Part 12(Uni+Zg)

ဒီေန႔လဲyoonaဆီဆက္သြယ္လို႔မရပါဘူး။ Yoonaဘာေတြျဖစ္ေနတာလဲသြားေမးခ်င္ေပမယ့္ အခုခ်ိန္မွာကြၽန္မလဲကိုယ့္အပူနဲ႔ကိုယ္ေလ။ ေသခ်ာစဥ္းစားၾကည့္လိုက္မွ အျငင္းခံလိုက္ရတာမွေတာ္ေသးတာပါ။ အကယ္၍ အစ္မသာကြၽန္မကိုငဲ့ၿပီး လက္ခံလိုက္ရင္ သူမေဖာက္ျပန္တဲ့သူျဖစ္သြားမွာေလ။ ကြၽန္မျမတ္ႏိုးရတဲ့အမ်ိဳးသမီးကို သူမ်ားေတြေျပာဆိုမွာမလိုခ်င္ပါဘူး။ အစ္မပင္ပန္းမွာကို ကြၽန္မနာက်င္ရမွာထက္ပိုေၾကာက္ပါတယ္။

အခုသင္တန္းမွာjinniနဲ႔ကြၽန္မပဲရွိတယ္။ Yoonaအေၾကာင္းjinniကိုေမးေပမယ့္ စကားလမ္းေၾကာင္းလႊဲသြားတယ္။ ကြၽန္မထင္တာမမွားရင္ Yoonaေပ်ာက္ေနတာJinniနဲ႔မ်ားပတ္သက္ေနမလားပဲ။ ေနာက္ေန႔မွ ကြၽန္မကိုယ္တိုင္Yoonaဆီလိုက္သြားပါေတာ့မယ္။

"Jinni yah နင္တစ္ေယာက္ထဲျပန္လို႔ျဖစ္ရဲ႕လား"

"ရတယ္ Jin sol နင္သာဂ႐ုစိုက္ေလွ်ာက္သြားမေနနဲ႔အုံး"

"ေဟး ငါကေလးမဟုတ္ဘူးေနာ္"

အဲ့jinniေရာyoonaေရာက လူကိုကေလးလိုပဲဝိုင္းဆက္ဆံေနၾကတာ။

ကြၽန္မလဲJinniနဲ႔လမ္းခြဲၿပီးထြက္လာခဲ့တယ္။ အသားက်ေနတဲ့ေျခလွမ္းေတြကို ေကာ္ဖီဆိုင္ဆီမေရာက္သြားေအာင္ ႀကိဳးစားေနရတာလဲအလုပ္တစ္ခုပါ။

"ေဟ့ ဒီမွာ"

လမ္းေလွ်ာက္ေနရင္း အသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့ အမ်ိဳးသမီးတစ္ဦး။ ေနပါဦး ဒီအမ်ိဳးသမီးကိုဘယ္မွာျမင္ဖူးတာပါလိမ့္

"ညီမကိုေခၚတာလား"

ကြၽန္မေမးေတာ့ ေခါင္းၿငိမ့္ၿပီးၿပဳံးျပလာတယ္။ ေသခ်ာပါက္ သူမကိုတစ္ေနရာမွာျမင္ဖူးပါတယ္။

"အစ္မကိုမွတ္မိတယ္မလား.."

"ဟင့္အင္း မမွတ္မိဘူးရွင့္"

အေရွ႕ကအမ်ိဳးသမီးရဲ႕စကားမဆုံးခင္ ကြၽန္မျဖတ္ေျပာလိုက္ေတာ့ သူမကအံ့ၾသေနတဲ့မ်က္လုံးေတြနဲ႔ၾကည့္လာတယ္။

"ဟူးးကေလးေတြမ်ား ေျပာဆိုရခက္လိုက္တာ" ထိုအမ်ိဳးသမီးကပဲဆက္ေျပာတယ္
"အစ္မနာမည္ lily အရင္ကsupermarketမွာေတြ႕ဖူးတယ္ေလ"

"ေအာ္"

ိကြၽန္မမွတ္မိသြားၿပီ ဟိုထူးထူးဆန္းဆန္းေတြလာေျပာၿပီးထြက္သြားတဲ့အမ်ိဳးသမီးပဲ ဒီတစ္ခါလဲဘာေပါက္တက္ကရေတြေျပာအုံးမွာလဲမသိပါဘူး

