"သား ဟိုကအမေ့သူငယ်ချင်းမခင်လေးကသဘောကောင်းပါတယ် သားလိမ်လိမ်မာမာနေနော် လိုတာရှိရင်အမေ့ကိုလှမ်းဖုန်းဆက် ရွာဆိုပေမဲ့လည်းတောမကျမြို့မကျလေးမလို့အချိန်ကြာရင်သားနေသားကြသွားမှာပါ"
"ဟုတ်ကဲ့ပါအမေ အမေလည်းဟိုမှာကျန်းမာရေးဂရုစိုက်နော် သားကဘယ်နေရာမှာနေနေ နေတက်တာမလို့ စိတ်မပူပါနဲ့အမေရယ် သားလေအခုထဲကအမေ့ကိုလွမ်းနေရတော့မယ်ထင်တယ်"
ကွန်းအက္ခမောင်တစ်ယောက်မိခင်ဖြစ်သူကိုဖတ်ပြီးငိုနေပါသည်။
အဖွားဖြစ်သူကသူ့သားနဲ့ကွန်းအမေကိုသဘောမတူတော့ ကွန်းကိုလည်းမြေးတစ်ယောက်အဖြစ်ဘယ်တုန်းကမှမသတ်မှတ်ခဲ့။အဲဒါေကြာင့် ကွန်းအဖေက မိဘရိပ်မှခွဲထွက်၍ နိုင်ငံခြားထွက်ပြီး မိသားစုအတွက်အလုပ်လုပ်ခဲ့သည်မှာ နှစ်တော်တော်ကြာနေပြီဖြစ်သည်။ အခုတော့ နေသားလည်းကျသလို အဆင်ပြေတာမလို့ မိန်းမဖြစ်သူကပါ သားရှေ့ရေးအတွက်အလုပ်လာလုပ်ချင်တာကြောင့် ကွန်းကို ငယ်သူငယ်ချင်းရှိတဲ့အသိရွာလေးဆီမှာ ခဏအပ်ကာနိုင်ငံခြားသို့ထွက်သွားတော့မည်ဖြစ်ပါသည်။
"မငိုပါနဲ့သားရယ်2နှစ်လောက်ပဲခွဲရမှာပါ သားဆယ်တန်းအောင်ရင်အမေပြန်လာခေါ်ပါမယ် တိတ်တိတ် အမေ့သားလေးကလိမ်မာပါတယ်နော်"
ကွန်းအမေကလည်း သားရှေ့ရေးအတွက်မတက်သာလို့သာ တစ်ဦးတည်းသောသားလေးကိုခွဲခွာရခြင်းဖြစ်တာကြောင့် မခွဲချင်ပေမဲ့လည်း သားဖြစ်သူဝမ်းနည်းနေတာသိတာမလို့ ဟန်ဆောင်ပြုံးပြကာနှစ်သိမ့်ပေးလိုက်ရခြင်းသာဖြစ်သည်။
"အင်းပါအမေရယ် အဲ့ဆိုသားသွားတော့မယ်နော်"
ကွန်းလည်းရွာလေးဆီသို့ မိခင်ဖြစ်သူအား ဝမ်းနည်းခြင်းများစွာဖြင့် နှုတ်ဆက်ကာထွက်လာခဲ့လိုက်တော့သည်။
အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ကွန်းလည်းအမေ့သူငယ်ချင်းဒေါ်ခင်လေးရှိတဲ့ရွာလေးကိုရောက်လာခဲ့ေတာ့သည်။ ရွာဆိုပေမဲ့လည်း အမေပြောခဲ့တဲ့အတိုင်း တအားခေါင်တာမဟုတ် ကားလမ်းလည်းပေါက်ပြီးမြို့ကိုဆိုင်ကယ်နဲ့သွားရင်1နာရီခွဲ2နာရီလောက်ဆိုရောက်လောက်မယ်လို့ကွန်းခန့်မှန်းမိပါသည်။
ကွန်းလည်း အမေ့သူငယ်ချင်းဆိုတဲ့ ဒေါ်ခင်လေးအိမ်ရှေ့ကိုရောက်တော့
"ဟိုအိမ်ရှင်တို့ အိမ်ရှင်တို့"
ကွန်း နှစ်ခါခေါ်လိုက်တော့ အမေပြောတဲ့ဒေါ်ခင်လေးဆိုသူကထွက်လာကာ ကွန်းကိုသေချာကြည့်ကာ အံ့ဩသလိုမျက်နှာထားဖြင့်
"သား သားကကွန်းလေးမလား သားတောင်အရွယ်တော်တော်ရောက်လာပြီပဲ အို ကြည့်ပါအုံးချောလိုက်တာမှာအသားဆိုလည်းဖြူနေတာပဲ"
ဒေါ်ခင်လေးက မြို့သားဖြစ်သူကွန်းကိုကြည့်၍ တောသူဖြစ်တာကြောင့်ရော တကယ်ပဲကွန်းရဲ့အသားအရည်က ရွာထဲကလူတွေလို့မဟုတ်တာကြောင့် ရိုးသားစွာအသားဖြူပြီးချောကြောင်းကို ပွင့်လင်းစွာဆိုလာပါသည်။
"ဟုတ်ကဲ့ဒေါ်ဒေါ် သားကကွန်းအက္ခမောင်ပါ အမေကဒေါ်ဒေါ့်ကိုသားအကြောင်းအကုန်ပြောပြီးပြီထင်ပါတယ်"
"ဒေါ်ဒေါ်အကုန်သိထားပါတယ် သားဒီမှာနှစ်နှစ်လောက်နေမှာရယ်ပြီးတော့သားကကိုးတန်းတက်မှာဆိုတဲ့အကြောင်းရယ်"
"ဟုတ်ဒေါ်ဒေါ် သားကကိုးတန်းတက်ရမှာ ဒါနဲ့လေကျောင်းနဲ့အိမ်ကဝေးလားဟင်"
