special


အမ Eun နဲ့ဖြစ်တဲ့ကိစ္စပြီးကတည်းက ဦးနဲ့သူ စကားမပြောဖြစ်တော့ပါ အလုပ်ကိစ္စကလွှဲရင်ပေါ့
အရင်လို ဦးအိမ်ကိုလဲ မသွားဖြစ်တော့ ခါတိုင်းဆို လချုပ်စာရင်းတေ ဦးအိမ်မှာ အတူတူလုပ်ဖြစ်ပင်မယ့် အခုရက်ပိုင်းတေတော့ ကိုယ့်အိမ်မှာဘဲလုပ်ဖြစ်တယ် မှားတာ လိုတာရှိရင် ဖုန်းဆက်မေးဒီလောက်ဘဲ

အခုလဲ မျက်မှန်လေးနဲ့ laptop လေးမှာပြေးနေတဲ့ လက်ချောင်းသွယ်သွယ်လေးတေနဲ့လူသား ဖိုင်တေတွေကိုကြည့်လိုက် စာပြန်ရိုက်လိုက်နဲ့ ဘေးနားမှာလဲ နွားနို့ခွက်လေးက ကြာပြီထင်ပါရဲ့ အငွေ့တောင်ထွက်မနေတော့...

ဂျောက်!

တံခါးပွင့်သံနဲ့အတူ အဖွားဖြစ်သူဝင်လာတာကို သတိထားမိတာကြောင့်

" အဖွား အိပ်သေးဘူးလား "

" အွန်း ငါ့မြေးလေးရော အလုပ်တေမပြီးသေးဘူးလား"

" ဟုတ်တယ်အဖွား ဒါမဲ့ပြီးတော့မာပါ "

" အလုပ်တေ တအားကြိုးစားနေတာပဲ ဘာလဲ မိန်းမယူတော့မို့လား "

" ဟားဟား အဖွားကတော့နောက်ပြီ ကျနော်လားမိန်းမယူမာ "

ကိုယ့်မြေးအကြောင်းမသိတာလဲမဟုတ်ဘဲနဲ့ လာစနေ
တဲ့အဖွားကြောင့် jk တစ်ယောက် သဘောကျစွာရယ်မိလေသည်။

အဖွားအခန်းပြင်ပြန်ထွက်သွားတော့မှ အေးစက်နေတဲ့ နွားနို့ခွက်ကို သောက်ကာ အကုန်ပြီးကြောင်း စာပို့ပြီး ကိုယ်လက်သန့်ရှင်းကအိပ်ဖို့ပြင်တော့သည်။

တစ်ဖက်မှာလဲ
ဝါရံတာမှာ ကော်ဖီသောက်ရင်း အတွေးနယ်ချဲ့နေတဲ့
ဦး jimin .. သက်ပြင်းလဲတချချနဲ့ အုတ်တေတောင်အပ်နေပြီလားမသိဘူး..

ဟိုတလောက ကိစ္စပြီးသွားကတည်းက ဟိုဆောက်ကလေး သူ့ကိုသိသိသာသာကိုရှောင်နေတာပါ အလုပ်ထဲမှာလဲ အလုပ်ကြောင်းကလွဲရင် ကျန်တာဘာမှမပြောတော့ အိမ်မာလာလုပ်ဆိုလဲ မဟုတ်ဘူး သူ့ဘာသာလုပ်မယ်ဆိုပြီး လချုပ်စာရင်းတေရော သူ့နဲ့အချိန်ဇယားတွေရော ကွကိုယ်ပြင်ဆင်နေလေရဲ့ အခုလဲ အကုန်စစ်ပြီးကြောင်းစာပို့တာ
"ကောင်းသောညပါ CEO Park" ဆိုပြီးနှုတ်ဆက်စကားလေးပါ ပါ‌တာကြောင့် ပြုံးတော့ပြုံးမိသား..

