EP // 4

Q. Ex ရွေးချယ်ခံခဲ့တာ ဘယ်လိုခံစားရပါသလဲ?

Seungkwan : စိတ်ထဲမှာဘယ်လိုမှ မရှိတော့ပေမယ့် ပျော်ပါတယ် ။ ကျွန်တော်လဲ သူ့ကို စာပို့ခဲ့သေးပါတယ်။ ကျွန်တော်တို့နှစ်ယောက်က ပုံမှန်Exအတွဲတွေလို မဟုတ်တော့ သက်တောင့်သက်သာတော့ရှိပါတယ်။

Q. ဘယ်သူ့ကိုစာပို့ခဲ့တာပါလဲ?

Hoshi : The8 ကိုပါ။ ကျွန်တော့်ကတော့ စတဲ့သဘောနဲ့ပို့လိုက်တာပါ ဟင်းတွေစားရတာ သဘောကျတဲ့ပုံမပေါက်လို့ ဟင်းချေးမများပါနဲ့ ဆိုလားမသိ အဲ့လိုပို့လိုက်မိတယ်ထင်ပါတယ် ။

Jeonghan : Seungkwan ကိုပို့လိုက်တာပါ ။ ငိုလွန်းလို့ မျက်လုံးဖူးပြီးရဲနေတာတွေ့လို့ မငိုပါနဲ့ ဆိုပြီးပို့လိုက်တာပါ ဘာစိတ်မှတော့မရှိပါဘူး ။

Seungcheol : Ex ကိုပါ။

Joshua : Ex ကိုပါ။
_______________________

8:00 AM

မနေ့ညက အားလုံးမှောက်အောင်ထိ သောက်ထားကြသည်မလို့ မနက် 8နာရီထိ ဘယ်သူမှထမလာကြသေးပေ ။ Super Saturday မလို့ အလုပ်နားကြသည့်သူ လည်းများသည် ။

" ဟင် 8နာရီတောင်ထိုးပြီကို ငါက ပထမဆုံးထတဲ့သူလား? "

ဒါကတော့ ပထမဆုံးနိုးလာတဲ့သူဖြစ်သည့် Jun ၏ အသံပင် ။

Jun ကသူ့ဘာသာသူ အခန်းထဲပြန်ဝင် မျက်နှာသစ်အဝတ်လဲကာ breakfast ကို ရိုးရိုးကြက်ဥကြော်နှင့်ပေါင်မုန့်ကိုသာ ညှပ်ကာစားပြီး သူ၏ တစ်မနက်ခင်းကို စတင်ဖို့ရာ အိမ်ကနေ 8နာရီမိနစ်30အကြာတွင် အိမ်ကနေစထွက်ခွာသည် ။

9နာရီစွန်းစွန်းလောက်တွင် အားလုံးလဲ အိပ်ယာထကြကာ မနက်စာစားရန် မီးဖိုခန်းထဲ တစ်ယောက်ပြီးတစ်ယောက်ဝင်လာကြတော့သည် ။

" လူစုံပြီနော် ဒီ‌နေ့မနက်လဲ တစ်ခုခုလုပ်စားကြရအောင် "

Mingyu က လူများသထက်များလာတာကို မြင်ပြီး မနက်စာစားဖို့ နှိုးဆော်လိုက်ခြင်းပင် ။

" တစ်ယောက် မရောက်သေးဘူး "

Seungcheol က လူရေနေကာ အကုန်မစုံသေးဘူးဆိုကာ ပြော‌ပြတော့သည် ။

" Jun ssi မရောက်သေးဘူးထင်တယ် မတွေ့မိဘူး "

" အာဟုတ်သား Jun က မနက်အစောကြီး ဆိုင်ကြည့်စရာရှိလို့ ဆိုပြီး ပြောပြီးသွားတယ်။ "

