အပိုင်း(၄၂)
- ခွပ်..
ဟေဝန်ပါးပြင်ပေါ်သို့...
လက်သီးချက်က မပျင်းပေမဲ့လို့ သောက်ထားတဲ့အရှိန်ကြောင့်..ဟေဝန်sofa ပေါ်သို့ ပစ်လဲသွားခဲ့သည်..ထိုအခါမှ လူတွေ အုံကြွလာပီး..သူတို့အား.ပွဲကြည့်ပရိတ်သက်လို.ကြည့်နေခဲ့တယ်..
ဟေဝန်အောက်နှခမ်းပေါက်သွားတော့ သေွးစအချို့ထွက်လာတာ သိလိုက်ရသည်..နှခမ်းကိုကွေးတင်လိုက်ပီး
- ကျေနပ်ရဲ့လား..ထပ်ထိုး..ထပ်ထိုးလေ..ခင်ဗျားကျေနပ်တဲ့အထိ ထိုး..
ဟေဝန် ယိုင်တိယိုင်တိုင်နဲ့ မတ်တပ် ထရပ်လိုက်ပီး
ထည်ဝါ ရှေ့သွားလိုက်ကာ..
- ပီးရင် ထွက်သွားပေး..ကျနော့ဘဝထဲကအပီးထွက်သွားပေး..
ထည်ဝါ အံကိုကြိတ်ထားပီး..ဟေဝန့်ရဲ့ကော်လံစ ကိုဆောင့်စွဲရင်း..
- ဘာလို့ခုလိုလုပ်ရတာလဲ..ဘာလို့လဲ..ဟေဝန်
ထိုအချိန် ပိုင်နဲ့ အောင် ရောက်လာခဲ့ပီး..ပိုင်က ထည်ဝါ ကိုဝင်ဆွဲလိုက်ရင်း..ဟေဝန့်ကို အောင်ထိန်းထားလိုက်တယ်..ဟေဝန် ယိုင်နေပီလေ..
- shine တော်တော့ တခြားသူတွေကြည့်နေပီ..ခနနေရင် လုံခြုံရေးတွေရောက်လာတော့မယ်..ပိုင်တို့ပြန်ရအောင်..နော် စိတ်ကိုလျှော့ shine စိတ်ကိုလျှော့ပါ..
ထည်ဝါ မျက်လုံးတွေနီမြန်းနေတယ်..ဒေါသထွက်နေတာ သိသာနေတောကြောင့် ပိုင် ထည်ဝါ့ရဲ့ ကျောပြင်ကိုပုပ်ပေးလိုက်ရင်း ထိုနေရာကနေ ဆွဲခေါ်လာခဲ့သည်..
ကျနော်..ရင်ထဲကငိုနေမယ်ဆိုတာ မသိဘူး..ဦးမသိပါဘူး..ဟန်ဆောင်ထားတဲ့ အပြင်ကမျက်နှာဖုံးကိုသာ ဦးကမြင်နေခဲ့တာလေ..
ဟေဝန် ပြန်ခါနီး..
ဘေးမှာရပ်နေတဲ့ ကောင်မလေး..တနည်းအားဖြင့်..ပိုက်ဆံပေးပီးခိုင်းထားတဲ့ကောင်မလေး..
အား..လကျညိုးထိုးလိုကျကာ...
- သွားပီ..ကိုယ်နောက်နေ့မှပြန်လာခဲ့တာပေါ့..အဟက်..
ထိုစကားကို ထည်ဝါ မကြားကြားအောင်..သူတမင်ပြောခဲ့တာ..
နမ်းတယ်ဆိုတာလဲ..တကယ်မဟုပ်ခဲ့ပါဘူး..ဦး လာနေပီဆိုတာ..သိနေလို့ ဦးရှေ့ တမင်ဟန်ဆောင်ပြခဲ့တာ..ဘယ်လိုလဲ..ကျနော်ဟန်ဆောင်ကောင်းခဲ့ရဲ့လား..ဟန်ဆောင်ကောင်းတယ်မလားဟင်ဦး..လွယ်လဲမလွယ်သလို အဆင်လဲမပြေဘူး..ဒါပေမဲ့..အဆင်ပြေပါတယ်ဆိုတဲ့စကားကို သုံးပီးကျနော့ဒဏ်ရာ တွေကိုဖုံးထားဖို့ကြိုးစားခဲ့ရုံပါ..တောင်းပန်ပါတယ်..