"မဝေးဘူးသားရဲ့ ဆယ့်ငါးမီးနစ်လောက်ပဲလျှောက်ရတာ သားအဖော်မရှိမှာစိတ်မပူပါနဲ့ အဒေါ့်သားကလည်း ကိုးတန်းပဲသားအဖော်ရပါတယ် ပြောသာပြောရတာပါလေအဒေါ့်သားကအိမ်မှာကပ်တယ်လို့ကိုမရှိဘူး တစ်ပတ်တစ်ခါတောင်အိမ်ပြန်အိပ်တာမဟုတ်ဘူး သူ့သူငယ်ချင်အိမ်မှာပဲနေတာ အခုတော့ဘော်ဒါဆောင်မှာနေတယ် စိတ်တော့မပူနဲ့သိလားဒီနားမှာချစ်တီးတို့လည်းရှိတယ်သားအဖော်ရပါတယ်"
"ဟုတ်ကဲ့ဒေါ်ဒေါ်"
"အော်ခရီးပမ်းလာတာမဟုတ်လားနားတော့လေအဒေါ်လည်းစကားကောင်းနေ့တာနဲ့ လာလာအဒေါ်အခန်းလိုက်ပြမယ်"
"ဟုတ်ကဲ့"
"ဒါသားနေရမဲ့အခန်း သားလည်းပမ်းလာတာရေချိုးပြီးတရေးတမောလောက်အိပ်လိုက်အုံးနော် မနက်လည်းကျောင်းတက်ရအုံးမယ်"
"ဟုတ်ကဲ့ေဒါ်ဒေါ်"
ကွန်းလည်းအိပ်ယာပေါ်လှဲလိုက်ကာ
"ဟူး ခုမှပဲအညောင်းပြေသွားတော့တယ်"
ကွန်းအိပ်ယာပေါ်လှဲကာအညောင်းဆန့်လိုက်ရင်း ကိုယ်နှင့်ရင်းနှီးမှုမရှိသေးသော ကျောင်းအားမည်သို့မည်ပုံသွားရမည့်အကြောင်းကိုတွေးတော့နေလိုက်ပါသည်။
ညနေစာစားချိန်ရောက်တော့လည်း ဒေါ်ခင်လေးရဲ့သဘောကောင်းမှုဖော်ရွေမှု့တို့ကြောင့် စိတ်ကျဉ်းကျဉ်းကြပ်ခြင်း စိတ်မသက်သာခြင်းတို့ မရှိနေ။သားအရင်းတစ်ေယာက်ပမာ တကယ်ကိုပဲစိတ်သဘောထားကောင်းရှာပါသည်။ထိုအရာတွေသိတဲ့ အမေကသူငယ်ချင်းဖြစ်သူနဲ့ စိတ်ချထားခဲ့ခြင်းမှာ ဒေါ်ခင်လေးရဲ့သဘောထားပြည့်ဝမှုနဲ့ စိတ်စေတနာကောင်းမှုတို့ကြောင့်ဖြစ်မည်လို့ကွန်းထင်လိုက်ပါသည်။
-------
မနက်ရောက်တော့ ကွန်းလည်း အစောကြီးထပြီး ကိုယ်နှင့်မရင်းနှီးခဲ့ပါသော ကျောင်းကိုသွားဖို့ရန်အတွက် အစောကြီးထကာပြင်ဆင်လိုက်ပြီးတယ်ဆိုရင် အခန်းထဲမှထွက်ကာ
"ဒေါ်ဒေါ် သားကျောင်းသွားတော့မယ်"
"အော်သားခနနေအုံးနော်နောက်ပြီးကျရင်ချစ်တီးရောက်လာလိမ့်မယ်ထမင်းချိုင့်လေးလည်းယူဖို့မမေ့နဲ့အုံးနော်"
ကွန်းလည်းဒေါ်ခင်လေးရဲ့ စိတ်သဘောထားကောင်းမှု့ကိုကြည့်ကာ
"အော်ဟုတ် ဒေါ်ဒေါ်ကအရမ်းသဘောကောင်းတာပဲ ဒေါ်ဒေါ့်သားလည်းသဘောကောင်းမယ်ထင်တယ်"
"ဒေါ်ဒေါ်လည်းအဲ့လိုထင်တာပဲ အော်ချစ်တီးတောင်ရောက်လာပြီသားသွားတော့လေ"
"ဟုတ်ကဲ့"
ချစ်တီးကဒေါ်ခင်လေးကမနေ့က အိမ်ကကျောင်းသားအသစ်လေးကိုဝင်ခေါ်ပေးပါအုံးဆိုတာကြောင့် လာခဲ့လိုက်သောလည်း တကယ်ပဲမြင်လိုက်ရတဲ့သူကြောင့် ပါးစပ်မနေနိုင်ကာ
"အို ချောလိုက်တာ မင်းကနတ်သားလေးလားကွာ ဖြူလိုက်တဲ့အသားကလည်း လူတောင်ဟုတ်ရဲ့လားပဲ"
ကွန်းလည်းကိုယ်ချောတာသိပေမဲ့ ယောက်ျားအချင်းချင်းကို ဒီလိုကြီးမသိတဲ့သူက နတ်သားလားဆိုတာကြောင့် နည်းနည်းတော့ရှက်လာကာ
"မဟုတ်ရပါဘူးကွာ ဒါနဲ့မင်းလည်းကိုးတန်းပဲမလား ငါအခုမှရောက်တာဆိုတော့လေမင်းကိုပဲအားကိုးရတော့မယ်ကိုချစ်တီးရေ"
ကွန်းလည်းဒေါ်ခင်လေးကချစ်တီးဆိုတာကြောင့် ချစ်တီးလို့ပြောလိုက်တယ်ဆိုရင်
"ရပါတယ်ကွာ ဒါနဲ့လေငါ့ကို ချစ်တီးလို့မခေါ်ပါနဲ့လား ငါ့နမည်ကဖြိုးခန့်ကိုပါ ငါကကပ်စီးနည်းလို့တဲ့ေလချစ်တီးလို့ခေါ်ကြတာ မင်းကတော့ငါ့ကိုနမည်ခေါ်ကွာ မကြားရတာကြာတော့ကြားချင်လို့ ဟဲ ဟဲ"