"ၾကည့္ရတာအစ္မကိုေမ့ေနပုံပဲ ဒါေပမယ့္ မင္းအစ္မကိုမွတ္မိေနႏိုင္မယ့္နည္းရွိပါတယ္"

သူမကေျပာၿပီးခ်က္ခ်င္းတစ္ေနရာကိုၫႊန္ျပတယ္။ ေကာ္ဖီဆိုင္။
'ဘာလဲဟ ငါဒီအစ္မနဲ႔ဘယ္အခ်ိန္ထိစကားရပ္ေျပာေနရအုံးမွာလဲ'

"အဲ့ဆိုင္ပိုင္ရွင္Oh Haewonနဲ႔အစ္မနဲ႔က ငယ္ငယ္ကတည္းကေစ့စပ္ထားၾကတာ။ သိပ္မၾကာခင္အစ္မတို႔လက္ထက္ၾကေတာ့မွာ"

ကြၽန္မေခါင္းတည့္တည့္ကိုမိုးခ်ဳန္းပစ္ခ်လိုက္သလိုပဲ ပူထူသြားတယ္။ ေနပါအုံး ဒီအစ္မကကြၽန္မရဲ႕အရႈံးကိုျမင္ေအာင္ တမင္လာျပေနတာလား။ ရင္ဘတ္ထဲကစူးနစ္လာတဲ့ခံစားခ်က္နဲ႔အတူ အဲ့အစ္မကိုဘာတစ္ခြန္းမွမေျပာဘဲ ကြၽန္မလွည့္ထြက္လာခဲ့တယ္။

ဘာလို႔လဲ ဘာလို႔မသိခ်င္တဲ့ကိစၥကိုလာေျပာေနတာလဲ။ မဟုတ္မွ အစ္မကမ်ားကြၽန္မကိုေနာက္ဆုတ္ေစခ်င္လို႔ သူ႔ေကာင္မေလးကိုအခုလိုလာေျပာခိုင္းတာလား။  နာက်င္ရတယ္။ နာက်င္ရတယ္လို႔။ ဘာလို႔အၿမဲတမ္းကြၽန္မပဲအခုလိုျဖစ္ေနရတာလဲ။
*******
အိပ္ခန္းေထာင့္နားမွာကြၽန္မထိုင္ေနတာ အခ်ိန္ဘယ္ေလာက္ၾကာသြားလဲမသိဘူး။ မ်က္လုံးကိုအားယူဖြင့္ေပမယ့္ က်ိန္းစပ္ေနတဲ့မ်က္လုံးေတြက အခ်ိန္အေတာ္ၾကာငိုမိထားတယ္ဆိုတာျပေနတာပဲ။ နံရံေပၚကနာရီကိုလွမ္းၾကည့္လိုက္ေတာ့ 8:26pm ဆိုတာကိုၫႊန္ျပေနတယ္။ အခုအခ်ိန္ထိေအာက္ထပ္ကဘာအသံမွမၾကားပုံေထာက္ရင္ ဒီေန႔လည္းအေဖနဲ႔အေမအလုပ္ကိစၥနဲ႔ခရီးထြက္သြားၾကျပန္ၿပီထင္ပါတယ္။

ေဘးကနံရံကိုအားယူကာမတ္တပ္ရပ္လိုက္ေပမယ့္ ထုံက်င္ေနတဲ့ေျခေထာက္ေတြေၾကာင့္ အႀကိမ္ႀကိမ္ျပန္လဲက်ေနရတယ္။ ကိုယ့္ကိုယ္ကိုယ္ညစ္ပတ္ေနၿပီလို႔ခံစားေနရတာေၾကာင့္ ေရခ်ိဳးခန္းဆီကိုသာ ကိုယ္လက္သန႔္စင္ဖို႔ထြက္လာခဲ့တယ္။ ေရခ်ိဳးခန္းထဲကမွန္မွာျမင္ေနရတဲ့ကိုယ့္ပုံရိပ္ကိုၾကည့္ၿပီး အထက္တန္းႏွစ္တုန္းကပုံရိပ္ေတြကမ်က္ဝန္းထဲျဖတ္ေျပးသြားတယ္။

