|Nine

'ဒယ်ဒီ ဒီတစ်ခါလာရင် ဆောဆောအတွက်
မုန့်တွေ‌ဝယ်ခဲ့မယ်နော် ၊ ကတိပေးတယ်သိလား'

'ဟင့်အင်း..ဆောဘာမုန့်မှမစားချင်ဘူး
ဆော ဒယ်ဒီ့ကိုပဲ နေ့တိုင်းတွေ့ချင်တာ..
ဒယ်ဒီလာရင်ကို ဆောအတွက်ပြည့်စုံနေပြီမို့
‌ဒယ်ဒီသာဆောဆီခဏခဏ လာခဲ့ပေးပါ..'

ဖုန်းအသံလှိုင်းထဲမှ ထွက်ပေါ်လာသည့်
သမီးဖြစ်သူအသံကြောင့် နားအနားကပ်ထားသည့်
ဖုန်းကိုင်ထားသောလက်များ အနည်းငယ်
တွန့်သွားရကာ ရင်ထဲ၌ အမျိုးအမည်မသိသော
ဆွေးဖွယ်ရာ ခံစားချက်တချို့ ဖြတ်ပြေးသွားလေ၏ ။

'အင်း... ဒယ်ဒီလာခဲ့မှာပေါ့
သမီးသာ စာကို..စာကို သေချာလုပ်ပြီး..
ပြီး‌တော့ ဘွားနမ်..တို့စကားကိုလည်း
သေချာနားထောင်နော်'

ဆို့နင့်နေသော ခံစားချက်တို့ကျေးဇူးဖြင့်
သူ၏ အသံခပ်ဩဩဟာ မပီမသနှင့်
ပျက်တောင်းပျက်တောင်း နိုင်သွားသည် ။
သို့သော် ကလေးဖြစ်တဲ့ သမီးကတော့
ဤသည်အား သေချာသတိပြုမိပုံမရဘဲ
သူ(မ)လိုရာကိုသာ ဆက်၍ပြောသည်။

'nae..သိပါပြီ ။ ဆောဒယ်ဒီ့ကိုမျှော်နေမယ်နော်
အခုတော့ ဆောကျောင်းသွားရတော့မှာမို့-T°'

ရုံးခန်းထဲရှိဆိုဖာများအနီး
ဆိုးလ်တစ်မြို့လုံးနီးနီး၏
ရှု‌ခင်းပြင်ကို မြင်သာသည့်
မှန်ပြတင်းများအနားတွင် ရပ်နေခြင်းဖြစ်လို့
ရုံးခန်းတံခါးပွင့်သွားသံနှင့် အထဲသို့ဝင်လာသော
သားဖြစ်သူကို ရှင်းလင်းစွာတွေ့လိုက်ရသည်နှင့်
တပြိုင်နက် ပြောလက်စဖုန်းကလေးကို
မျက်နှာပြင်နှင့်ခွာကာ အနီရောင်ခလုတ်အား
'တီ'ခနဲမည်အောင် မြန်ဆန်စွာ နှိပ်လိုက်သည် ။
မျက်ဝန်းထက်မှစိုစွတ်နေလျက်ရှိသော
အကြည်ရောင်အရည်တို့ကိုလည်း
မမြင်ကွယ်ရာအားလှည့်၍ လက်ဖဝါးဖြင့်
ခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်ပြီး
သူ့ကိုအကဲခတ်သလိုကြည့်နေတဲ့
အီရန့်ကို မသိကျိုးကျွန်ပြုလျက်
ဆိုဖာခုံတွေကြား ဝင်ထိုင်လိုက်သည် ။

"ခဏနေ မင်း‌ဆီလာတော့မလို့ပဲ.."

အီရန့်ကိုအကြည့်လွှဲလျက် အရှေ့တည့်တည့်အား
မျက်စိတွေပို့ထားရင်းဖြင့် သူဦးစွာစမိသည်က
ထိုစကား။

အီရန်က သူ့ကိုဘာမှမတုံ့ပြန်ဘဲ ဘေးက
ဆိုဖာပေါ် ဝင်ထိုင်လာသည် ။

"ဒယ်ဒီဘာမဟုတ်တာတွေများ
လုပ်ထားလို့ ကဏှာမငြိမ်ဖြစ်နေရတာလဲ"

ဂျွန်အီရန်ဟာ သူ့သားဆိုသည့်အတိုင်း
လူကဲခတ်တော်ပြီး အရိပ်အခြေအား
သာလွန်စွာ ကြည့်တတ်သူဖြစ်သည် ။

"ငါ ဘာမှမလုပ်ဘူးအီရန်..
လာရင်းကိစ္စကို မင်းအရင်ပြောမလား
ငါပြောစရာရှိတာကို ငါအရင်ပြောရမလား"