"ခက်တယ်jiminရေ"

ကိုယ့်ကိုကို အလိုမကျဖြစ်ကာ ဆံပင်တေကိုသပ်တင်လိုက်ပြီး အတွေးပင်လယ်ထဲသာ ဆက်ပြီးလက်ပစ်ကူးဆဲ... နောင်ခါလာနောင်ခါဈေးဆိုတဲ့အတိုင်း ဖြစ်လာမှဘဲပြေးတွေ့ယုံပေါ့ အခုတော့ဆက်မတွေးနိုင် အသက်ကလဲ‌ငယ်တော့တဲ့အရွယ်မဟုတ်‌တာကြောင့် ကလေးလေးတေလို အတွေးလွန်နေရမဲ့အချိန်သူမှာမရှ်ိပါ...
ဘယ်လိုဘဲဖြစ်ဖြစ် ဟိုသောက်ကလေးကိုတော့ ချော့ရပါအုံးမယ် အတွင်းရေးမှူးနဲ့အလုပ်ရှင်ဆိုတာ တည့်နေရမယ်မဟုတ်လား တော်ကြာ သူ့ကိုလုပ်ကြံနေရင် ဘယ်သိနိုင်မလဲ...

စကားမပြောလို့ဘဝင်မကျဖြစ်နေတဲ့ ကိုယ့်စိတ်ကိုသိသိရဲ့နဲ့ လျစ်လျူရှူနေတဲ့သူရယ်ပါ...

စားပွဲဝိုင်းလေးပေါ်က ဖိုင်တွဲအနီရောင်ကိုကောက်ယူကာ အခန်းထဲပြန်ဝင်လာခဲ့တယ်... ဖိုင်တွဲကိုလဲ
အလုံခြုံဆုံးလို့ ယူဆ‌ရတဲ့‌တစ်နေရာမှာထားကာ ကုတင်ပေါ်သာ ကန့်လန့်ဖြတ်လှဲကာ suit အကျီကိုချွတ်ကာ မကြာပါဘူး အိပ်ပျော်သွားလေရဲ့...

........

Jimin တစ်ယောက် ချော့မယ်လို့လုပ်ထားကာမှ ဆူပူကြိမ်းမြောင်းနေရတဲ့အဖြစ်..

Meeting room ထဲတွင် jk တစ်ယောက် CEO Park ရဲ့ဆူပူတာကိုခံနေရတာကြောင့် ခေါင်းကိုသာငုံထားကာ တောင်းပန်ပါတယ်ဆိုတဲ့စကားဘဲပြောနေရသည်။
မနေ့ကစစ်ထားတဲ့လချုပ်စာရင်းကမှန်ပင်မယ့် တင်ပြရမဲ့ project ကမှားယွင်းနေတာကြောင့်ပါ..အစည်းအဝေးအခန်းထဲ တင်ပြရမဲ့ project တေမှားနတာကြောင့် ရှယ်ယာဝင်တေကလဲ မျက်နှာပျက်နေတဲ့အပြင် jimin ပါ မျက်နှာကရှူရှူရဲရဲဖြစ်နေတာကြောင့် jk တစ်ယောက် ကူရာမဲ့ဖြစ်နေလေပြီ...

" အ့မှာရပ်ပြီးတောင်းပန်မနေနဲ့ အခုမင်းလုပ်တာကြောင့် အကုန်လုံးကမောင်ကမဖြစ်ကုန်ပြီ!"

" ကျနော် တောင်းပန်ပါတယ်ဗျ ကျနော်သေချာမကြည့်မိတာကျနော်အမှားပါ"

" မှားတာသိရင်ပြီးတာဘဲ အခုကဘယ်လိုလုပ်မှာလဲ"

" ဟို ကျနော် တစ်ပတ်အတွင်း ပြန်ပြုပြင်ပါမယ် တစ်ပတ်လောက်အချိန်ပေးပါ "

" အေး တစ်ပတ်အတွင်း အကုန် perfect ဖြစ်တာလိုချင်တယ် jeon jungkook!"

