' Fragments '

Fragments 

အပိုင်းအစများ 

Short story 

Frederic : Tina!!!!!! မလုပ်နဲ့ pin ကိုမဖြုတ်လိုက်နဲ့

Valentina : Deric....  Tina လေ grenade အလုပ်လုပ်တဲ့ပုံကို သေချာသိသွားပီထင်တယ် 

ကျွန်မ pin ကို လက်တဖက်မှ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြုတ်လိုက်ပါတယ်။ pin မရှိတော့တာ ကြောင့် အားဖြင့်ကန်ထွက်လာတဲ့  bomb ရဲ့ကိုင်းကို လက်ဖြင့်ဆုပ်မထားနိုင်တော့ပါ။

ကျွန်မ ငိုလဲငိုနေမိပါတယ် ။

ကျွန်မနာမည် Valentina ပါ ။

အခုကျွန်မရောက်နေတဲ့နေရာကတော့ အလုံပိတ်ကျွန်းသေတ္တာအကြီးကြီးထဲမှာပါ။ 

ကျွန်မ မျက်လုံး​တွေကို ပိတ်စနဲ့ စည်းထားပီး ကျွန်မ လက်နစ်ဖက်ကိုတော့ ကေဘယ်ကြိုးနဲ့တုပ်ချည်ထားပါတယ် ။ 

အပြင်က အသံတွေကိုလဲ ကြားတော့ကြားနေရပေမယ့် တပတ်ခန့် အာဟာရပြတ်လတ်မူကြောင့် ကျွန်မ အာရုံခံအစိတ်အပိုင်းတွေအလုပ်မလုပ်တော့ပါ။ထုံသထက်ထုံလာတယ်လို့ထင်မိပါတယ်။

Frederic : ဒါ ဘာထည့်ထားတာလဲ 

ဝန်းထမ်း :  စစ်ဆင်ရေး မှာ ထိခိုက်သူ အရပ်သား လို့ပြောတယ်ဆရာ 

Frederic : ဌာနချုပ် က ခေါ်လာခိုင်းတာလား သူတို့ကဘယ်တုန်းက ဒီလိုအလုပ်မျိုးလုပ်လို့လဲ

ဝန်ထမ်း : ဟုတ်ပါတယ် ဆရာ ကျွန်တော်လဲသေချာတော့မသိရပါဘူး 

တပတ်ခန့်အမှောင်အတိ လေပူများဖြင့်သာပြည့်နေသော သေတ္တာအတွင်းသို့ စူးရှသောအလင်းများပြည့်ဝင်လာတာကြောင့် ကျွန်မလဲ အလင်းရှိရာသို့ အားကုန် ခေါင်းမော့မိသည်။

ထို့နောက် မျက်လုံးကိုပိတ်ထားသော အဝတ်စလေး ကိုဖြတ်ကျော်၍ ဝေးတဝါး မြင်လိုက်ရသော သူ ။

"မင်း အဆင်ပြေရဲ့လား"

ထိုအသံကြားကြားပီးခြင်း အဘယ်ကြောင့်မှန်းမသိ ကျွန်မစိတ်ထဲ လုံခြုံမူပဲရလိုက်သလိုလို တခုခုကိုစိတ်ချသွားသလိုလို ၊

ကျွန်မ အသိစိတ်တွေပါ ပျောက်သည်အထိ စိတ်ချသွားဟန်တူပါတယ်။

ကျွန်မမေ့သွားတော့ပါတယ်။

'Frederic '

နိုင်ငံတဝန်းလုံးမှာ 4 bars ရတဲ့ သူ က သုံးယောက်ပဲရှိပါတယ်။

အဲ့သုံးယောက်ထဲမှာ Frederic လဲပါတာပေါ့ ။ လောလောဆယ်တော့သူက တောင်ပိုင်းမှာပဲ အမူထမ်းနေတယ်။ deric က သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်ရုံတင်မဟုတ်ဘူး ရုပ်ရည်ပိုင်းကလဲ သူနဲ့တွဲအလုပ်လုပ်ဖူးတဲ့ အမူထမ်း အမျိုးသမီးတွေအကုန် မကြွေပဲမနေနိုင်ကြဘူးတဲ့ ။ ကျွန်မ ဒါတွေဘယ်လိုသိလာလဲဆိုတော့ ဆေးရုံက nurse နစ်ယောက် ကျွန်မကို ဆေးချိတ်ရင်း တီးတိုးပြောနေကြတဲ့ စကားတွေမို့လို့ပါ ။ မကြားချင်လဲ ကြားနေရတာဆိုတော့ ဦးနှောက်ထဲ သူ့ဟာသူဝင်သွားတယ်ထင်ပါရဲ့။

