13







အဖေတအားလုပ်နေတာ

"ကိုကိုဗိုက်ဆာလာပြီ"




ကူချပေးလိုက်တယ်




ရှုပ်နေတာကို"


ကျင်လည်နေကြတာပဲကို"










"ဟုတ်တယ်"

"ရန်ဖြစ်လာပြီးထင်တယ်"







"အမစားလိုက်တော့ဗျာ..."


စားခဲ့ပြီးလား"









နာရီဝက်ကြာနေသည်





"ဟုတ်ကဲ့ပါဗျ"


ဘောလုံးကန်နေသတဲ့

ထွက်လာလိုက်တယ်

"ဘာလုပ်နေတာလဲ"

"ဘောလုံးကန်နေတာလေ"

"သြော်..."





ကိုကိုသွားမယ်"

သူကိုကျော်ပြီးအင်္ကျီကိုကောက်ဝတ်ကာ အရှေ့ကနေ ထွက်သွားလို့ အနောက်ကနေ ပြုံးပြုံးလေး လိုက်သွားလိုက်တယ် အနောက်ကနေ မြင်လိုက်ရတဲ့သူတွေကတော့




"ကိုကိုနော်..."

ရင်ခွင်ထဲလာပြီး ငိုသံကြီးနဲ့ ပြောနေလို့ ဖက်ထားပြီး ကျောလေးကိုပွတ်ပေးလိုက်တယ် ဒီလိုကျတော့လဲ ယုန်သူငယ်လေးလိုပဲ ကျောပွတ်ပေးတော့ ကလေးများလိုချက်ချင်း အိပ်ပျော်သွားတော့သည် မှောက်ရက်လေး အိပ်ရမဲ့အတူတူ ရင်ခွင်ထဲပဲ
ထည့်သိပ်ထားလိုက်တယ်


® ® ® ® ® ® ® ® ® ®


Vote,Comment Plz🙏

4903 Words

#Kim Julia✍️

Jungkookမသိရင် သူကိုယ်သူ အခုမှ မူလတန်း
ပြန်တက်နေသလိုခံစားနေရတယ် မနက်စာ စားပြီးတည်းက Onlineကသင်တဲ့ Letterတွေကို ကိုကိုကပြန်လုပ်ခိုင်းနေတာ သင်တဲ့အချိန်တုန်းက အိပ်ငိုက်နေတာတဲ့ လုပ်ခိုင်းတော့ ဘာမှမသိ အဲ့တော့ကိုကိုက ပြန်ရှင်းပြတယ် ဒါပင်မဲ့ကိုကိုမြင်ရင် စိတ်က တဏှာစိတ်ပဲရှိတော့တာ ကိုကိုရှင်းပြတာတွေ
တစ်လုံးမှ နားထဲမဝင် အခုကြက်မွှေးကိုင်ပြီး
သူကိုစောင့်ကြည့်နေတာ ချွေးတွေတောင် ပျံလာပြီ

"တွက်လေ မနက်ကတည်းက အဲ့တစ်ပုဒ်ထဲ
5ခါရှိပြီး အခုထိမရသေးဘူးလား"

"ကိုကိုကလဲ ဒီတစ်ခါနောက်ဆုံးရှင်းပြလေ နော်"

"ယောင်္ကျားယူမိတာမှားပြီး အခုက မသိရင်
ကလေးကိုစာပြနေရတဲ့အတိုင်းပဲ!"

"ကိုကိုကလဲ မငြိုငြင်ပါနဲ့ စာသာမတော်တာ
တခြားနေရာဆိုတော်ပြီးသာပါ"

"တစ်ခြားနေရာတော်တာက မင်းကိုငါကပဲ
အသိမှတ်ပြုမှာလေ တစ်ခြားသူကတော့ မင်းအားနေယားနေရင် ထန်တာလို့ပဲပြောမှာ
ပါးစပ်ပိတ်! စာလုပ်စမ်း!"

