105-106

အပိုင်း- ၁၀၅(မြို့တံတိုင်းမှ ပြောင်းလဲမှုအသစ်များ၊ ကျိုကျိုး၏ ယုံကြည်ချက်)

နတ်သူငယ်အင်ပါယာ၊ အယ်လန်နို့…

အင်ပါရီယာနန်းတော်တွင်..
“အဲ့ဒီလူသားအရှင်သခင်ရဲ့ ပိုင်နက်နားမှာ ဆန်းကြယ်သောကုန်သည်စု ပေါ်လာတယ်”
နက္ခတ်ပညာရှင် မော့၏ တင်ပြမှုကို နားထောင်ပြီးနောက် မူလနတ်သူငယ်ဧကရီ အယ်လီဇရီရယ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

‘ဆန်းကြယ်သော ကုန်သည်စု’
ထိုဆန်းကြယ်သော ကုန်သည်စု အဖွဲ့၏ အကြောင်းကို နိုင်ငံအဆင့် အင်အားစုများ အနေနှင့် နက်နက်ရှိုင်းရှိုင်း နားမလည်တာ ဖြစ်ပေလိမ့်မည်။ သို့ရာတွင် အင်ပါယာအဆင့် အင်အားစုတစ်ခု၏ ခေါင်းဆောင်တစ်ယောက် အနေနှင့် အခြားသက်ရှိများထက် သူမက ပိုမို သိရှိ၏။

သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေ၏။
ရှည်ကြာသော အတိတ်ကာလတစ်ခုက…

လမုဆိုးဟု ခေါ်သည့် ဒီဗိုင်းနိုင်ငံတစ်ခု ရှိခဲ့သည်။ ဆန်းကြယ်သော ကုန်သည်စုမှ ရောင်းချသည့် မပြည့်စုံသည့် နတ်ဘုရားအဆင့် လက်နက်တစ်ခုကို လိုချင်ခဲ့သည်။ သို့ရာတွင် ဝယ်ယူရန်အတွက် လုံလောက်သည့် ငွေကြေးမရှိပေ။

ထို့ကြောင့် လောဘ၏ လွှမ်းမိုးမှုအောက်တွင် နေ့ခင်းကြောင်တောင် ဓါးပြတိုက်မှုအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ နောက်ဆုံးတွင် ထိုဓါးပြတိုက်မှု ကျရှုံးခဲ့ရုံမက ဆန်းကြယ်သော ကုန်သည်စုမှာလည်း အထိအခိုက် လုံးဝပင် မရှိခဲ့ပေ။

ပြီးတော့ ထိုနေ့မှာပင် အသက်ဓါတ်ကင်းမဲ့နေသည့် ဥက္ကာဂြိုလ်ကြီး တစ်ခုက ကြယ်တာရာ ကောင်းကင်ပေါ်မှ ပျံသန်းလာပြီး လမုဆိုးဒီဗိုင်းနိုင်ငံအား တစ်ခါတည်း ဝင်တိုက်ခဲ့သည်။ လမုဆိုး၏ အစစ်အမှန်နတ်ဘုရားမှာ ဒီဗိုင်းနိုင်ငံမှာပင် သေဆုံးခဲ့ရသည်။

မကြာခင် ၎င်းဒီဗိုင်းနိုင်ငံအဖွဲ့ကြီးလည်း ပျောက်ကွယ်သွားခဲ့၏။ ထိုအချိန်မှ စတင်ပြီး ဆန်းကြယ်သောကုန်သည်စုကို မည်သည့်အဖွဲ့အစည်းကမှ တိုက်ခိုက်ရဲခြင်း မရှိတော့ပါ။ ဆန်းကြယ်သော ကုန်သည်စုမှာလည်း လူတိုင်း သိကြသည့် တားမြစ်ချက်တစ်ခု ဖြစ်လာခဲ့သည်။

သို့ရာတွင် အထွတ်အထိပ် တိုက်ကြီးရှိ သက်ရှိများမှာ ထိုကုန်သည်အုပ်စု၏ သဘောထားကို နားလည်ကြသည်။ အခြားလူများက သူတို့ကို စတင်ရန်မပြုမချင်း သူတို့ကလည်း တိုက်ခိုက်ဖို့ စိတ်ကူးရှိမည် မဟုတ်ပါ။ သူတို့မှာ ရောင်းဝယ်ဖောက်ကားမှု ပြုရန်အတွက်သာ အထူးတည်ရှိမှုတစ်ခုကဲ့သို့ ရှိနေ၏။

“သူတို့က ဘာတွေ ရောင်းကြလို့လဲ”
အယ်လီဇရီရယ်က မေးသည်။

“အကုန်လုံးက အရမ်းသာမန်ဆန်တဲ့ ပစ္စည်းတွေပါ”
မော့က ပြော၏။

“ဒါဆိုလည်း သူတို့ကို စိုးရိမ်မနေနဲ့တော့”

“အိုး.. ဒါနဲ့”

“ဒုတိယမျိုးဆက် သွေးမီးတောက်မြား နတ်သူငယ်ရဲ့ လူသားအရှင်သခင်ရော ဘယ်လိုရှိလဲ”
အယ်လီဇရီရယ်က မေးသည်။

“သူတော်တော်အောင်မြင်နေတယ်”

“သူ့မျိုးနွယ်ကြားမှာ အသန်မာဆုံးထဲက တစ်ယောက်ပဲ”

“မနက်ဖြန်က.. အထွတ်အထိပ် အသိအမြင်က သူတို့အတွက် စီစဉ်ပေးထားတဲ့ စမ်းသပ်ပွဲနေ့ပဲ”

“သူ့မှာ သေချင်တဲ့ ဆန္ဒမရှိဘူးဆိုရင်”

“စမ်းသပ်ပွဲကို ဖြတ်ကျော်ဖို့ မခက်ခဲလောက်ဘူး”
မော့က လေးစားစွာ ပြော၏။

“နတ်သူငယ်တွေကို သူကို စောင့်ကြည့်ခိုင်းထားလိုက်”

“သူ့ရဲ့အဖွဲ့ ပျက်စီးသွားရင် ဒုတိယမျိုးဆက် သွေးမီးတောက်မြားနတ်သူငယ်ကို ကာကွယ်ပြီး သူမကို ပြန်ခေါ်လာခဲ့”
အယ်လီဇရီရယ်က ခံစားချက်မဲ့စွာ ပြောသည်။