ကားပေါ်ရောက်တော့ အားလုံးတိတ်ဆိပ်နေကြသည်..နောက်ခန်းမှာ ေဟဝန်နဲ့ ထည်ဝါ ကိုထားထားပေမဲ့ ဘယ်သူမှ မျက်နှချင်းမဆိုင်ကြသလို..ကားအပြင်ဘက်ကိုကြည့်ကာ ဝမ်းနည်းမှုတို့နှင့်အတူ..မျက်ရည်စတို့အချို့ မျက်ဝန်းတွင် တွဲခိုနေကြသည်..ထည်ဝါ့ ရဲ့မျက်ဝန်း..
ဟေဝန် မူးနေတာကြောင့် ကားပေါ်တက်ကတည်းက အိပ်နေလိုက်သည်
" နားမလည်နိုင်တာထက် တမနက်ခင်းလေးမှာ အရာအားလုံးပျတ်စီးသွားခဲ့တာ ယုံတောင် မယုံကြည့်နိုင်ဘူး..သူပြောင်းလဲသွားပီ..ဟင့်အင် ကျနော်အိမ်မက် မက်နေတာမလားဟင်..ခလေးက ခလေးကကျနော့ကိုဘယ်တော့မှ ညီးငွေ့မှာမဟုပ်ဘူး..ကျနော်မှားသွားပီ..စိတ်လက်မာန်ပါ နဲ့ ခလေးကိုထိုးလိုက်မိတယ်.."
ထည်ဝါ ဟေဝန်ဘက်လှည့်လိုက်တော့ အပစ်ကင်းစင်တဲ့ ခလေးနှခမ်းပေါ်မှာ ကွဲအပ် သွားတဲ့ ဒဏ်ရာ
မြင်လိုက်ရပြန်တော့ ထည်ဝါ ကိုယ့်ကိုကိုယ်သာ အပစ်တင်ရုံမှလွဲပီး..
ဟေဝန့်ရဲ့ ကိုယ်လေးကို ရင်ခွင် ထဲဆွဲသွင်းလိုက်ပီး..နဖူးလေးအား..နမ်းလိုက်သည်
- ဦးကို မထားခဲ့ပါနဲ့နော်..
...
ရှေ့မှာရှိနေတဲ့ ပိုင်တယောက် သက်ပျင်းချလိုက်ရင်း.ကားမောင်းနေတဲ့.အောင့်ကို အားကိုးတကြီးကြည့်လိုက်မိသည်..
အောင် ပိုင့်ရဲ့ခေါင်းလေးကိုကိုင်လိုက်ပီး..
- ဘာမှစိတ်မပူနဲ့..အဆင်ပြေသွားလိမ့်မယ်နော် ဟေဝန်က မူးနေလို့ပါ..
အောင့်ရဲ့ရင်ခွင်ထဲဝင်သွားလိုက့်ကာ..နှစ်ဦးသားကြားရုံလောက်..ပိုင်ပြောလိုက်တယ်
- shine သနားပါတယ်...
......
အောင် မသိတဲ့အချိန် ဟေဝန်အပြင်ထွက်လာခဲ့သည်..ဘားကိုပေါ့..
နေ့လည်ထမင်းစားချိန်ရောက်နေပီမို့ ပိုင် ထည်ဝါ့ကို လာခေါ်တော့ ဝန်ထမ်းကောင်မလေးက အလောတကြီး အပြင်ထွက်သွားတယ်ပြောသည် ပိုင် စိုးရိမ်မိသွားတယ်..ထည်ဝါယူသွားတဲ့ကားက ပိုင့်ရဲ့ကားဆိုတော့ ကားသွားရာ..location ကိုကြည့်လိုက်တယ် မြို့ပြင်ဘက်က နမည်ကြီးဆုံးဘား တခု..
