EP // 3

Q. မျက်စိထဲအမြင် သဘောကျမိတဲ့သူရှိပါသလား?

Joshua : Jeonghan.. ?

Mingyu : Wonwoo? Wonwoo nimကို နည်းနည်းတော့ပိုကြည့်မိတယ်ထင်တယ် အနီးကပ်ကြည့်မိတော့ တကယ်ချောပါတယ် ကျွန်တော့် ideal type မဟုတ်ပေမယ့်..

Seokmin : Vernon ။ ဒီတိုင်း ရုပ်ကနိုင်ငံခြားသားရုပ်ပေါက်လို့ သဘောကျမိတယ်ထင်တယ် တော်တော်လဲချောတယ်လေ

_________________________

"အာညော် အခုမှအသစ်ပါဝင်လာတဲ့ Vernon ပါ"

"ဝိုး နိုင်ငံခြားသားနဲ့တူလိုက်တာ"

Hoshi ပြောသည့်စကားသည့်အားလုံးအပေါ်ဖုံးလွှမ်းသွားတော့သည်။ Vernon ကတော့ကြားပြီးရယ်မိသည်။

"နိုင်ငံခြားသားပါ တစ်မျိုးပြောရရင်ကပြားပေါ့"

"အော် အဲ့တာမလို့တူတာကိုး ဒါပေမယ့် ကိုရီးယားစကားပြောတာတော်တော်လေးတော်တယ်နော်"

"လာ လာ လာ စကားနောက်မှ အထဲအရင်ဝင်ရအောင်"

-

အားလုံးက ဝိုင်သောက်နိုင်တဲ့သူကဝိုင် ယူ မသောက်နိုင်တဲ့သူအချိုရည်ပဲယူကာ ဒုတိယထပ်က ဆိုဖာတွေရှိတဲ့နေရာသို့ယူသွားကြသည်။

"ဒါနဲ့ ကျွန်တော့်မှာ စာအိတ်တစ်အိတ်ပါလာတယ်"

Vernon စလိုက်တဲ့စကားကြောင့် အားလုံးရဲ့အကြည့်က Vernon ပေါ်ရောက်သွားကြတော့သည်။

"အယ် အဲ့တာဆိုဖောက်ရမှာပေါ့"

"Vernon ssi ပဲဖတ်လိုက်ပါ"

" အခုချိန်ကစပြီး အားလုံးလွတ်လပ်စွာ အလုပ်အကိုင်ဖော်ထုတ်လို့ရပါပြီ"

အားလုံးက အချင်းချင်းကြည့်ကြကာ ခေါင်းငြိမ့်မိကြသည်။

"အဲ့တာဆို ထောင့်စွန်းမှာထိုင်နေတဲ့ Vernon ကပဲ မိတ်ဆက်ပါလား ကျန်တဲ့သူတွေလဲအလှည့်ကြပေါ့"

ရုတ်တရက်ကြီး တရင်းတနှီး Vernon ဟုထခေါ်သည့် Seungcheol စကားကြောင့် တချို့က Vernon ရဲ့ Ex က Seungcheol များလားဟု တွေးနေကြတော့သည်။

" Vernon ပါ Hansol လို့လဲ ခေါ်လို့ရပါတယ် အလုပ်အကိုင်ကတော့ Studio တစ်ခုမှာ Photographer ပါ အဓိက Idol တွေကို ရိုက်တာများပါတယ် "

" ဝိုး~ "

" အဲ့တာဆို ဒီကလူတွေကိုလဲ အစီအစဉ်မပြီးခင် ကောင်းကောင်းလေး ရိုက်ပေးသွားပါဦး "

" ဟုတ်တယ် ကောင်းတယ် "

Vernon က သက်တောင့်သက်သာဖြင့် ခပ်သဲ့သဲ့ရယ်ကာ ပြန်ဖြေသည် ။

" ဒါပေါ့ ဒါပေါ့ ကျွန်တော်ကရိုက်ပေးဖို့ အသင့် ကင်မရာတောင်ပါခဲ့ပါတယ် "

Vernon အကြောင်းပြီးတော့ Vernon ဘေးကထိုင်နေသူဖြစ်တဲ့ Dokyeom က စသည် ။

" အဲ့တာဆို ကျွန်တော့်အလှည့်.. ကျွန်တော့်နာမည်က Lee Seokmin ပါ ဒါပေမယ့် Dokyeom လို့ခေါ်တာပိုကြိုက်တာမလို့ Dokyeomလို့ခေါ်ကြတဲ့လူက ပိုများပါတယ် အလုပ်အကိုင်ကတော့ ရိုးရိုး Company တစ်ခုမှာ Translator လုပ်တာပါ "

" Seungcheol ပါ Own business သေးသေးလေး တစ်ခုတော့ရှိပါတယ် "

" Kim Mingyu .. Mingyu လို့ပဲခေါ်လို့ရပါတယ် ကျွန်တော်ကတော့ Gym trainer ပါ "

" Joshua ပါ Koreaနာမည်ကတော့ Hong Jisoo.. ကျွန်တော်လဲ Vernon လိုမျိုးကပြားပါပဲ Local Clothing Brand တစ်ခုရဲ့ MD ပါ "

" The8 လို့ခေါ်လို့ရပါတယ် Stylist တစ်ယောက်ပါ "

"Hoshi ပါ နာမည်အရင်းကတော့ Kwon Soonyoung ပါ Dance choreographer ပါဗျာ့ "

