Chapter 3



Chapter 3 • May 7 at 1:02 AM

အခန်း (၃):ရေခဲမုန့်

မင်းဟွမ်တင်လိုက်သောပို့စ်မှာ လူသိများသွား၏။ ထို့အတူသူ၏အမေးကိုဖြေကြသူများလည်း အလွန်များလာသည်။

[အဆင့်မြင့်ဟုတ်လား။ မယုံဘူး၊ ပုံပြ]

[Yo! နဂါးပေါက်စလေးသာဆိုရင်တော့ ညီလေးလား၊ ညီမလေးလားတော့မသိပေမဲ့ မင်းက သေချာပေါက် အိုမီဂါပဲ]

[ဒါထက် ခုလိုချိန်မှာ အသားများများစားသင့်တယ်နော်။ အဲ့တာမှအရပ်ရှည်မှာ]

[ကျုပ်က‌တော့သာမန်အဆင့်ပါပဲ။ ဒါပေမဲ့လွန်ခဲ့တဲ့အနှစ်ငါးဆယ်၊ ကျုပ်ကွဲပြားခြင်းဖြစ်တုန်းကဆို ရသာရုံဂလင်းလေးတွေပြောင်းလဲပြီး သိုးသားအစိမ်းစားရတာကို တော်တော်ကြိုက်ခဲ့တာ]

[ကျနော်တုန်းကတော့ အူလမ်းကြောင်းထိပြီး ခနခနဝမ်းပျက်တာပဲ။ ပြောရရင် အယ်လ်ဖာနဲ့အိုမီဂါတွေရဲ့ ကွဲပြားခြင်းဖြစ်စဉ်က ဘီတာတွေနဲ့ယှဉ်ရင် တအားခံစားရတာ]

ထို့နောက်မင်းဟွမ်ကိုယ်တိုင်ဝင်ကြည့်နိုင်သည့် နဂါးတစ်ကောင်အားရေရှည်တွင်မည်သို့မည်ပုံစောင့်ရှောက်ရမည်နည်းဟူသော ဆောင်းပါးတစ်ခုတက်လာသဖြင့် မင်းဟွမ်မှာဝင်ကြည့်လိုက်သည်။

ထိုအခါတစ်မိနစ်စာသုံးဖက်မြင်ပုံရိပ်ဗီဒီယိုတစ်ခုပွင့်လာ၏။

ဗီဒီယို၏ ပထမစက္ကန့်သုံးဆယ်မှာ နဂါးတစ်ကောင်အရွယ်ရောက်ကွဲပြားခြင်းဖြစ်လာပါက ပေါ်ပေါက်လာနိုင်သည့် လက္ခဏာများကိုရှင်းပြထားသည်။ အယ်လ်ဖာအဖြစ်ပြောင်းလဲမည်ဆိုသော် ပြိုင်ဆိုင်လိုစိတ်ပြင်းထန်လာခြင်း၊ အမြင်နှင့်အကြားအာရုံများ ပိုမိုထက်မြက်လာခြင်း၊ ပင်ကိုယ်စရိုက်မှာလည်း မဟုတ်မခံဖြစ်လာခြင်း၊ အရပ်ပိုရှည်လာကာ ခြေသည်းလက်သည်းများလည်းပိုမိုချွန်ထက်လာခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစွမ်းအင်များလည်း ပိုမိုအားကောင်းလာမည်ဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် အိုမီဂါအဖြစ်ပြောင်းလဲမည်ဆိုလျှင်တော့ အစာအိမ်အားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်းနှင့် ခန္ဓာကိုယ်၏အချို့နေရာများအား အထိအတွေ့မခံနိုင်ခြင်းအပြင် ခန္ဓာကိုယ်မှာလည်း ပိုမိုသွယ်လျလှပလာကာ သိမ်မွေ့နူးညံ့သောအသွင်အပြင်သို့ ပိုမိုကူးပြောင်းလာမည်ဖြစ်သည်။ ထိုသည်မက စိတ်စွမ်းအင်လည်း အားနည်းလာနိုင်၏။

မိမိမှာ အယ်လ်ဖာအဖြစ်ပြောင်းလဲသည်လား၊ အိုမီဂါအဖြစ်ပြောင်းလဲသည်လားသိဖို့ရန်မှာ 'မတည်ငြိမ်သည့်ကွဲပြားခြင်းလက္ခဏာရပ်' များကိုကြည့်၍ခွဲခြားနိုင်သည်။

မင်းဟွမ်မှာ ထိုသည်ကိုနားထောင်ပြီးကာမှ အစောနကသူဖြစ်သွားသည်မှာ အယ်လ်ဖာများကဲ့သို့ စိတ်မထိန်းနိုင်ဘဲပြိုင်ဆိုင်လိုစိတ် ပြင်းထန်သွားခြင်းဖြစ်မည်ဟု တွေးလိုက်မိသည်။

သားပေါက်အဆင့်တုန်းကဆိုလျှင် မင်းဟွမ်မှာ ယွိဟန်ကျိုးအား မျက်လုံးပင်ဆုံမကြည့်ရဲခဲ့ပေမဲ့ ယခုတွင်တော့ သူတင်ငါတင်ပင်ယှဉ်ရဲနေပြီဖြစ်၏။

သုံးဖက်မြင်ပုံရိပ်ဗီဒိယို၏ကျန်သော စက္ကန့်သုံးဆယ်မှာတော့ 'မတည်ငြိမ်သည့်ကွဲပြားခြင်းလက္ခဏာရပ်' များအား ရင်ဆိုင်ဖြေရှင်းရန်နည်းလမ်းများကို ဝယ်ယူနိုင်ကြောင်းကြော်ငြာထားခြင်းဖြစ်၍ ထိုပုံရိပ်အားပိတ်လိုက်တော့၏။

မင်းဟွမ်သည် ထိုအကြောင်းအား လေ့လာသင်ယူထားပြီးဖြစ်ပြီး အဓိကအချက်မှာ ဆန့်ကျင်ဘက်လိင်၏ ဖယ်ရိုမုန်းနှင့် ခပ်ဝေးဝေး‌တွင်နေရန်သာဖြစ်၏။

ဆိုလိုသည်မှာ သူ၏ကွဲပြားခြင်းမဖြစ်မီကာလအတွင်း အိုမီဂါများနဲ့ခပ်ဝေးဝေးနေရမည်ဖြစ်၏။

ထို့နောက်မင်းဟွမ်သည် သူ၏ပို့စ်ကိုပြန်ဖွင့်လိုက်သောအခါ မှတ်ချက်များစွာထပ်တွေ့ရ၏။

[ပို့စ်ပိုင်ရှင်မွေးတုန်းက ကွဲပြားခြင်းဖြစ်ရင်ဘာဖြစ်မယ်ဆိုပြီးခန့်မှန်းတာမျိုးလုပ်ခဲ့သေးလား။ ကျနော့်အတွက်ခန့်မှန်းချက်ကတော့ ဘီတာတဲ့]

ထို့နောက်မင်းဟွမ်သည် အနည်းငယ်တွေးကာ ထိုမှတ်ချက်အား သူ့အနေနှင့်ကတော့ အယ်လ်ဖာအဖြစ်ကွဲပြားနိုင်ခြေ ၉၀% ကျော်ရှိခဲ့သည်ဟု စာပြန်လိုက်သည်။

[ဝိုး...မြင့်လိုက်တဲ့ရာခိုင်နှုန်း]

ထိုမှတ်ချက်နှင့်အတူ ရှော်ခ်ရသွားသည့်နဂါးရုပ်ပြောင်လေးပါထည့်ပြော၏။

မင်းဟွမ်ပြောသည်မှာ‌ လျှော့ပြောထားခြင်းပင်ဖြစ်သည်။ တကယ်တမ်း သူမွေးကာစတွင် ခန့်မှန်းချက်လုပ်စဉ်က သူ့အနေနှင့် အယ်လ်ဖာအဖြစ်ပြောင်းလဲနိုင်ခြေ ၉၉.၉% ရှိသည်ဟုပင် အဖြေထွက်ခဲ့ခြင်းဖြစ်သည်။

ဆိုလိုသည်မှာ သူ့အနေနှင့် အိုမီဂါတစ်ယောက်အဖြစ်ပြောင်းလဲနိုင်ခြေမှာ တစ်ထောင်ပုံတစ်ပုံသာရှိ၏။

မင်းဟွမ်၏ပို့စ်အောက်တွင်လည်း မှတ်ချက်များပလုံစီနေသည်။

[ကျနော့်တုန်းကတော့ ရယ်ရတယ်။ အယ်လ်ဖာဖြစ်နိုင်ခြေ ၃၃.၃%၊ ဘီတာဖြစ်နိုင်ခြေ ၃၃.၃%၊ အိုမီဂါဖြစ်နိုင်ခြေ ၃၃.၃% တဲ့]