ဂျောင်ဂု အဖြေမရှိတဲ့ မေးခွန်းတွေကို
လေကုန်ခံမေးမနေတော့ဘဲ
ပြောစရာရှိသည်များကိုသာ
ပြောရန်ကြံရွယ်လိုက်တော့သည် ။

"ကျွန်တော်နဲ့ထယ် ဥက္ကဠကင်မ်ချန်းဂျူတို့
ကုမ္ပဏီနဲ့စာချုပ်ချုပ်လိုက်ပြီ"

"ဘာ ! "

ခန့်မှန်းထားသည့်အတိုင်းပါပဲ ။
ဒယ်ဒီက အဆုံးစွန်ထိအောင် ‌‌
သွေးတက်သွားပုံရသည် ။

"အီရန် !! မင်းကို ငါဘယ်လောက်အထိတောင်
သတိပေးထားခဲ့လဲ ။ ဟမ် ? မင်းကို
ကင်မ်ထယ်ယောင်းနဲ့မပတ်သက်ဖို့ ၊
အတတ်နိုင်ဆုံးကင်းကင်းရှင်းရှင်းနေဖို့
ငါအတန်တန်ပြောထားခဲ့တာတောင်
မင်းက ငါ့ကို မျက်နှာပြောင်တိုက်တာလား ! "

"ကျွန်တော် ပြောပြီးပြီ ဒယ်ဒီ
ထယ်နဲ့မပတ်သက်ပါနဲ့ဆိုတာကလွဲရင်
ကျွန်တော် ဒယ်ဒီ့စကားမှန်သမျှကို
နားထောင်မယ် ။ ထယ်နဲ့ပတ်သက်ပြီးကတော့
ကျွန်တော့ကို ဘာမှလာမပြောနဲ့ "

"ဒယ်ဒီသားကို ဘယ်တုန်းကမှ
မချုပ်ချယ်ဖူးသလို တစ်ခုခုနဲ့ပတ်သက်ပြီးလည်း
တားမြစ်ခဲ့ခြင်းမရှိခဲ့ဘူးနော် ၊
သားဘဝတစ်လျှောက်လုံး ဒယ်ဒီဘာတွေများ
သူများမိဘ‌တွေလို ပွစိပွစိ နားရှုတ်အောင်
လုပ်ခဲ့ဖူးလဲ ။ အရာရာတိုင်း သားသဘော ၊
သားဆန္ဒအတိုင်း မဖြစ်ဖြစ်အောင်
လုပ်ပေးခဲ့တာချည်းပဲ ။ ဒီတစ်ခါလေး
ဒယ်ဒီ့ပြောစကားကို နားထောင်ပေးလို့
မရဘူး‌လား ။ ဒယ်ဒီမင်းကို တောင်းဆိုတာပါ
ဒီတစ်ခါပဲလေ "

ဒယ်ဒီ့ပြောစကားများသည် သူ့နားစည်အတွင်း
ပျားရည်ပေါ်သကာလောင်းသလို
‌ပြေပြစ်စွာ ရောက်ရှိလာသည်။ ဖြစ်စေချင်တာ
တစ်ခုခုရှိတိုင်း လူကိုတသားသားနဲ့
အပျော့ဆွဲတတ်သည့် ဒယ်ဒီ့အကျင့်‌တွေကို
သိနေသော်ငြားလည်း ဂျောင်ဂု
ဒယ်ဒီ့စကားတွေနောက်
ထပ်မံလိုက်နာချင်လာပြန်၏။
သို့သော်ငြား သူဒီကိစ္စကိုတော့
လုံးဝမှနားထောင်နိုင်မည်မဟုတ်။
ဘယ်လောက်ပဲ သူ့ပျော့ကွက်တွေကို
သိနေနေ ဒယ်ဒီဘာမှထပ်လုပ်လို့မရ။

"ကျွန်တော့ စကားကုန်ပြီ ဒယ်ဒီ.."

"......"

ဂျောင်ဂုဒယ်ဒီ့ကို မော်မကြည့်ဘဲ
မျက်လွှာချလျက် လက်ချောင်းအချင်းချင်း
ပွတ်သပ်ကာ ထိုစကားကို တိကျပြတ်သားစွာ
ဆိုလိုက်သည် ။

"ဟင်း... အခု ဆော့ဂျင်တို့ကုမ္ပဏီနဲ့
လက်တွဲလိုက်တာကို ဖျက်သိမ်းလို့
မရတော့ဘူးလား ။ မင်းတို့ ဆော့ဂျင်တို့
မြေးအဘိုးရှေ့မှာတော့ မဆင်မခြင်နေလို့
မရဘူးနော် ။ သူတို့မြေးအဘိုးမျက်စိထဲမှာ
ကိုးလို့ကန့်လန့်တွေဖြစ်နေမှာကို ဒယ်ဒီ
မလိုလားဘူး ။ မင်းတို့ စာချုပ်ကို
ဖျက်သိမ်းလိုက်"