'က်စ္!bae jin solရာ နင္ဘာလို႔အၿမဲတမ္းဒီလိုခံစားလြယ္ေနရတာလဲ'

ေရေအးေအးေလးနဲ႔မ်က္ႏွာသန႔္စင္လိုက္တဲ့အခါ ေဖာင္းအစ္ေနတဲ့မ်က္ဝန္းေတြထဲကအပူေတြထြက္သြားသလိုပဲ။

'နင္ဒီလိုပုံစံနဲ႔ပဲ ဆက္ေနေနလို႔မရဘူးေလJin solရာသတိကပ္စမ္းပါ'

ျပန္ၿပီးၿပိဳလဲခ်င္လာတဲ့မ်က္ဝန္းေတြေၾကာင့္ ကိုယ့္ကိုယ္ကိုယ္သတိေပးလိုက္ကာ တည္ၿငိမ္ေအာင္ႀကိဳးစားလိုက္ရတယ္။

'အနည္းဆုံးေတာ့ ခ်စ္ခဲ့ၿပီးမွလမ္းခြဲၾကရတာမွမဟုတ္တာေလ။ ငိုမေနနဲ႔ေတာ့'

ဟုတ္ပါတယ္ အစကတည္းကြၽန္မအထင္မွားေနခဲ့တာလဲျဖစ္ႏိုင္တာပဲေလ။ ကြၽန္မေရာjinniေရာအထင္မွားေနခဲ့တာေနမွာပါ။

"ညီမေျပာဖူးတယ္မလား အစ္မပင္ပန္းမွာကို ညီမနာက်င္ရမွာထက္ပိုေၾကာက္တယ္လို႔"

ကိုယ့္ဘာသာခပ္တိုးတိုးေရ႐ြတ္လိုက္တဲ့အခါ ခပ္ယဲ့ယဲ့အၿပဳံးတစ္ပြင့္ကႏႈတ္ခမ္းထက္မွာေပၚလာခဲ့တယ္။ ဟုတ္ပါတယ္ တစ္ခ်ိဳ႕ဆက္ဆံေရးေတြကစြန႔္လႊတ္လိုက္သင့္တာေတြလဲရွိတာပဲေလ။ နည္းနည္းေတာ့နာက်င္ရတယ္ဆိုေပမယ့္ အခ်ိန္တန္ရင္ေနသားက်သြားမွာပါ။

ဖုန္းကိုေကာက္ယူကာမနက္ျဖန္yoonaဆီသြားဖို႔jinniကိပါလိုက္ခဲ့ဖို႔messageပို႔လိုက္တယ္။ အစကေတာ့ဘာလို႔လဲမသိ jinniကျငင္းေနေပမယ့္ bae jin solေျပာတာကိုဘယ္သူကၾကာၾကာျငင္းႏိုင္မလဲေနာ္။ ဟိုအမ်ိဳးသမီးကလြဲရင္ ဘယ္သူမွမျငင္းႏိုင္ပါဘူး။

အစ္မအေၾကာင္းစဥ္းစားမိျပန္ေတာ့ ႏႈတ္ခမ္းကခပ္ဖြဖြၿပဳံးမိေနျပန္ၿပီ။ ခက္ၿပီ။ မနက္ျဖန္က်ရင္ yoonaဆီကအျပန္အစ္မဆီသြားေတြ႕ရမယ္။
*******
ဒီေန႔မနက္jinniကိုဝင္ေခၚၿပီးyoonaအိမ္ကိုထြက္လာခဲ့ၾကတယ္။ jinniကTaxiေပၚမွာတစ္လမ္းလုံးတိတ္တိတ္ဆိတ္ဆိတ္နဲ႔လိုက္လာတယ္။ ၾကည့္ရတာသူတို႔ႏွစ္ေယာက္တစ္ခုခုျဖစ္ထားၾကတယ္ထင္ပါတယ္။

yoonaဆီေရာက္ျပန္ေတာ့လဲ ကြၽန္မကိုပစ္ထားတေၾကာင့္ျပႆနာရွာေနရင္းကေန ရန္ျဖစ္မလိုျဖစ္ၾကေသးတယ္။ Jinniဝင္ထိန္းေပးလို႔ေတာ္ေသးတာေပါ့ မဟုတ္ရင္ဒီသူငယ္ခ်င္းစုတ္ကို ကြၽန္မတစ္ကယ္စိတ္ဆိုးမိေတာ့မလို႔။ အဲ့yoonaကေလ ေနရင္းထိုင္ရင္းကိုစိတ္တိုေနတာ။

