EP // 2

Q. Ex ရေးပေးတဲ့စာနဲ့ပတ်သတ်ပြီးဘယ်လိုသဘောရလဲ?။

Mingyu : ကျွန်တော်ကတော့ဘာလိုမှသဘောမရပါဘူးတစ်ဖက်ကလဲကျွန်တော်နဲ့ပြန်တွေ့ချင်တဲ့သဘောမျိုးလဲတွေ့တာတွေ့တော့ပျော်မိတာအမှန်ပါ ဒါပါပဲ

Hoshi : အော်...အရင်အတိုင်းပဲဘာမှပြောင်းလဲပဲ လျစ်လျူရှုထားတုန်းပဲပေါ့?

Seungkwan : စာဖတ်မိတော့ကျွန်တော်ငိုတောင်ငိုမိသွားတယ်ထင်တယ်... တကယ်တော့ Ex က စိတ်ထားလှတဲ့သူပါ

___________________________

Seungcheol ပြီးတော့ The8 ကဆက်ပြီးဖတ်လေသည်။

"8 saaကအနေအေးပါတယ် အဲ့တာမလို့ ဘေးကနေစကားတွေတဖွဖွပြောပေးနိုင်တဲ့သူနဲ့မှကိုက်မယ်ထင်ပါတယ် ကျွန်တော့်လိုမျိုးပေါ့။8 saaကသူအလုပ်ဆင်းလို့လာကြိုရင်တော်တော်လေးကြိုက်ပါတယ်။အစားအသောက်ဂျီးမများပါဘူး but ဒူးရင်းသီးတအားမုန်းပါတယ် တရုတ်အစားအသောက်တွေအများဆုံးစားလေ့လည်းရှိပါတယ်။ သန်မာတဲ့ကောင်လေးပေမယ့်နူးနူးညံ့ညံ့လေးမို့ပိုးမွေးသလိုချစ်ပေးစေချင်ပါတယ်။"

စာဖတ်ပြီးပြီးချင်းရုတ်တရက်စုံမိလိုက်တဲ့ မျက်လုံးနှစ်စုံ။ဘယ်သူများလဲ?

"အဲ့တာဆို ကျွန်တော်ဖတ်ပါမယ်နော်.. Dokyeomie ကအသေးစိတ်ကအစသေချာလေးလိုက်ဂရုစိုက်ပေးတတ်တဲ့သူပါ။လူကောင်းနဲ့ပဲတွေ့စေချင်ပါတယ်...အများကြီးပျော်ရွှင်အောင်ထားပေးပါ။"

Dokyeom ကဖတ်ပြီးတော့မျက်လုံးတွေနီလာအောင်ငိုမိသည်။တစိမ့်စိမ့်တွေးပြီးပိုပိုငိုမိလာတော့သည်။

_______________________

Interview cam

Q. Ex ရေးပေးတဲ့စာကိုဖတ်ပြီးမှမျက်ရည်တွေတစ်ဖြည်းဖြည်းကျလာတဲ့အကြောင်းအရင်းလေးများရှိပါသလား?။

Dokyeom : Ex ကတကယ်အေးစက်တဲ့သူပါ။စကားလုံးလှလှလေးတွေမသုံးတတ်ဘူးပေါ့ ဒါပေမယ့် အဲ့တာကိုကသူ့ရဲ့ charm pointဖြစ်နေပြီးတော့ကျွန်တော်သဘောကျရတဲ့အချက်လည်းဖြစ်တာပေါ့။ဒီလိုစာကိုသူ့ဆီကရတာကတကယ်ထူးဆန်းသလိုဖြစ်ပြီးလွမ်းမိတာလဲပါတာပေါ့။
________________________

မကြာခင်မှာပဲ EX အတွဲတစ်တွဲကိုဖော်ပြပေးတော့မှာဖြစ်ပါတယ် ။ ဘယ်သူများလဲ ။

ဆိုးလ်မြို့ရဲ့တစ်နေရာ၌ရှိသော Café တစ်ဆိုင်တွင်။

Café ထဲကိုဝင်ရောက်လာတဲ့ခြေလှမ်းများနှင့်လျှောက်လှမ်းလာတဲ့သူ  နှင့်

Café ၏အလယ်တွင်ထိုင်စောင့်နေသောသူ

"Hyung.."

