1

အိပ်ယာခင်းဖြူဖြူလေးပေါ်မှာ ဘေးတစ်ဖက်ကဆေးချိတ်ထားရတဲ့ လက်ဖြူဖြူလေးတစ်ဖက် မျက်လုံးမှိတ်ထားတာကြောင်း မျက်တောင်ရှည်"လေးတေကဆင်းလို့ ဖြူဖတ်ဖြူရော်ဖြစ်နေတဲ့ မျက်နှာလေးကြောင့် နေမကောင်းဖြစ်နေတယ်ဆိုတာ သိသာလှပါတယ်။ ဒါ့အပြင်ခြေဖဝါးမှာလဲ ပတ်တီးဖြူဖြူလေး
ပတ်တီးဖြူပေါ်မှာ စွန်းနေတဲ့အနီရောင်ကွပ်ကလေးတေနဲ့ အဖျားတက်နေတာကြောင့်တအင်းအင်းနဲ့ နီတာရဲလေးကညည်းလို့!

ဂျောက်!

အခန်းတံခါးပွင့်လာပြီး လက်ထဲမှာလဲ ရေဇလုံလေးနဲ့တပတ်အဖြူတစ်ထည်လေးပါ ပါလာလေရဲ့ ‌ခြေထောက်ဖွလျှောက်ကာ ကုတင်ခြေရင်းက ခုံပေါ်တင်လိုက်ပြီး နဖူးတစ်ချက် စမ်းကြည့်ကာ သက်ပြင်းသာချမိပါတယ်။ အပူကျစေရန် ရေပတ်တိုက်ပေးရမှဖြစ်တဲ့အတွက် အကျီရဲ့ ကြယ်သီးတေကို တစ်လုံးချင်းဖြုတ်ကာ အရင်ဆုံးမြင်ရတာက ယောင်္ကျားလေးတစ်ယောက်လားလို့တောင်မေးယူရမဲ့ ခါးသေးသေးလေးနဲ့ဗိုက်ချပ်ချပ်လေး ဒါ့အပြင် တစ်နေရာကိုအကြည့်ရောက်တော့ ချယ်ရီပန်းဖတ်လေးလို့

ခေါင်းတစ်ချက်သာ ခါကာ ရေကိုသေချာညစ်ချပြီး
သာသာယာယာသုတ်ပေးနေလေရဲ့ အဝတ်အစားချွတ်ဖို့ကလဲ လက်တစ်ဖက်က ဆေးချိတ်ထားတာကြောင့် ဆေးကုန်တဲ့အထိတော့စောင့်မှရလိမ့်မယ် ။
အပူကျစေရန် ယူလာတဲ့ နဖူးကပ်ကလေးကို ကပ်ပေးတော့ အပူနဲ့အအေးနဲ့တွေ့သွားလို့ထင်ပါရဲ့
ကိုယ်တော်ချောက တအင်းအင်းနဲ့ကလေးလေးတေလို မျက်ရည်ပူတေကျလာလေရဲ့ ....
သူလဲ ကလေးချော့မြူသလို တအို့အို့နဲ့သာ
ငြိမ်ကျသွားမှသာ အလာကအတိုင်းလေး ယူပြီးပြန်ထွက်သွားလေရဲ့.. လှေကားနားရောက်တာနဲ့ ဆန်ပြုတ်ပန်းကန်လေးနဲ့ အိမ်အကူမလေးတက်လာတာတွေ့တော့ သူဘဲလက်လွှဲယူကာ ကောင်မလေးကိုသာပြန်လွှတ်လိုက်မိပါတယ်။

နာရီကြည့်တော့လဲ မနက်၁ဝနာရီကျော်နေပီဖြစ်တဲ့အပြင် ဆေးလဲသောက်ရမှာဖြစ်တာကြောင့် နိုးပီးသောက်ခိုင်းရအုံးမယ်..
အရေးကြီး Meeting လဲရှိတာကြောင့် အပေါ်ထပ်ကသားအခန်းကိုသွားကာ ဆန်ပြုတ်ပန်းကန်ထိုးပေးပြီး သွားတိုက်ပေးဖို့ပြောရတော့တယ်..
ဂျစ်ကန်ကန်နဲ့မလုပ်ချင်ဘူးပြောနေတဲ့သားဖြစ်သူကြောင့် ခြေထောက်ကိုပိတ်ကန်မှ ဖောက်ဆက်ဆက်နဲ့ဆင်းသွားလေရဲ့ ...

အရေးကြီး meeting ရှိတာကြောင့် ကိုယ်လဲအခန်းထဲပြန်ဝင်ကာ.. ဒီတစ်မနက်ခင်းလုံး လုပ်ခဲ့တာတေက သူ့သား minjoon ငယ်ငယ်ကနဲ့တူလို့ပါ သားကလဲဖျားနေရင် အ့လိုလေးဖြစ်တာ‌ကတစ်ကြောင်း မနေ့ကသူ့ကြောင့်ဖြစ်သွားတာကတစ်ကြောင်းဆိုတော့ သူဘဲလူကြီးပီပီ တာဝန်ယူပေးရတာပေါ့...

‌minjoon တစ်ယောက် ဒုတိယထပ်ကိုဆင်းလာပြီး အဖေခိုင်းတာကိုလုပ်ရတော့တယ် ဘယ့်နှယ့် နေမကောင်းသူကိုလာပြုစုခိုင်းနေတယ် သေမာလဲ မဟုတ်ဘဲနဲ့ကို အိမ်အကူမလေးတေကိုလုပ်ခိုင်းလဲရတာဘဲဟာ ပွစိပွစိနဲ့သာ အခန်းထဲဝင်လာပြီး တံခါးကိုလဲ စအလိုမကျတဲ့စိတ်ကြောင့် ပိတ်ချလိုက်တာ "ဝုန်း" ကနဲ
ပန်းကန်ကို မှန်တင်ခုံရှေ့ချကာ ဘာမှကိုမသိဘဲအိပ်နေတဲ့ လူကြောင့်

" ဟျောင့်! Jungkook ထစမ်းပါဟာ နေမကောင်းရင်လဲ ကိုယ့်အိမ်မှာကိုယ် ပြန်ပီးဖျားတာမဟုတ်ဘူး "

" Jungkook ထစမ်းလို့!! "

တကယ်ကို အော်ပီးနှိုးနေတဲ့ လူကြောင့် တစ်ကိုယ်လုံးကိုက်ခဲနေတဲ့ လူသားလေးကတော့ တအင်းအင်းနဲ့နိုးလာခဲ့လေရဲ့ ..

