EP // 20
Q. ဘယ်သူ့ကိုစာပို့ခဲ့တာလဲ?
Mingyu : သေချာနေတဲ့အဖြေပါပဲ... Hyung ကိုပါ
Jun : မနက်ဖြန်ဂျယ်ဂျူဒိုကိုအတူတူသွားရမယ့် Seokmin ကိုပို့လိုက်တာပါ
Jihoon : Kwon Soonyoung
-
main လမ်းမပေါ်၌ ညိမ့်ညိမ့်ညောင်းညောင်းမောင်းနေသည့် ကားလေးတစ်စီး။
မနက် 9နာရီလောက်မှာ စထွက်လာတဲ့ GyuShua တို့ ရဲ့ကားလေးပါပင်။ ဘယ်ဘက်ကားမောင်းသူနေရာမှာတော့ Mingyu ။ သူ၏ ညာဘက်တွင်တော့ Shua ပေါ့ ။
Mingyu မှာ ကားမောင်းတာက တစ်ဖက်၊ သူ့ညာဘက်က မျက်မှန်ကိုင်းအကြည်ရောင်လေးနှင့် အပြင်ကို ငေးနေသူ ကို တစ်ဖက် တစ်ဖက်တစ်လှည့်စီ ကြည့်ရင်း သဘောကျစွာ ပြုံးနေမိသည်။
"Shua!... Hyung!.. ဘာတွေတွေးနေတာလဲ ကျွန်တော်ပြောတာတောင်မကြားဘူး"
လမ်းတစ်ဝက်လောက်ရောက်တော့ အနီးနားမှာ pizza ဆိုင်ကောင်းလေးတစ်ဆိုင်ရှိတာကို သတိတရဖြစ်မိပြီး Shua ကို Mingyu က ဗိုက်ဆာနေမလားဟု စားမလား မေးဖို့ ခေါ်နေသော်လည်း တစ်ဖက်က သက်ဝင်ပန်းချီလေးအစ်ကိုမှာ သူခေါ်သံကိုမကြား။
"ဟင်?.. အော်.. sorry.. ၊ Hyung ... ကိုဘာပြောလိုက်တာလဲ ပြန်ပြောပါဦး"
"pizza ဆိုင်ရှေ့နားလေးလောက်မှာရှိတယ်.. Hyung ဗိုက်ဆာရင် ဝင်ပေးရမလားလို့"
"အောန်! ကောင်းတာပေါ့။ ကောင်းတာပေါ့.. ဗိုက်ဆာနေတာနဲ့အတော်ပဲ ဝင်ကြတာပေါ့ အဲ့တာဆိုရင်လည်း"
Mingyu ခေါင်းပဲအသာတကြည်ငြိမ့်လိုက်လေသည်။ ဟူး EX အကြောင်းတွေးနေတာများကြောင့် သူခေါ်သံကိုမကြားတာများလားဟု Mingyu လည်း အတွေးများမိလေသည်။
Pizza ဆိုင်ရောက်တော့ Mingyu က ကားပါကင်ကို ကျွမ်းကျင်စွာထိုးလေသည်။ ထို့နောက် နှစ်ယောက်သား ကောင်တာစီကို pizza တစ်ချပ်၊အအေးနှစ်ခွက် မှာကာ ထိုင်ခုံရှိရာနေရာကို ထိုင်စေသည်။
"Hyung.. ကျွန်တော်လေ တစ်ခုနှစ်ခုသုံးလေးခုလောက် မေးရင်စိတ်ဆိုးမှာလား"
"ဟင် ..ဘယ်လိုကြီးလဲ တစ်ခုလောက်မေးရင်စိတ်ဆိုးမှာလားလဲမဟုတ်ဘူး တစ်ခုနှစ်ခုသုံးလေးခုကတော့ တစ်ခါမှမကြားဖူးဘူး.."
"ကျွန်တော်က.. Hyung နဲ့ပတ်သတ်ရင်သိချင်တာတွေများလာ..များလာလို့ပါ.. ဗွေမယူပါနဲ့..။ မယူဘူးမလား ဟီဟီ မေးလို့ရတယ်မလား Hyung"
Mingyu ထိုသို့တောင်းဆိုလာတော့ သဘောကောင်းလွန်လှသည့် Shua မှာ သူ့ရဲ့ မျက်စိလေးကိုမှေး၊နှာခေါင်းလေးကိုကျုံ့ပြီး ခေါင်းငြိမ့်ပြကာ သဘောတူသည်။
တအားချစ်ဖို့မကောင်းလွန်းဘူးလား လူတွေရယ်!!!