"Bae ငါေတာင္းပန္ပါတယ္"

"ဟြန႔္"

အခုမွမ်က္ႏွာငယ္နဲ႔လဲေခ်ာ့ေနတဲ့yoonaကို မ်က္ေစာင္းထိုးၿပီးလွည့္ထြက္လာခဲ့တယ္။ လြယ္လြယ္နဲ႔ေခ်ာ့လို႔ရရင္ bae jin sol မလုပ္ေတာ့ဘူး။

"Bae ရားးငါတစ္ကယ္မွားပါတယ္။ စိတ္မဆိုးပါနဲ႔"

အေနာက္ကေနတစ္ေကာက္ေကာက္လိုက္ေခ်ာ့ေနရတဲ့သူငယ္ခ်င္းမေလးကို သနားလာတာေၾကာင့္ စိတ္ဆိုးေျပေပးလိုက္တယ္။ ဒါေပမယ့္ အလကားေတာ့မရဘူးေလ

"ငါစိတ္ဆိုးေျပမယ္ ဒါေပမယ့္ ငါတစ္ေယာက္လုံးကိုပစ္ထားေလာက္ရတဲ့အထိ အခုနင့္ျပႆနာကဘာလဲဆိုတာ ေျပာျပရမယ္"

"အဲ့-အဲ့တာက ဟို"

"နင္ေျပာေတာ့ငါတို႔ၾကားထဲလွ်ိဳ႕ဝွက္ခ်က္မရွိရပါဘူး"

အဲ့yoonaဟာေလ တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔တစ္ကယ္ပါ

ေနာက္မွသိလိုက္ရတာ yoonaနဲ႔jinniကဟိုဟာဒီဟာအဆင့္ကိုေရာက္ေတာ့မလိုျဖစ္ေနတာတဲ့။ အဲ့yoonaကတစ္ကယ့္ငတုံးပါ သူလဲသေဘာက်ရယ္သားနဲ႔ ဘာလို႔ထြက္ေျပးလာတာလဲမသိဘူး တစ္ကယ္ပါပဲ။

"Yoona နင္ဟာ သူမ်ားသားသမီးကို စားၿပီးနားမလည္ဝါးၿပီးေထြးထုတ္လုပ္ေနတာလား"

"ဟာ နင္လုပ္မွအမႈကပိုႀကီးသြားၿပီး"

"မဟုတ္လို႔လား"

"ငါက-ငါကဒီတိုင္း အားနာသြားလို႔ပါ Jinniကို"

ၾကည့္ အခုလိုထြက္ျပးလာတာပိုၿပီးအားနာရမွာမဟုတ္ဘူးလား jinniကလည္းသူ႔ကိုသေဘာက်ေနတာကိုသိရဲ႕နဲ႔။

"..."
"နင္jinniကိုႀကိဳက္လား"

"ငါ-ငါမသိဘူး"

"က်စ္"
"Jinniကနင့္ကိုသေဘာက်တာ နင္လဲရိပ္မိတယ္မလား"

"အြန္း~~"

"Jinniနဲ႔စကားေျပာၾကည့္ပါ။ သူ႔ကိုပါပစ္မထားနဲ႔"
"ငါျပန္ေတာ့မယ္"

"ငါလိုက္ပို႔ေပးမယ္ေလ"

"ရတယ္ ငါဝင္စရာရွိေသးလို႔သြားၿပီ။ နင္Jinniကိုထပ္ၿပီးမထားခဲ့နဲ႔ေနာ္"
"Jinni Yah!!ငါျပန္ၿပီ Sullyoonနဲ႔ေနခဲ့အုံး!"