‌ဒယ်ဒီ့စကားတွေကြောင့် ဂျောင်ဂု
သက်ပြင်းရှည်တစ်ချက်ကိုရှိုက်ကာ
မျက်လုံးတွေကို ခဏတဖြုတ်မှိတ်ရင်း
စကားဆက်ပြောဖို့အားယူလိုက်သည် ။

"မရတော့ဘူး ဒယ်ဒီ..
နောက်ကျသွားပြီ ။ အခုလာတာက
ဒယ်ဒီ့ဆီက ခွင့်ပြုချက်တောင်းခံဖို့
မဟုတ်တာမို့ အရာအားလုံးက
ပြီးနေပြီးပြီ ။ ကျွန်တော် ဒယ်ဒီ့ကို
အသိလာပေးရုံပဲ"

ဂျောင်ဂု စကားတွေဆုံးပြီး အတော်အတန်
ကြာသည်အထိ ဒယ်ဒီ့ဆီက အသံတစိုးတစမျှ
မကြားရဘဲ ငြိမ်သက်လျက်သာရှိသည် ။

ဒယ်ဒီက မောက်မာထောင်လွှားတဲ့ လူကုန်ထံတစ်ယောက် ၊
ငွေမျက်နှာတစ်ကမ္ဘာထား လက်တစ်လုံးခြားကစားနေတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်သည်ပဲ ထား။

သူကတော့ သူ့အဖေဖြစ်တာကတစ်ကြောင်း ၊
မေတ္တာထားစရာ ၊ တွယ်တာစရာမိသားစုဝင်ဆိုလို့
ဒယ်ဒီတစ်ယောက်ပဲရှိသည်ကတစ်ကြောင်းမို့
တစ်ခါတစ်ခါ ဒယ်ဒီ့ကို သူ့ပင်ကိုယ်အကျင့်အရ
တဆတ်ဆတ်ပြန်ပြောကာ မကောင်းသည့်
အပြုအမူ‌တွေကို ပြုမူမိတတ်ပေမဲ့ သူဒယ်ဒီ့ကို
ပြောမပြတတ်လောက်အောင် ချစ်ပါသည် ။
အခုလို ဒယ်ဒီ့ကိုကလန်ကဆန်တွေလုပ်ရတာ
သဘောမကျပေမဲ့ တစ်ဖက်ကလည်း
ထယ်ဖြစ်နေတာမို့ သူ့မှာ ရွေးချယ်စရာမရှိ ။

"အေး..ဟုတ်ပြီ
မင်းကိုလည်း ဒယ်ဒီပြောမယ်
ဒီနေ့ညနေ entကိုမီဒီယာတွေလာလိမ့်မယ်
ငါကိုယ်တိုင်ခေါ်ထားတာ ။ မင်းနဲ့ဆော့ဂျင်တို့ရဲ့
ဆက်ဆံရေးအကြောင်းကို လူတွေက
အရမ်းစိတ်ဝင်စားနေကြတယ် ။
ဒါကြောင့်မို့ ဒယ်ဒီအင်တာဗျူးတစ်ခု
စီစဉ်ထားတယ် ။ မင်းနဲ့ဆော့ဂျင်
နှစ်ယောက်အတူတူ ဖြေရမယ် ။
ဖန်သားပြင်ထက်မှာ တကယ့်ကို
သူတစ်ပါး အားကျလေးစားရလောက်အောင်
သာယာတဲ့အိမ်ထောင်ရေးဖြစ်နေတာကိုပဲ
ငါမြင်ချင်တယ်နော် "

"ဟ..ဒယ်ဒီ အကြောင်းမကြားဘာမကြားနဲ့
ဗြုန်းစားကြီးကျတော့-"

"မင်းရှုတင်အကြောင်း ဗန်းပြဖို့
မစဉ်းစားနဲ့ ။ ဒါရိုက်တာကို ခုနကပဲ
ဖုန်းဆက်ထားပြီးပြီ ။ ပြီးတော့
အခုလို ချက်ချင်းစီစဉ်လိုက်ရတာလည်း
ကင်မ်ထယ်ယောင်းကြောင့်ပဲ ။
သူနဲ့မော်ဒယ်တစ်‌ယောက်နဲ့ datingထွက်နေတယ်
ကင်မ်ထယ်ယောင်းသတင်းဆိုတဲ့အတိုင်း
လူမှုကွန်ရက်မှာ တစ်ခဏလေးတွင်း
အကျယ်ကျယ်ပြန့်နှံ့သွားတယ်ဆိုတော့
ငါတို့entအတွက် အချိနိကြာလာတာနဲ့အမျှ
ဆိုးကျိုးတွေပဲ ပေါ်လာမှာ ။ ကင်မ်ထယ်ယောင်း
ဖြစ်နေလို့ ဘာမှလည်းပြောလို့ရမှာမဟုတ်ဘူး။
အဲ့တာကြောင့် သူ့သတင်းကိုအမြန်ကျသွားရအောင်
မင်းတို့နှစ်ယောက် တိုက်ရိုက်liveနဲ့ ဒီညနေ
အင်တာဗျူးမယ် ။ ငါလည်းမင်းကို တောင်းဆိုတာမဟုတ်ဘူး။
အသိပေးနေတာ။ ရှင်းတယ်နော် ဂျွန်အီရန်"