ထိုမှတ်ချက်ကိုစာပြန်ကြသည်မှာလည်းမနည်းမနော။

[ဟ မင်းဟာကလဲ]

[အဲ့နောက်ဘာဆက်ဖြစ်လဲ]

[ကျနော့်အဖေက အဲ့မှတ်ပုံတင်ဌာနကိုမကျေနပ်လို့သွားမေးတယ်လေ]

[ဘာဖြစ်လို့တုန်း။ မင်းအဖေက အယ်လ်ဖာ ဒါမှမဟုတ် အိုမီဂါပဲလိုချင်တာမို့လို့လား]

[မဟုတ်ပါဘူး၊ ကျန်တဲ့ ၀.၁% ကဘာဖြစ်နိုင်ခြေရှိတာလဲဆိုတာကို မကျေနပ်လို့သွားမေးတာ]

[ဟားဟားဟားဟား၊ အေးလေ မင်းဟာကဟုတ်လည်းဟုတ်တာပဲ။ အဲ့လိုသွားမေးတော့ ဌာနကလူတွေကဘာပြောလဲ]

[ဌာနကလူတွေက သေချာမပြောကြဘူးလေ။ အဲ့လိုနဲ့ သုံးရက်လောက်ကြာတဲ့အထိကိုစကားများကြရော။ အဖေက တစ်ခုခုကိုတော့ ၃၃.၄% ဖြစ်စေချင်တာ။ အဲ့တာမှ ကျနော်ကျောင်းမှာအထူးပြုရွေးရတဲ့အခါကျအဆင်ပြေမှာလေ]

ထို့နောက်တွင်တော့စကားလမ်းကြောင်းပြောင်းသွားကာ ဖြစ်‌နိုင်ခြေ ၀.၁% ၏အရေးပါပုံကို ဆွေးနွေးငြင်းခုံကြလေတော့၏။ ထို့နောက်မှ စကားပြန်ဆက်သည်။

[အဲ့တော့မင်းဘယ်ကျောင်းတက်ခဲ့လဲ]

[အဲ့နောက်ပိုင်းကျနော့်စိတ်က အမြဲတမ်းတစ်ခုခုကို အလိုမကျဖြစ်နေတာမျိုး၊ စိတ်မရှည်တာမျိုး၊ အယ်လ်ဖာဖယ်ရိုမုန်းတွေခံစားမိရင် သဘောမကျတာမျိုး၊ ပြီးတော့ လည်ပင်းနောက်ဂုတ်စပ်ကလည်း အမြဲယားနေတာ]

ထိုအခါမင်းဟွမ်သည်အံ့ဩသွားပြီးသူ၏ဂုတ်ကိုထိလိုက်၏။ ယမန်နေ့ကရေချိုးပြီးချိန်တွင် သူ၏ဂုတ်စပ်မှာယားယံခဲ့သေးသည်။ ဤသည်ကို အယ်လ်ဖာအဖြစ်ပြောင်းလဲခြင်းဖြစ်ရာတွင်ကြုံရခြင်းဖြစ်မည်ဟုတွေးမိကာ ကျေနပ်နေသေး၏။

ထို့နောက် ယွိဟန်ကျိုးကသူ့ကိုထိသည်ကိုလည်း ဒေါသအလွန်ထွက်ကာ ဒဏ်ရာပေးလိုက်မိသည်။ ဤသည်မှာ အယ်လ်ဖာအချင်းချင်းရန်လိုခြင်းမျိုးဖြစ်မည်ဟု တွေးနေ၏။

မင်းဟွမ်မှာ သူ၏အရင်ဘဝတွင်အိုမီဂါဖြစ်ခဲ့ဖူးသည်။ ထိုအချိန်က အမှတ်အသားမရှိသောအယ်လ်ဖာတစ်ယောက်နဲ့ထိမိခဲ့သဖြင့် အလွန်ရှက်ကာဒေါသထွက်ခဲ့သေး၏။

ထို့နောက်မင်းဟွမ်သည် အသက်အားဖြည်းဖြည်းချင်းရှုထုတ်လိုက်ကာ စိတ်ငြိမ်သွားသောအခါ၌ သူ၏ဦးချိုနှင့်အမြီးများပျောက်သွားသည်ကိုတွေ့လိုက်ရသည်။

ယွိဟန်ကျိုးသည်လည်း သူပုံမှန်ပြန်ဖြစ်သွားသည်ကိုမြင်မှ သူ့အားဆေးရုံခေါ်သွားကာ အယ်လ်ဖာသီးသန့်ဆေးများနှင့် နေ့စဉ်သုံးခန္ဓာကိုယ်ဆေးရည်များအပြင် လိုအပ်သော အာဟာရဖြည့်စွက်စာများပါဝယ်ယူရင်း မင်းဟွမ်အားလည်း စစ်ဆေးမှုများပြုလုပ်ပေးသည်။

ထို့နောက်အယ်လ်ဖာများသုံးရသည့်တားဆေးများလည်းဝယ်ခဲ့သေး၏။

ယွိဟန်ကျိုးနှင့်မင်းဟွမ်မှာ တစ်မိုးအောက်ထဲတွင် သုံးနှစ်သုံးမိုးနေထိုင်ခဲ့သော်လည်း သူတို့ကြားဆက်ဆံရေးမှာ အခန်းဖော်ထက်ပင်ဆိုးသေး၏။

ယွိဟန်ကျိုး၏သဘောထားမှာ ထိုသုံးနှစ်တာကာလအတွင်းမင်းဟွမ်အပေါ် အထက်လူကြီးနှင့်လက်အောက်ငယ်သားသဘောသာဆက်ဆံခဲ့ပြီး မည်သည့်ခံစားချက်မှမရှိခဲ့ပေ။

မင်းဟွမ်သည်လည်း သူ့အားယွိဟန်ကျိုးအုပ်ထိန်းနေရသည်မှာ စိတ်ပါ၍မဟုတ်ဘဲ စစ်ခုံရုံး၏ဆုံးဖြတ်ချက်ကြောင့်သာဖြစ်ကြောင်းသတိပြုမိခဲ့သည်။

သာမန်လိုင်စင်များဖြစ်သည့် လေယာဉ်များနှင့် A အဆင့်ယာဉ်ပျံများကိုထိန်းချုပ်နိုင်ခွင့်လိုင်စင်များမဆိုထားနှင့်၊ မင်းဟွမ်မှာ ထိပ်တန်းတိုက်လေယာဉ်အများစု၏ ထိန်းချုပ်ခန်းမှ ခလုတ်များ၊ မောင်းနှင်ပုံများ အားလုံးကို လေ့လာသင်ကြားပြီဖြစ်သည်။ ထို့နောက် ပြီးခဲ့သည့်နှစ်ကတည်းကအငယ်တန်းဗိုလ်လောင်းစာ‌မေးပွဲအတွက်ပြင်ဆင်နေခြင်းဖြစ်၏။

ထို့ပြင်ယနေ့ထိုနေရာသို့ ယွိဟန်ကျိုးပါသွားမည်ဆိုသည်ကို မင်းဟွမ်မေ့နေခဲ့သည်။

ယွိဟန်ကျိုးသည် သမာရိုးကျဝတ်စုံနှင့် မျက်မှန်ဖြင့်သာ မြို့ထဲတွင် လမ်းလျှောက်နေပြီး မင်းဟွမ်အတွက် လိုအပ်သည်များဝယ်နေသည်။ အထူးသဖြင့် ညအိပ်ဝတ်စုံများနှင့် အတွင်းခံများဝယ်သောအခါ၌ မင်းဟွမ်ကိုပင်မကြည့်ဘဲ သူ့စိတ်မှန်းနှင့်သူ ဆိုဒ်ရွေးဝယ်လိုက်သောအခါ မင်းဟွမ်မှာရှက်၍ နားရွက်များပါရဲလာ၏။ ထို့ပြင်နေရသည်မှာလည်း မသက်မသာဖြစ်လာ၏။

'ဘာတွေဖြစ်နေတာလဲ။ အရွယ်ရောက်ကာလမှာဖြစ်တဲ့ ပြိုင်ဆိုင်လိုစိတ်ပဲနေမှာပါ။ ဟုတ်တယ်၊ အဲ့တာပဲနေမှာ'

မင်းဟွမ်မှာ သူ့စိတ်သူထိန်းပြီးဆက်တွေးနေသည်။

'ခင်ဗျားကိုယ်ခင်ဗျား ကျနော့်ဆိုဒ်ကို သိတယ်ထင်နေတာလား'

မင်းဟွမ်မှာ သူ့အတွက် M ဆိုဒ်ဝယ်လိုက်သည်ကိုတွေ့လိုက်သောအခါ မျက်နှာမှာလည်းရှုံ့မဲ့ပြီး ငါကဒီ့ထက်အရွယ်ရောက်လာဦးမှာ စောင့်သာကြည့်ဟု မခံမရပ်နိုင်တွေးနေ၏။