အခုသိလိုက္ရပါၿပီ ဒီျပႆနာကကြၽန္မဝင္ပါလို႔မရဘူးေလ။ အဲ့yoonaအသုံးမက်တာ။ ဘာပဲျဖစ္ျဖစ္လမ္းေတာ့ခင္းေပးခဲ့ပါတယ္။ ဒါမွအဆင္မေျပဘူးဆိုရင္ sull yoonaအသုံးမက်တာကိုလက္ခံလိုက္ၾကေတာ့။

"အားက်စ္!ေမ့ေနတာ ငါေကာ္ဖီဆိုင္ဝင္ရအုံးမွာပဲ"

တစ္ညလုံးအစ္မကိုေျပာဖို႔စကားေတြစီထားေပမယ့္ အခုအကုန္ေမ့ကုန္ၿပီ ဘယ္လိုလုပ္ရပါ့မလဲ။

🥀🥀🥀

ဒီနေ့လဲyoonaဆီဆက်သွယ်လို့မရပါဘူး။ Yoonaဘာတွေဖြစ်နေတာလဲသွားမေးချင်ပေမယ့် အခုချိန်မှာကျွန်မလဲကိုယ့်အပူနဲ့ကိုယ်လေ။ သေချာစဉ်းစားကြည့်လိုက်မှ အငြင်းခံလိုက်ရတာမှတော်သေးတာပါ။ အကယ်၍ အစ်မသာကျွန်မကိုငဲ့ပြီး လက်ခံလိုက်ရင် သူမဖောက်ပြန်တဲ့သူဖြစ်သွားမှာလေ။ ကျွန်မမြတ်နိုးရတဲ့အမျိုးသမီးကို သူများတွေပြောဆိုမှာမလိုချင်ပါဘူး။ အစ်မပင်ပန်းမှာကို ကျွန်မနာကျင်ရမှာထက်ပိုကြောက်ပါတယ်။

အခုသင်တန်းမှာjinniနဲ့ကျွန်မပဲရှိတယ်။ Yoonaအကြောင်းjinniကိုမေးပေမယ့် စကားလမ်းကြောင်းလွှဲသွားတယ်။ ကျွန်မထင်တာမမှားရင် Yoonaပျောက်နေတာJinniနဲ့များပတ်သက်နေမလားပဲ။ နောက်နေ့မှ ကျွန်မကိုယ်တိုင်Yoonaဆီလိုက်သွားပါတော့မယ်။

"Jinni yah နင်တစ်ယောက်ထဲပြန်လို့ဖြစ်ရဲ့လား"

"ရတယ် Jin sol နင်သာဂရုစိုက်လျှောက်သွားမနေနဲ့အုံး"

"ဟေး ငါကလေးမဟုတ်ဘူးနော်"

အဲ့jinniရောyoonaရောက လူကိုကလေးလိုပဲဝိုင်းဆက်ဆံနေကြတာ။

ကျွန်မလဲJinniနဲ့လမ်းခွဲပြီးထွက်လာခဲ့တယ်။ အသားကျနေတဲ့ခြေလှမ်းတွေကို ကော်ဖီဆိုင်ဆီမရောက်သွားအောင် ကြိုးစားနေရတာလဲအလုပ်တစ်ခုပါ။

"ဟေ့ ဒီမွာ"

လမ်းလျှောက်နေရင်း အသံကြားလို့လှည့်ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦး။ နေပါဦး ဒီအမျိုးသမီးကိုဘယ်မှာမြင်ဖူးတာပါလိမ့်

"ညီမကိုခေါ်တာလား"

ကျွန်မမေးတော့ ခေါင်းငြိမ့်ပြီးပြုံးပြလာတယ်။ သေချာပါက် သူမကိုတစ်နေရာမှာမြင်ဖူးပါတယ်။

"အစ်မကိုမှတ်မိတယ်မလား.."

