျင် ဝှေ့ယမ်းကာ
အက်ညိုတို့ အဖွဲ့ဆီသို့ ချီးတက်လေသည်။
ဘင်းဘင်း နောက်က အယ်မိုင်
လိုက်တက်ကာ၊ သံတုတ်ကို
မြေပြင်နှင့် ထိကပ်သည့်ထိ တန်းလန်းချ၍
တချွမ်းချွမ်း မြည်းအောင် တရွတ်တိုက်
ဆွဲသွားသည်။ ကျော့ဝတီက ဘောင်းဘီ
အိတ်ကပ်ထဲကနေ ဓားအသေးစားတလတ်ကို
ဆွဲထုတ်လိုက်ပြီး ဘင်းဘင်းထက်အရင်
အက်ညိုတို့အဖွဲ့ဆီသို့ ခပ်သွက်သွက်
လျှောက်သွားသည်။ ခပ်လှမ်းလှမ်းလောက်သာ ရောက်သေးသော်လည်း အက်ညိုတို့
အဖွဲ့က လင်းလတ် ဆိုတဲ့ကောင်လေး၏
လက်မောင်းတဖက်ဆီကို ကိုင်ထားတဲ့
ဓားအသေးလေးနဲ့ လွဲပေါက်ထည့်လိုက်သည်။

"အားးးး အားအား"

"OMG!"

"ဘုရားရေး"

ရန်ပွဲ ဝိုင်းကြည့်နေကြတဲ့သူတွေမှာ
သူတပေါက်,ငါတပေါက်နဲ့ အုံအုံသောင်းသောင်း
ဖြစ်ကုန်သည်။ မုတ်မှာ အရှေ့က
သွေးသံရဲရဲကို မကြည့်ရဲလို့
မျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ဖြင့်
ကားအုပ်ထားရသည်။

"လင်းလတ်! အစ်!"

အက်ညို လင်းလတ်ဆီသို့ အာရုံ
ရောက်သွားခိုက် ဘင်းဘင်း အက်ညို
လည်ပင်းကို နံချပ်နှစ်ခုပေါင်းပြီး
ညစ်ဖျစ်လိုက်သည်။ လည်ပင်းကိုပတ်ထားတဲ့
နံချပ်သံကြိုးကို အက်ညို လက်နှစ်ဖက်ဖြင့် အားကုန်ပြန်ဆွဲသော်လည်း
လည်းစေ့အစ်သည့်ထိ အနောက်ကနေ
ဘင်းဘင်း ဖမ်းချုပ်ဆွဲထားတာကြောင့်
အက်ညိုမှာ အသက်ရှူဖို့
အင်မတန်ခက်ခဲလာ၏။

တဖက်မှာလည်........

ဝှီးးးဝှီးးး ဒိန်! ဒိန်!

အရှေ့တည့်တည့်မှ ပြေးဝင်လာတဲ့
Alpha နှစ်ယောက်ရဲ့
ဦးခေါင်းထိပ်ကို အယ်မိုင်
ကိုင်ထားတဲ့သံတုတ်နဲ့ နှစ်ချက်လောက်
ဆင့်ရိုက်ချလိုက်သည်။ အယ်မိုင်
လက်ချက်ကြောင့် နှစ်ယောက်လုံး
သွေးသံတရဲရဲဖြင့် မြေပြင်ပေါ်သို့
ငေါက်ကနဲ လဲပြိုကျသွားသည်။

ပထမ အစောပိုင်းကတည်းက
ခေတ်ဟောင်း လက်စကို ခံထားရ၍
အက်ညိုတို့အဖွဲ့မှာ အတော်လေး
အထိနာထားသည်။ အခု ငါးယောက်
သုံးယောက်တောင် မနိုင်ကြတော့ပေ။

"အင့် ဒါဒါ Pheromones တွေပဲ"

"ဟေ့ ခေတ်ဟောင်း Pheromones
ထုတ်လွှင့်နေတယ်။ Omegaတွေ
ဝေးဝေးသွားကြ!"