ထိုခနတင် ပဲ ကျွန်မ ကုတင်ရှိရာသို့ တစ်စုံတစ်ယောက်ဦးတည်ပီးလျှောက်လာပါတယ်။

အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်၊

ကိုယ်နေဟန်ထားကလဲ တော်တော်လေး မတ်ပါတယ်။

Frederic : သက်သာပီလား

Valentina : ဟုတ်ကဲ့ 

Frederic :  ကျွန်တော့်နာမည် frederic ပါ ဌာန ချုပ် က မင်းကို စစ်ဆင်ရေးမှာထိခိုက်သွားတဲ့အရပ်သားလို့ပြောတယ် နောက်ပီး အခုလို ကယ်လာတယ်ပေါ့

Valentina : .........

Frederic : မင်းနာမည်?

Valentina : Valentina 

ကျွန်မစိတ်ထဲ တော်တော် စို့နင့်မိပါတယ်။ ပုံမှန်သာဆို ဒီလိုအခြေအနေမျိုးမှာ မေးစရာမေးခွန်းတွေကျွန်မဆီမှာများပြားနေသင့်တယ်လေ  ဒါပေမယ့်

ကျွန်မ ဟာ မိဘမဲ့ တစ်ယောက်၊ နိုင်ငံပြေးတစ်ယောက် ။  သက်ဆိုင်တဲ့ အရပ်မရှိတဲ့သူ တဲ့ ကျွန်မကို ကျွန်မတို့နိုင်ငံက ရဲတွေ ခေါ်တဲ့အခေါ်အဝေါပေါ့ ။ အခုလဲ ကျွန်မဟာသတင်းစာပို့တဲ့အလုပ်လုပ်ရင်း အိမ်ခြေယာမဲ့တန်းလျာမှာနေခဲ့တယ် တရက် ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးစားမိရာကနေ သူတို့ပြောတဲ့ စစ်ဆင်ရေး ဆိုတာကြီးကျွန်မရပ်နေတဲ့တံတားနားမှာလာဖြစ်တယ် ။ ဖောက်ခွဲမူတခုထင်ပါတယ် ။ သေပီတောင်ထင်ခဲ့တာပါ ဒါပေမယ့် ကျွန်မအခုလိုအခြေအနေဖြစ်လာခဲ့တယ်လေ ။ ဝမ်းသာရမာလား ? ဝမ်းနည်းရမာလား?

တိတ်ဆိတ်နေသော ကျွန်မ ကို သူ ထိုင်ကြည့်နေပါတယ် ။ 

Frederic : မအေးဘူးလား? 

ကုတင်အဖျားမှ စောင်လေးအား ကိုင်၍ ကျွန်မကိုပတ်ကာခြုံပေး​ပါတယ်။

Frederic : မင်းအခုညနေကစပီး ငါနဲ့လိုက်နေရမယ် ။ နောက်ပိုင်းဌာနချုပ်ကဘာဆက်လုပ်မလဲဆိုတာကတော့ ငါလဲမသိဘူး ဒါပေမယ့် လောလောဆယ် တော့ ငါသေချာ ဂရုစိုက်ပေးပါ့မယ် 

Valentina : ...........

ကျွန်မ သူ့ကို စိုက်ပီးပဲ ကြည့်နေမိပါတယ်။

စိတ်ထဲကလဲ ဒီလူ ဒီလိုစကားမျိုးကိုကြိုးစားပီးပြောနေရပါလား ဘာလို့သူနွေးထွေးချင်ယောင်ဆောင်နေတာလဲ........ လို့တွေးနေမိပါတယ် ။

ကျွန်မကို ခေါ်လာတဲ့ အဖွဲ့အစည်းအကြောင်းကို Deric နဲ့ တူတူ နေရပီး နောက်ပိုင်း တဖြည်းဖြည်းသိလာပါတယ် ။

အစိုးရ လက်အောက်ခံမဟုတ်တဲ့ လုပ်ကြံသူတွေ စုဆောင်းထားတဲ့အဖွဲ့အစည်း ၊ အစိုးရကမလုပ်ဆောင်နိုင်တဲ့ မသမာမူအကြီးကြီးတွေကို လိုက်ပီး စာရင်းရှင်းပေးရတဲ့ အဖွဲ့အစည်းမျိုးပါ ။

အဖွဲ့အစည်းထိပ်ဆုံးမှာရှိတဲ့အကြီးအကဲကိုတော့ Deric လဲမသိသလို ကျန်တဲ့ လက်အောက်ခံအမူထမ်းတွေလဲမသိကြပါဘူး။ စစ်ဆင်ရေးတွေကိုတော့ တဆင့်ခံပီး​ပဲ ညွှန်ကြားကြပါတယ် ။

Fredic : Tina !မင်းအသတ်ဘယ်နနစ်ရှိပီလဲ? 

