EP // 22
Q. ဂျယ်ဂျူဒို ပထမဆုံးညက အမှန်တကယ်စိတ်ရင်းနဲ့စာပို့ချင်ခဲ့တဲ့ သူရှိပါသလား?
Seungkwan : အဲ့နေ့ကတော့ ပို့ချင်တဲ့လို့တွေးမိတဲ့သူမရှိသလို တကယ်ပို့လိုက်မိတဲ့သူကိုလည်း ဘာမှအရေးတယူမတွေးပဲပို့လိုက်မိတယ်ထင်ပါတယ် မှတ်တောင်မမှတ်မိတော့ဘူး ဘယ်သူ့ကိုပို့မိလိုက်မှန်း...
The8 : ပို့ချင်ခဲ့တဲ့သူက Wonu Hyung ဖြစ်သလို ပို့ဖြစ်ခဲ့တဲ့သူကလည်း Hyung ပါပဲ။ လွမ်းလို့လွမ်းတယ်ဆိုပြီး ပို့လိုက် တာပါ..
Jun : ကားမောင်းပင်ပန်းလာတဲ့ Kyeom ကိုပို့လိုက်တာပါ.. အတည်တကျပို့ချင်ခဲ့တဲ့သူလို့ရယ်တော့မရှိခဲ့ပါဘူး
-
"အဝတ်အစားတွေနည်းနည်းလေးမထည့်ခဲ့သင့်တာ.. အခုတော့နောင်တတွေရနေပါပြီ..."
Dokyeom,Jun,Chan တို့အခန်းက ရှည်လျားတဲ့သက်ပြင်းလေးနှင့်အတူထွက်လာသည့် Dokyeom ရဲ့စကားလေးတစ်ခွန်း။
ဒီအခန်းမှာတော့ Chan က သူ့ဖုန်းနဲ့ I don't understand but i luv u ဟုနာမည်ရတဲ့သီချင်းကို ဖုန်းဖြင့်ကျယ်လောင်စွာဖွင့်ထားသည် မလို့ တစ်ခန်းလုံး သီချင်းအသံတွေပြန့်နှံ့လို့နေလေသည်။ Dokyeom ကတော့ အဝတ်အစားတွေကိုဗီရိုထဲထည့်ရင်း အဝတ်အစားအနည်းသာယူလာသည်ကို နောင်တရကြောင်း ရွတ်ပြောနေသည်။ Jun ကတော့ ရေချိုးခန်းထဲမှာ ရေချိုးနေပြီး Chan ကတော့ သူ့ကုတင်ပေါ်မှာလှဲလျောင်းကာ သူ့သီချင်းသူ feeling အပြည့်နှင့်နားထောင်နေလေ၏။
"Chan na! မင်း အဝတ်အစားတွေဘယ်လောက်ထည့်လာခဲ့လဲ ဟမ်?"
"ကျွန်တော်လား?.. အင်.. 7စုံ 8စုံလောက်ပါမယ်ထင်တာပဲ... မသိဘူး ရောပြွန်းသပြွန်းအကုန်သိပ်ထည့်လာတာ"
"ဟူးလ်.. တကယ်ကို ငါ‌တစ်ယောက်တည်း နည်းနည်းလေးယူလာခဲ့မိတာပဲ"
"Hyungက ဘယ်နှစုံယူလာခဲ့လို့လဲ"
Chan မေးရှာတော့ Dokyeom က သူ့ရဲ့လက်ငါးချောင်းကို မျက်နှာဆူဆူပုတ်ပုတ်လေးနှင့်‌ထောင်ပြသည်။ Chan ကနောက်ပိုင်းဘာမှဆက်မပြောဖြစ်ပဲ ခေါင်းတစ်ခါခါနှင့် သီချင်းကို လိုက်ဆိုရင်း ဆက်နားထောင်နေ‌သည်။
ထိုအချိန် အခန်းတိုင်းစီက တစ်ဦး‌တစ်ယောက်ချင်းစီသို့ ရောက်ရှိလာသည့် စာတစ်စောင်။
တင်း!
: ဒီနေ့ သင့်ကိုရင်ခုန်စေတဲ့သူက ဘယ်သူများလဲ? ကျွန်တော်တို့ကို နာမည်နဲ့ ပို့ပေးစေချင်သည့်စာကို‌ပို့ပေးပါ ၊ ထိုလူ့ဆီကို ပြန်ပို့ပေးပါမည်။
ဘယ်သူက ဘယ်သူ့ကို စာပို့လိုက်တာ ဖြစ်မလဲ?