"ဟုတ်ပါပြီဒါဆိုကိုဖြိုးလိုခေါ်မယ်ကွာ ရပြီလား"
"အေး နားထောင်လို့ကောင်းတယ် လာကျောင်းသွားရအောင်"
လမ်းတစ်လျှောက်မသိတာမေးရင်းဖြင့် စကားတပြောပြောလျှောက်လာလိုက်တာ ကျောင်းရောက်ရောကောင်မလေးတွေက ကျောင်းသားအသစ်လည်းဖြစ်သလို ကွန်းရဲ့အသားကလည်းရွာကလူတွေလိုမဟုတ် ဖြူဝင်းပြီးထင်းနေတာကြောင့် ကွန်းကြည့်လိုက်တာမျက်လုံးကျွတ်မတက်အောင်ပင်။
ကွန်းကလည်းကောင်မလေးတွေ ကြည့်နေတာသိတာကြောင့် ပြုံးစိစိနှင့်။အဲတော့ကွန်းကလည်း စိတ်ထဲကနေ ကိုယ့်ကိုကိုယ် ချီးမွန်းခန်းဖွင့်လိုက်ကာ ငါချောတာငါသိတာကိုအဲ့လောက်ကြည့်နေကျတော့ငါတော်တော်လေးတောင်ရှက်တယ် ဟီး
"အော်ဒါနဲ့မင်းနမည်ကဘာလဲငါခုထိမမေးရသေးဘူး"
"ကွန်းအက္ခမောင်ပါ ကွန်းလိုပဲခေါ်ပေါ့ ရတယ်မလား"
"အင်းနမည်လေးလည်းလှလူလေးကလည်းလှတာမှမိန်းမရှုံးလောက်တယ် မင်းတော့ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတော့မှာ ခုပဲကြည့်ပါလား မင်းကိုကြည့်နေတာမှမျက်လုံးတွေတောင်ကျွတ်ထွက်မလားတောင်မှတ်ရတယ်"
"ကြည့်ပါစေလေငါကလည်းချောတာကိုကွ မဟုတ်ဘူးလား"
စကားပြောနေတုန်း ကွန်းတို့လည်းEcoအခန်းရှေ့ရောက်လာတာကြောင့်ရော ချစ်တီးကလည်း လမ်းမှာ ကွန်းကEcoလို့ပြောထားတာကြောင့်ပါ အတူထိုင်ရန်ခေါ်လိုက်ပါသည်။
"လာလာ မင်းကEcoမလားငါနဲ့တူတယ်EcoကBအခန်းပဲ ငါနဲ့မင်းအတူထိုင်မယ်ကွန်းရ အဲ့မှကောင်မလေးတွေကမင်းကိုကြည့်တော့ငါလည်းငမ်းရမယ် ဟဲဟဲ"
"အေးပါမင်းကိုချစ်တီးလို့ခေါ်ရမှာမဟုတ်ဘူးနှာဘူးလို့ခေါ်ရမှာ"
အဲ့လိုနဲ့ချစ်တီးနဲ့သူနဲ့သူငယ်ချင်းဖြစ်သွားကြသည်။ကွန်းလည်းကျောင်းအသစ်ကိုစရောက်တာမို့ အတန်းထဲမှကျောင်းပြင်ဘက်သို့လှည့်ပတ်ကာကြည့်လိုက်တယ်ဆိုရင်
ဟင် ဟိုရှေ့ကလူကချောလိုက်တာ အရပ်ကလည်းရှည်သေး အသားကလည်းငါ့လောက်မဖြူပေမဲ့ယောက်ျားဆန်ကာအတော်ကိုကြည့်ကောင်းတယ် ဒီရွာမှာအဲ့လိုချောတဲ့သူရှိသေးတာပဲလား ကွန်းလည်းကြည့်ကောင်းကောင်းဖြင့် ခဏကြည့်ပြီးတဲ့နောက်မှာ သိချင်တာနဲ့ဘေးနားကကိုဖြိုးကိုမေးလိုက်တော့သည်။
"ကိုဖြိုးဟိုဟာကဘယ်သူတွေလည်းချောတယ်နော်ကွ"
ကိုဖြိုးလည်းကွန်းပြတဲ့နေရာကိုကြည့်လိုက်တယ်ဆိုရင် နှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်ရင်းမှ
"အော် အလံတိုင်ရှေ့ကလျှောက်လာတဲ့တယောက်လား အွန်းချောတာတော့ချောတယ်ဒါပေမဲ့မင်းကိုသတိပေးချင်တယ်အဲ့ကောင်နဲ့တော့မင်းမငြိစေနဲ့နော် သူကကျောင်းမှာဘယ်သူမှလူထင်တာမဟုတ်ဘူးအဆိုးလေး သူ့ဖအေကဥက္ကဌလေ သူလည်းသူ့သားကိုမနိုင်ဘူးတော်တော်ဆိုးတာပြသာနာရှာတဲ့နေရှာမှာသူတို့အဖွဲ့ကအတော်နမည်ကြီးတာလေ မင်းကောင်းကောင်းကျောင်းတက်ချင်ရင်သူနဲ့ကင်းကင်းနေမှရမယ် ငါတော့ကင်းကင်းပဲနေတာ အဖွဲ့ပြောလို့ အများလူအများကြီးထင်မနေနဲ့အုံး နှစ်ယောက်ထဲနဲ့ကိုပေါင်းဆိုးတာ ဘေးနားကတစ်ယောက်နဲ့လေ"