Valentina : ၁၈ 

Frederic : ဌာနချုပ်က မင်းကိုအဖွဲ့ထဲထည့်မယ်တဲ့မင်းနောက်ကြောင်းတွေကိုစုံစမ်းကြည့်တော့လဲ......

Valentina : ကျွန်မ မှာသွားစရာနေရာမရှိတာမလား

Frederic : အင်း အဲ့တာမင်းအနေနဲ့ ရွေးချယ်စရာမရှိဘူး

Valentina : ........

Frederic : ငါ့ကိုပဲ မင်းကိုလိုအပ်တာသင်ပေးစေချင်ကြတယ် အထက်ကလူတွေက 

Valentina : Deric. ….

Deric အသက်ဘလောက်ရှိပီလဲ

Frederic : ၃၁

Valentina : Deric နေလာတဲ့ ၃၁ နစ်အတွင်းမှာ deric ကိုယ့်ကိုကိုယ်သတ်သေဖို့ဘယ်နခါစဥ်းစားဖူးလဲ?

Frederic :  ..............

ကျွန်မမျက်လုံးတွေကို သူရဲ့ မျက်လုံးစိမ်းစိမ်းများဖြင့်စိုက်ကြည့်နေပြန်ပါတယ် ။

Valentina : Deric စကားနဲတယ်နော် 

Frederic : အင်း 

Deric နဲ့ အတူတူ နေလာတာ နစ်လလောက်တော့ရှိခဲ့ပါပီ။ Deric ဟာ စကားနဲသူတစ်ယောက်၊ နွေးထွေးတတ်ဖို့ ကြိုးစားနေသူတစ်ယောက် ။ အားနည်းချက်မရှိသလောက်နည်းတဲ့ Deric ကို ကျွန်မကတော့ တုံ့ဆိုင်းသူ လို့မြင်မိပါတယ် ။  Deric ဟာ ဘယ်တော့မှ ရင်ထဲရှိတာကို ထုတ်ပြောလေ့မရှိပါဘူး။

အခုလဲ မီးဖိုချောင်ထဲမှာ ညစာချက်နေရင်း တိတ်ဆိတ်နေသော Deric ကို ငေးကြည့်နေမိပြန်ပါတယ် ။

Valentina : Deric ….

Frederic : အင်း

Valentina : Deric ဘယ်လိုဒီအလုပ်လုပ်ဖြစ်သွားတာလဲ?

Frederic : မမှတ်မိတော့ဘူး

Valentina : Deric တခါတလေ စကားများများပြောရတာကောင်းတယ်သိလား တယောက်နဲ့တယောက်လဲ ပိုနားလည်လာမယ်ထင်တယ်

Frederic : သံယောဇဥ်တွေ မတွယ်တာကောင်းတယ်

Valentina : ဟင်?

Frederic : ဒီအလုပ်မှာသံယောဇဥ်တွေမရှိတာကောင်းတယ်

တချက်တွေဝေသွားသောကျွန်မ ၊ ကိုင်ထားတဲ့ ဓားရဲ့အလေးချိန်ကိုပါ မေ့သွားဟန်ရှိပါတယ် ။ ကြက်သွန်အပေါ်မှ ဖိထားသောလက်ထိပ်လေးအား ဓားထိသွားပါတော့တယ် ။

Valentina : အမလေး

Frederic : လက်ထိသွားပီ မြန်မြန်လာဒီကို 

Valentina : ရတယ်ထင်တယ် နဲနဲလေးပါ

Frederic : မရပါဘူး သွေးတွေထွက်နေတာမမြင်ဘူးလား

ကျွန်မလက်အား ကိုင်ကာ ဘေစင်သို့ ဆွဲခေါ်သွားပီး Deric တစ်ယောက် ဓားရှရာအား ရေဖြင့် လောင်းချနေပါတယ်။