ကျိုကျိုး၏ အချက်အလက်များကို ဟင်းလင်းပြင်မျက်နှာဖုံးက ကွယ်ဝှက်လိုက်ကတည်းက ဗေဒင်တွက်ခြင်းက အလုပ်မဖြစ်တော့ပေ။

ကျိုကျိုးတို့၏ သတင်းအချက်အလက်များကို ဆက်လက်ရရှိနိုင်ရန် နေပြင်းမြို့၏ အနီးအနားသို့ သတင်းအချက်အလက်ပိုင်းတွင် အလုပ်လုပ်သည့် နတ်သူငယ်အချို့ကို တန်ကြေးအချို့ ပေးပြီး အထူး တယ်လီပို့ပေးခဲ့ရ၏။

အများကြီး သိချင်ခြင်းတော့ မရှိပေ။ အချို့ အခြေခံသတင်းအချက်အလက်များနှင့် ထိုလူသားအရှင်သခင်၏ သေခြင်းရှင်ခြင်းလောက်ကိုသာ အတည်ပြုနိုင်ပြီး ဒုတိယမျိုးဆက် သွေးမီးတောက်မြား နတ်သူငယ်၏ လုံခြုံရေးကို သိရှိပါက အဆင်ပြေသည်။ ဤနည်းအားဖြင့် ဟင်းလင်းပြင်မျက်နှာဖုံးတောင် သူမတို့ကို တားဆီးနိုင်မှာ မဟုတ်တော့ပေ။

ခဏအကြာ၌ မော့က ထွက်ခွာ၏။

“ထွက်လာခဲ့”
အယ်လီဇရီရယ်က ခံစားချက်မဲ့စွာ ပြောသည်။

သူမ၏ စကားဆုံးသည်နှင့် မီးကဲ့သို့နီကာ ရှည်လျားသည့် ဆံနွယ်များရှိသည့် နတ်သူငယ်တစ်ယောက် အနောက်ဘက်မှ ကသိကအောက်ဖြင့် လျှောက်ထွက်လာခဲ့သည််။ သူမ၏ မျက်လုံးထောင့်တွင် မီးအမှတ်အသားတစ်ခုရှိ၏။

သူမကတော့ ပထမမျိုးဆက် သွေးမီးတောက်မြားနတ်သူငယ် နဒီယာဖြစ်သည်။ အသက်ပြန်ရှင်ပြီး ဖြစ်၏။

“အရှင်မ”
သူမက လေးစားစွာနှင့် ဂရုစိုက်စွာ ပြောသည်။

“သူမပြောတာကို နင်ကြားတယ်မလား”

“နင်ဂရုစိုက်နေတဲ့ လူသားအရှင်သခင် ဘာအန္တရာယ်မှ မရှိဘူး”

“ပြီးတော့ တော်တော်လေးတောင် အဆင်ပြေနေသေးတယ်”

“အထွတ်အထိပ် အသိအမြင်ရဲ့ အရှင်သခင်သစ် စမ်းသပ်ပွဲကို အောင်မြင်ဖို့ အခွင့်အရေး မြင့်မားတယ်”

“သူ့ကြောင့် မနှောင့်နှေးစေနဲ့”

“မမေ့ပါနဲ့”

“အင်ပါယာက အချိန်မြစ်ထဲကနေ နင့်ကို ပြန်လည်အသက်သွင်းဖို့ တန်ကြေးကြီးကြီးမားမား ပေးခဲ့ရတာ”

“အခု နင့်မှာရှိတဲ့ အရာတိုင်းက အင်ပါယာက ပေးထားတာပဲ”

“နင့်အနေနဲ့ အခုအချိန်မှာ လုပ်ဖို့လိုတာက.. အင်ပါယာရဲ့ ပျိုးထောင်မှုကို ခံယူတဲ့နေရာမှာ အာရုံစိုက်ပြီး အမြန်ဆုံး ကြီးထွားလာဖို့ပဲ”

“ငါတို့နင့်ကို နတ်သူငယ်အင်ပါယာအတွက် တိုက်ခိုက်ဖို့ အမြန်ဆုံး လိုအပ်တယ်”
အယ်လီဇရီရယ်က သူမကို စိုက်ကြည့်သည်။

“ဒီနောက်လိုက်မှာ ဆန္ဒတစ်ခု ရှိပါတယ်”

“အဲ့ဒီဆန္ဒကို ပြည့်ဝနိုင်တာနဲ့ သေဆုံးသည်အထိ အင်ပါယာအတွက် တစ်ဘဝလုံး တိုက်ခိုက်လိုပါတယ်”
နဒီယာက ရုတ်တရက် ဒူးထောက်ကာ ပြောသည်။

“နင့်ရဲ့ဆန္ဒက ဘာလဲ”
အယ်လီဇရီရယ်က မေးသည်။

“ဒီနောက်လိုက်က နေပြင်းအရှင်သခင် အရှင်သခင်သစ် စမ်းသပ်ပွဲ အောင်မြင်တာကို ကိုယ်တိုင်ကိုယ်ကျ မြင်ချင်ပါတယ်”
နဒီယာက အသံတိုးတိုးဖြင့် ပြော၏။

“သူရဲကောင်းအမွေအနှစ်ကြောင့် နင်သူနဲ့ အကြိမ်အနည်းငယ် တွေ့ခဲ့တာကို ငါမှတ်မိတယ်။ ဟုတ်တယ်မလား”

“နင်က ဒီနေ့မှ အသက်ပြန်ရှင်လာခဲ့တာ”

“အသက်ပြန်ရှင်ပြီးနောက်မှာ ပထမဆုံး နင်ခေါင်းထဲကို ရောက်လာတာက နင့်ရဲ့ဆက်ခံသူမဟုတ်ပဲ”

“ဘာလို့ အဲ့ဒီလူသားအရှင်သခင် ဖြစ်နေရတာလဲ”
အယ်လီဇရီရယ်က ခံစားချက်မဲ့စွာ ပြောသည်။

နဒီယာမှာ တိတ်ဆိတ်နေ၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ပြန်လည်ပြောကြားသည်။
“ကျွန်မ အသက်ပြန်မရှင်ခင်မှာ”

“ကျွန်မရဲ့ ကံတရားအမှတ်အသားက အချိန်မြစ်ထဲမှာ လွင့်မျောနေခဲ့တယ်"

“အချိန်အပျက်အစီးကြောင့် နေပြင်းအရှင်သခင်ရဲ့ရှေ့မှာ ကျွန်မ ပေါ်လာခဲ့တယ်”

“အဲ့ဒီအချိန်က ကျွန်မမှာ မသေခင်တုန်းက မှတ်ဉာဏ်တွေပဲ ရှိနေခဲ့တယ်”

“အဲ့ဒီမှာ..”