Vernon ပြောကာမှ သတိရသည့် Junရဲ့ roommate ဖြစ်သူ Wonwoo ။

" ဒါနဲ့ မနေ့ကတအားမူးသွားလို့ သတိမထားမိလိုက်ဘူး ။ Vernon က ဘယ်မှာအိပ်တာလဲဟင် "

" ကျွန်တော်က ပထမထပ်ဒုတိယမြောက်ကအခန်းပါ Seokmin ssi နဲ့ Seungkwan ssi တို့အခန်း "

" အားလုံးပဲ မနေ့ညကအကုန် အသောက်များထားကြတာဆိုတော့ အရက်နာကျစွပ်ပြုတ်ပဲ ပြုတ်လိုက်တော့မယ် အဆင်ပြေကြတယ်မလား "

-"ok!" -"အဆင်ပြေတာပေါ " -"ကောင်းတယ်ကောင်းတယ်"

10မိနစ်အကြာမှာတော့ Mingyu က 10ယောက်စာပြုတ်ထားသည့် အရက်နာကျစွပ်ပြုတ်အိုးကို စားပွဲခုံအလယ်ဗဟိုကို တင်စေသည်။

" ဒါနဲ့ မနေ့ည Exစာတွေကို မဖတ်ရသေးတဲ့သူရှိတယ်မလား? အဆင်ပြေရင် စားရင်းဖတ်ကြည့်ကြပါလား "

" အိုကေ သွားယူလိုက်ဦးမယ် အကုန်လုံးရှေ့ မဖတ်ပြရသေးရင် မတရားဘူးဖြစ်နေမှာဆိုးလို့ "

မနေ့ညက ဖတ်ဖို့ကျန်နေသေးသည့် Jeonghan , Joshua , Vernon ထိုသုံးယောက်က စာအိတ်ကိုသွားယူလေသည် ။

" ကျွန်တော်ကအရင်စဖတ်ကြည့်ပါမယ် ။ သူက ကလေးဆန်ပြီးအရစ်တအားသန်တဲ့သူပါ။သူနဲ့ဒိတ်ချင်ရင်တော့စိတ်တော်တော်ရှည်မှရပါမယ်! Jeonghanကကောင်းကောင်းဂရုစိုက်ပေးရင်သဘောကျပါတယ် အဲ့တာမလို့ စိတ်ထားကောင်းပြီးနူးညံ့ပြီးပြောစကားအကုန်လိုက်လုပ်ပေးတဲ့ကောင်လေးမျိုးဆိုသဘောကျလောက်မယ်ထင်တယ်။အကယ်၍ ကိုယ်က Jeonghan နဲ့ဒိတ်ချင်ပြီး ideal type နဲ့မကိုက်ညီရင်ပြောင်းလဲပြီးကြိုးစားပေးရင်ကောင်းပါမယ် ကျွန်တော်လဲအဲ့လိုပဲကြိုးစားခဲ့တာမလို့။ "

စားသောက်နေရင်း Jeonghan ၏ Ex ရဲ့စာကို နားထောင်လိုက်ရပြီးနောက် အားလုံး၏အတွေးမှာတစ်ပုံစံတည်းပင် ။ Ex က နူးနူးရွရွလေးတွေ သုံးပေးပြီး ထည့်ပြောပေးသေးသည်မလို့ ပြန်ဖြစ်ချင်တဲ့ စိတ်တော့ရှိဦးမည်ဟု ။

" အဲ့တာဆို ကျွန်တော်ဆက်ဖတ်ပါမယ် ။ Shua Hyungကတိတ်တဆိတ်ဂရုစိုက်ပေးတတ်တဲ့ type မျိုးပါ။ English Grammar မှားရင်မနေနိုင်ပဲချက်ချင်းပြန်ပြင်ပြောပြတတ်တဲ့သူမို့သူ့ရှေ့မှာ grammar မမှားဖို့အထူးဂရုစိုက်စေချင်ပါတယ်! Hyungကတွဲပြီဆိုရင်မိဘတွေနဲ့ပါတွေ့ပေးပြီးပွင့်ပွင့်လင်းလင်းနဲ့အတည်တကျတွဲတတ်တာမလို့ရေရှည်လက်တွဲသဘောကျပေးမယ့်ပါတနာပဲရစေချင်ပါတယ်!!! လို့စာထဲမှာ ရေးထားပါတယ်။ "