Valentina : ………

Frederic : လက်ကို ဆေးကိုယ့်ဟာကိုယ်ထည့်လိုက် ဗီဒိုထဲမှာ first aid kit ရှိတယ် 

ဌာနချုပ် က အမိန့်အတိုင်း Deric ဆီကနေ လိုအပ်တဲ့ ပညာတွေအကုန်လုံးကိုသင်ရပါတယ် ။ ကိုယ်ခံပညာ ၊ လက်နက်တပ်ဆင်ပုံ ၊ လက်နက်တွေရဲ့အတွင်းပိုင်းအလုပ်လုပ်ပုံ နောက်ပီး ဥပဒေ တွေနဲ့ စိတ်နေစိတ်ထားတွေပါ အကုန်သင်ယူရပါတယ် ။

Deric က စစ်ဆင်ရေးတွေကိုသွားရတဲ့အပြင် ဓာတ်ခွဲခန်း လဲ ဝင်ရပါတယ် ။ လက်နက်တွေကို ပြန်လည်ဆန်းသစ်တာတွေနဲ့ Time delay ပါတဲ့ ဟာတွေကို Time delay နဲအောင်လုပ်တာမျိုးတွေပါ ။

Frederic : Tina ဒီနေ့မင်းကို grenade နဲ့ပတ်သတ် ပီးပြောပြမယ်

Valentina : လက်ပစ်ဗုံးလား

Frederic : အင်းဟုတ်တယ် 

ခြံထဲက ခုံလေးပေါ်  ထိုင်နေတဲ့ကျွန်မကို Deric က အနောက်မှ grenade အား ကိုင်၍ပြပါတယ်။

Frederic : Grenade မှာ အမျိုးမျိုးရှိတယ် ပေါက်ကွဲဖို့အချိန်ကြာတာကိုမူတည်ပီးတော့ပေါ့ 

ဒါက တော့ အချိန်အကြာဆုံး အမျိုးအစားတခုပဲ သူက စနက်တံ (safety pin) ဖြုတ်ပီးပီးချင်းကို လေးစက္ကန့်ကနေ ငါးစက္ကန့်လောက်စောင့်ရတယ်

Deric ပြောပြတာအရ grenade အတွင်းထဲမှာ ပေါက်ကွဲစေတတ်တဲ့ TNT နဲ့ တခြားဟာကို အပြင်က အခွံနဲ့ပိတ်ထားပီး အလည်မှာ ပေါက်ကွဲမူကို လုပ်ဆောင်မယ့် အခန်းရှိပါတယ်။ အဲ့တာကတော့ safety pin ကို ဆွဲဖြုတ် ဘေးက ကိုင်းကိုလွှတ်လိုက်တဲ့အခါ အလယ် အတွင်းထဲမှာ ရှိတဲ့ စပရိန်လေးက စက်ပိုင်းပုံအတုံးလေးကိုသွားရိုက်ပါတယ်။ အဲ့ကနေ မှမီးတောက်ပီး ပေါက်ကွဲမူကိုလုပ်ဆောင်ပေးမယ့်လမ်းကြောင်းတလျှောက်မီးကူးပါတယ် အဲ့လိုအဆင့်ဆင့်ကနေ လေးစက္ကန့်ကနေ ငါးစက္ကန့် ကုန်သွားတာပါ ။

Valentina :   ပေါက်ကွဲသွားရင်ရော Deric 

Frederic : ပေါက်ကွဲသွားရင် အခွံက တစဆီဖြစ်သွားပီး တုန်ခါမူနဲ့မီးတွေထွက်လာပေါ့ အဲ့ကမှ ဗုံးပေါက်တယ်ဆိုတာဖြစ်တာလေ

Valentina : ဒါဆို အဲ့လို ပေါက်ကွဲမူဖြစ်မို့အတွက်က စပရိန်အောက်မှာရှိတဲ့ အတုံးလေးမရှိရင် မရဘူးထင်တယ်နော်