" ဟုတ်ကဲ့ပါဗျ တောင်းပန်ပါတယ်ဗျ"
ခါးကျိုးမတက်ကုန်းကာ တစ်ယောက်အကျန် အကုန်လိုက်တောင်းပန်နေရတယ် အကုန်လုံးထွက်သွားကြတော့မှ ခြေမခိုင် လက်မခိုင်နဲ့ ခွေလျက်ကျထိုင်ချမိလိုက်သည်။

ကျလာတဲ့မျက်ရည်တေကို အကြမ်းပတမ်းသုတ်ကာ
အခန်းပြင်အထွက် တံခါးဘေးမှာရပ်နေတဲ့ ဦးကြောင့် လန့်မိပါရဲ့...

" ဦး..မဟုတ် CEO Park ကျနော်တောင်းပန်ပါတယ်"

" မလိုဘူး.. အခု ရုံးခန်းထဲလိုက်ခဲ့ "

Jimin ရဲ့နောက်ကသာ ခေါင်းငုံ့ပြီးကုပ်ကုပ်နဲ့သာ လိုက်လာနေတဲ့ jungkook က တကယ်ကို ချစ်စရာအကောင်ပေါက်လေးအတိုင်းဖြစ်နေလေရဲ့...

"အ့!"

ရုတ်တရပ်ကြီး သူ့‌ဖက်လှည့်လာတဲ့ ဦးကြောင့် ရင်ဘတ်နဲ့ဝင်တိုက်မိတော့တယ်..

" ဘာလို့ ခေါင်းကငုံ့နေတာလဲ ကြမ်းပြင်မှာဘာရှိလို့လဲ လမ်းကိုသေချာလျှောက်လေ "

" ဟုတ်...."

" ကျစ်! အကုန်လိုက်ပြောနေရတယ် "

စိတ်တိုင်းမကျလို့ ကျစ် တစ်ချက်ဆုတ်ကာ သူ့ဆံပင်တွေကို ဖွပြီး ရုံးခန်းထဲဝင်တော့ နောက်ကနေသာလိုက်လာခဲ့တယ်..

" ထိုင်ဒီမာ "

"ဟုတ်"

ဦး ညွှန်ပြတဲ့ ဆိုဖာပေါ်သာ ကုပ်ကုပ်လေးထိုင်လိုက်ပြီး သူ့ရှေ့မှာဝင်ထိုင်ကာ တစ်ခုခုပြောချင်နေပုံဘဲ

( အေးပေါ့လေ ငါကအမှားလုပ်ထားတာကြိ ထပ်ပြီးအဆူခဲရမှာပေါ့ အလုပ်နဲ့ပတ်သတ်ရင် မရတဲ့ ဦးက အခုလဲ မလျော့မပေးချင်ဘူးထင်ပါရဲ့ )

" Jungkook..."

" ဟုတ် CEO Park"

"ကျစ်! ဦးလို့ဘဲ ခေါ်စမ်းပါ !"

.....

" မင်း ကိုယ့်ကိုရှောင်နေတာလား "

သူ့အပြောကို မဟုတ်ကြောင်း ခေါင်းသာခါပြတဲ့ သောက်ကလေး ဟင်းးးး ဖြတ်ကန်ချင်နေပြီ...!

" အခုက ဘယ်လိုဖြစ်ရတာ ကိုယ့်ဆီလာလုပ်လို့မပြောဘူးလား "

" မင်း ပါးစပ်မပါဘူးလား jungkook "

" ဟုတ် ပါ. ပါပါတယ် "

" အေး အ့ဆို ငါမေးနေတာဖြေ မင်းကိုမကန်မိခင် "

" တောင်းပန်ပါတယ် "

Jimin လဲ ထရပ်ကာ ဒီကလေး ဘာဖြစ်နေမှန်းကိုမသိတော့ ချော့ရအောင်လဲ ကိုယ့်သားတောင် ကောင်းကောင်းချော့ဖူးတာမဟုတ် ခက်တော့ခက်သား

" ထားတော့ ဒီည ကိုယ့်အိမ်လာခဲ့ မင်းလုပ်ရမဲ့စာချုပ်တေပါယူခဲ့ "

" ရပါတယ် ကျနော့်ဘာသာ.."