Joshua ရဲ့စာကိုဖတ်ပြီးတော့လည်း အားလုံးရဲ့အတွေးမှာ တစ်ခုတည်း ။ Joshua က လုံးဝ စိမ်းနုနုလေးသန်းနေတဲ့ green flag ပင် ဟုတွေးတောနေကြလောက်မှာပင် ။

" Vernon ကအသေးစိတ်ကအစသေချာလေးလိုက်ဂရုစိုက်ပေးတတ်တဲ့သူပါ။လူကောင်းနဲ့ပဲတွေ့စေချင်ပါတယ်။အများကြီးပျော်ရွှင်အောင်ထားပေးပါ။ "

" ဝါး စိတ်ခံစားချက်တော့အမျိုးမျိုးတွေ့နေရလို့ ဒီသုံးယောက်တော့ အချင်းချင်း Ex ပါနိုင်ခြေမရှိဘူးထင်တယ် "

" အဲ့တာဆို Hoshi ကရော ဘယ်သူနဲ့ဘယ်သူက Ex လို့ထင်မိလည်း? "

" ကျွန်တော်ကတော့ Wonwoo နဲ့ Myungho က Exတစ်တွဲ Seungkwan နဲ့ Vernon ကတစ်တွဲလို့ထင်မိပါတယ် "

" ဘာကို ကြည့်ပြီးတော့လဲဟင်? "

" ဒီတိုင်း ဘယ်လိုပြောရမလဲ ကျွန်တော့်ရဲ့ feel အရပေါ့နော့ "

" ဟဟ "

အားလုံးလဲ ဒီနေ့မနက်ကို မနက်စာစားလိုက် စကားပြောလိုက် လုပ်ကာ ပျော်ပျော်ရွှင်ရွှင် နှင့် ရယ်ရယ်မောမော ဖြတ်သန်းကြကာ စကားဝိုင်းနာရီပိုင်းလောက်အကြာတွင်တော့ လူစုစခွဲကြတော့သည် ။

လမ်းလျှောက်ထွက်တဲ့သူက လမ်းလျှောက်ထွက် ၊ လုပ်စရာရှိတဲ့သူကလုပ် ၊ အခန်းဖော်အချင်းချင်း စကားပြောတဲ့သူကပြောကြနဲ့ လူစုခွဲပြီးနောက်လုပ်ကြသည် ။ ထို့နောက် နေ့လည်စာစားချိန်တော့ လူမစုံတော့ကာ 3စု 4စု ကွဲသွားလေတော့သည် ။

-

Q. Ex နဲ့ လက်ရှိဘယ်လို ဆက်ဆံရေးရှိပါသလဲ?

Dokyeom : အကြာကြီးအတူတူရှိလာတဲ့သူကို မသိချင်ယောင်ဆောင်ပြီး သူစိမ်းလိုဆက်ဆံရတာတော့ နည်းနည်းလေး ပင်ပန်းပေမယ့် ကျွန်တော်တို့ကတော့ ပေါ့ပေါ့ပါးပါးပါပဲ ။

Seungcheol : အဆင်ပြေပါတယ် သူလဲသူ့အလုပ်သူလုပ် ကိုယ်လည်းကိုယ့်အလုပ်ကိုယ်လုပ်ဆိုတော့။

Mingyu : အဲ့တစ်ယောက်နဲ့တော့ မဆိုးပါဘူး ။ စကားအများကြီးတော့ လူကြားထဲမှာ မပြောရဲကြပေမယ့် ကတောက်ကဆမရှိပဲ လမ်းခွဲခဲ့ကြတာမလို့ သက်တောင့်သက်တာမရှိတာတော့ မရှိပါဘူး ။