ယောင်္ကျားနဲ့တီတီတာတာနေချိန်ကိုမရှိဘူး အားနေစာအူပ်ထုတ် စာလုပ်မယ်ဆိုတာကြိပဲ မသိရင် သူ့သားကျနေတာ တုတ်ကြီးတစ်ချောင်းနဲ့
အဖေတအားလုပ်နေတာ

"ကိုကိုဗိုက်ဆာလာပြီ"

"အံ့သြပါ့ စာကဖြင့် မနေ့ကဟာလဲမရ ဒီနေ့ဟာလဲမရနဲ့ကို ဗိုက်ကဆာနေပြီ စာဖြင့်တစ်လုံးမှ ကောင်းကောင်းမလုပ်ရသေး အဲ့တစ်ပုဒ်ရမှကျွေးမှာ"

"ကျွန်တော်က ကိုကိုယောင်္ကျားပါ ကိုကိုရဲ့ စာသင်သားတပည့်မဟုတ်ဘူး အဲ့လောက်မနှိပ်စက်ပါနဲ့"

"ငါ့အမျိုးသားလေးမလို့ မရိုက်ပဲနဲ့အော်နေတာ
ငါ့ကျောင်းသားဆို ဆော်ပလော်တီးပြီးပြီ
Jeon Jungkookမင်းတအားစကားများတာပဲ
စာလုပ်စမ်းကောင်းကောင်း ငါထမင်းခူးထားမယ်"

Jungkookလဲ မရှည်တော့တဲ့စိတ်ကိုဆွဲဆန့်ကာ
စာလုပ်နေလိုက်တယ် စိတ်နှစ်လိုက်တော့ ခဏလေးနဲ့တစ်ပုဒ်ပြီးသွားလို့ မီးဖိုချောင်ထဲ ဝင်သွားလိုက်တယ် ဟင်းတွေခူးနေလို့ စားပွဲပေါ်
ကူချပေးလိုက်တယ်

"ပြီးခဲ့ပြီးလား တစ်လုံးမှား တစ်ချက်နော် မင်းကအလျှော့ပေးလို့ တအားအကန်တတ်နေတာ"

"မှားစေရဘူးဗျာ အကုန်မှန်ရင် တစ်ခါနမ်းရမယ်"

"ဒါပဲလုပ်ချင်လိုက်တာ စီးပွားရေးလုပ်ငန်းအကြီးကြီး ယူထားတဲ့မေဂျာက
စီးပွားရေးမေဂျာ စာကျတစ်လုံးမှ
ဦးနှောက်ထဲမဝင် ဒါနဲ့များစီးပွားရေးလောကထဲ
ဝင်ပြီး ကျင်လည်ကျက်စားအုန်းမှာ ဟုတ်လား
အောင်မြင်အုန်းမှာသိလား"

"အချင်းချင်းပဲဖဲ့နေ စီးပွားရေးက ပါးစပ်နဲ့လုပ်ရတာလေ လက်နဲ့လုပ်ရတာမှ မဟုတ်တာ အဲ့စာတွေက ကျက်ရမှတ်ရရေးရနဲ့
ရှုပ်နေတာကို"

"သင်တဲ့ထဲမပါဘူးလား မြေဘယ်နဧကကို ဘယ်နယူနစ်ဆိုတာ ဘယ်မြေအနေထားကိုသုံးရင်
ဘယ်လောက်ငွေထိရောက်တယ်ဆိုတာ ဒေါ်လာငွေတက်ရင် စီးပွားရေးဘယ်လောက်ထိ
မြှင့်တင်နိုင်မယ်ဆိုတာ"

"ဒါပင်မဲ့လုပ်ငန်းထဲလုပ်ပါများလာရင် တွင်ကျယ်လာမှာပဲလေ တစ်ချို့ဆိုကျောင်းထွက်ပြီး စီးပွားရေးလောကထဲ
ကျင်လည်နေကြတာပဲကို"

"သူများကိုမပြောနဲ့လေ အဲ့တာသူတို့အိမ်အခြေနေ
မိသားစုအခြေနေ အကြောင်းရာမျိုးမျိုးကြောင့်
ကျောင်းထွက်ပြီးလုပ်ငန်းထဲဝင်လာတာ မင်းလိုလူက ကျောင်းထွက်ပြီးအလုပ်လုပ်ရင်
ထိခိုက်မှာက မင်းအမေ Jeonမိသားစု ဒီလောက်ကြီးတာ သားတောင်ကျောင်းပြီးအောင်
မထားနိုင်ဘူးဆိုတာလာမှာ ပတ်ဝန်းကျင်ဆိုတာ
အပြစ်ပြောဖို့ အမြဲရှာနေတာကြီးပဲ"

"တကယ်က ကိုကိုကလေ ကျွန်တော်ယောင်္ကျား ဖြစ်သင့်တာမဟုတ်ဘူး ကျွန်တော်အဖေ ဖြစ်သင့်တာ တစ်ရက်နဲ့တစ်ရက် ဆုံးမသြဝါဒ ချနေတာမပြီးနိုင်ဘူး"