"အိုး ခေတ်ဟောင်း Pheromonesရနံ့က
သစ်အယ်သီးလား။ အနံ့က
အရမ်းကောင်းတာပဲ၊ ဒါပေမဲ့ အခုက
အရမ်းအနံ့ပြင်းလွန်တယ်။ ငါ Heatနီးနေတာ၊
အခု heat ဖြစ်တော့မလား မသိဘူး"

"အဲ့ဒါကို နင့်က ဘာရစ်နေတာလဲ။
လာ ဒီကနေ အမြန်သွားရအောင်"

"အေးပါ"

တစတစနဲ့ အုံးကြည့်နေကြတဲ့
လူအုပ်ထဲမှာ Betaများသာ ကျန်တော့သည်။ ခေတ်ဟောင်း မတ်မတ်ရပ်နေသည့်
အနေအထာအတိုင်း Pheromonesများကို အတိုင်းအဆမဲ့ ထုတ်လွှင့်နေ၏။ ခေတ်ဟောင်း
မျက်နှာထာမှာ ငယ်ရွယ်ချောမောမှုတွေ
ပျောက်ဆုံးကုန်ပြီး ကြောက်မက်ဖွယ်
သားရဲအသွင်းသို့ ကူးပြောင်းလာသည်။
ပြင်းထန်တဲ့ Pheromonesများကြောင့်
အက်ညိုတို့အဖွဲ့အပြင် ကျော့ဝတီတို့ပါ
မူးဝေးလာရ၏။ခေတ်ဟောင်းတယောက်သာ
Dominant Alpha ဖြစ်တော့၊
ကျန်တဲ့ Recessive Alphaများက
ခေတ်ဟောင်း Pheromonesဒဏ်ကို
ခံနိုင်ရည်မရှိကြပေ။

"ဟေ့ဟျောင်း ခေတ်ဟောင်း တော်တော့!
ငါတို့ကို အသေသတ်ဖို့လား"

"အင်္ဂလန်က ပြန်ရောက်တာနဲ့ ငါတို့ကို
သေတွင်းအရောက်ပို့တဲ့ ကပြားကောင်။
မင်းနဲ့ နောက်မှ စရင်းရှင်းမယ်။
အခု ဒီကောင်တွေ! အစ်! "

သူငယ်ချင်းတွေ တယောက်တပေါက်
တားနေသည့်ကြားက ပိုမို ပြင်းထန်လာတဲ့ ခေတ်ဟောင်းရဲ့ Pheromonesများကြောင့်
အက်ညိုလည်ပင်းကို နံချပ်နဲ့ညှစ်ဖျစ်ထားတဲ့
ဘင်းဘင်းလက်တို့မှာ အားပျော့လာသည်။
အက်ညို ခန္ဓာကိုယ်လည်း ပျော့ခွေ့လာသည်။
တယောက်နဲ့တယောက် ထိုးကြိတ်နေကြတဲ့
အဖွဲ့မှာ တဖြေးဖြေး မြေပြင်ပေါ်သို့
ဒူးထောက်လာကုန်သည်။

ကျော့ဝတီ အံကိုတင်းတင်းကြိတ်ထားမိသည်။ Dminant Alpha တယောက်ရဲ့
Pheromones နဲ့ ဖိနှိမ်တာခံရရင်
Omegaဆို Heat ကာလရောက်ရသလို
ခံစားသွားရပြီး၊ Alpha ဆို
အားအင်းလျော့နည်းလာကာ
Pheromonesများကို
တန့်ပြန့်ထုတ်လွှင့်တက်မိသည်။

အက်ညိုတို့အဖွဲ့အပါမဝင် ကျော့ဝတီတို့ပါ
မြေပြင်ပေါ်မှာ လူးလိမ့်နေကြသည်။
ခေတ်ဟောင်းဒေါသကို ထိန်းချုပ်ဖို့
အတော်‌လေခဲယဥ်းလှ၍ သူတို့မှာ
ဘာမှမတက်နိုင်ပေ။

မြေပြင်ပေါ်၌ ခွေ့ခွေ့လေးလဲပြိုကျနေတဲ့
အက်ညိုဆီကို ခေတ်ဟောင်း
ခြေလှမ်းကျဲများနဲ့ လျှောက်သွားပြီး
အက်ညို လည်ပင်းစပ်က အင်္ကျီစကို
ဆုတ်ကိုင်ကာ ပေါ့ပါးစွာမတင်လိုက်သည်။
အက်ညို ခြေဖျားထိပ်နှင့် မြေပြင်ကြားမှာ
တစ်မိုက်လောက် ကွာဟသွားသည်။
အက်ညို မျက်နှာကို ခေတ်ဟောင်း
သူ့မျက်နှာနှင့် နီးကပ်သည့်ထိ
ဆွဲယူထား၍ ခေတ်ဟောင်း ရှူထုတ်လိုက်တဲ့
လေငွေ့ပူပူများဟာ အက်ညို
မျက်နှာပေါ် လာရိုက်ခတ်နေသည်။