ထို့နောက် အောင့်ကို ဖုန်းဆက်ပီး..သူတို့နှစ်ယောက်ထိုဘားကို ရောက်လာခဲ့ခြင်းဖြစ်သည်..
....
အိမ်ပြန်ရောက်လာကြပီး..ထည်ဝါ ဘသူ့ကိုမှ စကားမပြောဘဲ ဟေဝန့်ကိုယ်လေးကို ပွေ့ချီကာ..အပေါ်ထပ်က အခန်းဆီသို့..
မွေ့ယာပေါ် ချပေးလိုက်ပီး..သူပါ တဆောင်းလှဲအိပ်လိုက်သည်..ဟေဝန့်ရဲ့ နဖူး​ပေါ်..ကျနေတဲ့ ဆံပင်လေးတွေအား..သပ်ပေးရင်း
- ဦးခွင့်လွှတ်တယ်နော်..နောက်တခါ ဘယ်တော့မှ  ခလေးဘေးက​ေနထွက်မသွားခိုင်းပါနဲ့..ဦးခံစားရလို့ပါ..နော်ခလေးလေး...ဦးလေ ခလေးကိုစွန့်လွှတ်ဖို့အကြောင်းမပြောနဲ့ မတွေ့ရရင်မနေနိုင်လောက်အောင် လွမ်းနေတက်တာ..တဖြေးဖြေး ခလေးကိုပိုချစ်လာမှန်းသိလာသလို အဆုံးရှုံးလဲ မခံနိုင်တော့ဘူး..လူဆိုးလေး..ဦးရဲ့ အရင်ကချွဲစိန်လေး ပြန်လာခဲ့တော့နော်..
ထည်ဝါ မျက်လုံးလေးတွေ မှိတ်ချလိုက်ရင်း..ဟေဝန့်ကို ဖတ်ကာ..အိပ်ပျော်သွားခဲ့ပီလေ..
သူမသိခဲ့တာ..မျက်လုံးမှိတ်ထားရက်သား..စီးကျလာတဲ့ မျက်ရည်စက်တချို့..ဟေဝန် ဦးပြောသမျှကြားနေခဲ့သည်လေ..
" ရင်ထဲက တလှိုက်လှိုက်နဲ့..စို့စို့တက်လာတယ်..ကြိတ်ငိုရတာလား..ပင်ပန်းတယ်..ကျနော်ပင်ပန်းနေပီဦး..ရင်အထဲမှာ အကြိမ်ပေါင်းမနဲ တောင်းပန်နေတဲ့ ကျနော့အသံကို..ဦးများကြားခဲ့ရင် ကောင်းပါရဲ့..အသက်တမျှ ချစ်ခဲ့ရတဲ့သူတစ်ယောက်ကို တသက်လုံးမုန်းတီးအောင် လုပ်ဖို့ ဆိုတာ..နဲနဲတော့ မဟုပ်သေးဘူးမလား.."
အိပ်စက်ပါချစ်သူ..ထွက်မသွားခင်အထိ ဒီပုခုံးလေးပေါ်မှာ ခနမျှတော့ မှေးစက်ထားပါ..
ပြန်နိုးခဲ့ရင်တော့..အိမ်မက်တွေနဲ့အတူ ကျနော့ကိုပါမေ့ဖျောက်ပေးနိုင်မလား..
" တနေ့တော့သိလာမှာပါ..ဦးကိုစွန့်ပစ်ခဲ့တဲ့အကြောင်းတွေလေ..အခုတော့..အမုန်းခံရင်း..ကျနော့ကိုမေ့ပစ်ပေးပါ..."
ဟေဝန် မျက်လုံးတွေမှေးဆင်းသွားရင်း..အိပ်စက်ချင်းဆီသို့....
.......