“အင်ဒါမျိုးရဲ့ ပျက်စီးမှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရတယ်”

“နေပြင်းအရှင်သခင်က ကျွန်မရဲ့ မျက်ရည်တွေကို သုတ်ပြီး... နင်လုပ်တာ အရမ်းတော်နေပါပြီ။ စောင့်ရှောက်သူအဖွဲ့ဝင်တွေကို ကူညီပြီး ကယ်တင်ပေးပြီးပြီလို့ ပြောခဲ့တယ်”

“အချိန်အပျက်စီးထဲကို သူဝင်လာတဲ့ အချိန်တိုင်းပဲ…”

“ကျွန်မအတွက် သူအဲ့လိုလုပ်ပေးခဲ့တယ်”

“ဒါ့ကြောင့်…”

“ကျွန်မသူ့ကို တကယ့်အပြင်မှာ မြင်ဖူးချင်မိရုံပါ”

“ဒါပါပဲ”
နဒီယာက ပြော၏။

အယ်လီဇရီရယ်က ဘာမှမပြောပေ။
ခဏအကြာ၌၊
“နင်ပြောတာကို မှတ်ထားပါ”
သူမက ပြော၏။

“ကျေးဇူးတင်ပါတယ် အရှင်မ”
နဒီယာက ကျေနပ်စွာ အံ့ဩသွား၏။

အော်ရိုရာနိုင်ငံရှိ တော်ဝင်နန်းတော်မှ စာကြည့်ခန်းတစ်ခုတွင်၊
လက်ရှိ အော်ရိုရာနိုင်ငံ၏ ဘုရင် လီယွမ်ကန်က လက်ထဲရှိ တင်ပြစာအား ကြည့်နေ၏။ နှစ်ပေါင်း ၅၀၊ ၆၀လောက် မင်းပြုခဲ့ပြီးနောက် သူ၏ ဆံပင်များက ဖြူနေပြီ ဖြစ်၏။ သို့ရာတွင် မျက်လုံးများက တောက်ပနေပြီး တောင့်တင်းကာ အင်အားအပြည့်ဖြင့် ရှိနေသည်။ ခန္ဓာကိုယ်မှ ထည်ဝါသော အရှိန်အဝါတို့ ထုတ်လွှင့်နေ၏။

ထိုကဲ့သို့သော အဖိုးအိုတစ်ဦးကို မြင်ရသည့် ဘယ်သူမဆို သူ့ကို နောင်နှစ်ပေါင်း ၅၀လောက် အော်ရိုရာနိုင်ငံအား အုပ်ချုပ်နိုင်ဦးမည်ဟု ခံစားရမှာပါ။ ခဏအကြာ၌ တင်ပြစာကို သူချလိုက်သည်။
“နေပြင်းအရှင်သခင်…”

“သူက သံနက်အဆင့် ဒေသတစ်ခုကို ၇ရက်တည်းနဲ့ ပေါင်းစည်းခဲ့တာလား”

“ကြည့်ရတာ သူ့ဘေးမှာ သူရဲကောင်းတစ်ယောက်လဲ ရှိပုံပဲ”

“ကျန်းယွမ်ချီတောင် သူ့ရဲ့နေရာကို သွားပြီ”

“ငါ့အထင်တော့ ကျောက်ချန်ရှို့လည်း သူ့ဆီမှာပဲ ဖြစ်မယ်”

“ဝူရှင်းလည်း သူ့ဆီကိုပဲ ပြေးသွားတာဖြစ်မယ်..”

“နောက်မျိုးဆက်တွေက ငါတို့ကို အချိန်နဲ့အမျှ ဖြတ်ကျော်သွားမှာပဲ”
လီယွမ်ကန်က ဆွေးမြေ့စွာ ပြောသည်။

“ငါသူ့ကို ဘာဆုပေးရင် ကောင်းမလဲ…”

“အော်ရိုရာပုံဆောင်ခဲတွေကို လိုချင်တာဆိုရင် အော်ရိုရာပုံဆောင်ခဲ ရောင်းဝယ်ခွင့်ကိ ပေးလိုက်လို့ရတယ်”

“ဒါပေမယ့် ဒီဆုကြေးတစ်ခုတည်းက သူ့အပေါ်ကို ထိုက်သင့်တဲ့ အာရုံစိုက်မှု မပေးသလို ဖြစ်နေလိမ့်မယ်…” သူ၏ပုံစံက အတွေးနက်သွား၏။

ထိုအချိန်၌ အပြင်ဘက်မှ လူက နောက်ထပ်စာတစ်စောင်နှင့် ဝင်လာခဲ့သည်။
“အရှင်မင်းကြီး”

“ငါးစမ်းချောင်းမြို့ကနေ အရေးကြီး စာတစ်ခု ရောက်လာပါတယ်”
အခြွေအရံက‌ လေးစားစွာ ပြောသည်။

လီယွမ်ကန်က စာကို ယူလိုက်သည်။ ဖွင့်ကြည့်ပြီးနောက် သူ၏ မျက်ခုံးများက မြင့်တက်သွား၏။
“ဆန်းကြယ်သောကုန်သည်စုက ငါးစမ်းချောင်းမြို့မှာ ပေါ်လာတာလား”

“ကံကောင်းစွာပဲ… ပုံမှန်ပစ္စည်းတွေပဲ ရောင်းလို့”

“မဟုတ်ရင် အော်ရိုရာနိုင်ငံလို သေးသေးလေးက အပြင်ဘက်အင်အားစုတွေရဲ့ ဝင်ရောက်နှောင့်ယှက်မှုကို ခံနိုင်မှာ မဟုတ်ဘူး”

စိတ်သက်သာရာ ရသွား၏။ ဆန်းကြယ်သော ကုန်သည်စုမှ ပစ္စည်းများသာ အဆင့်မြင့်ပစ္စည်းများ ဖြစ်ပါက ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများကို ဆွဲဆောင်ပြီး ယှဉ်ပြိုင်ပွဲ ဖြစ်လာမှာ စိုးရပါသည်။