"အွန်း Dokyeomie မတွေ့တာတောင်ကြာပြီ"

Lee Seokmin ရဲ့ EX - JEON WONWOO

Relationship သက်တမ်း 3နှစ် 10လ တွဲ ခဲ့ပြီး 3နှစ် 8လ အကြာမှ ပြန်လည်ဆုံတွေ့ ။

"Hyung တစ်ကယ်ကြီး လက်ခံလိမ့်မယ်မထင်ထားဘူး "

"Hyung က မင်းစကားဘယ်တုန်းက ငြင်းဘူးလို့လဲ"

မြင်မြင်ပြီးချင်း မျက်ရည်တွေဝဲလာတဲ့ Dokyeom ။

နှစ်ယောက်သား စကားဝိုင်းဟာ အမြဲတွေ့နေကြလူနှစ်ယောက်လို သက်တောင့်သက်သာပင် ။

"3နှစ်?ဟုတ်တယ်မလား ကျွန်တော်တို့မတွေ့တာအတော်လေးကြာပြီပဲ"

"Hyungကပဲ အများကြီးတောင်းပန်တယ်နော် Dokyeomie.."

"Hyung..လွမ်းနေခဲ့တာ"

___________________
Interview cam

Seokmin : ကျွန်တော်နဲ့Wonwoo Hyung က ဟန်မြစ်မှာစတွေ့ခဲ့တာပါ ။  ကျွန်တော်က ကျွန်တော့်သူငယ်ချင်းနဲ့ကျွန်တော်လာပြီး သူကလဲသူ့သူငယ်ချင်းနဲ့သူလာတာပေါ့ ။ ဟန်မြစ်မှာ Delivery မှာစားကြတာ နှစ်ယောက်သား မှာတဲ့ဆိုင်ကလဲ အတူတူ မှာတဲ့မုန့်အရေအတွက်နဲ့အတူတူ ဖြစ်နေတာ ဒါပေမယ့် လာပို့တဲ့ Deliveryသမားလေးမှာ ပါလာတဲ့ပို့စရာက တစ်ထုတ်ပဲရယ် ပြီးတော့ မုန့်လက်ခံသူရဲ့စာရွက်ကပျောက်ကျကျန်ခဲ့တော့ ဘယ်သူ့မုန့်မှန်း မသဲကွဲဖြစ်ခဲ့တာ။ အဲ့တာနဲ့ကျွန်တော့်ဟာ သူ့ဟာနဲ့လုကြတာပေါ့ နောက်ဆုံးတော့ ကျွန်တော်နိုင်သွားပါတယ် Hyung ကအလျော့ပေးလိုက်တာ ။ ပြီးမှ နောက်ထပ်ရောက်လာတဲ့ Deliveryကမှ ကျွန်တော်တို့နာမည်နဲ့မှာထားတဲ့မုန့်ဖြစ်နေတာ အဲ့တာမလို့ ကျွန်တော်ကပဲအများကြီးတောင်းပန်ခဲ့ရတာပေါ့ ကပ်ကပ်လန်အောင်ရန်ဖြစ်ခဲ့လို့..

Wonwoo : Dokyeomie နဲ့ ကျွန်တော်နဲ့ ပထမဆုံးစစတွေ့ခြင်းက ရန်ဖြစ်တာနဲ့စခဲ့တာပေါ့ ။ တကယ်တော့ ကျွန်တော်တို့မုန့်က မှာထားတာ လွန်ခဲ့တဲ့မိနစ်သုံးဆယ်လောက်ကတည်းကရယ် ။ ကျွန်တော်တို့ဟာမှန်ပေမယ့် Dokyeomie ရန်ဖြစ်တာ ချစ်ဖို့ကောင်းလွန်းလို့ ကျွန်တော်ကပဲ လက်လျော့ပေးခဲ့တာပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် Dokyeomieကလဲမှာထားခဲ့တာဆိုတော့ ကျွန်တော်တို့ကနောက်တစ်ထုတ်ကို ယူလိုက်လို့ရမလို့ ။

