EP // 19
Q. ဘယ်သူ့ကိုစာပို့ခဲ့တာလဲ?
Hoshi : Jihoonကိုပါ 
Vernon : Jun Hyung ကိုပို့ခဲ့တာပါ
Seungkwan : Hoshi Hyung..? Hoshi Hyung ကိုပို့ခဲ့တာလို့ထင်တာပဲ ဘာပို့ခဲ့လဲတော့တိတိကျကျမှတ်မိတော့ပေမယ့်..
-
နေလည်းအတော်ပင်စောင်းနေပြီဖြစ်သည်။ အချိန်တစ်ခုတွင် အိမ်မှာရှိနေသူတွေရော ၊ အပြင်ရောက်နေကြသော သူတွေရော စီပါ တူ‌ညီသောစာတစ်စောင်ရောက်လာလေသည်။
"အခုပဲ ဒီနေရာကို လာခဲ့ဖို့ဖိတ်ခေါ်ပါသည်
နေရာ : XX, XX XX XX "
ထိုအချိန်အပြင်ရောက်နေကြသူတွေမှာ Shua နှင့် Mingyu အပြင် Seungcheol,Hoshi,Jihoon တို့ရှိသေးလေ၏။ ထိုသုံးယောက်မှာ အစားအသောက်ထွက်ဝယ်ရင်း စာလက်ခံရရှိခဲ့သည်မလို့ ဝယ်လက်စ အစားအသောက်များကို ထိုနေရာသို့ယူသွားရန် ကြံကာ စတင် ထွက်ခွာကြသည်။ အချိန်တစ်ခုအတွင်းမှာပဲ အသီးသီး ထိုလိပ်စာနေရာသို့ လူစုမိကြသည်။
"ရောက်နှင့်ပြီးသားလား? ဘာလဲ ဘာလဲ အားလုံးကိုခေါ်တာပေါ့နော်"
ထိုနေရာတွင်အိမ်‌ကထွက်လာကြသူ Jeonghan,Jun,Wonwoo,Myungho,Seokmin,Seungkwan,Hansol,Chan တို့ကအရင်ရောက်ကြသည်။ ခဏအကြာတွင်တော့ ဈေးဝယ်ထွက်ကြသူသုံးယောက်ရောက်ရှိပြီး မကြာခင်ပဲ Mingyu နှင့် Shua တို့ရောက်လာသည်။ 13 ယောက်စုံကာသွားကြတော့ ဘယ်သူမှမရောက်ခင်ကတည်းက ရှိနေသည့် စာအိတ်ကို ဖွင့်ဖောက်ပြီးဖတ်ကြလေသည်။ အလယ်‌တည့်တည့်တွင် ထောင်ထားသည့် စာအိတ်လေးမလို့ အလယ်တည့်တည့်တွင်ထိုင်နေသည့် Seungcheol ကပဲဖတ်သည်။
  " ဂျယ်ဂျူဒိုကိုခရီးထွက်ပါမယ်ပါဝင်သူတိုင်း ဆိုးလ် ကနေ ဂျယ်ဂျူဒို ထိအတူခရီးသွားမယ့် ဒိတ်ပါနာကို ရွေးချယ်နိုင်ပါသည်
1:1 ဒိတ်ဖြစ်သည်လို့ အကယ်ထပ်သွားခဲ့သည်ရှိသော် ဒိတ်လက်ခံမည်ဖြစ်သူက ‌ရွေးချယ်ပါမည်။ match ဖြစ်သွားကာမှ အတည်ပြုပါမည်။ အချိန်မရွေးလည်း ပြန်ပြောင်းနိုင်သည်အောက်ပါ ဖုန်းနံပါတ်ကို ကိုယ်သဘောကျတဲ့တစ်ဖက်လူအကြောင်းပို့ပေးပါ
*ဒီတစ်ခေါက်ဒိတ်တွင်တော့ EX ကိုပါရွေးချယ်နိုင်ပါသည်* "
"အို ခဏလေး အဲ့တာဆိုရင် 13ယောက်ဆိုတော့ တစ်ယောက်တည်း သွားရမယ့်သူလည်းရှိမှာပေါ့?"