ကျွမ်ကျင်သူများ အတွက်တော့ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေမယ့်.. ဤသည်က ဒေသခံ အရှင်သခင်များအတွက်… ကပ်ဘေးတစ်ခု ဖြစ်လာမှာ ဖြစ်၏။ ထိုလူများ ထွက်ခွာသွားပြီးနောက် ချန်ခဲ့မှာကား အရှုပ်အထွေးများသာ ဖြစ်ပေလိမ့်မည်။

သတိပြန်လည်လာပြီးနောက် နေပြင်းအရှင်သခင် အကြောင်းကို သူစဉ်းစားသည်။
“မနက်ဖြန်က သူတို့ရဲ့ အရှင်သခင်သစ် စမ်းသပ်ပွဲပဲ”

“သူဘယ်လောက်အထိ သွားနိုင်မလဲ ဆိုတာကို ကြည့်တာပေါ့”

“စမ်းသပ်ပွဲမှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်ခဲ့ရင်”

“နောင်မှာ… မျိုးနွယ်စုအားလုံးရဲ့ အရှင်သခင်တွေ ပြိုင်ပွဲမှာ”

“ငါ့ရဲ့ အော်ရိုရာနိုင်ငံက သူ့ကို ပိုမိုတိုးတက်အောင် ကူညီပေးလိမ့်မယ်”
လီယွမ်ကန်က အတွေးနက်သွား၏။

အချိန်က လျှင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်စိတစ်မှိတ်အတွင်းတွင် ကောင်းကင်က မဲမှောင်နေပြီး ဖြစ်သည်။

နေပြင်းမြို့ရှိ အရှင်သခင်ဝင်းအတွင်းမှ ရေချိုးခန်း ရေချိုးကန်ထဲတွင်၊
ကျိုကျိုးမှာ အဝတ်အားလုံးတို့ကို ချွတ်ပြီး ရေချိုးကန်ထဲ၌ တိတ်ဆိတ်စွာ လဲလျောင်းနေ၏။ ရေနက်ဆန်းကြယ်ပညာကို လှည့်ပတ်ကာ ခွန်အားတိုးပွားအောင် လုပ်ဆောင်နေလေသည်။

ခဏအကြာ၌ ရေငုပ်နိုင်မှု၏ အကန့်အသတ်သို့ ရောက်ရှိလာကြောင်းကို ခံစားရ၏။ ရေချိုးကန်မှ ထွက်လာခဲ့သည်။ ခန္ဓာကိုယ်ကို အခြောက်ခံပြီးနာက် အဝတ်များကို ဝတ်ကာ ဧည့်ခန်းသို့ ထွက်လာပြီး ထိုင်သည်။

“ရေနက်ဆန်းကြယ်ပညာက လူမသတ်ပဲနဲ့ အဆင့်တက်စွမ်းအင် ရရှိနိုင်ပေမယ့် ငါ့ရဲ့ခန္ဓာကိုယ်က လိုအပ်နေတဲ့ အဆင့်တက်စွမ်းအင်နဲ့ ယှဉ်လိုက်ရင် ရေပုံးထဲက ရေတစ်စက်လောက်ပဲ ရှိတယ်”

“ထောင်ပေါင်းများစွာသော စစ်သည်တွေ အတူတူ သတ်ဖြတ်တဲ့အခါ ပေးတဲ့ အဆင့်တက်စွမ်းအင်နဲ့ယှဉ်ရင် အရမ်းနည်းပါးလွန်းတယ်”

“ဒီလိုအခြေအနေမျိုးမှာ…”

“အဆင့်တက်စွမ်းအင်တွေကို ပိုပြီးရချင်ရင် အဆင့်မြင့် သိုင်းကျမ်းတွေကို ရနိုင်ဖို့ လိုအပ်တယ်”

“ဒါမှမဟုတ်ရင်.. စိတ်ရှည်မှုကိုပဲ မှီခိုပြီး တဖြည်းဖြည်း စုဆောင်းရမှာ”
ကျိုကျိုးမှာ စဉ်းစားနေမိ၏။

ရေနက်ဆန်းကြယ်ပညာက မဆိုးလှပေ။ သို့ရာတွင် သူ၏ အဆင့်ကို မြှင့်တင်ရန် ထိုသိုင်းပညာကို မှီခိုချင်ပါက အချိန်အတော်ကြာအောင် လိုအပ်မှာပါ။

သို့ပေမယ့် စိတ်ရှည်မှုတို့ ပျောက်ဆုံးသွားခြင်းတော့ မရှိပါ။ ပိုင်နက်တွင် သူ့အဖို့ လုပ်စရာဘာမှမရှိပေ။ ဖြည်းဖြည်းချင်း လေ့ကျင့်ဖို့သာ လိုအပ်၏။ ဘာပဲဖြစ်ဖြစ် အခြားအလုပ်များကိုလည်း မထိခိုက်နိုင်ပေ။ အပိုထပ်ဆောင်း စွမ်းအင်ဝင်လမ်းကြောင်းတစ်ခုဟုသာ သတ်မှတ်နိုင်၏။

ထိုအချိန်၌…
“အရှင်”

“ကျွန်တော်… ကျောက်ချန်ရှို့မှာ သတင်းပို့စရာ ရှိပါတယ်”

“နံရံဆောက်လုပ်မှု ပြီးဆုံးသွားပါပြီ”
အပြင်ဘက်မှ ကျောက်ချန်ရှို့၏ ပျော်ရွှင်သံက ပျံ့လွင့်လာ၏။

ကျိုကျိုး၏ မျက်လုံးများက မြင့်တက်သွားသည်။ အရှင်သခင်ဝင်းအတွင်းမှ ချက်ချင်းပင် လျှောက်ထွက်သွားပြီး ကျောက်ချန်ရှို့နှင့်အတူ မြို့တံတိုင်းဆီသို့ ထွက်ခဲ့သည်။

မြိုတံတိုင်းကို သူကြည့်လိုက်၏။ ဒီအချိန်၌ သဲပုံဆောင်ခဲ မြို့တံတိုင်းမှာ ပြီးခဲ့သည့် တစ်ခုနှင့် အလွန်ခြားနားနေပြီ ဖြစ်၏။

အသိသာဆုံးမှာ…
အရင်တုန်းက ၁မီတာသာ အထူရှိပြီး တံတိုင်းပေါ်၌ လမ်းလျှောက်ဖို့ အဆင်မပြေပေ။ ယခုတော့ သဲပုံဆောင်ခဲ နံရံမှာ ပိုမိုခိုင်ခံ့လာပြီး များစွာ ထူထဲလာပြီ ဖြစ်သည်။

