Part 21
ထွဋ်မြတ်ကလည်း ကွန်းနဲ့အကြည့်ချင်းဆုံတယ်ဆိုရင် ရပ်ကြည့်နေရာမှမျက်နှာလွဲကာ ဆိုင်ထဲသို့ပြန်ဝင်သွားသည်။ကွန်းလည်း ထွဋ်မြတ်မျက်နှာလွှဲသွားတာ‌‌ေတွ့‌ေတာ့ နေခင်းကအကြောင်းခေါင်းထဲပြန်ဝင်လာတာကြောင့် ထွဋ်မြတ်အပေါ်စေတနာစော်ကားမိသလိုဖြစ်သွားတာမို့ အားနာမိပါသည်။
ကွန်း အဆောင်ကိုရောက်တော့ တစ်နေ့လုံးကစိတ်မကြည် ဘာမှလည်းမလုပ်ချင်သေးတာနဲ့ လွယ်အိပ်ပစ်ချပြီး အိပ်ယာပေါ်လှဲကာ မှေးနေလိုက်သည်။ဘယ်လောက်အိပ်ပျော်သွားမှန်းမသိ ကွန်းအိပ်ယာကနိုးကာ နာရီကြည့်လိုက်တော့
"အ‌မလေး ငါဘာလို့ဒီလောက်သေမိသွားတာလည်းဟ ကျူရှင်တော့မယ်"
ကွန်းနာရီကိုကြည့်လိုက်‌‌ေတာ့ 5နာရီထိုးတော့မှာမို့ အိပ်ယာကကျုံးကုန်းထပြီး ရေချိုးဖို့ပြင်လိုက်ကာ နောက်မှချစ်တီးကိုသတိရပြီး အခန်းထဲသတိထားကြည့်လိုက်တော့
"ဟ ဟိုကောင်ဘယ်ရောက်နေတာလည်း"
ကွန်းလည်းဆက်စဉ်းစားမနေတော့ဘဲ ရေချိုးကန်ဆီအတင်းပြေးပြီး ရေမြန်မြန်ချိုးဖို့သာပြင်လိုက်ရသည်။မဟုတ်ရင် ကျူရှင်နောက်ကျတော့မယ်မဟုတ်လား၊ကွန်းချစ်တီးကို အခန်းထဲရှာကြည့်တဲ့အချိန် ချစ်တီးပျောက်နေတာသာသိပြီး အခန်းထဲက ပစ္စည်းတချို့ပြောင်းလဲနေတာကိုမရိပ်မိခဲ့ပါ။
ကျူရှင်ကငါးနာရီကနေ ခုနှစ်နာရီခွဲအထိ နာရီဝတ်ထမင်းစား ခနနားပြီးတာနဲ့ဆယ်နာရီအထိပြန်ကျက်ရတာဖြစ်သည်။ကွန်းတို့ကျူရှင်ဆင်းပြီး ထမင်းစာချိန်ရောက်တဲ့အထိ ‌တစ်ယောက်သောသူကတော့သိသိသာသာပျောက်နေတာကို သတိထားမိလိုက်တာမို့
"မင်းသန့် ထွဋ်မြတ်ကိုရောမတွေ့ပါလား"
"ဟင် ဘာဖြစ်လို့လည်း ထွဋ်မြတ်ဒီနေ့ကျူရှင်မတက်ဘူးလို့တော့ပြောသွားတယ် အိမ်ခနပြန်မလို့တဲ့"
"အော်"
ကွန်းလည်းဘာမှဆက်မမေးတော့။အခုလိုလည်းမင်းသန့်ကို ဘာလို့မေးလိုက်မိလိုက်မှန်းတောင် ကိုယ့်ကိုကိုယ်မသိ‌။ထွဋ်မြတ်အ‌‌ေပါ်မနက်ကစေတနာကိုစော်ကားသလိုဖြစ်သွား၍ အားနာခြင်းကြောင့်ဖြစ်မည်ထင်ပါသည်။
ကွန်းလည်းတစ်နေကုန်စာသင်ရတာစိတ်မကြည် ဆယ်နာရီစွန်းတာနဲ့ အဆောင်ဆီအသီးသီးပြန်ကြတော့ ကွန်းလည်း စိတ်မကြည်တာရော အိပ်ချင်တာရောကြောင့် ချစ်တီးကိုစောင့်မနေပဲ အဆောင်ဆီအမြန်တက်ခဲ့လိုက်သည်။