Jeonghan / 1
"သဘက်ခါက နောက်ဆုံးရက်ပဲ.. ကိုယ်လိုချင်တဲ့အဖြေကို ပေးဖို့မျှော်လင့်ချက်လေးတော့ ထားလို့ရတယ်မလား Hannie?"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Joshua / 1
"Hyung ဘယ်လိုလုပ်သိသလဲ! ကျွန်တော့်အကြိုက်တွေတောင်မပြောပဲ‌သိနေပြီ တကယ်ဖူးစာပါတယ်နဲ့တူ‌တယ်>3"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Kim Mingyu ကို ရွေးချယ်ခဲ့ပါသည်။
Hoshi / 1
"Momguk မင်းမှမကြိုက်တာ ဘာလို့ လိုက်သောက်တာလဲ ငါ့ကြောင့်တော့မဟုတ်ဘူးမလား?"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Wonwoo / 1
"လွမ်းလာပြီ ⌤ .. မနက်ဖြန်ပင်လယ်အစားHyungကိုထိုင်ကြည့်ပစ်ဦးမှပါ! မနက်ဖြန်တွေ့မယ်နော် ကောင်းကောင်းအိပ်ပါ Wonu Hyung"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Jun ကို ရွေးချယ်ခဲ့ပါသည်။
The8 / 1
"ကိုယ့်ရဲ့ Myungသဲသဲကဲကဲပိုပိုho လေးလည်း Good Night ပါ ကောင်းကောင်းအိပ်ပါ"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Joshua ကိုရွေးချယ်ခဲ့ပါသည်။
Seungcheol / 1
"မနက်ဖြန်လာနိုးရင်သေမယ်နော် Choi Seungcheolie"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Dokyeom / 1
"ကားမောင်းပေးတာကျေးဇူးအများကြီးတင်လို့"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က The8 ကိုရွေးချယ်ခဲ့ပါသည်။
Jun / 2
"အိုက်ဂူး junnie hyung ကျေးဇူးတင်ရင် မုန့်ဝယ်ကျွေးပါㅠㅠ"
"ကောင်းကောင်းအိပ်ပါ Hyung။ ပို့စရာမရှိလို့ Hyungကိုပို့တာ ဗွေမပူပါနဲ့ဗျာ ဟဲဟဲ"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Seungkwan ကိုရွေးချယ်ခဲ့ပါသည်။
Mingyu / 2
"ရေနဲ့ပတ်သက်တဲ့ activity တွေတော်တော် သဘောကျတဲ့ပုံပဲနော် ရေပါရင်ကိုပျော်နေတာㅋㅋ"
"kimminguie~ Hyung ကိုကောင်းကောင်းဆက်ဆံပါ စိတ်ချလက်ချလက်ထဲထည့်မယ်နော်? Hyung ကိုမငိုအောင်လုပ်ဖို့မျှော်လင့်ပါတယ် အတတ်နိုင်ဆုံးစိတ်ဒဏ်ရာလည်းမပေးပါနဲ့!!"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Jun ကိုရွေးချယ်ခဲ့ပါသည်။
သင့် EX က Wonwoo ကိုရွေးချယ်ခဲ့ပါသည်။
Seungkwan / 1
"👍🏻"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Kim Mingyu ကိုရွေးချယ်ခဲ့ပါသည်။
Vernon / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Dokyeom ကိုရွေးချယ်ခဲ့ပါသည်။
Jihoon / 1
"အရန်ဟင်းစားမှာပေါ့ အရန်ဟင်းလည်းကောင်းတယ်ကြားလို့ပါ hoonie ကလည်း"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Chan / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
သင့် EX က Joshua ကိုရွေးချယ်ခဲ့ပါသည်။
-
တိတ်ဆိတ်ပြီး လှိုင်းသံတစ်ဝှေ့ဝှေ့နှင့် ပင်လယ်နဲ့နီးတဲ့ ဗီလာ ဖြစ်သည့်မို့ ပင်လယ်လေအေးအချို့မှာ ပြတင်းပေါက်တည့်တည့်မှအိပ်စေသူကို ရိုက်ခတ်သည်။ အဖွဲ့ဝင်တချို့တလေတော့ အိပ်ယာကနေနိုးနေပြီဖြစ်သည်။ ပင်လယ် မြင်ကွင်းကြည့်ရှု့ရင်း စာအုပ်ဖတ်နေသူကဖတ်၊ ကော်ဖီပူပူတစ်ခွက်ကို ဇိမ်ခံသောက်နေသူကသောက်၊ အိပ်ယာထခါစဖြစ်သည်မို့ မှိုင်တွေတွေငိုင်နေသူကငိုင်၊ အဖွဲ့လိုက်ဝိုင်းစုပြီး အလာပ သလာပ ပြောနေကြသူတို့ ပြော နှင့် သူတို့အလုပ်နှင့်သူတို့ရူပ်နေကြသည်။
Seungkwan တို့၏အခန်း ပြတင်းပေါက်ကနေတင် လှမ်းမြင်နေရသည့် တင်ပျဉ်ချိတ် စာအုပ်ဖတ်နေသူ Shua ကိုမြင်တော့ Seungkwan က အပြေးအလွှား အနားသွားသည်။
"Hyung!"