"အော်အဲ့လောက်တောင်ဆိုးတာလား ချောတာတော့အတော်ချောတယ်နော် မင်းပြောမှပဲကြည့်မိတယ်မျက်နှာကြောကသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့"
"အေးပါဆို ထားပါအတန်းထဲကိုအချောလေးတွေရောက်လာပြီငမ်းတာပဲကောင်းတယ်"
တနှာရှုးကိုဖြိုးက ကွန်းစကားကိုထောက်ခံပြီး မိန်းကလေးတန်းသို့မျက်နှာပြန်မူသွားပြန်သည်။
"ဟဲ့မေလေး ကြည့်ပါအုံးချစ်တီးဘေးနားကတယောက်ကချောလိုက်တာမှ နတ်သားလေးကျလို့ ငါတို့အသားတောင်သူလောက်မဖြူဘူးကြည့်ပါအုံးဟယ်ချောတာမှအသေချော"
"အွန်းချောလိုက်တာ ချောတာထက်ချစ်ဖို့ကောင်းတယ်ဒါပေမဲ့ငါတော့ငါ့ကိုကို ပဲချစ်တာ ချောတာကိုလက်ခံပေးတယ်"
"အေးပါဟယ်အဲ့မှာရူးနေလိုက်ဟိုကဖြင့်ရှိတယ်တောင်မထင်တာ ငါတော့အဆင်လေးပဲငမ်းတော့မယ်"
ကွန်းလည်း ကြည့်နေရင်းမှမိန်းကလေးနှစ်ယောက်အတန်းထဲသို့ဝင်လာပြီး ကွန်းအကြောင်းကိုကြည့်ပြီးပြောနေတာကြောင့်
"ကိုဖြိုးအဲ့ဒါဘယ်သူတွေလည်း"
"အဲ့ဒါကမေလေးတဲ့ ချောတယ်နော်သူကအခုနပြောတဲ့လူကိုအသေကြိုက်တာမှဟိုကဖြင့်ရှိတယ်တောင်ထင်တာမဟုတ်ဘူး ငါဖြင့်သူလေးကိုနှမြောလိုက်တာကွာ"
ကွန်းလည်းမေးတာတခြား ဖြေတာကတမျိုးလုပ်နေပြီး တအားနှာဘူးကျတဲ့ကိုဖြိုးကိုကြည့်မရတော့တာကြောင့်
"အမလေးတနှာရူးကတမျိုး"
ကွန်းလည်းကျောင်းသားသစ်ဖြစ်တာကြောင့် ကျောင်းကလူတွေနဲ့လည်းကိုဖြိုးမှလွဲ၍ဘယ်သူနဲ့မှမသိသေး အဲကြောင့်ထိုင်ခုံမှာပဲထိုင်မြဲတိုင်းထိုင်နေလိုက်ပါသည်။
အတန်းပိုင်ဆရာမရောက်လာပြီဖြစ်သလိုကျောင်းခေါ်ဖို့ကတော့အနည်းငယ်လိုသေးပါသည်။မိန်းကလေးတွေလည်းသန်ရှင်းရေလုပ်သူကလုပ် ဘုရားပန်းအိုးထိုးတဲ့သူကထိုးနဲ့ကွန်းလည်းကြည့်နေတုန်းကောင်မလေးတစ်ယောက်ငအနားရောက် လာကာ
"ဟိုလေဘုရားစင်ကမြင့်နေတော့ပန်းအိုးတင်ဖိုးမမှီဘူးဖြစ်နေတယ် အဲ့ကြောင့်တင်ပေးလို့ရမလား"
ကွန်းလည်းအနားမှာရှိတဲ့ ကိုဖြိုးကိုကျော်ပြီး ဒီလူဆီရောက်လာတဲ့သူကြောင့် ကြောင်တောင်တောင်ဖြစ်သွားကာ
ဟမ် ဘာလို့ငါလည်းကိုဖြိုးလည်းဘေးမှာရှိတာကို ကွန်းလည်းတစ်ခုကိုတွေးလိုက်မိတော့ တစ်ချက်ပြုံးလိုက်ကာ ထားပါလေ ငါ့ကချောတော့လည်း
"အော်ပေးလေတင်ပေးလို့ရပါတယ်"
ဘုရားစင်ကအတော်လေးမြင့်တာေကြာင့် ကွန်းအရပ်နဲ့လည်းမမှီ အဲ့တော့ကွန်းလည်းထိုင်ခုံယူပြီးတင်လိုက်ရသည်။တင်ပြီးလို့ဆင်းခါနီးအလှည့်မှာလူတစ်ယောက်ကထိုင်ခုံကိုတိုက်လိုက်တာေကြာင့် ကွန်းလည်းဟန်ချက်ပျက်ပြီးဆွဲမိဆွဲရာတော့
"ဟယ်"
အတန်းထဲကလူတွေက အသံထွက်လာတာေကြာင့် ကွန်းလည်းသတိထားမီလိုက်ပြီးလက်ထဲတခုခုပါလာတာကို ကြည့်လိုက်တယ်တယ်ဆိုရင်
"ဟင်"
လက်ထဲပါလာတာက ပုဆိုးတစ်ထည်အပေါ်ကိုမော့ကြည့်လိုက်တော့ကွန်းကိုဒေါသတကြီးနဲ့ကြည့်နေတာစားတော့ဝါးတော့မတက် ဒီလူကကိုဖြိုးသွားမငြိနဲ့လို့ပြောတဲ့သူ သွားပြီငါတော့သွားပြီ ကွန်းလည်းကြောက်ကြောက်လန့်လန့်နဲ့
"ဟို ဟို ကွန်းတောင်းပန်ပါတယ်"
...........................................................................