"အယ် ဟုတ်သား"
-
Q. EX ကိုပါ ရွေးချယ်နိုင်ပါသည် ဆိုတာကြားတော့ ဘယ်လိုသဘောရခဲ့ပါသလဲ?
Seungcheol : အွန်... ကျွန်တော့်အတွက်တော့ အခွင့်အရေးပေါ့
Mingyu : သိပ်တော့သဘောမကျခဲ့ပါဘူး။ ကျွန်တော် စိတ်ဝင်စားနေတဲ့သူက အကယ်၍ သူ့ EX ကိုသာရွေးချယ်သွားခဲ့ရင်ဆိုတဲ့ စိတ်က ပိုစိုးမိုးခဲ့တယ်လို့ထင်ပါတယ်
Jihoon : ကျွန်တော့်အတွက်ကတော့ တအားမဆိုးပါဘူး။ အနည်းငယ် စကားကောင်းကောင်းပြောနိုင်ခဲ့ရင်ကောင်းမယ်လို့ထင်ပါတယ် မရေမရာမဟုတ်ပဲ
-
လူတိုင်း ကိုယ်ပို့ချင်နေကြသည့် သူကို ပို့ရန် စတင်ပြင်ဆင်ကြသည်။
ပထမဆုံး Jeonghan ရဲ့ ဖုန်းထဲတွင်
: Choi Seungcheol က သင့်ကို ဒိတ်လုပ်ဖို့ရွေးချယ်ခဲ့ပါသည်။
အချိန်အနည်းငယ်လောက် Jeonghan ခဏတွေးကာ သူလည်း စာပို့သည်။
ထိုအချိန် Seungcheol နှင့် Jeonghan တို့ဖုန်းတွင်
: Date Match အောင်မြင်သွားသည့် Choi Seungcheol နှင့် Yoon Jeonghan တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
နောက် Jihoon နှင့် Hoshi တို့ ဖုန်းထဲတွင်
: Date Match အောင်မြင်သွားသည့် Kwon Soonyoung နှင့် Lee Jihoon တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
နောက်ထပ် Date Match အောင်မြင်သူ တွေမှာ
: Date Match အောင်မြင်သွားသည့် Jeon Wonwoo နှင့် Seo Myungho တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
: Date Match အောင်မြင်သွားသည့် Chwe Hansol နှင့် Boo Seungkwan တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
ထို့နောက် Joshua ၏ ဖုန်းထဲတွင်
: Kim Mingyu က သင့်ကို ဒိတ်လုပ်ဖို့ရွေးချယ်ခဲ့ပါသည်။
: Lee Seokmin က သင့်ကို ဒိတ်လုပ်ဖို့ရွေးချယ်ခဲ့ပါသည်။
ပြီးနောက် Mingyu နှင့် Seokmin တို့ဖုန်း တွင် အသီးသီးတက်လာကြသည်မှာ
: Date Match အောင်မြင်သွားသည့် Kim Mingyu နှင့် Hong Jisoo တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
: Date Match မအောင်မြင်ခဲ့တဲ့ Lee Seokmin,Moon Junhui,Lee Chan တို့ အတူတူ ဂျယ်ဂျူကျွန်းသို့ ထွက်ခွာရပါမည်။
အားလုံးမှာ Date Match လည်း လုပ်ပြီးသွားတော့ ဘယ်သူမှ စကားဟမလာကြတော့။ အခုချိန်မှာ Date Match မဖြစ်လို့ စိတ်မကောင်းဖြစ်နေကြသည့်သူတွေရှိချင်လည်းရှိနိုင်ကြသလို Date Match ဖြစ်သွားလို့ ဝမ်းသာနေကြသည့်သူတွေရှိချင်လည်းရှိနိုင်ကြသည်။
13ယောက်လုံးမှာ အချို့က စားပွဲပေါ်က အချိုပွဲ တို့ ဟင်းပွဲတို့နှိုက်စားနေကြပြီး အချို့ကတော့ မေးထောက်ငေး‌ကာ ဘာမှမပြောကြ။ ထိုအချိန်မှာပဲ အားလုံးဖုန်းတွေစီမှာ ထပ်မံဝင်ရောက်လာသည့် message..