"Hyung ကျွန်တော့်ကိုဘာလို့ရွေးခဲ့တာလဲ? ကျွန်တော် Hyung စီကို စာနှစ်စောင်ဝင်လာတာကိုသိတယ်။ နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးတာကို ဘာလို့ကျွန်တော့်ကိုရွေးခဲ့တာလဲ.."
"အင်... မင်းနဲ့ဆို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ပဲခရီးသွားနိုင်မယ်ထင်လို့လေ.. မဟုတ်ဘူးလား အခုဘယ်လောက်တောင်လွတ်လပ်လဲ?"
"အဲ့တာဆို Hyung.. Hyung.. ပျော်လား?"
"အင်း"
"အဲ့တာဆို အဲ့Hyung စီကိုဝင်လာတဲ့ စာနှစ်စောင်ထဲက ကျန်တဲ့တစ်စောင်က EXကရွေးတာလား ဒါမှမဟုတ် အခြားတစ်ယောက်လား?"
"အခြားတစ်ယောက်.."
"Hyungလေ.. ကားထဲမှာစဉ်းစားနေတဲ့အတွေးတွေထဲမှာ ရည်းစားဟောင်းအကြောင်းပါလား?"
ရှေ့ကမေးခွန်းမှန်သမျှမတုံ့မဆိုင်းပဲဖြေလာသည့် Hyung မှာ သူ့ရဲ့နောက်ဆုံးမေးခွန်းကြမှ အနည်းငယ်အချိန်တန့်သွားသလိုပါပင်။
"အင်.. မပါဘူးဆိုရင်တော့ လိမ်ရာတော့ကြသွားလိမ့်မယ်။ ဒါပေမယ့် EXအကြောင်းပဲတွေးနေတာမဟုတ်ပဲ ဟိုဟိုဒီဒီလျှောက်တွေးနေရင်း သူ့အကြောင်းနည်းနည်းလောက်တွေးမိသွားတယ်ပဲပြောရမယ်.. Hyung ကအရိုးသားဆုံးပြောပြတာပါ Mingyu ဘာစိတ်မှတော့မထားဘူးမလား?"
"ဘာစိတ်မှမထားဘူးဆိုရင်တော့ လိမ်ရာကြမှာပဲ။ ကျွန်တော်..ကျွန်တော်က Hyung ရဲ့ EXအပေါ် နည်းနည်းလက်မလွှတ်နိုင်သေးတဲ့စိတ်ရှိနေမှာစိုးရိမ်နေတာ"
"Hyung တို့က Happy Ending နဲ့အဆုံးသတ်ခြင်းမဟုတ်ပေမယ့် ကောင်းတဲ့Ending နဲ့ပဲ အဆုံးသတ်ခဲ့ကြတာမလို့ အပွင့်လင်းဆုံးပြောရရင် Hyung သူ့အပေါ်မရိုးသားတဲ့စိတ်တွေမရှိတော့ပါဘူး။ ယုံတယ်မလား?"
"အင်း အဲ့တာဆို Hyung လည်းအတွေးမများပဲနေပါ။ ကျွန်တော်လည်းအတွေးမများတော့ဘူး။ အတွေးမများပဲဘယ်လို‌နေရမလဲမသိရင်တော့ ချောမောတဲ့ရူပကာရုပ်ရည်ရှိတဲ့ ကျွန်တော့်ကိုပဲကြည့်ပေါ့ ဟီးဟီး"
Mingyu တစ်ယောက် သူ့ flirting စကေးကိုသူ့ဘာသူပြန်ကြွေပြီးတစ်ယောက်တည်းရယ်မောလို့နေတော့ Shuaပါ မနေနိုင်လိုက်ရယ်‌နေမိလေ၏။ ခဏကြာလေတော့ pizza တစ်ချပ်နှင့်အအေးနှစ်ခွက် ရောက်ရှိလာလေတော့သည်။ နှစ်ယောက်လုံး အရင်ကသူတို့အကြောင်းကိုယ်စီတွေ ကောင်းမွန်တဲ့ နေ့လည်စာစားချင်းကိုအပြီးသတ်ခဲ့ကြလေသည်။
-
"ထွက်ကြစို့လေ Chan"
"အွန်း ဒါပေမယ့် Junie ရော?"