" နိုးပီလား ထ! ဆန်ပြုတ်သောက် ပီးရင်ဆေးသောက်"

" မင်းလဲဖျားတာလေးကို တစ်နေကုန်အိပ်မလို့လား ထပီးတော့ လမ်းလေးဘာလေးလျှောက်ပီး လေကောင်းလေသန့်လေးရှူအုံးပေါ့ "

Jungkook တစ်ယောက် လက်ထဲက ဆန်ပြုတ်ပန်းကန်ကိုသာကြည့်ကာ ( အော် minjoon ရယ် ဖန်ကွဲစခြေဖဝါးစိုက်လို့အခုလိုဖြစ်တာကို မေ့များသွားတာလား ဒါမှမဟုတ် သိသိကြီးနဲ့ပြောနေတာလား နေမကောင်းရင် အားငယ်တတ်တာလူတိုင်းမဟုတ်ပေဘူးလား ဒါကြောင့်လဲ အခုသူဝမ်းနည်းတာ ထူးဆန်းမယ်တော့မထင်ပါဘူး ပိုဆိုးတာက ကိုယ်ချစ်ရတဲ့သူဆီကဖြစ်နေတော့ ရင်ဘတ်တစ်နေရာက တစ်ဆစ်ဆစ်နဲ့သာပိုနာပါတယ် တဆစ်ဆစ်နဲ့နာတဲ့ရင်ဘတ်ကအကောင်ကိုအန်တုသော်ငြား ရေကန်ထဲကိုမိုးစက်ကျသွားသလို ဆန်ပြုတ်အရည်တေက စက္ကန့်ပိုင်းလောက် လှုပ်ခက်လေရဲ့... အခုချိန်မှာ သူ့မျက်နှာကိုလဲမကြည့်ချင်ပါ ပြေးထွက်သွားချင်ပင်မယ့် ခြေထောက်မထောက်နိုင်တာကြောင့် တစ်နာကနေ နှစ်နာဖြစ်မယ်မဟုတ်ဘူး..
မနေ့က အဖြစ်အပျက်ကိုလဲ သတိမလစ်ခင်အထိ အကုန်မှတ်မိပါသေးတယ် ဖြစ်ဖြစ်ချင်းတုန်းက သူမဟုတ်သလိုပြယာခတ်ပြနေတဲ့ minjoon က အခု minjoon နဲ့လားလားမှမတူ လူများပြောင်းထားတာလား ဖန်ကွဲစလေးတေဆွဲထုတ်တော့ နာလွန်းလို့ မျက်ရည်တေပါကျရတဲ့အထိ ဘေးကပုခုံးကို minjoon အထင်နဲ့မှီချတော့ ကျောပြင်ကိုသေချာပွတ်ပေးကာ ပြောနေတဲ့စကားသံက တည်ကြည်ပြီးပြတ်သားတဲ့ လေသံကြောင့် minjoon မဟုတ်မှန်းသိလိုက်ပါတယ် ဆေးထိုးအပ်လေးတောင်ကြောက်တဲ့သူက အခုလိုဖန်ကွဲစတွေဆိုတော့ ပိုတောင်ဆိုးပါတယ် အရက်ပြန်တေထည့်တဲ့အချိန်တော့ လူကဘယ်လိုမှဟန်မဆောင်နိုင်တော့ မျက်လူံးတေဝေဝါးကာ ဘေးကလူအပေါ်ပြိုပြိုလဲလဲ... )

ဦးက ဒေါသအိုးဆိုပင်မယ့် အခုလိုမျိုးကျ တကယ်ကိုကျင်နာပါတယ် သားတစ်ယောက်လိုကို ပြုစုပေးတာ
တကယ်တော့သူ ဦးစိတ်ကိုမြင်ယောင်ပါတယ် အသက်လဲကြီးပြီဖြစ်တော့ အထီးကျန်ပီး သားဖြစ်သူဆီကပါ နွေးထွေးမှုမရတာကြောင့် ဒေါသအိုးဖြစ်နေတာပါ သားဖြစ်သူနဲ့ နွေးထွေးနဲ့မိသားစုလေးဖြစ်ဖို့ သူကြိုးစားချင်ပင်မယ့် minjoon ကသူ့ကိုလက်ခံမှာမဟုတ်ဘူးဆိုတာကို တပ်အပ်ပြောနိုင်ပါတယ်။
ကျနော့်အချစ်က မစခင်ကတည်းက ဆုံးနေပီဖြစ်တာကြောင့် အပိုင်း၁ ဇာတ်သိမ်းဆိုတာထပ်ကိုပါ ဆိုးနေပါပီ.. ဘယ်တတ်နိုင်မလဲ သူကိုကချစ်မိတာကို...

ငယ်ငယ်လေးကတည်းက အတူရှိလာကြတဲ့အပြင်
အတူသွားအတူလာ၊ မင်းနဲ့အတူတူရှိနေရတာ ပျော်ဖို့ကောင်းတယ်ဆိုပြီး ပြောခဲ့တဲ့စကားတေရော မှတ်မိသေးလားမေးချင်မိပါသေးတယ် ဒါမှမဟုတ် အ့တုန်းက ဒီတိုင်း ကလေးဘဝမို့ ပြီးစလွယ်ပြောခဲ့တာလား
သူကဆိုးချင်တိုင်းဆိုးလို့ရမဲ့မိဘတေမရှိ ဆွေမျိုးဆိုလို့ အဘွားတစ်ယောက်ကိုဘဲသိတဲ့သူ့အဖို့ minjoon ဆိုတဲ့ ကောင်လေးကိုပါ သူတွယ်တာမိခဲ့တာအမှန်ပါ

မူကြိုကျောင်းမှာကတည်းက စသိခဲ့ပြီး ကျောင်းကိုလာတိုင်း သူ့အတွက် မုန့်တေပါပါလာတဲ့သူငယ်ချင်း
ရန်ဖြစ်တိုင်း သူပါကူချပေးခဲ့တဲ့ minjoon ရယ်ပါ ဒါတေက အဖြူရောင်သံယောဇဉ်သက်သက်ကြောင့်ဘဲလုပ်ခဲ့တာဖြစ်ပင်မယ့် သူ့အတွက်တော့မဟုတ်ဘဲ သဘောကျမိခဲ့တယ်...