ထိုနေ့က သူတို့နှစ်ယောက်လုံး..ညစာတောင်ဆင်းမစားခဲ့ကြဘူး...
....
In morning....
ထည်ဝါ မျက်လုံးတွေဖွင့်လာခဲ့ရင်း..ဘေးကိုကြည့်လိုက်တယ်.သူရှာနေတဲ့သူမတွေ့.ထထိုင်လိုက်တော့ မှန်တင်ခုံရှေ့မှာ ပြင်ဆင်နေတဲ့ ဟေဝန်ကို တွေ့လိုက်ရပြန်တော့..ထည်ဝါ မျက်မှောင်ကြုပ့်လ်ုက်ရင်း
- ဘယ်ကို သွားမလို့လဲ..
ထည်ဝါတိုးညင်းသောအသံဖြင့်မေးလိုက်သည်
ဟေဝန် ရေမွှေးအားတကိုယ်လုံးစွတ်လိုက်ရင်း
- မနေ့က ဘားကိုသွားမလို့..
ကုတင်ပေါ်မှ ဆင်းလာကာဟေဝန်ရဲ့ ပုခုံးကိုစုပ်ကိုင်လိုက်တယ်
- မင်းဘာဖြစ်ချင်နေတာလဲဟေဝန် ဘာလို့ခုလိုရုပ်တရက် တစိမ်းဆံသွားရတာလဲ..
လက်ကိုခါချလိုက်သည့် ဟေဝန်
- ညီး.. ငွေ့...လို့
တလုံးချင်း ပြောနေတဲ့ ဟေဝန်ရဲ့ပုံစံက အရင်က ကျနော့ရဲ့ ခလေးမှ ဟုပ်ရဲ့လားလို့ တွေးမိလိုက်တယ်..
- ခင်ဗျားကို ညီးငွေ့လို့ အပျော်သွားရှာတာ ဆန်းလား..
ထည်ဝါ ခေါင်းခါလိုက်ရင်း..ဟေဝန်ရဲ့လက်ကို ကိုင်လိုက်ကာ..
- မသွားပါနဲ့..ဦးတောင်းပန်ပါတယ်..ခလေးပြောလေ ဦးကိုဘာမကြိုက်တာလဲ ဦးပြင်မယ်..ဒါပေမဲ့ အဲ့ဘားကို ထပ်မသွားပါနဲ့.. ထပ်မသွားပါနဲ့နော်
- ခင်ဗျားကို စိတ်ကုန်နေပီ..ပြင်လဲ ကျနော့အတွက် ဘာမှဖြစ်လာမှာမဟုပ်ဘူး..ကျနော်မှားသွားတယ်..ခင်ဗျားနောက်ကိုလိုက်လာခဲ့တာ..ဒီလိုသူများအိမ်မှာပဲကပ်နေသွားရတော့မှာလား..ကျနော်မနေဘူးနော်..ခင်ဗျားရဲ့လုပ်ခလစာ .တစ်ပဲခြောက်ပြား.လေးနဲ့တော့ ကျနော့ကိုဆွဲမထားနဲ့ ကျနော်စိတ်ကုန်နေတာ အဲဒါတွေလဲပါတယ်..
- ..ဦးစာပြန်ရေးမယ်လေ..ပီးတော့ ခလေးကိုလိုလေးသေးမရှိအောင် ဦးထားပါ့မယ်..တောင်းပန်ပါတယ်ကွာ..ဦးဆီက ထွက်မသွားပါနဲ့
ငိုချင်နေတဲ့ မျက်ရည်တို့ကို ချုပ်တည်းရင်း
- အဟက်..စာရေးမယ်..ဟုပ်လားတော်ပါတော့ ဦးထည်ဝါ ရယ်.တော်ပါတော့. ထိုင်ပီးတော့ အရေမရ အဖတ်မရတာတွေကို တသက်လုံး လုပ်နေလိုက် ဘယ်တော့ မှ ခင်ဗျားကြီးပွားလာမှာမဟုပ်ဘူး..ကျနော်ကရော အဲ့ဘဝမှာ ကျေကျေနပ်နပ်နဲ့..နေနိုင်မယ်လို့ထင်နေတာလား.ခင်ဗျားထင်နေတာလား
ဟမ်...အဲ့အတွေးကိုရပ်ပစ်လိုက်တော့..နောင်တရနေပီ..ခင်ဗျားကိုတကယ်စိတ်ကုန်သွားတာ..ပန်းတော်ဝင် စံအိမ်ကိုပြန်မယ်..ကျနော့ဘဝက ဒီမှာနေရင် ဘာမှ တိုးတက်လာမှာမဟုပ်သလို ကျနော်စိတ်ကစားခဲ့တာ..