ဒယ်ဒီ့၏ စေ့စပ်သေသပ်လွန်းနေသော
စကားလုံးများကြား သူ့တွင် ဘာမျှ
အတွန့်တတ်နိုင်စရာမရှိတော့..။
ထယ်နှင့်ပတ်သက်နေ၍ ပိုဆိုးသည် ။

ထို့ကြောင့် သူခေါင်းတစ်ချက်သာ
ငြိမ့်ပြခဲ့ပြီး ရုံးခန်းထဲမှ ထွက်လာခဲ့လိုက်သည် ။

~~~~~~~~~~~~

"မင်းသား ဒီနေ့ရှုတင်မသွားဘူးလား.."

သူ entကနားနေခန်းထဲမှာထိုင်နေကာ
ပျင်းရိစွာဖုန်းသုံးရင်းမှ အခန်းတံခါးဖွင့်သံနှင့်အတူ
သူ့ကို မေးလာသည့် ခပ်ချိုချိုအသံတစ်ခု ။
ဂျောင်ဂု မော့ကြည့်လိုက်တော့ ထယ်တို့တန်းက
စီနီယာအစ်မ ဂွမ်ချောဆူ ။ အစ်မဂွမ်ကလည်း
ထယ့်လို နာမည်ရsolo idolတစ်ယောက်ဖြစ်သည် ။
ယခုလည်း လေ့ကျင့်ရေးခန်းမှာ ကလာပုံရပြီး
တဘတ်အဖြူနှင့် သူ(မ)‌နဖူးပေါ်က ချွေးစတွေကို
သုတ်ရင်း မေးလာခြင်း ။

"ဟုတ်တယ် အစ်မ.."

"အင်းပါ..ယောင်းဂီရော မတွေ့ပါလား"

သူတို့နှစ်ယောက်အကြောင်းအား
စေ့စေ့ပေါက်ပေါက်သိသူတွေထဲ
တစ်ယောက်အပါအဝင်ဖြစ်တဲ့
အစ်မဂွမ်က ယခုလည်း သူ့ကိုမြင်သည်နှင့်
ထယ့်အား မေးလာသည် ။

"နောက်ထုတ်မဲ့ albumအတွက်
အသံသွားသွင်းတယ်.. "

"အော.. albumအသစ်လား
ယောင်းဂီတို့များ မိုက်နေရော.."

အစ်မဂွမ်စကားကို ဂျောင်ဂု အပြုံးနှင့်သာ
တုံ့ပြန်လိုက်သည် ။ သူဟာ ပေါင်းသင်းဆက်ဆံရေး
ပြေပြစ်သူတစ်ယောက်မဟုတ်ပေမဲ့
ရင်းနှီးသူအနည်းအကျင်းကိုတော့
အဆင်ပြေရုံလောက် ကောင်းကောင်း
ဆက်ဆံပါသည်။

"‌အာ...တော်သေးတယ်
မေ့တော့မလို့ ဒါရိုက်တာဂန်နဲ့
မနက်ကတွေ့တော့ အစ်မကို
မင်းသားရဲ့ ဒိုင်ယာလော့ဖိုင်ပေးသွားတယ်
သူ စောစောတည်းက မင်းသားကို
လာစောင့်နေပုံရပါတယ်။ ဒါပေမဲ့
အလျင်လိုနေလို့ အစ်မကို အကူညီ
တောင်းလိုက်တာ ။ မင်းသား entလာမှာကိုတော့
သူသေချာပေါက်သိနေတယ်ထင်တယ်"

အစ်မဂွမ်ကသူနှင့်စကားပြောပြီး
အပြုံးဖြင့်နှုတ်ဆက်ကာ သူ(မ)အိတ်အား
သွားယူပြီးနောက် သူ(မ)မေ့နေခဲ့သည့်
သူနှင့်ပတ်သက်သော အရာများအား
တစ်ခုချင်းပြန်ရှင်းပြလာသည် ။
ပြီးနောက် သူ(မ) ကျောပိုးအိတ်ထဲကနေ
လက်ရှိရိုက်နေတဲ့ စီးရီးထဲက သူ့ character၏ dialogueဖိုင်ကို ထိုးပေးလာသည် ။

သူလည်း မျက်မှောင်တစ်ချက်ကုပ်ရင်း
သူ(မ)လက်ထဲကနေ လွှဲယူလိုက်၏ ။
ထို့နောက် သူ(မ)ကို ကျေးဇူးတင်စကား
ဆိုလိုက်ကာ သူ(မ)လည်း အခန်းထဲမှ
ထွက်သွားတော့သည်။

"ဒါရိုက်တာကလဲ ဘာလဲဟ.."

ဂျောင်ဂု စိတ်နှင့်လူနှင့်မကပ်စွာဖြင့်
ဖိုင်ကို ခပ်လျော့လျော့သာဖွင့်လိုက်၏။