ကွန်းအခန်းတံခါးဖွင့်ပြီးဝင်လိုက်တော့ ကုတင်ပေါ်မှာ အခန့်သားဖုန်းထိုင်ကိုင်နေတဲ့သူကြောင့် လန့်သွားကာ ပြီးမှ
"ထွဋ်မြတ် ငါ့ကိုစောင့်နေတာပြောစရာရှိလို့လား"
ကွန်းမေးတော့ အိပ်ယာပေါ်က လူကတစ်ချက်ကြည့်ကာ ပြီးတော့ဖုန်းဆီ အကြည့်ပြန်းပို့ရင်းမှ
"အခန်းထဲသေချာကြည့်ပြီးမှပြော မင်းနဲ့ဘာစကားမှပြောစရာရှိမနေဘူး"
ကွန်းလည်း သူပြောသလိုအခန်းထဲသေချာကြည့်လိုက်တော့ မနေ့ကအခန်းထဲမှာရှိတဲ့ ချစ်တီးရဲ့ ပစ္စည်းတွေနေရာမှာ ထွဋ်မြတ်ရဲ့အသုံးအဆောင်တွေ
"ဟင် ဒါဆိုမင်းက ချစ်တီးနဲ့ အခန်းပြောင်းလိုက်တာလား ဘာလို့ငါသဘောတူညီမှုတောင်မတောင်းရတာလည်း ထွဋ်မြတ်"
ကွန်းကမေးတော့ ထွဋ်မြတ်က နှုတ်ခမ်းတစ်ဖက်ကိုသိသသာသာမဲ့ကာ
"ဘာသဘောတူညီချက်တောင်းရမှာလည်း နေရာချိန်းတဲ့သူနှစ်ယောက်က ကြည်ဖြူလို့လှဲထားတာ ကြားထဲကအနေသာမင်းက ဝင်ပါစရာမလိုဘူထင်တယ်"
ထွဋ်မြတ်ရဲ့အဖြေကမှန်တယ်ဆိုပေမဲ့ အကုန်လုံးတော့မမှန် အခန်းမှာနေတဲ့သူကတစ်ယောက်တည်းမဟုတ်တာကြောင့် ကျန်တဲ့တစ်ယောက်ကနေရာလည်းမယ်ဆိုရင်တောင် ကျန်တစ်ယောက်ကအဆင်ပြေမပြေကို မေးသင့်သည်ထင်ပါသည်။ဒါပေမဲ့ ထွဋ်မြတ်ရဲ့လေသံနဲ့စကားအသွားအလာက စကားကိုမဖြစ်သာလို့ပြောနေရသလိုနှင့် ဘယ်သူမှအရေးမဆိုက်တဲ့ပုံစံကြောင့် ကွန်းလည်းရှည်ရှည်ဝေးဝေးတွေပြောမနေတော့ဘဲ လွယ်အိပ်ကိုသေချာသိမ်းပြီး အိပ်ယာပေါ်သာတက်အိပ်ဖို့ပြင်လိုက်‌ေတာ့သည်။
ကွန်းအိပ်ယာပေါ်တက်ပြီးတာနဲ့ ထွဋ်မြတ်နဲ့မျက်နှာချင်းမဆိုင် ချင်တာကြောင့် စောင်ကိုတစ်ဖက်လှည့်ခြုံပြီးသာ‌အိပ်ဖို့ပြင်လိုက်သည်။ကွန်းအိပ်တော့ဘေးနားကလူကလည်း ဖုနး်ချပြီးအိပ်ဖို့ပြင်လိုက်သံကြားလိုက်ရသည်။
အခန်းထဲကတိတ်ဆိတ်ခြင်းလေထုကခက်အေးအေး ကွန်းလည်း ဘေးနားကလူကြောင့်လာတော့မသိ တကယ့်တကယ်အိပ်မယ်ဆိုတော့ အိပ်လို့မပျော်သေး နေရတာတမျိုးကြမို့ ထွဋ်မြတ်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့ သူ့ကိုကျောပေးပြီးအိပ်နေတဲ့သူကြောင့် အရှေ့ပြန်လှည့်လိုက်ကာ