ဘာမှမပြောပဲ ပြင်းထန်တဲ့
Pheromones များကိုသာ အဆက်မပျက်
ထုတ်လွှင့်နေတာကြောင့်
အက်ညို မှာ အသက်ရှူကျပ်လာရ၏။

"အဟွတ်!အဟွတ်! ခေတ်ဟောင်း ငါ
တောင်းပန်ပါတယ်။ လွှတ် လွှတ်ပေးပါကွာ"

နီးကပ်နေသည့် ခေတ်ဟောင်းရဲ့ နီရဲတဲ့
မျက်လုံးတစုံကို အက်ညို မြင်လိုက်ရတော့
အတော်လေလန့်သွားသည်။

"တကယ် တကယ် တောင်းပန်တာပါ"

"နောက်တခါ ငါ့ အချိန်တွေကို
လာဖြုန်းတီးရင် မင်းရော
မင်းကောင်တွေကိုပါ အရှင်လတ်လတ်
အဝီဇိတွင်းထဲ ပို့ပစ်မယ်! တောက်!"

ဩရှတဲ့ ခြိမ်းခြောက်စကားသံအဆုံး
အက်ညို တကိုယ်လုံး
ကြက်သီးမွေးညင်းများ ဖြန်းကနဲ
ထောင်တက်သွားသည်။
ခေတ်ဟောင်းကို ဟိုငယ်ငယ်လေးတည်းက
အနိုင်မရခဲ့လို့ အခု ခေတ်ဟောင်း
ပြန်ရောက်လာချိန်မှာ အုပ်စုလိုက်ဆို
နိုင်မလားလို့ စမ်းကြည့်လိုက်မိတာ။
အခုတော့ ထင်ထားတဲ့အတိုင်း ဖြစ်မလာတဲ့အပြင်
မသေယုံတမယ် ခံလိုက်ရသေးသည်။

မျက်စေ့ရှေ့က ကြွတ်စုတ်လေးတကောင်လို
တုန်ရီပြနေတဲ့ အက်ညိုကို
ခေတ်ဟောင်း မျက်မှောက်ကြုတ်၍
စိုက်ကြည့်ကာ
တင်းကြပ်ကြပ်ကိုင်ထားတဲ့အင်္ကျီစကို
ကြမ်းတမ်းစွာဆောင့်လွှတ်ချ‌ပစ်လိုက်သည်။

ဘုတ်!

"အ့!"

အက်ညို ကျောပြင်တလျောက်
အောင့်သက်သွား၍ မြေပြင်ပေါ်တွင်
လူးလိမ့်လို့ တအားအား အော်ညည်းနေ၏။
ခေတ်ဟောင်း ရဲ့မထင်မှတ်စရာ
ဒေါသကြီးပုံက ကြည့်နေကြတဲ့
လူတချို့အပါအဝင် ကျော့ဝတီတို့ပါ
လန့်သွားစေသည်။
ကျော့ဝတီ စိတ်ထဲတွင်တော့၊
ခေတ်ဟောင်း တယောက်ယောက်နဲ့
ရန်စဖြစ်ခဲ့သည်လို့ ထင်မှတ်ထားသည်။

"မင်းတို့ကောင်တွေ ထကြတော့!
Alphaဖြစ်ပြီး ပျော့ညံ့လိုက်တာ။"

ပြောလိုက်တော့ သုံးယောက်လုံး
ကုန်းရုန်းလို့ ထလာကြသည်။

"xီး မင်း အနံ့တွေကို
အရင်သိမ်းလိုက်အုံး ဒီမှာ
အသက်ထွက်တော့မယ်"

"တော်ပြီး နောက်နေ့ကစ
သစ်အယ်သီးကို လုံးဝမစားတော့ဘူး။
စိတ်နာတယ် ဟွန်း!"

အယ်မိုင်နှင့် ဘင်းဘင်း
တယောက်တပေါက်စီပြောပြီး
ပေးလူးသွားတဲ့ ခန္ဓာကိုယ်အနှံ့က
ဖုန်မှုန့်များကို ခါခဲ့ကာ ခေတ်ဟောင်းနှင့်
ကျော့ဝတီကိုတောင် မစောင့်တော့ပဲ
barသို့ ဝင်သွားလေသည်။
မျက်နှာကြောတင်းနေဆဲ
ခေတ်ဟောင်းကို ကျော့ဝတီ
ဘာမှမပြောပဲ မျက်နှာရိပ်ဖြင့်
barထဲဝင်ဖို့ အချက်ပြတော့
သဘောပေါက်လွယ်တဲ့ ခေတ်ဟောင်းက
ကျော့ဝတီနှင့်အတူ barထဲသို့
လိုက်ဝင်သွားသည်။