"အွန်း Seungkwanie ဒီမှာထိုင်လေ"
Shua က Seungkwan ကိုမြင်တော့ မျက်လုံးများမှေးအောင်အထိပြုံးပြပြီး သူ့ဘေးက ခုံကိုဆွဲပြီး ဖုန်ခါကာ ထိုင်ဖို့ပုတ်ပြသည်။ အမြဲလုပ်ပေးနေကြ အပြုအမူလေးကို Seungkwan မှာပြန်မြင်ခွင့်ရလိုက်တော့ သွားပေါ်အောင်ထိကို ပြုံးမိသွားသည်။
"Theme park မသွားကြသေးဘူးလား"
"ဟုတ်တယ် ကလေးတွေမနိုးကြသေးလို့"
"အော်.. Hyung! တစ်ခုပြောရဦးမယ် Mingyu Hyung လေ ကျွန်တော်တို့နှစ်ယောက်ကEXအတွဲတွေဆိုတာသိသွားတယ်သိလား.. ဒီတိုင်း Hyung ကို သူသိသွားတယ်ဆိုတာလေး အသိပေးထားချင်လို့ပါ။ ပြီးတော့ Mingyu Hyung တို့များ Hyung ကိုတကယ်သဘောကျနေလိုက်တာများ.. ကြည့်တဲ့အကြည့်တွေကအစနော်! ပြီးတော့ ကျွန်တော့်ကိုတောင်ရန်တွေ့နေသေးတယ်.."
"Seungkwanie ကသာ Hyung ကိုပြောနေတာ မင်းရော Vernon နဲ့ ဘယ်လိုဆက်ဆံရေးရောက်နေတာလဲ တကယ်ပဲ သူငယ်ချင်းအဆင့်ဟုတ်ရဲ့လား?"
"Hyungကတော့ ပေါက်ပေါက်ရှာရှာတွေပါဗျာ။ ကျွန်တော်တို့က သူငယ်ချင်းတွေလေ"
"ဟုတ်ရောဟုတ်ရဲ့လား.. Vernonie က Seungkwanie ကိုကြည့်တဲ့အကြည့်တွေကတော့ တမူထူးပါတယ်နော် Hyungပဲအမြင်မှားတာလား မင်းပဲမမြင်တတ်တာလားတော့မသိတော့ပါဘူးနော်.. ဟဟ စတာပါ စတာပါ ဘာလို့မျက်နှာလေးကဆူပုတ်သွားတာလဲ"
Shua က နောက်လိုက်တော့ Seungkwan ရုပ်လေးမှာ နှုတ်ခမ်းလေးထော်ပြီးဆူပုတ်သွား‌တော့သည်။ Shua မှာလည်း စနောက်တတ်တဲ့သူမဟုတ်ပေမယ့် Seungkwan ကိုတော့ reaction ကိုသဘောကျလို့ လုပ်နေကြဖြစ်သည်။
နောက်တော့ Seungkwan မှာ Shua ရဲ့ လက်မောင်းကို ရှက်ပြုံးပြုံးဖြင့် အသာလေးရိုက်လိုက်သည်။
"ရိုက်ကူးရေးပြီးသွားရင် Hyung နဲ့သက်သက် စကားကောင်းကောင်းပြောဦးမှ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲကြရင်လည်း လာခဲ့နော် သိလား ကျွန်တော်လည်းသွားမှာ"
ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေ Shua က တက်လေ့မရှိတာသိသည်မို့ Seungkwan မှာ အရောက်လာဖို့ တိုက်တွန်းသည်။ Seungkwan ပြောပြီး မကြာခင်ပဲ Shua ကချက်ချင်းသဘောတူပေးရှာသည်။
"အွန်း Hyung လာခဲ့မယ်"
"ဒါနဲ့လေ Hyung ... Mingyu Hyung နဲ့တကယ်အဆင်ပြေနေပြီမလားဟင်! ကျွန်တော် Vernon နဲ့တောင်ပြောဖြစ်သေးတယ်Hyungတို့အကြောင်း။ Hyung ပြုံးနေတာ ပြန်တွေ့ရလို့ပျော်လည်းပျော်တယ် ပြီးတော့ Mingyu Hyung ကလည်း တကယ်ကောင်းပါတယ်.. အဲ့တာ အဆုံးထိ ဒီလိုလေးဖြစ်သွားရင်ကောင်းမှာပဲနော်"