Zawgyi
"သား ဟိုကအေမ့သူငယ္ခ်င္းမခင္ေလးကသေဘာေကာင္းပါတယ္ သားလိမ္လိမ္မာမာေနေနာ္ လိုတာရွိရင္အေမ့ကိုလွမ္းဖုန္းဆက္ ႐ြာဆိုေပမဲ့လည္းေတာမက်ၿမိဳ႕မက်ေလးမလို႔အခ်ိန္ၾကာရင္သားေနသားၾကသြားမွာပါ"
"ဟုတ္ကဲ့ပါအေမ အေမလည္းဟိုမွာက်န္းမာေရးဂ႐ုစိုက္ေနာ္ သားကဘယ္ေနရာမွာေနေန ေနတက္တာမလို႔ စိတ္မပူပါနဲ႕အေမရယ္ သားေလအခုထဲကအေမ့ကိုလြမ္းေနရေတာ့မယ္ထင္တယ္"
ကြန္းအကၡေမာင္တစ္ေယာက္မိခင္ျဖစ္သူကိုဖတ္ၿပီးငိုေနပါသည္။
အဖြားျဖစ္သူကသူ႕သားနဲ႕ကြန္းအေမကိုသေဘာမတူေတာ့ ကြန္းကိုလည္းေျမးတစ္ေယာက္အျဖစ္ဘယ္တုန္းကမွမသတ္မွတ္ခဲ့။အဲဒါေကြာင့် ကြန္းအေဖက မိဘရိပ္မွခြဲထြက္၍ နိုင္ငံျခားထြက္ၿပီး မိသားစုအတြက္အလုပ္လုပ္ခဲ့သည္မွာ ႏွစ္ေတာ္ေတာ္ၾကာေနၿပီျဖစ္သည္။ အခုေတာ့ ေနသားလည္းက်သလို အဆင္ေျပတာမလို႔ မိန္းမျဖစ္သူကပါ သားေရွ႕ေရးအတြက္အလုပ္လာလုပ္ခ်င္တာေၾကာင့္ ကြန္းကို ငယ္သူငယ္ခ်င္းရွိတဲ့အသိ႐ြာေလးဆီမွာ ခဏအပ္ကာနိုင္ငံျခားသို႔ထြက္သြားေတာ့မည္ျဖစ္ပါသည္။
"မငိုပါနဲ႕သားရယ္2ႏွစ္ေလာက္ပဲခြဲရမွာပါ သားဆယ္တန္းေအာင္ရင္အေမျပန္လာေခၚပါမယ္ တိတ္တိတ္ အေမ့သားေလးကလိမ္မာပါတယ္ေနာ္"
ကြန္းအေမကလည္း သားေရွ႕ေရးအတြက္မတက္သာလို႔သာ တစ္ဦးတည္းေသာသားေလးကိုခြဲခြာရျခင္းျဖစ္တာေၾကာင့္ မခြဲခ်င္ေပမဲ့လည္း သားျဖစ္သူဝမ္းနည္းေနတာသိတာမလို႔ ဟန္ေဆာင္ၿပဳံးျပကာႏွစ္သိမ့္ေပးလိုက္ရျခင္းသာျဖစ္သည္။
"အင္းပါအေမရယ္ အဲ့ဆိုသားသြားေတာ့မယ္ေနာ္"
ကြန္းလည္း႐ြာေလးဆီသို႔ မိခင္ျဖစ္သူအား ဝမ္းနည္းျခင္းမ်ားစြာျဖင့္ ႏႈတ္ဆက္ကာထြက္လာခဲ့လိုက္ေတာ့သည္။
အခ်ိန္တစ္ခုၾကာၿပီးတဲ့ေနာက္မွာ ကြန္းလည္းအေမ့သူငယ္ခ်င္းေဒၚခင္ေလးရွိတဲ့႐ြာေလးကိုေရာက္လာခဲ့ေတာ့သည်။ ႐ြာဆိုေပမဲ့လည္း အေမေျပာခဲ့တဲ့အတိုင္း တအားေခါင္တာမဟုတ္ ကားလမ္းလည္းေပါက္ၿပီးၿမိဳ႕ကိုဆိုင္ကယ္နဲ႕သြားရင္1နာရီခြဲ2နာရီေလာက္ဆိုေရာက္ေလာက္မယ္လို႔ကြန္းခန့္မွန္းမိပါသည္။
ကြန္းလည္း အေမ့သူငယ္ခ်င္းဆိုတဲ့ ေဒၚခင္ေလးအိမ္ေရွ႕ကိုေရာက္ေတာ့
"ဟိုအိမ္ရွင္တို႔ အိမ္ရွင္တို႔"
ကြန္း ႏွစ္ခါေခၚလိုက္ေတာ့ အေမေျပာတဲ့ေဒၚခင္ေလးဆိုသူကထြက္လာကာ ကြန္းကိုေသခ်ာၾကည့္ကာ အံ့ဩသလိုမ်က္ႏွာထားျဖင့္
"သား သားကကြန္းေလးမလား သားေတာင္အ႐ြယ္ေတာ္ေတာ္ေရာက္လာၿပီပဲ အို ၾကည့္ပါအုံးေခ်ာလိုက္တာမွာအသားဆိုလည္းျဖဴေနတာပဲ"
ေဒၚခင္ေလးက ၿမိဳ႕သားျဖစ္သူကြန္းကိုၾကည့္၍ ေတာသူျဖစ္တာေၾကာင့္ေရာ တကယ္ပဲကြန္းရဲ႕အသားအရည္က ႐ြာထဲကလူေတြလို႔မဟုတ္တာေၾကာင့္ ရိုးသားစြာအသားျဖဴၿပီးေခ်ာေၾကာင္းကို ပြင့္လင္းစြာဆိုလာပါသည္။
"ဟုတ္ကဲ့ေဒၚေဒၚ သားကကြန္းအကၡေမာင္ပါ အေမကေဒၚေဒါ့္ကိုသားအေၾကာင္းအကုန္ေျပာၿပီးၿပီထင္ပါတယ္"
"ေဒၚေဒၚအကုန္သိထားပါတယ္ သားဒီမွာႏွစ္ႏွစ္ေလာက္ေနမွာရယ္ၿပီးေတာ့သားကကိုးတန္းတက္မွာဆိုတဲ့အေၾကာင္းရယ္"
"ဟုတ္ေဒၚေဒၚ သားကကိုးတန္းတက္ရမွာ ဒါနဲ႕ေလေက်ာင္းနဲ႕အိမ္ကေဝးလားဟင္"