တင်း!
: ဒီနေ့ သင့်ကိုရင်ခုန်စေတဲ့သူက ဘယ်သူများလဲ? ကျွန်တော်တို့ကို နာမည်နဲ့ ပို့ပေးစေချင်သည့်စာကို‌ပို့ပေးပါ ၊ ထိုလူ့ဆီကို ပြန်ပို့ပေးပါမည်။
အကုန်လုံးမျက်ခုံးပင့်မိသွားကြသည်တော့အမှန်ပင်။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်စေမိကြသည်။ ‌အစီအစဉ်ကပြီးတော့မှာ‌ဆိုတော့ ကျန်ရှိနေတဲ့အချိန်လေးကို သေချာပေါက် ကိုယ့်စိတ်ထဲမှာရှိနေတဲ့သူကို ပို့လောက်မည်မဟုတ်လား? ဒါမှမဟုတ် မပြတ်လတ်နိုင်သေးတဲ့ EX ကို လည်း ဖြစ်နိုင်သည်။
ထို့နောက်ဖုန်းအသီးသီးစီကနေ notification မှာ ရောက်ရှိလာပြီး အပို့ခံရတဲ့စာတွေကို ဖတ်ရန် ကိုယ်စီဖုန်းဖွင့်ကြသည်။
ဘယ်သူက ဘယ်သူ့ကို စာပို့လိုက်တာ ဖြစ်မလဲ?
Jeonghan / 1
"ငါကတော့ မင်းနဲ့သွားရမှာမလို့သဘောကျတယ် ဟာနီး.. ငါတို့ ဂျယ်ဂျူဒိုကို အတူတူသွားတာ ဒါပါ ပါမယ်ဆို ဒုတိယအခါရှိပြီမဟုတ်လား?"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Joshua / 1
"Hyung ကျွန်တော့်ကိုမရွေးမှာဆိုးနေတာ.. တော်ပါသေးရဲ့!!"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Hoshi / 1
"အွန်း"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Wonwoo / 1
"ဂျယ်ဂျူဒိုကို ပထမဆုံးပဲသိလားHyung!! ကျွန်တော်တော့အများကြီးမျှော်လင့်နေပြီ သဘောလည်းကျတယ်ဗျိုး ><"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
The8 / 1
"အင်း မြောင်ဟိုသဘောကျရင်ကိုရပြီ~"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Seungcheol / 1
"ပထမအခါက မင်းအလုပ်ရှုပ်နေတာနဲ့ သွားချင်တဲ့နေရာတွေအများကြီးမှာ ၃ပုံပုံ၁ပုံလောက်ပဲ သွားလိုက်ရတာရော မှတ်မိလား?"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Dokyeom / 1
"မနက်ဖြန်အတွက်ကောင်းကောင်းအကူအညီတောင်းပါတယ်.. စကားသိပ်မပြောဖြစ်ခဲ့ကြဘူးထင်လို့ စာပို့တာပါ^^"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Jun / 0
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Mingyu / 1
"haha မနက်ဖြန်လည်းအတူတူသွားရမှာပေါ့နော်"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Seungkwan / 1
"မင်းမွေးရပ်မြေဆိုတော့မင်းကိုစဉ်းစားမိလို့"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Vernon / 1