ယွိဟန်ကျိုးမှာလည်း သဘောပေါက်သွားသည်လားမသိ၊ အတွင်းခံများထပ်မဝယ်တော့ဘဲ နဂိုထက်တစ်ဆိုဒ်ပိုကြီးသောညအိပ်ဝတ်စုံနှင့်ဖိနပ်အချို့ကိုဝယ်ခဲ့၏။

လွန်ခဲ့သောသုံးနှစ်က မင်းဟွမ်မှာ SSS အဆင့်ရှိသောနဂါးဟု စတင်သတ်မှတ်ခံရစဥ်က ယွိဟန်ကျိုးသည်အဝါရောင်သဲများဖြင့်ညစ်ပတ်နေသည့် အမှိုက်သာသာကြယ်တစ်လုံးစီသို့ သူ၏သားရေဖိနပ်များနှင့် သဲပူပူများကိုနင်းကာ ရောက်လာခဲ့သည်။

ထိုအချိန်ကမင်းဟွမ်မှာ အသက် ၁၃၊ ၁၄ သာရှိသေးသော လူငယ်လေးဖြစ်သော်လည်း နဂါးများ၏အသက်အရဆို ၁၅ ရက်သားလေးသာရှိသေး၏။

ထိုအခိုက်ယွိဟန်ကျိုးမှာ သူ၏ညစ်ပတ်ပေရေနေသောလက်များကိုဂရုမထားဘဲ မှတ်ပုံတင်ဌာနမှ မင်းဟွမ်အား လက်ဆွဲကာထွက်ခဲ့သည်။ ထိုအချိန်က ယွိဟန်ကျိုး၏လက်မှာ မင်းဟွမ်လက်တစ်ဖက်လုံးကိုမြုပ်နေအောင်ဆုပ်ကိုင်ထားနိုင်ပြီးနွေးထွေးလှ၏။

'ဟ နေပါဦး နေပါဦး။ ငါဘာလို့အဲ့တာတွေပြန်တွေးနေတာလဲ'

မင်းဟွမ်သည်သူ၏ခေါင်းကိုခါရမ်းလိုက်ပြီး သူ့ရှေ့မှယွိဟန်ကျိုး၏ကျောပြင်ကိုကြည့်လိုက်သည်။ ယွိဟန်ကျိုးသည် မင်းဟွမ်အား ကြယ်တာရာမြို့တော်မှအပြန်ဈေးဝယ်ထွက်ရန်ခေါ်လာခြင်းဖြစ်၏။

ယွိဟန်ကျိုးမှာ ငွေကိုရေလိုသုံးတတ်သည်။ ဤသည်မှာ သူ့ထံတွင်မျက်နှာငဲ့စရာ ခင်ပွန်းမရှိသည်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။

ထို့သို့လမ်းလျှောက်နေရင်းတစ်နေရာရောက်သောအခါ မင်းဟွမ်သည် လမ်းဆက်မလျှောက်နိုင်တော့ဘဲ တစ်နေရာသို့ငေးနေ၏။ သူငေးနေသောအရာမှာ လမ်းဘေးတွင် ရေခဲမုန့်ကြီးနှစ်ခုအသွင် အထက်အောက်ခုန်နေသော ဆိုင်းဘုတ်ကြီးဖြစ်၏။

မင်းဟွမ်မှာအရင်ဘဝကတည်းက ရေခဲမုန့်အလွန်ကြိုက်သည်။ ယွိဟန်ကျိုးမှာတော့ သူ့နောက်မှမင်းဟွမ်၏ခြေသံမကြားရတော့သဖြင့်လှည့်ကြည့်ပြီး မင်းဟွမ်ငေးနေရာသို့ကြည့်ကာ "အဲ့တာဘာလဲ" ဟုမေးလိုက်သည်။

ယုဟန်ကျိုးမှာတကယ်ကိုပင် ရေခဲမုန့်အား ဘာမှန်းမသိပေ။ ကြယ်တာရာခေတ်တွင်ရေခဲမုန့်အား အလွန်အေးကာရှေးကျသောသရေစာဟု သတ်မှတ်ထားခြင်းကြောင့်ဖြစ်၏။

"အဲ့တာရေခဲမုန့်လေ။ စားလိုက်ရင်ခင်ဗျားပါးစပ်ထဲမှာအရည်ပျော်သွားရော။ ချိုပြီးမွှေးနေတာပဲ"

ထိုအခါ ဆိုင်တွင်းသို့ဝင်သွားသူ အိုမီဂါလူသားမိန်းကလေးနှစ်ဦးက ဆိုင်ရှင်အားမေးလိုက်သည်။

"ဘယ်လောက်လဲမသိဘူး"

ယွိဟန်ကျိုးမှာတော့ မင်းဟွမ်ကိုသာကြည့်နေရင်းပြောလိုက်သည်။

"အယ်လ်ဖာတွေက ဒါမျိုးတွေမှမစားဘဲ"

မင်းဟွမ်အားထိုသို့ပြောလိုက်ပြီး ယွိဟန်ကျိုးဘေးမှလည်း ထိုမိန်းကလေးနှစ်ယောက်ဖြတ်သွားကာ သူတို့ကိုယ်မှအနံ့တစ်ခုရသဖြင့် ယွိဟန်ကျိုးသည်မျက်မှောင်ကြုံ့ကာပြောလိုက်၏။

"သွားမယ်။ မိသားစုအမဲသားအသစ်ရောက်နေပြီ"

မင်းဟွမ်သည်လည်းအနံ့ခံကြည့်သောအခါ သူရသည်မှာတော့ ချောကလက်အနံ့သာ။ မင်းဟွမ်အရင်ဘဝ၌ သူ၏အဘွားသည်သူ့အားနှစ်စဉ်ချောကလက်ရေခဲမုန့်နှင့် ကိတ်မုန့်လုပ်ကျွေးနေကျဖြစ်သည်။

မင်းဟွမ်သည်ယုဟန်ကျိုးအား တော်ရုံတန်ရုံမည်သည်ကိုမှမတောင်းဆိုဖူးပေ။ သို့သော်ယခုတွင်တော့ သည်းမခံနိုင်တော့သဖြင့် ရေခဲမုန့်ဆိုင်အားလက်ညှိုးထိုးကာပြောလိုက်သည်။

"တစ်ခါလောက်ပါပဲ။ သွားဝယ်ပေးပါလား။ ကျနော်စားချင်လို့ပါ"

ယွိဟန်ကျိုးသည်ထိုနေရာ၌သာရပ်နေသေးကာ မင်းဟွမ်အား ခံစားချက်မဲ့စွာကြည့်နေသည်။ မင်းဟွမ်မှာလည်း ဘာလို့မှန်းမသိ ထိုရေခဲမုန့်အားအနည်းဆုံး တစ်ကိုက်လောက်ဖြစ်ဖြစ် စားချင်နေသဖြင့် ယွိဟန်ကျိုးမဝယ်ပေးလျှင်လည်း သူ့ဟာသူသွားဝယ်မည်ဟုတွေးနေပြီးဖြစ်သည်။

ထို့နောက်ယွိဟန်ကျိုးက စကားစသည်။

"မင်းဟွမ်၊ မင်းနေ့တိုင်း အိုမီဂါတွေနဲ့ပေါင်းပြီး သူတို့လုပ်တာတွေလိုက်လုပ်၊ သူတို့စားတာတွေလိုက်စားနဲ့ ခု အိုမီဂါတွေပဲကြိုက်လောက်မဲ့ ဒီလိုဟာကိုတောင် စားချင်နေပြီ။ ဒါကထားပါ ဒီနှစ်ရက်အတောအတွင်း မင်းနေမကောင်းလို့ နားလည်ပေးလို့ရတယ်။

ဒါပေမဲ့ ငါပေးထားနဲ့လက်ပတ်‌ကိုမင်းဘယ်သူ့ကိုပေးခဲ့တာလဲ။ ပြီးတော့မနေ့က မင်းယာဉ်ပျံပေါ်မှာ မင်းဘေးနားဘယ်သူထိုင်တာလဲ။ အဲ့ပေါ်ကမဖွင့်ရသေးတဲ့ လက်ဆောင်ဗူးကရော ဘယ်သူကျန်ခဲ့တာလဲ"

ထိုသို့ပြောရင်းယွိဟန်ကျိုးသည် ပန်းရောင်ဖဲကြိုးလေးစည်းထား‌သော စိမ်းပြာရောင်လက်ဆောင်ဗူးလေးအားထုတ်လိုက်သည်။

"မင်းဟွမ်၊ မင်း အိုမီဂါတစ်ယောက်ယောက်နဲ့ကြိုက်နေတာလား"