"မေဝးဘူးသားရဲ႕ ဆယ့္ငါးမီးနစ္ေလာက္ပဲေလွ်ာက္ရတာ သားအေဖာ္မရွိမွာစိတ္မပူပါနဲ႕ အေဒါ့္သားကလည္း ကိုးတန္းပဲသားအေဖာ္ရပါတယ္ ေျပာသာေျပာရတာပါေလအေဒါ့္သားကအိမ္မွာကပ္တယ္လို႔ကိုမရွိဘူး တစ္ပတ္တစ္ခါေတာင္အိမ္ျပန္အိပ္တာမဟုတ္ဘူး သူ႕သူငယ္ခ်င္အိမ္မွာပဲေနတာ အခုေတာ့ေဘာ္ဒါေဆာင္မွာေနတယ္ စိတ္ေတာ့မပူနဲ႕သိလားဒီနားမွာခ်စ္တီးတို႔လည္းရွိတယ္သားအေဖာ္ရပါတယ္"
"ဟုတ္ကဲ့ေဒၚေဒၚ"
"ေအာ္ခရီးပမ္းလာတာမဟုတ္လားနားေတာ့ေလအေဒၚလည္းစကားေကာင္းေန႕တာနဲ႕ လာလာအေဒၚအခန္းလိုက္ျပမယ္"
"ဟုတ္ကဲ့"
"ဒါသားေနရမဲ့အခန္း သားလည္းပမ္းလာတာေရခ်ိဳးၿပီးတေရးတေမာေလာက္အိပ္လိုက္အုံးေနာ္ မနက္လည္းေက်ာင္းတက္ရအုံးမယ္"
"ဟုတ္ကဲ့ေဒါ်ဒေါ်"
ကြန္းလည္းအိပ္ယာေပၚလွဲလိုက္ကာ
"ဟူး ခုမွပဲအေညာင္းေျပသြားေတာ့တယ္"
ကြန္းအိပ္ယာေပၚလွဲကာအေညာင္းဆန႔္လိုက္ရင္း ကိုယ္ႏွင့္ရင္းႏွီးမႈမရွိေသးေသာ ေက်ာင္းအားမည္သို႔မည္ပုံသြားရမည့္အေၾကာင္းကိုေတြးေတာ့ေနလိုက္ပါသည္။
ညေနစာစားခ်ိန္ေရာက္ေတာ့လည္း ေဒၚခင္ေလးရဲ႕သေဘာေကာင္းမႈေဖာ္ေ႐ြမႈ႕တို႔ေၾကာင့္ စိတ္က်ဥ္းက်ဥ္းၾကပ္ျခင္း စိတ္မသက္သာျခင္းတို႔ မရွိေန။သားအရင္းတစ္ေယာက်ပမာ တကယ္ကိုပဲစိတ္သေဘာထားေကာင္းရွာပါသည္။ထိုအရာေတြသိတဲ့ အေမကသူငယ္ခ်င္းျဖစ္သူနဲ႕ စိတ္ခ်ထားခဲ့ျခင္းမွာ ေဒၚခင္ေလးရဲ႕သေဘာထားျပည့္ဝမႈနဲ႕ စိတ္ေစတနာေကာင္းမႈတို႔ေၾကာင့္ျဖစ္မည္လို႔ကြန္းထင္လိုက္ပါသည္။
-------
မနက္ေရာက္ေတာ့ ကြန္းလည္း အေစာႀကီးထၿပီး ကိုယ္ႏွင့္မရင္းႏွီးခဲ့ပါေသာ ေက်ာင္းကိုသြားဖို႔ရန္အတြက္ အေစာႀကီးထကာျပင္ဆင္လိုက္ၿပီးတယ္ဆိုရင္ အခန္းထဲမွထြက္ကာ
"ေဒၚေဒၚ သားေက်ာင္းသြားေတာ့မယ္"
"ေအာ္သားခနေနအုံးေနာ္ေနာက္ၿပီးက်ရင္ခ်စ္တီးေရာက္လာလိမ့္မယ္ထမင္းခ်ိဳင့္ေလးလည္းယူဖို႔မေမ့နဲ႕အုံးေနာ္"
ကြန္းလည္းေဒၚခင္ေလးရဲ႕ စိတ္သေဘာထားေကာင္းမႈ႕ကိုၾကည့္ကာ
"ေအာ္ဟုတ္ ေဒၚေဒၚကအရမ္းသေဘာေကာင္းတာပဲ ေဒၚေဒၚ့သားလည္းသေဘာေကာင္းမယ္ထင္တယ္"
"ေဒၚေဒၚလည္းအဲ့လိုထင္တာပဲ ေအာ္ခ်စ္တီးေတာင္ေရာက္လာၿပီသားသြားေတာ့ေလ"
"ဟုတ္ကဲ့"
ခ်စ္တီးကေဒၚခင္ေလးကမေန႕က အိမ္ကေက်ာင္းသားအသစ္ေလးကိုဝင္ေခၚေပးပါအုံးဆိုတာေၾကာင့္ လာခဲ့လိုက္ေသာလည္း တကယ္ပဲျမင္လိုက္ရတဲ့သူေၾကာင့္ ပါးစပ္မေနနိုင္ကာ
"အို ေခ်ာလိုက္တာ မင္းကနတ္သားေလးလားကြာ ျဖဴလိုက္တဲ့အသားကလည္း လူေတာင္ဟုတ္ရဲ႕လားပဲ"
ကြန္းလည္းကိုယ္ေခ်ာတာသိေပမဲ့ ေယာက္်ားအခ်င္းခ်င္းကို ဒီလိုႀကီးမသိတဲ့သူက နတ္သားလားဆိုတာေၾကာင့္ နည္းနည္းေတာ့ရွက္လာကာ
"မဟုတ္ရပါဘူးကြာ ဒါနဲ႕မင္းလည္းကိုးတန္းပဲမလား ငါအခုမွေရာက္တာဆိုေတာ့ေလမင္းကိုပဲအားကိုးရေတာ့မယ္ကိုခ်စ္တီးေရ"
ကြန္းလည္းေဒၚခင္ေလးကခ်စ္တီးဆိုတာေၾကာင့္ ခ်စ္တီးလို႔ေျပာလိုက္တယ္ဆိုရင္
"ရပါတယ္ကြာ ဒါနဲ႕ေလငါ့ကို ခ်စ္တီးလို႔မေခၚပါနဲ႕လား ငါ့နမည္ကၿဖိဳးခန႔္ကိုပါ ငါကကပ္စီးနည္းလို႔တဲ့ေလချစ်တီးလို့ခေါ်ကြတာ မင္းကေတာ့ငါ့ကိုနမည္ေခၚကြာ မၾကားရတာၾကာေတာ့ၾကားခ်င္လို႔ ဟဲ ဟဲ"