- ဟေဝန့်..!! မင်း.. မင်းတော့ကွာ..
ထည်ဝါ ပြောမပြတက်အောင် ဝမ်းနည်းမှုတို့နှင့်အတူ..ဒေါသတို့က အထွပ်အထိပ်..မျက်ရည်တွေ တရပ်စပ် ကျနေတဲ့ ထည်ဝါ တစ်ယောက် စားပွဲပေါ်မှာရှိနေတဲ့ ပစ္စည်းအချို့တို့အား..ဟေဝန့်အပေါ်ထွက်နေတဲ့ ဒေါသတို့ ထိုပစ္စည်းတို့အပေါ်.. အပစ်ပုံချလိုက်သည်..
- ဒုန်းးး.ခလွမ်...!!
- မပြောနဲ့ ဟေဝန်..မင်းဆက်မပြောနဲ့တော့..
ပိုင်တို့ အသံတွေကြားတော့ အပေါ်ထပ်ကိုပြေးတက်လာခဲ့သည်..
- ပြောမယ်.ကျနော့ကိုမတားနဲ့.ဒီလိုဘဝမှာနေရတာ ညီးငွေ့နေပီ..ခင်ဗျားနဲ့ရကတည်းက ကျနော်ဘာဆိုဘာမှ လွတ်လွတ် လပ်လပ်နေခွင့်မရခဲ့ဘူး..အရာရာ ခင်ဗျားသဘောအတိုင်းနေပေးခဲ့တယ်..ကျနော့အတွက် စိတ်ချမ်းသာမှုကဘယ်မှာလဲ..သိလိုက်ရတယ်..နောင်မှ ရတဲ့နောင်တတွေလေ..ခင်ဗျားပြောဖူးတယ်မို့လား..အချစ်တခုတည်းနဲ့ ဘဝတခု ထူထောင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ..အခု သက်သေပြလိုက်တာပဲလေ..ကျနော်စိတ်ပျတ်နေသလို ခင်ဗျားဘေးမှာ နေ နေရတာလဲ တော်တော်စိတ်ကုန်နေပီ..လွတ်လပ်ခွင့်ပေးပါတော့...
- ဟေဝန် ဘာတွေလျှောက်ပြောနေတာလဲ အဆင်မပြေ ရင် ပိုင် တို့နဲ့အတူ ပြသနာတွေကို ဖြေရှင်းလို့ရပါတယ်..ဟေဝန်ရယ်..စိတ်လိုက်မာန်ပါမဆုံးဖြတ်ပါနဲ့..ပြန်စဥ်းစားပါအုးံ
သူ့လက်မောင်းကိုကိုင်ထားတဲ့ ပိုင်ရဲ့လက်ကို ဖယ်လိုက်ပီး..
- ဟေဝန်တို့ဘဝမှာ နှစ်ခါပြန်မစဥ်းစားတက်ဘူး..ငါဆုံးဖြတ်ချက်ချလိုက်ပီ..
- ဟေဝန် မင်းဘာတွေဖြစ်နေတာလဲ..မင်းပဲဦးထည်ဝါ ကိုချစ်လို့ သူ့နောက်လိုက်ခဲ့တာမဟုပ်လား..အခက်ခဲတွေကြားကနေ မင်းသူ့ဆီလိုက်လာခဲ့ရတာလေ..အခု အဲဒါတွေက အကုန်လုံး သဲထဲရေသွန် ဖြစ်ကုန်တော့မှာလား..ငါမင်းသူငယ်ချင်းအနေနဲ့ ပြောမယ်..မင်းလုပ်ရက်တွေမှားနေပီ...ဟေဝန်..