"ငါက မင်းလာmatchလုပ်လို့လက်ခံတာနော် ဘာစိတ်မှမရှိဘူးဆိုတာယုံတယ်မလား ချင်းဂု"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
Jihoon / 1
"မင်းလက်မခံမှာဆိုးနေတာ"
သင့် EX က သင့်ကိုရွေးချယ်ခဲ့ပါသည်။
Chan / 1
"Chanie လေယာဉ်တူတူစီးရမှာက ငါတို့ရဲ့ ဒုတိယ‌မြောက်စကားဝိုင်းဖြစ်မှာပဲㅋㅋ"
သင့် EX က သင့်ကိုမရွေးချယ်ခဲ့ပါဘူး။
-
အနားယူဖို့ပြန်ကြရန်တစ်ယောက်ကအကြံပြုကာတော့ အားလုံးသဘောတူညီကြပြီး အိမ်ပြန်ကြသည်။ အိမ်ပြန်ရောက်‌ကြတော့ သိုလောသိုလောနှင့် တော်တော်များလည်း အထုတ်အပိုးတွေပြင်ပြီးကြလေ၏။
မပြီးပြတ်နိုင်သေးတော့ဆက်ဆံရေးကိုပြန်လည်စတင်ချင်ကြသူတို့၏အခွင့်အရေးဖြစ်သလို ၊ ကိုယ်စိတ်ဝင်စားနေမိသူနှင့်အတူအမှတ်တရဖြစ်စေကြမည့်အခွင့်အရေးလည်းဖြစ်သည်။
နောက်တစ်နေ့မနက်‌ရောက်သော် ထိုနေရပ်အိမ်ကနေ မနက်အစော ထွက်ကြသူတို့နှစ်ယောက်ရှိသည်။ ထိုသူနှစ်ယောက်ကို ဘယ်သူကကြည့်ကြည့် မသွားခင် အရင်ဒိတ်လုပ်ကြမည်ဆိုတာသိသာသည်မလို့ အလိုက်သိစွာ မသိချင်ယောင်ဆောင်ပေးကြသည်။
ထိုသူနှစ်ယောက်မှာ အခြားသူမဟုတ် Wonwoo နှင့် Myungho ဖြစ်သည်။
နှစ်ယောက်သားမနက်အစောကို ဘယ်သွားနေကြသည်ဖြစ်လောက်မလဲ?
ကားတစ်စီးက ကားပါကင်ကနေရာတစ်ခုစီသို့ဦးတည် တစိုက်မတ်မတ်ဝင်စေသည်။ ပြီးနောက် ကားပေါ်ကနှစ်ယောက်ဆင်းလာပြီး ဆိုင်တစ်ခုထဲသို့ဝင်သည်။
Caféဆိုင်လေးတစ်ဆိုင်ဖြစ်၏။ Fallin' Flower ဟုအမည်ရသည့် ဆိုးလ်မြို့ပြကြီးထဲ၌ရှိသည့် ဆင်ခြေဖုံးရပ်ကွက်တစ်ခုက သာမန် café ဆိုင်လေးပါပင်။
"Wonu Hyung ဒီမှာထိုင်"
‌Myunghoဆွဲယူပေးသည့် ထိုင်ခုံတစ်ခုံကို Wonwoo ဝင်ထိုင်လိုက်သည်။
"Hyung ဘာသောက်မလဲ?"
"အင်... Hyungက .. Iced Coffee တစ်ခွက်ပဲ"
"အိုကေ"
Myungho က café ဆိုင်အတွင်းထဲက ကောင်တာစီသွားပြီးမှာနေချိန် Wonwoo ကတော့ မနက်ခင်းနေထွက်ခံနီး view ကို ကြည့်ရတော့မယ့်အကြောင်းတွေးပြီးပျော်နေတော့သည်။တကယ်ဆိုအစကမနက်အစောထွက်ဖို့မစီစဉ်ခဲ့ကြပါ။သို့သော် Wonwoo က ဒီတိုင်းထွက်သွားတဲ့စကားကြောင့် Myungho က အတင်းခေါ်လာတော့သည်။ ဘာလဲဆို Wonwooက ဒီတိုင်းပင် နေထွက်တာကို view ကောင်းကောင်းနဲ့မြင်ရမယ့်နေရာလေးမှာဒီတိုင်းသဘာဝကိုခံစားပြီးထိုင်နေချင်သည်ဟု ပြောထွက်လိုက်မိတော့ Myungho က Hyungကျွန်တော်နေရာကောင်းသိတယ် လိုက်ခဲ့ လိုက်ကိုလိုက်ခဲ့ရမယ်ဟုပြောကာစီစဉ်ဖြစ်မြောက်သွားတော့သည်။