"ဟုတ္ပါၿပီဒါဆိုကိုၿဖိဳးလိုေခၚမယ္ကြာ ရၿပီလား"
"ေအး နားေထာင္လို႔ေကာင္းတယ္ လာေက်ာင္းသြားရေအာင္"
လမ္းတစ္ေလွ်ာက္မသိတာေမးရင္းျဖင့္ စကားတေျပာေျပာေလွ်ာက္လာလိုက္တာ ေက်ာင္းေရာက္ေရာေကာင္မေလးေတြက ေက်ာင္းသားအသစ္လည္းျဖစ္သလို ကြန္းရဲ႕အသားကလည္း႐ြာကလူေတြလိုမဟုတ္ ျဖဴဝင္းၿပီးထင္းေနတာေၾကာင့္ ကြန္းၾကည့္လိုက္တာမ်က္လုံးကြၽတ္မတက္ေအာင္ပင္။
ကြန္းကလည္းေကာင္မေလးေတြ ၾကည့္ေနတာသိတာေၾကာင့္ ၿပဳံးစိစိႏွင့္။အဲေတာ့ကြန္းကလည္း စိတ္ထဲကေန ကိုယ့္ကိုကိုယ္ ခ်ီးမြန္းခန္းဖြင့္လိုက္ကာ ငါေခ်ာတာငါသိတာကိုအဲ့ေလာက္ၾကည့္ေနက်ေတာ့ငါေတာ္ေတာ္ေလးေတာင္ရွက္တယ္ ဟီး
"ေအာ္ဒါနဲ႕မင္းနမည္ကဘာလဲငါခုထိမေမးရေသးဘူး"
"ကြန္းအကၡေမာင္ပါ ကြန္းလိုပဲေခၚေပါ့ ရတယ္မလား"
"အင္းနမည္ေလးလည္းလွလူေလးကလည္းလွတာမွမိန္းမရႈံးေလာက္တယ္ မင္းေတာ့ေကာင္မေလးေတြဝိုင္းဝိုင္းလည္ေနေတာ့မွာ ခုပဲၾကည့္ပါလား မင္းကိုၾကည့္ေနတာမွမ်က္လုံးေတြေတာင္ကြၽတ္ထြက္မလားေတာင္မွတ္ရတယ္"
"ၾကည့္ပါေစေလငါကလည္းေခ်ာတာကိုကြ မဟုတ္ဘူးလား"
စကားေျပာေနတုန္း ကြန္းတို႔လည္းEcoအခန္းေရွ႕ေရာက္လာတာေၾကာင့္ေရာ ခ်စ္တီးကလည္း လမ္းမွာ ကြန္းကEcoလို႔ေျပာထားတာေၾကာင့္ပါ အတူထိုင္ရန္ေခၚလိုက္ပါသည္။
"လာလာ မင္းကEcoမလားငါနဲ႕တူတယ္EcoကBအခန္းပဲ ငါနဲ႕မင္းအတူထိုင္မယ္ကြန္းရ အဲ့မွေကာင္မေလးေတြကမင္းကိုၾကည့္ေတာ့ငါလည္းငမ္းရမယ္ ဟဲဟဲ"
"ေအးပါမင္းကိုခ်စ္တီးလို႔ေခၚရမွာမဟုတ္ဘူးႏွာဘူးလို႔ေခၚရမွာ"
အဲ့လိုနဲ႕ခ်စ္တီးနဲ႕သူနဲ႕သူငယ္ခ်င္းျဖစ္သြားၾကသည္။ကြန္းလည္းေက်ာင္းအသစ္ကိုစေရာက္တာမို႔ အတန္းထဲမွေက်ာင္းျပင္ဘက္သို႔လွည့္ပတ္ကာၾကည့္လိုက္တယ္ဆိုရင္
ဟင္ ဟိုေရွ႕ကလူကေခ်ာလိုက္တာ အရပ္ကလည္းရွည္ေသး အသားကလည္းငါ့ေလာက္မျဖဴေပမဲ့ေယာက္်ားဆန္ကာအေတာ္ကိုၾကည့္ေကာင္းတယ္ ဒီ႐ြာမွာအဲ့လိုေခ်ာတဲ့သူရွိေသးတာပဲလား ကြန္းလည္းၾကည့္ေကာင္းေကာင္းျဖင့္ ခဏၾကည့္ၿပီးတဲ့ေနာက္မွာ သိခ်င္တာနဲ႕ေဘးနားကကိုၿဖိဳးကိုေမးလိုက္ေတာ့သည္။
"ကိုၿဖိဳးဟိုဟာကဘယ္သူေတြလည္းေခ်ာတယ္ေနာ္ကြ"
ကိုၿဖိဳးလည္းကြန္းျပတဲ့ေနရာကိုၾကည့္လိုက္တယ္ဆိုရင္ ႏႈတ္ခမ္းကိုတစ္ခ်က္မဲ့လိုက္ရင္းမွ
"ေအာ္ အလံတိုင္ေရွ႕ကေလွ်ာက္လာတဲ့တေယာက္လား အြန္းေခ်ာတာေတာ့ေခ်ာတယ္ဒါေပမဲ့မင္းကိုသတိေပးခ်င္တယ္အဲ့ေကာင္နဲ႕ေတာ့မင္းမၿငိေစနဲ႕ေနာ္ သူကေက်ာင္းမွာဘယ္သူမွလူထင္တာမဟုတ္ဘူးအဆိုးေလး သူ႕ဖေအကဥကၠဌေလ သူလည္းသူ႕သားကိုမနိုင္ဘူးေတာ္ေတာ္ဆိုးတာျပသာနာရွာတဲ့ေနရွာမွာသူတို႔အဖြဲ႕ကအေတာ္နမည္ႀကီးတာေလ မင္းေကာင္းေကာင္းေက်ာင္းတက္ခ်င္ရင္သူနဲ႕ကင္းကင္းေနမွရမယ္ ငါေတာ့ကင္းကင္းပဲေနတာ အဖြဲ႕ေျပာလို႔ အမ်ားလူအမ်ားႀကီးထင္မေနနဲ႕အုံး ႏွစ္ေယာက္ထဲနဲ႕ကိုေပါင္းဆိုးတာ ေဘးနားကတစ္ေယာက္နဲ႕ေလ"