ပွဲကြည့်ပရိတ်သက်များသာ
ကျန်ခဲ့ပြီးနောက် မြေပြင်ပေါ်မှာ
လူးလဲလျက်ရှိနေသေးသည့်
အက်ညိုတို့အဖွဲကို လှောင်းရယ်ကြလေသည်။

"ဟားဟား တက္ကသိုလ်မှာ ဇိုးလိုလို
ဘာလိုလို အကောင်တွေက အခုတော့
ခေတ်ဟောင်း လက်ချက်ကြောင့်
ခွေးတွေလို မြေပြင်မှာ ဝပ်တွားနေရပြီး
ဟားဟား"

"သနားလိုက်တာ ကျွတ်ကျွတ်"

"ဟဲ့ သွားမကြည့်မနေနဲ့ barထဲ
သွားရအောင် ခေတ်ဟောင်းကို
သေချာမကြည့်ရသေးဘူး"

"အေး ဟုတ်တယ်။ လာလာ သွားကြမယ်"

barသို့ သွားလေပြီးဖြစ်တဲ့
Betaမတွေကို မုတ် မျက်စောင်းထိုးကြည့်မိသည်။ ခေတ်ဟောင်းဆိုတဲ့ လူသားက
သူ့တယောက်ထဲ အပိုင်သာ ဖြစ်ရမှာ။
ဘယ်သူမှ မပိုင်ဆိုင်စေရဘူး။
ပိုင်ဆိုင်ခဲ့တဲ့သူကိုလဲ တစ်စစီလုပ်ပစ်မှာ။ အေးအေးဆေးဆေး မျက်နှာလေးက
တခန‌လေးအတွင်မှာ ကြောက်မက်ဖွယ်
မျက်နှာအသွင်းသို့ ကူးပြောင်းသွားသည်ကို
မည်သူမှ မမြင်လိုက်ပေ။

.......................

ကုတင်ပေါ်မှာ ထိုင်နေရင်နဲ့ နံရံ၌
ချိတ်ဆွဲထားသော တိုင်းကပ်နာရီကြီးကို
မိုးတိမ်ယံတယောက် အရိပ်တကြည့်ကြည့်
ကြည့်နေခဲ့သည်မှာ နေ့လယ်ကတည်းကပင် ဖြစ်သည်။ အဝတ်စားထုပ်များမှာလည်း
ကုတင်ပေါ်တွင် နေ့လယ်က
ဝယ်လာသည့်အတိုင်း သေသေသပ်သပ်
ရှိနေလေသည်။ တိမ်တိုက် မနက်ကတည်းက
အပြင်ထွက်သွားတာ အခုထိ
ပြန်မရောက်သေး၍ မိုးတိမ်ယံမှာ
ဖင်တကြွကြွဖြစ်နေရ၏။
ခြေချင်းဝတ်မှာ ကျောက်ပတ်တီး
အဖွေးသာဖြစ်နေပေမဲ့ ညီမအတွက်
ရတက်မအေးနိုင် ဖြစ်နေကာ၊
ကြီးမေး တားထားသည့်ကြားက
ကုတင်ပေါ်မှ အသာလေးဆင်းလိုက်မိသည်။

ချပ်!

ထိုအခိုက်မှာပဲ အခန်းထဲဝင်လာတဲ့
ကြီးမေးနှင့် တိုက်ရိုက်ဝင်တိုးသွားလေသည်။
ကြီးမေမှာ မျက်လုံးပြူး,မျက်စံပြူးဖြင့်
သူ့ဆီကို သွက်သွက်လေးလျှောက်လာသည်။

"အမလေး သားကြီးရယ်၊ ကြီးမေး
ပြောထားတယ်လေ
ကျောက်ပတ်တီးစည်းထားရင်
ငြိမ်ငြိမ်နေပါလို့။..... အခုက ဘယ်လဲ"

"မိုးချုပ်တော့မယ် ညီမလေး အခုထိအိမ်ပြန်မရောက်သေးဘူး။ အဲ့ဒါ လိုက်ရှာမလားလို့"

"သားကြီးရယ် သား ညီမက
သားဖုန်းခေါ်တာတောင် မကိုင်တာ၊
သူဘယ်သွားလဲ သားသိလိုလား။
.........တိမ်တိုက်က အရင်ကထက်
ပိုပိုဆိုးလာတယ်။ သား
အလိုလိုက်ရမ်းကြီးလွန်တော့ အခုဆို
သားကို ရှိမှန်းတောင် မသိတော့ဘူး‌လေ။
ထင်တိုင်ကြဲနေတာ။သူ့ကိုယ်သူ
မိန်းခလေဆိုတာ သတိမှရသေးရဲ့လား
မသိပါဘူးကွယ်"