" Kookoo ရေ.. ငါမင်းအတွက် မုန့်ယူလာတယ် ဖေဖေထည့်ပေးလိုက်တာ အတူတူစားရအောင်လို့ဆိုပြီး"

" ဟီး minjoon ahh.. "

" ငါကြီးလာရင်လေ မင်းကိုကာကွယ်ပေးမယ်သိလား
ဟိုတစ်နေ့ကမင်းကိုတွန်းလိုက်တဲ့ကောင်ကိုလဲ ထိုးပေးမယ်သိလား "

" မင်းကတော့ မလုပ်ပါနဲ့ ဆရာမဆူလိမ့်မယ် .."

ထမင်းစားဝိုင်းမာ ထမင်းအတူတူစားနေတဲ့ ၅နှစ်အရွယ်ကလေးလေးနှစ်ယောက် တစ်ယောက်ဟင်းတစ်ယောက်ခွဲပေးကာ ပါးဖောင်းဖောင်းလေးတေထဲ မကိုင်တတ်ကိုင်တတ်နဲ့ကိုင်ထားတဲ့ဇွန်းလေးတေနဲ့ စားကာ တစ်ယောက်ကလဲ စကားတပြောပြောနဲ့ လက်အမူအယာလေးတေပါ ပါလိုက်သေးတယ် နောက်တစ်ယောက်ကလဲ တစ်ခစ်ခစ်နဲ့ သဘောကျနေလေရဲ့.....

" Jungkook! မင်းမျက်နှာက ဘာဖြစ်လာတာလဲ !?"

" အယ် min minjoon ahh..အ့တာ ဟိုလေ "

" အ့တာ ဟိုကောင်မို့လား ငါတို့ထက် ၂နှစ်ကြီးတယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်နေတာ စီနီယာဖြစ်ပြီး မင်းကရောဘာမှမလုပ်ခဲ့ဘူးလား !"

" ဟို သူ့အမှားမဟုတ်ပါဘူး ငါ.ငါကသာ သူ့ကိုအရင်ထိုးလိုက်မိတာ "

" ဟမ်? Kookoo မင်းက ? မင်းကအရင်ထိုးတာ"

ဟားဟားဟားး

" ဘာ.ဘာလို့ရီနေတာလဲ သေနာကောင်ရ!"

" အမလေး jungkook ရယ် ဟုတ်မှလဲပြောပါ အမလေး ရီရတာ ‌ဗိုက်တောင်နာတယ် "

ဗိုက်ကိုကိုင်ကာ ခွက်ထိုးခွက်လှန်ရယ်နေတဲ့ minjoon ကိုကြည့်မရတော့ပါ မျက်မှောင်ကြုံ့ပြီးကြည့်လိုက်မှ ရီလွန်းလို့ထွက်လာတဲ့မျက်ရည်စကိုသုတ်ကာ..

" ကဲ.ကဲပါ ဘယ်လိုဖြစ်လို့ထိုးလိုက်တာလဲ ?"

" သူကမင်းကို........"

ဟားဟားဟား...

" Minjoon!! မရီနဲ့လို့ ခွေးမသားရဲ့!!"

အထက်တန်းကျောင်းသားအရွယ် ကောင်လေးနှစ်ယောက် အတန်းထဲမှာ တစ်ယောက်ကလဲ ဗိုက်ကိုဖိကိုင်ကာ တဟားဟားအော်ရယ်နေပီး နောက်တစ်ယောက်ကလဲ သူ့ကိုရယ်လို့ဆိုပြီး ဒေါသထွက်နေတယ့်ကြောင်လေးလို မာန်ဖီနေလေရဲ့.....

( ဘာလိုလိုနဲ့ uni ကျောင်းသားတေတောင်ဖြစ်နေကြပြီ အသက်တေကြီးလာတာနဲ့အမျှ အားလုံးကလဲတဖြည်းဖြည်းပြောင်းလဲလာတာပါဘဲ အထူးသဖြင့် minjoon သူက တအားပွေသောဘဲဒါမဲ့လဲ သူ့သူငယ်ချင်းလေးကျနော့်ကိုတော့ အသိပေးရှာပါတယ် အ့တာကလဲ နောက်ဆုံးနှစ်မတိုင်ခင်အထိပါဘဲလေ )

" Minjoon ahh.မင်း jungkook ကထူးဆန်းတယ်လို့မထင်ဘူးလား "

" ဟမ်ဘာလို့လဲ hyung ရဲ့ သူကကြင်နာတတ်တယ့်ကလေးပါ "

" သူကမင်းအပေါ်ကိုလေ ငါ့အထင်မင်းအပေါ်စိတ်ရှိနေတယ်ထင်.."

" ဟာ တော်စမ်းပါ စီနီယာရယ် မဖြစ်နိုင်တာ‌တွေ "

" မင်းမယုံလဲဘယ်တတ်နိုင်မလဲ "

Minjoon တစ်ယောက် Basketball ကစားနေရင်း စီနီယာတစ်ယောက်ရဲ့အပြောကြောင့် သူ့ကိုကောင်မလေးအတူထိုင်ကြည့်နေတဲ့jungkook ကိုလှန်းကြည့်မိတော့ ရေဗူးလေးနဲ့ လက်ထောင်ပြလေရဲ့
ဟင့်အင်း မဖြစ်နိုင်တာ jungkook က ယောင်္ကျားလေးကိုကြိုက်စရာလား ဒါသက်သက်မဲ့ နာမည်ဖျက်ချင်နေတာ..

" minjoon ဒီမှာကြည့် ငါမင်းကိုသက်သေနဲ့တကွပြချင်လို့ ရိုက်ထားတဲ့ဟာတွေ "

သူ့ကိုပြောစရာရှိတယ်ဆိုပြီး ကျောင်းဆောင်အနောက်တစ်နေရာကိုခေါ်လာတဲ့ စီနီယာ..ဒါ့အပြင် ဖုန်းထုတ်ပြီး gallery ထဲက သူရိုက်ထားတာပါဆိုတဲ့ပုံတေကိုပြလေရဲ့ ..
ဒါတေက အကုန်လုံး jungkook ပုံတေကြည့်ဘဲ ပုံတေအကုန်လုံးကလဲ သူ့ကိုခိုးကြည့်နေတဲ့ပုံတေဘဲ
Jungkook ကတကယ်ဘဲသူ့အပေါ်..မရိုးသားနေခဲ့တာလား စိတ်ထဲဘယ်လိုခံစားနေရမှန်းမသိတဲ့ minjoon တစ်ယောက်...