Myungho ကတော့ café အတွင်းထဲကကောင်တာမှာ သူ့ရဲ့ order ကိုစောင့်နေတုန်းပင်။Wonwoo ကတော့ ထို café အတွင်းမဟုတ်ပဲ အပြင်က စားပွဲဝိုင်းလေးတစ်ခုမှာ ထိုင်ကာ သူ့အရှေ့ကျကျလာတဲ့ Sakura ပန်းအကြွေလေးတွေကို ကိုင်ကာဆော့နေလေသည်။ နွေဦး ဆိုပေမယ့် မနက်ခင်းပိုင်းမှာတိုက်ခတ်တဲ့ လေနုနုလေးတွေကတော့ အနည်းငယ်ချမ်းစိမ့်စိမ့်ပင်။
ခဏအကြာမှာတော့ Myungho က သူ့လက်ထဲမှာ ကော်ဖီ ခွက်နှစ်ခွက် နှင့် အချိုမုန့်လေးတစ်ပွဲ တို့နှင့်အတူ ရောက်ရှိ‌လာတော့သည်။
"Wonu Hyung .. မကြာခင်ပဲ နေထွက်တော့မှာသိလား အဲ့အချိန်ဆို ဒီကနေကြည့်ရတဲ့ view ကတကယ်ကောင်းတယ်"
"အွန်း Myungho ကျေးဇူးပဲနော် ဒီတလောအတွင်း မင်းနဲ့ရှိရတာကပိုပျော်ဖို့ကောင်းနေတယ်"
"Hyung သိလား Hyung က ကျွန်တော့် EX ပြီးရင် ပထမဆုံး ကျွန်တော့်ကို Myungho လို့ခေါ်တဲ့သူပဲ"
"အာ.. တောင်းပန်ပါတယ် Hyung အဲ့လိုခေါ်လို့ နည်းနည်းစိတ်ထဲအဆင်မပြေသွားတာမျိုးဖြစ်လို့လား။ အဲ့တာဆို Hyungနောက်မခေါ်တော့ဘူးလေ"
"ဟင့်အင်း မဟုတ်ပါဘူး။ ကျွန်တော်ကEXနဲ့ အချစ်အမုန်းဘာစိတ်ခံစားချက်မှမရှိတော့ဘူး အခုလိုပြောတာကလည်း ဒီတိုင်း Hyung ခေါ်လိုက်တော့သဘောကျလို့.. ဟီး နောက်ဆို EXကို Myungho မဟုတ်ပဲပြောင်းခေါ်ခိုင်းရမယ် Hyung တစ်ယောက်တည်းခေါ်ရင်လုံလောက်ပြီမို့"
ကင်မရာရိုက်ချက်မှာတော့ ‌နေထွက်နေစဉ် အချစ်ငှက်လေးနှစ်ယောက် တစ်ယောက်ကပြုံးစိစိနဲ့နား‌ထောင် နောက်တစ်ယောက်က မျက်စိမှိတ်ပြလိုက်ကခေါင်းလေးတငြိမ့်ငြိမ့်နဲ့ စကားပြောလိုက်နှင့် ကြည့်ရရှု့ရလှနေလေ၏။
-
"Seungkwanie ငါတို့သွားမယ်"
"ဟမ် အစောကြီးလား ငါမထချင်သေးဘူး။ မင်းလည်းပြန်အိပ်ပါဦးလား"
တစ်ဖက်မှာတော့ Vernon က အိပ်ယာထဲကနစ်မြုပ်စေစဲဖြစ်သည့် Seungkwan ကို အတင်းထူကာထနှိုးနေသည့် မြင်ကွင်း။
"မင်းအခြားအတွဲတွေတစ်တီတူးဖို့ နေရာချန်ပေးခဲ့ရမှာပေါ့။ အိမ်ကနေမြန်မြန်လစ်လာမှ အချို့အတွဲတွေ အိမ်မှာအေးအေးဆေးဆေးစကားပြောနိုင်မှာလေ။ လူဦးရေနည်းလေ စကားပြောလို့ အဆင်ပြေလေ ဖြစ်မှာမဟုတ်လား"
"အာ..သဘောပေါက်ပြီ ခဏရေချိုးဦးမယ်"