"ကြီးမေး ကျတော် ညီမလေးကိုစိတ်ပူတယ်။
ကျတော် ညီမလေးရှိလောက်မဲ့ နေရာတွေမှာ
သွားရှာကြည့်ချင်တယ်။ ခွင့်ပြုပါနော်"

ခြေတရပ် ထော့နဲ့ဖြစ်နေတာတောင်
ညီမအတွက် အပူကြီးလွန်နေတဲ့ တူကြီးကို
ကြည့်ရင်း ဒေါ်နန်းသင်းဇာ သက်ပြင်းယဲ့ယဲ့
ချမိသည်။ ညီမက အကိုဖြစ်သူကို
ငယ်ကျွန်တယောက်လို ဆက်ဆံသလောက်
အကိုကတော့ ညီမလေးကိုဆို
ဘုရင်မတပါးလို ခခယယ ဆက်ဆံသည်။
အနစ်နာခံလွန်တဲ့ တူကို ဒေါ်နန်းသင်းဇာ
အလွန် သနားနေရသည်။

ညီမစုသင်းဇာနဲ့ အောင်မင်းပိုင်တို့
နောက်ဆုံးချန်ခဲ့တဲ့ သားနဲ့သမီးကို
အပျိုကြီးဘဝနဲ့ ပြုစုစောင့်ရှောက်ခဲ့သည်မှာ
တိမ်တိုက် တသက်ရှိပြီး ဖြစ်သည်။
သားကြီးကို ပြောဆို ဆုံးမရသလောက်
သမီးငယ်ကိုတော့ တစက်ကလေးမှ
ဆုံးမလို့မရ။

အခန်းပြင်ထွက်ဖို့ တကဲကဲဖြင့်နေတဲ့
တူကြီးလက်ကို ဒေါ်နန်သင်းဇာ
ဆုပ်ကိုင်လိုက်ပြီး......

"သားကြီး မသွားရဘူး!။တိမ်တိုက်က
အသက်ပြည့်ပြီးသား လူငယ်တယောက်။
သူ့ကိုယ်သူ မပြင်ရင် ဘယ်သူမှ
လာပြင်ပေးလို့မရဘူး။ သား
ခြေတောက်ကိုသာ ဂရုစိုက်။
မကြာခင် သား heat ကာလကို
ရောက်တော့မယ်မလား၊ ခြေထောက်
မကောင်း‌သေးရင် သား စိတ်ဒုက္ခပို
ရောက်လိမ့်မယ်။ လာ
ကုတင်ပေါ် ပြန်ထိုင်လိုက်။ လာပါ"

ပေကပ်ကပ် ရပ်နေဆဲ တူကြီး၏
လက်ကောက်ဝတ်ကို ဒေါ်နန်သင်းဇာ
အတင်းဆွဲကာ ကုတင်ပေါ်မှာ
ထိုင်စေလိုက်သည်။

ငယ်စဥ်ကတည်းက ကြီးမေ
စကားနားထောင်ခဲ့သူပီပီ အခုလည်း
ကြီးမေ စကားကို မလွန်ဆန်နိုင်ပြန်။
နောက်ထပ် နှစ်နာရီလောက်စောင့်ကြည့်လို့မှ
ညီမလေး မပြန်လာသေးရင်
သူကိုယ်တိုင် ထွက်ရှာမှာ။

"သားကြီး ရော့ ဆေးသောက်ပြီး
အိပ်လိုက်နော်။ နေ့လယ်ကတည်းက
တရေးမအိပ်ရသေးဘူးမလား။
အခု အနားယူလိုက်အုံး"

ကြီးမေ ကမ်းပေးလာတဲ့ ဆေးတလုံးကို
မိုးတိမ်ယံ ကမ်းယူကာ အနားရှိ
ရေအေးနှင့် သောက်ချလိုက်သည်။

"အု!"