" ဒါတေက! ဟားး ဒါမဲ့ စီနီယာကရော ခွင့်ပြုချက်မရှိဘဲ အ့လိုပုံချောင်းရိုက်တာ ဘယ်လောက်အမှုကြီးလဲသိလား? "

" နေပါအုံး မင်းကရော gay ဘဲလား ! ဟားဟား ရွံစရာလေးတေဘဲ "

" ဘာ! "
မကြာပါဘူး မနက်ပေါ်ရောက်လာတဲ့လက်သီးချက်တွေ ...

" Minjoon ahh အရမ်းနာနေလားဟင် မင်းဘာလို့ သူ့ကိုထိုးလိုက်တာလဲ "

သူ့အနားလာပြီး မျက်ရည်စမ်းတမ်းစမ်းတမ်းနဲ့ လာလုပ်နေတဲ့သူကြောင့် ဒေါသတေပိုထွက်ရပါတယ် ဘယ့်နှယ့် ငါ့ကကောင်းပေးသလောက်သူကအရောင်ဆိုးနေလေရဲ့ ..

" ဖယ်စမ်းပါ! နောက်ကလဲလိုက်မလာနဲ့ မမြင်ချင်ဘူး"

သူ့ရှေ့ကထွက်သွားတဲ့သူရဲ့ကျောပြင် မယုံကြည်နိုင်တဲ့မျက်လုံးတေနဲ့ကြည့်နေမိတဲ့ jungkook ဘယ်ကမှန်းမသိကြလာတဲ့မျက်ရည်တေနဲ့ ...

( အ့ကတည်းကပါ minjoon နဲ့သူ အနေဝေးသွားတာ သူ့အမှားတေပါ သူသာအရောင်မဆိုးခဲ့ရင် .. သူငယ်ချင်းသံယောဇဉ်ကိုပဲမက်မောခဲ့ရင် အခုလိုဖြစ်လာစရာအကြောင်းကိုမရှ်ိတာ )

အတိတ်ကိုကျော်ပြီး လက်ရှိအခြေအနေကိုပြန်ရောက်လာတော့ ဆန်ပြုတ်ပန်းကန်လေးလဲ ဘေးနားကမီးအိမ်လေးဘေးနားမှာ ပုံမပျက်ရှိနေလေရဲ့
ကုတင်ပေါ်က လူသားလေးကလဲ ဆေးချိတ်ထားတဲ့ဒဏ်ကြောင့် လက်ဖျံပေါ်မှာ ရဲရဲလေးနဲ့ဖောင်းနေလေရဲ့ ဘေးတစ်စောင်းကွေးကွေးလေးအိပ်ကာ ပါးပေါ်ကမျက်ရည်စီးကြောင်းလေးတေကလဲ ခြောက်ပြီးအရာထင်နေလေရဲ့...

Jimin လဲ meeting ပီးတော့ လက်ကျန်အလုပ်တေအကုန်လုပ်ပြီးမှ ဆင်းလာတော့ တိတ်ဆိတ်နေလေရဲ့ အိမ်အကူမလေးကိုသွားပြီး ရေဇလုံနဲ့ တစ်ပတ်ယူလာပေးဖို့ပြောကာ ဖျားနေတဲ့ကောင်လေးရဲ့အခန်းကိုပြန်သွားရပြန်တယ် ..

သားဖြစ်သူလဲ ဘယ်ရောက်သွားမှန်းမသိ တကယ် ဒီသားလေးတစ်ယောက်ရှိပါတယ် jungkook ကိုသာ သားအဖြစ်မွေးစားလိုက်ရင်ကောင်းမလဲ ဟိုအကောင်ကိုအမွေဖြတ်ပြီး..

အခန်းထဲအသာဝင်ကာ အဖျားတိုင်းတော့ မကျတာကြောင့် ဘာလို့လဲတွေးနေတုန်း အရာမရွင်းဆန်ပြုတ်ပန်းကန်နဲ့ဆေးတေ အမလေး ဘာမှာလဲမစားထား မသောက်ထားပါလားး သူကပါ စိတ်သိပ်မရှည်တတ်ပါ နေပါအုံးသားဖြစ်သူကိုသေချာခိုင်းလိုက်တာမဟုတ်ဘူးလား အ့အကောင်ဒီတိုင်းထားသွားခဲ့တာတော့မဟုတ်ပါဘူးနော် ..

" Jungkook... ကလေး..ဟိတ်ကလေး.. "

အင်း...

" ထ. ထ တစ်ခုခုစားပြီးဆေးသောက်ရအောင် "

" ဟင့်..ဘွားဘွား..သားနာတယ် အင့် တစ်ကိုယ်လုံးရိုက်ခံထားရသလိုဘဲ "

" ဟင်..ဘွားဘွားမဟုတ်ဘူးလေ ကိုယ်ပါ "
အဖျားကြီးပြီး ယောင်နေတဲ့ ကောင်လေးကြောင့် jimin ထပ်ပြီးအားနာရပါတယ် သူ့ကြောင့်သာ အန်တီကိုလဲ အားနာနာနဲ့တောင်းပန်ရပီး သူ့အမှားမို့သူဘဲသေချာပြုစုပေးပါ့မယ်ဆိုပြီး ခေါ်ထားတာ အခုတော့ သူပါဘာလုပ်ရမှန်းမသိတော့.. ပြန်ပို့ရအောင်လဲ သူကတာဝန်ယူပြိးရင် ပီးတဲ့အထိ တာဝန်ယူရတာကြိုက်တဲ့သူဖြစ်တာကြောင့် မတတ်နိုင်ဘူးလေ ကိုယ့်မှာလဲ သားတစ်ယောက်ကိုပြုစုခဲ့ဖူးတာဘဲဟာ

မတတ်နိုင်ဘူး သူ့ရှေ့က ကောင်လေးကို ကလေးတစ်ယောက်သဘောထားပြီး ချော့မြူရမှာဘဲ ...