Seokmin : နောက်ကျမှသိလိုက်ရတာက Hyungကမှာထားတာကြာပြီတဲ့လေ ။ အဲ့တာ အားနာတာနဲ့ သူငယ်ချင်းနှစ်ဝိုင်းလုံးပေါင်းပြီး မုန့်တွေလဲအများကြီးဝယ်ကျွေးလိုက်ရတာပေါ့ ။အဲ့ကနေစပြီး ကျွန်တော်က Hyung ကိုသဘောကျခဲ့တာပါ

Q. ဘယ်လိုလမ်းခွဲခဲ့ကြလဲ?

Seokmin : 3နှစ်နဲ့10လအကြာမှာ  ကျွန်တော်ကလဲ Hyungအပေါ်စိတ်ဝင်စားမှုကျလာပြီး Hyungကလဲကျွန်တော့်အပေါ်အေးစက်လာလို့ ကျွန်တော့်ဘက်ကနေစပြီး လမ်းခွဲဖို့ပြောခဲ့ပါတယ် ။ ကျွန်တော့်စကားဆို ဘယ်တော့မှမငြင်းခဲ့တဲ့ Hyung က လမ်းခွဲစကားကိုလဲလက်ခံခဲ့ပါတယ် ။

Wonwoo : ကျွန်တော့်ကို Dokyeomieက လမ်းခွဲစကားအရင်စပြောလာခဲ့ပါတယ်။ ကျွန်တော်လဲလက်ခံပေးခဲ့ပါတယ် Dokyeomieက ဒီလိုဒီလိုအကျိုးအကြောင်းတွေပြောပြတော့ ကျွန်တော့်ဘက်ကအများကြီးမှားခဲ့တာပဲလို့လဲတွေးခဲ့မိတယ် ။

Q. ပြန်လည်တွေ့ချင်စိတ်ရှိသေးလား?

Seokmin : ဟင့်အင်း။

Wonwoo : ကျွန်တော်တော့သေချာမပြောပြတတ်တော့ပါဘူး။

____________________

- Reaction Host cam

" တကယ် ရင်ထဲခံစားသွားပြီ ပထမဆုံးအတွဲပဲရှိသေးတာတောင် "

"ဟုတ်ပါ့ တစ်ယောက်က လက်လုံးဝလွှတ်လိုက်ပြီး နောက်တစ်ယောက်ကမသေချာဖြစ်နေသေးတုန်း"

Reaction Host တွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး program ထဲက အတွဲတစ်တွဲကိုသနားနေကြသည် ။

"လမ်းခွဲခဲ့ကြတုန်းကတောင် Seokmin nim ပြောတဲ့ အကြောင်းကိုကြားပြီးစိတ်မကောင်းလိုက်တာနော်။ Wonwoo nim က သူပြောတဲ့ဘယ်စကားမဆိုလက်ခံပေးခဲ့ပြီး လမ်းခွဲစကားကိုတောင်လက်ခံခဲ့တယ်တဲ့"

"Seohyun ssi ဒါတောင်တစ်တွဲပဲရှိပါသေးတယ် နောက်အတွဲတွေဆိုဒီထက်ဆိုးမလားတောင်မသိ"

___________________________

Seokmin စာဖတ်ပြီးတော့  Wonwoo က ဆက်ဖတ်လေသည်။Wonwoo က ဆက်ဖတ်လေသည်။

"Wonwoo Hyung က သဘောကောင်းပြီး အေးစက်တဲ့လူမျိုးပါ ။ အချစ်အများကြီးခံရမှာတော့ စိတ်မပူပါနဲ့။"

တိုတိုတုတ်တုတ်နှင့်အကျဉ်းချုပ်သွားသည့် စာကြောင့် အားလုံးကတော့ Wonwoo ရဲ့ Ex ဟာ Wonwoo ကို စိတ်ပြတ်နေပြီဆိုပြီး တထစ်ချတွေးနေကြတော့သည်။

တင်းတောင်~

"‌အို ဒီအချိန်ကြီးဘာများလဲ?"