Frederic : အဲ့တာကအသက်ပဲ  အဲ့အတုံးလေးအလုပ်မလုပ်ရင်ပေါက်ကွဲမူမဖြစ်တော့ဘူး

Deric နဲ့နေလာတာ အခုဆိုရင်ငါးလလောက်ရှိပီထင်ပါတယ် ။ စကားနဲတဲ့ Deric ကလဲ အရင်ကထက်စာရင်ပိုပီး နွေးထွေးလာတယ်လို့လဲထင်မိပါတယ် ။ Deric ရဲ့ ဂရုစိုက်မူတွေက တခါတလေ ခြောက်ကပ်ကပ်နိုင်ပေမယ့် ကျွန်မလို နွေးထွေးမူမရရှိခဲ့ဖူးတဲ့ လူသားတစ်ယောက်အတွက်ကတော့တန်ဖိုးတအားရှိပါတယ် ။ Deric ဟာအမြဲတမ်း တခုခုကို မြိုသိပ်ထားသလိုလဲ မြင်ရတာမို့လို့ ကျွန်မကတော့ အမြဲ အဲ့တခုခုကိုမျှော်လင့်နေမိပါတယ် ။ အဲ့တခုခုဆိုတာကိုကျွန်မကရောဘလိုခံစားရလဲဆိုရင် ကျွန်မကိုယ်တိုင်လဲမသိတော့ပါဘူး ။ သေချာတာကတော့ Deric မရှိရင် မနေနိုင်လောက်တော့ဘူးထင်ပါတယ်။

Valentina : Deric ! Tina ကို ဘယ်လိုမြင်လဲဟင်?

Frederic : .........

Valentina : Deric Tina မရှိရင် နေနိုင်လောက်လား?

Deric တစ်ယောက်ထုံးစံအတိုင်း ကျွန်မကို စိုက်ကြည့်နေပြန်ပါတယ်။ Grenade ပေါက်ကွဲဖို့အတွက် ကြားခံအတုံးသေးသေးပဲလိုအပ်သလို Deric ရင်ထဲက ခံစားချက်တွေ  သူ့ရဲ့ တုံ့ဆိုင်းနေတဲ့ စိတ်နံရံကြီးကိုကျော်ဖြတ်ပြီး ထွက်လာဖို့က တွန်းအားသေးသေးလေးပဲ လိုတာပါ။ ဒီလိုတွေကျွန်မတွေးနေပေမယ့် ဘာလို့ကျွန်မကရော ထုတ်ဖော်မပြောနိုင်ရတာလဲ ?​ခံစားချက်တွေမသေချာရတာလဲ? ကျွန်မကိုယ်တိုင် နားမလည်နိုင်တော့ပါဘူး။

တီ တီ တီ တီ ( ph ringtone)

Frederic :ဟယ်လို ဟုတ်ကဲ့ ကျွန်တော် Deric ပါ……….

ဟုတ်ပါတယ်……….

…………လိုအပ်တာတွေတော့ ပြည့်စုံပါပီ ………

ဘယ်လို.... ? …………ဒါပေမယ့် တအားစောသေးသလားလို့

Deric တစ်ယောက် ဖုန်းပြောရင်း မျက်နာတော်တော်ပျက်သွားတာကို ကျွန်မမြင်နေရပါတယ်။ Deric အဲ့လောက် စိတ်ညစ်သွားတာမျိုးကို တူတူနေလာတဲ့ အချိန်ကာလတလျှောက် ပထမဦးဆုံးတွေ့ဖူးတာပါ ။

Valentina :  Deric ဘယ်ကဖုန်းလဲ?

Frederic : ဌာနချုပ်က ကိုယ်နဲ့အတူတူ Tina စစ်ဆင်ရေးလိုက်ရမယ်တဲ့ 

Valentina : ..........

နောက်ပီး စစ်ဆင်ရေး ပီးတာနဲ့ Life support တွေနဲ့Tina ကိုထောက်ပံ့ပေးထားပီး ဒီမာလဲဆက်နေစရာမလိုတော့ဘူးလို့ပြောတယ်

Valentina : ............

Frederic : Tina ဒါပေမယ့်လေ …………

Valentina : Deric နဲ့ အတူတူသွားရမာမလား ဒါဆို Tina အဆင်ပြေပါတယ် လိုတာတွေလဲTina သင်ထားတာပဲ

Frederic : ဒါပေမယ့်ကိုယ် စိတ်မချဘူးလေ Tina ရဲ့

ကျွန်မ ပုခုံးကိုကိုင်ပီး စိုးရိမ်စိတ်အပြည့်နဲ့ ကြည့်နေတဲ့ Deric ရဲ့ မျက်လုံးများက ဘာကိုမှ ထပ်ပီးပြောပြစရာမလိုအောင် ရှိနေပါတယ် ။