"Jimin ရေ မင်းလုပ်နိုင်ပါတယ်"

အကျီလက်ကို ခေါက်တင်ကာ ပျော့ဖတ်နေတဲ့ကောင်လေးကိုရင်ခွင်ထဲဆွဲပွေ့ပြီး နဖူးပေါ်ကဆံပင်တွေသပ်တင်ပေးကာ ရေဝတ်‌ကပ်ပေးနေရတယ်..
အဝတ်အစားရော လဲပေးရမှာဖြစ်တာကြောင့် သူ့မှာ ကလေးတစ်ယောက်ကိုပြန်ပြီးပြုစုနေပါပီ

အဝတ်အစား လဲပေးပီးတော့ပွေ့ချီကာ လမ်းလျှောက်ရင်းပြန်သိပ်နေတယ် ဘုရားဘုရား ဒီနေ့တစ်နေကုန် jimin တစ်ယောက် ဘာတေလုပ်နေမိမှန်းသူ့ကိုယ်သူမသိတော့ပါ။

အသက်ရှူသံပုံမှန်ဖြစ်ကာ အိပ်ပျော်သွားမှ မွေ့ယာပေါ်ပြန်ချပေးကာ အခန်းပြင်ထွက်လာခဲ့တယ်သူ
Minjoon နဲ့ရှင်းရအုံးမယ် တိုနေတဲ့စိတ်နဲ့သာ သားဖြစ်သူအခန်းကိုတက်ခဲ့လာပြီး တံခါးကိုဖွင့်လိုက်တော့ ဂိမ်းအေးဆေးဆော့နေတဲ့ သူအနားသွားပီး နာရင်းတစ်ချက်အုပ်လိုက်တော့

" အ့ နာတယ် အဖေရဲ့! လန့်သွားတာဘဲ "

" မင်းကိုငါခိုင်းထားတာလေ ဘာလို့မလုပ်တာလဲ "

" ဘာကိုလဲအဖေရယ် ကျနော် ဆန်ပြုတ်ပန်းကန်သေချာလက်ထဲထည့်ပေးခဲ့တာပါ"

" ကျစ် မင်းငါလုပ်မိတော့မယ်နော် minjoon! အ့တာမင်းသူငယ်ချင်းမဟုတ်ဘူးလား "

" ဘာသူငယ်ချင်းလဲ? သူ့လိုသူငယ်ချင်းကျနော့်ဆီမာမရှိဘူး "

" ဘာဖြစ်တယ် jungkook လေးကဘာဖြစ်နေလို့လဲ
မင်းထပ်တော့အများကြီးသာတယ် "

" အဖေဘာသိလို့လဲ အဖေလဲသူ့ကိုအခုလိုတေ လုပ်ပေးနေလိုက် အိမ်အကူမလေးတေတအံ့တဩဖြစ်နေတာရော မသိဘူးမို့လား "

" ဘာဖြစ်လဲ သူလဲမင်းအရွယ်ဘဲလေ ငါ့သားအရွယ်မို့ဂရုစိုက်တာ! မင်းကရော ငါ့သားဖြစ်ပြီး ဘယ်နားများအားကိုးရလဲ ပြီးတော့ မနေ့ညကိစ္စ မင်းနဲ့သေချာရှင်းရသေးတာမဟုတ်ဘူးနော် minjoon "

" ကျနော်ပြန်ယူပေးရင်ရပီမဟုတ်ဘူးလား "

" မင်းက ဘယ်ကပိုက်ဆံနဲ့ အ့ကားကိုပြန်ယူမှာ "

..မနေ့ကjimin တစ်ယောက်အလုပ်ကပြန်လာပြီးရေမိုးချိုးကာ ဧည့်ခန်းထဲမှာ သတင်းစာထိုင်ဖတ်နေတုန်း သူငယ်ချင်းဖြစ်သူကဖုန်းခေါ်တာကြောင့်..

" အေး bong ပြော ဘာကိစ္စလဲ"

" အေးjimin မင်းသားလေ မင်းတို့လင်မယားရဲ့ မဂ်လာလက်ဖွဲ့ကားလေးလေ .အ့တာ လာရောင်း..'

" ဘာ!! ကား ငါ့တို့ကားကိုရောင်းတယ် !"

" အေးအေး အ့တာလေ ငါလဲကားကိုမြင်ဖူးနေလို့ကြည့်နေတာ ပီးမှ လာရောင်းသွားတဲ့သူက မင်းသားဖြစ်နေတာ "

" တောက်စ်!! "

Jimin တစ်ယောက် ရှူး"ရဲ"ဖြစ်ကာ တောက်စ် တခေါက်ခေါက်နဲ့သာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးသားဖြစ်သူအလာကိုသာ ထိုင်စောင့်နေတယ်။
ခနနေတော့ကားသံကြားက တကောင့်သားက လေလေးချွန်ပြီး ကားသေ့ာလေးလက်မှာလှည့်ကာ ဝင်လာလေရဲ့...

" Park minjoon!!! မင်းငါ့ကားကိုဘာလုပ်လိုက်တာလဲ "

" အာ အ.အဖေ ဘယ်လိုလုပ်သိ"

" မင်းကိုမေးနေတာ ငါ့ကားကိုဘာလို့ရောင်းတာလဲ !"

ပြောပြောနဲ့ အကျီစကိုဆွဲကာ မီးတောက်နေတဲ့မျက်လုံးတေနဲ့ကြည့်ကာမေးနေတဲ့ အဖေဖြစ်သူကြောင့် အကျီစကိုဆွဲထားကိုလက်ကိုဖယ်ချကာ

" အဖေကလဲ ကျနော်ပြန်ဝယ်ပေးမှာပါ ဘယ်သူမှမရောင်းနဲ့လို့လဲမှာခဲ့တယ် "

" ဘာပြောတယ် မင်း! အ့တာ မင်းအမေအကြိုက်ဆူံးကားဆိုတာရောသိရဲ့လား အ့ကားသက်တမ်းက မင်းထက်တောင်ကြီးတယ်ဆိုတာရော ! မင်းမှာအုံးနှောက်ကောရှိသေးလား ဟမ်!?'