Seungkwan က အရောက်တွန်းပို့ပေးရှာသည်။ Mingyu က နားပူနားဆာ လုပ်တာရော၊သူကိုယ်တိုင်ကလည်း အဆုံးသတ်မှာ Hyungရဲ့လက်ကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်သွားတာမျိုး လိုချင်မိလို့ဖြစ်သည်
"မပြောတတ်ဘူး.. ဒါပေမယ့် Mingyu ကတကယ်ကောင်းတဲ့သူမှန်း Hyung သိပါတယ်။ စိတ်ဝင်စားတဲ့ဘက်ရောက်တာတော့ Hyung ဝန်ခံတယ် ဒါပေမယ့် Seungkwanie သိပါတယ် သမီးရည်းစားဆက်ဆံရေးဖြစ်ဖို့အထိက Hyung ရဲ့ သဘောကျမှု့ကအပြည့်အဝရှိနေမှ အတည်ဖြစ်သွားလောက်မယ်ဆိုတာ။ ပြီးတော့ Hyung က ဒီတိုင်း ရိုးရိုးရင်ခုန်မိယုံလောက်နဲ့ ဒီလိုဆက်ဆံရေးမလုပ်တာ။ ဒါပေမယ့် Hyung တို့အခြေအနေက ရှေ့ဆက်လျှောက်နေတုန်းမို့ တစ်လှမ်းချင်းတစ်လှမ်းချင်းစီ ပေါ့"
Shua က‌ သူပြောနေရင်း Seungkwan ဆံပင်လေးဖောင်းနေလို့ သေချာလေးသပ်တင်ပြီးဖွဖွလေးပွတ်ပေးမိနေသည်။ သည်အရာမှာလည်း သူ့အတွက် သက်တောင့်သက်သာဖြစ်နေတဲ့ လုပ်နေကြ အကျင့်ဖြစ်လို့နေသလို Seungkwanအတွက်လည်း အလုပ်ခံနေကြမို့ ငြိမ်ငြိမ်လေးခံနေသည်။ ထိုအချိန် ဗြုန်းဆိုင်းကြီး ဘယ်ကမှန်းမသိ Kim Mingyu မှာ အလန့်တကြားပေါ်လာတော့သည်။
"အား! လန့်လိုက်တာ"
"မလန့်ပါနဲ့ ငါပါ ငါပါ"
"Mingyu Hyung! အလန့်တကြားဘာလို့ရုတ်တရက်ကြီးပေါ်လာတာလဲ"
"ဘာကိစ္စရှိလို့လဲ Mingyu?"
"ဟို.. ဘာပါလိမ့်.. ဟို.. ဒီ.. ဘာကိစ္စမှတော့မရှိပါဘူး ဒီတိုင်း ဒီတိုင်း! အောန်း! ကိစ္စရှိတယ် ရှိတယ် theme park သွားရမယ်လေ Hyung။"
"ဟင်? မစောသေးဘူးလား ဟိုနှစ်ယောက်ရော နိုးပြီလား"
"စော..? စောတာကတော့ ‌ဟုတ်တာပေါ့ စောတာပေါ့.. နော်.. ဒါပေမယ့် နည်းနည်းဝေးတော့ စောစောကြိုထွက်ထားရမယ်ထင်လို့။ Hyung နှစ်ယောက်ကတော့ မနိုးသေးဘူး ဒါပေမယ့် နိုးရမယ်လေ ဟုတ်တယ် Hyung လာ သွားနိုးကြစို့"
တစ်ယောက်တည်း ကမန်းကတန်းတွေလျှောက်လျှောက်ပြောပြီး ဘယ်သူမှစကားထပ်မထွက်သေးခင် Mingyu မှာ Shua ရဲ့ လက်ကောက်ဝတ်ကိုဖွဖွလေးကိုင်ပြီး ဆွဲခေါ်သွားတော့သည်။
တစ်ယောက်တည်းကျန်ခဲ့သည့် Seungkwan မှာ ခဏလောက်တော့ အူလည်လည်လေးဖြစ်သွားသော်လည်း သူ့ဟာသူပြန်လည်တွေးကာ အသားကုန် ရယ်မိ‌သည်။
"အိုက်ဝူး.. Kim Mingyu တို့များ သဝန်တိုတာ ဗီဇတွေပေါ်လာတာ ကြည့်ပါဦး။ သူ့ဘက်ကအရောက်ပို့ပေးနေသူကိုတောင် မယုံဘူး ကျွတ်ကျွတ်ကျွတ်ကျွတ် မတော်ရသေးတဲ့ရည်းစားလေးကို သဲသဲလှုပ်နေလိုက်တာ‌လဲလွန်ပါ့.."