မင်းဟွမ်မှာ ယွိဟန်ကျိုးပြောနေသည်များကိုနားမလည်နိုင်ပေ။

ယွိဟန်ကျိုး၏အသံမှာ သာမန်ထက်လေးနက်နေပြီး မေးရိုးများလည်းထင်းနေ၏။

"အငယ်‌တန်းဗိုလ်လောင်းစာမေးပွဲက နောက်ငါးရက်အတွင်းဖြေရတော့မှာဆိုတော့ မင်းဘာလုပ်ရမယ်ဆိုတာမမေ့နဲ့"

ထိုအခါမှမင်းဟွမ်မှာ ယွိဟန်ကျိုးကသူ့အား စောစောစီးစီးမချစ်မိသွားစေရန် တားနေသည်မှန်း သတိထားမိသွားသည်။

"ချစ်ဖို့ဆိုတာ အဲ့လောက်လွယ်တယ်လို့ ထင်နေတာလား"

ထို့နောက်မင်းဟွမ်မှာ မျက်လုံးကို လှိမ့်လိုက်ရင်းဆက်ပြောသည်။

"ခင်ဗျားကျ ကျနော့်ကိုအသုံးစရိတ်မုန့်ဖိုးပေးလို့လား"

"မင်းဘယ်နေရာမှာသုံးမှာလဲဆိုတာ ငါအတည်ပြုလို့ရရင် ပေးမယ်"

'အတည်ပြုလို့ရရင်ဟုတ်လား၊ တကယ်ကိုပဲငါ့ကို သူ့လက်အောက်ငယ်သားများထင်နေတာလား'

'ပြီးတာပဲဟာ၊ မစားရဘူးဆိုလည်းမစားဘူး'

ထိုသို့စိတ်တွင်းတွေးကာ အပြင်ပန်းမှာတော့မင်းဟွမ်မှာ ခေါင်းငိုက်စိုက်ချကာ ရှည်လျားကာ ကော့နေသည့်မျက်တောင်များ‌နှင့် အညိုရောင်ဖျော့တော့တော့ရှိသော ကြည်လင်နေသည့်မျက်လုံးကလေးကို ပုတ်ခတ်ကာ ဘာမှဆက်မပြောဘဲ ယွိဟန်ကျိုးနောက်သာလိုက်ခဲ့သည်။

မင်းဟွမ်မှာယခင်က ယွိဟန်ကျိုးစကားအားနားထောင်သော်လည်း ယွိဟန်ကျိုးမှာသူ့အား သူ့စကားကိုနာခံရမည့်သားရဲလေးဟု သဘောထားနေမှန်းသိသွားဖြင့် ထိုမှစကာ မကျေမနပ်များဖြစ်ခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့်သူ၏စကားကိုနားထောင်လိုက်ရတိုင်း မင်းဟွမ်၏မျက်လုံးတွင်းမှ မကျေမနပ်အရိပ်အယောင်များ သိသိသာသာထွက်ပေါ်လာတတ်၏။

"အငယ်တန်း...အငယ်တန်းဗိုလ်လောင်းသင်တန်းကို ကျနော်ကျိန်းသေအောင်မှာ၊ မနေ့ညကတည်းကပြောတာပဲဟာ"

မင်းဟွမ်မှာ ထိုစကားအား ခေါင်းပေါ်သို့လက်သုံးချောင်းထောင်၍ ကျိန်ဆိုကာပြောလိုက်ခြင်းဖြစ်၏။

ယွိဟန်ကျိုးမှာတော့သူ့ကိုကြည့်နေသည်။ မင်းဟွမ်မှာလည်း သူ၏ပါးစပ်အားလျှာနှင့်သပ်လိုက်၏။ ထိုအခါမှ ယွိဟန်ကျိုးမှာ မင်းဟွမ်အား ကြယ်ဒင်္ဂါးနှစ်ဆယ်ပေးလိုက်သည်။

မင်းဟွမ်မှာသူ၏တာမီနယ်ထဲသို့ ပိုက်ဆံ‌ရောက်လာသောအခါ ပိုက်ဆံများကိုကြည့်နေရင်း ငိုက်စိုက်ကျနေသောခေါင်းမှာလည်း ပြန်မတ်လာ၏။ ယုဟန်ကျိုးက သွားဝယ်ဟုပြောလိုက်သောအခါ ပြေးဝယ်တော့၏။

မင်းဟွမ်သည်ရေခဲမုန့်အားလက်တစ်ဖက်ကကိုင်ကာ ယွိဟန်ကျိုးဆီပြန်ရောက်သောအခါ ရေခဲမုန့်အားအငမ်းမရလေးငါးကိုက် ကိုက်လိုက်ပြီး ဦးနှောက်‌ခဲသွားကာ အချိုအရသာကိုလည်း အားပါးတရခံစားနေ၏။

ထိုအခိုက်မင်းဟွမ်၏အမြီးမှာယားယံလာ၏။ ထိုအခါမင်းဟွမ်မှာလန့်ဖြန့်ကာ ရေခဲမုန့်အားပါးစပ်တွင်းထိုးထည့်ပြီး သူရှေ့တွင်လျှောက်နေသော ယွိဟန်ကျိုး၏လက်ကိုသွားဆွဲကာ ယွိဟန်ကျိုးဟု ခေါ်လိုက်သည်။

သူလှည့်ကြည့်လိုက်သောအခါ မင်းဟွမ်သည် သူ့ရင်ခွင်ထဲတိုးဝင်လာပြီး သိုးမွှေးကုတ်အင်္ကျီအတွင်းခေါင်းဝှက်ကာ လက်နှစ်ဖက်ကလည်း သူ့အားတင်းကျပ်စွာဖက်ထား၏။

ယွိဟန်ကျိုး၏နှာခေါင်းတွင်းသို့လည်း ရေခဲမုန့်နံ့ဝင်လာကာ မင်းဟွမ်မှာလည်း သူ၏ကုတ်အင်္ကျီနှင့် ပါးစပ်သုတ်နေပုံရသည်။

"မတွန်းနဲ့၊ ကျနော့်ချိုတွေထွက်လာတာလားမသိဘူး"

မင်းဟွမ်မှာထိုသို့ပြောပြီး ယွိဟန်ကျိုးအားပိုတိုးလိုဖက်လိုက်၏။

"ကျနော့်အမြီးလည်းထွက်လာပြီထင်တယ်"

မင်းဟွမ်မှာ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိ စိုးရိမ်နေပုံရကာ ယွိဟန်ကျိုးအားပြောလိုက်၏။

"ဘယ်...ဘယ်လိုလုပ်ရမလဲယွိဟန်ကျိုး။ ကျနော့်အမြီးကိုထိန်းလို့မရတော့ဘူး"


Legacy Note : Paid မှာ Chapter 30 ထိ တင်ထားပြီးပါပြီနော်။ Gp ဝင်ချင်တယ်ဆိုရင် Telegram Acc @kzw2509 ကို လာပြောလို့ရပါတယ်။ FB Page ကိုလည်း လာပြောလို့ရပါတယ်။


=============



Chapter 3
• May 7 at 1:02 AM

အခန္း (၃):ေရခဲမုန႔္

မင္းဟြမ္တင္လိုက္ေသာပို႔စ္မွာ လူသိမ်ားသြား၏။ ထို႔အတူသူ၏အေမးကိုေျဖၾကသူမ်ားလည္း အလြန္မ်ားလာသည္။

[အဆင့္ျမင့္ဟုတ္လား။ မယုံဘူး၊ ပုံျပ]

[Yo! နဂါးေပါက္စေလးသာဆိုရင္ေတာ့ ညီေလးလား၊ ညီမေလးလားေတာ့မသိေပမဲ့ မင္းက ေသခ်ာေပါက္ အိုမီဂါပဲ]

[ဒါထက္ ခုလိုခ်ိန္မွာ အသားမ်ားမ်ားစားသင့္တယ္ေနာ္။ အဲ့တာမွအရပ္ရွည္မွာ]

[က်ဳပ္က‌ေတာ့သာမန္အဆင့္ပါပဲ။ ဒါေပမဲ့လြန္ခဲ့တဲ့အႏွစ္ငါးဆယ္၊ က်ဳပ္ကြဲျပားျခင္းျဖစ္တုန္းကဆို ရသာ႐ုံဂလင္းေလးေတြေျပာင္းလဲၿပီး သိုးသားအစိမ္းစားရတာကို ေတာ္ေတာ္ႀကိဳက္ခဲ့တာ]

[က်ေနာ္တုန္းကေတာ့ အူလမ္းေၾကာင္းထိၿပီး ခနခနဝမ္းပ်က္တာပဲ။ ေျပာရရင္ အယ္လ္ဖာနဲ႔အိုမီဂါေတြရဲ့ ကြဲျပားျခင္းျဖစ္စဥ္က ဘီတာေတြနဲ႔ယွဥ္ရင္ တအားခံစားရတာ]