ဆေးသောက်ပြီး နူတ်ခမ်းတွင် ကျန်ရစ်ခဲ့တဲ့
ရေစက်များကို လက်ကိုင်ပဝါနှင့်
အသာအယာ သုတ်နေသော တူကြီးကို
ဒေါ်နန်သင်းဇာ ခပ်တွေးတွေးလေ
စိုက်ကြည့်နေမိသည်။ ဒါကို မိုးတိမ်ယံ
မြင်သွားတော့၊ သူ့မျက်နှာမှာများ
တခုခု ဖြစ်နေသလာဆိုတဲ့ စိတ်ဖြင့်
လိုက်လံကိုင်ကြည့်မိသည်။

ဒေါ်နန်သင်းဇာ ခပ်အေးအေးပြုံးကာ
မျက်နှာအနှံ့ လိုက်လံစမ်းကြည့်နေသော
တူကြီး၏ လက်ဖဝါးနုနုနှစ်ဖက်ကို
တယုတယ ဆုတ်ကိုင်လိုက်သည်။
မိုးတိမ်ယံမှာ ကြောင်အအလေးနဲ့
သူ့ကြီးမေ မျက်နှာကို လှည့်ကြည့်လာသည်။

"သားကြီး သားကိုယ်သား
မှန်ထဲမှာ တခေါက်လောက်
သေသေချာချာကြည့်ကြည့်ပါလား"

"ဘာဖြစ်လို့လဲ ကြီးမေ။
မျက်နှာမှာ တခုခုပေနေလို့လား"

ပြောရင်း မျက်နှာအနှံ့ကို
လိုက်လံစမ်းကြည့်ပြန်တဲ့ တူကြီးကို
ဒေါ်နန်သင်းဇာ သဘောတကျ ပြုံး၍
ကြည့်မိ၏။

"ဟင့် မဟုတ်ပါဘူးကွယ်။ သားက
တဖြေးဖြေး Omega နဲ့တူလာတယ်လို့
ပြောမလို့ပါ"

"................"

ဒေါ်နန်သင်းဇာ ရယ်ကြဲကြဲပြောလာပေမဲ့
မိုးတိမ်ယံမှာ ချက်ချင်းဆိုသလို
မျက်နှာလေး ညို့ငယ်သွားပြီး
ခေါင်းငုံ့သွားသည်။ တူကြီး
စိတ်မကောင်းဖြစ်သွားသည်ကို
ဒေါ်နန်သင်းဇာ သဘောပေါက်၏။
တူကြီး၏မေးဖျာလေးကို
အသာပင့်တင်လိုက်ပြီး မျက်နှာချင်း
ပြန်ဆိုင်လိုက်သည်။

"သား Omegaဖြစ်နေတာ စိတ်မကောင်းစရာမှ မဟုတ်ပဲ။ သား ဘဝအစစ်မှန်ကို
သား အမြဲတမ်းဖုံကွယ်ထားလို့မှ မရတာ။
တနေ့ကျ သားဘဝရဲ့ အစစ်အမှန်ကို
သားညီမလေး သိလာမှာ။ အဲ့တော့ကျ...!"

"ကျတော်ကို အချိန်ပေးပါ ကြီးမေ။
ကျတော် ညီမလေးကို လိမ်ညာထားခဲ့တော့
အမှန်အတိုင်း ပြောဖို့ အချိန်အများကြီးလိုသေးတယ်။ ညီမလေးက မရင့်ကျက်သေးဘူး။
ညီမလေး ရင့်ကျက်လာမှ ကျတော် ပြောပြမယ်"

"သားညီမက ရင့်ကျက်ဖို့ရှိလာပါ့အုံးမလား။
အခုပဲကြည့် အသက်က နှစ်ဆယ်ဖြစ်နေပြီး
ခလေးလိုလို ခွေးလိုလိုနဲ့ ပြန်မပြော
နားမထောင်း လုပ်နေတာ။ သားကိုလဲ!"

"ကြီးမေ! တိုက် အကြောင်း
ကိုကိုကြီးကို ဘာတိုင်နေပြန်ပြီလဲ"

အခန်းတံခါးဝကနေ စူးနစ်တဲ့အသံဖြင့်
‌ဆောင့်အော်ပြောလာသော တိမ်တိုက်ကို
ကြီးမေရော တိမ်ယံပါ လှည့်ကြည့်လာသည်။ ခေတ်ဆန်ဆန် အတိုအပြတ်ဝတ်ထားသည့် တိမ်တိုက်သည် အလိပ်လိပ် ကောက်နေတဲ့
ဆံသာတချို့ကို လက်ညှိုးလေနဲ့
လိမ်ဆော့ကာ တံခါးဘောင်းကို
ပျင်းရိပျင်းတွဲမျင်နှာပေဖြင့်
ကျောမှီ ရပ်ထားသည်။
ပီကေကိုပါ အပျင်းပြေဝါးထားသည့်
တိမ်တိုက်ပုံစံကို ကြီးမေ ဒေါသ မျက်လုံးနဲ့
စူးရဲစွာ စိုက်ကြည့်နေသော်၊ တိမ်ယံကတော့
ခပ်အေးအေးပြုံး၍ ကြည့်သည်။

"မယ်မင်းကြီးမ အခုမှ
ပေါ်တော်မူလာတယ်နော်။
နေ့လယ်ကတည်းက ထွက်သွားတာ
အခု မိုးချုပ်ခါနီးမှ ပြန်ရောက်တယ်။
ဘယ်တွေသဝေထိုးနေလဲ ဟမ်း!"