-
နေ့လည် 11 နာရီမှာတော့ theme park team က ပထမဆုံးအရင်‌ထွက်ခွာသည်။ နေ့လည်စာထမင်းစားချိန်ရောက်တော့ Momguk team က ထွက်စားကြဖို့ စတင်ထွက်ခွာလေသည်။ ပင်လယ် အဖွဲ့ကတော့ နေ့လည်စာစားပြီးမှ လျှောက်လည်ကြမည်ဟူ၍ ယခုတော့ ဗီလာမှာပင်ရှိနေသေးကြသည်။
"မနေ့က သင့် EX ကဘယ်သူဘယ်သူ့ကိုပို့လိုက်ပါသည် ဆိုပြီးပို့တော့ error တက်တာလားတောင်ထင်သွားတယ်"
Momguk အဖွဲ့က သူတို့ရဲ့ဆိုင်လေးကိုရောက်ရှိကြပြီဖြစ်ပြီး အစားအသောက်စောင့်နေကြချိန်မှာ Dokyeom က မနေ့ညကအဖြစ်ကိုသတိရပြီး စကားစသည်။
"ဟုတ်ပါ့ Hyung! တကယ်လန့်သွားတယ်။ ကိုယ့် EX က အခြားသူကိုပို့တာ အစ တက်တာက level up သွားလို့ထင်တယ်နော်"
"အင်း ဒီနေ့လည်း အဲ့လိုပဲပေါ်လောက်မယ်ထင်တယ်။ ဘာလိုလိုနဲ့ ရိုက်ကူးရေးပြီးမယ့်ရက်ကနီးလာပြီနော် အားလုံးတွေ့ကြတာတောင် မနေ့တစ်နေ့ကလိုပဲ.."
Dokyeom နှင့် Chan စကားဝိုင်းကိုနားမလည်ဖြစ်နေကြသူတို့မှာ ကျန်‌နှစ်ယောက် Hoshi နှင့် Jihoon တို့ပါပင်။ သူတို့နှစ်ယောက် အူလည်လည်နှင့် နားထောင်နေသည်ကို Dokyeom က သတိမူမိတော့ ထိုသို့မေးလာလေသည်။
"မဟုတ်မှလွဲရော.. Hyung တို့နှစ်ယောက် မသိကြဘူး ဟုတ်တယ်ဟုတ်?"
"ဟုတ်ပါ့ EX အတွဲအချင်းချင်း ပို့မယ်ဆို ဒီစာကပေါ်မှာမဟုတ်ဘူးလေ။ အခုကြည့်ရတာ နှစ်ယောက်ကသိကြတဲ့ပုံလည်းမပေါ်ဘူးနော်.."
"သေချာပေါက်! သေချာပေါက်သိတာပေါ့ မဟုတ်ပါဘူး သိပါတယ်"
ဘာအမှားမှမလုပ်ထားသော်လည်း အတင်းငြင်းကန်ရှင်းပြနေသူမှာ Hoshi ။ Dokyeomတို့ အထင်လွှဲသွားမှာဆိုးလို့ ရှင်းပြနေသည့် Hoshi မှာသိသိသာသာသူ၏မျက်လုံးကျဉ်းကျဉ်းလေးတွေတောင် ထိတ်လန့်စွာနဲ့ပြူးလို့။ အထင်.. ‌လွှဲတာလို့တော့ပြောလို့မရပေမယ့် အဓိပ္ပာယ်မှားကောက်မှာကြောက်သွားလို့ဖြစ်သည်။ တကယ်တော့ သူလည်းအခြားအကြောင်းကြောင့်မဟုတ်။ Jihoon နေရခက်နေမှာဆိုးလို့ သူက ခံစစ်လုပ်ပြီး ကြိုတင်ကာကွယ်ထားသည်ပဲဖြစ်၏။
"တကယ်! တကယ်ပါဆို သိတယ်လို့ Hyung က လိမ်ပြောတာဖြစ်နိုင်ပါ့မလား..ဟားဟား မသိသလို သရုပ်ဆောင်တာပါ တကယ်တော့သိပါတယ်"
"ဟုတ်ပါတယ် ဟုတ်ပါတယ်... ယုံပါတယ် ယုံတယ်..ဟုတ်ပြီလား"
"မှာထားတာလေးတွေ ရပါပြီနော် အရသာရှိရှိသုံးဆောင်ကြပါ.."