ထို႔ေနာက္မင္းဟြမ္ကိုယ္တိုင္ဝင္ၾကည့္နိုင္သည့္ နဂါးတစ္ေကာင္အားေရရွည္တြင္မည္သို႔မည္ပုံေစာင့္ေရွာက္ရမည္နည္းဟူေသာ ေဆာင္းပါးတစ္ခုတက္လာသျဖင့္ မင္းဟြမ္မွာဝင္ၾကည့္လိုက္သည္။

ထိုအခါတစ္မိနစ္စာသုံးဖက္ျမင္ပုံရိပ္ဗီဒီယိုတစ္ခုပြင့္လာ၏။

ဗီဒီယို၏ ပထမစကၠန႔္သုံးဆယ္မွာ နဂါးတစ္ေကာင္အရြယ္ေရာက္ကြဲျပားျခင္းျဖစ္လာပါက ေပၚေပါက္လာနိုင္သည့္ လကၡဏာမ်ားကိုရွင္းျပထားသည္။ အယ္လ္ဖာအျဖစ္ေျပာင္းလဲမည္ဆိုေသာ္ ၿပိဳင္ဆိုင္လိုစိတ္ျပင္းထန္လာျခင္း၊ အျမင္ႏွင့္အၾကားအာ႐ုံမ်ား ပိုမိုထက္ျမက္လာျခင္း၊ ပင္ကိုယ္စရိုက္မွာလည္း မဟုတ္မခံျဖစ္လာျခင္း၊ အရပ္ပိုရွည္လာကာ ေျခသည္းလက္သည္းမ်ားလည္းပိုမိုခၽြန္ထက္လာျခင္းႏွင့္ စိတ္ပိုင္းဆိုင္ရာစြမ္းအင္မ်ားလည္း ပိုမိုအားေကာင္းလာမည္ျဖစ္သည္။

ဆန႔္က်င္ဘက္အေနႏွင့္ အိုမီဂါအျဖစ္ေျပာင္းလဲမည္ဆိုလၽွင္ေတာ့ အစာအိမ္အားနည္းျခင္း၊ စိတ္အတက္အက်ျမန္ျခင္းႏွင့္ ခႏၶာကိုယ္၏အခ်ိဳ႕ေနရာမ်ားအား အထိအေတြ႕မခံနိုင္ျခင္းအျပင္ ခႏၶာကိုယ္မွာလည္း ပိုမိုသြယ္လ်လွပလာကာ သိမ္ေမြ႕ႏူးညံ့ေသာအသြင္အျပင္သို႔ ပိုမိုကူးေျပာင္းလာမည္ျဖစ္သည္။ ထိုသည္မက စိတ္စြမ္းအင္လည္း အားနည္းလာနိုင္၏။

မိမိမွာ အယ္လ္ဖာအျဖစ္ေျပာင္းလဲသည္လား၊ အိုမီဂါအျဖစ္ေျပာင္းလဲသည္လားသိဖို႔ရန္မွာ 'မတည္ၿငိမ္သည့္ကြဲျပားျခင္းလကၡဏာရပ္' မ်ားကိုၾကည့္၍ခြဲျခားနိုင္သည္။

မင္းဟြမ္မွာ ထိုသည္ကိုနားေထာင္ၿပီးကာမွ အေစာနကသူျဖစ္သြားသည္မွာ အယ္လ္ဖာမ်ားကဲ့သို႔ စိတ္မထိန္းနိုင္ဘဲၿပိဳင္ဆိုင္လိုစိတ္ ျပင္းထန္သြားျခင္းျဖစ္မည္ဟု ေတြးလိုက္မိသည္။

သားေပါက္အဆင့္တုန္းကဆိုလၽွင္ မင္းဟြမ္မွာ ယြိဟန္က်ိဳးအား မ်က္လုံးပင္ဆုံမၾကည့္ရဲခဲ့ေပမဲ့ ယခုတြင္ေတာ့ သူတင္ငါတင္ပင္ယွဥ္ရဲေနၿပီျဖစ္၏။

သုံးဖက္ျမင္ပုံရိပ္ဗီဒိယို၏က်န္ေသာ စကၠန႔္သုံးဆယ္မွာေတာ့ 'မတည္ၿငိမ္သည့္ကြဲျပားျခင္းလကၡဏာရပ္' မ်ားအား ရင္ဆိုင္ေျဖရွင္းရန္နည္းလမ္းမ်ားကို ဝယ္ယူနိုင္ေၾကာင္းေၾကာ္ျငာထားျခင္းျဖစ္၍ ထိုပုံရိပ္အားပိတ္လိုက္ေတာ့၏။

မင္းဟြမ္သည္ ထိုအေၾကာင္းအား ေလ့လာသင္ယူထားၿပီးျဖစ္ၿပီး အဓိကအခ်က္မွာ ဆန႔္က်င္ဘက္လိင္၏ ဖယ္ရိုမုန္းႏွင့္ ခပ္ေဝးေဝး‌တြင္ေနရန္သာျဖစ္၏။

ဆိုလိုသည္မွာ သူ၏ကြဲျပားျခင္းမျဖစ္မီကာလအတြင္း အိုမီဂါမ်ားနဲ႔ခပ္ေဝးေဝးေနရမည္ျဖစ္၏။

ထို႔ေနာက္မင္းဟြမ္သည္ သူ၏ပို႔စ္ကိုျပန္ဖြင့္လိုက္ေသာအခါ မွတ္ခ်က္မ်ားစြာထပ္ေတြ႕ရ၏။

[ပို႔စ္ပိုင္ရွင္ေမြးတုန္းက ကြဲျပားျခင္းျဖစ္ရင္ဘာျဖစ္မယ္ဆိုၿပီးခန႔္မွန္းတာမ်ိဳးလုပ္ခဲ့ေသးလား။ က်ေနာ့္အတြက္ခန႔္မွန္းခ်က္ကေတာ့ ဘီတာတဲ့]

ထို႔ေနာက္မင္းဟြမ္သည္ အနည္းငယ္ေတြးကာ ထိုမွတ္ခ်က္အား သူ႔အေနႏွင့္ကေတာ့ အယ္လ္ဖာအျဖစ္ကြဲျပားနိုင္ေၿခ ၉၀% ေက်ာ္ရွိခဲ့သည္ဟု စာျပန္လိုက္သည္။

[ဝိုး...ျမင့္လိုက္တဲ့ရာခိုင္ႏႈန္း]

ထိုမွတ္ခ်က္ႏွင့္အတူ ေရွာ္ခ္ရသြားသည့္နဂါး႐ုပ္ေျပာင္ေလးပါထည့္ေျပာ၏။

မင္းဟြမ္ေျပာသည္မွာ‌ ေလၽွာ့ေျပာထားျခင္းပင္ျဖစ္သည္။ တကယ္တမ္း သူေမြးကာစတြင္ ခန႔္မွန္းခ်က္လုပ္စဥ္က သူ႔အေနႏွင့္ အယ္လ္ဖာအျဖစ္ေျပာင္းလဲနိုင္ေၿခ ၉၉.၉% ရွိသည္ဟုပင္ အေျဖထြက္ခဲ့ျခင္းျဖစ္သည္။

ဆိုလိုသည္မွာ သူ႔အေနႏွင့္ အိုမီဂါတစ္ေယာက္အျဖစ္ေျပာင္းလဲနိုင္ေျခမွာ တစ္ေထာင္ပုံတစ္ပုံသာရွိ၏။

မင္းဟြမ္၏ပို႔စ္ေအာက္တြင္လည္း မွတ္ခ်က္မ်ားပလုံစီေနသည္။

[က်ေနာ့္တုန္းကေတာ့ ရယ္ရတယ္။ အယ္လ္ဖာျဖစ္နိုင္ေၿခ ၃၃.၃%၊ ဘီတာျဖစ္နိုင္ေၿခ ၃၃.၃%၊ အိုမီဂါျဖစ္နိုင္ေၿခ ၃၃.၃% တဲ့]

ထိုမွတ္ခ်က္ကိုစာျပန္ၾကသည္မွာလည္းမနည္းမေနာ။

[ဟ မင္းဟာကလဲ]

[အဲ့ေနာက္ဘာဆက္ျဖစ္လဲ]

[က်ေနာ့္အေဖက အဲ့မွတ္ပုံတင္ဌာနကိုမေက်နပ္လို႔သြားေမးတယ္ေလ]

[ဘာျဖစ္လို႔တုန္း။ မင္းအေဖက အယ္လ္ဖာ ဒါမွမဟုတ္ အိုမီဂါပဲလိုခ်င္တာမို႔လို႔လား]