" သိတယ်လေ အ့ကြောင့် ဈေးကောင်းရလို့ရောင်းလိုက်တာ ပိုက်ဆံခနလိုလို့ပါ အဖေရယ် နောက်ကျ ကျနော့်ကားတေထဲကတစ်စီးနှစ်စီးလောက်ရောင်းပြီး ပြန်ယူပေးပါ့မယ် "

" နေပါအုံး ဘာကိစ္စ ငွေလိုတာ "

" ဟို အ့တာက ကျနော့်ကောင်မလေးကငွေအရေးကြီးလိုနေလို့ ကျနော့်လက်ထဲလဲ အ့လောက်မရှိတော့ ကားရောင်းပြီးပေးလိုက်တာပါ "

" ဘာ.ဘာ..ကောင်မလေး? ဘယ်သူလဲ ?"

" အ့တာက အဖေတို့ ကုမ္ပဏီကဘဲ ဟိုအရောင်းဌာနက Eun ae လေ "

" Eun ae!!! Park minjoon.. မင်းဘာပြောလိုက်တာ .."

" ဘာဖြစ်လို့လဲအဖေရဲ့ သူ့ကိုသိလို့လား ကျနော်က ဌာနတေကများတော့ အဖေအကုန်မသိဘူးထင်နေတာ"

" minjoon ခနလေး ငါပြောတာနားထောင်အုံး အ့မိန်းကလေးကို အခုဖြတ် ငါအ့တာဘဲလိုချင်တယ် ပီးရင်ငါ့ကားပြန်ယူလာပေး !"

" ဘာဆိုင်လဲ ကျနော်က ဘာလို့သူ့ကိုဖြတ်ရမှာ မဖြတ်နိုင်ပါဘူး "

" မင်းကိုငါပြောနေတာနော် မင်းအ့မိန်းကလေးအကြောင်းဘာမှမသိဘဲ ရှေ့ဆက်တိုးဖို့မပြင်နဲ့ တစ်ခါထဲပြောမယ် အ့တစ်ယောက်နဲ့အဆက်အသွယ်မဖြတ်ရင် မင်းကိုအမွေဖြတ်ဘဲ !"

" ဘာလဲ အဖေက ကျနော့်ကောင်မလေးကို သဘောကျ..."

ခွပ်!!

" ခွေး*သား မင်းဘာစကားပြောတာလဲ !! Minjoon မင်းဒေါသကိုသိတယ်နော် "

" ဟားဟား အဖေကလဲ အရမ်းသိသာမနေဘူးလား"

ခွပ်!!!

Jimin တစ်ယောက် ဒေါသတေထိန်းမရတာကြောင့်
နောက်တစ်ကြိမ်ထပ်တိုးလိုက်မိပါတယ် ဘေးနားကပန်းအိုးတေလဲ ရိုက်ချကာ ကြမ်းပြင်ဘဲ အကုန်ပြန့်ကျဲ ဒါ့အပြင် jungkook ကိုပါတွေးမိကာ သူပါဒီကိစ္စ‌သိနေလားဆိုတဲ့အတွေးနဲ့ ဖုန်းဆက်ကာ သားဖြစ်သူကတော့ အေးဆေးထိုင်နေလေရဲ့..

" Minjoon ငါပြောပြီးပြီနော် မင်းသူ့ကို မနက်ဖြန်ရအောင်ဖြတ် !"

" မင်းငါပြောသလိုမလုပ်ရင် အိမ်ပေါ်ကဆင်း!! "

" အဖေ! အိမ်ပေါ်ကဆင်းဟုတ်လား!!?"

စကားတေများပြီးရင်းများကာ တစ်ယောက်တစ်ခွန်း ဘယ်သူမှ အနိုင်မပေးကြ park အိမ်တော်ရဲ့သားကလဲ သူ့အဖေအတိုင်းပါ ..အိမ်အကူလေးတေရော ဘယ်သူမှ ဝင်မတားရဲ့ကြ ...

...

ကားလမ်းမပေါ်မှာ အဖြူရောင်ကားလေးတစ်စီးပြေးနေပြီး နှစ်ထပ်တိုက်ကလေးအပြင်ခြံလေးထဲက အလှရေကန်လေးနဲ့ပန်းပင်လေးတေရှိတဲ့ အိမ်ရှေ့ရောက်တော့ရပ်သွားကာ ကားထဲက လူကြီးလူကောင်းလို့ထင်ရတဲ့ လူတစ်ယောက်ထွက်လာပြီး တစ်ဖက်ကိုကားတံခါးကိုလာဖွင့်ပေးကာ အထဲကလူကိုပွေ့ချီပီး
အဘွားဖြစ်သူက wheelchair လေးနဲ့ရောက်လာတော့ပွေ့ချီပြီး တင်ပေးလိုက်ကာ သူဘဲအနောက်ကနေတွန်းပြီး ခြံထဲဝင်လာခဲ့တယ် ။

" ဦး~~ ကျနော့်ကို ဒီနားဘဲထားခဲ့ပေးပါလား "

" အော်အွန်း..ရတယ်လေ "

ကောင်လေးပြောတဲ့အတိုင်း ရေကန်ဘေးမှာထားခဲ့လိုက်ပြီး သူဘဲအဘွားနောက်လိုက်ကာ ..အိမ်ထဲဝင်ခဲ့လိုက်တယ်..

" Jimin မင်းကိုအန်တီ အားနာရပါတယ်ကွယ်.. သားလေးက အနာတရဖြစ်လွယ်တော့လေ "

" မဟုတ်တာ ကျနော်ကမှားတာပါ အခုပြန်ပို့တာကလဲ ကလေးက အိမ်ဘဲပြန်ချင်တယ်ပြောနေလို့ ကျနော်အန်တီကိုတကယ်ကိုအားနာရပါတယ် "

" ဟိုမှာက သူကပ်ချွဲလို့ရတဲ့သူမရှိလို့နေမယ် သူကနေမကောင်းရင်ကလေးလေးလိုဘဲ jimin ရဲ့ ငယ်ငယ်ထဲက မိဘမေတ္တာလဲ မရရှာတဲ့ကလေးဆိုတော့ ကိုယ်ကဘဲ စောင့်ရှောက်ပေးလာရတာ "

" ကျနော်နားလည်ပါတယ် စိတ်မပူပါနဲ့ ကျနော် အနားအရှင်းပျောက်တဲ့အထိ အကုန်လုပ်ပေးမှာပါ ပီးတော့ လစာရခွင့်မဲ့လဲပေးထားပါတယ် "

" အေးကွယ် မင်းကိုဘဲအားကိုးရမှာဘဲ jungkook လေးကိုသေချာအပ်ပါတယ် "

" ဟုတ်ကဲ့ပါ ဒါဆိုကျနော်လဲ အလုပ်လေးရှိနေတော့ ပြန်လိုက်ပါအုံးမယ် "

" အေးအေး ..ဂရုစိုက်မောင်းအုံးနော်"

သတိပေးစကားကို ခေါင်းသားညိမ့်ပြကာ wheelchair ပေါ်ကကောင်လေးနားလာပြီးး ထပ်နှုတ်ဆက်ကာ
ကားအဖြူလေးကပြန်မောင်းထွက်သွားလေရဲ့...