ထိပ်ပိုင်းတွင် ကျဉ်းမြောင်းရာမှ အောက်ခြေတွင် ကျယ်ပြန့်သွားသည့်ပုံ ရှိ၏။ တံတိုင်းအောက်ခြေမှာ ၁၀မီတာလောက် ထူပြီး ထပ်ဆုံးပိုင်းမှာ ၅မီတာ၊ ၆မီတာလောက် ထူသည်။ ထိုအထူနှုန်းနှင့် အမြှောက်စာမိလျှင်တောင် အပေါက်သေးတစ်ခုသာ ဖြစ်စေနိုင်မှာပါ။ သဲပုံဆောင်ခဲနှင့် ရောစပ်ထားသည့် နံရံဖြစ်ပါက အပေါက်သေးတစ်ခုတောင် လုပ်နိုင်မည်မဟုတ်ပေ။

တံတိုင်းပေါ်ရှိ အကျယ်မှာ စစ်သည်လေးယောက်တို့ ဘေးချင်းယှဉ်ကာ လျှောက်လျှင်တောင် ချောင်ချောင်လည်လည် ခံစားရမှာ ဖြစ်သည်။ ထို့အပြင် ကျောက်ချန်ရှို့က နံရံအတွင်းဘက်တွင် ဆင်ခြေလျှောတစ်ခုကိုလည်း ဆောက်ထား၏။ မြင်းလမ်းဟူ၍ နာမည်ပေးထားသည်။

ထိုလျှော၏ အဓိကလုပ်ဆောင်ချက်မှာ စစ်သည်များ၊ ရိက္ခာများနှင့် လက်နက်များကို မြို့တံတိုင်းအပေါ်သို့ ပို့ဆောင်နိုင်ရန် ဖြစ်သည်။ မြင်းစစ်သည်ပင်လျှင် မြင်းကိုစီးကာ တက်နိုင်၏။

ထို့အပြင် ထိုဆင်ခြေလျှောမှာ မြို့တံတိုင်းကိုလည်း ပိုမိုခိုင်ခံ့ရန် ထောက်ပံ့ပေးသည်။ ပြုလုပ်ရန်လည်း လွယ်ကူမြန်ဆန်၏။ အချိန်တိုအတွင်းတွင် အကျိုးအမြတ်များစွာ ရှိပါသည်။

နံရံ၏ အထူမှလွဲ၍ အခြားအရေးကြီးသည့် ပြောင်းလဲမှုလည်း ရှိပါသေးသည်။ မြို့တံတိုင်းအပေါ်ရှိ‌ အော်ရိုရာမျှော်စင် အရေအတွက်လည်း တိုးပွားလာ၏။

အစက အော်ရိုရာမျှော်စင် တစ်ခုတည်းသာ ရှိခဲ့သည်။ နောက်ပိုင်းတွင် ကျိုကျိုးက ကျောက်ချန်ရှို့ကို ကြေးအဆင့် အော်ရိုရာပုံဆောင်ခဲ ၁၀၉၁ခုနှင့် ရွှေဆင့် အော်ရိုရာပုံဆောင်ခဲ ၁၀ခုတို့ကို ပေးခဲ့၏။

ကျောက်ချန်ရှို့က အခြေခံပစ္စည်း များစွာနှင့် မြူနှလုံးသားများကို အသုံးပြုကာ သာလွန် ကြေးအဆင့် အော်ရိုရာမျှော်စင် ၆ခုနှင့် အဆင့်နိမ့်ရွှေအဆင့် အော်ရိုရာမျှော်စင် ၁ခုတို့ကို ဆောက်လုပ်ခဲ့သည်။

မြို့တံတိုင်းပေါ်၌ စွမ်းအင်အပြည့်နှင့် အော်ရိုရာမျှော်စင် ၈ခုတို့ ရှိနေပြီ ဖြစ်၏။ ပလက်တီနမ်အဆင့် မြူသားရဲတစ်ကောင်ပင်လျှင် နေပြင်းမြို့ကို တိုက်ခိုက်ရဲမည် မဟုတ်ပါ။ အော်ရိုရာမျှော်စင်များက ၎င်းကို အလောင်းတစ်ခုအဖြစ် တစ်ခါတည်း ပြောင်းပေးလိုက်မှာ ဖြစ်၏။

ထိုပုံကို မြင်တော့ ကျိုကျိုး၏ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်လာ၏။ အော်ရိုရာမျှော်စင် ၈ခုနှင့် နံရံအထူနှင့် ပေါင်းလိုက်ပါက တစ်ခုတည်းသော အထွတ်အထိပ်ဆုကြေးအတွက် တိုက်ခိုက်ဖို့ ယုံကြည်မှုတို့ ပိုမိုရှိလာစေသည်။


အပိုင်း- ၁၀၆(ကျောက်ချန်ရှို့၏ အကြွင်းမဲ့ သစ္စာရှိမှု၊ အရှင်သခင်သစ် စမ်းသပ်ပွဲ)

“ကျွန်တော့မှာ သတင်းပို့စရာ ရှိပါတယ်အရှင်”

“ပိုမိုထူထဲလိုက်တဲ့ သဲပုံဆောင်ခဲက အခြေခံပစ္စည်း ၃မီလီယံကျော်နဲ့ စာရင်းရှိတဲ့ သဲပုံဆောင်ခဲ အားလုံးတို့ကို ကုန်ဆုံးစေခဲ့ပါတယ်”

“မြင်းလမ်းကို သဲနဲ့ပြုလုပ်ထားပြီး အကုန်လုံးက ဒေသထွက်ပစ္စည်းတွေပါပဲ”

“အသစ်ဆောက်ထားတဲ့ အော်ရိုရာမျှော်စင်တွေကတော့…”

“စုစုပေါင်း အခြေခံပစ္စည်း ၉၆၀၀၀ယူနစ်၊ ကြေးအဆင့် မြူနှလုံးသား ၆၀၀၊ ကြေးအဆင့် အော်ရိုရာပုံဆောင်ခဲ ၆၀၀၊ ရွှေအဆင့်မြူနှလုံးသား ၁၀ခုနဲ့ ရွှေအဆင့် အော်ရိုရာပုံဆောင်ခဲ ၁၀ခုတို့ကို ကုန်ဆုံးစေခဲ့ပါတယ်”
ကျောက်ချန်ရှို့က သတင်းပို့သည်။