- ဟားဟားဟား ဟားဟား..ဟားအဟက်.အားလုံးက ေနာက်ဆုံးတော့ ငါ့အမှားပဲဖြစ်ရတယ်ပေါ့..ဒီက ကောင်ရဲ့ရင်ထဲဝင်ကြည့်ကြစမ်းပါ..ဘာတွေဖြစ်နေလဲဆိုတာ..ခင်ဗျားတို့ထက် နှစ်ဆ..နှစ်ဆ ဗျ ပူလောင်နေတယ်ဆိုတာ သိသင့်တယ်..ငါပြောပီးပီးပဲ..စိတ်ကစားခဲ့တာလို့..မချစ်တော့တဲ့သူတစ်ယောက်အနားမှာ..ဘာလဲငါက ဝဋ်ခံပီးတော့ နေပေးနေရမှာလား..မတရားဘူး.အောင်.ဒါမတရားဘူးနော်..တော်လိုက်ပါတော့..ဒီမှာပဲ အပီးသက်လိုက်ကြမယ်..ကွာရှင်းစာချုပ်ထဲမှာ လက်မှတ်ထိုးပီးပီ
ထည်ဝါ စိတ်ပျတ်စွာ..ပြုံးရီလိုက်မိသည်..အသက်မပါတဲ့အပြုံးတုတို့နဲ့အတူ..မျက်ရည်စတို့ ကျဆင်းသွားခဲ့ပီး..ထိုနေရာမှာပဲ အရုပ်ကြိုးပျတ်ထိုင်ချမိလိုက်တယ်..
-..ကျနော်တို့တွေ အဆုံးလိုက်ကြတာပေါ့..
ဟေဝန် မျက်ရည်တွေကြားမှ..သူတို့ကို ကျောခိုင်းကာ ထွက်သွားတော့မဲ့အလုပ်..
- ဟေဝန်..
ပိုင်ရဲ့တားသံနဲ့အတူ..
- လွှတ်ပေးလိုက်.
- shine?
- .ဦးမရှိတဲ့ဘဝမှာ ပျော်ရွှင်ပါစေခလေး..မင်းကို ဦးလွတ်လပ်ခွင့်ပေးလိုက်ပီ..ပြန်မလာခဲ့နဲ့တော့..
ရင်ဘတ်ထဲက နာကျင်လွန်းလို့..ဟေဝန်ပြောမပြတက်အောင်ပဲ...
သူတို့မသိခဲ့ဘူး..ကျောခိုင်းထားတဲ့သူတစ်ယောက် ရဲ့ခံစားချက်ကို..သူတို့နားမလည်ခဲ့ဘူး..ရင်ဘတ်ကြီးပေါက်ကွဲလောက်အောင်ခံစားနေရတာ..
.ဟေဝန် မျက်ဝန်းတွေမှိတ်ချလိုက်ပီး..ပါးပြင်ပေါ်သို့ ကျလာတဲ့ အပူရည်လေးတချို့..
လျစ်လျူရှုရင်း..
ကွဲအက်အက်အသံတို့ဖြင့်..
- ကျေးဇူးပဲ..
ချစ်ရသူ ထွက်သွားခဲ့ပီ..သူပျော်ရွှင်စေဖို့..တခုခုတော့ရင်းလိုက်ကြရတာပဲ.တချို့က နှလုံးသားကိုရင်းလိုက်ကြတယ်..တချို့က ပစ္စည်းဥစ္စာတို့ကိုရင်းလိုက်တယ်..အခု..ဦးရဲ့ဘဝအမှောင်တိကျတဲ့အထိ ခလေးကိုပျော်စေဖို့ ရင်းလိုက်ပီ..တန်ရဲ့လားဟင်..ဦးအချစ်တွေက အရာမဝင်ခဲ့သလို နောက်ဆုံးရလိုက်တဲ့ နာကျင်စေရတဲ့စကားလုံး...