[မဟုတ္ပါဘူး၊ က်န္တဲ့ ၀.၁% ကဘာျဖစ္နိုင္ေျခရွိတာလဲဆိုတာကို မေက်နပ္လို႔သြားေမးတာ]

[ဟားဟားဟားဟား၊ ေအးေလ မင္းဟာကဟုတ္လည္းဟုတ္တာပဲ။ အဲ့လိုသြားေမးေတာ့ ဌာနကလူေတြကဘာေျပာလဲ]

[ဌာနကလူေတြက ေသခ်ာမေျပာၾကဘူးေလ။ အဲ့လိုနဲ႔ သုံးရက္ေလာက္ၾကာတဲ့အထိကိုစကားမ်ားၾကေရာ။ အေဖက တစ္ခုခုကိုေတာ့ ၃၃.၄% ျဖစ္ေစခ်င္တာ။ အဲ့တာမွ က်ေနာ္ေက်ာင္းမွာအထူးျပဳေရြးရတဲ့အခါက်အဆင္ေျပမွာေလ]

ထို႔ေနာက္တြင္ေတာ့စကားလမ္းေၾကာင္းေျပာင္းသြားကာ ျဖစ္‌နိုင္ေၿခ ၀.၁% ၏အေရးပါပုံကို ေဆြးေႏြးျငင္းခုံၾကေလေတာ့၏။ ထို႔ေနာက္မွ စကားျပန္ဆက္သည္။

[အဲ့ေတာ့မင္းဘယ္ေက်ာင္းတက္ခဲ့လဲ]

[အဲ့ေနာက္ပိုင္းက်ေနာ့္စိတ္က အျမဲတမ္းတစ္ခုခုကို အလိုမက်ျဖစ္ေနတာမ်ိဳး၊ စိတ္မရွည္တာမ်ိဳး၊ အယ္လ္ဖာဖယ္ရိုမုန္းေတြခံစားမိရင္ သေဘာမက်တာမ်ိဳး၊ ၿပီးေတာ့ လည္ပင္းေနာက္ဂုတ္စပ္ကလည္း အျမဲယားေနတာ]

ထိုအခါမင္းဟြမ္သည္အံ့ဩသြားၿပီးသူ၏ဂုတ္ကိုထိလိုက္၏။ ယမန္ေန႔ကေရခ်ိဳးၿပီးခ်ိန္တြင္ သူ၏ဂုတ္စပ္မွာယားယံခဲ့ေသးသည္။ ဤသည္ကို အယ္လ္ဖာအျဖစ္ေျပာင္းလဲျခင္းျဖစ္ရာတြင္ၾကဳံရျခင္းျဖစ္မည္ဟုေတြးမိကာ ေက်နပ္ေနေသး၏။

ထို႔ေနာက္ ယြိဟန္က်ိဳးကသူ႔ကိုထိသည္ကိုလည္း ေဒါသအလြန္ထြက္ကာ ဒဏ္ရာေပးလိုက္မိသည္။ ဤသည္မွာ အယ္လ္ဖာအခ်င္းခ်င္းရန္လိုျခင္းမ်ိဳးျဖစ္မည္ဟု ေတြးေန၏။

မင္းဟြမ္မွာ သူ၏အရင္ဘဝတြင္အိုမီဂါျဖစ္ခဲ့ဖူးသည္။ ထိုအခ်ိန္က အမွတ္အသားမရွိေသာအယ္လ္ဖာတစ္ေယာက္နဲ႔ထိမိခဲ့သျဖင့္ အလြန္ရွက္ကာေဒါသထြက္ခဲ့ေသး၏။

ထို႔ေနာက္မင္းဟြမ္သည္ အသက္အားျဖည္းျဖည္းခ်င္းရႈထုတ္လိုက္ကာ စိတ္ၿငိမ္သြားေသာအခါ၌ သူ၏ဦးခ်ိဳႏွင့္အၿမီးမ်ားေပ်ာက္သြားသည္ကိုေတြ႕လိုက္ရသည္။

ယြိဟန္က်ိဳးသည္လည္း သူပုံမွန္ျပန္ျဖစ္သြားသည္ကိုျမင္မွ သူ႔အားေဆး႐ုံေခၚသြားကာ အယ္လ္ဖာသီးသန႔္ေဆးမ်ားႏွင့္ ေန႔စဥ္သုံးခႏၶာကိုယ္ေဆးရည္မ်ားအျပင္ လိုအပ္ေသာ အာဟာရျဖည့္စြက္စာမ်ားပါဝယ္ယူရင္း မင္းဟြမ္အားလည္း စစ္ေဆးမႈမ်ားျပဳလုပ္ေပးသည္။

ထို႔ေနာက္အယ္လ္ဖာမ်ားသုံးရသည့္တားေဆးမ်ားလည္းဝယ္ခဲ့ေသး၏။

ယြိဟန္က်ိဳးႏွင့္မင္းဟြမ္မွာ တစ္မိုးေအာက္ထဲတြင္ သုံးႏွစ္သုံးမိုးေနထိုင္ခဲ့ေသာ္လည္း သူတို႔ၾကားဆက္ဆံေရးမွာ အခန္းေဖာ္ထက္ပင္ဆိုးေသး၏။

ယြိဟန္က်ိဳး၏သေဘာထားမွာ ထိုသုံးႏွစ္တာကာလအတြင္းမင္းဟြမ္အေပၚ အထက္လူႀကီးႏွင့္လက္ေအာက္ငယ္သားသေဘာသာဆက္ဆံခဲ့ၿပီး မည္သည့္ခံစားခ်က္မွမရွိခဲ့ေပ။

မင္းဟြမ္သည္လည္း သူ႔အားယြိဟန္က်ိဳးအုပ္ထိန္းေနရသည္မွာ စိတ္ပါ၍မဟုတ္ဘဲ စစ္ခုံ႐ုံး၏ဆုံးျဖတ္ခ်က္ေၾကာင့္သာျဖစ္ေၾကာင္းသတိျပဳမိခဲ့သည္။

သာမန္လိုင္စင္မ်ားျဖစ္သည့္ ေလယာဥ္မ်ားႏွင့္ A အဆင့္ယာဥ္ပ်ံမ်ားကိုထိန္းခ်ဳပ္နိုင္ခြင့္လိုင္စင္မ်ားမဆိုထားႏွင့္၊ မင္းဟြမ္မွာ ထိပ္တန္းတိုက္ေလယာဥ္အမ်ားစု၏ ထိန္းခ်ဳပ္ခန္းမွ ခလုတ္မ်ား၊ ေမာင္းႏွင္ပုံမ်ား အားလုံးကို ေလ့လာသင္ၾကားၿပီျဖစ္သည္။ ထို႔ေနာက္ ၿပီးခဲ့သည့္ႏွစ္ကတည္းကအငယ္တန္းဗိုလ္ေလာင္းစာ‌ေမးပြဲအတြက္ျပင္ဆင္ေနျခင္းျဖစ္၏။

ထို႔ျပင္ယေန႔ထိုေနရာသို႔ ယြိဟန္က်ိဳးပါသြားမည္ဆိုသည္ကို မင္းဟြမ္ေမ့ေနခဲ့သည္။

ယြိဟန္က်ိဳးသည္ သမာရိုးက်ဝတ္စုံႏွင့္ မ်က္မွန္ျဖင့္သာ ၿမိဳ႕ထဲတြင္ လမ္းေလၽွာက္ေနၿပီး မင္းဟြမ္အတြက္ လိုအပ္သည္မ်ားဝယ္ေနသည္။ အထူးသျဖင့္ ညအိပ္ဝတ္စုံမ်ားႏွင့္ အတြင္းခံမ်ားဝယ္ေသာအခါ၌ မင္းဟြမ္ကိုပင္မၾကည့္ဘဲ သူ႔စိတ္မွန္းႏွင့္သူ ဆိုဒ္ေရြးဝယ္လိုက္ေသာအခါ မင္းဟြမ္မွာရွက္၍ နားရြက္မ်ားပါရဲလာ၏။ ထို႔ျပင္ေနရသည္မွာလည္း မသက္မသာျဖစ္လာ၏။

'ဘာေတြျဖစ္ေနတာလဲ။ အရြယ္ေရာက္ကာလမွာျဖစ္တဲ့ ၿပိဳင္ဆိုင္လိုစိတ္ပဲေနမွာပါ။ ဟုတ္တယ္၊ အဲ့တာပဲေနမွာ'

မင္းဟြမ္မွာ သူ႔စိတ္သူထိန္းၿပီးဆက္ေတြးေနသည္။

'ခင္ဗ်ားကိုယ္ခင္ဗ်ား က်ေနာ့္ဆိုဒ္ကို သိတယ္ထင္ေနတာလား'