ရှေးဦးစွာတွေ့မြင်ရသည်က
တောင်းပန်စာလွှာတစ်ကြောင်း ။

***ကျွန်တော်တောင်းပန်ပါတယ်မင်းသား
     ဥက္ကဠကြီးက ဒီတစ်ရက်ကို နားပေးဖို့
     ပြောထားခဲ့ပေမဲ့ ကျွန်တော်တို့စီးရီးက
     ပေးထားတဲ့အချိန်ထက် အတော်လေး
     နောက်ကျနေပြီဖြစ်တာကြောင့်
     ပရိုဂျူဆာကြီးကိုလည်း အားနာနေပြီမို့
     အမြန်ဆုံးပြီးစီးချင်နေပါပြီ ။
     အဲ့တာကြောင့်မို့ ဒီနေ့ရိုက်ရမယ့်
     မင်းသမီးနဲ့ စကားပြောsceneတွေကို
     မင်းသမီးရဲ့ရှုထောင့်ကနေပဲ အရင်
     ရိုက်ထားလိုက်ပါမယ် ။ မနက်ဖြန်ဆိုရင်
     မင်းသားဘက်ကို တစ်ရက်တည်း
     ရိုက်ချင်တာမလို့ ဒီနေ့ဒိုင်ယာလော့လေးကို
    
အရစ်တွေရှည်နိုင်လွန်းသည့် ထိုစာအား
သူဆက်ဖတ်ဖို့ စိတ်ပျက်ကာ အနောက်တစ်မျက်နှာကို
ဖြန်းခနဲမြည်အောင် လှန်လိုက်သည် ။

'မောင်'ချင်းထပ်နေသော ဒိုင်ယာလော့တွေအောက်
ဂျောင်ဂုခေါင်းကိုတဖျင်းဖျင်းနေအောင် ကုပ်လိုက်ကာ
ပုံမသွင်းထားသော ဆံပင်တို့ကို ဖြာလန်ကျဲအောင်
ဖွပစ်လိုက်သည် ။ အင်တာဗျူးအတွက် ခေါင်းခြောက်နေရသည့်ကြား ခေါင်းပိုရှုပ်အောင် လာလုပ်နေသည် ။

သူက စိတ်ပါရင်ပါသလို မုဒ်က
ဖြိုးကနဲဖျက်ခနဲ ဝင်နိုင်သော်လည်း
အခုလိုတွေစိတ်မပါနေချိန်ဆို
နွားစာဖတ်ခိုင်းသည်ထက်
ဆိုးသည် ။ သူတို့အလုပ်ရှင်က
နားခိုင်း နားပေါ့ ။ ဘာမှန်းမသိ
‌အလကားနေရင်း ဦးနှောက်တွေ
ခြောက်အောင် ။

အခုဇာတ်ဝင်ခန်းကလည်း သူမှားကြောင်း
သိပါပြီဆိုတာကို ချွဲ့ချွဲ့နွဲ့နွဲ့နဲ့ မောင်ချင်းထပ်အောင်
သုံးပြီး မင်းသမီးကို တောင်းပန်ရမည့်အခန်း ။

အလိုလိုမှညစ်နေပါတယ်ဆို
တောင်းပန်ရတဲ့sceneနဲ့ လာတိုးနေသေးသည် ။
ဂျွန်ဂျောင်ဂုတို့ ကံတွေတက်နေတာတော့
ပြောစရာတောင်မလိုတော့ဘူး ။

"ဟူး...."

ဂျောင်ဂု လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း
ထိုဒိုင်ယာလော့စာရွက်တွေကိုသာ
မျက်လုံးမှေးတွေဖြင့်ဆက်ကြည့်နေလိုက်သည် ။

"မောင်..."

ကြည့်ရင်းကြည့်ရင်းဖြင့် ထို'မောင်'ဟူသော
အသုံးအနှုန်းက မျက်စိထဲခပ်များများ
နေရာယူခြင်းနှင့်အတူ စကားပြောတွေကို
လိုက်ဖတ်နေရင်းမှ သူ့ခေါင်းထဲ အတွေးတို့
တစ်စတစ်စနှင့် ပျိုးဝင်လာလေသည် ။

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး
လေးစားအားကျရတဲ့ အချစ်ရေး ..
‌ကြည်နူးငြိမ့်ငြိမ်းတဲ့ ဆက်ဆံရေးတစ်ခု