Vernon ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သည့်ပုံစံဖြင့် Seungkwan က ခေါင်းလေးကို‌ဖြည်းဖြည်းချင်းစီငြိမ့်ကာ လက်ဖြင့် ok sign ထောင်ပြပြီး ရေချိုးခန်းထဲဝင်သည်။
သူတို့အခန်းထဲကနောက်ထပ်အခန်းဖော်ဖြစ်သည့် Dokyeom မှာတော့ သူ့ကုတင်မှာငြိမ်ငြိမ်လေးအိပ်နေသည်။ Seungkwan ရေချိုးပြီးသည်အထိ Vernon က သူတို့အခန်းထဲမှာပဲထိုင်စောင့်ရင်း နှစ်ယောက်သားအကုန်ပြင်ဆင်ပြီးတော့ အထုတ်အပိုးများယူကာ အိမ်ကနေထွက်ခွာလာခဲ့ကြသည်။
"ဟူး နေရာဖယ်ပေးရတာလည်းမလွယ်လိုက်တာ။ တော်လိုက်တဲ့ငါလေး ဒီနေ့လည်းကောင်းတဲ့အလုပ်လေးလုပ်ခဲ့နိုင်လို့ဂုဏ်ယူတယ်။ သူများအတွဲတွေအဆင်ပြေပါစေ ဘုရား ပြီးရင်တော့ တပည့်တော်ကိုလည်း မေ့မထားပါနဲ့ဦး ဘုရား"
"..."
"မင်းကဘာရီတာတုန်း။ ရီစရာပါလား ငါ့ကိုအစောကြီးနှိုးတုန်းကနှိုးပြီးအခုရီနေတယ် အံ့ဩဘ"
ကားပေါ်မှာလည်း တကျက်ကျက်ရန်ဖြစ်နေကြသည့်နှစ်ယောက်ပင်။ သူတို့ကားခန်းနောက်က ပါလာသည့်ကင်မရာမန်းမှာတော့ နားယားလို့ကုတ်နေရလေ၏.. တယ်စကားများကြသကိုး။
"Shua Hyung က.. Mingyu Hyung နဲ့အဆင်ပြေနေသလိုပဲ။ မင်း..  အဆင်ပြေလား?"
"အိုက်ဝူး Chew Vernon! ငါ့တွေးပူပေးနေတာလား သူငယ်ချင်းချစ်ချစ်လေး.. ဟဟ  ငါကတော့ အဆင်မပြေစရာအကြောင်းမရှိပါဘူး။ ငါကအစကနေအဆုံးထိကို Shua Hyung ကို အကောင်းဆုံးပါတနာနဲ့ပဲဆုံစေချင်တာ။ အခုလည်း အကယ်၍သာသူတို့တကယ်ဖြစ်သွားကြရင် ငါကတော့ပျော်တာပေါ့ Mingyu Hyung လည်းတကယ်ကောင်းပါတယ် Shua Hyung ကိုတော်တော်လေးဂရုစိုက်ပေးတဲ့ပုံလည်းရတယ်.. ဒါပေမယ့် Hyung နဲ့ စိတ်နေသဘောထားတူ‌ညီစေချင်တယ်။ မင်းလည်းသိတဲ့အတိုင်း Shua Hyung က တည်တည်ကျကျတွဲတတ်တဲ့စတိုင်မျိုးလေ မိဘ‌နဲ့ပေးတွေ့လောက်အောင်ထိ သူတကယ်သဘောကျရင်လုပ်တတ်တဲ့သူမို့ Mingyu Hyung ရဲ့စိတ်နေသဘောထားနဲ့ ထပ်တူကျပြီး အဆင်ပြေပါစေပဲဆုတောင်းပါတယ်"
"အင်း မင်းပြောသလိုပဲ အဆင်ပြေပါစေပဲဆုတောင်းပေးနိုင်မှာပါပဲ ဝင်စွက်ဖက်လို့မရတဲ့သူတွေဖြစ်တာမလို့"
-
"Jihoon? သွားကြတော့မလား"
"အင်း"
တစ်ဖက်လေထုကတော့ကောင်းပုံသိပ်မပေါ်လှ။ နဂို energetic လေးတစ်ယောက်ဖြစ်တဲ့ Kwon Soonyoung တောင် သူ၏EXဘေးနားရောက်သွားတော့ စကားလေးနည်းပြီးမျက်နှာလေးသိပ်ကောင်းပုံမပေါ်သည်မို့ ကြည့်ရှု့သူတွေအတွက်ကတော့သနားစရာလေးဖြစ်လှလေသည်။
"Hoon.. မင်းတကယ် ငါတို့ဆက်ဆံရေးကိုလက်‌လျော့လိုက်ပြီလား.."