မင္းဟြမ္မွာ သူ႔အတြက္ M ဆိုဒ္ဝယ္လိုက္သည္ကိုေတြ႕လိုက္ေသာအခါ မ်က္ႏွာမွာလည္းရႈံ႔မဲ့ၿပီး ငါကဒီ့ထက္အရြယ္ေရာက္လာဦးမွာ ေစာင့္သာၾကည့္ဟု မခံမရပ္နိုင္ေတြးေန၏။

ယြိဟန္က်ိဳးမွာလည္း သေဘာေပါက္သြားသည္လားမသိ၊ အတြင္းခံမ်ားထပ္မဝယ္ေတာ့ဘဲ နဂိုထက္တစ္ဆိုဒ္ပိုႀကီးေသာညအိပ္ဝတ္စုံႏွင့္ဖိနပ္အခ်ိဳ႕ကိုဝယ္ခဲ့၏။

လြန္ခဲ့ေသာသုံးႏွစ္က မင္းဟြမ္မွာ SSS အဆင့္ရွိေသာနဂါးဟု စတင္သတ္မွတ္ခံရစဥ္က ယြိဟန္က်ိဳးသည္အဝါေရာင္သဲမ်ားျဖင့္ညစ္ပတ္ေနသည့္ အမွိုက္သာသာၾကယ္တစ္လုံးစီသို႔ သူ၏သားေရဖိနပ္မ်ားႏွင့္ သဲပူပူမ်ားကိုနင္းကာ ေရာက္လာခဲ့သည္။

ထိုအခ်ိန္ကမင္းဟြမ္မွာ အသက္ ၁၃၊ ၁၄ သာရွိေသးေသာ လူငယ္ေလးျဖစ္ေသာ္လည္း နဂါးမ်ား၏အသက္အရဆို ၁၅ ရက္သားေလးသာရွိေသး၏။

ထိုအခိုက္ယြိဟန္က်ိဳးမွာ သူ၏ညစ္ပတ္ေပေရေနေသာလက္မ်ားကိုဂ႐ုမထားဘဲ မွတ္ပုံတင္ဌာနမွ မင္းဟြမ္အား လက္ဆြဲကာထြက္ခဲ့သည္။ ထိုအခ်ိန္က ယြိဟန္က်ိဳး၏လက္မွာ မင္းဟြမ္လက္တစ္ဖက္လုံးကိုျမဳပ္ေနေအာင္ဆုပ္ကိုင္ထားနိုင္ၿပီးေႏြးေထြးလွ၏။

'ဟ ေနပါဦး ေနပါဦး။ ငါဘာလို႔အဲ့တာေတြျပန္ေတြးေနတာလဲ'

မင္းဟြမ္သည္သူ၏ေခါင္းကိုခါရမ္းလိုက္ၿပီး သူ႔ေရွ႕မွယြိဟန္က်ိဳး၏ေက်ာျပင္ကိုၾကည့္လိုက္သည္။ ယြိဟန္က်ိဳးသည္ မင္းဟြမ္အား ၾကယ္တာရာၿမိဳ႕ေတာ္မွအျပန္ေဈးဝယ္ထြက္ရန္ေခၚလာျခင္းျဖစ္၏။

ယြိဟန္က်ိဳးမွာ ေငြကိုေရလိုသုံးတတ္သည္။ ဤသည္မွာ သူ႔ထံတြင္မ်က္ႏွာငဲ့စရာ ခင္ပြန္းမရွိသည္ေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္၏။

ထို႔သို႔လမ္းေလၽွာက္ေနရင္းတစ္ေနရာေရာက္ေသာအခါ မင္းဟြမ္သည္ လမ္းဆက္မေလၽွာက္နိုင္ေတာ့ဘဲ တစ္ေနရာသို႔ေငးေန၏။ သူေငးေနေသာအရာမွာ လမ္းေဘးတြင္ ေရခဲမုန႔္ႀကီးႏွစ္ခုအသြင္ အထက္ေအာက္ခုန္ေနေသာ ဆိုင္းဘုတ္ႀကီးျဖစ္၏။

မင္းဟြမ္မွာအရင္ဘဝကတည္းက ေရခဲမုန႔္အလြန္ႀကိဳက္သည္။ ယြိဟန္က်ိဳးမွာေတာ့ သူ႔ေနာက္မွမင္းဟြမ္၏ေျခသံမၾကားရေတာ့သျဖင့္လွည့္ၾကည့္ၿပီး မင္းဟြမ္ေငးေနရာသို႔ၾကည့္ကာ "အဲ့တာဘာလဲ" ဟုေမးလိုက္သည္။

ယုဟန္က်ိဳးမွာတကယ္ကိုပင္ ေရခဲမုန႔္အား ဘာမွန္းမသိေပ။ ၾကယ္တာရာေခတ္တြင္ေရခဲမုန႔္အား အလြန္ေအးကာေရွးက်ေသာသေရစာဟု သတ္မွတ္ထားျခင္းေၾကာင့္ျဖစ္၏။

"အဲ့တာေရခဲမုန႔္ေလ။ စားလိုက္ရင္ခင္ဗ်ားပါးစပ္ထဲမွာအရည္ေပ်ာ္သြားေရာ။ ခ်ိဳၿပီးေမႊးေနတာပဲ"

ထိုအခါ ဆိုင္တြင္းသို႔ဝင္သြားသူ အိုမီဂါလူသားမိန္းကေလးႏွစ္ဦးက ဆိုင္ရွင္အားေမးလိုက္သည္။

"ဘယ္ေလာက္လဲမသိဘူး"

ယြိဟန္က်ိဳးမွာေတာ့ မင္းဟြမ္ကိုသာၾကည့္ေနရင္းေျပာလိုက္သည္။

"အယ္လ္ဖာေတြက ဒါမ်ိဳးေတြမွမစားဘဲ"

မင္းဟြမ္အားထိုသို႔ေျပာလိုက္ၿပီး ယြိဟန္က်ိဳးေဘးမွလည္း ထိုမိန္းကေလးႏွစ္ေယာက္ျဖတ္သြားကာ သူတို႔ကိုယ္မွအနံ့တစ္ခုရသျဖင့္ ယြိဟန္က်ိဳးသည္မ်က္ေမွာင္ၾကဳံ႕ကာေျပာလိုက္၏။

"သြားမယ္။ မိသားစုအမဲသားအသစ္ေရာက္ေနၿပီ"

မင္းဟြမ္သည္လည္းအနံ့ခံၾကည့္ေသာအခါ သူရသည္မွာေတာ့ ေခ်ာကလက္အနံ့သာ။ မင္းဟြမ္အရင္ဘဝ၌ သူ၏အဘြားသည္သူ႔အားႏွစ္စဥ္ေခ်ာကလက္ေရခဲမုန႔္ႏွင့္ ကိတ္မုန႔္လုပ္ေကၽြးေနက်ျဖစ္သည္။

မင္းဟြမ္သည္ယုဟန္က်ိဳးအား ေတာ္႐ုံတန္႐ုံမည္သည္ကိုမွမေတာင္းဆိုဖူးေပ။ သို႔ေသာ္ယခုတြင္ေတာ့ သည္းမခံနိုင္ေတာ့သျဖင့္ ေရခဲမုန႔္ဆိုင္အားလက္ညႇိုးထိုးကာေျပာလိုက္သည္။

"တစ္ခါေလာက္ပါပဲ။ သြားဝယ္ေပးပါလား။ က်ေနာ္စားခ်င္လို႔ပါ"

ယြိဟန္က်ိဳးသည္ထိုေနရာ၌သာရပ္ေနေသးကာ မင္းဟြမ္အား ခံစားခ်က္မဲ့စြာၾကည့္ေနသည္။ မင္းဟြမ္မွာလည္း ဘာလို႔မွန္းမသိ ထိုေရခဲမုန႔္အားအနည္းဆုံး တစ္ကိုက္ေလာက္ျဖစ္ျဖစ္ စားခ်င္ေနသျဖင့္ ယြိဟန္က်ိဳးမဝယ္ေပးလၽွင္လည္း သူ႔ဟာသူသြားဝယ္မည္ဟုေတြးေနၿပီးျဖစ္သည္။

ထို႔ေနာက္ယြိဟန္က်ိဳးက စကားစသည္။

"မင္းဟြမ္၊ မင္းေန႔တိုင္း အိုမီဂါေတြနဲ႔ေပါင္းၿပီး သူတို႔လုပ္တာေတြလိုက္လုပ္၊ သူတို႔စားတာေတြလိုက္စားနဲ႔ ခု အိုမီဂါေတြပဲႀကိဳက္ေလာက္မဲ့ ဒီလိုဟာကိုေတာင္ စားခ်င္ေနၿပီ။ ဒါကထားပါ ဒီႏွစ္ရက္အေတာအတြင္း မင္းေနမေကာင္းလို႔ နားလည္ေပးလို႔ရတယ္။