"ငါသာမင်းအဖေဆိုလို့ကတော့ မင်းလိုကောင်
အိမ်ပေါ်ကနေ ကန်ချတယ် ရိုးရိုးတောင် နှင်မချဘူး"

Jungkookနဲ့ထယ်ယောင်း အလယ်က ဟင်းပွဲတွေနဲ့ စားပွဲကိုခြားပြီး တစ်ယောက်နဲ့ တစ်ယောက်ဂျိုးတွေပေးကာ ချိတ်စောင်းနေတော့သည် ယူထားတာ10ရက်ရှိပြီး နေ့ဆိုဒီလိုကြီးပဲ ညမှ အဆင်ပြေတယ်

"ထမင်းမစားဘူးဗျာ အပြင်ထွက်စားတော့မယ်"

"ပိုတောင်ကြိုက်သေး ထမင်းကုန်ဟင်းကုန်
သက်သာတယ် သွား သွား ပြန်လာလို့ မူးပြဲနေရင်
စုတ်ပြတ်သတ်အောင်ရိုက်မှာနော်!!"

ထွက်သွားတဲ့Jungkookကိုအော်ပြောလိုက်တော့သည် ညဆိုမူးပြီးပြန်လာ အဲ့ကျမှကိုကိုဆိုပြီး အတင်းကပ် လူပါအဝစားသွားတာ အခုတော့
စိတ်မချလို့ အနောက်ကနေ ခိုးလိုက်သွားအူန်းမယ်

စားသောက်ဆိုင်ထဲကို ပွစိပွစိနဲ့ ဝင်ချသွားတဲ့
Jungkook သူကအခုမှစီးပွားရေးကို လေ့လာတုန်းမို့ ကိုယ်ကပဲ လုပ်ငန်းတော်တော်များများထဲ ရှယ်ယာဝင်ထားလိုက်တယ် လင်တော်မောင်
Jeon Jungkookနာမည်နဲ့ပေါ့ အခုစားသောက်ဆိုင်ကိုလဲ ရှယ်ယာဝင်ထားတယ်
ပိုင်ရှင်ပြီးရင် ကိုယ်တွေကအများဆုံးမြုပ်နှံသူပဲ

"အကိုလေး အရင်နေ့ကလိုပဲလား"

"ဟုတ်တယ်"

"ရန်ဖြစ်လာပြီးထင်တယ်"

"ပြောမနေပါနဲ့ အမရာ ယောင်္ကျားယူတာ ချစ်ဖို့လေ တအားအဖေလုပ်တာ မိုးလင်းတာနဲ့
ပွစိပွစိနဲ့ မိုးချုပ်ရင်တော့ သူဘာမှမတတ်နိုင်တော့ဘူးလေ ကျွန်တော်အောက်ရောက်ရော"

"တကြိတ်ကြိတ်နဲ့နော် တစ်ယောက်တည်း
ထားခဲ့တာ စိတ်မပူဘူးလား"

"ဘာတွက်ပူရမှာ အိမ်ကဒီကနေ လှမ်းကြည့်ရင်တောင် မြင်နေရတာကို"

"အဲ့တာပြောတာမဟုတ်ဘူးလေ မင်းအမျိုးသားက အနေထိုင်အေးတယ် မိန်းကလေးရှုံးအောင် အနေအထိုင် အပြောအဆို
နူးညံ့တယ် သူကိုတစ်ခြားသူတွေက လိုချင်နေရင်
ဘယ်လိုလုပ်မှာ အခုနောက်ပိုင်း မင်းတို့အိမ်ရှေ့ လူစည်တာသတိမထားမိဘူးလား မင်းအမျိုးသား
ထိုင်နေတဲ့ဆိုင်တိုင်းဟာလဲ လူကိုပြည့်လို့ တစ်ဝက်လောက်ကမင်းအမျိုးသားကို လာကြည့်တဲ့လူတွေကြိပဲ"

"ပြန်တော့မယ် အမပြောတာနဲ့ ကိုကို့ကို စိတ်မချတော့ဘူး သွားပြီးဗျာ..."

"ဟဲ့ ထမင်းတွေရပြီးလေ ဟဲ့ကောင်လေး"

"အမစားလိုက်တော့ဗျာ..."