စီယာတိုင်လက်ကိုင်ကိုအညင်အသာလှည့်ရင်း Hoshi က ပထမဆုံးစကားခွန်းကိုဦးဆောင်သည်။
"..အင်း.."
အနည်းငယ်တုံ့ဆိုင်းပေမယ့် ဖြေလာတဲ့အဖြေကတော့ အင်း တဲ့။
"ငါကမကောင်းခဲ့တာပါ.. ဟုတ်တယ်မလား..?"
"ဟင့်အင်း။ Kwon Soonyoung ငါဒီအကြောင်းနဲ့ပတ်သတ်ပြီးပြောတာ ပထမဆုံးနဲ့နောက်ဆုံးအကြိမ်ဖြစ်လောက်မှာမလို့ သေချာနားထောင်ပေး။ ငါကတော့ ငါတို့ရဲ့ငယ်ရွယ်မှု့ကပြီးဆုံးသွားပြီလို့ထင်ပြီး အဲ့လိုပဲလက်ခံထားတယ်။ အရင်ကတော့ ငါမင်းကို ချစ်ခဲ့တာဝန်ခံပါတယ် ဒါပေမယ့် ဘာအရေးလဲ.. ငါတို့ကအခုက EX ဆက်ဆံရေးပဲလေ။ မင်းကအပြည့်အဝကောင်းခဲ့ပါတယ် ငါ့အပေါ်ကိုတော့ ဒါပေမယ့် ငါ့ဘက်ကလိုအပ်ခဲ့တာနေမှာပါ မင်းအပေါ်ကိုအပြည့်အဝစိတ်လုံခြုံမှု့မပေးနိုင်ခဲ့တာ။ ပြီးတော့ ငါကတော့ မင်းကိုအရင်ကအတိတ်ကိုပြန်တောင့်တပြီး မနာကျင်စေ‌ချင်ဘူး အဲ့တာမလို့ ငါတို့တွေ ပစ္စုပ္ပန်ကိုလက်ခံမယ် ရှေ့ဆက်မယ် ငါပြောချင်တာကတော့ဒါပါပဲ။ Date Matching ကိုလက်ခံခဲ့တာ ငါ့ဘက်ကစိတ်သဘောထားလေးပြောပြချင်လို့လဲပါတယ်…"
"ဒါ..ဒါပေမယ့်..  ပစ္စုပန်မှာလည်း ငါတို့တွေက ဆက်ဆံရေးကိုအသစ်ကစပြီး အရင်ကဆက်‌ဆံရေးအတိုင်း ဖြစ်လို့မရတာမှမဟုတ်တာ.. EX အတွဲတိုင်း ပြန်မတွဲရဘူးဆိုတာမှမရှိတာ Jihoon ရာ.. ဒါမှမဟုတ် Hoon.. မင်းတကယ်ပဲငါ့အပေါ်ဘာခံစားချက်မှမရှိတော့ဘူးလားဟင်.."