ဖြစ်တည်ဖို့ဆိုရင် တစ်ဦးနှင့်တစ်ဦးကြားက
နာမ်စားအခေါ်အဝေါ်နှင့်လည်း
အဓိကသက်ဆိုင်နေသည်။ ထိုကဲ့သို့
ကိုယ်ပိုင်နာမ်စားတွေ ခေါ်ဝေါ်ခြင်းက
အပေါ်ယံသာဓကတွေရယ်လို့ တွေးတောနိုင်သလို
နှစ်ယောက်ကြားက ရင်းနှီးမှုကို
ပိုမိုပေါ်လွင်စေမည်မှာ ‌ကျိန်းသေသည် ။

အခုအင်တာဗျူးမှာလဲ အနည်းအကျင်းလောက်
ထိုကဲ့သို့ ချိုမြိန်မှုနာမ်စားတွေ ထည့်သုံးလျှင်
ပရိတ်သတ်တွေလည်း အယုံကြီးယုံသွားပြီး
ထယ်နဲ့ပတ်သတ်ပြီးလည်း ပုတ်ခတ်မှုတွေများ
လျော့သွားလေမလား..?။ ဒီနည်းလမ်းကို
စမ်းသပ်ခြင်းအားဖြင့် ဆိုးကျိုးတော့
မရှိနိုင် ။ ပါးစပ်လေးစိုက်ရတာမို့ ဂျောင်ဂု
အကြံဉာဏ်အား အကောင်အထည်ဖော်ရန်
ဆုံးဖြတ်လိုက်သည် ။

ဂျောက်ခ် !

သူ့အတွေးတို့ လေထဲလည်နေတုန်း
တံခါးဂျလက်သံကြောင့် တံခါးဘက်ကို
လှမ်းကြည့်တော့ အဓိကဇာတ်လိုက်ကြီးပဲ..

သူက စူပုတ်ပုတ်မျက်နှာနှင့်
ခြေလှမ်းကျဲကြီးတွေဖြင့် သူ့ဆီကို
လျှောက်လာနေသည် ။ မျက်နှာမှာတော့
"ဂျွန်ဂျောင်ဂု အဲ့တာမင်းကြောင့်"
ဟူသော အပြစ်တင်သည့် အရိပ်အယောင်တို့
ထင်ဟပ်နေသည် ။ အိမ်တုန်းကနှင့်
မတူဘဲ ‌သွေးရောင်လွှမ်းနေတဲ့
နှုတ်ခမ်းရဲရဲကလည်းစူထော်နေလိုက်သည်ဆိုတာ
ဘဲနှုတ်ခမ်းတောင်အရှုံးပေးရလောက်သည်အထိ ။

မျက်နှာဘေးကတော့ လူသတ်ချင်စိတ်နီးနီး
ဒေါတဖြစ်နေဟန်ရှိသည် ။ ဟက်..
သူကပဲ စိတ်တိုရတယ်ရှိသေးတယ် ။

"မင်း မင်းအဖေကို ဘာတွေပြဿနာရှာလိုက်လို့
အခုလို ချက်ချင်းကြီးအင်တာဗျူးဖို့ရှိ‌သွားရတာလဲ?"

ပြောသားပဲ..။
ဂျွန်ဂျောင်ဂုကို အပြစ်ဖို့ချင်နေတာပါလို့ ။

"ဘာတစ်ခုမှမရှာဘူး ။ သူ့ဟာသူ
လုပ်ခိုင်းတာ.."

သူ၏ လေသံအေးအေးကြောင့်
ခါးကျင်းကျင်းထက်လက်နှစ်ဖက်ကို
ထောက်ကာ တစ်ဖက်ကိုလှည့်ရပ်နေရင်းမှ
သူ့ဘက်အား ပြန်လှည့်လာသည်။

"မင်းဘာမှမလုပ်ထားဘဲ
အခုလိုဖြစ်စရာအကြောင်းကို မရှိတာ
ဂျွန်ဂျောင်ဂု ! "

"ငါ့ကိုချည်း အပြစ်လာတင်မနေနဲ့ကင်မ်ဆော့ဂျင်။
မင်းမလုပ်ချင်ရင်မလာခဲ့နဲ့လေ ။ ‌ဒီရောက်မှ ပွစိပွစိနဲ့
အဘိုးကြီးကျနေတာပဲ"

"အော..ငါကလည်း တအားလာချင်တာသိလား !
မင်းမေကြီးတော် ငါ့အဘိုးက ရုံးခန်းကနေ
လက်ညှိုးထိုးညွှန်ကြားနေတာလေ ..!
ငါက လူကြီးသူမအပေါ်သိတတ် ၊
အကြီးကိုအကြီးအလျောက်
ရိုသေလေးစားတတ်တဲ့သူမလို့
ငါအဘိုးစကားကို နားထောင်ပြီးလာခဲ့ရတာ.."

ကင်မ်ဆော့ဂျင်၏ သာလိကာပါးစပ်ကနေ
တတွတ်တွတ်ထွက်ပေါ်လာသည့်