"ဟင့်အင်း မမှတ်မိဘူးရှင့်"

အရှေ့ကအမျိုးသမီးရဲ့စကားမဆုံးခင် ကျွန်မဖြတ်ပြောလိုက်တော့ သူမကအံ့သြနေတဲ့မျက်လုံးတွေနဲ့ကြည့်လာတယ်။

"ဟူးးကလေးတွေများ ပြောဆိုရခက်လိုက်တာ" ထိုအမျိုးသမီးကပဲဆက်ပြောတယ်
"အစ်မနာမည် lily အရင်ကsupermarketမှာတွေ့ဖူးတယ်လေ"

"အော်"

ိကျွန်မမှတ်မိသွားပြီ ဟိုထူးထူးဆန်းဆန်းတွေလာပြောပြီးထွက်သွားတဲ့အမျိုးသမီးပဲ ဒီတစ်ခါလဲဘာပေါက်တက်ကရတွေပြောအုံးမှာလဲမသိပါဘူး

"ကြည့်ရတာအစ်မကိုမေ့နေပုံပဲ ဒါပေမယ့် မင်းအစ်မကိုမှတ်မိနေနိုင်မယ့်နည်းရှိပါတယ်"

သူမကပြောပြီးချက်ချင်းတစ်နေရာကိုညွှန်ပြတယ်။ ကော်ဖီဆိုင်။
'ဘာလဲဟ ငါဒီအစ်မနဲ့ဘယ်အချိန်ထိစကားရပ်ပြောနေရအုံးမှာလဲ'

"အဲ့ဆိုင်ပိုင်ရှင်Oh Haewonနဲ့အစ်မနဲ့က ငယ်ငယ်ကတည်းကစေ့စပ်ထားကြတာ။ သိပ်မကြာခင်အစ်မတို့လက်ထက်ကြတော့မှာ"

ကျွန်မခေါင်းတည့်တည့်ကိုမိုးချုန်းပစ်ချလိုက်သလိုပဲ ပူထူသွားတယ်။ နေပါအုံး ဒီအစ်မကကျွန်မရဲ့အရှုံးကိုမြင်အောင် တမင်လာပြနေတာလား။ ရင်ဘတ်ထဲကစူးနစ်လာတဲ့ခံစားချက်နဲ့အတူ အဲ့အစ်မကိုဘာတစ်ခွန်းမှမပြောဘဲ ကျွန်မလှည့်ထွက်လာခဲ့တယ်။

ဘာလို့လဲ ဘာလို့မသိချင်တဲ့ကိစ္စကိုလာပြောနေတာလဲ။ မဟုတ်မှ အစ်မကများကျွန်မကိုနောက်ဆုတ်စေချင်လို့ သူ့ကောင်မလေးကိုအခုလိုလာပြောခိုင်းတာလား။ နာကျင်ရတယ်။ နာကျင်ရတယ်လို့။ ဘာလို့အမြဲတမ်းကျွန်မပဲအခုလိုဖြစ်နေရတာလဲ။
*******
အိပ်ခန်းထောင့်နားမှာကျွန်မထိုင်နေတာ အချိန်ဘယ်လောက်ကြာသွားလဲမသိဘူး။ မျက်လုံးကိုအားယူဖွင့်ပေမယ့် ကျိန်းစပ်နေတဲ့မျက်လုံးတွေက အချိန်အတော်ကြာငိုမိထားတယ်ဆိုတာပြနေတာပဲ။ နံရံပေါ်ကနာရီကိုလှမ်းကြည့်လိုက်တော့ 8:26pm ဆိုတာကိုညွှန်ပြနေတယ်။ အခုအချိန်ထိအောက်ထပ်ကဘာအသံမှမကြားပုံထောက်ရင် ဒီနေ့လည်းအဖေနဲ့အမေအလုပ်ကိစ္စနဲ့ခရီးထွက်သွားကြပြန်ပြီထင်ပါတယ်။

ဘေးကနံရံကိုအားယူကာမတ်တပ်ရပ်လိုက်ပေမယ့် ထုံကျင်နေတဲ့ခြေထောက်တွေကြောင့် အကြိမ်ကြိမ်ပြန်လဲကျနေရတယ်။ ကိုယ့်ကိုယ်ကိုယ်ညစ်ပတ်နေပြီလို့ခံစားနေရတာကြောင့် ရေချိုးခန်းဆီကိုသာ ကိုယ်လက်သန့်စင်ဖို့ထွက်လာခဲ့တယ်။ ရေချိုးခန်းထဲကမှန်မှာမြင်နေရတဲ့ကိုယ့်ပုံရိပ်ကိုကြည့်ပြီး အထက်တန်းနှစ်တုန်းကပုံရိပ်တွေကမျက်ဝန်းထဲဖြတ်ပြေးသွားတယ်။