"ထွဋ်မြတ် မနက်ကကိစ္စအတွက် ငါတောင်းပန်ပါတယ်"
ကွန်းပြောလိုက်တယ်ဆိုရင် ဘေးနားကလူတစ် ချက်ရွေ့လိုက်သကြားလိုက်ရပြီး ခနမှ ခနဲ့သံနဲ့
"အဟွန်း ဘာအတွက်လည်း"
"ဟို မနက်ကဖြစ်သွားတဲ့ကိစ္စတွေအတွက်ပါ မင်းရဲ့‌စေတနာကိုစော်ကားသလို ဖြစ်စေမိလို့ ပြီးတော့လည်း ကျေးဇူးတင်ပါတယ် စာကြည့်တိုက်ထဲကနေ ခေါ်ခဲ့ပေးလို့ ရော အားလုံးအတွက်ပါ"
ကွန်းလည်းတကယ်ထွဋ်မြတ်ကိုပြောချင်နေတာတွေဖြစ်တဲ့အတွက် မျက်နှာချင်းဆိုင်အနေအထားနဲ့ပြောရမှာ တကယ်ကိုအားနာပြီးမျက်နှာပူတာမလို့ အခုလိုအခြေအနေမှာပြောလိုက်ခြင်းဖြစ်သည်။
ထွဋ်မြတ်လည်း ကွန်းကိုမနက်ကတကယ်စိတ်တိုမိတာဖြစ်သည်။ထွဋ်မြတ် ပြသနာတွေဖြစ်ပြီးလို့ သေချာပြန်စဉ်းစားကြည့်လိုက်တော့ ကိုယ်ကသူနဲ့ဘာမှမဆိုင်ဘဲ သူ့ကိစ္စကိုတအားဝင်ပါမိသလိုဖြစ်နေတာကြောင့် ကွန်းရဲ့တောင်းပန်တယ်ပြောတဲ့စကားကိုကြားတော့ အပြုံးတစ်ချက်ဆင်မြန်းကာ
"တောင်းပန်စရာမလိုပါဘူး တကယ်တော့ငါမနက်ကစည်းကျော်သလိုဖြစ်သွားတာ ပြီးတော့စာကြည့်တိုက်ထဲကကိစ္စကလည်းကျေးဇူးအတင်ခံချင်လို့လုပ်ပေးခဲ့တာမဟုတ်ဘူး ဒီတိုင်းကူညီခဲ့ယုံပဲ အဲ့ဒါကြောင့်မလို့ ဘာမှစိတ်ထဲမထားနေဘဲအိပ်လိုက်တော့"
စကားသံတွေခနတာ တိတ်ဆိတ်သွားပြီးတဲ့နောက်ကွန်းထံမှ
"သူငယ်ချင်းလုပ်ရအောင် ငါနဲ့"
ဒီလိုပြောတော့ ဘေးနားကလူက မဆိုင်းမတွစွာပြန်ဖြေလာခဲ့တယ်
"ဟင့်အင်း မင်းနဲ့သူငယ်ချင်းမလုပ်ချင်ဘူး ဘယ်တော့မှ အဲ့စကားအတိုင်း မင်းက ငါ့အတန်းဖော်သက်သက်တစ်ယောက်ပဲ"
"မင်းကငါနဲ့သူငယ်ချင်းမဖြစ်ချင်တာလား အဲ့လောက်တောင်ငါနဲ့သူငယ်ချင်းဖြစ်ရမှာဆိုးတာလား အင်းမင်းပြောသလိုပဲ ငါတို့ကအတန်းဖော်တွေ"
ကွန်းလည်း သူငယ်ချင်းလုပ်မယ်လို့ပြောတာကို ငြင်းတဲ့သူကြောင့် နည်းနည်းတော့ခံပြင်းမိသည်။ကွန်းလည်းဘာမှထပ်မပြောတော့သလို ထွဋ်မြတ်ဆီမှလည်းဘာစကားမှထွက်မလာခဲ့တော့
ပြီးမှ
"အင်း အိပ်တော့"
ထွဋ်မြတ်ရဲ့ကအိပ်တော့လို‌့ပြောတဲ့တပြိုင်နက် ခါးကနေလူကိုသိုင်းဖက်လိုက်တာကြောင့် ကွန်းလည်း ရုန်းလိုက်ကာ