စကားလုံးတွေက တစ်ခုနှင့်တစ်ခု
ဆက်စပ်တွေးတောရလောက်အောင်
ကိုက်ညီမနေ ။ မြန်ဆန်လွန်းပြီး
ဘာတွေပြောလို့ ပြောသွားမှန်းကို
မရေရာမသေချာ ။ အစွန်းသတ်နားက
သူ့ကိုယ်သူကိုယ်ရည်သွေးရင်း
သူ့ကိုရွဲ့တဲ့စကားစုကိုပဲ စီးချက်ညီစွာ
ကြားလိုက်ရသည် ။

ဘာတဲ့..အကြီးကိုအကြီးအလျောက်
ရိုသေလေးစားတတ်ပါတယ်တဲ့လေ..

အဲ့တာ သူ့ကိုပြောချင်နေတာ ။
သူက သူ့ထက်ကြီးတယ်ဆိုပြီး အကြီးလို
အဆက်ဆံခံ‌ချင်နေတာ။ ဟက်..
သူလိုလူကိုသာ ရိုသေနေရမယ်ဆိုရင်
ဂျွန်ဂျောင်ဂုတို့ရာဇဝင်ရိုင်းပြီပေါ့..။

"အော..မင်းသားတို့ သတင်းသမားတွေ
အောက်မှာရောက်နေပြီတဲ့..အဲ့တာ
Makeupအခန်းကို-"

"ရပြီ..ငါတို့ခဏနေဆင်းလာခဲ့မယ်"

"ဟို.. makeupက-"

"မပြင်တော့ဘူး ။ သွားတော့"

"ဟုတ်..ဟုတ်ကဲ့"

ဂျောင်ဂု၏ ဟောက်သံကြောင့်
ထိုကောင်မလေးခေါင်းငုံ့ကာ
အခန်းထဲမှ ထွက်သွားသည်။

သူလည်း ထိုလိုတွေပြင်ဆင်ချင်စိတ်
မရှိသည်မို့ ဘာမျှဝင်မပြောဘဲသာ
နေလိုက်သည် ။

"ကြားလိုက်လား"

"ငါနားအကောင်းကြီး ဂျွန်ဂျောင်ဂု"

"အော..မသိပါဘူး မင်းကငါ့ထက်
၃နှစ်ကြီးတယ်ဆိုတော့ အကြားအာရုံ
တစ်ခုခုဖြစ််နေမှာဆိုးလို့ ။
ငါ့ထက်ကြီးတာဆိုတော့လေ"

လှောင်စစမျက်နှာဘေးသည်
ဘယ်အရာကို ရည်ရွယ်သည်လည်း
တပ်အပ်သိသည်မို့ ဆော့ဂျင်
မျက်စောင်းတစ်ချက်သာထိုးလိုက်သည် ။

အချိူးကိုမပြေဘူး ။ ယောင်္ကျားကြီးဖြစ်ပြီး
စကားကို အထအနလိုက်လိုက်ကောက်နေတာ ။

"ဒါနဲ့ ကင်မ်ဆော့ဂျင်
မင်းငါ့ကို... မောင်လို့ခေါ်ရမယ်"

မင်းသားဟူသည့်ဂုဏ်ပုတ်နှင့်
ကိုက်ညီ၍ အပြစ်အနာဆာကင်းသည့်
ချောမောခြင်းများကပ်ညှိနေသော
မျက်နှာနုနုနှင့် နီးကပ်စွာ ဆွဲဆောင်မှုတို့
ရောယှက်နေသော အသံအနက်ကြား
အခြားသူတစ်ယောက်ယောက်သာဆိုလျှင်တော့
ရင်တုန်ပန်းတုန်ဖြစ်သွားရလောက်အောင်ထိ
အကြုံးဝင်နိုင်ပေမဲ့ သူသည်
ကင်မ်ဆော့ဂျင်ဖြစ်နေသည်မို့
ရင်ဘတ်ထဲဘယ်လိုမှမနေ ။ ဓာတ်လှေကား
မအားတာမို့ ခြေထောက်နဲ့တက်ရသည့်
မောပန်းခြင်းကြောင့် ရင်တုန်နေတာပဲရှိသည် ။

"မင်းရူးနေတာတော့မဟုတ်ပါဘူးနော်"

ဆော့ဂျင် ဂျွန်ဂျောင်ဂုနှင့် ဝေးရာကို
အနည်းငယ် ရွေ့လျားလိုက်ကာ ခုနက
စကားကြောင့် မျက်မှောင်တို့စုကြုံ့ကာ
ခနဲ့တဲ့တဲ့စကားတစ်ခွန်းပြန်ပေးလိုက်သည် ။

"ငါရူးရင်တောင် ငါက မင်းယောင်္ကျားဖြစ်နေလို့
မင်းကအရူးယောင်္ကျားရာထူးကို တမ်းကနဲရသွားမှာ.."