"ကြီးမေဆိုသည်မှာလဲ တိုက်ကို မြင်တာနဲ့
ပွားမယ်ဆိုတာကြီးပဲ။ သူများတွေလိုသာ
မိုးချုပ်မှ ပြန်ရောက်ရင်
ဘယ်လိုများနေမလဲမသိဘူး"

"သူများနဲ့ မနှိုင်းနဲ့။ နင့်က မိန်းခလေးဟဲ့
မိန်းခလေး။ ကိုယ့်ကိုယ်ကို
ဘာမှန်တောင်မသိဘူးလား"

"သိတယ် သိတယ်။ Omegaမတွေထပ်
သာတဲ့ Betaမလေ။ ဟက် တိုက်တို့က
ဗိုက်ထွက်မလွယ်ပါဘူး"

"တိမ်တိုက်!"

"မိုးတိမ်တိုက်!နင့် အမလေး!"

"ကြီးမေ!!"

ထိုင်နေရာမှ ထရပ်၍ အသာကုန်အော်လိုက်သည့်အဆုံး ကြီးမေ မိုက်ခနဲ့ ကြမ်းပြင်ပေါ်သို့
လဲကျသွားသည်။ တိမ်ယံရော
တိမ်တိုက်ပါ စိုးရိမ်တကြီးဖြင့် ကြီးမေအား
လာပြေးတွဲထူးသည်။ ကြီးမေမှာ
နှလုံးရောဂါအခံရှိသည်။ ဒါကြောင့်လည်း
ကြီးမေ ပြောသမျှကို ပြန်ခံမပြောပဲ
ကောင်းသည် ဆိုးသည် မှန်သမျှကို
မြေဝယ်မကျ နားထောင်ခဲ့ရတာ။
တိမ်တိုက်ကတော့ ကိုယ့်လိုမဟုတ်။
ပြန်ခံပြောသည်။ အဲ့ကြောင့်ဒါမို့ အခု....။

"ကြီးမေ အဆင်ပြေရဲ့လား။
ညီမလေး အကို့ ကုတင်‌ဘေးအံဆွဲထဲမှာ
ရှူဆေးဗူးရှိတယ် သွားယူခဲ့"

"အင်း"

"မယူနဲ့! သားကြီး ကြီးမေ အဆင်ပြေတယ်။
တိမ်တိုက် နင် ငါ့နဲ့ အခန်းထဲလိုက်ခဲ့!"

"ဟုတ်"

ကြီးမေကို တိမ်တိုက် တွဲထူး၍
ကြီးမေ အခန်းဆီသို့ သွားလေသည်။
သွားနေရင်းနဲ့ ကိုယ်အား တိမ်တိုက်
လှည့်ကြည့်,လှည့်ကြည့်လုပ်သွားပုံမှာ
ကြီးမေ သူ့ကို ဆူတော့မည်လို့
မျက်နှာရိပ်ဖြင့် တိုက်သွားခြင်းဖြစ်သည်။
ဒီအချိန်မှာ တိမ်တိုက်ကို မဆူဖို့ ကြီးမေကို
တားလို့ရမည်မဟုတ်။ တကယ်တမ်း
ကြီးမေ ဆူတာ ညီမလေး
ကောင်းဖို့မဟုတ်လား။

တိမ်တိုက်ကို မနက်ကျမှပဲ အဝတ်စားထုပ်
ပေးမှရတော့မည်။

တိမ်တိုက် မိုးမချုပ်ခင်အိမ်ပြန်ရောက်ခဲ့တာပဲ
တော်သေးတယ်။ တိမ်တိုက်က သူ့ကို
မခံချင်အောင်ပြောရင် နည်းနည်းလောက်
ပြန်ခံပြောတက်သည့်ဗီဇတခုက
မွေးကတည်းက ပါလာခဲ့တာ။
အမှန်ဆို တိမ်တိုက်က လိမ်မာပါသည်။
ခုခေတ် လူငယ်ဆိုတော့ နည်းနည်းပါးပါးတော့ အနေထိုင်ဟော့တာပေါ့။ ကျန်တာ
ပြောစရာမလိုအောင် သိတက်ပါသည်လေ။ တိမ်တိုက် night outမထွက်တာပဲ
ကျေးဇူးတင်နေမိတယ်။