ဒါေပမဲ့ ငါေပးထားနဲ႔လက္ပတ္‌ကိုမင္းဘယ္သူ႔ကိုေပးခဲ့တာလဲ။ ၿပီးေတာ့မေန႔က မင္းယာဥ္ပ်ံေပၚမွာ မင္းေဘးနားဘယ္သူထိုင္တာလဲ။ အဲ့ေပၚကမဖြင့္ရေသးတဲ့ လက္ေဆာင္ဗူးကေရာ ဘယ္သူက်န္ခဲ့တာလဲ"

ထိုသို႔ေျပာရင္းယြိဟန္က်ိဳးသည္ ပန္းေရာင္ဖဲႀကိဳးေလးစည္းထား‌ေသာ စိမ္းျပာေရာင္လက္ေဆာင္ဗူးေလးအားထုတ္လိုက္သည္။

"မင္းဟြမ္၊ မင္း အိုမီဂါတစ္ေယာက္ေယာက္နဲ႔ႀကိဳက္ေနတာလား"

မင္းဟြမ္မွာ ယြိဟန္က်ိဳးေျပာေနသည္မ်ားကိုနားမလည္နိုင္ေပ။

ယြိဟန္က်ိဳး၏အသံမွာ သာမန္ထက္ေလးနက္ေနၿပီး ေမးရိုးမ်ားလည္းထင္းေန၏။

"အငယ္‌တန္းဗိုလ္ေလာင္းစာေမးပြဲက ေနာက္ငါးရက္အတြင္းေျဖရေတာ့မွာဆိုေတာ့ မင္းဘာလုပ္ရမယ္ဆိုတာမေမ့နဲ႔"

ထိုအခါမွမင္းဟြမ္မွာ ယြိဟန္က်ိဳးကသူ႔အား ေစာေစာစီးစီးမခ်စ္မိသြားေစရန္ တားေနသည္မွန္း သတိထားမိသြားသည္။

"ခ်စ္ဖို႔ဆိုတာ အဲ့ေလာက္လြယ္တယ္လို႔ ထင္ေနတာလား"

ထို႔ေနာက္မင္းဟြမ္မွာ မ်က္လုံးကို လွိမ့္လိုက္ရင္းဆက္ေျပာသည္။

"ခင္ဗ်ားက် က်ေနာ့္ကိုအသုံးစရိတ္မုန႔္ဖိုးေပးလို႔လား"

"မင္းဘယ္ေနရာမွာသုံးမွာလဲဆိုတာ ငါအတည္ျပဳလို႔ရရင္ ေပးမယ္"

'အတည္ျပဳလို႔ရရင္ဟုတ္လား၊ တကယ္ကိုပဲငါ့ကို သူ႔လက္ေအာက္ငယ္သားမ်ားထင္ေနတာလား'

'ၿပီးတာပဲဟာ၊ မစားရဘူးဆိုလည္းမစားဘူး'

ထိုသို႔စိတ္တြင္းေတြးကာ အျပင္ပန္းမွာေတာ့မင္းဟြမ္မွာ ေခါင္းငိုက္စိုက္ခ်ကာ ရွည္လ်ားကာ ေကာ့ေနသည့္မ်က္ေတာင္မ်ား‌ႏွင့္ အညိဳေရာင္ေဖ်ာ့ေတာ့ေတာ့ရွိေသာ ၾကည္လင္ေနသည့္မ်က္လုံးကေလးကို ပုတ္ခတ္ကာ ဘာမွဆက္မေျပာဘဲ ယြိဟန္က်ိဳးေနာက္သာလိုက္ခဲ့သည္။

မင္းဟြမ္မွာယခင္က ယြိဟန္က်ိဳးစကားအားနားေထာင္ေသာ္လည္း ယြိဟန္က်ိဳးမွာသူ႔အား သူ႔စကားကိုနာခံရမည့္သားရဲေလးဟု သေဘာထားေနမွန္းသိသြားျဖင့္ ထိုမွစကာ မေက်မနပ္မ်ားျဖစ္ခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္သူ၏စကားကိုနားေထာင္လိုက္ရတိုင္း မင္းဟြမ္၏မ်က္လုံးတြင္းမွ မေက်မနပ္အရိပ္အေယာင္မ်ား သိသိသာသာထြက္ေပၚလာတတ္၏။

"အငယ္တန္း...အငယ္တန္းဗိုလ္ေလာင္းသင္တန္းကို က်ေနာ္က်ိန္းေသေအာင္မွာ၊ မေန႔ညကတည္းကေျပာတာပဲဟာ"

မင္းဟြမ္မွာ ထိုစကားအား ေခါင္းေပၚသို႔လက္သုံးေခ်ာင္းေထာင္၍ က်ိန္ဆိုကာေျပာလိုက္ျခင္းျဖစ္၏။

ယြိဟန္က်ိဳးမွာေတာ့သူ႔ကိုၾကည့္ေနသည္။ မင္းဟြမ္မွာလည္း သူ၏ပါးစပ္အားလၽွာႏွင့္သပ္လိုက္၏။ ထိုအခါမွ ယြိဟန္က်ိဳးမွာ မင္းဟြမ္အား ၾကယ္ဒဂၤါးႏွစ္ဆယ္ေပးလိုက္သည္။

မင္းဟြမ္မွာသူ၏တာမီနယ္ထဲသို႔ ပိုက္ဆံ‌ေရာက္လာေသာအခါ ပိုက္ဆံမ်ားကိုၾကည့္ေနရင္း ငိုက္စိုက္က်ေနေသာေခါင္းမွာလည္း ျပန္မတ္လာ၏။ ယုဟန္က်ိဳးက သြားဝယ္ဟုေျပာလိုက္ေသာအခါ ေျပးဝယ္ေတာ့၏။

မင္းဟြမ္သည္ေရခဲမုန႔္အားလက္တစ္ဖက္ကကိုင္ကာ ယြိဟန္က်ိဳးဆီျပန္ေရာက္ေသာအခါ ေရခဲမုန႔္အားအငမ္းမရေလးငါးကိုက္ ကိုက္လိုက္ၿပီး ဦးေႏွာက္‌ခဲသြားကာ အခ်ိဳအရသာကိုလည္း အားပါးတရခံစားေန၏။

ထိုအခိုက္မင္းဟြမ္၏အၿမီးမွာယားယံလာ၏။ ထိုအခါမင္းဟြမ္မွာလန႔္ျဖန႔္ကာ ေရခဲမုန႔္အားပါးစပ္တြင္းထိုးထည့္ၿပီး သူေရွ႕တြင္ေလၽွာက္ေနေသာ ယြိဟန္က်ိဳး၏လက္ကိုသြားဆြဲကာ ယြိဟန္က်ိဳးဟု ေခၚလိုက္သည္။

သူလွည့္ၾကည့္လိုက္ေသာအခါ မင္းဟြမ္သည္ သူ႔ရင္ခြင္ထဲတိုးဝင္လာၿပီး သိုးေမႊးကုတ္အကၤ်ီအတြင္းေခါင္းဝွက္ကာ လက္ႏွစ္ဖက္ကလည္း သူ႔အားတင္းက်ပ္စြာဖက္ထား၏။

ယြိဟန္က်ိဳး၏ႏွာေခါင္းတြင္းသို႔လည္း ေရခဲမုန႔္နံ့ဝင္လာကာ မင္းဟြမ္မွာလည္း သူ၏ကုတ္အကၤ်ီႏွင့္ ပါးစပ္သုတ္ေနပုံရသည္။

"မတြန္းနဲ႔၊ က်ေနာ့္ခ်ိဳေတြထြက္လာတာလားမသိဘူး"

မင္းဟြမ္မွာထိုသို႔ေျပာၿပီး ယြိဟန္က်ိဳးအားပိုတိုးလိုဖက္လိုက္၏။

"က်ေနာ့္အၿမီးလည္းထြက္လာၿပီထင္တယ္"

မင္းဟြမ္မွာ ဘာလုပ္လို႔ဘာကိုင္ရမယ္မွန္းမသိ စိုးရိမ္ေနပုံရကာ ယြိဟန္က်ိဳးအားေျပာလိုက္၏။

"ဘယ္...ဘယ္လိုလုပ္ရမလဲယြိဟန္က်ိဳး။ က်ေနာ့္အၿမီးကိုထိန္းလို႔မရေတာ့ဘူး"

Legacy Note : Paid မွာ Chapter 30 ထိ တင္ထားၿပီးပါၿပီေနာ္။ Gp ဝင္ခ်င္တယ္ဆိုရင္ Telegram Acc @kzw2509 ကို လာေျပာလို႔ရပါတယ္။ FB Page ကိုလည္း လာေျပာလို႔ရပါတယ္။


Comment