အ့တော့မှာ wheelchair ပေါ်ကကောင်လေးက သူ့ဘာသာ ဘီးကိုတွန်းပြီး အိမ်ထဲဝင်သွားလေရဲ့ ..

တစ်ယောက်ကိုတစ်‌ေယာက်ကျောခိုင်းပြီးသာ ထွက်လာခဲ့ပင်မယ့် အနီရောင်ကြိုးတန်းလေးက မမြင်ရတဲ့နေရာက ညိ့နေပီဆိုတာတော့ ဘယ်သူမှမသိကြပါ...
ကံကြမ္မာဆိုတာ တကယ်ကိုထူးဆန်းတဲ့အရာတစ်ခုပါ
အခုတွေ့ဆုံပြီးခန‌‌ေနပြန်ခွဲခွာရတာ၊ ခိုင်မြဲပြီလို့ထင်ရတဲ့ကြိုးလေးတေက အလွယ်တကူပြတ်တောက်သွားတာတေ ရှုပ်နေတဲ့ကံကြမ္မာကြိုးမျှင်လေးတေကြားထဲမှာဘဲ မညိ့သင့်တဲ့ ကြိုးမျှင်လေးနှစ်ခုကတော့ညိ့နေခဲ့လေပြီ...

ခိုင်မြဲမလား..ပြတ်လွယ်မလားဆိုတာကတော့ ထိုလူသားတေပေါ်မှာဘဲမူတည်နေလေရဲ့......

.....

တစ်ပတ်လောက်ကြာတော့ သူ့အနာလဲအရှင်းမပျောက်သေးပင်မယ့်သွားနိုင်လာနိုင်အထိကောင်းလာတာကြောင့်အလုပ်ပြန်ဝင်မယ်ဆိုတာ ဦးကိုပြောလိုက်ပင်မယ့် ဦးကတော့ အရှင်းပျောက်တဲ့အထိနားစေချင်တယ်ထင်ပါရဲ့ နောက်ထပ်တစ်ပတ်လောက်နားလိုက်ပါအုံးဆိုပြီး ဆိုလေရဲ့...
တကယ်ဆိုသူအတွက်နားလေပျော်လေဆိုပင်မယ့် အခုကအိမ်မှာလဲတစ်ယောက်မနေချင်ပါ စိတ်တွေလဲမပါဘဲ အတွေးတွေနဲ့ဘဲ တစ်နေကုန်နေတာကြောင့်သာ.. ဘာလို့ဆို ဟိုတစ်နေ့က ဦးရဲ့အပြောကြောင့်
Jungkook တစ်ယောက်စိတ်နဲ့လူနဲ့မကပ်တာ အနာလဲနာမှန်းမသိ...

" Jungkook.. ဦးပြောစရာရှိတယ် "

" ဟုတ်ကဲ့..ဦးပြောလေ."

ခြံထဲကခုံတန်းလေးမှာထိုင်ကာ သူ့ကိုကြည့်ပြီးအလေးအနက်ပြောလာတဲ့ဦး သူကတော့ ဦးဘေးက wheelchair ပေါ်လေးမှာဘဲ နေ့ခင်းက အဘွားနဲ့အပြင်လေကောင်းလေသန့်ရှူရင်း ခူးလာတဲ့ ဒုဓလီပန်းလေးကို လေထဲမှုတ်ထုတ်ကာ တစ်ဖက်လူပြောလာမဲ့စကားကိုနားထောင်လေလိုက်ပါတယ်။

" မင်း Eun ae ကိုသိတယ်မို့လား "

" ဟုတ်သိတယ်လေ အရောင်းဌာနက မန်နေဂျာအမမို့လား "

" ဟုတ်တယ်...ဟူးးး"

ဆံပင်အနက်‌တေကို စိတ်ပျက်ပျက်နဲ့သပ်တင်လိုက်တဲ့ပုံစံကြောင့် jungkook တစ်ယောက်ငေးခနဲ....
Jimin ကသိပ်ကိုခန့်ညားပါတယ်.. အသက်အရွယ်နဲ့မလိုက်အောင် မိမိုက်နေတဲ့ ခန္ဓာကိုယ်အချိုးအစားအပြင် အမြဲတမ်း suits တွေဘဲဝတ်တဲ့လူတစ်ယောက်ပါ အထဲက အကျီဘာအရောင်ဘဲဖြစ်ဖြစ် ကြယ်သီး
သုံးလုံးလောက်ထိဖြုတ်ထားတတ်တော့ ရင်ဘတ်အနည်းငယ်ကိုမြင်ရပါတယ် တစ်ချက်တစ်ချက် လေရဲ့တိုက်ခတ်မှုနဲ့ကြုံရင်ကြုံသလို မြင်ရခဲ့တဲ့ ဗိုက်သားတေပေါ်က အဖုအထစ်တွေ လုံးဝကို perfect ဖြစ်လွန်းပါတယ်...
ဟော အခုလဲ အကျီလက်ကိုတထောင်ထိခေါက်တင်ကာ မတ်တပ်ထရပ်ပြီး ...တစ်ခုခုကိုအလိုမကျနေတဲ့အပြုအမူကြောင့်သူကဘဲ..

" ဦး..ပြောစရာရှိတယ်ဆို .."

" အွန်း jungkook..ကိုယ် ဘယ်လိုပြောရမှန်းတောင်မသိပါဘူး "

Jungkook လဲ ဘာမှမပြောတော့ဘဲ jimin လုပ်သမျှတေကိုလိုက်ကြည့်ပြီး..