" လျှာမရှည်နဲ့ ..ကိုယ်က လာဆိုလာလေ "

" ဟုတ်..တောင်းပန်ပါတယ်"

စိန်အချဉ်ပေါက်နေလေပြီ မသိရင် ကိုယ်ကဘဲ လူကြမ်းကြီးဖြစ်နေပြီ လုပ်နေပုံက မျက်နှာက ဇီး‌ရွက်လောက်တောင်မရှိတော့ဘူး ..

" ဟားးး ဟုတ်ပီ  ကိုယ်တောင်းပန်တယ် အ့နေ့ကကိုယ်နည်းနည်းလွန်သွားတယ် "

ဆံပင်တေအနောက်ကို သပ်တင်နေပြီး မျက်မှောင်ကြုံကာ အလိုမကျ‌ဖြစ်နေတဲ့ဦးပုံစံကြောင့် jk တစ်ယောက်မယုံနိုင် ဒါ့အပြင် အခု သူ့ကိုတောင်းပန်လိုက်တာလားဆိုတဲ့အတွေးကို ပိုလို့တောင်မယုံနိုင် ဦးတောင်းပန်တယ်ဆိုတဲ့စကားကိုပြောတာ ကြားတောင်မကြားဖူးဘူး...

သူ့ကို တအံ့တဩနဲ့ လာကြည့်နေတဲ့ မအူမလည်ကောင်လေးကြောင့် ရှက်ရှက်နဲ့ချောင်းဟန့်ကာ ခေါင်းကိုပွတ်ပေးလိုက်ပြီး..

" အလုပ်ကိုသေချာလုပ် ဒီည ကိုယ့်အိမ်လာခဲ့ "

" ဟုတ် ဦး!"

ယုန်သွားလေးပေါ်အောင် ရီပြပြီး ခေါင်းတညိမ့်ညိမ့်နဲ့‌ကောင်လေး အွန်း နည်းနည်းတော့...ဖြတ်ကန်ချင်လာပြီ..
နဖူးပေါ်သာလက်တင်ပြီး ကိုယ့်ကိုကိုသာအလိုမကျနေတဲ့ ဦးjimin ရယ်ပါ...

" ဦး.. မျက်မှောင်ကြီးကြုံ့နေတာ အရေးအကြောင်းတွေထွက်လာအုံးမယ် "

ဘယ်ချိန်ကတည်းက ဝင်လာမှန်းမသိတဲ့ ကလေးအသံကြောင့် ထောက်ထားတဲ့ လက်ကိုပြန်ချကာ မျက်မှောင်ကြုံလျက်သာ ကြည့်နေမိတယ် ...

" အယ် ပြောမှပိုဆိုးလာပြီ.."

ပြောပြောနဲ့ သူ့စားပွဲရှေ့ရောက်လာကာ ကြုံ့နေတဲ့ မျက်ခုံးတေကို သူ့လက်ကလေးတေနဲ့ ဖြောင့်ဖြောင့်လေးနေဆိုပြီး ရဲတင်းနေတဲ့ပုံစံကြောင့် jimin တစ်ခုခုမှားနေပြီဆိုပြီး သူ့မျက်ခုံးပေါ်မှာပြေးနေတဲ့ လက်ကလေးတေကိုဖမ်းဆုတ်လိုက်ပြီး...

" ဦး..."

ချိုသာတဲ့အသံတိုးတိုးလေးနဲ့ ဦး ဆိုဘဲ ပြုစားခံလိုက်ရသလိုပင် ဖြစ်နေတဲ့ ဦးကတော့ အကြည့်ပင်မခွာနိုင်
ကိုင်ထားတဲ့လက်လေးတွေကို သူ့ပါးပေါ် တစ်ဖန်ပြန်ကပ်ကာ ..

" ဦး!!"