Dokyeom က ယုံပါတယ် ဆိုပြီး မယုံတဲ့လေသံနဲ့ပြောလာလို့ Hoshi က ဘာထပ်ပြောရမလည်း စဉ်းစားနေတုန်း ကျေးဇူးရှင် ထိုဆိုင်မှ အန်တီကြီးက အစားအသောက်တွေလာချပေးတာနဲ့ကြုံတော့ စကားစပြတ်သွားကြသည်။
-
"အားး!! Choi အစုတ်ပလုပ်! သေချာကိုင်ပေးထားပါဆို"
ဒီ theme park team မှာတော့ တစ်ခါစီးနှစ်ယောက် waterslides မှာ ဂယက်ထ နေကြတဲ့ Seungcheol နှင့် Jeonghan တို့အတွဲပင်။
ဖြစ်စဉ်မှာ နှစ်ယောက်စာပါတဲ့ ဘောကွင်းနှင့် waterslides ကို စီးကြပြီး အနောက်ကထိုင်သူ Seungcheol မှာသေချာကောင်းကောင်းမကိုင်ထားမိလို့ waterslides အောက်လည်းရောက်ရော နှစ်ယောက်လုံး ဘောကွင်း တခြား၊လူ တခြားနှင့် ဂယက်ဖြစ်သွားကြတာဖြစ်၏။ waterslides က ရှည်လည်းရှည်သလို အောက်မှာရှိတဲ့ရေကန်မှာလည်းကျယ်ပြီး ရေစီးအတော်သန်သည်။ Jeonghan မှာ ဘောကွင်းရှာမရသလို ရေစီးသန်လို့ ရေကန်လည်ခေါင်မှာယက်ကန်ယက်ကန်နဲ့ ဒုက္ခရောက်နေသည်မလို့ Choi Seungcheol ကိုကျိန်းနေရလေပါရဲ့။
မကြာပါဘူး Seungcheol က ချက်ချင်းကို ဟိုးထောင့်ကနေ Jeonghan အနားကိုရောက်အောင်လာပေးပါသည်။ အနားရောက်တော့ ထပ်ပြီးရေနဲ့မမျောအောင် Jeonghan ရဲ့ခါးကိုကျစ်ကျစ်ပါအောင်လက်တစ်ဖက်နှင့်ဖက်ထားတော့ Jeonghan က လက်ကိုဆွဲဆိတ်ပြီး ရုန်းလေ၏။
"လွှတ်! ငါ့ဟာငါ ရောက်အောင်တက်မယ်"
"Yoon Jeonghan!! ဒီလိုနဲ့ မင်း ဟိုတစ်ခေါက်ကလို ရေနစ်သွားလိမ့်မယ်!!..."
Seungcheol ကအော်လိုက်တော့ Jeonghan ရဲ့ကိုယ်လေးတုန်သွားပြီး Seungcheol ဆွဲခေါ်ရာနောက် ပါသွားသည်။
"အားးး!! Hyung ဒီ waterslides ကြီးက ရှည်လိုက်တာ!! အားး ကျွန်တော့်ကိုကိုင်ထားပါဦး..!!"
အနောက်ကနေ မကြာခင်လိုက်လာသည့် Shua နှင့် Mingyu တို့မှာအရှေ့အဖွဲ့နှင့် လုံးဝကွာခြားနေလေ၏။ waterslides တစ်လျှောက်လုံး Mingyu မှာပါးစပ်ကနေ Shuaကို ကျွန်တော့်ကိုင်ထား ကျွန်တော့်ကိုကိုင်ထား ဆိုပြီးတစ်ဖွဖွနှင့်အော်နေလေသည်။ အမြင့်ကြောက်သော်လည်း theme park ထဲမှာ တစ်ခုတည်းသော နှစ်ယောက်ထဲအတူတူစီးရသည်မှာ waterslides ပဲရှိသည်မို့ Mingyu မှာမစီးမနေစီးရလေသည်။
ဗွမ်း!