" မင်းသူငယ်ချင်းနဲ့ Eun ae နဲ့က ချစ်သူတေဖြစ်နေတယ် "

" အော် ...ဗျာ! ဘယ်.ဘယ်လို အမ Eun နဲ့ ဟုတ်.ဟုတ်ကောဟုတ်ရဲ့လားဗျ"

" Jungkook သေချာနားထောင် minjoon နဲ့ သူနဲ့ကလုံးဝကိုဖြစ်လို့မရဘူး အ့ကြောင့် မင်းတားပေးလို့ရမလား"

" Jungkook.. ကိုယ်မင်းကိုအကူအညီတောင်းပါတယ်"

ဘယ်ကဘယ်လိုတေလဲ? သူဘာမှနားမလည်တော့ ဟိုတလောကမှ သူကိုယ်တိုင် လက်ဆောင်လိုက်ရွေးပေးလိုက်တဲ့အမရဲ့ချစ်သူက minjoon ဖြစ်နေခဲ့တာလား မွေးနေ့နားနီးလို့ဘဲ သူကိုယ်တိုင်လဲ Dior က ဆွဲကြိုးလေးတစ်ကွင်းဝယ်ခဲ့သေးတယ်လေ မင်းသတိမထားမိခဲ့ဘူးလား... သူ့ပုံစံကိုတောင်ပြောပြခဲ့သေးတာဘဲလေ...
Jungkook တစ်ယောက် နည်းနည်းလေးမှ minjoon လို့မထင်ခဲ့တာ အခုတော့ ဘယ်ကဘယ်လို အ့အမနဲ့တွေ့ပြီး.. ဟင့်အင်း မဟုတ်ဘူး.. ဒါလူမှားတာဖြစ်နိုင်တယ်မဟုတ်ဘူးလား.. သေစမ်းပါ jeon jungkook ရယ် ကိုယ်ချစ်ရတဲ့သူကိုလက်ဆောင်ပေးဖို့တောင် မသိဘဲသေချာကိုလိုက်ရွေးပေးလိုက်ရတယ်လို့ ဟားဟား
သေလိုက်!! အ့မှာသာလဲသေလိုက်!!

နှုတ်ခမ်းကိုသာဖိကိုက်ကာ ကျလာတော့မဲ့မျက်ရည်စတေကို သူ့ရှေ့ကလူမြင်သွားမှာလဲစိုးတာကြောင့်
မြက်ခင်းစိမ်းစိမ်းတေကိုစိုက်ကြည့်နေမိတယ်..
ဟုတ်တယ် ဦးပြောသလို မဖြစ်ရဘူး ဖြစ်လို့လဲမရဘူးလေ မဟုတ်ရင်..ငါကရော..kookoo ရဲ့အချစ်တေကြ ဘာလို့မမြင်ရတာလဲ minjoon ရယ်...
ဘာလဲ ငါကယောကျာ်းလေးတစ်ယောက်ဖြစ်နေလို့လား... အ့လို‌ဆိုတောင် မင်းအတွက်ဆို ဆာဂျူ...

Wtf !! ငါအခု ဘာတေတွေးလိုက်တာ jungkook မင်းရူးနေပီ...

.....

" တွေးနေလို့ဘာမှမထူးဘူး မင်းလုပ်နိုင်တယ် jungkook "

မှန်ရှေ့ရပ်ပြီး ကိုယ်ကိုယ့်ကိုသာ ပြန်အားပေးကာ အလုပ်သွားဖို့ဆင်ပြင်ပြီးတာနဲ့ အောက်ထက်ကိုဆင်းလာတော့ချစ်ရတဲ့အဖွားက မနက်စာစားဖို့စောင့်နေတာကြောင့် နှုတ်ဆက်ပြီး ဝင်ထိုင်ကာ ရုံးမသွားခင်အထိ စကားတပြောပြောနဲ့မြေးအဖွားနှစ်ယောက်ကိုကြည့်ရတာ အေးချမ်းစရာလေးပါ...
အဖွားဖြစ်သူကလဲ ကလေးလေးတေလို ပလုတ်ပလောင်းစားနေတဲ့ မြေးရဲ့ခေါင်းကို တဂွပ်"နဲ့ခေါက်နေပြီး ‌အခေါက်ရတဲ့ကလေးကလဲ "အဖွားနာတယ်လို့ " ဆိုပြီးခေါင်းလေးကိုပွတ်ပြီး ထွက်သွားလေရဲ့....
.
.
.

Jimin တစ်ယောက် ရုံးခန်းထဲမှာသာထိုင်နေသော်လဲ စိတ်ကကိုယ်နဲ့ကပ်မနေပါ..သူဒါကိုဘယ်လိုရှင်းရမလဲ
လူတိုင်းသိထားတာ သူကလူကြီးလူကောင်းတစ်ယောက်ပါ ဒေါသကြီးပြီး ဇီဇာကြောင်တာကလွှဲလို့
သူ့ရဲ့ ဖုံးကွယ်ထားတဲ့ dark side ကိုလဲ ဘယ်သူမှသိကြတာမဟုတ်ဘူး‌လား..

မရရတဲ့နည်း တားရလိမ့်မယ်...ပြောပြောဆိုဆိုနဲ့ ရုတ်တရပ် ထရပ်ကာ သူဘဲသိတဲ့ လျှို့ဝှက်အခန်းလေးထဲ မှန်ချပ်တွေကနေတစ်ဆင့်ဝင်သွားလေရဲ့.....

(A/N : update ပါနော်! နောက် up ကြရင်တော့ လကုန်/
နောက်လမှ ဖြစ်နိုင်ပါတယ်နော် သာသာ အလုပ်လေးတေရှိနေလို့ပါ..ဖတ်ပီးဒါဒါလေးတို့က ဝေဖန်ပေးကြပါအုံး🖤 zawgiနဲ့ဖတ်မှရမယ့်ကလေးတေပါရင်ပြောနော် သာသာ zawgi နဲ့ပါပြန်ထည့်ပေးပါ့မယ် အဆင်ပြေရင်တော့မထည့်ပေးတော့ပါဘူးနော် .
နောက်တစ်ခုက jikookကလွှဲပြီး ကျန်တဲ့ ဇာတ်ကောင်တေက စိတ်ကူးယဉ်သက်သက်ပါနော် နောက်ပြီး အရေးအသားတေက အမှားလေးတေပါရင် ခွင့်လွတ်ပေးကြပါအုံး )

Comment