"လွတ်စမ်းပါ ငါအိပ်တော့မယ်"
"သူငယ်ချင်းမလုပ်လို့စိတ်ဆိုးသွားတာလား"
"ဘာကိစ္စစိတ်ဆိုးရမှာလည်း မလုပ်ချင်လည်းနေပေါ့ ငါ့မှာလည်းသူငယ်ချင်းအသစ်တွေမှတိုးလို့"
ကွန်းစကားကြားတော့ထွဋ်မြတ်က ကွန်းကိုဖတ်ထားရာမှ တစ်ချက်လှုပ်သွားကာ
"ကွန်း မင်းသူရဟိန်းသစ်နဲ့ပေါင်းတာငါမကြိုက်ဘူး မပေါင်းနဲ့"
"မင်းမကြိုက်ရင်မင်းမပေါင်းနဲ့ ငါကြိုက်လို့‌ငါပေါင်းတာလေ ဘာဖြစ်လည်း ဟိုကမင်းလိုကြီးကျယ်မနေဘူး"
"ပေါင်းရဲပေါင်းကြည့်နော် ငါ့အဆိုးမဆိုနဲ့ အခုအိပ်တော့"
"လွှတ် အိပ်ချင်နေပြီ ဖက်ထားတာလှုပ်လို့တောင်မရ‌တော့ဘူး"
"ဒီတိုင်းအိပ် လှုပ်မရင်မလှုပ်နဲ့ မင်းအဖက်ခံချင်မယ်ထင်လို့ဖက်ပေးထားတာ ငါဖက််ချင်လို့ဖက်တယ်မထင်နဲ့ အိပ်တော့"
"ထွဋ်မြတ်မော်ခွန်း! လွှတ်စမ်း!"
ကွန်းလည်း မဟုတ်တာလျှောက်ပြောနေတဲ့သူကြောင့် ပိတ်အော်လိုက်တော့
"စကားမများနဲ့ မင်းတစ်ယောက်ထဲကိုဖက်အိပ်တာမဟုတ်ဘူး မင်းသန့်နဲ့လည်းဖက်အိပ်နေကျ"
"အဲ့ဒါဆို မင်းသန့်ကိုသွားဖက်အိပ် ငါချစ်တီးနဲ့ပဲအိပ်တော့မယ် သွား"
"နားငြီးတယ် ဒီတိုင်းအိပ် အိပ်မပျော်ရင်လည်းမအိပ်နဲ့ ငါအိပ်ပြီ"
ကွန်းလည်းပြောမရတဲ့သူကိုတုမပြောတော့ဘဲ အတင်းရုန်းတော့ ပိုပိုပြီးဖက်လာတဲ့သူကြောင့် လက်လျှော့လိုက်ရတော့သည်။မသာကြီး သေနာကောင် လူကိုမညာမတာ
ကွန်းက စိတ်ထဲမှာမေတ္တာတွေ ဇွတ်ပို့‌နေပေမဲ့ အနောက်ကလူကတော့ ကွန်းလုပ်နေပုံကိုမျက်စိမှိတ်ပြီးကြိတ်ရယ်‌ေနပါတော့သည်
ဒီနေ့ထွဋ်မြတ်အသင်းကျတာမလို့ အစောကြီးထအိမ်ပြန်စရာပါရှိသေးတာမလို့ ဘယ်သူမှမနိုးခင်လာလိုက်သည်။ထွဋ်မြတ်အိမ်ပြန်ပြီးကျောင်းရောက်တော့ ကျောင်းမှာ အသင်းကျတဲ့သူတွေကလွဲလို့ ဘယ်သူမှမရှိသေး
"ကိုထွဋ် ကိုထွဋ်"
ထွဋ်မြတ်လည်းကျောင်းထဲရောက်လို့ အတန်းထဲဝင်ခါနီး အနောက်ကခေါ်တဲ့အသံကြောင့် စိတ်ရှုပ်ကာ ဆံပင်ကိုသပ်တင်လိုက်ပြီး
"ဘာလည်း အသံကအော်ကြီးဟစ်ကျယ်နဲ့ မိန်းကလေးမလား"
"‌ဘာဖြစ်နေလို့လည်း ကိုထွဋ် ဘာလည်းမနေ့ကကိစ္စကြောင့် အခုထိအခဲမကြေသေးတာလား မေလေးမဟုတ်ဘူးလို့ပြောပြီးသွားပြီလေ ကိုသူရကိုလည်းမေးပြီးသွားပြီမလား"