" Junလို့ပဲခေါ်လို့ရပါတယ် ။ ယခုလက်ရှိတော့ Itaewon ဘက်မှာ café လေးတစ်ဆိုင်ဖွင့်ထားပြီး barista လဲလုပ်လေ့ရှိပါတယ် "

" Boo Seungkwan ပါ Fashion Designer လုပ်ပါတယ် "

" Jeon Wonwoo ပါ Travel Photographer တစ်ယောက်ပါ "

" Jeonghan ပါ ကျွန်တော်ကModel တစ်ယောက်ပါ "

အားလုံးလည်း တစ်ယောက်ချင်းဆီရဲ့ အလုပ်အကိုင်တွေကြားပြီး အံ့ဩနေကြတော့သည် ။

" ဘယ်လိုလဲ Vernon ssi အားလုံးနာမည်မှတ်မိရဲ့လား "

" အောန်? "

Seungkwan ထမေးလိုက်တဲ့အမေးကြောင့် Vernon လဲ မျက်လုံးပြူးကာ အာမေဋိတ်အသံ ပါးစပ်ကနေထွက်သွားသည်  ။ Vernon ကြောင်နေတာကြည့်ပြီး အားလုံးလည်း မသိမသာရယ်ကြမိသည် ။

" တဖြည်းဖြည်းတော့ အားလုံးကိုမှတ်မိသွားလောက်မှာပါ "

" ဟဟ ဟုတ်ပါတယ် Seungkwan ကလဲ ဖိအားမပေးပါနဲ့ "

" ကျွန်တော်က ဒီတိုင်းမေးလိုက်တာရယ် ဒီလောက်ထိ ကြောင်သွားလိမ့်မယ် မထင်ထားဘူး "

တင်း!

ဖုန်းကနေထွက်လာသည့် အသံကြောင့် ဖုန်းကိုကောက်ကိုင်ကာ ကြည့်လိုက်ကြသည် ။

: ဒီနေ့ သင့်ကို ရင်ခုန်စေတဲ့သူက ဘယ်သူများလဲ?
ကျွန်တော်တို့ကို နာမည်နဲ့ ပို့ပေးစေချင်သည့်စာကို ပို့ပေးပါ ၊ ထိုလူ့ဆီကို ပြန်ပို့ပေးပါမည်။

" ဒီလိုကြီးပို့ရတော့မှာလား ဝါး ဒီလောက်စိတ်မြန်တဲ့ အစီအစဉ်မှန်းမသိခဲ့ဘူး "

" ဟုတ်ပါ့ ခုမှစကားပြောပြီးတာကို ချက်ချင်းကြီး "

အကုန်လုံး အသံဆိတ်သွားကြကာ ဖုန်းကို ကြည့်ပြီးတွေဝေနေကြတဲ့သူတွေရှိသလို စာကိုချက်ချင်းကောက်ရိုက်ကြတဲ့သူလဲရှိကြသည် ။

ဘယ်သူက ဘယ်သူ့ကို စာပို့လိုက်တာလဲ ?

Jeonghan / 2
"ဘယ်သူ့ ပို့ရမလဲသိလို့။"
"အချိန်ရရင် နှစ်ယောက်တည်းစကားပြောကြည့်ချင်ပါတယ်။"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်

Joshua / 1
" Hyung~ ကျွန်တော်တို့ ကောင်းကောင်းနေကြတာပေါ့ "
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်

Hoshi / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

Wonwoo / 1
" တွေ့တာဝမ်းသာပါတယ် "
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

The8 / 1
" အစားချေးများပါနဲ့ "
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

Seungcheol / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

Dokyeom / 1
" Hyungအရိပ်အကဲကြည့်စရာလိုပဲ ပျော်ပျော်နေပါ Dokyeomie "
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်

Jun / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

Mingyu / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး

Seungkwan / 3
" မငိုပါနဲ့! "
" နေကောင်းအောင်နေ တအားငိုနဲ့ "
" ရှက်ဖို့ကောင်းအောင် လူကြားထဲမစပါနဲ့ Seungkwan ssi "
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။

Vernon / 2
" မတွေ့တာဘယ်လောက်မှမရှိသေးဘူး တအားပိန်သွားပြီ အစားလေးဘာလေးစားပါ အမေရိကန်သားရဲ့ "
" ဟိုင်းပါဗျာ့ "
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်



…..TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (301023)
__________________________

အိုင်ကလေ လက်တန်းရေးတာမလို့ ဇာတ်လမ်းကဘယ်လိုလာမလဲတော့ သေသေချာချာမပြောပြတတ်သေးပါဘူးနော်~ ပြန်တွဲသွားတာလဲပါချင်ပါနိုင်သလို၊ပြန်လဲမတွဲဖြစ်အသစ်လဲမရလဲပါချင်ပါနိုင်ပါတယ်လို့ ကြိုပြောပြချင်ပါတယ်❤️

>>>>>>>>>>>>>>>>>>>>>>>>>


Joshua : Jeonghan.. ?



_________________________







-









































Jeonghan / 2

Joshua / 1

Hoshi / 0

Wonwoo / 1

The8 / 1

Seungcheol / 0

Dokyeom / 1

Jun / 0

Mingyu / 0

Seungkwan / 3

Vernon / 2

…..TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (301023)
__________________________


>>>>>>>>>>>>>>>>>>>>>>>>>

Comment