" စိတ်ကစားခဲ့တာ.." တဲ့လား
.....ပျော်ရွှင်ပါစေ ဦးရဲ့ ခလေးလေး..တနေ့နေ့တော့မေ့သွားမှာပါ...
Coming Soon အပိုင်း (43)
#HSU
Zawgyi;
- ခွပ်..
ဟေဝန်အောက်နှခမ်းပေါက်သွားတော့ သှေးစအခြို့ထှကျလာတာ သိလိုက်ရသည်..နှခမ်းကိုကွေးတင်လိုက်ပီး
ဟေဝန် ပြန်ခါနီး..
ကားပေါ်ရောက်တော့ အားလုံးတိတ်ဆိပ်နေကြသည်..နောက်ခန်းမှာ ဟေဝနျနဲ့ ထည်ဝါ ကိုထားထားပေမဲ့ ဘယ်သူမှ မျက်နှချင်းမဆိုင်ကြသလို..ကားအပြင်ဘက်ကိုကြည့်ကာ ဝမ်းနည်းမှုတို့နှင့်အတူ..မျက်ရည်စတို့အချို့ မျက်ဝန်းတွင် တွဲခိုနေကြသည်..ထည်ဝါ့ ရဲ့မျက်ဝန်း..
...
- shine သနားပါတယ်...
......
....
- ဦးခွင့်လွှတ်တယ်နော်..နောက်တခါ ဘယ်တော့မှ  ခလေးဘေးကနေထှကျမသှားခိုငျးပါနဲ့..ဦးခံစားရလို့ပါ..နော်ခလေးလေး...ဦးလေ ခလေးကိုစွန့်လွှတ်ဖို့အကြောင်းမပြောနဲ့ မတွေ့ရရင်မနေနိုင်လောက်အောင် လွမ်းနေတက်တာ..တဖြေးဖြေး ခလေးကိုပိုချစ်လာမှန်းသိလာသလို အဆုံးရှုံးလဲ မခံနိုင်တော့ဘူး..လူဆိုးလေး..ဦးရဲ့ အရင်ကချွဲစိန်လေး ပြန်လာခဲ့တော့နော်..
.......
....
In morning....
- ဘယ်ကို သွားမလို့လဲ..
- ညီး.. ငွေ့...လို့
- ဒုန်းးး.ခလွမ်...!!
- ဟားဟားဟား ဟားဟား..ဟားအဟက်.အားလုံးက နောကျဆုံးတော့ ငါ့အမှားပဲဖြစ်ရတယ်ပေါ့..ဒီက ကောင်ရဲ့ရင်ထဲဝင်ကြည့်ကြစမ်းပါ..ဘာတွေဖြစ်နေလဲဆိုတာ..ခင်ဗျားတို့ထက် နှစ်ဆ..နှစ်ဆ ဗျ ပူလောင်နေတယ်ဆိုတာ သိသင့်တယ်..ငါပြောပီးပီးပဲ..စိတ်ကစားခဲ့တာလို့..မချစ်တော့တဲ့သူတစ်ယောက်အနားမှာ..ဘာလဲငါက ဝဋ်ခံပီးတော့ နေပေးနေရမှာလား..မတရားဘူး.အောင်.ဒါမတရားဘူးနော်..တော်လိုက်ပါတော့..ဒီမှာပဲ အပီးသက်လိုက်ကြမယ်..ကွာရှင်းစာချုပ်ထဲမှာ လက်မှတ်ထိုးပီးပီ
- ဟေဝန်..
ပိုင်ရဲ့တားသံနဲ့အတူ..
- လွှတ်ပေးလိုက်.
- shine?
လျစ်လျူရှုရင်း..
- ကျေးဇူးပဲ..
" စိတ်ကစားခဲ့တာ.." တဲ့လား
Coming Soon အပိုင်း (43)
#HSU
Comment