ရေကန်ထဲကျတော့ ကံကောင်းကြသည်မှာ အနောက်ကထိုင်တဲ့Mingyuကတင်းတင်းကိုင်ထားတော့ ဘောကွင်းတခြား၊လူတခြားမဖြစ်သွားပေ။သို့သော် အရှိန်နဲ့ကျလာတာမလို့ ရေထဲတော့နှစ်ယောက်လုံးပြုတ်ကျသည်။ ပြုတ်ကျသွားတာက ဘောကွင်းအနီးနားပဲမို့ ရှုအာက ယက်ကန်ယက်ကန်နှင့် ဘောကွင်းပေါ်မြန်မြန်ဆန်ဆန်ပဲကောက်တက်လိုက်သည်။ ဘေးက Mingyu ကတော့ သွားတက်လေးတွေကိုပေါ်အောင်ထိပြုံးနေပြီး သူ့Hyung ထပ်ပြီးမပြုတ်ကျအောင် ကိုင်ပေးထားသည်။
-
"Seungkwanie ရဲ့ မွေးရပ်က Jeju မဟုတ်ဘူးလား? အခြားကလေးတွေနဲ့ theme park တို့ဘာတို့မသွားပဲ ဘာလို့ ပင်လယ်ကိုပဲလာတာလဲ?"
"အွန်း။ Jeju က မွေးရပ်မှန်ပါတယ် ဒါမယ့် အခြားနေရာတွေကရောက်ဖူးပေမယ့် ငြီးငွေ့နေပြီမလို့လေ... အင်... Jeju မှာ မငြီးငွေ့ပဲအမှတ်တရတွေအများဆုံးက ပင်လယ်မလို့ လာလိုက်တာ..."
"အော်.."
ပင်လယ်အဖွဲ့မှာ ပင်လယ်ကိုရောက်နေကြပြီဖြစ်ပြီး ကလေးတွေအားလုံးလည်းရေကစားနေကြပြီဖြစ်သည်။ Jun က ရေကူးတာအားရတော့ ကုန်းပေါ်တက်တက်လာချင်း ဖိနပ်ဖင်ခုထိုင်‌ပြီးငိုင်နေတဲ့ Seungkwan ကိုတွေ့တော့သူ့ဘေးနားလေးဝင်ထိုင်သည်။ ထို့နောက်နှစ်ယောက်လုံးဆက်မိစပ်ရာတွေပြောကြလေ၏။
"EX နဲ့အတူလည်း အမှတ်တရထဲပါတာပဲလား?"
Ex အကြောင်းတွေပါဆက်မိစပ်ရာထဲရောပါသွားတော့ Jun က သိချင်စိတ်ဖြင့်မေးသည်။ Seungkwan က Jun ရဲ့ မပီကလာ ပီကလာ ကိုရီးယားလေသံကို အနည်းငယ်ပြုံးရယ်မိပြီး မငြိုငြင်စွာပြန်ဖြေပေးရှာသည်။
"အွန်း EXနဲ့အမှတ်တရကတော့ပြောမကုန်အောင်အများကြီးပဲ။ သူ့ကြောင့် ပင်လယ်‌မှာနေဝင်တဲ့အထိ ရောက်တိုင်းကြည့်တာတွေရော၊ သူ့ကြောင့် သွားပြီးသားနေရာတွေ ထပ်ခါထပ်ခါအတူလိုက်ပေးတာရော၊ relationship ဆိုးဆိုးရွားရွားအဆင်မပြေဖြစ်ပြီးနားလည်မှု့လွဲကြတုန်းက မွေးရပ်မြေမှာပဲ သေကြောင်းကြံဖို့အထိကြိုးစားခဲ့တာတွေ ပြောရရင်တော့တကယ်ကို ကောင်းတဲ့ကိစ္စတွေရော မကောင်းတဲ့ကိစ္စတွေရော အများကြီးပြောမကုန်ဖြစ်ပြီး ဟော.. ပြန်ပြောပြန်တော့လည်း အဲ့တုန်းကတကယ်ရူးရူးမူးမူးဖြစ်ခဲ့တာတွေစဉ်းစားမိပြီး ပြန်တွေးကြည့်တော့အဓိပ္ပာယ်မရှိသလိုတောင်ခံစားရတယ်"
"ဒီလိုပါပဲ... အားလုံးကတော့ အချစ်မှာနစ်မြုပ်နေကြချိန် လုပ်ခဲ့ကြတဲ့‌လုပ်ရပ်တွေ က အားလုံးဒီလိုပဲ။ ကိုယ်စီ ပျော်ရွှင်တာတွေ၊စိတ်ချမ်းသာတာတွေ၊လုံခြုံမှု့ကိုခံစားရတာတွေ၊ depression တွေ၊ overthinking တွေ အများကြီးပဲ.."