Jungkookလဲ သူအိမ်ကိုချက်ချင်းထပြေးသွားတော့သည်
သူအိမ်ရှေ့ရောက်တော့ ကိုကိုက အိမ်ရှေ့က အဝတ်တွေကိုရုတ်သိမ်းနေသည် ဟိုအမပြောလို့
ဘေးပတ်ပတ်လည်ကိုကြည့်တော့ ကိုကို့ကို
ပြုံးပြုံးကြီး စိုက်ကြည့်နေကြလို့ ကိုကိုနားကို
အမြန်ပြေးရပ်လိုက်တယ်

"ဟဲ့ ပလုတ်တုပ်! လန့်တာ ထမင်းသွားစားတာဆို
စားခဲ့ပြီးလား"

"မစားရသေးဘူး ကိုကိုလက်ရာစားချင်လို့ ပြန်လာတာ"

"ပိုပြီး ဟိုအမကမင်းကိုဘာတွေ ပြောလိုက်တာလဲ"

"ဘာမှမပြောပါဘူး လာ လာ နောက်မှရုတ်တော့ ကျွန်တော်နဲ့ထမင်းတူတူစားရအောင်"

သူခါးကိုအတင်းဆွဲဖက်ပြီး အိမ်ထဲခေါ်သွားနေသော Jungkook သူလဲ
Jungkookမမြင်အောင် အနောက်ကနေ ဟိုအမကို လက်မနဲ့လက်ညိုးကွေးပြလိုက်တယ်
Jungkookသူကိုအူတိုတာသိတာပေါ့

"ထမင်းစားပြီးပြီဆိုတော့ ခဏနားအုန်း ငါအဝတ်လျှော်မယ် ပြီးရင်မင်းရေချိုးတော့"

"ကျွန်တော်နဲ့အတူတူလျှော်မယ်လေ"

"ထူးထူးဆန်းဆန်း ဆေးတွေဘာတွေမိနေတာလား"

"ကိုကိုကလဲ လာပါ အတူတူလျှော်မယ်"

နှစ်ယောက်သာ ရေချိုးခန်းထဲ အဝတ်လျှော်နေကြတော့သည် သူလိုဆိုရင် မြန်သည် အခုJungkookက စလိုက်နောက်လိုက်နဲ့ဆိုတော့ အဝတ်တစ်ခါလျှော်
နာရီဝက်ကြာနေသည်

"Jungkookတော်ပြီ မလျှော်နဲ့တော့ ရေချိုးပြီး
တက်တော့ ဖျားမယ် စော့နေတာကလေးလဲ မဟုတ်ဘူး"

"မတက်ပါဘူး ကိုကိုနဲ့အတူချိုးမလို့"

ထယ်ယောင်းမျက်စောင်းထိုးတော့ သူပါးကို ဖျက်ကနဲ့လာနမ်းပြီး သူကိုစပ်ဖြီးဖြီးနဲ့ ကြည့်နေသည်

"ကဲ နမ်းမနေနဲ့ အဝတ်တွေသွားလှမ်း လှန်ထားတာ အရင်ရုတ်အုန်းနော်"

"ဟုတ်ကဲ့ပါဗျ"

ကမ်းခြေမှာနေတာဆိုတော့ နေပူတော့ အဝတ်တွေ အမြန်ခြောက်သည် စက်ရှိတယ် မလျှော်ချင်လို့
လက်နဲ့လျှော်လိုက်တာ တိုက်ကြီးနဲ့ မဟုတ်ပဲ
အခုလိုကျွန်းသစ်နဲ့အိမ်မျိုးမှာနေရတာ သူသဘောကျသည် ဘဝကိုလွတ်လွတ်လပ်လပ်
ဖြတ်သန်းရသလို ခံစားရသည်

အဝတ်လှန်းတာပေါ်မလာလို့ ထွက်ကြည့်တာ ကမ်းခြေကအဖွဲ့နဲ့ ဘောလုံးကန်နေလို့ ဒေါသကို
ထောင်းကနဲပဲ ခုနကတော့ ရေတူတူချိုးမှာလေ ဘာလေးနဲ့ အခုတော့ အပေါ်အင်္ကျီတောင်ချွတ်ပြီး
ဘောလုံးကန်နေသတဲ့

တွေ့ကြသေးတာပေါ့ မနက်ကသူရိုက်ဖို့ လုပ်ထားတဲ့ ကြက်မွှေးကို တက်ယူပြီး အနောက်ကိုဖွက်ပြီး ဘောလုံးကန်တဲ့နေရာကို
ထွက်လာလိုက်တယ်

"ဘာလုပ်နေတာလဲ"

"ဘောလုံးကန်နေတာလေ"

"သြော်..."