"တိမ်တိုက်က ဟိုအရိုင်းစိုင်ကောင်လောက်တော့
မဆိုးသေးပါဘူး"

တိမ်ယံ ပါးစပ်ကလွှတ်ခနဲ
ပြောလိုက်မိသည့် လူတယောက်၏ ပုံရိပ်က
ဦးနှောက်အတွင်းသို့ဖြတ်ကနဲ
ဝင်ရောက်လာသည်။ နေ့လယ်က
တွေ့လိုက်ရသည့် ထိုကောင်လေး၏
မျက်လုံးစူးစူးက တစုံတခုကို
ပြောချင်နေသယောင်။ နောက်ပြီး
ကိုယ့်ကို တော်တော်လေ စိတ်တိုနေပုံရသည်။
သူ့ရဲ့ မျက်နှာပေါက်က အရင်က ခင်မင်ဖူးတဲ့
လူတယောက်နဲ့ ခပ်ဆင်ဆင် တူနေသလိုပဲ။

"ဟာကွာ ငါ ဘာတွေတွေးနေမိတာလဲ။
စောစောအိပ်တာပဲကောင်းပါတယ်လေ"

တိမ်ယံ အခန်းမီးခလုပ်ကို
ပိတ်လိုက်ပြီးတာနဲ့ နူးညံ့အိစက်တဲ့
အိပ်ယာပေါ်သို့ လှဲလျောင်းလိုက်သည်။
ပုံမှန်အိပ်ချိန်က ညတခေါင်းယံ
အချိန်ဖြစ်တာမို့ အခုမူ တော်ယုံ
အိပ်လို့ မပျော်နေ။ အလုပ်ထလုပ်ချင်သည့်
စိတ်မှာ တဖွာဖွာ။ ဒါပေမဲ့ ခြေတောက်တဖက်က
ထောက်လိုက်တာနဲ့ ဆူနှစ်အောင်
နာတက်လာတော့ အလုပ်စားပွဲထိ ‌
သွားနိုင်လောက်မည်မဟုတ်၍
ငြိမ်ငြိမ်နေနေရသည်။
စစဖြစ်တုန်းက သွေးပူတုန်းမို့
ဒီလောက်ထိ နာမှန်း မသိခဲ့။
အခုမှ ကျောက်ပတ်တီးစည်းရတဲ့အထိ
ခြေဆစ်လွဲသွားမှန်းသိရသည်။
ခြေချင်းဝတ်က ကျောက်ပတ်တီးကို
တိမ်တိုက် မြင်ရင် ပြဿနာ ရှာအုံးမှာ။
အဲ့ကြောင့်မို့ ကြီးမေ တိမ်တိုက်ကို
လမ်းကြောင်းလွှဲပြီး ခေါ်သွားတာ။

မိုးတိမ်ယံ စိတ်ကအိပ်မပျော်ပေမဲ့
သောက်ထားတဲ့ ဆေးရှိန်ကြောင့်
မျက်ခွံနှစ်ဖက်မှာ လေပင့်လာသည်။
မျက်ခွံနှစ်ဖက်ကို ကြိုးစားဖွင့်သော်လည်း မှောင်မိုက်သော ကမ္ဘာငယ်လေးဆီသို့
ရောက်ရှိသွားခဲ့သည်။ ထိုကမ္ဘာငယ်လေးထဲမှာ
လူတယောက်စောင့်ကြိုနေ၏။
ထိုလူက နေ့လယ်ကတွေ့ခဲ့သည့်
ကောင်လေးနှင့် အတော်ဆင်သည်။

.................................

A/N- အပိုင်း ၁မို့ ဇာတ်ကောင်များ၏
စရိုက်များကို အဓိက ရေးသားထားပါတယ်။
နောက်အပိုင်းများထိ Ongoing လိုက်ခဲ့ပေးပါနော်။

လိုအပ်ချက်များရှိရင်
ပထမဆုံး ရေးသားသူမို့ဆိုတဲ့အမြင်ဖြင့်
ခွင့်လွှတ်ပေးကြပါရှင့်။
ကြာသွားလို့ ဆောတီး ဟီးး😁

Mar 24

By/
THT-Sweet

Comment