စစ်ဆင်ရေးကတော့ drugs တွေရောင်းချနေတဲ့ ဂိုဏ်းတခုကို ဝင်ပီး လုပ်ကြံရမှာပါ ။ ထိုဂိုဏ်းကလဲ သာမန် ပြည်တွင်းက အကြီးအကဲတွေပါ ပက်သတ်မူရှိနေတာမို့လို့ လက်သည်မပေါ်ပဲနှစ်တွေကြာတဲ့အထိ အမြစ်တွယ်နေတာဖြစ်ပါတယ် ။

ဒီနေ့တော့ Deric ရယ် ကျွန်မရယ် Team A ကျွန်မတို့ကို ညွှန်ကြားမယ့်အဖွဲ့ရယ် backup အဖွဲ့ရယ်နဲ့ ထိုဂိုဏ်းရှိနေမယ့် ဂိုဒေါင်တခုကို ဖောက်ဝင်ပီး လုပ်ကြံရမာပါ။

ထိုနေ့မတိုင်ခင် ညကလဲ Deric တစ်ယောက်တအား ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို ကျွန်မသတိထားမိပါတယ်။ အခုမနက်လဲ ပြင်ဆင်နေရင်းနဲ့ ကျွန်မကိုခြံထဲကိုခေါ်ပါတယ်။

Frederic : Tinaကိုယ် လေ မင်းကို တကယ် စိတ်မချဘူး 

Valentina : .........

Frederic : ကိုယ် ဌာနကိုဖုန်းဆက်ပီး ပြန်မေးကြည့်ရမလား အဖွဲ့ဝင်လဲဖို့

မဟုတ်ဘူး ကိုယ်ဆက်ကိုဆက်ရမယ် မင်းကိုမလိုက်စေချင်ဘူး

Valentina : မဆက်နဲ့

ဖုန်းကိုကိုင်ထားတဲ့ Deric လက်ကိုကျွန်မ ဆွဲဖမ်းလိုက်ပါတယ်။ လက်ကိုကိုင်ထားရင်း Deric မျက်လုံးများအားသေချာကြည့်မိတော့ ကျွန်မတို့စစတွေ့ချင်းကထက် Deric နှလုံးသားပိုမိုနွေးထွေးလာတယ်နဲ့တူပါတယ်။ ဘာလို့လဲဆို ဒီလို အခြေအနေမျိုးမှာတောင် ကျွန်မကို ဘာစကားလုံးမှမလိုပဲနွေးထွေးစေတာမို့လို့ပါ။

Deric တစ်ယောက် Team A နဲ့အတူ သေချာ plan ဆွဲပြီး ကျွန်မကတော့ Deric ပြောတာပဲ လုပ်ရမာပါ။ ကျွန်မတို့ ဂိုဒေါင် ထဲကို လျှို့ဝှက်ပီးဖောက်ထားတဲ့ ဝင်ပေါက်ကနေတဆင့်ဝင်ရပါတယ်။  မူးယစ်ဆေးဝါးဂိုဏ်းကတော့ ဂိုဒေါင်ရဲ့အစွန်းမှာပါ ။ လမ်းမှာရှိတဲ့ အစောင့်တွေကိုလဲ Deric ကပဲ silencer (အသံတိတ်သေနတ်) နဲ့ ကိစ္စရှင်းပြစ်ပါတယ် ။

ကျွန်မပါနေလို့လားမသိ Deric တစ်ယောက်ပို အာရုံစိုက်နေသလိုမြင်ရပါတယ်။ ကျွန်မကြောင့် Deric ပင်ပန်းရပြန်ပါပြီ။

Frederic : Tina ကိုယ်လေTina ကို လေ တခုခုအဖြစ်မခံနိုင်ဘူး

Valentina : .........

Frederic : ကိုယ်လေ Tina ကို 

Valentina : Deric အနောက်မှာ သတိထား!!!

အနောက်ကနေ လူသုံးယောက် ပစ္စတို များနဲ့ ရုတ်တရက်ထွက်လာပီး ကျွန်မတို့ ရပ်နေတဲ့ ဒေါင့်အားချိန်ပြစ်ပါတော့တယ် ။  Deric တစ်ယောက် ကျွန်မလက်ကိုဆွဲပီး နီးရာ လုံခြုံမယ်ထင်တဲ့သဲအိတ်အနောက်ကိုဝင်ပီးဝပ်ရပါတယ် ။

Frederic : Team A Team A အခြေအနေ !

Team A : Frederic မင်းတော့ ထိုးကျွေးခံလိုက်ရပီထင်တယ် အထက်က ဘာစာမှမလာတော့ဘူး ညွှန်ကြားတာရပ်သွားပီ

Frederic : ဘာ !? တောက်စ်!