ကားပြတင်းပေါက်တစ်ဖက်ကိုမျက်နှာလှည့်ကာထားတဲ့ သူ့ရဲ့ Jihoon က သူ့ရဲ့ဒီတစ်ခါမေးခွန်းကိုတော့ နှုတ်နှင့်မ‌ဖြေကာ ခေါင်းငြိမ့်‌ပြလေ၏။
တိတ်ဆိတ်သွားသည်။ ဘယ်သူမှ စကားမပြောကြတော့ပေ။ စကားဝိုင်းပျက်သွားသလို ပြောစရာစကားလည်းမရှိတော့။
တစ်ဖက်က ကားစီယာတိုင်ကို ကျစ်ကျစ်ဆုပ်ကာ အရှေ့ကိုမမြင်တမြင်ကြည့်နေသည့် သူရဲ့ မျက်နှာတစ်ခြမ်းမှာလဲ မျက်ရည်စီးကျရာနေရာသည်စိုစိုလေးဖြစ်နေလေသည်။ တစ်ဖက်က ပြတင်းပေါက်ကို မျက်နှာမူထားသူမှာလည်း အရည်ကြည်များဝေ့ဝဲနေပြီး ထိုအရည်များမကျအောင်ထိန်းနေလေသည်။
"ငါ့ကိုတစ်ခုလောက်တော့ဖြည့်ဆည်းပေးနိုင်မလား..။ ကျန်ရှိနေသေးတဲ့ ရိုက်ကူးရေးအချိန်လေးကို ကျေးဇူးပြုပြီး ငါ့ကို အရင်ကအထက်တန်းတုန်းကအတိုင်း ဆက်ဆံပေးလို့ရမလား Jihoon..? အခုလိုမျိုး စိမ်းကားပြီးမနေပဲနဲ့လေ။ အစီအစဉ်သာ ပြီးရင်တော့ အတည် အပြီးသတ်ကြ‌တာပေါ့.. ရမလား.."
"အွန်း ကောင်းပြီ"
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (170124)
___________________________
ဖတ်ပေးကြတဲ့သူတွေ voteပေးပေးကြတဲ့သူတွေ feedbackလေးပြောပေးကြတဲ့သူတွေ သဘောကျပေးကြတဲ့သူတွေ အားလုံးအားလုံးကို ကျေးဇူးအများကြီးအများကြီးတင်ပါတယ်ရှင့်။
ဒါလေးဇာတ်သိမ်းဖို့လည်းဘယ်လောက်မှမလိုတော့ပါဘူးနော်♡
စပွိုင်းရမယ်ဆိုရင် ဒီထဲမှာ ယူတို့တွဲဖြစ်လောက်မလားလို့ထင်တဲ့နှစ်တွဲလောက်မတွဲဖြစ်ပါဘူးနော် ဟီး စိတ်ဒုက္ခဖြစ်အောင်အရင်ကြိုပြောထားတာ><💕
>>>>>>>>>>>>>>>>>>>>>>>>>
Hoshi : Jihoonကိုပါ
Seungkwan : Hoshi Hyung..? Hoshi Hyung ကိုပို့ခဲ့တာလို့ထင်တာပဲ ဘာပို့ခဲ့လဲတော့တိတိကျကျမမှတ်မိတော့ပေမယ့်..
-
နေရာ : XX, XX XX XX "
"အယ် ဟုတ်သား"
-
-
: Lee Seokmin က သင့်ကို ဒိတ်လုပ်ဖို့ရွေးချယ်ခဲ့ပါည်
တင်း!
Jeonghan / 1
Joshua / 1
Hoshi / 1
"အွန်း"
Wonwoo / 1
The8 / 1
Seungcheol / 1
Dokyeom / 1
Jun / 0
Mingyu / 1
Seungkwan / 1
Vernon / 1
Jihoon / 1
Chan / 1
-
"Wonu Hyung ဒီမှာထိုင်"
"Hyung ဘာသောက်မလဲ?"
"အိုကေ"
-
"..."
"အင်း မင်းပြောသလိုပဲ အဆင်ပြေပါစေပဲဆုတောင်းပေးနိုင်မှာပါပဲ စှကျဖပ်ဖက်လို့မရတဲ့သူတွေဖြစ်တာမလို့"
-
"အင်း"
"..အင်း.."
"အွန်း ကောင်းပြီ"
-
.....TBC🎀
-@𝖼𝗅𝗈𝗎𝖽𝗒_𝗌𝗁𝗎𝗃𝗂13 (170124)
___________________________
>>>>>>>>>>>>>>>>>>>>>>>>>
Comment