'ကျစ်!bae jin solရာ နင်ဘာလို့အမြဲတမ်းဒီလိုခံစားလွယ်နေရတာလဲ'

ရေအေးအေးလေးနဲ့မျက်နှာသန့်စင်လိုက်တဲ့အခါ ဖောင်းအစ်နေတဲ့မျက်ဝန်းတွေထဲကအပူတွေထွက်သွားသလိုပဲ။

'နင်ဒီလိုပုံစံနဲ့ပဲ ဆက်နေနေလို့မရဘူးလေJin solရာသတိကပ်စမ်းပါ'

ပြန်ပြီးပြိုလဲချင်လာတဲ့မျက်ဝန်းတွေကြောင့် ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်ကာ တည်ငြိမ်အောင်ကြိုးစားလိုက်ရတယ်။

'အနည်းဆုံးတော့ ချစ်ခဲ့ပြီးမှလမ်းခွဲကြရတာမှမဟုတ်တာလေ။ ငိုမနေနဲ့တော့'

ဟုတ်ပါတယ် အစကတည်းကျွန်မအထင်မှားနေခဲ့တာလဲဖြစ်နိုင်တာပဲလေ။ ကျွန်မရောjinniရောအထင်မှားနေခဲ့တာနေမှာပါ။

"ညီမပြောဖူးတယ်မလား အစ်မပင်ပန်းမှာကို ညီမနာကျင်ရမှာထက်ပိုကြောက်တယ်လို့"

ကိုယ့်ဘာသာခပ်တိုးတိုးရေရွတ်လိုက်တဲ့အခါ ခပ်ယဲ့ယဲ့အပြုံးတစ်ပွင့်ကနှုတ်ခမ်းထက်မှာပေါ်လာခဲ့တယ်။ ဟုတ်ပါတယ် တစ်ချို့ဆက်ဆံရေးတွေကစွန့်လွှတ်လိုက်သင့်တာတွေလဲရှိတာပဲလေ။ နည်းနည်းတော့နာကျင်ရတယ်ဆိုပေမယ့် အချိန်တန်ရင်နေသားကျသွားမှာပါ။

ဖုန်းကိုကောက်ယူကာမနက်ဖြန်yoonaဆီသွားဖို့jinniကိပါလိုက်ခဲ့ဖို့messageပို့လိုက်တယ်။ အစကတော့ဘာလို့လဲမသိ jinniကငြင်းနေပေမယ့် bae jin solပြောတာကိုဘယ်သူကကြာကြာငြင်းနိုင်မလဲနော်။ ဟိုအမျိုးသမီးကလွဲရင် ဘယ်သူမှမငြင်းနိုင်ပါဘူး။

အစ်မအကြောင်းစဉ်းစားမိပြန်တော့ နှုတ်ခမ်းကခပ်ဖွဖွပြုံးမိနေပြန်ပြီ။ ခက်ပြီ။ မနက်ဖြန်ကျရင် yoonaဆီကအပြန်အစ်မဆီသွားတွေ့ရမယ်။
*******
ဒီနေ့မနက်jinniကိုဝင်ခေါ်ပြီးyoonaအိမ်ကိုထွက်လာခဲ့ကြတယ်။ jinniကTaxiပေါ်မှာတစ်လမ်းလုံးတိတ်တိတ်ဆိတ်ဆိတ်နဲ့လိုက်လာတယ်။ ကြည့်ရတာသူတို့နှစ်ယောက်တစ်ခုခုဖြစ်ထားကြတယ်ထင်ပါတယ်။

yoonaဆီရောက်ပြန်တော့လဲ ကျွန်မကိုပစ်ထားတကြောင့်ပြဿနာရှာနေရင်းကနေ ရန်ဖြစ်မလိုဖြစ်ကြသေးတယ်။ Jinniဝင်ထိန်းပေးလို့တော်သေးတာပေါ့ မဟုတ်ရင်ဒီသူငယ်ချင်းစုတ်ကို ကျွန်မတစ်ကယ်စိတ်ဆိုးမိတော့မလို့။ အဲ့yoonaကေလ နေရင်းထိုင်ရင်းကိုစိတ်တိုနေတာ။

"Bae ငါတောင်းပန်ပါတယ်"