"ဒါနဲ့လေ Junnie Hyung.. ကျွန်တော်တစ်ခုမေးရင်စိတ်ဆိုးလောက်မလား.."
"Hansol နဲ့ပြန်အဆင်ပြေချင် မပြေချင် ကိုလား?"
"အောန်း!! ဟုတ်တယ် ဘယ်လိုလုပ်သိတာလဲ Hyung! အဲ့တာဆို...အဖြေကရော ဘယ်လိုလဲ..?"
"ဟင့်အင်း.. Hyung ကတော့ ပြန်အဆင်မပြေချင်တော့ဘူး။ လက်ရှိမှာ အများကြီးပျော်ပြီး အဆင်ပြေပြေနေနေတဲ့ Hansol ကိုကောင်းကောင်းမြင်နေရရင်ပြီးသာပဲကို ဘာလို့ကလေးကို အရင်ကလိုစိတ်ဒုက္ခထပ်ဖြစ်အောင် လုပ်ဖို့ကြိုးစားနေတော့မှာလည်း။ ဟုတ်တယ်မလား?"
"manner က ‌တကယ်ကောင်းပါတယ်ဆို။ Vernonie နဲ့မဟုတ်ပဲ Paris မှာ ကျွန်တော်နဲ့တွေ့ခဲ့ရင်လည်း Hyung ကို တကယ် falling in love ခဲ့မှာသိလား။ ဟော... ဟိုမှာ ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ် ဆရာကရောက်လာပြီ"
Seungkwan တို့နှစ်ယောက်ပြောနေရင်းက မလှမ်းမ‌ဝေးလောက်က Vernon ကိုတွေ့ရတော့ စကားထဲထည့်ပြောလိုက်ရခြင်းဖြစ်သည်။
Vernon က အနားကိုရောက်လာတော့ cone လေးနဲ့ မတူညီတဲ့ ရေခဲမုန့်အရသာ နှစ်ခုကို Seungkwan တစ်ခု၊ Jun တစ်ခု လှမ်းပေးသည်။
"ရော့ Ice cream"
"အိုး~ အလိုက်သိတတ်သားပဲ။ သန့်ယူ သန့်ယူ"
"ကျေးဇူးပဲ Hansolie.. ပျောက်သွားတာ ရေခဲမုန့်ရှာဝယ်နေတာကိုး"
"ဘာတွေပြောနေကြတာလဲ ခုနက"
"ဟင်? အော်... ဘာမှမဟုတ်ပါဘူး ဟိုဟိုဒီဒီပါပဲ Hyungနဲ့ငါ စကားလမ်းကြောင်းတည့်နေလို့လေ ဟီးဟီး"
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (180324)
___________________________
‌ဆောင်းဆူ ရောင်းတဲ့ဟာတွေဈေးကြည့်ပြီးသွေးတက်နေသူတစ်အူး စိတ်ညစ်ညစ်နဲ့စာရေးပြီး အပ်ဒိတ်ပေးလိုက်သည်
တကယ့်ပရိုဂရမ်လို မလောင်ကြရဘူးမလားဟင် ဒီက စေသနာသဘောထားပြည့်ဝသူက တကယ့်အစီအစဉ်ကလို ရင်နာစရာတွေ မရေးရက်ဘူး ဗြဲ.. အဲ့တာမလို့ အားလုံး တကယ့်အစီအစဉ်လိုမျိုး မလောင်ရပါဘူးနော်လို့
>>>>>>>>>>>>>>>>>>>>>>>>>
-
တင်း!
Jeonghan / 1
Joshua / 1
Hoshi / 1
Wonwoo / 1
The8 / 1
Seungcheol / 1
Dokyeom / 1
Jun / 2
Mingyu / 2
Seungkwan / 1
"👍🏻"
Vernon / 0
Jihoon / 1
Chan / 0
-
"Hyung!"
"အွန်း Hyung လာခဲ့မယ်"
"အား! လန့်လိုက်တာ"
"မလန့်ပါနဲ့ ငါပါ ငါပါ"
-
-
ဗွမ်း!
-
"အော်.."
"ရော့ Ice cream"
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (180324)
___________________________
>>>>>>>>>>>>>>>>>>>>>>>>>
Comment