"ေအာ္အဲ့ေလာက္ေတာင္ဆိုးတာလား ေခ်ာတာေတာ့အေတာ္ေခ်ာတယ္ေနာ္ မင္းေျပာမွပဲၾကည့္မိတယ္မ်က္ႏွာေၾကာကသူ႕လုပ္စာထိုင္စားေနရတဲ့႐ုပ္နဲ႕"
"ေအးပါဆို ထားပါအတန္းထဲကိုအေခ်ာေလးေတြေရာက္လာၿပီငမ္းတာပဲေကာင္းတယ္"
တႏွာရႈးကိုၿဖိဳးက ကြန္းစကားကိုေထာက္ခံၿပီး မိန္းကေလးတန္းသို႔မ်က္ႏွာျပန္မူသြားျပန္သည္။
"ဟဲ့ေမေလး ၾကည့္ပါအုံးခ်စ္တီးေဘးနားကတေယာက္ကေခ်ာလိုက္တာမွ နတ္သားေလးက်လိဳ႕ ငါတို႔အသားေတာင္သူေလာက္မျဖဴဘူးၾကည့္ပါအုံးဟယ္ေခ်ာတာမွအေသေခ်ာ"
"အြန္းေခ်ာလိုက္တာ ေခ်ာတာထက္ခ်စ္ဖို႔ေကာင္းတယ္ဒါေပမဲ့ငါေတာ့ငါ့ကိုကို ပဲခ်စ္တာ ေခ်ာတာကိုလက္ခံေပးတယ္"
"ေအးပါဟယ္အဲ့မွာ႐ူးေနလိုက္ဟိုကျဖင့္ရွိတယ္ေတာင္မထင္တာ ငါေတာ့အဆင္ေလးပဲငမ္းေတာ့မယ္"
ကြန္းလည္း ၾကည့္ေနရင္းမွမိန္းကေလးႏွစ္ေယာက္အတန္းထဲသို႔ဝင္လာၿပီး ကြန္းအေၾကာင္းကိုၾကည့္ၿပီးေျပာေနတာေၾကာင့္
"ကိုၿဖိဳးအဲ့ဒါဘယ္သူေတြလည္း"
"အဲ့ဒါကေမေလးတဲ့ ေခ်ာတယ္ေနာ္သူကအခုနေျပာတဲ့လူကိုအေသႀကိဳက္တာမွဟိုကျဖင့္ရွိတယ္ေတာင္ထင္တာမဟုတ္ဘူး ငါျဖင့္သူေလးကိုႏွေျမာလိုက္တာကြာ"
ကြန္းလည္းေမးတာတျခား ေျဖတာကတမ်ိဳးလုပ္ေနၿပီး တအားႏွာဘူးက်တဲ့ကိုၿဖိဳးကိုၾကည့္မရေတာ့တာေၾကာင့္
"အမေလးတႏွာ႐ူးကတမ်ိဳး"
ကြန္းလည္းေက်ာင္းသားသစ္ျဖစ္တာေၾကာင့္ ေက်ာင္းကလူေတြနဲ႕လည္းကိုၿဖိဳးမွလြဲ၍ဘယ္သူနဲ႕မွမသိေသး အဲေၾကာင့္ထိုင္ခုံမွာပဲထိုင္ၿမဲတိုင္းထိုင္ေနလိုက္ပါသည္။
အတန္းပိုင္ဆရာမေရာက္လာၿပီျဖစ္သလိုေက်ာင္းေခၚဖို႔ကေတာ့အနည္းငယ္လိုေသးပါသည္။မိန္းကေလးေတြလည္းသန္ရွင္းေရလုပ္သူကလုပ္ ဘုရားပန္းအိုးထိုးတဲ့သူကထိုးနဲ႕ကြန္းလည္းၾကည့္ေနတုန္းေကာင္မေလးတစ္ေယာက္ငအနားေရာက္ လာကာ
"ဟိုေလဘုရားစင္ကျမင့္ေနေတာ့ပန္းအိုးတင္ဖိုးမမွီဘူးျဖစ္ေနတယ္ အဲ့ေၾကာင့္တင္ေပးလို႔ရမလား"
ကြန္းလည္းအနားမွာရွိတဲ့ ကိုၿဖိဳးကိုေက်ာ္ၿပီး ဒီလူဆီေရာက္လာတဲ့သူေၾကာင့္ ေၾကာင္ေတာင္ေတာင္ျဖစ္သြားကာ
ဟမ္ ဘာလို႔ငါလည္းကိုၿဖိဳးလည္းေဘးမွာရွိတာကို ကြန္းလည္းတစ္ခုကိုေတြးလိုက္မိေတာ့ တစ္ခ်က္ၿပဳံးလိုက္ကာ ထားပါေလ ငါ့ကေခ်ာေတာ့လည္း
"ေအာ္ေပးေလတင္ေပးလို႔ရပါတယ္"
ဘုရားစင္ကအေတာ္ေလးျမင့္တာေကြာင့် ကြန္းအရပ္နဲ႕လည္းမမွီ အဲ့ေတာ့ကြန္းလည္းထိုင္ခုံယူၿပီးတင္လိုက္ရသည္။တင္ၿပီးလို႔ဆင္းခါနီးအလွည့္မွာလူတစ္ေယာက္ကထိုင္ခုံကိုတိုက္လိုက္တာေကြာင့် ကြန္းလည္းဟန္ခ်က္ပ်က္ၿပီးဆြဲမိဆြဲရာေတာ့
"ဟယ္"
အတန္းထဲကလူေတြက အသံထြက္လာတာေကြာင့် ကြန္းလည္းသတိထားမီလိုက္ၿပီးလက္ထဲတခုခုပါလာတာကို ၾကည့္လိုက္တယ္တယ္ဆိုရင္
"ဟင္"
လက္ထဲပါလာတာက ပုဆိုးတစ္ထည္အေပၚကိုေမာ့ၾကည့္လိုက္ေတာ့ကြန္းကိုေဒါသတႀကီးနဲ႕ၾကည့္ေနတာစားေတာ့ဝါးေတာ့မတက္ ဒီလူကကိုၿဖိဳးသြားမၿငိနဲ႕လို႔ေျပာတဲ့သူ သြားၿပီငါေတာ့သြားၿပီ ကြန္းလည္းေၾကာက္ေၾကာက္လန႔္လန႔္နဲ႕
"ဟို ဟို ကြန္းေတာင္းပန္ပါတယ္"
...........................................................................