"အဟွန်း ဟုတ်လား ယုံမယ်ထင်နေတာလား ဟိုတစ်‌ယောက်ကသာ နင့်စကားကိုတုံးလို့ ယုံတာ ငါကနင့်လိုလူစကားကိုယုံမယ်မထင်နဲ့"
မှန်တာပြောတော့ မခံနိုင်တဲ့မေလေးက ထွဋ်မြတ်စကားကြား‌တော့ မခံမရပ်နိုင်ဖြစ်သွားကာ
"မေလေးလိုလူကဘာဖြစ်နေလို့လည်း အဲ့ကောင်ကိုကျတော့ ယုံတယ်ပေါ့ဟုတ်လား ဘာလို့လည်း အဲ့ကောင်ကိုပဲဝိုင်းဝိုင်းမနေကြတာ"
"စကားကိုဆင်ခြင်ပြီးပြောစမ်းပါ နင့်လိုလူနဲ့ ကွန်းကိုစကားနဲ့တောင်မနှိုင်းချင်နဲ့ နင်သိထားဖိုက ငါတို့တွေကသူ့ကိုဝိုင်းဝိုင်းမ‌နေတာမဟုတ်ဘူး သူကိုတိုင်က ရိုးသားပြီး ချစ်ဖို့သိပ်ကောင်းနေတာ နင်လို့ယုတ်မာတဲ့သူက ဒါတွေဘယ်သိမှာလည်း စကားပြောရတာအချိန်ကုန်တယ်"
ထွဋ်မြတ်လည်း မေလေးအားမဲ့ကာရွဲ့ကာပြောပြီထွက်သွားပေမဲ့ အနောက်ကမေလေးကတော့ ထွဋ်မြတ်ကိုကြည့်ပြီးအံကြိတ်ကာ
"အဟွန်း ချစ်စရာသိပ်ကောင်းတယ် ရိုးသားတယ် ဟုတ်လား ကိုထွဋ်ပြောသလို သူရိုးသားနိုင်ပါစေဆုတောင်းတယ် မေလေးကိုအဲ့ကျမှအဆိုးမဆိုနဲ့ ကိုထွဋ်‌ေသချာကိုစောင့်ကြည့်နေလိုက်"
--------------------------------------------------------------
စာတွေမစစ်အားလို့ ချစ်တဲ့စိတ်နဲ့ပြင်ဖတ်ပေးပါအုံး ညကတင်မလို့ပဲဖုန်းpowerပိတ်သွားလို့
အရင်လိုပဲvoteနဲ့ cmလေးတွေပေးသွားအုံးနော် အရင်လိုupမှန်မှန်နဲ့ပြန်လာခဲ့မယ်🤗😍
ကွန်းနာရီကိုကြည့်လိုက်တော့ 5နာရီထိုးတော့မှာမို့ အိပ်ယာကကျုံးကုန်းထပြီး ရေချိုးဖို့ပြင်လိုက်ကာ နောက်မှချစ်တီးကိုသတိရပြီး အခန်းထဲသတိထားကြည့်လိုက်တော့
"အော်"
"အဟွန်း ဘာအတွက်လည်း"
ပြီးမှ
"အင်း အိပ်တော့"
"ဒီတိုင်းအိပ် လှုပ်မရင်မလှုပ်နဲ့ မင်းအဖက်ခံချင်မယ်ထင်လို့ဖက်ပေးထားတာ ငါဖက်ချင်လို့ဖက်တယ်မထင်နဲ့ အိပ်တော့"
ကွန်းက စိတ်ထဲမှာမေတ္တာတွေ ဇွတ်ပို့နေပေမဲ့ အနောက်ကလူကတော့ ကွန်းလုပ်နေပုံကိုမျက်စိမှိတ်ပြီးကြိတ်ရယ်နေပါတော့သညျ
"ကိုထွဋ် ကိုထွဋ်"
--------------------------------------------------------------
Comment