"ဟုတ်သား Hyung Hyung Junie Hyung~ သွားကြစို့ အိမ်မှာ ကျွန်တော်တို့နဲ့ အကြီးဆုံးHyungနှစ်ယောက်ပဲကျန်တော့တယ်။ ကျန်တဲ့သူတွေအကုန် ထွက်သွားကြပြီ"
"အိုခေ အိုခေ လာပြီ"
ဒီတစ်ဖွဲ့မှာတော့ သုံးယောက်အဖွဲ့။ သုံးယောက်သားထည့်သွားချင်ကြတာကလည်းခပ်များများ ထိုနည်းတူ မေ့ကျန်နေခဲ့သည်မှာလည်း ခပ်များများပင်။ အိပ်ခန်းနဲ့ဧည့်ခန်းကို ခေါက်တို့ခေါက်ပြန် နာရီဝက်လောက် အသွားအပြန်လုပ်ပြီး နောက်ဆုံးမှာ သုံးယောက်သားလိုချင်တဲ့ ပစ္စည်းတွေလည်းစုံသွားတော့သည်။ အိမ်ကနေစထွက်ခွာချိန်မှာတော့ 9နာရီ 48မိနစ် ပင်။
"ဟူး တကယ်ကိုပဲ ကိုယ့်ကိုယ်ကို9နာရီထတာစောလှပြီထင်နေတာ။ အားလုံးက အိပ်ယာကနိုးပြီး ထွက်တောင်သွားကြပြီ.."
"သူတို့လည်း အချင်းချင်းသီးသန့်ဒိတ်ချင်ကြလို့နေမှာပေါ့"
"ဟုတ်တာလည်းဟုတ်တာပဲနော်။ ဒါနဲ့ Dokyeom Hyung ကကားမောင်းမှာလား?"
"အွန်း Hyung မောင်းလိုက်မယ်။ Jun Hyung နဲ့ Chan လမ်းမှာတစ်ခုခုဝင်ချင်တာရှိလား?"
-"မရှိဘူး Dokyeom.." -"မရှိဘူးHyung"
"အိုခေ အဲ့တာဆိုလေဆိပ်တစ်ခါတည်းသွားမယ်နော်"
ဒီ trio ကတော့ အနည်းငယ်ထူးခြားလေသည်။ EX အတွဲမပါလို့လားတော့မသိ။ သုံးယောက်က သိပ်စကားမပြောဖြစ်ခဲ့ကြသော်လည်း ရင်းနှီးနေကြသည့်ဟန်ပေါ်၏။ ကားတစ်စီးလုံး သီချင်းသံနှင့် သူတို့အသံတွေ ဖုံးလွှမ်းနေကြလေသည်။ ကားပေါ်မှာဖွင့်ထားသည့် သီချင်းကို Dokyeom က လိုက်ဆို ၊ Chan က လက်ဖြောက်တီးတီးပြီးဟာမိုနီလိုက် ဖြင့် သူတို့သာနှင့်သူတို့တော့ ဟုတ်နေကြလေ၏။ သုံးယောက်အဖွဲ့တွေမှာ မပါမဖြစ် ပါရမည့် ဘာကိုမှဂရုမစိုက်သည့်type ပုံစံမှာလည်း Jun တွင်ရှိသည်။ ဟိုနှစ်ယောက်မှာ ဆူညံနေကြသော်လည်း Jun တစ်‌ယောက်ကောင်းကောင်းမွန်မွန်အိပ်မောကျ‌လို့နေလေ၏။ EX CHANGE 17 ရဲ့ legendary trio ပင်ဖြစ်လို့ပါ။
-
"Jeonghan- na?"