Jeonghan ပြောလိုက်သည့်စကားကြောင့် အားလုံးက နာရီကိုတောင်လှမ်းကြည့်မိလိုက်သေးကြသည်။  ည 11နာရီခွဲလောက်တောင် ရောက်တော့မည် ပထမဦးစွာ စကားစုံနေကြတာနဲ့ ထမင်းစားခန်းထဲမှာကို  3နာရီခန့်လောက်ကို ရှိနေခဲ့ကြမိသည်။

"ကျွန်တော်သွားယူလိုက်မယ်"

ခြေမြန်လက်မြန်ရှိတဲ့ Seungkwan ကတော့စကားနောက် လူကအိမ်အပြင်ကစာပုံးရှေ့တွင်ရောက်နှင့်ဖြစ်နေသည်။

အားလုံးရင်ခုန်နေကြတဲ့အချိန် Seungkwan ကအလျင်အမြန်ပြန်လာကာ စာအိတ်ကို ဖောက်ဖတ်ပြလိုက်တော့သည်။

"ခဏအကြာတွင် ပါဝင်သူအသစ်ရောက်ပါမည်"

"ဟမ်?"

"‌ဟင်?"

"ဘယ်လိုလား?"

အားလုံးကကိုယ်စီ အာမေဋိတ်အသံ‌နှင့်မေးခွန်းများထွက်ကာ တုံ့ပြန်ကြသည် ။ မကြာခင်မှာပဲ အိမ်ရှေ့နှင့်နီးလာသည့် ခြေလှမ်းများ ။

"ကြက်သီးတောင်ထလာပြီ 10ယောက်ကအကုန်မဟုတ်ဘူးလား ပါဝင်သူအသစ်တစ်ယောက်ဆိုတော့ EXမရှိတဲ့တစ်ယောက်ကရှိတာလား"

တင်းတောင်~

အကုန်လုံး စိတ်ဝင်တစားဖြင့် အိမ်ရှေ့ကို မြန်မြန်ဆန်ဆန်ပဲ ရောက်သွားကြသည်။

တံခါးလဲဖွင့်လိုက်တော့ ခရီးဆောင်အိတ်လေးတစ်လုံးနှင့်အတူ ရပ်နေသည့် အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရတော့ အားလုံးမျက်စိမျက်စံများ အလိုလိုပြူးသွားကြသည် ။

"အာညော် အခုမှအသစ်ပါဝင်လာတဲ့ Vernon ပါ"

စကားကိုတိုတိုတုတ်တုတ်ဖြင့်ပြောလိုက်သည့် အမေရိကန်သားရုပ်လေးပေါက်သည့် အမျိုးသားမှာ အလွန်ဆွဲဆောင်မှုရှိလွန်းလှသည်ဟု အားလုံးစိတ်ထဲတွင်ကောက်ချက်ချမိကြသည် ။

_____________________

Interview cam

Q. ကိုယ့်ကိုယ်ကိုမိတ်ဆက်လေးအဆင်ပြေရင် အနည်းငယ်လောက်ပြောပါပေးလို့ရမလား?

Vernon : တွေ့ရတာဝမ်းသာပါတယ် ပါဝင်သူ Vernon  ပါ Hansol လို့လဲခေါ်လို့ရပါတယ်။

Q. Ex ကိုအခုမှပြန်တွေ့လိုက်ရတော့ ဘယ်လိုခံစားရလဲ?

Vernon :  ကောင်းကောင်းနေနေတာတွေ့တော့ပျော်ပါတယ်။

-

.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (281023)

>>>>>>>>>>>>>>>>>>>>>>>>>

Q. Ex ရေးပေးတဲ့စာနဲ့တျတျပွီးယျလိုသဘောရလဲ?။




___________________________





________________________

Interview cam


________________________





"Hyung.."











___________________
Interview cam










____________________

- Reaction Host cam






___________________________





















_____________________

Interview cam





-

.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (281023)

>>>>>>>>>>>>>>>>>>>>>>>>>

Comment