တဖက်ကလဲ တဖြေးဖြေးလူများလာပါတယ်။ သေချာတာကတော့ ကျွန်မနဲ့ Deric အလောင်းကိုမရမချင်း သူတို့ရပ်မှာမဟုတ်တော့ပါဘူး။ Deric ကလဲ ကျွန်မကိုအပေါ်ကနေ မှောက်ပီး ဖက်ထားကာ အဆက်မပြတ်ပြစ်နေတာကို ဒီဘက်ကနေ ပြန်ကာ​နေရပါတယ်။  ဒါပေမယ့် အင်အားကမမျှပါဘူး။

Valentina : Deric Tina တို့ ဘယ်လိုလုပ်မလဲ?

Frederic : Tina ဘားမှမဖြစ်စေရဘူး Tina ငြိမ်ငြိမ်လေးနေ 

Valentina : မဟုတ်ဘူး Deric လဲသိတာပဲ ဒီအတိုင်းဆိုနစ်ယောက်လုံး အဆင်ပြေမှာမဟုတ်ဘူး

.........

Valentina : Tina grenade သုံးလိုက်မယ်လေ အဲ့တာဆို အဆင်ပြေမလား

Frederic : သုံးလို့မရဘူး ကိုယ်တို့ ပါထိလိမ့်မယ် area က ဒေါင့်လိုဖြစ်နေတယ် 

Valentina : မဟုတ်ဘူးလေ Tina grenade နဲ့ အဲ့ဘက်ကိုပြေးလိုက်မယ်

Frederic : ဘာ!? 

ကျွန်မ ပြောပီးမှ ကိုယ့်ဟာကိုယ်တောင် အံသြမိပါတယ်။ ကျွန်မ Deric အတွက် သေတောင်သေရဲနေပီလား ?

ကျွန်မခံစားချက်တွေသေချာနေပီထင်ပါတယ် ……..

Deric ရဲ့ လန့်သွားတဲ့ မျက်လုံးတွေထဲမှာ ကျွန်မကိုကျွန်မပြန်မြင်နေရပါတယ်။

Frederic : Tina မင်းရူးနေလား မင်းသေသွားမာလေ 

Valentina : ဒါပေမယ့် အဲ့ကျ Deric နောက်ပြန် လှည့်ပီး Backup team ကလဲ ဝင်လာမှာဆိုတော့

Frederic : Tina မင်းဘာတွေပြောနေတာလဲ !? 

Valentina : ဒါပေမယ့် အဲ့နည်းပဲရှိတော့တာမလား? 

Frederic : ဟာကွာ

တဖြည်းဖြည်းနဲ့ Deric လဲ ကျည်ကုန်သွားပါတယ်။ ကျွန်မ ဘေးအိတ်ထဲက grenade ကို ကျွန်မငေးကြည့်နေမိတယ်။

ကြည့်နေရင်းနဲ့ပဲ တလုံးကို ဆွဲယူလိုက်ပြီး  အကာအကွယ်ရဲ့အစွန်းတဖက်ကို တွားသွားရင်း ထဖို့အပြင် မှာပဲ Deric ကလှမ်းဖက်ထားပါတော့တယ်။

Frederic : Tina မလုပ်ပါနဲ့ မလုပ်ပါနဲ့ကွာ 

Valentina : Deric ငိုနေတာလား

Frederic : Tina ကိုယ်တောင်းပန်ပါတယ် မလုပ်ပါနဲ့ အဆင်ပြေသွားမှာ နော်Tina မလုပ်နဲ့ ကိုယ်Tina ကို သေချာလက်တွေ့မသင်ရဘူးလေ Grenade ကိုမလုပ်နဲ့နော်

Valentina : ဒါပေမယ့် ………

ကျွန်မ အတင်း Deric လက်ကိုဖြုတ်ပီး မတ်တပ်ထလိုက်ပါတယ် ။ ကျွန်မကအရင်ထဲကသေလူပဲဟာ ဒါပေမယ့် ချစ်တဲ့ Deric အတွက် သေရမယ်ဆိုရင် တော့ဒါကတော်တော်ကြီးအဖိုးတန်ပါတယ် ။