"အာ...ကိုကို မင်းတို့ကိုပြောပါတယ် ငါမအားဘူးလို့ သွားတော့မယ်"

"ဟင် မင်းဘာသာ အင်္ကျီချွတ်ပြီးလာကန်တာလေ
ငါတို့ပြောတာက အကိုထွက်လာရင် ငါတို့ပါ ဆူခံနေရမယ်လို့ပြောတာလေ မင်းဘာသာ ငါပိုင်ပါတယ်ဆိုပြီး ဝင်ကန်တာကို ဘာလာလွှဲချနေတာ အကိုယောင်္ကျားကို ကျွန်တော်တို့မခေါ်ဘူးနော်"

"ကိုကို ဒီကောင်တွေပြောတာမယုံနဲ့ သူတို့အတင်းခေါ်လို့ ကျွန်တော်ဝင်ကန်တာရယ်"

"ဒါပေါ့ ဒါပေါ့ ကန်လေ ကန်ပါ"

"ကန်တော့ဘူး အဝတ်တွေလှန်ရအုန်းမှာ လာလာ
ကိုကိုသွားမယ်"

သူကိူကျော်ပြီးအင်္ကျီကိုကောက်ဝတ်ကာ အရှေ့ကနေ ထွက်သွားလို့ အနောက်ကနေ ပြုံးပြုံးလေး လိုက်သွားလိုက်တယ် အနောက်ကနေ မြင်လိုက်ရတဲ့သူတွေကတော့
တံတွေးတွေမြိုချကာ Jungkookတွက် ကြိုတင်ဆုတောင်းပေးနေတော့သည်

ထယ်ယောင်းလဲ အရှေ့ကနေ ကော့တော့ကော့တော့ သွားနေတဲ့ Jungkookရဲ့
တင်ပါးကိုပါလာတဲ့ကြက်မွှေးနဲ့ တစ်ချက်ရိုက်လိုက်တယ် အနောက်လှည့်ကြည့်ပြီး သူကိုဖြီးပြကာပြေးလို့ အနောက်ကနေ လိုက်ရိုက်နေရတော့သည် ကမ်းခြေက သွားလာတဲ့လူတွေကတော့ သူတို့ကြည့်ပြီး ရယ်နေကြတော့သည်

ညရောက်တော့ ကိုယ်တော်ချောကို ဆေးလိမ်းပေးရတော့သည် ရိုက်တုန်းကတော့ မိသလောက် ဆော်လိုက်တာပဲ တော်တော်အချက်များများ ရိုက်မိလိုက်တယ် ကျောတွေရော ဖင်တွေရော အလျိုရာတွေ အဲ့လိုကြတော့လဲ မျက်နှာငယ်လေးနဲ့ သနားပါတယ်

"တော်တော်နာနေတာလား နောက်ရက်ကျ အင်္ကျီချွတ်ပြီး ဘောလုံးသွားကန်အုန်းနော်"

"ကိုကိုနော်..."

ရင်ခွင်ထဲလာပြီး ငိုသံကြီးနဲ့ ပြောနေလို့ ဖက်ထားပြီး ကျောလေးကိုပွတ်ပေးလိုက်တယ် ဒီလိူကျတော့လဲ ယုန်သူငယ်လေးလိုပဲ ကျောပွတ်ပေးတော့ ကလေးများလိုချက်ချင်း အိပ်ပျော်သွားတော့သည် မှောက်ရက်လေး အိပ်ရမဲ့အတူတူ ရင်ခွင်ထဲပဲ
ထည့်သိပ်ထားလိုက်တယ်

သူကတော့တစ်ညလုံးအိပ်မပျော်ပေ Jungkookကြည့်ကြည့်ပြီး သနားလာလို့ တစ်ညလုံးကိုသူကိုပဲစောင့်ကြည့်နေလိုက်တယ်
ချစ်တော့လဲ သူညည်းရင်ကို မျက်ရည်က ဝဲလာရော ရိုက်မိလိုက်တဲ့ကိုယ့်ကိုလဲ အပြစ်တင်မဆုံးပါ နည်းနည်းလေး ညဉ့်နက်တော့ သူလဲအိပ်ချင်လာသည်မို့ Jungkookရဲ့ နဖူးလေးနမ်းပြီး သူကိုဖက်ပြီးတော့သာ အိပ်လိုက်တော့သည်။

® ® ® ® ® ® ® ® ® ®

နောက်တပိုင်းမီနီပေးတယ်နော် ဒီတစ်ပိုင်း ကထယ လင်ဘယ်လောက်နိုင်တယ်ဆိုတာကို ပြတာ😁

Vote,Comment Plz🙏

4903 Words

#Kim Julia✍️

Comment