“ရတယ်”

“ဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး”

“ကျွန်တော်လိုအပ်နေတာက အဖိုးကျောက် ဆောက်လုပ်ခဲ့တဲ့ အဆောက်အအုံတွေပဲ”
ကျိုကျိုးက ပြုံးသည်။

အရင်းအမြစ်များနှင့် မြူနှလုံးသားများဆိုတာ အသုံးပြုရန် ပစ္စည်းများဖြစ်သည်။ သိမ်းထားလို့ အဓိပ္ပာယ်မရှိပါ။ အထူးသဖြင့် အရှင်သခင်သစ် စမ်းသပ်ပွဲကို ရင်ဆိုင်ရတော့မည့် အချိန်မှာ ဖြစ်၏။

ထိုပစ္စည်းများကို အရှင်သခင်သစ် စမ်းသပ်ပွဲအား ဖြတ်ကျော်နိုင်ချေ တိုးတက်လာရန်နှင့် အထွတ်အထိပ် ဆုကြေးအတွက် တိုက်ခိုက်ရန် အသုံးပြုကာ လဲလှယ်သင့်ပေသည်။ ထိုအခါမှသာ အဓိပ္ပာယ်ရှိလာမည် ဖြစ်၏။ ထိုအကြောင်းကို ကျိုကျိုး ရှင်းလင်းသည်။

ကျောက်ချန်ရှို့က ပြုံးသည်။ သူတို့ကို ယုံကြည်မှုနှင့် နားလည်မှုတို့ ပေးသည့် ကျိုကျိုးလို အရှင်သခင်မျိုးအား တွေ့ဆုံနိုင်ခြင်းက နောက်လိုက်များအတွက် တကယ့်ကို ကောင်းချီးမင်္ဂလာပင်။

“အဖိုးကျောက်”

“ဒီနှစ်ရက်အတွင်း ကြိုးစားအားထုတ်ခဲ့မှုအတွက် ကျေးဇူးတင်ပါတယ်”
ကျိုကျိုးက ကျောက်ချန်ရှို့ကို စိတ်ရင်းဖြင့် ပြော၏။

ပြီးခဲ့သည့် ၂ရက်အတွင်း အဖိုးကျောက်၏ မရပ်မနား အလုပ်လုပ်မှုနှင့် လက်အောက်ခံအားလုံးတို့၏ ကြိုးစားအားထုတ်မှုများကြောင့်သာ မဟုတ်ပါက လက်ရှိရလဒ်ကို တွေ့မြင်ရမည် မဟုတ်ပါ။ ထိုအထဲတွင် အဖိုးကျောက်၏ အကျိုးပြုမှုမှာ သေချာပေါက်ကို အကြီးမားဆုံး ဖြစ်၏။

“ဒါက ကျွန်တော့ရဲ့ တာဝန်ပါပဲ”

“အရှင်ကျွန်တော့ကို ကျေးဇူးတင်စရာ မလိုပါဘူး”
ကျောက်ချန်ရှို့က ပြော၏။

“အဖိုးကျောက်… ပြန်ပြီး ကောင်းကောင်းအနားယူလိုက်ပါဦး”

“မနက်ဖြန်လာမယ့် အရှင်သခင်သစ် စမ်းသပ်ပွဲမှာ ကျွန်တော့ရဲ့ နေပြင်းမြို့က ကျရှုံးမှာ မဟုတ်ဘူး”
ကျိုကျိုးက လေးနက်စွာ ပြောသည််။

ကျောက်ချန်ရှို့က ကျိုကျိုးကို ကြည့်သည်။ တဖြည်းဖြည်းနှင့် သူ၏ မျက်နှာ၌ စိတ််သက်သာရာ အပြုံးတို့ ပေါ်လာခဲ့၏။
“အရှင့်ရဲ့ ယုံကြည်ချက်အပြည့်နဲ့ပုံကို မြင်ရတာ တကယ်ပဲ ရှားလှတယ်”

“အခု…”

“ပြီးခဲ့တဲ့ ၂ရက်အတွင်း ကျွန်တော်နဲ့ လက်အောက်ခံအားလုံးတို့ရဲ့ ပင်ပန်းမှုတွေက တကယ့်ကို အဓိပ္ပာယ်ပြည့်စုံသွားခဲ့ပြီ”
သူက သက်ပြင်းချသည်။

သူ၏ စကားဆုံးသည်နှင့် ကျိုကျိုး၏ ရှေ့၌ အချက်ပေးစာသားတစ်ခု ပေါ်လာ၏။
“သင်၏လက်အောက်ခ့ ကျောက်ချန်ရှို့၏ သစ္စာရှိမှုမှာ ၁၀၀မှတ်သို့ တိုးမြင့်သွားသည်။ သူသည် သင်၏ အကြွင်းမဲ့သစ္စာရှိသူ ဖြစ်လာ၏”

ကျိုကျိုးမှာ မှင်သက်နေ၏။ ထို့နောက် ကျောက်ချန်ရှို့က သူ့ကို လေးစားစွာ ဦးညွှန်သည်အား တွေ့ရသည်။
“ဒါဆိုရင်.. ဒီနောက်လိုက်က.. ပြန်ပြီး အနားယူပါဦးမယ်” သူက လေးစားစွာ ပြောသည််။

ကျိုကျိုးက ခေါင်းညှိတ်သည်။ ကျောက်ချန်ရှို့က နောက်သို့လှည့်ကာ အပြုံးတစ်ခုနှင့်အတူ ထွက်ခွာသွား၏။ သူ၏အိမ်သို့ ပြန်ရောက်ခြင်းကို ကြည့်ရှုပြီးနောက် ကျိုကျိုးလည်း အရှင်သခင်ဝင်းအတွင်းသို့ ပြန်ကာ လေသစ်ဟန်ဝတ်စုံကို ဝတ်လိုက်သည်။ ထို့နောက် နေရာလွတ်တစ်ခုကို ရှာကာ ပျံသန်းခြင်းကို လေ့ကျင့်သည်။

ဝူတူနှင့် ကင်းအဖွဲ့တို့ ပြန်လာမှသာလျှင် ရပ်တန့်လိုက်၏။ ကျိုကျိုးက ကောင်းကင်ပေါ်မှ ပျံသန်းလာပြီး ဖုန်မှုန့်များဖြင့် လွှမ်းခြုံနေသည့် ဝူတူ၏ ရှေ့တွင် သက်ဆင်းသည်။

ဝူတူမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့ဩနေမိ၏။ သို့ရာတွင် သူ၏တာဝန်ကို မေ့လျော့သွားခြင်း မရှိပေ။ မြေပုံတစ်ခုကို ချက်ချင်းပင်ထုတ််ကာ ကျိုကျိုးကို လေးစားစွာ ပေးသည်။ “အရှင်… ဂိုဘီဒေသတစ်ခုလုံးကို ကျွန်တော့အဖွဲ့သားတွေနဲ့ လှည့်ပတ်ခဲ့ပြီးပါပြီ”

“မြေပုံတစ်ခုလည်း ဆွဲခဲ့ပါတယ်”

“ဒါက ဂိုဘီဒေသရဲ့ ဒေသဆိုင်ရာ မြေပုံပါ”

ကျိုကျိုးက ယူပြီး ကြည့်လိုက်၏။ ထို့နောက် သူ၏မျက်ခုံးများက မြင့်တက်သွားသည်။ အဘယ်ကြောင့်ဆိုသော် ဂိုဘီဒေသတွင် ကြက်သွေးရောင် အရှင်သခင် အနည်းငယ်မှ လွဲ၍ ခိုးဘိုအုပ်စုတစ်ခုကိုလည်း တွေ့ရသောကြောင့် ဖြစ်၏။

သူ၏ဘေးရှိ အထူးမှတ်ချက်များကို ကျိုကျိုး ကြည့်လိုက်သည်။ ၎င်းအုပ်စုမှာ သန်မာခြင်း မရှိကြောင်းအား တွေ့ရပြီးနောက် အာရုံမထားတော့ပေ။ ယခုအတွက် လစ်လျူရှုထားလိုက်သည်။ မနက်ဖြန်လာမည့် အရှင်သခင်သစ် စမ်းသပ်ပွဲကသာ ပိုမိုအရေးကြီးပါသည်။

သို့ရာတွင် အရှင်သခင်သစ် စမ်းသပ်ပွဲပြီးလျှင်တော့ ဒီမြေပုံကို ကြည့်ပြီး စစ်သည်များကို ဦးဆောင်ကာ ထိုသံနက်အဆင့် ဒေသကို သွားရောက်သိမ်းပိုက်မည် ဖြစ်သည်။ နောင်တွင် သူ၏လက်အောက်ရှိ ကုန်သွယ်ရေးမြို့တော်အတွက် မြေရိုင်းမြို့ ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ် လုံခြုံရေးကို ရှင်းလင်းပစ်ရပေမည်။

“လုပ်တာကောင်းတယ်”
ကျိုကျိုးက ဝူတူကို ချီးကျူးသည်။

ဝူတူက ပြုံး၏။
“မနက်ဖြန်ကျရင် သဲဆူးခုံဒေသရဲ့ မြေပုံကို ကျွန်တော်ဆွဲပေးပါမယ်”

“မနက်ဖြန်ကျရင် ကိစ္စကြီးတစ်ခု ဖြစ်လိမ့်မယ်”

“အပြင်ကို မထွက်နဲ့။ မနက်ဖြန်ကိစ္စပြီးမှ ထွက်လည်း နောက်မကျပါဘူး”
ကျိုကျိုးက ပြောသည်။

ဝူတူမှာ မှင်သက်နေမိ၏။ သို့ပေမယ့် အများကြီး ဆက်လက်မေးမြန်းခြင်း မပြုတော့ပဲ သဘောတူလိုက်သည််။

ထို့နောက် ကျိုကျိုးနှင့် ဝူတူတို့ ခဏတာ စကားပြောပြီးနောက် ဝူတူက စစ်သည်များနှင့်အတူ ပြန်၏။ ကျိုကျိုးက ဒီနေရာတွင် ပျံသန်းခြင်းအား ခဏတာ ဆက်လက်လေ့ကျင့်သည်။ လေသစ်ဟန်၏ ပျံသန်းခြင်း စွမ်းရည်ကို လုံးဝ ထိန်းချုပ်နိုင်ပြီဟု ခံစားရပြီးနောက် ကျေနပ်စွာဖြင့် အရှင်သခင်ဝင်းဆီသို့ ပြန်၏။

အချိန်က အလွန်နောက်ကျနေပြီး ဖြစ်သည်။ ကျိုကျိုးမှာ ဆက်လက်အလုပ်ရှုပ်နေဖို့ စိတ်ကူးမရှိတော့ပါ။ အိပ်ယာပေါ်တွင် လှဲကာ မနက်ဖြန်အကြောင်းကို တိတ်ဆိတ်စွာ တွေးတောနေ၏။
“မနက်ဖြန်ကျရင် စမ်းသပ်ပွဲလာပြီ”

“ပြီးခဲ့တဲ့ ရက်တွေအတွင်း ငါ့ရဲ့ တိုးတက်မှု ရလဒ်ကို ဒီနေရာမှာ စမ်းစစ်ကြည့်ဖို့ အခွင့်ကောင်းပဲ”
သူက တည်ငြိမ်စွာ စဉ်းစား၏။

ပြီးခဲ့သည့် ၇ရက်အတွင်း ဖွံ့ဖြိုးမှုများကို ပြန်လည်တွေးတောမိသည်။ ရင်ဘတ်ကိုပုတ်ကာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်ဟု ရေရွတ်လိုက်၏။

အမှန်တကယ် တစ်ခုခု ဖြစ်ပွားခဲ့လျှင်တောင်…
သူ့ကိုယ်သူပဲဖြစ်ဖြစ်၊ မည်သူ့အပေါ်ပဲဖြစ်ဖြစ် အပြစ်တင်စရာ မရှိတော့ပါ။

“အနားယူတာပေါ့။ စိတ်ဝိညာဉ်ကို အားသစ်လောင်းပြီး မနက်ဖြန် စမ်းသပ်ပွဲအတွက် အဆင်သင့်ဖြစ်အောင်”
ထိုအတွေးနှင့်အတူ ကျိုကျိုးတစ်ဘောက် သူ၏ မျက်လုံးများကို မှိတ်ကာ လျှင်မြန်စွာ အိပ်ပျော်သွားခဲ့၏။