အနိုင်ပိုင်းသလိုပြောလာတဲ့
ဂျွန်ဂျောင်ဂုစကားတွေကို ဆော့ဂျင်
တုံ့ပြန်ရန်မကြိုးစားတော့ ။
အရည်မရ ၊ အဖက်မရတွေအတွက်
စကားနိုင်လုမနေချင် ။

"မင်းငါ့ကို မောင်လို့ခေါ်ရမယ်
ကင်မ်ဆော့ဂျင်..
အတွေးတွေပို ဟိုးထားဦး..
မင်းထင်နေသလို ငါက မင်းနဲ့
အတည်တကျဖြစ်‌ချင်တယ့်ဆန္ဒမျိုးရှိမနေဘူး
ခဏနေ မီဒီယာပေါ်ရောက်သွားမယ့်
ကဏ္ဏာ့တစ်ခုအတွက် မင်းရော ၊ ငါရော
အဆင်ပြေအောင် ပြောနေတာ ။
မင်းလည်း မင်းအဘိုးနဲ့ပဋိပက္ခမဖြစ်ချင်ဘူးမလား
အဲ့ဒီတော့ ‌အကောင်းဆုံးနည်းလမ်းတစ်ခုက
အများအမြင်မှာ ငါတို့နှစ်ယောက်
သရုပ်ဆောင်ကောင်းနေဖို့ပဲ လိုတယ်..,
ဒီနောက်ပိုင်း မင်းငါတို့ကိစ္စတွေမှာ
ဝင်မစွတ်ဖက်ရင် မင်းကိုလည်း
မနှောက်ယှက်တော့ဘူးလို့ ကတိပေးတယ်
ဒါပေမဲ့ လူကြားသူကြားမှာတော့
ငါနဲ့ပူးပေါင်းပေး.."

ဂျွန်ဂျောင်ဂု၏ စကားရှည်အဆုံး
ဆော့ဂျင် အနည်းငယ်တွေဝေသွားသည် ။
သူ ထိုကဲ့သို့အသဲယားစရာအခေါ်အဝေါ်ကြီးကို
ပြောဆိုရမှာ အနည်းငယ်အမ်းသော်ငြား
ဂျွန်ဂျောင်ဂုပြောတာလည်း ဟုတ်သည်။
သူတို့အခုလို မူပိုပြမှ လူတွေကယုံကြမှာ ။
ဒါဆိုရင် အဘိုးလည်း စိတ်ချမ်းချမ်းသာသာ
သံသယကင်းကင်းရှိနေမှာ..။
ပြီးတော့အခုလို ပူးပေါင်းရင် နောက်
မနှောက်ယှက်တော့ပါဘူးဆိုတော့..။
ဒီနည်းလမ်းက တစ်ချက်ခုတ်သုံးချက်
ပျက်လိုက်မည်။

သူကတော့ သရုပ်ဆောင်တာနှင့်
အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူဆိုတော့
သူနဲ့အခုလို ပြောဆိုဆက်ဆံရတာ
အကြောင်းမဟုတ်လောက် ။ သို့သော်
သူ့အတွက်ကျ မလွယ်ကူပေ..။

"ဒါပေမဲ့.. ငါကျ သိပ်ပြီး.."

"ဒီတိုင်း သရုပ်ဆောင်နေတယ်ပဲ
သဘောထားလိုက်လေ.."

"....."

"အခုအရင်ခေါ်ကြည့်"

"......"

"ငါ့တစ်ယောက်ထဲရှေ့မှာ
အရင်၄,၅ခေါက်လောက်အခေါ်ကျင့်လိုက် ။
လူတွေရှေ့ရောက်ရင် မင်းအလိုလို
အဆင်ပြေလိမ့်မယ်.."

"......"

"ခေါ်ကြည့်လိုက်.."

"...…"

"ကင်မ်ဆော့ဂျင်.."

"မောင်~"

နှင်းဆီဖူးနှုတ်ခမ်းထူထူလေးထက်က
သူ့အတွက်ရယ်လို့ ရည်ရွယ်ထွက်ကျလာသည့်
ထိုနာမ်စားလေးကြောင့် ဂျောင်ဂုရင်ထဲ
အမျိုးအမည်မသိ ခံစားချက်လေးတစ်ခု
ဖြတ်ပြေးသွားသည် ။

ဒီတိုင်း...ဒီတိုင်း
ယောင်္ကျားလေးတစ်ယောက်ဆီက
အခေါ်ခံရတာမို့လို့ အထူးအဆန်းဖြစ်သွားတာ
နေမှာပါ..။ ဒီတိုင်း..။

To Be Continue****

Thanks for Voting, Reading and feedback 💐

Comment