-
6:00 PM

" Dokyeom yaa တစ်ယောက်တည်းဘာထိုင်လုပ်နေတာလဲ "

အပေါ်ဆုံးထပ်က ဝံရံတာမှာ တစ်ယောက်တည်းထိုင်ပြီး ငိုင်နေတဲ့ Dokyeom ကို Wonwoo တွေ့ရှိသွားကာ Dokyeom နားသွားထိုင်သည် ။

" ပျင်းတာ Hyungရာ အလုပ်နားရက်ဆိုတော့ ဘာမှလုပ်စရာမရှိလို့ "

" Hyung... မတွေ့ဖြစ်တဲ့ ဒီအတောအတွင်း ခရီးသွားနေတာဆို ကျွန်တော် Hyungသူငယ်ချင်းတွေဆီကကြားတယ် "

" အွန်း Hyungက ခရီးပတ်သွားပြီး အသဲကွဲနေတာဖြေဖျောက်‌နေတာလေ ဟဟ "

" စတာပါ Hyungက နဂိုကတည်းက Travel Photographer ဆိုတော့ နိုင်ငံအနှံ့ခရီးသွားနေတာ ပြန်လာတော့ ဓာတ်ပုံပြခန်းတောင် လုပ်သေးတယ်။ Dokyeomieကို အစကတော့ ဖိတ်မလို့ပဲ ဒါပေမယ့် လက်မခံမှာ ဆိုးလို့ မဖိတ်ဖြစ်ခဲ့တာ.. Dokyeom ကော ဒီတလောဘာလုပ်နေတာလဲ။ Hyungကတော့မင်းအကြောင်း တစ်ခါမှမကြားရတော့ဘူး လမ်းခွဲပြီးကတည်းက "

" ကျွန်တော်ကတော့ ထွေထွေထူးထူးတော့ဘာမှမလုပ်ပါဘူး.. ရုပ်သံဖျော်ဖြေရေးကုမ္ပဏီတစ်ခုမှာ Translator အလုပ်ရတယ်။ Celebrity တွေရဲ့ ပွဲတို့ဘာတို့မှာလဲ ကုမ္ပဏီကစီစဉ်ပေးတဲ့အတိုင်း Translator လုပ်ပြီး ရုံတင်တဲ့ English movie တွေမှာလည်း English to Korea စာရိုက်ဘာသာပြန်သူလုပ်တယ်။ ဒါဘဲ "

" အများကြီးတော့ ပြောင်းလဲသွားသားပဲ။ အရင်ကလို စိတ်သွက်ကိုယ်သွက် ကလေးမဟုတ်တော့ပဲ တော်တော်ရင့်ကျက်လာတာပဲ "

" Hyungရောပဲ အများကြီးပြောင်းလဲသွားတယ်.."

-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (011123)

___________________________

ဖတ်နေကြတဲ့သူတွေရဲ့ voteလေးတွေ တွေ့တော့ ရေးချင်စိတ်ကထိန်းမရဘူးဗျိုး... အရင်ကအကြာကြီးနေမှ activeဖြစ်လေ့ရှိတော့ အခုကိုယ့်ကိုယ်ကို အပ်ဒိတ်မှန်နေသလိုခံစားနေရတယ် ㅠㅠ

နောက်တစ်ပိုင်းမှာ နောက်တစ်တွဲဖော်ထုတ်ဖြစ်လောက်ပါမယ်🐱!!

>>>>>>>>>>>>>>>>>>>>>>>>>

Q. Ex ရှေးယြျခံခဲ့တာယျလိုခံစားပါသလဲ?






_______________________

8:00 AM


































-





-
6:00 PM










-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (011123)

___________________________



>>>>>>>>>>>>>>>>>>>>>>>>>

Comment