နောက်တစ်နေ့တွင်…
နေက ကောင်းကင်ပေါ်သို့ ပြီးပြည့်စုံစွာ မြင့်တက်လာခြင်း မရှိသေးပါ။ ကောင်းကင်က အနည်းငယ် မှောင်နေဆဲ ရှိ၏။ အရှင်သခင်ဝင်း၏ သခင်အိပ်ခန်းတွင် ကျိုကျိုး၏ မျက်လုံးများက ပွင့်လာခဲ့သည်။ သူ၏မျက််လုံးထဲရှိ အကြည့်က လျှင်မြန်စွာ ပြောင်းလဲသွားပြီး အားမာန်အပြည့်ဖြင့် နိုးထလာ၏။ ပင်ပန်းနွမ်းနယ်အားလုံး ရှိမနေတော့ပါ။

ကမ္ဘာ့ချန်နယ်ကို သူဖွင့်ကြည့်သည်။
“ကျန်ရှိချိန်- ၂နာရီ၊ ၁၂မိနစ်၊ ၇စက္ကန့်”

“နောက်ထပ် ၂နာရီ လိုသေးတယ်”
ကျိုကျိုးက ညင်သာစွာ ပြောသည်။ ထို့နောက် အောက်ရှိ အရှင်သခင်များ၏ စကားများကို ကြည့်လိုက်သည်။

စောစီးစွာ ရှိနေသေးပေမယ့် မိုးပြာရောင်ဂြိုလ်မှ အရှင်သခင်များစွာ ရှိနေပြီး ဖြစ်သည်။ ကမ္ဘာ့ချန်နယ်တွင် ပေါ်လာသည့်စာသားများက များပြားလှသည်ဟု ဆိုရပေမည်။ စက္ကန့်တိုင်းတွင် မီလီယံ ဆယ်နှင့်ချီသည့် စာများက အသစ်တက်လာခဲ့၏။

ကျိုကျိုးမှာ ဖတ်ကြည့်ရန်အတွက် အသစ်တက်သည့် နှုန်းကို နှေးပစ်လိုက်ရသည်။

“အစ်ကိုအစ်မတို့.. ၈ရက်မြောက်ကို ရောက်ခဲ့ပြီ။ အရှင်သခင်စမ်းသပ်ပွဲ ရောက်လာဖို့ ၂နာရီကျော်လေးပဲ ကျန်တော့တယ်”

“ကျွန်တော်တို့ ရုတ်တရက် အရမ်းလန့်နေမိတယ်”

“အားတင်းထား…”

“ငါကတော့ ပြီးရင် ဘယ်လိုပုံစံနဲ့ သေမှာလဲ ဆိုတာကို စဉ်းစားနေတာ”

“ဒီစမ်းသပ်ပွဲကို ဖြတ်ကျောနိုင်တာနဲ့ ငါသေချာပေါက် အမြင့်ကိုထိုးတက်သွားမျာ”

“အစ်ကိုအစ်မတို့.. အရင်နေ့တွေက သိပ်မကြောက်ပေမယ့် အခု တကယ့်ကို ကြောက်နေမိတ်။ ကျွန်တော့ရဲ့ အရှင်သခင် ဂုဏ်ပုဒ်ကို စွန့်လွှတ်ပြီး စွန်းစားသူအဖြစ် ပြောင်းလဲတော့မယ်။ အားလုံးပဲ တောက်ပတဲ့ အနာဂတ်ရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ နောင်တစ််ချိန် ချမ်းသာလာခဲ့ရင် ခင်ဗျားတို့နေရာကို ကျွန်တော်လာရောက်ပြီး စွန့်စားသူတစ်ယောက် လုပ်ပါမယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော့ကို နှင်မလွှတ်ဖို့ မျှော်လင့်ပါတယ်”

“ဟူးးးးး နောင်မှာ ဘယ်သူတွေ ချမ်းသာမလဲ ဆိုတာက မသေချာပါဘူး”

“ဘဝဆိုတာ အိပ်မက်ကိုယ်စီနဲ့.. ငါတို့တွေအားလုံး ခြားနားတဲ့ လမ်းကြောင်းတွေကို ရွေးချယ်ကြရမှာပဲ”

“မဟာမိတ်အဖွဲ့က အစ်ကိုအစ်မတို့.. စိတ်အေးအေးထားကြပါ။ ပုဂ္ဂိုလ်ကြီးတွေက သူတို့ရဲ့ စမ်းသပ်ပွဲတွေကို ဖြေရှင်းပြီးရင် လူတိုင်းကို လာကူညီကြမှာပါ”

“နဂါးဖြစ်မလား၊ တီကောင်ဖြစ်မလား ဆိုတာက ဒီစမ်းသပ်ပွဲအပေါ်မှာ မူတည်နေပါတယ်”

“ချီတက်လိုက်ကြစို့ညီအစ်ကိုတို့”

“ချီတက်မနေနဲ့… ငါအခု ကြောက်နေတယ်”
………….

မည်သည့် အဖိုးတန် သတင်းအချက်အလက်ကိုမှ ကျိုကျိုး မတွေ့ရပေ။ ထို့ကြောင့် ကမ္ဘာ့ချန်နယ်ကို သူပိတ်လိုက်၏။ မတ်တပ်ထကာ ကိုယ်လက်သန့်စင်ပြီးနောက် လေသစ်ဟန်ကို ဝတ်ကာ အရှင်သခင်ဝင်းဆီမှ လျှောက်ထွက်လာခဲ့သည်။

ဆင့်ခေါ်ခြင်းဂိတ်သို့ သွားကာ ယနေ့အတွက် လက်အောက်ခံများကို ဆင့်ခေါ်ဖို့ လုပ်၏။ အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။
“ချက်ချင်း ဆင့်ခေါ်မည်လား”

“အင်း”
ကျိုကျိုးက ပြောလိုက်သည်။

သူ၏စကားဆုံးသည်နှင့် ဆင့်ခေါ်ခြင်းဂိတ်မှာ ချက်ချင်းပင် ပိုမိုတောက်ပသော အဖြူရောင်အလင်းတို့ မြင့်တက်သွား၏။ ထို့နောက် လူ၆၆ယောက်တို့ လျှောက်ထွက်လာကြ၏။

“အရှင့်ကို တွေ့ဆုံပါတယ်”
ကျိုကျိုးကို တွေ့ရပြီးနောက် ချက်ချင်းပင် ဒူးထောက်ကာ လေးစားစွာ ပြောကြသည်။

“နေပြင်းမြို့ကနေ ကြိုဆိုပါတယ်”
ကျိုကျိုးက ပြုံးကာ ခေါင်းညှိတ်သည်။ ထို့နောက် ထို၆၆ယောက်တို့၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးကြည့်၏။

Comment