"ဟွန့်"

အခုမှမျက်နှာငယ်နဲ့လဲချော့နေတဲ့yoonaကို မျက်စောင်းထိုးပြီးလှည့်ထွက်လာခဲ့တယ်။ လွယ်လွယ်နဲ့ချော့လို့ရရင် bae jin sol မလုပ်တော့ဘူး။

"Bae ရားးငါတစ်ကယ်မှားပါတယ်။ စိတ်မဆိုးပါနဲ့"

အနောက်ကနေတစ်ကောက်ကောက်လိုက်ချော့နေရတဲ့သူငယ်ချင်းမလေးကို သနားလာတာကြောင့် စိတ်ဆိုးပြေပေးလိုက်တယ်။ ဒါပေမယ့် အလကားတော့မရဘူးလေ

"ငါစိတ်ဆိုးပြေမယ် ဒါပေမယ့် ငါတစ်ယောက်လုံးကိုပစ်ထားလောက်ရတဲ့အထိ အခုနင့်ပြဿနာကဘာလဲဆိုတာ ပြောပြရမယ်"

"အဲ့-အဲ့တာက ဟို"

"နင်ပြောတော့ငါတို့ကြားထဲလျှို့ဝှက်ချက်မရှိရပါဘူး"

အဲ့yoonaဟာလေ တွန့်ဆုတ်တွန့်ဆုတ်နဲ့တစ်ကယ်ပါ

နောက်မှသိလိုက်ရတာ yoonaနဲ့jinniကဟိုဟာဒီဟာအဆင့်ကိုရောက်တော့မလိုဖြစ်နေတာတဲ့။ အဲ့yoonaကတစ်ကယ့်ငတုံးပါ သူလဲသဘောကျရယ်သားနဲ့ ဘာလို့ထွက်ပြေးလာတာလဲမသိဘူး တစ်ကယ်ပါပဲ။

"Yoona နင်ဟာ သူမ်ားသားသမီးကို စားပြီးနားမလည်ဝါးပြီးထွေးထုတ်လုပ်နေတာလား"

"ဟာ နင်လုပ်မှအမှုကပိုကြီးသွားပြီး"

"မဟုတ်လို့လား"

"ငါက-ငါကဒီတိုင်း အားနာသွားလို့ပါ Jinniကို"

ကြည့် အခုလိုထွက်ပြးလာတာပိုပြီးအားနာရမှာမဟုတ်ဘူးလား jinniကလည်းသူ့ကိုသဘောကျနေတာကိုသိရဲ့နဲ့။

"..."
"နင်jinniကိုကြိုက်လား"

"ငါ-ငါမသိဘူး"

"ကျစ်"
"Jinniကနင့်ကိုသဘောကျတာ နင်လဲရိပ်မိတယ်မလား"

"အွန်း~~"

"Jinniနဲ့စကားပြောကြည့်ပါ။ သူ့ကိုပါပစ်မထားနဲ့"
"ငါပြန်တော့မယ်"

"ငါလိုက်ပို့ပေးမယ်လေ"

"ရတယ် ငါဝင်စရာရှိသေးလို့သွားပြီ။ နင်Jinniကိုထပ်ပြီးမထားခဲ့နဲ့နော်"
"Jinni Yah!!ငါပြန်ပြီ Sullyoonနဲ့နေခဲ့အုံး!"

အခုသိလိုက်ရပါပြီ ဒီပြဿနာကကျွန်မဝင်ပါလို့မရဘူးလေ။ အဲ့yoonaအသုံးမက်တာ။ ဘာပဲဖြစ်ဖြစ်လမ်းတော့ခင်းပေးခဲ့ပါတယ်။ ဒါမှအဆင်မပြေဘူးဆိုရင် sull yoonaအသုံးမကျတာကိုလက်ခံလိုက်ကြတော့။

"အားကျစ်!မေ့နေတာ ငါကော်ဖီဆိုင်ဝင်ရအုံးမှာပဲ"

တစ်ညလုံးအစ်မကိုပြောဖို့စကားတွေစီထားပေမယ့် အခုအကုန်မေ့ကုန်ပြီ ဘယ်လိုလုပ်ရပါ့မလဲ။

🥀🥀🥀

Comment