" ဟမ်! အာ ..အွန်း jungkook"

" ဦး အိပ်ချင်ရင် အိပ်တော့လေ မိုးလဲချုပ်နေပီဆိုတော့ "

ပြောကာမှ နာရီလှန်းကြည့်တော့ ၁နာရီဘဲ ဟုတ်သားဘဲ သူအိမ်မက်မက်နေတာ ကျစ် ! သေလိုက်စမ်းပါ ဘာအိမ်မက်တေလဲ ကိုယ့်ရှေ့မှာ မျက်မှန်းလေးနဲ့ ဖိုင်တွဲတေကိုသေချာပြန်စစ်နေတဲ့ jkကိုခိုးကြည့်ကာ
ခေါင်းလုံးလုံးလေးတေရှိတယ် ဘောပင်ကိုင်ထားတဲ့လက်ချောင်းလေးတေဆီအကြည့်ရောက်တော့ သူ့ပါးပြင်ပေါ်ရောက်လာတဲ့ လက်ချောင်းလေးတေကို ပြန်မြင်ယောင်ကာ အမြန်ထုတ်ဖို့ ခေါင်းသာခါမိလိုက်သည်။

ဒါကိုမြင်လို့ထင်ပါရဲ့ ‌သူ့ဘေးကိုရောက်လာကာ
အိမ်မက်ထဲကအတိုင်းဘဲ နည်းနည်းတော့မတူဘူး

" ဦး အိပ်တော့လေ ကျနော်ဆက်လုပ်လိုက်မယ် "

အပေါ်ထပ်ကဆင်းလာတဲ့ သားဖြစ်သူကတော့ ဧည့်ခန်းထဲက ပုံစံကိုမြင်ကာ ချောင်းသာဟန့်လိုက်သည်။

" အော် သားမအိပ်သေးဘူးလား "

" အွန်း အဖေကရော ဘာလုပ်နေတာလဲ မင်းကရော အဖေ့နားကပ်ပြီး ဘာလုပ်နေတာ "

" ဟင် "

ဘာကိုဆိုလိုမှန်းမသိတဲ့ စကားကြောင့် jk ရော Jimin ပါမျက်နှာပျက်ကာ

" မင်းထပ်ဆာရင်တော့ ငါ့ကိုဂရုစိုက်တယ်ကွ "

" အခုလဲ ငါအိပ်ငိုက်နေလို့ သွားအိပ်ဖို့ပြောနေတာ မင်းကဘာကိုဆိုလိုတာ "

" အဟမ်း ကျနော်က သဘောရိုးနဲ့ပြောတာပါ"

ဘယ်လိုတွေတောင်လား အခု သူကို့ ဦးနဲ့ လာပြီး အခုလိုတေပြောနေတာကြောင့် မယုံနိုင်ပါ သဘောကျနေမှန်သိသားနဲ့ အဖေဖြစ်သူနဲ့ပါ ရွဲ့ကာပြောနေတဲ့သူ့ကြောင့် နှုတ်ခမ်းကိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်သာထားသည်။

Jimin ထကာအပေါ်တက်သွားတော့မှ ရပ်နေတဲ့သူနားကိုသွားကာ ရှင်းရမယ် မရှင်းလို့မရဘူး..
" minjoon မင်းခုနက ဘာစကားပြောတာလဲ !"

" ဘာလဲ နာတာလား သားမရလို့ အဖေကြံနေတာမင်းလေ"
ဖြောင်း!!

" Park minjoon!!!!"

အရိုက်ခံလိုက်ရတဲ့ ပါးကြောင့် ဒေါသထွက်ကာ ပြန်ထိုးမယ်အလုပ် လှေကားပေါ်ကနေ လှန်းအော်တဲ့ အဖေ..

Jungkook လဲ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုသာကိုက်ထားပြီး လက်သီးကိုသာကျစ်ကျစ်ပါအောင်ဆုတ်ထားမိတယ် သူဒီသားအဖတေနဲ့မပတ်သတ်ချင်တော့..

" မင်းဒါဘာလုပ်ဖို့ စဉ်းစားနေတာလဲ "

" အဖေ! အရိုက်ခံရတာ ကျနော်ပါ ဘာလို့ သူစိမ်းဖက်ကပါပေးနေတာလဲ "

" ငါအကုန်ကြားတယ် မင်းတို့ပြောနေတာ‌တွေ မင်းစော်ကားလွန်းအားကြီးနေပြီနော်..ပြီးတော့ jungkook ကမင်းကိုကြိုက်တယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ !"