Frederic : Tina!!!!!! မလုပ်နဲ့ pin ကိုမဖြုတ်လိုက်နဲ့

Valentina : Deric....  Tina လေ grenade အလုပ်လုပ်တဲ့ပုံကို သေချာသိသွားပီထင်တယ် 

ကျွန်မ pin ကို လက်တဖက်မှ တုံ့ဆိုင်းခြင်းမရှိဘဲ ဖြုတ်လိုက်ပါတယ် ။ pin မရှိတော့တာကြောင့် အား နဲ့ ကန်ထွက်လာတဲ့  bomb ရဲ့ကိုင်းကို  လက်ဖြင့်ဆုပ် မထားနိုင်တော့ ပါ။

ကျွန်မ ငိုလဲငိုနေမိတယ်။

ကွက်တိ လေးစက္ကန့်အကြာမှာပဲ grenade လေးလဲ ပေါက်ကွဲထွက်သွားပါတယ်။ နောက်ပီး ဒါက ကျွန်မရဲ့ ပထမဆုံးလက်တွေ့ grenade သင်ခန်းစာပါပဲ။

"Tina အဆင်ပြေရဲ့လား"

ကျွန်မ deric ရဲ့အသံကိုကြားနေရပါတယ်။ ကျွန်မဘယ်ရောက်နေတာလဲ ဆိုတာကတော့ စဥ်းစားလို့မရပါဘူး ။

Valentina : Tina ဘာဖြစ်သွားတာလဲ

Frederic : Tina အခု အိပ်နေတာ နစ်ရက်တောင်ရှိသွားပီ ကိုယ်တို့ grenade ဖောက်ပီးတော့ backup team ရောက်လာပီး ဂိုဒေါင်တခုလုံးကိုဝင်စီးလိုက်တယ်အခုစစ်ဆင်ရေးလဲပီးသွားပီ 

တဖြေးဖြေးနဲ့ ကျွန်မမှတ်မိလာပါတယ် ။ ကျွန်မ grenade ကို လက်ကလွှတ်လိုက်တော့ Deric က နောက်ကနေ ကျွန်မကို ခုန်ဖမ်းပီး grenade ကို ခြေထောက်နဲ့ကန်လိုက်ပါတယ် ။ကျွန်မတို့နစ်ယောက်လုံး ဒဏ်ရာတော်တော်များများရပီး Deric လဲ ခြေထောက်ကျိုးသွားပါတယ် ။

Valentina : Deric ဝှီးချဲနဲ့အဆင်ပြေရဲ့လား

Frederic : ပြေတာပေါ့ ဘာမှမဖြစ်တော့ဘူး ပြန်ကောင်းလာမှာပဲ ဒါနဲ့

ကိုယ် ဌာနကနေ ထွက်လိုက်ပြီ 

Valentina : ဘယ်လို

Frederic : အင်းဟုတ်တယ် ကိုယ် Tina နဲ့လိုက်နေမလို့

Deric ရဲ့ မြိုသိပ်ထားတာတွေကို ပေါက်ကွဲထွက်လာဖို့ တွန်းအားလေး ရှိနေပီထင်ပါတယ် ။ ကျွန်မလဲ Deric ကိုပဲ ဆက်တိုက် ငေးကြည့်နေမိတယ်။

Frederic : Tina ကိုယ်လေ Tina ကို ချစ်တယ် Tina မရှိရင်ကိုယ်အဆင်ပြေမှာမဟုတ်ဘူး

Valentina : အင်း

Frederic : ဘာအင်းလဲ Tina 

ကျွန်မ ရီနေမိပါတယ်။ ဒီလို Deric ရဲ့အသဲအသန်ဖြစ်နေတာကိုပထမဆုံးမြင်ဖူးတာပါ ။

Frederic : Tina မရီနဲ့ကွာ Tina ကရော?

Valentina : အသေတောင်ခံချင်ခဲ့တာကို Deric မသိသေးဘူးလား?

Frederic:  မဟုတ်ဘူးလေ ဒါပေမယ့်

Valentina : ချစ်တာပေါ့ Deric ကို 

Frederic : ဟုတ်ပါပြီ …..

Deric ရဲ့ ခံစားချက်တွေ အပြင်ကို ထွက်လာဖို့ လှုံ့ဆော်ပေးလိုက်တဲ့တွန်းအားလေးကတော့ Tina ဆိုတဲ့ ကျွန်မကိုယ်တိုင်ကပဲ ဖြစ်နေပါတော့တယ်။

[ ပြီးပါပြီ ] 

Valentina (origin Latin)

Name means - strong, healthy & brave 

Frederic ( origin French)

Name means - peaceful ruler 








Comment