ဒီအသံက‌တော့ နေ့လည်12နာရီတောင်ကျော်နေသော်လည်း အခုချိန်ထိမထွက်ခွာကြရသေးသည့် ကျန်အတွဲက Seungcheol အသံပင်။
Seungcheol မှာ အခန်းထဲ Jeonghan အိပ်နေတုန်းဆိုတာကို မနက်ကတည်းကမြင်သော်လည်း မနှိုးရက်။ ခါတိုင်း သူတို့ချစ်သူတွေဖြစ်ခဲ့ကြတုန်းကတည်းက Jeonghan က တကယ်ကြီးကိုဘာမှလုပ်စရာမလိုသည့်နေ့တွင် နေ့တစ်ဝက်လောက်အိပ်လေ့ရှိလေ၏။ ထိုအကြောင်းကို ကောင်းကောင်းသိသူမှာတော့ ပြတ်ဆဲပြီးကြသော်လည်း ချစ်ရသူကိုမနှိုးရက်ခဲ့ပဲ မနက်စာကိုလည်း တိုးတိုးတိတ်တိတ်သာထွက်စားပြီး Jeonghan နိုးအလာကိုစောင့်နေလေသည်။
"Jeonghanna .. ရိုက်ကူးရေးအဖွဲ့သားတွေအကုန် ဂျယ်ဂျူဒိုရောက်နေကြပြီတဲ့။ ကိုယ်တို့ စထွက်မှရတော့မယ်"
သူ့စိတ်အလိုအရသာဆိုလျှင် နိုးသည်အထိထိုင်စောင့်နိုင်သော်လည်း ရိုက်ကူးရေးအဖွဲ့သားများ၏အသိပေးစာကြောင့် မတတ်နိုင်စွာနှင့်ပင် နှိုးယုံသာတတ်နိုင်တော့၏။
အိပ်ပျော်နေသူ၏ ဆံသားနွယ်နုနုများကို သဘောကျစွာတင့်ပင်ပေးနေသည့် သူတို့နှစ်‌ယောက်၏ ပုံရိပ်မှာ Camera angle တွင်တော့ တအားလှနေသည့် scene တစ်ခုပင်။
မကြာပါ ဟိုလိမ့်လူးဒီလိမ့်လူးနှင့် Jeonghan မျက်စိပွင့်လာသည်။
"အာ သွားမယ်.. ဟုတ်သား! ငါထပြီ ငါထပြီ ဘယ်နှနာရီရှိပြီလဲ!!"
"ဖြည်းဖြည်း ဖြည်းဖြည်း ရတယ် အေးဆေးလုပ်.. အိမ် မှာ ကိုယ်တို့နှစ်ယောက်တည်း"
"ဘယ်နနှာရီလဲလို့ Choi Seungcheol!! ငါ့ဖုန်းရော ငါ့ဖုန်း အားရှီးလ် အရေးကြီးမှ မေ့နေတာ"
အိပ်ယာပေါ်ကထထချင်း Choi Seungcheol ကို ဆူလိုက် ဖုန်းလိုက်ရှာ လိုက်နဲ့ အလုပ်ရူပ်နေသည့် Yoon ရှပ်သလဲ Jeonghan လေးပါပင်။
"ဒီမှာ 12နာရီ မိနစ် 26 နေ့လည်"
"သွားကြစို့ သွားကြစို့ လေယာဉ်မှီရောမှီရဲ့လား ဘယ်လိုလုပ်ကြပါ့ ! ငါ့လည်းမနိုးဘူး မင်း.."
"အစကတည်းက မင်းအစောကြီးမထနိုင်မှန်းသိလို့ ရိုက်ကူးရေးအဖွဲ့ကို လေယာဉ်ချိန်နောက်ကျတာကိုတမင်ဝယ်ခိုင်းထားတယ်။ အတော်ပဲ အခု မင်းထတာနဲ့ အချိန်ကွက်တိပဲ .. လေယာဉ်ချိန်က နေ့လည်3နာရီမှ"
"ဟူး.. အစကပြောရောပေါ့ ငါ့မှာအခုမှနိုးတာကိုလန့်သွားတာ.."