" အဖေ! ဘာလဲ အဖေကပါ သူ့ကိုကြိုက်နေတာလား"

" မင်းဘာစကားပြောတာလဲ!! "

" ကျနော်ပြောတာဘာမှားလို့လဲ အဖေသူ့ဖက်က ကာပေးနေကတည်းက အရမ်းသိသာနေတာဘဲ ခုနကလဲ အကြည်စိုက်နေကြတာမဟုတ်ဘူးလား ပြောစမ်းပါ"

" ဒီကောင်ကွာ..."

" Jungkook! အခုလိုတေဖြစ်တာမင်းကြောင့် သွား မမြင်ချင်ဘူး ငါ့အိမ်ကထွက်သွား!!"

" သွားရမှာကမင်း!! ဆင်းအိမ်ပေါ်က မင်းကတစ်စက်ကလေးမှ မင်းအမေနဲ့မတူဘူး ဆင်း!!"

" ရတယ်လေ ကျနော်ပြန်မလာဘူး!"

"သွား ပြန်မလာလေကောင်လေး ‌‌ေွးသား!!"

သူ့အနောက်ကနေ အကျီစကို ဆွဲကာတရှုံ့ရှုံ့နဲ့ငိုနေတာကြောင့် ပြန်ထိုင်ခိုင်းကာ ခုနကသူကြားတဲ့စကားကိုအတည်ပြုဖို့လိုသေးတယ် မဟုတ်ရင် မှားကုန်တော့မယ်...

" Jungkook .. ကိုယ်မေးစရာရှိတယ်"

" ခုနက minjoon ပြောတာအမှန်တေဘဲလား"

မျက်ရည်စတေနဲ့ သူ့ကိုသနားခံမျက်လုံးဝိုင်းဝိုင်းလေးတေနဲ့မေ့ာ်ကြည့်လာကာ တောင်းပန်ပါတယ်ဆိုတဲ့စကားသာထွက်လာတာကြောင့် jimin တစ်ယောက် ထရပ်မိတဲ့အထိ ..

" ဦး..ကျနော် "

" တော်တော့ jungkook.. အခုပြောချင်တာ minjoon ကိုမချစ်နဲ့!"

" ဗျာ"

" အခုလောလောဆယ် ကိုယ်ပြောချင်တာ ဒါဘဲရှိတယ်"

မဟုတ်ရင် ‌နောင်တတွေနဲ့ ရင်ဆိုင်နေရမာသူမလိုလား အခုပြောလိုက်ဖို့ဆိုတာကလည်း မဖြစ်နိုင်သေး ..တကယ် အဆင်သင့်မဖြစ်သေးတာပါ ဇာတ်လမ်းက မစခင်က ဆုံးတာတော့ အဖြစ်မခံနိုင်
သူက အတ္တကြီးပါတယ်။

ငိုနေတဲ့ကောင်လေးကိုမျက်ရည်တေသုတ်ပေးကာ
ရင်ခွင်ထဲထည့်ပြီး ကျောပြင်လေးကိုပုတ်ကာ ချော့မြူနေတဲ့ပုံစံကိုချောင်းကြည့်နေတဲ့ အိမ်အကူလေးတွေလဲရှိနေခဲ့တယ် ..

အငိုတိတ်သွားမှ ရင်ခွင်ထဲက မျက်နှာကို မော့ယူပြီး အကြည့်ဆုံစေကာ ..

" ကိုယ်မင်းကိုချစ်တယ် jungkook"

( A/N : 📌ဒီအပိုင်းကိုသေချာလေးတိုတိုလေးရေးထားတာပါနော် ;P feedback လေးတေပေးကြပါအုံး ဒါဒါလေးတို့ ကိုယ်လဲမအားတဲ့ကြားက ရေးပေးထားတာကြောင့် အရမ်းကိုပေါ့နေမလားတော့မသိပင်မယ့် ကိုယ်‌့အရေးအသားကိုလဲ အားမရဘူးရယ် ဇာတ်လမ်းကအများကြီးကျန်ပါသေးတယ်နော် ဒါမဲ့ သာသာ short story ပုံစံလေးဘဲ လုပ်ရင်ကောင်းမလားလို့ အကြံပေးကြပါအုံးနော်🤎)

Comment