"ဟုတ်ပါတယ် ဟုတ်ပါတယ် ငါ့အမှားပါ။ အဲ့တာမလို့ မင်းအေးဆေးလုပ်.. ရိုက်ကူးရေးအဖွဲ့ကိုဆက်သွယ်ထားပြီးသားမလို့ နောက်ကျလည်း ‌နားလည်ပေးကြလောက်မှာပါ"
တအောင့်ကြာတော့ အိမ်မှာနောက်ဆုံးကျန်ခဲ့ကြသူနှစ်ယောက် ‌ထွက်လာကြတော့သည်။
လမ်းမှာတော့ စကားမပြောဖြစ်ကြ။ Choi Seungcheol က စကားစမယ်လုပ်တိုင်း ကြိုသိနေသည့် Jeonghan မှာ စကားမစနိုင်အောင် တစ်ခုမဟုတ်တစ်ခုထလုပ်ဟန်ဆောင်သည်။ သေချာပေါက် နေရခက်သည့် လေထုပေါ့။ အလွန်ရင်းနှီးလွန်၍ ဘယ်ကစပြောကြရမယ်မှန်းမသိကြတဲ့ EX တစ်တွဲ ဟု ပြောစမှတ်တွင်လောက်မည်။
လေဆိပ်ရောက်တော့ Seungcheol ကပဲ Luggage နှစ်ခုသယ်ဆောင်သည်။ Yoon Jeonghan ဘာမှမပြောရသေးမှီ အလုပ်သမားလေးလို Luggage နှစ်ခုကိုထုတ်ပြီး သူ့လက်မှာကိုင်နှင့်ပြီးသား။ CEO ကြီးတစ်ယောက် ရည်းစားဟောင်းရဲ့ luggage ကိုင်ပေးနေရသည့်‌မြင်ကွင်းမှာတော့ အနည်းငယ်ရှက်ဖို့ကောင်းသည်ကတော့အမှန်။
အိမ်ကနေထွက်လာခဲ့ကြသည်ကတော့ 1နာရီ ဆိုပေမယ့် လမ်းမှာကားကြပ်တာကော၊မီးပွိုင့်တွေမိနေတာကော ကြောင့် 2နာရီနီးပါးမောင်းလာရသည်။ သို့သော်လည်း လေယာဉ်ချိန်ကတော့ အကိုက်။
-
အသီးသီးလေယာဉ်နဲ့ထွက်ကြပေမယ့် ထွက်ချိန်မတူကြသည်မို့ ရောက်သည့်အချိန်လည်းမတူကြ။
ပထမဦးစွာ ဘာဒိတ်မှမလုပ်ပဲတန်းလာသည့် သုံးယောက်အဖွဲ့ကအရင်ရောက်လေသည်
ထို့နောက်တရစပ်ပင် Hoshi နှင့် Jihoon တို့ရောက်လေ၏
သုံးဖွဲ့မြောက်ရောက်သည့်အဖွဲ့မှာ Vernon နှင့် Seungkwan တို့ပင်
လေးဖွဲ့မြောက်ကတော့ Mingyu နှင့် Shua
ငါးဖွဲ့မြောက်ကတော့ Wonwoo နှင့် 8
နောက်ဆုံးအဖွဲ့ကတော့ သိသိသာသာနောက်ကျသည့် Seungcheol နှင့် Jeonghan တို့ပင်ဖြစ်၏။
Jejudo ၌ရှိသည့် ဗီလာတွင် လူစုံကြသည့်အချိန်မှာ ည7နာရီဖြစ်သည်။
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (040224)
___________________________
ဒီတစ်ပိုင်းတော့ ကားပေါ်မှာတင်အချိန်ကုန်သွားတယ် ဟီးဟီး။ အဖွဲ့တွေအကုန်လုံးကို screen time အလုံအလောက် ရေးချင်လို့ ရေးရင်းစာလုံးရေ 1800 ကျော်သွားတာမလို့ ဒီအပိုင်းတော့ဒီလောက်ပါပဲ💕
ဂျယ်ဂျူဒိုကို မနက်ဖြန်တော့တကယ်ရောက်ပါပြီ။ ဂျယ်ဂျူဒိုမှ interaction လေးတွေလည်းမျှော်ပေးကြပါဦး!! အပ်ဒိတ်ခုအကြာကြီးစောင့်စေခဲ့မိလို့ ဆောတီးပါရှင်😽
>>>>>>>>>>>>>>>>>>>>>>>>>
Jihoon : Kwon Soonyoung
-
"အင်း"
"အခြားတစ်ယောက်.."
-
"ထွက်ကြစို့လေ Chan"
"အိုခေ အိုခေ လာပြီ"
-
"Jeonghan- na?"
-
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (040224)
___________________________
>>>>>>>>>>>>>>>>>>>>>>>>>
Comment